← Chapters

အခန်း ၃၉၃

Vol. 40 Ch. 393

အခန်း ၃၉၃

Vol. 40 Ch. 393

အခန်း (၃၉၃)

နောက်တစ်နေ့မှာတော့ Universal Pictures ရဲ့ ဥက္ကဌ မိုက်ကယ် မူလာ နဲ့ တွေ့ဖြစ်ပါတယ်။ သူက အသက် ၅၀ ကျော် အရွယ် ဂျာမန်-အမေရိကန် ကပြား တစ်ယောက်ဖြစ်ပြီး ကျွန်တော့်ကို တွေ့ဖို့ ဟိုတယ်ကို အပြေးအလွှား ရောက်လာတာပါ။

ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။

"လာပေးလို့ ကျေးဇူးတင်ပါတယ်။ စီအီးအို ကန်ဂျင်ဟူ"

"မဟုတ်တာ၊ ဖိတ်ကြားပေးလို့ ကျွန်တော်ကပဲ ကျေးဇူးတင်ရမှာပါ"

ဘယ်သူက ဘာပဲပြောပြော ဟောလိဝုဒ်ဟာ ရုပ်ရှင်စတူဒီယို ပေါင်းမြောက်မြားစွာ တည်ရှိပြီး ကမ္ဘာ့ရုပ်ရှင်လုပ်ငန်းရဲ့ ဗဟိုချက်မ ဖြစ်နေဆဲပါ။

ယူနီဗာဆယ် ရုပ်ရှင်ထုတ်လုပ်ရေးကတော့ ဟောလိဝုဒ်ရဲ့ ထိပ်သီး စတူဒီယိုကြီး ငါးခုထဲက တစ်ခုဖြစ်တဲ့ လုပ်ငန်းစုကြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့က ဒေါ်လာ သန်းရာနဲ့ချီ အကုန်အကျခံပြီး လူကြိုက်များတဲ့ရုပ်ရှင်ကားကြီးတွေကို ထုတ်လုပ်နိုင်တာပေါ့။

ဒါပေမဲ့ ယူနီဗာဆယ်လို ကုမ္ပဏီကြီးတောင်မှ OTK ကုမ္ပဏီနဲ့ ယှဉ်လိုက်ရင် အသေးစားနဲ့ အလတ်စား လုပ်ငန်းတစ်ခု အဆင့်လောက်ပဲ ရှိပါတယ်။

"ရုပ်ရှင်ကို သဘောကျပါတယ်။ ရုံတင်ရင်လည်း အောင်မြင်မှု အကြီးအကျယ် ရဦးမယ့်ပုံပါပဲ" လို့ ကျွန်တော် ပြောလိုက်တယ်။

ဥက္ကဌ မူလာက တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်ပြတယ်။

"သေချာတာပေါ့။ ကျွန်တော်တို့ အကြိုပြသပွဲတွေ အကြိမ်ကြိမ် လုပ်ခဲ့ပြီးပြီ။ တုံ့ပြန်မှုတွေကလည်း အရမ်းကို ကောင်းမွန်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဖျော်ဖြေမှု ရသ၊ အနုပညာ အဆင့်အတန်းနဲ့ လူပြောများမှုတွေကို ထည့်တွက်ရင် သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်"

' Homo Ludens (Homo Ludens - ကစားတတ်သော လူသား)' ဆိုတဲ့ ဝေါဟာရအတိုင်း လူသားတွေဟာ အမြဲတမ်း ပျော်ရွှင်မှုနဲ့ ဖျော်ဖြေမှုကို ရှာဖွေနေကြတာပါ။ စီးပွားရေး တိုးတက်လာတာနဲ့အမျှ ယဉ်ကျေးမှုနဲ့ အပန်းဖြေမှုတွေအတွက် အသုံးစရိတ်ကလည်း မလွဲမသွေ တိုးလာတာပေါ့။

တကယ်တော့ ကမ္ဘာ့ယဉ်ကျေးမှု လုပ်ငန်းက နေ့စဉ်နဲ့အမျှ ကျယ်ပြန့်လာပြီး ကြီးမားတဲ့ တန်ဖိုးတွေကို ဖန်တီးပေးနေပါတယ်။ ကမ္ဘာတစ်ဝန်း အောင်မြင်တဲ့ ရုပ်ရှင်တစ်ကားဟာ ဒေါ်လာ သန်းထောင်ချီ ဝင်ငွေရနိုင်တာပဲလေ။

အောင်မြင်တဲ့ ရုပ်ရှင်တစ်ကားထဲနဲ့တင် ဒေါ်လာ သန်းရာနဲ့ချီ ရှာနိုင်တာပါ။

ဒါပေမဲ့ ပရောဂျက်တိုင်းက အောင်မြင်တာတော့ မဟုတ်ပါဘူး။ မအောင်မြင်ရင် ရင်းနှီးမြှုပ်နှံထားတဲ့ စရိတ်တောင် ပြန်မရတတ်ဘူး။

