← Chapters

အခန်း ၅၅၉

Vol. 56 Ch. 559

အခန်း ၅၅၉

Vol. 56 Ch. 559

အခန်း (၅၅၉) - လော့ချန် ဖန်တီးခဲ့သော ပထမဆုံး ကိုယ်ပိုင်တာအိုကျင့်စဉ်

နောက်ဆုံးတွင် လော့ချန် သူ၏ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်လေသည်။ သူသည် ခဏမျှ ငြိမ်သက်စွာ ထိုင်နေရင်း၊ ယခုအခါ ခန္ဓာကိုယ်အတွင်း၌ လည်ပတ်စီးဆင်းနေသော ချီစွမ်းအင်ကို အာရုံခံကြည့်လိုက်မိ၏။ ထို့နောက် ကျေနပ်အားရသည့် သဘောဖြင့် ခေါင်းညိတ်လိုက်မိတော့သည်။ ယခင်က ခြောက်ကပ်သွေ့ခြောက်နေခဲ့သော ချီပင်လယ်သည် ယခုအခါ စီးဆင်းနေသော စွမ်းအင်အနှစ်သာရများဖြင့် ပြန်လည်ပြည့်နှက်သွားခဲ့ပြီ ဖြစ်သည်။ ဤအရှိန်အတိုင်းသာဆိုလျှင် သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်အများကြီး လိုတော့မည်မဟုတ်ချေ။ သို့သော် ထိုအရာက ယခုလောလောဆယ်တွင် အရေးအကြီးဆုံး ကိစ္စတော့မဟုတ်ပေ။

သူ စိတ်အာရုံ တစ်ချက်ပြုလိုက်ရာ မျက်စိရှေ့၌ တဖိတ်ဖိတ်တောက်နေသော အခြေအနေပြကြေးမုံပြင်သည် ရေတံခွန်တစ်ခုသဖွယ် ဖြန့်ကျက်ပွင့်လန်းလာခဲ့သည်။ အချိန်ကျပြီဖြစ်၍ သူ လက်ရှိအခြေအနေကို စစ်ဆေးရပေမည်။

[အခြေအနေပြကြေးမုံပြင်]

အမည် - လော့ချန်

သက်တမ်း - ၅၀ /၂၅၀

ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)

အဆင့် - အခြေခံတည်ဆောက်ခြင်း အဆင့် ၆ (၃၀/၁၀၀)၊ တတိယအဆင့် ရှေးဦးသားရဲ (၁/၁၀၀)

အောင်မြင်မှုအမှတ် - ၂၂

[ကျင့်စဉ်များ]

ထာဝရနုပျိုစိမ်းလန်းကျင့်စဉ် - ပါရမီရှင်အဆင့် (၆၀၀/၁၀၀၀)

မိုးကြိုးခန္ဓာကျင့်စဉ် - ကျွမ်းကျင်အဆင့် (၂၂၀/ ၃၀၀)

ဝိညာဉ်သားရဲတစ်သောင်းကျင့်စဥ် - အခြေခံအဆင့် (၁၀/၁၀၀)

[မှော်အတတ်များ]

တတိယအဆင့်

မိုင်ကိုးသောင်းခရီး - ပြီးပြည့်စုံအဆင့် (၄၂၇/ ၅၀၀)

လရိပ်မှော်အတတ် - အခြေခံအဆင့် (၇၅/ ၁၀၀)

သက်စောင့်လက်ညှိုး - အခြေခံအဆင့် (၁/၁၀၀)

ဒုတိယအဆင့်

မြေပြိုခြင်း - အထွတ်အထိပ်အဆင့်

ဖန်သားနတ်ဘုံအကာအရံ - အထွတ်အထိပ်အဆင့်

နေမီးလျှံအတတ် - အထွတ်အထိပ်အဆင့်

နွေဦးလေပြေ မိုးရေစက် - အထွတ်အထိပ်အဆင့်

ရေမှန်မှော်အတတ် - ပြီးပြည့်စုံအတတ် (၄၇၅/ ၅၀၀)

ပန်းနတ်သမီးမှော်အတတ် - တတ်မြောက်အဆင့် (၁၇၇/ ၂၀၀)

စိတ်ညှို့မှော်အတတ် - တတ်မြောက်အဆင့် (၁၇၇/ ၂၀၀)

