← Chapters

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း (၂၄၇) - ကိုယ့်ကိုယ်ကို ရောင်းပြီး လူသတ်ခြင်း (၁)

ထိုအသံကိုကြားလိုက်ရချိန်တွင် ထိုလူသတ်သမားမှာ တုန်လှုပ်ချောက်ချားသွား၏။

ချက်ချင်းပင် သူ၏ကျောပြင်မှ အားကြီးသောစွမ်းအားတစ်ခု ဝင်ရောက်လာပြီး သူ့ကိုလွင့်စင်သွားစေလေသည်။

"အခွင့်အရေးပဲ..."

သူသည် နောက်ကျောတွင် လက်ဝါးရိုက်ချက်ခံလိုက်ရသော်လည်း တိုက်ခိုက်သူ၏အတွင်းအားမှာ အကန့်အသတ်ရှိနေခဲ့ပေသည်။

ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ထဲရှိ အတွင်းအားကို လှည့်ပတ်လိုက်ကာ အရှိန်ယူ၍ ခုန်ထွက်သွားလေ၏။

ရောက်လာသူ၏ဓားသိုင်းမှာ အလွန်မြန်ဆန်လွန်းလှပြီး ယနေ့တွင် ဒဏ်ရာရနေပြီဖြစ်၍ ဆက်တိုက်ရန် မသင့်တော်တော့ပေ။

ထိုလူသတ်သမား မြေပြင်ပေါ်သို့ဆင်းသက်ပြီးနောက် လူအုပ်ထဲသို့ဝင်ရောက်သွားကာ အကြိမ်အနည်းငယ်ကွေ့ပတ်သွားပြီးနောက်တွင်မူ မည်သည့်အရိပ်အယောင်မျှပင် မတွေ့ရတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။

တဖြည်းဖြည်းနှင့် အခြေအနေဆိုးရွားလာသော လျူယွီလိုင်ကို ပြန်ကြည့်လိုက်သောအခါ ချူချင်း၏နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေးတစ်ခု ပေါ်လာလေ၏။

"ဒီလိုအချိန်မျိုးမှာ မင်း သေလို့မရသေးဘူး..."

နောက်တစ်ခဏတွင် သူ၏ကိုယ်ဟန်မှာ လှုပ်ရှားသွားပြီး ဓားသွားကိုလှည့်လိုက်ရာ ချွမ်းဟူသော အသံများနှင့်အတူ ဆက်တိုက်ထွက်ပေါ်လာသော ဓားချက်များအောက်တွင် ထျယ်ရွှဲ့ခန်းမဆောင်မှ ထိပ်တန်းပညာရှင်များကို ပိတ်ဆို့တားဆီးထားသည့် လျန်ရှန်ခံတပ်ခုနစ်ခုမှဓားပြအချို့မှာ ချူချင်း၏ဓားအောက်တွင် သေဆုံးသွားကြလေသည်။

ရုတ်တရက် ပေါ်လာသော မျက်နှာဖုံးစွပ်လူကို စုံစမ်းစစ်ဆေးရန် သူတို့၌အချိန်မရှိခဲ့ပေ။

လျူယွီလိုင်ကိုကူညီရန် အလျင်အမြန် ရှေ့သို့ပြေးဝင်သွားကြသည်။

ဤသို့ကူညီမှုရရှိလိုက်သဖြင့် ခံတပ်ခေါင်းဆောင်ခုနစ်ဦးမှာ လျူယွီလိုင်၏ပြိုင်ဘက်များ မဖြစ်နိုင်တော့ဘဲ အနိုင်အရှုံးအခြေအနေမှာ ချက်ချင်းပင် ပြောင်းပြန်ဖြစ်သွားခဲ့၏။

ထိုလူခုနစ်ဦးကို သတ်ဖြတ်ဖမ်းဆီးပြီး အရာအားလုံးအဆုံးသတ်သွားချိန်၌ လျူယွီလိုင်က ပြန်လည်ရှာဖွေသောအခါတွင် ချူချင်း၏အရိပ်အယောင်ကိုမျှ မတွေ့ရတော့ချေ။

……

ထျယ်ရွှဲ့ဝတ်စုံကို ဝတ်ဆင်ထားသော လူသတ်သမားသည် လူအုပ်အလယ်တွင်ရောနှောနေပြီး တိုက်ပွဲထဲမှ ခက်ခက်ခဲခဲ ဖောက်ထွက်လာနိုင်ခဲ့ကာ ထွက်ပြေးသွားလေသည်။

'သူက တကယ်ပဲ ဘယ်သူလဲ...'