ဥပမာပြောရရင် ဒီနှစ် ကိုရီးယားမှာ ရုံတင်ခဲ့တဲ့ ဂျပန်ကိုလိုနီခေတ် နောက်ခံ ရုပ်ရှင်တစ်ကား ရှိပါတယ်။ မျိုးချစ်စိတ်ဓာတ်ဆိုင်ရာ မားကက်တင်းတွေ အစွမ်းကုန် လုပ်ခဲ့ပေမဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ၊ ယုတ္တိမရှိတဲ့ ဇာတ်ညွှန်း၊ ခေတ်နောက်ပြန်ဆွဲတဲ့ ဒါရိုက်တာရဲ့ လက်ရာနဲ့ သရုပ်ဆောင်တွေရဲ့ တောင့်တောင့်ကြီးအသက်မပါတဲ့ သရုပ်ဆောင်မှုတွေကြောင့် ရုံတင်တာနဲ့ လုံးဝကိုဝက်ဝက်ကွဲရှုံးသွားခဲ့တယ်။ ရလဒ်အနေနဲ့ ထုတ်လုပ်ရေးရော ဖြန့်ချိရေး ကုမ္ပဏီပါ ဆုံးရှုံးမှုကြီးကြီးမားမား ကြုံခဲ့ရတာပါ။

အရှုံးကြီး ရှုံးသွားလွန်းလို့ အဲဒီကားဟာ ရုပ်ရှင်လောကမှာ အရှုံးအကြီးဆုံး ကားတစ်ကားအဖြစ် သမိုင်းတွင်သွားခဲ့တယ်။ လူတိုင်းက ရုပ်ရှင်ခေါင်းစဉ်ကို ကြားဖူးပေမဲ့ တကယ်တမ်း သွားကြည့်တဲ့သူ မရှိသလောက် ရှားတဲ့အထိ နာမည်ဆိုးနဲ့ ကျော်ကြားသွားခဲ့တာပါ။

ဒါပေမဲ့ အခု 'The Big One' ရုပ်ရှင်ကတော့ အဲဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး။ ဥက္ကဌ မူလာရဲ့ မျက်နှာအမူအရာအရ သူက စိတ်ထဲကနေ အနည်းဆုံး ဒေါ်လာ သန်း ၁၅၀၀လောက် ဝင်ငွေရဖို့ မျှော်လင့်ထားပုံရပါတယ်။

ကျွန်တော် မှတ်ချက်ချလိုက်တယ်။

"ဒီနောက်ပိုင်း ရုပ်ရှင်လုပ်ငန်းရဲ့ တိုးတက်မှုက တကယ်ကို ကြောက်ခမန်းလိလိပဲနော်"

"ထုတ်လုပ်မှု စရိတ်တွေလည်း တအားတက်လာသလို ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လာပါတယ်" လို့ သူက ပြန်ဖြေတယ်။

ဒီလို ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကြားထဲမှာ ကုမ္ပဏီတွေကို ပေါင်းစည်းတာနဲ့ ဝယ်ယူတာတွေ (Mergers and Acquisitions) ကလည်း အဆက်မပြတ် ဖြစ်နေတာပါ။ ဒီအထဲမှာ အားအကောင်းဆုံး သူကတော့ Walt Disney ကုမ္ပဏီ ပါပဲ။

Disney[m Pixar ကို စတင်ဝယ်ယူပြီးနောက်ပိုင်း Marvel Studios နဲ့ Lucasfilm တို့ကို ဆက်တိုက် ဝယ်ယူခဲ့တယ်။ သိပ်မကြာသေးခင်ကလည်း Fox ရဲ့ ရုပ်ရှင်နဲ့ ရုပ်သံဌာနခွဲတွေကို အောင်အောင်မြင်မြင် ဝယ်ယူနိုင်ခဲ့သေးတာပါ။

ဒီဝယ်ယူမှုက ကြီးမားလွန်းလို့ ဈေးကွက် လက်ဝါးကြီးအုပ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေတောင် ထွက်ပေါ်ခဲ့တယ်။ ဒါပေမဲ့ အမေရိကန် တရားရေးဝန်ကြီးဌာနက ဒီပေါင်းစည်းမှုကို ခွင့်ပြုပေးခဲ့လို့ Foxဟာ နောက်ဆုံးမှာ Disney ရဲ့ လက်အောက်ကို ရောက်သွားခဲ့ပါတယ်။

တခြား စတူဒီယိုတွေလည်း ရင်တမမ ဖြစ်ကုန်ကြတာ မဆန်းပါဘူး။

" CarOS က ဦးဆောင်နေတဲ့ Infotainment ဈေးကွက်ကိုလည်း ကျွန်တော်တို့ တွေ အများကြီး မျှော်လင့်ထားပါတယ်"

တခြားစတူဒီယိုတွေလိုပဲ ယူနီဗာဆယ် ရုပ်ရှင်ထုတ်လုပ်ရေးကလည်း အလိုအလျောက်မောင်းနှင်စနစ် နည်းပညာကြောင့် ပွင့်လန်းလာမယ့် Infotainment (ကားတွင်း ဖျော်ဖြေရေးနှင့် သတင်းအချက်အလက်) ဈေးကွက်ကို အထူးအာရုံစိုက်နေကြပါတယ်။