ရွှေရင်မှည့်ဓား - တတ်မြောက်အဆင့် (၁၂၅/၂၀၀)

ပထမအဆင့်

စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ် - ပါရမီရှင်အဆင့် (၅၀၉/ ၁၀၀၀)

အထွတ်အထိပ်အဆင့် မှော်အတတ်များ (အသေးစိတ်ကြည့်ရန် နှိပ်ပါ)

[ဆေးဖော်စပ်ခြင်း]

ချင်းယွမ်အဆိပ်ဖြေနည်း - ပါရမီရှင်အဆင့် (၉၀၀/ ၁၀၀၀)

ဖေယွမ်လက်ကွက် - ပြီးပြည့်စုံအဆင့် (၃၇၁/၅၀၀)

လင်းကျွမ်းလက်ကွက် - အခြေခံအဆင့် (၁၈/၁၀၀)

ကြယ်တာရာလက်ကွက် - ကျွမ်းကျင်အဆင့် (၂၈၁/၃၀၀)

အထွတ်အထိပ်အဆင့် ဆေးဖော်လက်ကွက်များ (အသေးစိတ်ကြည့်ရန် နှိပ်ပါ)

[ကိုယ်ခံပညာ]

တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း - အထွတ်အထိပ်အဆင့်

ကောင်းကင်နတ်သမီးပန်းကြဲခြင်း - ပါရမီရှင်အဆင့် (၅၇၁/၁၀၀၀)

[အတတ်ပညာများ]

ဒုတိယအဆင့် ဆေးဖော်ဆရာ၊ ဒုတိယအဆင့် သမားတော်

ဒုတိယအဆင့် ဆေးလုံးများ

ကျန်းချန်ဆေးလုံး - အခြေခံအဆင့် (၁၀/၁၀၀)

နတ်ဒေဝါပျားရည် - အခြေခံအဆင့် (၉/၁၀၀)

ပထမအဆင့်ဆေးလုံးများ

သွေးအဆီအနှစ်ဆေးလုံး - အထွတ်အထိပ်အဆင့်

သားရဲအာဟာရဆေးလုံး - အခြေခံအဆင့် (၃၀/၁၀၀)

အထွတ်အထိပ်အဆင့် ဆေးလုံးများ (အသေးစိတ်ကြည့်ရန် နှိပ်ပါ)

အခြေအနေပြကြေးမုံပြင်ထက်တွင် စာကြောင်းရေပေါင်းများစွာဖြင့် ပြည့်နှက်နေပြီး မျက်စိကျိန်းမတတ် စူးရှဝင်းလက်နေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း လော့ချန်၏ စိတ်ထဲတွင် ကြည်နူးမှုလှိုင်းများ လွှမ်းခြုံသွားကာ နက်ရှိုင်းသော အောင်မြင်မှုရသကို ရင်ဘတ်အပြည့် ခံစားလိုက်ရတော့သည်။ စာတန်းတစ်ခုချင်းစီမှာ သူ နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံကာ မနားမနေ ကြိုးစားအားထုတ်ခဲ့ရသည့် သက်သေအထောက်အထားများ မဟုတ်ပါလော။

ထို့နောက် သူ၏ အကြည့်များသည် သက်တမ်းဟူသော ကဏ္ဍဆီသို့ ကျရောက်သွားသည်။

‘သက်တမ်း ၂၅၀....’

ဤသည်မှာ သူ အခြေတည်အဆင့် (၆) သို့ ရောက်ရှိပြီးနောက် ရရှိသင့်သည့် သက်တမ်းထက် အနှစ်နှစ်ဆယ် ပိုများနေခြင်း ဖြစ်သည်။ ၎င်းမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပြောင်းလဲမှုများကြောင့် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း သူ့စိတ်ထဲတွင် သံသယတစ်ခုက ကပ်ငြိနေဆဲပင်။ အကယ်၍ သူ၏ ခန္ဓာကိုယ်သည် ထိုမျှလောက် မြင့်မားသော အဆင့်သို့ အမှန် ရောက်ရှိသွားခဲ့ပြီဆိုလျှင် အဘယ်ကြောင့် သက်တမ်းတိုးလာမှုက ဤမျှ နည်းပါးနေရသနည်း။

‘ဘာဖြစ်လို့ အနှစ်နှစ်ဆယ်ပဲ တိုးတာလဲ.... ငါ့ရဲ့ ခန္ဓာကိုယ်က အခြေခံအားဖြင့် လူသားတစ်ယောက်အဖြစ်ပဲ ရှိနေသေးလို့လား....’