'သူ့စကားအရ ငါတို့နဲ့ ရန်ငြိုးရှိနေပုံပဲ...'

'ငါတို့အလုပ်ကိုတောင် ဝင်ရှုပ်ရဲတယ်ဆိုတော့... တကယ် သေချင်နေတာပဲ...'

စိတ်ထဲတွင် ဆက်တိုက်စဉ်းစားနေမိသော်လည်း အဖြေရှာမတွေ့ခဲ့ပေ။

သူက လက်မောင်းပေါ်ရှိဒဏ်ရာကို ငေးကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုဒဏ်ရာမှာ သိပ်မပြင်းထန်သော်လည်း တစ်ဖက်လူ၏ဓားသိုင်းက အလွန်မြန်ဆန်လွန်းလှသည်။

ထိုဓားကွက်ထုတ်လိုက်ပုံကို သူ လုံးဝသတိမထားမိခဲ့ချေ…

'ကံကောင်းတာက သူငါ့ကို လက်ဝါးတစ်ချက်တည်းနဲ့ သတ်ချင်ခဲ့ပေမဲ့ ငါ့ရဲ့အတွင်းအားကို လျှော့တွက်ခဲ့တယ်... အဲဒီလိုမှ မဟုတ်ရင်... ဒီတစ်ကြိမ်မှာတော့ တကယ်အန္တရာယ်ရှိသွားနိုင်တယ်...'

လမ်းတစ်လျှောက်တွင် ပတ်ဝန်းကျင်ကိုသတိထား၍ တစ်နာရီကျော်ခန့် ရှေ့သို့ဆက်လျှောက်လာပြီးနောက် လမ်းဘေးရှိ တောင်စောင့်နတ်ကွန်းတစ်ခုသည် မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

သူတုံ့ဆိုင်းမနေဘဲ တောင်စောင့်နတ်ကွန်းထဲသို့ တိုက်ရိုက်ဝင်ရောက်သွားလေ၏။

နတ်ကွန်းထဲတွင် လူတစ်ယောက်ရှိနေပြီး သူတောင်းစားတစ်ဦးဖြစ်သည်။

ထိုသူတောင်းစားသည် အရက်သောက်နေပြီး သူ၏ရှေ့ရှိ ဆီစက္ကူထုပ်ပေါ်တွင် မြေပဲ၊ အသားပြုတ်နှင့် ကြက်ပေါင်ကဲ့သို့သော မြည်းစရာအချို့ကို ဖြန့်ခင်းထားလေသည်။

ရောက်လာသူကို မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဘာလို့ ဒီလောက်တောင် အခြေအနေဆိုးနေရတာလဲ... ချင်းယန်လက်ဝါးသိုင်းသမားက... ဓားသိုင်း အဲ့လောက်မကျွမ်းဘူးမလား... မင်းရဲ့လက်မောင်းပေါ်က ဒဏ်ရာက ဘယ်လိုရလာတာလဲ..."

"...မထင်မှတ်ထားတာတွေ ဖြစ်သွားတယ်... လျူယွီလိုင်ကို မသတ်လိုက်နိုင်ဘူး..."

ထိုလူသတ်သမားသည် သူတောင်းစား၏မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်ပြီး သူ၏လက်ထဲမှ အရက်အိုးကိုလုယူကာ လက်မောင်းဒဏ်ရာပေါ်သို့ လောင်းချလိုက်သဖြင့် နာကျင်လွန်း၍ အံကြိတ်လိုက်ရသည်။

သူတောင်းစားမှာ မျက်နှာပျက်သွားပြီး သူ၏ကိုယ်ဟန်ကိုလှုပ်ရှားကာ နတ်ကွန်းတံခါးမှ တိုက်ရိုက်ထွက်သွားလေ၏။

တောင်စောင့်နတ်ကွန်းကို တစ်ပတ်လှည့်ပတ်ကြည့်ရှုပြီးမှသာ ပြန်ဝင်လာခဲ့သည်။

ထိုအခါ လူသတ်သမားက ခပ်အေးအေးပြောလိုက်သည်ကို ကြားလိုက်ရသည်။

"ဘယ်သူမှ နောက်ယောင်ခံမလိုက်လာဘူး..."

"ကောင်းပြီ..."