မောင်းနှင်ရမယ့် တာဝန်ကနေ လွတ်မြောက်သွားတဲ့အတွက် ကားတွေဟာ အကောင်းဆုံး အပန်းဖြေစရာ နေရာတွေအဖြစ် ပြောင်းလဲလာနေပါပြီ။ ဒါ့အပြင် လျှပ်စစ်ကားတွေက လောင်စာ အင်ဂျင်သုံး ကားတွေထက် တုန်ခါမှု ပိုနည်းပါတယ်။

ပြောရရင် လူတွေဟာ ခရီးသွားရင်းနဲ့ ရုပ်ရှင်တွေနဲ့ အမျိုးမျိုးသော အကြောင်းအရာတွေကို သက်တောင့်သက်သာ ကြည့်ရှုနိုင်တယ်ဆိုတဲ့ သဘောပါပဲ။ တိုဘီနဲ့ ဂျရက်တို့က ကားထဲမှာ အပြာကား ဝန်ဆောင်မှုတွေ ပေးချင်ခဲ့ကြပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒါက မဖြစ်နိုင်ခဲ့ပါဘူး။

အဲဒီအစား FaceIt က အပြာကား ဝန်ဆောင်မှုတွေကနေတစ်ဆင့် တီထွင်ထားတဲ့ algorithmsတွေကို အသုံးချပြီး CarOS နဲ့ လက်တွဲကာ Infotainment လုပ်ငန်းထဲ ဝင်ရောက်လာခဲ့တယ်။

ဒီအတွက် ကုမ္ပဏီနှစ်ခုဟာ အင်အားချင်းပူးပေါင်းပြီး 'Lets' လို့ ခေါ်တဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ကြပါတယ်။ အဲဒါက CarOS ရဲ့ Operating System ထဲမှာ တစ်ပါထဲ ထည့်သွင်းထားတဲ့ OTT ဗီဒီယို ဝန်ဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

အိမ်သုံး OTT ဈေးကွက်ကိုတော့ Netplay က ကာလရှည်ကြာ စိုးမိုးထားတာပါ။ Netplayဟာ ကမ္ဘာတစ်ဝန်းမှာ စာရင်းသွင်းသူ သန်း ၁၅၀ ကျော် ရရှိထားပြီး အဲဒီကရတဲ့ အမြတ်အစွန်းတွေကို သုံးပြီး ကိုယ်ပိုင် ဖန်တီးထားတဲ့ contentတွေကို အလုံးအရင်းနဲ့ ထုတ်လုပ် ဖြန့်ချိနေခဲ့တာ ဖြစ်ပါတယ်။

Netplayကလည်း Infotainment ဈေးကွက်ကို မျက်စိကျနေတာ ကြာပါပြီ။ ဒါပေမဲ့ ဒီစျေးကွက်မှာတော့ ကျွန်တော်တို့ကို ကျော်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။

ပထမဆုံးအနေနဲ့ ကားတွေကို ထုတ်လုပ်နေတာက ကျွန်တော်တို့ ဖြစ်နေလို့ပါပဲ။ ပြီးတော့ Disneyနဲ့ ယူနီဗာဆယ် အပါအဝင် ဟောလိဝုဒ် စတူဒီယိုတွေက Lets နဲ့ လက်တွဲထားကြတယ်။ Content ပံ့ပိုးပေးသူတွေက ကုမ္ပဏီတစ်ခုထဲက ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတာထက် မတူညီတဲ့ platformတွေရှိတဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပတ်ဝန်းကျင်ကို ပိုသဘောကျကြတာပါ။

ဥက္ကဌ မူလာက သတိထားပြီး စကားဆိုလာတယ်။

"ယူနီဗာဆယ် ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ Lost Fantasy ကို ရုပ်ရှင်အဖြစ် အသက်သွင်းချင်ပါတယ်"

လက်ရှိ ခေတ်ရေစီးကြောင်းက One Source Multi-Use (OSMU - မူရင်းတစ်ခုထဲကနေ ပုံစံအမျိုးမျိုး ထုတ်လုပ်ခြင်း)ပါပဲ။

ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ နာမည်ကြီး မူရင်းဇာတ်လမ်းတွေ ဖြစ်တဲ့ ဝတ္ထု၊ ကာတွန်း၊ ဂိမ်း စတာတွေရဲ့ မူပိုင်ခွင့်ကို ရဖို့ အပြိုင်အဆိုင် ကြိုးစားကြပါတယ်။

Lost Fantasy က လက်ရှိမှာ အေောင်မြင်ဆုံး MMORPG ဂိမ်း ဖြစ်နေတာပါ။ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကမ္ဘာကြီးနဲ့ ဇာတ်လမ်းကြောင့် စတူဒီယို တော်တော်များများက ရုပ်ရှင်အဖြစ် ရိုက်ကူးချင်နေကြတာပေါ့။

ဒါပေမဲ့ မူရင်းဇာတ်လမ်း ကောင်းတိုင်း ရုပ်ရှင်အဖြစ် အောင်မြင်ဖို့ မသေချာပါဘူး။ ဂိမ်းတွေကို ရုပ်ရှင်အဖြစ် ပြောင်းလဲရိုက်ကူးပြီး ပျက်စီးခဲ့ဖူးတာတွေကလည်း အများကြီးပါ။