စင်စစ်အားဖြင့် ဝိညာဉ်သားရဲများသည် မွေးရာပါ အံ့ဩစရာကောင်းလောက်အောင် ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့၏ သက်တမ်းမှာ ကျင့်ကြံမှုအဆင့်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ ၎င်းတို့၏ မျိုးနွယ်စုအပေါ်၌သာ အခြေခံသည်။ လမ်းစဉ်အရ ကျင့်ကြံမှုအဆင့် မြင့်မားလာလေလေ၊ ပို၍ အသက်ရှည်လေလေ ဖြစ်ပြီး အဆင့်တက်တိုင်း သက်တမ်းတိုးလာမည်မှာ အမှန်ပင်။ သို့သော် လက်တွေ့ဘဝတွင်မူ ၎င်းတို့သည် ကျင့်ကြံမှုနိမ့်ပါးနေချိန်၌ပင် လူသားတို့ထက် များစွာ ပိုမိုအသက်ရှည်ကြသည်။

လော့ချန်သည် ဝိညာဉ်သားရဲတစ်ကောင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုသာ ရရှိထားခြင်းဖြစ်ပြီး သူ၏ အခြေခံ မျိုးရိုးဗီဇ ဖွဲ့စည်းပုံကမူ ပြောင်းလဲသွားခြင်းမရှိချေ။ ထို့ကြောင့်လည်း သူရရှိသည့် အပိုသက်တမ်းမှာ ဤမျှ နည်းပါးနေခြင်း ဖြစ်ပေလိမ့်မည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် သူသည် ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းကြောင်းတွင် ကြီးမားသော အောင်မြင်မှုများ မရရှိခဲ့လျှင် ရှေ့လျှောက် သက်တမ်းတိုးရန် အခွင့်အလမ်းမှာ အကန့်အသတ် ရှိနေဦးမည်မှာ ထင်ရှားလှသည်။

အမှန်စင်စစ် သူ လေ့ကျင့်နေသည့် နည်းလမ်းမှာ လူသားကျင့်ကြံသူများ သက်တမ်းရှည်စေရန် တီထွင်ထားသော ရိုးရာခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်မျိုး မဟုတ်ချေ။ ယခင်က ဤကျင့်စဉ်ကို သူ ကိုယ်တိုင် ဖန်တီးခဲ့စဉ်က ရည်ရွယ်ချက်မှာ အသက်ရှည်ရန် မဟုတ်ဘဲ ဘေးဒုက္ခများကြားမှ ခဏတာ ရှင်သန်နိုင်ရန်အတွက်သာ ဖြစ်ခဲ့သည်။

သို့သော်လည်း လော့ချန် စိတ်ပျက်အားလျော့ခြင်း မရှိပေ။ သက်တမ်း ၂၅၀ ဆိုသည်မှာ အတော်လေး ကောင်းမွန်လှပြီ ဖြစ်သည်။ သာမန် ကျင့်ကြံသူတစ်ဦးအဖို့ လျှို့ဝှက်ကျင့်စဉ်များ သို့မဟုတ် တန်ဖိုးကြီး သက်တမ်းတိုးဆေးလုံးများ မရှိပါက ဤမျှ သက်တမ်းရရန်မှာ အကန့်အသတ်ပင် ဖြစ်၏။ ထို့ပြင် ထိုကဲ့သို့သော လျှို့ဝှက်ကျင့်စဉ်များကို ကျင့်ကြံနေစဉ်အတွင်း ပြင်းထန်သော ဒဏ်ရာရရှိခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ လျင်မြန်စွာ အိုမင်းရင့်ရော်ပြီး စောစီးစွာ သေဆုံးသွားကြရမည်သာ။ ယခုအချိန်တွင် လော့ချန်သည် အခြေတည်အဆင့် (၆) ၌သာ ရှိသေးသည်။ သူ၏ ကျင့်ကြံမှုအဆင့် ရှေ့သို့ တိုးတက်လာသည်နှင့်အမျှ သူ၏ သက်တမ်းအတိုင်းအတာသည်လည်း ပိုမိုမြင့်မားလာဦးမည်သာ ဖြစ်သည်။