သူတောင်းစားက ခေါင်းညိတ်ပြကာ သူ၏ရှေ့သို့လျှောက်သွားပြီး လက်မောင်းကိုဖမ်းဆွဲ၍ ခေတ္တမျှသေချာစိုက်ကြည့်နေပြီးနောက် မျက်နှာမှာ ပို၍မှောင်မိုက်လာခဲ့သည်။

လူသတ်သမားက သူ့ကိုမော့ကြည့်လိုက်၏။

"ဒီဒဏ်ရာက ဘာများထူးခြားနေလို့လဲ..."

သူတောင်းစားက ပြန်မေးလိုက်သည်။

"ဒီလူရဲ့ဓားသိုင်းက ဘာထူးခြားချက်ရှိလဲ..."

လူသတ်သမားက တစ်ခဏမျှစဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။

"အရမ်းကို မြန်တယ်..."

ထို့နောက် သူတောင်းစား၏မျက်နှာပေါ်ရှိ အမူအရာကိုပြန်ကြည့်ကာ မေးလိုက်၏။

"ဘာဖြစ်လို့လဲ..."

"မင်း မသိသေးတဲ့ကိစ္စတစ်ခု ရှိတယ်..."

သူတောင်းစားက ပြောလိုက်သည်။

"အရင်တုန်းက ငါတို့နျဲ့ကျင့်ထိုင်မှာ သစ္စာဖောက်တစ်ယောက် ပေါ်လာခဲ့တယ်…”

"ဒီလူရဲ့လျှို့ဝှက်နာမည်က 'ဓားတ‌စ္ဆေ'ပဲ... သူက ပစ်မှတ်နဲ့ပူးပေါင်းကြံစည်ပြီး နျဲ့ကျင့်ထိုင်ကနေ သစ္စာဖောက်သွားတာ…”

"အဖွဲ့အစည်းထဲက လူတွေက ဒီကိစ္စကို ရိပ်မိနေတာကြာပြီ… သူ တကယ်သစ္စာဖောက်သွားမှန်း သေချာသွားတာနဲ့ ချက်ချင်းပဲ သူ့ကိုရှင်းထုတ်ပစ်ဖို့ လူတွေလွှတ်ပြီး တိုက်ခိုက်ခဲ့ကြတယ်…”

"ဒါပေမဲ့ မထင်မှတ်ထားတာက... ပုံမှန်ဆို ဓားသိုင်းနဲ့ကိုယ်ခံပညာ သာမန်လောက်ပဲရှိတဲ့သူက အမြန်ဓားသိုင်းတစ်ကွက်ကို ဖုံးကွယ်ထားခဲ့တာပဲ…”

"သူ့ကိုသတ်ဖို့လွှတ်လိုက်တဲ့ သွေးလှံသမားကိုတောင် သစ်ပင်ပေါ်မှာ လှံနဲ့ရိုက်ကပ်ပြီး အသေသတ်လိုက်တာပဲ... ကျန်တဲ့လူ‌တွေကလည်း ဓားတစ်ချက်တည်းနဲ့ လည်ပင်းပြတ်ပြီး သေဆုံးသွားခဲ့ရတယ်…”

"ဓားသိုင်းတွေက ဒဏ်ရာတွေအပေါ် သက်ရောက်မှုမတူညီဘူးဆိုတာကို မင်းသိသင့်တယ်…”

"မင်းရဲ့လက်မောင်းပေါ်က ဒဏ်ရာတွေက ဓားတ‌စ္ဆေရဲ့လက်ချက်နဲ့ သေသွားတဲ့လူတွေရဲ့ဒဏ်ရာနဲ့ တစ်ပုံစံတည်းပဲ..."

"ဒါကြောင့်ကိုး..."

လူသတ်သမားက မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်၏။

"ဒါကြောင့်မလို့ သူရှိနေသရွေ့ နျဲ့ကျင့်ထိုင် ဘယ်တော့မှ အကြံအောင်မြင်မှာမဟုတ်ဘူးလို့ သူပြောခဲ့တာကိုး..."

"ရဲတင်းလှချည်လား..."