ယူနီဗာဆယ် ရုပ်ရှင်ထုတ်လုပ်ရေးမှာလည်း IceStorm ရဲ့ MMORPG ဂိမ်းဖြစ်တဲ့ 'Legend of War' ကို ရုပ်ရှင်ရိုက်ကူးရာမှာ လွဲချော်ခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့ဖူးပါတယ်။

ဂိမ်းရဲ့ ကြီးမားတဲ့ ကမ္ဘာကြီးနဲ့ ရှည်လျားတဲ့ ဇာတ်လမ်းကို ရုပ်ရှင်တစ်ကားထဲထဲ အတင်းအကြပ် ရိုက်ထည့်ဖို့ ကြိုးစားခဲ့လို့ ဘာမှဟုတ်မနေတဲ့ ရုပ်ရှင်တစ်ကား ဖြစ်သွားခဲ့တာပါ။ တရုတ်ဈေးကွက်မှာ ရုံတင်ပြီး အောင်မြင်ခဲ့လို့သာ အရင်းကြေရုံကြေခဲ့တာ ဖြစ်ပြီး စီစဉ်ထားတဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကိုတော့ ဖျက်သိမ်းလိုက်ရတယ်။

ဥက္ကဌ အိချီကာဝါရော၊ တက်ဂယူပါ Lost Fantasy ကို အဲဒီလို အဖြစ်မျိုး မကြုံစေချင်ကြပါဘူး။ ရိုက်မယ်ဆိုရင် ကောင်းကောင်းမွန်မွန် ရိုက်ရပါမယ်။ ကောင်းကောင်းမွန်မွန် မရိုက်နိုင်ရင် မရိုက်တာကမှ ပိုကောင်းဦးမှာလေ။

"ဂိမ်းလုပ်ငန်းက ကျွန်တော့်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ မရှိပါဘူး။ နောက်ပိုင်း ကိုရီးယားကို လာတဲ့အခါ ဒုတိယဥက္ကဌနဲ့ ဆွေးနွေးတာက အကောင်းဆုံး ဖြစ်လိမ့်မယ် ထင်ပါတယ်"

ရုပ်ရှင်အကြိုပြသပွဲက စင်တင်ပြပွဲတစ်ခု သက်သက်ပါပဲ။ အစစ်အမှန် စီးပွားရေးက အခုမှ စတော့မှာပါ။

ကျွန်တော်က ပါမောက္ခ မိုဟန်နဲ့အတူ သမ္မတ ရိုနယ်ရဲ့ မိန့်ခွန်းပြောဖို့ စီစဉ်ထားတဲ့ L.A ကို ဦးတည်ထွက်ခွာခဲ့တယ်။ ပါမောက္ခ မိုဟန်ကတော့ စိတ်မသက်မသာ ဖြစ်နေတဲ့ ပုံပါပဲ။

"ဘာဖြစ်လို့လဲ။ ပါမောက္ခ"

"ငါ အရင်က ပြောဖူးသလိုပဲ။ ငါက ဒီမိုကရက်တစ်ပါတီရဲ့ အမာခံ ထောက်ခံသူလေ"

"ဟုတ်လား။ လူတိုင်းက ပါမောက္ခကို ရစ်ပတ်ဘလီကန် ထောက်ခံသူလို့ထင်နေကြတာ"

ပါမောက္ခ မိုဟန်က သက်ပြင်းအရှည်ကြီး ချလိုက်တယ်။

"အဲဒါကပဲ ပြဿနာပေါ့ကွာ။ ငါတင် မကဘူး၊ ငါ့ မိသားစု၊ ငါ့ဘိုးဘွားတွေပါ ဒီမိုကရက်တစ်ပါတီကို ထောက်ခံခဲ့ကြတာလေ။ အခု ငါက ရစ်ပတ်ဘလီကန် သမ္မတတစ်ယောက်ကို ထောက်ခံနေတယ်ဆိုတာ ယုတ္တိရှိရဲ့လား"

သူက ဒီလို ပြောနေပေမဲ့ 'Big One' ဖြစ်နေစဉ်အတွင်း ကြုံခဲ့ရတဲ့ အခြေအနေတွေကြောင့် ရိုနယ်ကို ထောက်ခံနေတာ ဖြစ်နိုင်ပါတယ်။

ကျွန်တော် ပြုံးလိုက်တယ်။

"ဒီတစ်ကြိမ်ပဲ ထောက်ခံလိုက်ပါ၊ နောက်သမ္မတ သက်တမ်းကစပြီး ဒီမိုကရက်တွေကို ပြန်ထောက်ခံလို့ ရတာပဲလေ"

လော့စ်အိန်ဂျလိစ်ဟာ ကယ်လီဖိုးနီးယား ပြည်နယ်တင်မကဘဲ အမေရိကန် အနောက်ဘက်ကမ်းခြေမှာပါ အကြီးဆုံး မြို့ကြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲတုန်းက ဒိုင်ယန်က မဲအပြတ်အသတ် ရခဲ့တဲ့ နယ်မြေလည်း ဖြစ်တာပေါ့။