ထိုစဉ် အခြေအနေပြကြေးမုံပြင်ထက်ရှိ အရာတစ်ခုက သူ၏ အာရုံကို ဆွဲဆောင်လိုက်သဖြင့် သူ၏ အတွေးစများ ပြတ်တောက်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကဏ္ဍတွင် ပြောင်းလဲမှုတစ်ခု ရှိနေသည်။ ယခင်က လူသားတို့၏ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံမှုအဆင့်များဖြစ်သော ဝရဇိန်ခန္ဓာ၊ ကျောက်စိမ်းသားခန္ဓာ၊ မီးခန္ဓာ၊ သွေးမြစ် စသည့် ရင်းနှီးပြီးသား အခေါ်အဝေါ်များ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာများအားလုံး၏ နေရာတွင် မရင်းနှီးသော အသုံးအနှုန်းတစ်ခုတည်းက အစားထိုးဝင်ရောက်လာခဲ့သည်။

“တတိယအဆင့် ရှေးဦးသားရဲ”

သူ မျက်ခုံးပင့်လိုက်မိရင်း တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

“ရှေးဦးသားရဲ ဟုတ်လား.... ဝိညာဉ်သားရဲတွေရဲ့ ဘိုးဘေးဖြစ်တဲ့ ရှေးဦးကမ္ဘာဦး သားရဲကြီးတွေကို ရည်ညွှန်းတာလား....”

အကယ်၍ ထိုသို့သာဆိုလျှင် ဤအရာနောက်ကွယ်မှ အဓိပ္ပာယ်မှာ အလွန်ပင် ကြီးမားလှပေသည်။

တောင်ပင်လယ်လောကကြီးအတွင်း လူသားတို့သည် ဝိညာဉ်သားရဲများအကြောင်းကို မျိုးဆက်ပေါင်းများစွာ အစဉ်တစိုက် လေ့လာခဲ့ကြရသည်။ အကြောင်းမှာ ဝိညာဉ်သားရဲများသည် ဤလောကရှိ လူသားမျိုးနွယ်စုအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်နေသောကြောင့်ပင်။ ဂိုဏ်းကြီးတိုင်း၊ အင်အားကြီး မိသားစုတိုင်းသည် ထိုသားရဲကြီးများ၏ လက်သည်းစွယ်များအောက်တွင် နာကျင်ခါးသီးသော သင်ခန်းစာများကို ခံစားခဲ့ကြဖူးသည်။ ၎င်းတို့၏ အလေ့အထကို သိရှိနားလည်ခြင်းမှာ သာမန် ဗဟုသုတမျှသာမဟုတ်ဘဲ ရှင်သန်ခြင်းအတွက် သော့ချက်ပင် ဖြစ်၏။ ယနေ့ခေတ် ဝိညာဉ်သားရဲများသည် ပုံသဏ္ဍာန်အသွင်ပြောင်းလဲခြင်း လမ်းစဉ်ကို လျှောက်လှမ်းလေ့ရှိကြပြီး ဤစနစ်မှာ ရှေးဟောင်းခေတ်ကာလ နောက်ပိုင်းမှသာ ထွန်းကားလာခဲ့ခြင်း ဖြစ်သည်။

ပထမအဆင့်မှာ ချီစွမ်းအင်စုပ်ယူခြင်း၊ ဒုတိယအဆင့်မှာ အမြုတေဖွဲ့စည်းခြင်း၊ တတိယအဆင့်မှာ အသိဉာဏ်ပွင့်လင်းခြင်း၊ စတုတ္ထအဆင့်မှာ အသွင်ပြောင်းလဲခြင်း ဖြစ်ပြီး ပဉ္စမအဆင့်သို့ ရောက်ရှိသောအခါတွင်မူ လူသားတို့၏ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများနှင့် ရင်ပေါင်တန်းနိုင်သည့် ရှေးဟောင်းသားရဲကြီးများဟူသော ဘွဲ့အမည်ကို ရရှိကြသည်။