သူတောင်းစားက အေးစက်စွာ ရယ်မောလိုက်လေသည်။

"ဒီကိစ္စဖြစ်ပြီးတဲ့နောက် အဖွဲ့အစည်းက လိုက်သတ်ဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်…”

"ဒါပေမဲ့ မထင်မှတ်ထားတာက ဒီလူက သိုင်းလောကထဲကနေ ပျောက်ချင်းမလား ပျောက်ကွယ်သွားခဲ့တာပဲ... သူ့ကို သတ်ဖို့လွှတ်လိုက်တဲ့ လူသတ်သမားတွေထဲက တစ်ယောက်မှ သူ့ရဲ့သဲလွန်စကို ရှာမတွေ့ခဲ့ကြဘူး…”

"ဒါပေမဲ့ ထျန်းဝူမြို့မှာ အမြန်ဓားသိုင်းကို ပိုင်ဆိုင်ထားတဲ့ 'ညဧကရာဇ်'ဆိုတဲ့ လူတစ်ယောက် ပေါ်ထွက်လာတယ်လို့တော့ ကြားခဲ့ရတယ်…”

"ခက်တာက ဒီလူက အရမ်းရက်စက်ကြမ်းကြုတ်တယ်... သူသတ်လိုက်တဲ့သူတွေကို လက်စဖျောက်တတ်တယ်…”

"အလောင်းတွေကိုမီးရှို့ထားခဲ့တာပဲ... တကယ်တမ်း ပြာဖြစ်သွားအောင် မီးမရှို့နိုင်ခဲ့ရင်တောင် အရေပြားတွေက လောင်နေပြီး ဓားရာတွေကို ဘယ်လိုမှ ခွဲခြားလို့မရဘူး..."

"ဒီလိုဆိုတော့ ဒီညဧကရာဇ်က တော်တော်လေး သံသယဖြစ်စရာပဲ..."

လူသတ်သမားက ပြောလိုက်သည်။

"အဖွဲ့အစည်းကစုံစမ်းဖို့ ဘယ်သူ့ကိုမှ မလွှတ်ခဲ့ဘူးလား..."

"စုံစမ်းခဲ့တယ်..."

သူတောင်းစားက ခေါင်းခါရင်း ပြောလိုက်၏။

"ဒါပေမဲ့ ဒီညဧကရာဇ်က အမြန်ဓားသိုင်းအပြင် သူ့ရဲ့အတွင်းအားကလည်း အရမ်းနက်ရှိုင်းလွန်းတယ်... ဓားတစ္ဆေဆိုရင် လုံးဝယှဉ်နိုင်မှာမဟုတ်ဘူး…”

"ထပ်ပြီးစုံစမ်းကြည့်တော့ ဒီလူက ပျံလွှားဓားမြှောင်ပညာကိုပါ ရသေးတယ်ဆိုတာ ရှာတွေ့ခဲ့တယ်... ဒါက ဓားတစ္ဆေထက် ပိုနေသေးတယ်…”

"ဒီအချိန်အထိ စုံစမ်းလာတာ ညဧကရာဇ်ရဲ့နောက်ကွယ်မှာ ကျောထောက်နောက်ခံ ရှိနေသေးတယ်ဆိုတာကို ရှာတွေ့ခဲ့တယ်... နျဲ့ကျင့်ထိုင်က စုံစမ်းဖို့လွှတ်လိုက်တဲ့သူတွေ အားလုံးသေသွားတဲ့အပြင် သတိပေးစာပါ ပြန်ပို့ခံခဲ့ရတယ်…”

"ဒီလူက ဓားတစ္ဆေနဲ့ ကွာခြားလွန်းနေတယ်... အဖွဲ့အစည်းကလည်း ညဧကရာဇ်ရဲ့နောက်ကွယ်က လူကို သွားမပတ်သက်ချင်တာနဲ့ ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်တာပဲ..."

လူသတ်သမားက ၎င်းကိုကြားသောအခါ ခေါင်းညိတ်လိုက်၏။

"ဒီနေ့ လက်စွမ်းပြသွားတဲ့သူရဲ့ အတွင်းအားကတော့ သာမန်ပါပဲ…’’

"ဒါပေမဲ့ ဒီညဧကရာဇ်ရဲ့နောက်ကွယ်က လူက ဘယ်သူများလဲ..."

"မသိဘူး..."

သူတောင်းစားက ခပ်အေးအေးပင် ပြောလိုက်သည်။

"အထက်ကလူတွေ သိရင်သိလောက်တယ်ဆိုပေမဲ့ ဒါက ငါတို့စုံစမ်းလို့ရတဲ့ကိစ္စ မဟုတ်တော့ဘူး…”

"ဓားတစ္ဆေက ပျောက်ကွယ်သွားပြီး အခုမှပြန်ပေါ်လာတာဆိုတော့ ဒဏ်ရာတွေသက်သာသွားလို့ ငါတို့နျဲ့ကျင့်ထိုင်ကို စိန်ခေါ်ချင်နေပုံပဲ... တကယ်သေချင်နေတာပဲ…”

"ဒီကိစ္စကို မင်း ဝင်ရှုပ်နေစရာ မလိုတော့ဘူး... လျူယွီလိုင်ကို လုပ်ကြံတဲ့ကိစ္စအပါအဝင် အားလုံးကိုဘေးဖယ်ထားလိုက်လို့ရပြီ... ငါကိုယ်တိုင် အစီအစဉ်ဆွဲပြီး လူတစ်ယောက်ကို တာဝန်ယူခိုင်းလိုက်မယ်…”

"အခု မင်းထွက်သွားလို့ရပြီ..."

"ကောင်းပြီ..."

လူသတ်သမားက ခေါင်းညိတ်လိုက်ပြီး ဆီစက္ကူထုပ်ထဲမှ ကြက်ပေါင်တစ်ချောင်းကို ယူလိုက်၏။

"ခုနလေးတင် ဒဏ်ရာရထားလို့ ခွန်အားဖြည့်ဖို့အတွက် ယူသွားပြီနော်..."

"...သူတောင်းစားရဲ့ကြက်ပေါင်ကိုတောင် လုရတယ်လို့... မင်းအဆင့်နဲ့ လူသတ်သမားလုပ်နေရတာထက် အလုပ်ပြောင်းလိုက်တာက ပိုကောင်းမယ်ထင်တယ်..."

သူတောင်းစားမှာ မျက်စောင်းထိုးလိုက်ပြီး ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်သည်။ ဤသည်ကိုမြင်သော လူသတ်သမားက ဟားတိုက်ရယ်မောလိုက်ကာ နတ်ကွန်းပျက်ထဲမှ ခုန်ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားလေ၏။

ထိုနေရာတွင်ကျန်ရစ်ခဲ့သော သူတောင်းစားမှာ ခေတ္တမျှထိုင်စဉ်းစားနေပြီးနောက် မြေပြင်ပေါ်ရှိ အမြည်းများကိုထုပ်ပိုးကာ ရင်ခွင်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် အရက်ဘူးကိုဆွဲ၍ တောင်စောင့်နတ်ကွန်းထဲမှ ထွက်ခွာလာကာ တင်ရှင်းမြို့ဆီသို့ ထွက်ခွာသွားလေသည်။

သူတောင်းစား၏ကျောပြင်မှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားလေသည်။

ဝမ်ရိုနှင့်ချူချင်းတို့သည် အမှောင်ထဲမှထွက်လာကြပြီး ချူချင်း၏လက်ထဲတွင် အလောင်းတစ်လောင်းကို ဆွဲလာခဲ့သည်။

ထိုအလောင်းမှာ အစောပိုင်းက ထွက်သွားသော လူသတ်သမား၏အလောင်းပင် ဖြစ်သည်။

ဝမ်ရိုက ချူချင်း၏လက်ထဲရှိ အလောင်းကိုကြည့်လိုက်၏။

"အတွင်းအားက သာမန်ပဲလား..."

ချူချင်းက ပြုံးလိုက်သည်။

"ငါးစာဆိုတော့လည်း အရမ်းကြီးသန်မာနေလို့ မရဘူးလေ... ဒါမှမဟုတ်ရင် ငါးစာဟက်မှာ မဟုတ်ဘူး..."

စကားပြောနေသည်ကို ရပ်လိုက်ပြီး ဝမ်ရိုကိုကြည့်လိုက်၏။

"ဘာမှ မမေးချင်တော့ဘူးလား…ဥပမာ ဓားတစ္ဆေအကြောင်းဖြစ်ဖြစ်... နျဲ့ကျင့်ထိုင်အကြောင်းဖြစ်ဖြစ်…”

ဝမ်ရိုက ခေါင်းခါပြလိုက်သည်။

"မမေးချင်ပါဘူး..."

ဤသည်မှာ ဝမ်ရိုကို သဘောအကျရဆုံးအချက်ပင် ဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သည့်ကိစ္စများကို လျစ်လျူမရှုသလို မစူးစမ်းသင့်သည့်ကိစ္စများကိုလည်း ဝင်မပါတတ်ချေ။

All Chapters