ကယ်လီဖိုးနီးယားရဲ့ မြို့တော်တော်များများမှာတော့ ဒါက အမှန်တရားပါပဲ။

ဒါပေမဲ့လည်း မိန့်ခွန်းပြောမယ့် နေရာမှာ ရိုနယ်ရဲ့ ထောက်ခံသူ သောင်းနဲ့ချီပြီး စုဝေးရောက်ရှိနေကြပါပြီ။ ကျွန်တော်တို့လည်း သတ်မှတ်ထားတဲ့ နေရာတွေမှာ ဝင်ထိုင်လိုက်ကြတယ်။

ပထမဆုံးအနေနဲ့ သက်လတ်ပိုင်းကို ရောက်နေပြီဖြစ်ပေမဲ့ လှပဆဲဖြစ်တဲ့ ချက်သမ္မတနိုင်ငံဖွား မော်ဒယ်ဟောင်း သမ္မတကတော် ဗီရိုနီကယ် စတန်ပါ က လူသောင်းပေါင်းများစွာ ရှိနေတဲ့ စင်မြင့်ပေါ်ကို တက်လှမ်းပြီး မိုက်ကရိုဖုန်းကို ကိုင်လိုက်တယ်။

ဗီရိုနီကယ် စတန်ပါက သူ့ရဲ့ ခင်ပွန်းဟာ မိသားစုအပေါ် ဘယ်လောက် နွေးထွေးပြီး စိတ်အားထက်သန်ကြောင်း ၁၀ မိနစ်လောက် ပြောကြားပြီးနောက် ရိုနယ် ရောက်ရှိလာကြောင်း ကြေညာလိုက်တယ်။

"ကျွန်မရဲ့ ခင်ပွန်း၊ ပြီးတော့ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ၊ ရိုနယ် စတန်ကို ကြိုဆိုလိုက်ကြပါဦး"

ထောက်ခံသူတွေက တခဲနက် လက်ခုပ်တီးပြီး အားပေးကြွေးကြော်ကြတယ်။

"ရိုနယ်၊ ရိုနယ်"

ရိုနယ်က ပရော်ဖက်ရှင်နယ် နပန်းသမားတစ်ယောက် ကြိုးဝိုင်းထဲ ဝင်လာသလိုမျိုး လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းပြီး စင်ပေါ်ကို လျှောက်လှမ်းလာခဲ့တယ်။

မိုက်ကရိုဖုန်းကို ယူပြီး ရိုနယ်က မိန့်ခွန်းကို စတင်လိုက်တယ်။ သူက ဒီမိုကရက်တစ်ပါတီနဲ့ မီဒီယာတွေကို စတင်ဝေဖန်တော့တာပဲ။

"ဒီမိုကရက်တစ်ပါတီက တကယ်တမ်း ဘာလုပ်ခဲ့လဲ။ သူတို့က အခွန်တွေ တိုးကောက်ပြီး အသုံးမဝင်တဲ့ နေရာတွေမှာ ဖြုန်းတီးခဲ့ကြတာ။ မီဒီယာတွေကော ဘာထူးလဲ။ ဒီနေရာမှာ ထိုင်ခုံ တစ်လုံး နှစ်လုံးလောက် လွတ်နေတာနဲ့ CNN နဲ့ The New York Times တို့က 'ရိုနယ်ရဲ့ပွဲမှာ ပရိသတ် မပြည့်ဘူး' ဆိုပြီး သတင်းထူးတွေ ချက်ချင်း လွှင့်ကြမှာလေ"

သူ့စကားကြောင့် ရောက်ရှိနေတဲ့ ထောက်ခံသူတွေက သတင်းထောက်တွေရှိရာ ဘက်ကို လှမ်းပြီး ဝိုင်းအော်ကြတယ်။

အဲဒီနောက် ရိုနယ်က စီးပွားရေးကို အလေးပေး ပြောကြားခဲ့တယ်။

"အမေရိကန်ရဲ့ စီးပွားရေးကို တစ်ကမ္ဘာလုံးက အားကျနေကြတာပါ။ မကြာသေးခင် နှစ်တွေအတွင်း အမေရိကန်ဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး စီးပွားရေး တိုးတက်မှုကို ရရှိခဲ့တယ်။ ကျွန်တော် သမ္မတ ဖြစ်လာကတည်းက အလုပ်အကိုင် အများကြီး ဖန်တီးပေးခဲ့သလို အခွန်လျှော့ချတာနဲ့ စည်းမျဉ်းဖြေလျှော့မှုတွေကို ဦးဆောင်ခဲ့တယ်။ အခုအချိန်မှာတောင် ဘဲဥပုံရုံးခန်း (သမ္မတရုံးခန်း)က စားပွဲမှာ ထိုင်ရင်း အမေရိကန် ပြည်သူတွေအတွက် ဘယ်လို အောင်ပွဲကို ဆောင်ကြဉ်းပေးရမလဲဆိုတာ အမြဲတမ်း စဉ်းစားနေပါတယ်"

ကိုယ့်ကိုကိုယ် ချီးမွမ်းခန်းတွေက အဆုံးမရှိ ဆက်နေတာပါ။ အဓိက အချက်ကတော့ 'Big One' အကြောင်းပေါ့။