သို့သော်လည်း ရှေးဟောင်းဒဏ္ဍာရီများအရ မူလက ဝိညာဉ်သားရဲများ၏ ပင်မကျင့်ကြံခြင်း လမ်းစဉ်မှာ လုံးဝဥဿုံ ကွဲပြားခြားနားခဲ့သည်။ ထိုခေတ်ကာလက ၎င်းတို့သည် ကောင်းကင်နှင့်မြေကြီး၏ စင်ကြယ်သော ချီစွမ်းအင်များကို စုပ်ယူရုံမျှဖြင့် မိမိတို့၏ ခန္ဓာကိုယ်ကို သန့်စင်ခဲ့ကြပြီး မွေးရာပါ နတ်ဘုရားစွမ်းရည်များကို ကျင့်ကြံခဲ့ကြသည်။ ၎င်းတို့အထဲတွင် အသိဉာဏ်မဲ့ ဖျက်ဆီးခြင်းသက်သက်ကိုသာ လုပ်ဆောင်တတ်သည့် ရိုင်းစိုင်းသော သားရဲများရှိသကဲ့သို့ လူသားတို့နှင့် ရင်ပေါင်တန်းနိုင်လောက်အောင် အမြော်အမြင်ကြီးမားပြီး တာအိုတရားကိုပင် နားလည်သဘောပေါက်နိုင်သည့် သားရဲကြီးများလည်း ရှိခဲ့ကြသည်။ နောက်ပိုင်းတွင် ပဉ္စမအဆင့် ရှေးဟောင်းသားရဲကြီးများဟု လူသိများလာမည့် သတ္တဝါများမှာ ထိုအသိဉာဏ်ကြီးမားသော သားရဲကြီးများပင် ဖြစ်သည်။

ယခင်က ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို စတင်ဖန်တီးခဲ့စဉ်က လော့ချန်၌ သွေးချီများ၏ သိမ်မွေ့သော ပြောင်းလဲမှုများကို နားလည်သဘောပေါက်ရန် အချိန်မရခဲ့ချေ။ သူသည် မိုးကြိုးစွမ်းအင်ကို လောင်စာကဲ့သို့ အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ကို အစွမ်းကုန် တွန်းအားပေးခဲ့ခြင်းသာ ဖြစ်သည်။ အခြားစကားဖြင့် ပြောရလျှင် သူလေ့ကျင့်ခဲ့သည်မှာ ရှေးဟောင်းခေတ်မတိုင်မီက ထိုရှေးဦးသားရဲကြီးများ လျှောက်လှမ်းခဲ့သည့် လမ်းစဉ်နှင့် ဆင်တူသော၊ ခန္ဓာကိုယ်ကို ကြမ်းတမ်းစွာ ထုဆစ်သည့် အခြေခံအကျဆုံး မူလနည်းလမ်းမျှသာ ဖြစ်ပေသည်။

လော့ချန် တွေးတောဆင်ခြင်နေမိသည်။ ဤသည်မှာ လက်ရှိမှတ်တမ်းများတွင် ရှာမတွေ့နိုင်သော လမ်းစဉ်တစ်ခုကို ပြန်လည်သုံးသပ်ပြီး စုစည်းရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။ မိုးကြိုးခန္ဓာကျင့်စဉ်၏ ရှေ့ဆက်ရမည့် လမ်းကြောင်းကို စဉ်းစားမိသောအခါ သူ၏ ရင်ထဲ၌ ဝေခွဲမရသော ခံစားချက်များ ရောပြွမ်းလာခဲ့သည်။ သူ၏ အတွေးများထဲတွင် မရေမရာဖြစ်မှုများက လွှမ်းမိုးနေတော့သည်။

‘လူသားခန္ဓာကိုယ်နဲ့ ဝိညာဉ်သားရဲတွေရဲ့ ကျင့်စဉ်ကို ကျင့်ကြံနေတာ.... အဆုံးကျရင် ငါ ဘယ်ကို ရောက်သွားမှာလဲ.... ငါ ဒီလမ်းအတိုင်း အဆုံးအထိ ဆက်သွားရင် နောက်ဆုံးမှာ လူသားတစ်ယောက်အဖြစ် ရှိနေဦးမလား၊ ဒါမှမဟုတ် တခြား သတ္တဝါတစ်ခုခု ဖြစ်သွားမလား....’

ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် လော့ချန် ထိုသံသယများကို ခါထုတ်လိုက်ပြီး စိတ်ကို ပြန်လည်တည်ငြိမ်းအောင် ပြင်ဆင်လိုက်သည်။

‘ဂရုစိုက်နေစရာ မလိုပါဘူး.... ဒီကျင့်စဉ်ကို စနစ်က ငါ့အတွက် အသေးစိတ် သေချာ ဖန်တီးပေးထားတာပဲ.... ဒါက ဝိညာဉ်သားရဲတွေရဲ့ ကျင့်စဉ်ဖြစ်ရမယ်လို့ ဘယ်သူက သတ်မှတ်ထားလို့လဲ....’

‘ဘာဖြစ်ဖြစ် လမ်းစဉ်အားလုံးက ပန်းတိုင်တစ်ခုတည်းဆီကိုပဲ ဦးတည်နေတာပဲ’

သို့သော်လည်း ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းကြောင်းနှင့် ပတ်သက်၍ အခြေအနေပြကြေးမုံပြင်ထက်ရှိ အချို့သော ပြောင်းလဲမှုများက သူ၏ အာရုံကို ဖမ်းစားထားဆဲပင် ဖြစ်သည်။

နတ်ဘုရားတို့မိစ္ဆာဖြိုခွင်းခြင်း မှော်အတတ်၊ ဝမ်မျိုးနွယ်စု လက်စွဲကျမ်း၊ ချီခန္ဓာမူလကျင့်စဉ်နှင့် လိပ်ဝိညာဉ်ချပ်ဝတ်အတတ်တို့မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအတတ်လေးမျိုးမှာ ယခင်က လော့ချန်၏ ခန္ဓာကိုယ်သန့်စင်ခြင်း အခြေခံအုတ်မြစ်၏ ပင်မမဏ္ဍိုင်များ ဖြစ်ခဲ့ဖူးသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ကို မိစ္ဆာချီဖြင့် သန့်စင်ခြင်း၊ စိတ်ဆန္ဒကို ထုဆစ်ခြင်း၊ သွေးသားအနှစ်သာရကို ချီစွမ်းအင်အဖြစ် ပြောင်းလဲခြင်းနှင့် သာမန်လူသားတို့၏ ခန္ဓာကိုယ်သန့်စင်ခြင်း အတတ်ပညာရပ်များအထိ ကျယ်ပြန့်သော နည်းစနစ်စုံလင်စွာ ပါဝင်ခဲ့ကြသည်။

ထိုအထဲတွင် လိပ်ဝိညာဉ်ချပ်ဝတ်အတတ်မှာ အပြောင်မြောက်ဆုံး လက်ရာတစ်ခု ဖြစ်ခဲ့သည်။ ၎င်းသည် ရှေးဟောင်း ဝိညာဉ်သားရဲကြီးဖြစ်သော လိပ်နက်ကြီး၏ ပုံသဏ္ဍာန်ကို အခြေခံထားခြင်းဖြစ်ပြီး လိပ်အသက်ရှူခြင်း၊ ချပ်ဝတ်တန်ဆာလွှမ်းခြုံခြင်း၊ သေဘေးရှောင်ရှားခြင်းနှင့် သက်တမ်းဆွဲဆန့်ခြင်းဟူသော ဆန်းကြယ်လှသည့် လျှို့ဝှက်အတတ်လေးမျိုး ပါဝင်ကာ အလွန်တရာ ရှုပ်ထွေးနက်နဲသော အတတ်ပညာတစ်ခု ဖြစ်သည်။

လော့ချန်သည် ထိုအတတ်လေးမျိုးအနက် လိပ်အသက်ရှူအတတ်၊ ချပ်ဝတ်တန်ဆာလွှမ်းခြုံခြင်းနှင့် သေဘေးရှောင်ရှားခြင်းတို့အား ပါရမီရှင်အဆင့်အထိ တွန်းပို့ခဲ့သည်။ သူသည် အန္တရာယ်ကြီးမားသော အခိုက်အတန့်များကို ကျော်ဖြတ်ရန် ထိုအတတ်များကို အားကိုးခဲ့ရပြီး ၎င်းတို့ကို အသုံးပြုခြင်းမှာ သူ၏ တိုက်ခိုက်ရေးဗီဇအတွင်း၌ အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။ ယခုမူ ထိုအရာများအားလုံးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