"ကျွန်တော်က 'Big One' အတွက် ပြင်ဆင်ထားရမယ်လို့ ပြောတုန်းက လူတိုင်းက ကျွန်တော့်ကို အရူးလို့ ခေါ်ခဲ့ကြတာ။ ဒါပေမဲ့ ဝေဖန်မှုတွေ ဘယ်လောက်ပဲ ရှိရှိ ကျွန်တော် မတုန်လှုပ်ခဲ့ဘူး။ တကယ်လို့ ကျွန်တော်တို့သာ ဒီမိုကရက်တွေရဲ့ စကားကို နားထောင်ခဲ့ရင် ဘာဖြစ်သွားမလဲ။ ဒီနေရာမှာ လူတိုင်းသိတဲ့ လူနှစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်"

နောက်ဆုံးတော့ ကျွန်တော်တို့ အလှည့် ရောက်လာပါပြီ။ ကျွန်တော်နဲ့ ပါမောက္ခ မိုဟန် စင်ပေါ်ကို လျှောက်လှမ်းသွားချိန်မှာတော့ မိုးခြိမ်းသံလို ဟိန်းထွက်နေတဲ့ လက်ခုပ်သံတွေနဲ့ အားပေးသံတွေ ထွက်ပေါ်လာခဲ့တယ်။

လူတွေက ကျွန်တော်တို့ နာမည်တွေကို အော်ဟစ်နေကြတော့တယ်။

"ကန်ဂျင်ဟူ၊ ကန်ဂျင်ဟူ"

"မိုဟန်၊ မိုဟန်"

ရိုနယ်က သူ့ရဲ့ ထုံးစံအတိုင်း ပုံကြီးချဲ့တဲ့ အမူအရာတွေနဲ့ ကျွန်တော်တို့ကို လူအများရှေ့မှာ တင်းတင်းကြပ်ကြပ် ဖက်လဲတကင်း နှုတ်ဆက်လိုက်တယ်။ ကျွန်တော် မိုက်ကရိုဖုန်းကို ယူပြီး စကားပြောလိုက်တယ်။

"ကျွန်တော်က OTK ကုမ္ပဏီရဲ့ စီအီးအို ကန်ဂျင်ဟူ ဖြစ်ပါတယ်။ နွေးထွေးတဲ့ ကြိုဆိုမှုအတွက် အများကြီး ကျေးဇူးတင်ပါတယ်။ အမှန်အတိုင်း ပြောရရင် သမ္မတ ရိုနယ်နဲ့အတူ ဒီနေရာမှာ ရပ်နေရတာက ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ ဂုဏ်ယူမှုတစ်ခုပါပဲ။ သမ္မတ ရိုနယ်ဟာ မကြုံစဖူး ကပ်ဘေးကြီးဖြစ်တဲ့ 'Big One' ကို ရင်ဆိုင်ရာမှာ ယုံကြည်ချက်နဲ့ ပြတ်သားမှု ဆိုတာ ဘာလဲဆိုတာကို ပြသခဲ့ပါတယ်။ ဒီလို ထူးချွန်တဲ့ သမ္မတတစ်ယောက်ကို မွေးထုတ်ပေးခဲ့တဲ့ အမေရိကန် ပြည်သူတွေကို လှိုက်လှိုက်လှဲလှဲ လေးစားမိကြောင်း ပြောပါရစေ။ အမေရိကန်ရဲ့ ကြီးကျယ်တဲ့ အောင်ပွဲတွေဟာ ကြီးမြတ်တဲ့ ပြည်သူတွေကြောင့်ပဲလို့ ကျွန်တော် ယုံကြည်ပါတယ်"

ဇာတ်တိုက်ထားတဲ့အတိုင်း အဲဒီအချိန်တုန်းက ရိုနယ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကြီးမြတ်မှုတွေကို ကျွန်တော် ပြောကြားခဲ့တယ်။ ဒီလောက်အထိ လုပ်ဖို့ လိုအပ်လို့လားလို့ တွေးမိပေမဲ့ ကျွန်တော်တို့က တစ်လှေထဲ စီးနေကြတာဆိုတော့ ရွေးချယ်စရာ မရှိဘူးလေ။

ကျွန်တော် ပြောပြီးနောက် ပါမောက္ခ မိုဟန်က မိုက်ကရိုဖုန်းကို ယူပြီး ဆက်ပြောတယ်။ သူက သမ္မတ ရိုနယ်ရဲ့ မှန်ကန်တဲ့ တုံ့ပြန်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို အနည်းဆုံး ဖြစ်အောင် လျှော့ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့တာပါ။

ဒီနေရာမှာ ဒီလို မိန့်ခွန်းပေးရတဲ့ အကြောင်းရင်းက တစ်ခုထဲ ရှိပါတယ်။

ရိုနယ်က လက်ညှိုးတစ်ချောင်း ထောင်ပြီး ပြောလိုက်တယ်။

"ကျွန်တော်တို့ အမေရိကန်ကို ပြန်ပြီး ကြီးကျယ်အောင် လုပ်ရမယ်။ အမေရိကန်ကို ဘယ်တုန်းကထက်မဆို ပိုပြီး ကြီးမြတ်အောင် ထိန်းသိမ်းသွားမယ်။ ဒီအချိန်ကစပြီး အမေရိကန်ရဲ့ သမ္မတတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ပြန်လည်ရွေးကောက်ခံမယ့် ကမ်ပိန်းကို တရားဝင် စတင်ကြောင်း ကြေညာလိုက်ပါတယ်။ Keep America Great"

[သမ္မတ ရိုနယ် ပြန်လည်ရွေးကောက်ခံမည့်အရေး တရားဝင် ကြေညာ]

[ပြန်လည်ရွေးကောက်ခံမည့် လူထုစုဝေးပွဲတွင် ဒီမိုကရက်များနှင့် မီဒီယာများကို ပြင်းပြင်းထန်ထန် ဝေဖန်]

[OTK ကုမ္ပဏီ စီအီးအို ကန်ဂျင်ဟူ သမ္မတ ရိုနယ်ကို ထောက်ခံသည့် မိန့်ခွန်း ပြောကြား]

[Keep America Great]

[ထောက်ခံသူများ တခဲနက် အားပေး]

ဒီမိုကရက်တစ်ပါတီကလည်း လကုန်ပိုင်းမှာ ကိုယ်စားလှယ်လောင်း ၂၀ ကြား ရုပ်သံစစ်ဆေးမှုတွေနဲ့အတူ ပါတီတွင်း ပဏာမ ရွေးကောက်ပွဲတွေကို စတင်ဖို့ ပြင်ဆင်နေပြီ။ ဒါပေမဲ့ ဘယ်သူ ကိုယ်စားလှယ်လောင်း ဖြစ်လာမလဲဆိုတာကို လူတွေက စိတ်မဝင်စားကြပါဘူး။

ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ပိုင်းကြားမှာတောင် ဒီရွေးကောက်ပွဲကို လက်လျှော့ထားတဲ့ ပုံစံမျိုး ဖြစ်နေတာပါ။ ရှုံးမှာ သေချာသလောက် ရှိနေလို့ ထင်တယ်၊ ပါတီတွင်း ပြိုင်ဆိုင်မှုကလည်း သိပ်မပြင်းထန်လှပါဘူး။ နာမည်ကြီး နိုင်ငံရေးသမားတွေက ဝင်မပြိုင်ကြကြောင်း တစ်ယောက်ပြီးတစ်ယောက် ကြေညာနေကြတယ်။ သူတို့ရဲ့ ဗျူဟာက ဒီရွေးကောက်ပွဲကို ကျော်ပြီး နောက်တစ်ကြိမ်ကျမှ အာရုံစိုက်ဖို့ ဖြစ်ပုံရပါတယ်။

အမှန်အတိုင်း ပြောရရင် ရိုနယ်ရဲ့ ပြန်လည်ရွေးကောက်ခံရမယ့် အောင်ပွဲက သေချာသလောက် ရှိနေပြီ။ ဒါပေမဲ့ ဒီလို ခမ်းနားတဲ့ ကမ်ပိန်းအစပြုပွဲကို ကျင်းပရတဲ့ အကြောင်းရင်းကတော့ ဘယ်သမ္မတမှ မရဖူးတဲ့ အပြတ်အသတ် အောင်ပွဲမျိုးကို ရယူချင်လို့ပါပဲ။

ရိုနယ်ရဲ့ လက်ရှိ ထောက်ခံမှုနှုန်းက အနည်းဆုံး ၇၀ ရာခိုင်နှုန်း ရှိနေပြီး အမြင့်ဆုံး အချိန်တွေမှာ ၈၀ ရာခိုင်နှုန်း နီးပါးအထိ ရှိခဲ့တာပါ။ အကြောင်းရင်းကတော့ မကြုံစဖူး ကပ်ဘေးကြီးဖြစ်တဲ့ 'Big One' ကို အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်ခဲ့လို့ပါပဲ။

ဒါ့အပြင် လက်ရှိ သမ္မတဖြစ်နေခြင်းရဲ့ အားသာချက်ကလည်း ရှိသေးတာပေါ့။ တကယ်တော့ အမေရိကန် သမိုင်းမှာ လက်ရှိ သမ္မတက ပြန်လည်ရွေးကောက်မခံရတာမျိုးက တော်တော့်ကို ရှားပါတယ်။

ဒါတင်မကသေးဘူး၊ အမေရိကန် စီးပွားရေးက လက်ရှိမှာ အပြင်းအထန် တိုးတက်နေတာပါ။ Dow Jones၊ Nasdaq နဲ့ S&P တို့အားလုံး သမိုင်းတစ်လျှောက် အမြင့်ဆုံး အမှတ်တွေကို ရောက်နေပြီး အလုပ်လက်မဲ့နှုန်းကလည်း အနိမ့်ဆုံး အဆင့်မှာ ရှိနေပါတယ်။ ကုမ္ပဏီ တော်တော်များများက လုပ်သားရှားပါးမှုပြဿနာကိုတောင် ကြုံတွေ့နေရတာပါ။

လုပ်ခလစာတွေက ဆက်တိုက် တိုးနေပြီး စီးပွားရေး တိုးတက်နေပေမဲ့ ငွေကြေးဖောင်းပွမှုနှုန်းက တည်ငြိမ်နေဆဲပဲ။

ဒါက အနာဂတ်ကို ဦးဆောင်မယ့် လုပ်ငန်းသစ်တွေ တိုးတက်လာတာနဲ့ မြို့ပြ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆောက်လုပ်ရေး လုပ်ငန်း အရှိန်အဟုန်ကြောင့် ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေက အမေရိကန် စီးပွားရေးဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း အကြီးမားဆုံးသော တိုးတက်မှုကို ကြုံတွေ့နေရတာလို့ အကောင်းမြင် တွေးတောနေကြတာပါ။

ဒါပေမဲ့ ရိုနယ်မှာလည်း သူ့ပြဿနာနဲ့သူ ရှိနေတာပါပဲ။ ပုဂ္ဂိုလ်ရေးအရ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတွေ၊ ရုရှား အရှုပ်တော်ပုံနဲ့ အခွန်ရှောင်မှု ပြဿနာတွေက မပြေလည်သေးပါဘူး။ အမေရိကန်အနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြဿနာ၊ ချမ်းသာဆင်းရဲ ကွာဟမှုနဲ့ မဟာမိတ်နိုင်ငံတွေကြား တင်းမာမှုတွေလို ပြဿနာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဖြေရှင်းပေးမယ်လို့ ကတိပြုခဲ့တဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပြဿနာကလည်း ပြေလည်မသွားဘဲ ပိုဆိုးလာခဲ့တာပါ။

တခြားနိုင်ငံတွေက စီးပွားရေး နှေးကွေးမှု နွံထဲကနေ ရုန်းထွက်ဖို့ ရုန်းကန်နေရချိန်မှာ အမေရိကန် စီးပွားရေး တစ်ခုထဲကသာ ထူးထူးခြားခြား တိုးတက်နေတာ ဖြစ်တယ်။ ဒါကြောင့်လည်း စီးပွားရေး ကျဆင်းမှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို ကြုံတွေ့နေရတဲ့ ဟွန်ဒူးရပ်စ်၊ အယ်ဆာဗေးဒိုး၊ ဂွါတီမာလာနဲ့ ဗင်နီဇွဲလားလို တောင်အမေရိက နိုင်ငံတွေက လူအများအပြားဟာ သူတို့ရဲ့ နေရပ်ကို စွန့်ခွာပြီး ရွှေ့ပြောင်းလာကြတာပါ။

ရွှေရှာဖို့ အနောက်ဘက်ကို ဦးတည်သွားကြသလိုမျိုး လူတွေက အုပ်စုလိုက် ချီတက်လာကြပြီး ပြောင်းရွှေ့လာသူတွေရဲ့ အရေအတွက်က တအားများပြားလာလို့ မီဒီယာတွေက သူတို့ကို ကုလားအုတ်တွေနဲ့ သဲကန္တာရကို ဖြတ်သန်းသွားတတ်တဲ့ အုပ်စုတွေကို အစွဲပြုပြီး 'ကန်ရဗန် (Caravans)' လို့တောင် ခေါ်ဆိုလာကြတယ်။

သူတို့ရဲ့ နောက်ဆုံး ပန်းတိုင်ကတော့ အမေရိကန် ပြည်ထောင်စု ဖြစ်ပေမဲ့ ကြီးမားတဲ့ တံတိုင်းကြီးက ဆီးကြိုနေတာပါ။ မက္ကဆီကိုနဲ့ နယ်စပ်က အမေရိကန် စစ်ဆေးရေး ဂိတ်တွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုကြောင့် လုပ်ငန်းစဉ်တွေ လုံးဝ ရပ်ဆိုင်းလုနီးပါး ဖြစ်နေခဲ့ပါပြီ။

ရိုနယ်က မက္ကဆီကိုနိုင်ငံကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်လာမှုကို တားဆီးဖို့ တွန်းအားပေးခဲ့ပေမဲ့ မက္ကဆီကိုမှာလည်း အဖြေမရှိ ဖြစ်နေတာလေ။

အမေရိကန်ထဲ ဝင်ခွင့်မရဘဲ အဲဒီနေရာမှာတင် သောင်တင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို စီမံခန့်ခွဲဖို့အတွက် မက္ကဆီကိုဘက် ကလည်း ကုန်ကျစရိတ်တွေ အများကြီး ကုန်ကျနေရတာပါ။

ဒါပေမဲ့ ဒီတရားမဝင် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာက တစ်နည်းအားဖြင့် အမေရိကန် စီးပွားရေး ဘယ်လောက် ကောင်းမွန်နေလဲဆိုတာကို သက်သေပြနေတာပါပဲ။

ကြီးမားတဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်မျိုး မရှိခဲ့ရင်တော့ သမ္မတ ရိုနယ်ရဲ့ ပြန်လည်ရွေးကောက်ခံရမယ့် လမ်းခရီးက ပန်းခင်းသော လမ်းတစ်ခု ဖြစ်နေမှာ သေချာပါတယ်။ သူ လုပ်ရမှာက ပွင့်ဖတ်တွေကို ညင်သာစွာ နင်းလျှောက်ပြီး သက်တောင့်သက်သာ သွားဖို့ပဲ ရှိတော့တာပါ။

All Chapters