မေးခွန်းထုတ်စရာမလိုဘဲ ထိုအတတ်ပညာရပ်တိုင်းသည် စနစ်၏ အကူအညီဖြင့် မိုးကြိုးခန္ဓာကျင့်စဉ်အတွင်းသို့ ချောမွေ့စွာ ပေါင်းစပ်သွားခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိသည့် သာမန်ကျင့်စဉ်မျှသာမဟုတ်ဘဲ လမ်းစဉ်ပေါင်းရာချီ၏ အနှစ်သာရကို စုစည်းထားခြင်း ဖြစ်သည်။ ၎င်းမှာ လော့ချန် ယခင်က ကျင့်ကြံခဲ့သမျှ သို့မဟုတ် သင်ယူခဲ့သမျှ အရာအားလုံးကို တစ်သားတည်း ပေါင်းစည်းထားသော ဖြစ်တည်မှုတစ်ခုပင် ဖြစ်သည်။

ခန္ဓာကိုယ်သန့်စင်ခြင်းသာမက ယခုအခါ ဤကျင့်စဉ်အတွင်း၌ ချင်းယွမ်အဆိပ်ပြေနည်း ကဲ့သို့သော ဆေးဖော်စပ်မှုအတတ်ပညာရပ်များ၏ အစအနများ၊ နဂါးဖီးနစ်ကဲ့သို့သော အမြုတေဖွဲ့စည်းနည်းများနှင့် မိစ္ဆာချီနှင့် မိုးကြိုးများကို အသုံးပြု၍ အာရုံခံပေါက် ဖွင့်လှစ်ခြင်း နည်းလမ်းများပါ ပါဝင်နေပြီ ဖြစ်သည်။ ဤအချက်များကို ထည့်သွင်းစဉ်းစားကြည့်လျှင် ၎င်းကို မိုးကြိုးခန္ဓာကျင့်စဉ်ဟု ဆက်လက်ခေါ်ဆိုရန် မသင့်တော်တော့ချေ။

ယခင်က လော့ချန် ဤကျင့်စဉ်ကို ပထမဆုံး ဖန်တီးခဲ့စဉ်က ထိုအမည်ကို အလျင်စလို ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ မိုးကြိုးဒဏ်နှင့် ရှင်သန်ရေးတို့သာ သူ၏ စိတ်ထဲတွင် ရှိနေခဲ့သည့် ဘေးကျပ်နံကျပ် အခြေအနေတစ်ခုကြားမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

ခဏမျှ စဉ်းစားတွေးတောပြီးနောက် စနစ်ပြင်ပရှိ ထိုကဏ္ဍသည် တဖိတ်ဖိတ်တောက်ကာ ပြောင်းလဲသွားခဲ့သည်။ မိုးကြိုးခန္ဓာကျင့်စဉ် ဟူသော အမည်သည် ယခုအခါ လမ်းစဉ်တစ်သောင်းပေါင်းစည်းခြင်းကျင့်စဉ် ဟူ၍ အသွင်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

အဓိပ္ပာယ်မှာ ရိုးရှင်းလှသည်။ ဤနည်းလမ်းသည် ရေတွက်၍မရနိုင်သော အတတ်ပညာရပ်များမှ ပေါင်းစပ်ဆင်းသက်လာခြင်းဖြစ်ပြီး ရှေ့ဆက်တိုးတက်ရန် နေရာအများကြီး ရှိနေသေးသောကြောင့် ၎င်းကို လမ်းစဉ်တစ်သောင်းပေါင်းစည်းခြင်းကျင့်စဉ်ဟု အမည်ပေးလိုက်ခြင်းက ပို၍ သင့်တော်ပေလိမ့်မည်။ ၎င်းသည် နည်းလမ်းအားလုံးကို တစ်ခုတည်းအဖြစ် စုစည်းကာ အမှန်တကယ် အောင်နိုင်သူအဖြစ် မိမိကိုယ်မိမိ ထုဆစ်ခြင်း၏ ပြတ်သားသော အမှတ်အသားပင် ဖြစ်သည်။ ဤအမည်သည် သူ၏ အခြေခံမူလအစကို ဂုဏ်ပြုရုံမျှမက အနာဂတ်အတွက် သူ၏ ရည်မှန်းချက်များကိုပါ သယ်ဆောင်ထားခြင်း ဖြစ်ပေသည်။

“ဒါက ငါ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို စတင်လျှောက်လှမ်းကတည်းက ငါကိုယ်တိုင် တကယ် ဖန်တီးခဲ့တဲ့ ပထမဆုံး ကျင့်စဉ်ပဲ.... ငါ ဒီကျင့်စဉ်နဲ့ ဘယ်လောက်အထိ ဝေးဝေးသွားနိုင်မလဲဆိုတာ သိချင်မိတယ်....”

သူ၏ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ကြည်နူးမှုနှင့် ဂုဏ်ယူမှုများက သူ၏ ရင်ထဲတွင် ညင်သာစွာ လှုပ်ခတ်သွား၏။ ၎င်းမှာ လူငယ်တို့၏ ထောင်လွှားသော မာန်မာနမျိုးမဟုတ်ဘဲ ခက်ခဲကြမ်းတမ်းသော လမ်းကို လျှောက်လှမ်းခဲ့ပြီး ယခုအခါ ထိုလမ်းကို မိမိလက်ဝါးပြင်ကဲ့သို့ ကျွမ်းကျင်စွာ သိရှိနားလည်သည်ဟု ရဲရဲဝံ့ဝံ့ ဆိုနိုင်သော ဂုဏ်ယူမှုမျိုး ဖြစ်ပေသည်။

ဤကျင့်စဉ်အသစ်မှာ ဝိညာဉ်သားရဲကြီးများ၏ ကျင့်စဉ်အပေါ် အခြေခံထားသည်ဆိုသော်လည်း ၎င်းအတွင်း၌ ပေါင်းစပ်ထားသော နည်းစနစ်တစ်ခုချင်းစီ၊ ကျင့်စဉ်တစ်ခုချင်းစီနှင့် မှော်အတတ်တိုင်းမှာ သူ နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံကာ ကြိုးစားအားထုတ်ခဲ့ရသည့် ရလဒ်များပင် ဖြစ်၏။

စနစ်သည် အောင်မြင်မှုအမှတ်များကို အသုံးပြု၍ ထိုလုပ်ငန်းစဉ်ကို မြန်ဆန်အောင် ကူညီပေးခဲ့ခြင်းမျှသာ ဖြစ်ပြီး အခြေခံအုတ်မြစ်မှာမူ အမြဲတမ်း သူကိုယ်တိုင်၏ ကြိုးပမ်းမှုသာ ဖြစ်သည်။ စနစ်မရှိခဲ့လျှင်ပင် သူသည် တစ်နေ့တွင် ဤအခြေအနေသို့ ရောက်ရှိလာလိမ့်မည်မဟုတ်ဟု မည်သူက ပြောနိုင်မည်နည်း။ ဖြစ်နိုင်သည်မှာ တိုက်ပွဲတစ်ခုခု၏ အလယ်တွင် သို့မဟုတ် ကျင့်ကြံနေစဉ်အတွင်း ရုတ်တရက် အသိဉာဏ်ပွင့်လင်းမှု အခိုက်အတန့်တစ်ခု၌ သူသည် ဤအမှန်တရားဆီသို့ ရောက်ရှိလာနိုင်ပေသည်။

ထို့ကြောင့် သူသည် လက်သီးကို တင်းတင်းဆုပ်လိုက်ရင်း လေးနက်တည်ငြိမ်စွာဖြင့် ရေရွတ်လိုက်မိသည်။

“ငါပိုင်ဆိုင်သမျှ အရာအားလုံးဟာ ငါ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ.... အခြေအနေပြကြေးမုံပြင်ဆိုတာ ငါ့ရဲ့ ခြေထောက်တွေမဟုတ်ဘူး၊ ငါ လမ်းလျှောက်တဲ့အခါ အားကိုးရတဲ့ တုတ်တစ်ချောင်းပဲ.... ရှေ့ဆက်ပြီး ဘယ်လောက်အထိ သွားနိုင်မလဲ ကြည့်ကြသေးတာပေါ့.... မဟုတ်သေးဘူး၊ တခြား ကဏ္ဍတွေကို အရင် စစ်ဆေးကြည့်ရဦးမယ်....”

သူသည် ကျေနပ်အားရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ရင်း ကြေးမုံပြင်၏ နောက်ထပ်အပိုင်းဆီသို့ သူ၏ အာရုံကို လွှဲပြောင်းလိုက်တော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters