← Chapters

အခန်း ၃၄၉

Vol. 18 Ch. 349

အခန်း ၃၄၉

Vol. 18 Ch. 349

အပိုင်း(၃၄၉) အိုအေစစ်တွင် ထူးဆန်းသောအရာ ရှိနေသည်

ညဉ့်နက်လာသည့် အချိန်အထိပင်။

တင်းရှန်က အသိပြန်ဝင်လာခဲ့သည်။

သူ၏ ရင်ခွင်ထဲမှ ထိုစာအိတ်ကို ထုတ်ယူလိုက်သည်။ ဤစာထဲတွင် ဘာတွေ ရေးသားထားသည်ကို သူ မသိပေ။

များသောအားဖြင့် မကြာသေးမီက မြို့တော်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းများနှင့် ပတ်သက်သည့် အကြောင်းအရာများသာ ဖြစ်တန်ကောင်းသည်။

မကြာသေးမီက မြို့တော်အတွင်းရှိ အခြေအနေများမှာ အနည်းငယ် ပုံမှန်မဟုတ်ကြောင်း တင်းရှန် သိထားသည်။

ဘာကြောင့် ဝင်မစွက်ဖက်ရသနည်းဆိုလျှင် သေဆုံးသွားသူများသည် အိုအေစစ်မြို့တော်အတွက် ဆိုးကျိုးတစ်ခု မဟုတ်သောကြောင့် ဖြစ်သည်။

ထိုသေဆုံးသွားသူများသည် အနည်းဆုံးတော့ ခိုင်လုံသော အကြောင်းပြချက်များဖြင့် သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။

သူကိုယ်တိုင် အပြင်သို့ ခေါ်ဆောင်သွားပြီးနောက် ပြန်မခေါ်လာနိုင်တော့သည်ထက်စာလျှင် ပို၍ ကောင်းမွန်ပေသည်။

ထို့အပြင် စည်းဝါးလွတ် ကားပြိုင်ပွဲ ဆိုသည်မှာလည်း ရှင်းလင်းပြတ်သားသော အကြောင်းပြချက် တစ်ခုပင် ဖြစ်သည်။

ကားပြိုင်ပွဲတွင် သေဆုံးသွားသူများအားလုံးကို နောက်ဆုံး၌ ထူးဆန်းသောအရာများထံသို့ ပေးဆပ်ရမည့် တန်ဖိုးတစ်ခုအဖြစ် သတ်မှတ်ကာ အိုအေစစ်မြို့တော်၏ ယာယီ ငြိမ်းချမ်းရေးကို တောင်းခံရယူကြရသည်။

သို့သော် ဤတစ်ကြိမ်တွင် ထိုအရာများ၏ လောဘရမ္မက်က ဤမျှလောက်အထိ ကြီးမားနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

တင်းရှန်က စာအိတ်ကို ဖြည်းညင်းစွာ ဖောက်လိုက်သည်။

စာ၏ အကြောင်းအရာကို မဖတ်ရသေးမီ အချိန်လေးတွင်ပင်။

တင်းရှန်နှင့် ချန်းရီတို့ နှစ်ဦးကြား၌ ဤစာအပေါ် မြင်တွေ့ပုံချင်းမှာ ကွာခြားနေခဲ့သည်။

တင်းရှန်ကမူ ၎င်းသည် လူမသိသူမသိ လျှို့ဝှက်ချက်အချို့သာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။

အိုအေစစ်မြို့တော်တွင် သူ မသိနိုင်သော ကိစ္စများ ရှိနေဦးမည်လော။

တစ်မြို့လုံးရှိ အမှောင်မိုက်ဆုံးနှင့် အလျှို့ဝှက်ဆုံးသော ကိစ္စရပ်များအားလုံးသည် သူ၏ လက်တွင်း၌သာ ရှိနေခဲ့သည် မဟုတ်ပါလော။

ထို့ကြောင့် ဤစာနှင့် ပတ်သက်၍ တင်းရှန်က သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။

အဓိကမှာ ဤစာကို ပေးပို့လာသော နည်းလမ်းက သူ့အား ကြိုတင် သံသယဝင်သွားစေခြင်း ဖြစ်သည်။

သို့သော် ချန်းရီကမူ ဤစာကို အင်းဆိုင်အတွင်း၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော ပတ်ဝန်းကျင် အခြေအနေမျိုးတွင် သံသယကြီးတတ်သော ချန်းရီအဖို့ ပထမဆုံး တွေးမိသည့် အရာမှာ ဤစာသည် ကောင်းသော အရာတစ်ခု မဖြစ်နိုင်ဘူးဟူ၍ပင်။

ထို့ကြောင့် ဤစာနှင့် ပတ်သက်၍ ချန်းရီ၏ အမြင်မှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လုံးဝ ပတ်သက်ချင်ခြင်း မရှိပေ။

အင်းဆိုင်ဘက်တွင်မူ။

တင်းရှန်က ထိုစာကို စတင် ထိတွေ့လိုက်သည့် အချိန်၌ပင်။

ထိုရုပ်မြင်သံကြားစက် အဟောင်းကြီးမှာ ပွင့်လာခဲ့ပြီ ဖြစ်သည်။

တဟူးဟူးဖြင့် နှစ်ခြိုက်စွာ အိပ်မောကျနေသော ရှာဖေးမှာ ရုပ်မြင်သံကြားစက်၏ အလင်းရောင်ကြောင့် လန့်နိုးလာခဲ့သည်။

သူတစ်ယောက်တည်းသာမက ဘေးနားရှိ ဝါးရင်းတုတ်နှင့် တူသော လူရိပ်ကြီးလည်း အပါအဝင် ဖြစ်သည်။

ရုပ်မြင်သံကြားစက်ထဲတွင် တင်းရှန်၏ မျက်နှာက ပေါ်လာခဲ့သည်။

"သူပဲ"

တင်းရှန်၏ မျက်နှာကို မြင်လိုက်ရချိန်တွင် ရှာဖေးမှာလည်း အနည်းငယ် တအံ့တသြ ဖြစ်သွားခဲ့သည်။

ဤစာက အရင်တုန်းက နေကာမျက်မှန်နှင့် လူ၏ လက်ထဲတွင် ရှိနေခဲ့သည် မဟုတ်ပါလော။

အခု ဘယ်လိုလုပ်ပြီး ဒုတိယမြို့တော်ဝန်တင်း လက်ထဲကို ရောက်နေရတာလဲ။

"ဒုတိယမြို့တော်ဝန်တင်းပါလား... စိတ်ဝင်စားစရာပဲ... စာကို မြန်မြန်ဖတ်လေ... အဲဒါလည်း မဆိုးပါဘူး"

"အရင်လူက အရမ်း စွမ်းတယ်... ဒီတစ်ယောက်က ပိုတောင် စွမ်းသေးတယ်"

"ဟားဟားဟား... စာကို မြန်မြန်ဖတ်လိုက်စမ်းပါ... စာဖတ်ပြီးတာနဲ့ မင်းတို့ ငါတို့ ရှိနေတယ်ဆိုတာကို သိသွားလိမ့်မယ်"

"မင်းကမှ တစ်မြို့လုံးမှာ အပြည့်စုံဆုံး ပစ်မှတ်ပဲ"

ပိန်လှီတောင့်တင်းနေသော ဝါးရင်းတုတ် အရိပ်ကြီးမှာ အနည်းငယ် တုန်ယင်သွားသည်။

တင်းရှန်သာ စာဖတ်ပြီးသွားပါက ၎င်းတို့ ရှိနေကြောင်းကို သိရှိသွားမည်ဖြစ်ပြီး ထိုအချိန်ကျလျှင် သူ့အား တိုက်ခိုက်ကာ ဝါးမျိုပြီး သူ့နေရာတွင် အစားထိုး ဝင်ရောက်နိုင်မည် ဖြစ်သည်။

တင်းရှန်က စာကို ဖွင့်ကာ ဖတ်ရင်းဖတ်ရင်းဖြင့် မျက်မှောင်များ တဖြည်းဖြည်း ကြုတ်လာခဲ့သည်။

ဤစာမှာ ယူကို ရေးသားထားခြင်း ဖြစ်သည်။

ထိုမိန်းမသည် ယခင်ကတည်းက ဟွာရှား ယဉ်ကျေးမှုအပေါ် အလွန် စိတ်ဝင်စားခဲ့သဖြင့် ငယ်စဉ်ကတည်းက ဟွာရှား စာပေကို စတင် လေ့လာခဲ့သည်။

စာတစ်စောင် ရေးရန်မှာ ဤဂျပန်မလေးအတွက်မူ ပြဿနာ တစ်ရပ် မဟုတ်ပေ။

ဤစာထဲတွင် ယူကိုက အိုအေစစ်မြို့တော်၏ ပုံမှန်မဟုတ်သော အခြေအနေများကို သူမ မည်သို့ ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် အင်းဆိုင်၏ အခြေအနေများကိုပါ အသေးစိတ် ရေးသားထားခဲ့သည်။

၎င်းအပြင် အတုအယောင်လူသားများ ရှိနေကြောင်းကိုပါ ပိုမို အသေးစိတ် ရှင်းပြထားသေးသည်။

တင်းရှန်က စာကို တစ်ဝက်ခန့် ဖတ်ပြီးချိန်မှာပင် မျက်မှောင်များ ကြုတ်နေခဲ့ပြီ ဖြစ်သည်။ ယခင်ကတည်းက အိုအေစစ်မြို့တော်မှာ ပုံမှန်မဟုတ်ကြောင်း သူ ခံစားမိခဲ့သည်။

ခုနက ချည်နှောင်ထားသော လူအုပ်ကြီး ပြောခဲ့သည့် စကားများနှင့် ပေါင်းစပ်လိုက်သောအခါ အတုအယောင်လူသား ဟုခေါ်သော ဤထူးဆန်းသည့် အရာများသည် အိုအေစစ်မြို့တော်အတွင်း၌ ပျံ့နှံ့နေပြီဖြစ်ကြောင်း တင်းရှန် သတိပြုမိသွားသည်။

ချည်နှောင်ထားသော လူအုပ်ကြီး ပြောခဲ့သည်မှာ အတုအယောင်လူသား ကို ဆိုလိုခြင်း ဖြစ်တန်ရာသည်။

ဤ အတုအယောင်လူသား ဆိုသည်မှာ ယခင်က သူနှင့် အပေးအယူ လုပ်ထားခဲ့သော ထူးဆန်းသည့် အရာများထဲမှ တစ်ခု မဟုတ်ပေ။

သူတို့သည် အိုအေစစ်မြို့တော်၏ စည်းမျဉ်းများကို လိုက်နာချင်မည်ပင် မဟုတ်ချေ။

အိုအေစစ်မြို့တော်၏ ပြဿနာများမှာ တဖြည်းဖြည်း ပိုမို ကြီးမားလာပြီဖြစ်ကြောင်း ဒုတိယမြို့တော်ဝန်တင်း သတိပြုမိလိုက်သည်။

ဤအချိန်မှာပင်။

ပိန်လှီတောင့်တင်းနေသော လူတစ်ယောက်က ဒုတိယမြို့တော်ဝန်တင်း၏ နောက်ကျောဘက်၌ အသံတိတ် ရုတ်တရက် ပေါ်လာခဲ့သည်။

ဒုတိယမြို့တော်ဝန်တင်း၏ အမြီးမှာ သူ၏ နောက်ကျောဘက်တွင် သတိမထားမိဘဲ ယမ်းခါနေပြီး အလွန်ဆော့တတ်သော ကြောင်ကလေး တစ်ကောင်နှင့် တူနေကာ အနောက်တွင် ဤသို့သော လူတစ်ယောက် ရှိနေသည်ကို လုံးဝ မသိရှိလိုက်ပေ။

ပိန်လှီနေသော လူရိပ်က အသံတိတ် ငြိမ်သက်နေပြီး ၎င်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။

ထိုပိန်လှီသော လူရိပ်၏ နဖူးပေါ်တွင် အနက်ရောင် မျဉ်းကြောင်းလေး တစ်ကြောင်း ပေါ်လာသည်။

အသက်ဝင်နေသော မျဉ်းကြောင်းလေး တစ်ကြောင်း ဖြစ်ပြီး ၎င်းသည် အောက်ဘက်သို့ တဖြည်းဖြည်း ဆင်းလာသည်။

မေးစေ့၊ လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်တို့အထိ ဆင်းသက်လာခဲ့သည်။

အနက်ရောင် မျဉ်းကြောင်းလေးမှာ တဖြည်းဖြည်း ကြီးလာကာ ကျယ်ပြန့်လာပြီးနောက် ပွင့်ဟသွားသည်။

နောက်ဆုံးတွင် ထိုပိန်လှီသော လူရိပ်သည် မတ်တတ်ရပ်လျက် ပွင့်အာလာသော ပန်းတစ်ပွင့်အလား ဖြစ်သွားကာ စာဖတ်ရင်း မျက်မှောင်ကြုတ် စဉ်းစားနေသော ဒုတိယမြို့တော်ဝန်တင်းထံသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလေသည်။

တစ်စက္ကန့် အကြာတွင်။

"ဝုန်း... ဝုန်း... အုန်း"

အိုအေစစ်မြို့တော် အတွင်း၌ ပြင်းထန်သော တိုက်ပွဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

ပြင်းထန်လှသော ပေါက်ကွဲသံကြီးကြောင့် တစ်မြို့လုံးပင် တုန်ခါသွားရတော့သည်။

မနက်ဖြန်သည် စည်းဝါးလွတ် ကားပြိုင်ပွဲ ပြုလုပ်မည့်နေ့ ဖြစ်သည်။

များပြားလှသော ဆုလာဘ်များအတွက် လူတိုင်းက အစွမ်းကုန် ကြိုးစားကြရန် ဆုံးဖြတ်ထားကြသည်။

လမ်းစဉ်ဆေးထိုးအပ် နှစ်ချောင်းကို အသာထားဦး။ သက်တမ်းမလွန်သေးသော ထိုအစားအသောက်များကပင် လူတိုင်း အားကုန်ထုတ်၍ ကြိုးစားရန် တန်ဖိုးရှိနေပြီ ဖြစ်သည်။

ဥပမာအားဖြင့် ယခုအချိန်တွင် ခေါင်းဆောင်ချူက မနက်ဖြန်အတွက် အစီအစဉ်များကို လူတိုင်းအား ချမှတ်ပေးနေသည်။

အပြင်လူများ၏ အမြင်တွင် ချန်းရီသည် သူတို့နှင့် တစ်ဖွဲ့တည်းမဟုတ်ဟု ထင်မြင်နေကြသည်။

ထို့ကြောင့် ချန်းရီက ရုတ်တရက် ထွက်ပေါ်လာသည့် ပြိုင်ဘက်တစ်ဦးအနေဖြင့် တာဝန်ယူရမည်ဖြစ်ပြီး ထိုအချိန်ကျလျှင် ပထမဆုကို တစ်ချက်တည်းဖြင့် ဆွတ်ခူးနိုင်ရန်မှာ မခဲယဉ်းလှပေ။

စွန်းချန်းချန်းနှင့် ထယ်ရှီးတို့ နှစ်ဦးကမူ အရှေ့ဆုံးမှ ပြေးနေသူများကို တားဆီးပေးရမည့် တာဝန်ကို ယူရမည်ဖြစ်ပြီး ချန်းရီအတွက် အခွင့်အရေး ဖန်တီးပေးရမည် ဖြစ်သည်။

ပြိုင်ပွဲဝင်မည့် ရှုလီနာနှင့် ကျိုးရှောင်ရှောင်တို့ကိုပင် တာဝန်များ ခွဲဝေပေးထားသေးသည်။

လူတိုင်းက ဤအစီအစဉ်တွင် လိုအပ်ချက်များ ရှိမရှိ ပြန်လည် စစ်ဆေးနေကြစဉ်မှာပင်။

ရုတ်တရက် ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာခဲ့သည်။

ခေါင်မိုးပေါ်တွင် ချိတ်ဆွဲထားသော စခန်းချ မီးအိမ်လေးပင် တုန်ခါယိမ်းယိုင်သွားသည်။

လူတိုင်း အပြင်ထွက်ကာ မကြည့်ရသေးမီမှာပင်။

ခေါင်းဆောင်ချူ၏ မျက်နှာမှာ ရုတ်တရက် အလွန် ဆိုးရွားသွားသည်ကို တွေ့လိုက်ကြရသည်။

ချန်းရီ၊ စွန်းချန်းချန်း၊ တင်းတုံ၊ ထယ်ရှီးတို့ကလည်း အနည်းငယ် နောက်ကျပြီးမှ ပုံမှန်မဟုတ်ကြောင်းကို အာရုံခံမိသွားကြသည်။

သူတို့၏ အာရုံခံစားမှုထဲတွင် အိုအေစစ်မြို့တော်အတွင်း၌ ထူးဆန်းသောအရာများ၏ အငွေ့အသက်များ ပေါ်ထွက်လာခဲ့သည်။

သူတို့သည် လမ်းပြသူများ မဟုတ်ကြလျှင်တောင်မှ။

ဤထူးဆန်းသောအရာ၏ အငွေ့အသက်က တကယ်ကို နီးကပ်လွန်းနေခဲ့သည်။

ချန်းရီက သူ၏ လက်ခုံပေါ်ရှိ မွေးညင်းများအားလုံး ထောင်တက်နေသည်ကို တွေ့လိုက်ရသည်။

၎င်းမှာ ထူးဆန်းသောအရာက အနီးအနားတွင် ရှိနေကြောင်း ပြသနေခြင်းပင်။

အနည်းဆုံးတော့ အိုအေစစ်မြို့တော်အတွင်း၌ ဖြစ်သည်။

သို့သော် ထိုခဏလေးအတွင်းမှာပင်။

ထူးဆန်းသောအရာ၏ အငွေ့အသက်မှာ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။

တစ်ခါမှ ပေါ်မလာခဲ့ဖူးသကဲ့သို့ပင် ဖြစ်သွားသည်။

သူတို့အားလုံး မျက်နှာပျက်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

အချိန်အတော်ကြာမှသာ ခေါင်းဆောင်ချူက ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီး သူမ၏ မျက်ဝန်းများမှာ မတည်မငြိမ် ဖြစ်နေသည်။

ချန်းရီက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး နေကာမျက်မှန်မှတစ်ဆင့် မျက်မှန်နောက်ကွယ်တွင် ပုန်းကွယ်နေသော သွေးရောင်မျက်လုံးများကို မြင်တွေ့နိုင်ပေသည်။

မျက်နှာတစ်ခြမ်းက မီးရောင်အောက်တွင် ရှိနေပြီး ကျန်တစ်ခြမ်းက အမှောင်ထုထဲတွင် ရောက်နေသည်။

သူတို့အားလုံး အိုအေစစ်မြို့တော်သို့ လာရောက်ရသည့် ပထမအကြောင်းရင်းမှာ ရိက္ခာပစ္စည်းများ ဖြည့်တင်းရန် ဖြစ်သည်။

ဒုတိယအချက်မှာ အနည်းငယ် အနားယူလိုသောကြောင့် ဖြစ်သည်။

တတိယအချက်မှာ လမ်းစဉ်ဆေးထိုးအပ်ကို ရယူလိုသောကြောင့်ပင်။

ရည်ရွယ်ချက် သုံးခုစလုံးမှာ အရှေ့အနောက် ခွဲခြား၍မရဘဲ အားလုံး အရေးကြီးလှသည်။

ယာဉ်တန်းထဲရှိ မည်သူကမျှ အိုအေစစ်မြို့တော်တွင် မည်သည့် လျှို့ဝှက်ချက်များ ပုန်းကွယ်နေသနည်း ဆိုသည်ကို စုံစမ်းလိုစိတ် မရှိကြပေ။

ပြီးခဲ့သည့်အကြိမ်က ချန်းရီ ကိုယ်တိုင် ထိုအင်းဆိုင်ကြီး ပုံမှန်မဟုတ်ကြောင်းကို သိသာစွာ တွေ့ရှိခဲ့လျှင်တောင်မှ။

သူက မမြင်ချင်ယောင်သာ ဆောင်နေခဲ့သည်။

ပြန်ရောက်လာပြီးနောက် အားလုံးကို နောက်နောင် သတိထားကြရန် စကားအနည်းငယ်မျှသာ ပြောခဲ့ပြီး အများကြီး ဆွေးနွေးတိုင်ပင်ခြင်း မရှိခဲ့ပေ။

ယခုမူ မြို့တော်အတွင်း၌ ထူးဆန်းသောအရာများ၏ အငွေ့အသက်များ စတင် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။

သူတို့အားလုံး အိုအေစစ်မြို့တော်သို့ လာခဲ့ကြသည်မှာ ဤနေရာတွင် ထူးဆန်းသောအရာများ မရှိသောကြောင့်သာ ဖြစ်သည်။

ယခုတော့ သူတို့ အလေးအနက်ထားဆုံး အချက်ကြီးမှာ မရှိတော့ပေ။

"ခုနက... မြို့ထဲမှာ... ထူးဆန်းတဲ့အရာတွေ ရှိနေတယ်"

လူသန်ငတုံးကြီး ထယ်ရှီးက ပထမဆုံး စကားစလိုက်သည်။

ခေါင်းဆောင်ချူက ဘာမှမပြောဘဲ ချန်းရီနှင့် စွန်းချန်းချန်းတို့ကိုသာ လှမ်းကြည့်လိုက်သည်။

ယာဉ်တန်းထဲတွင် ကိစ္စများကို တိုင်ပင်ဆွေးနွေးနိုင်သူမှာ ဤနှစ်ဦးသာ ရှိသည်။

"ရှောင်ရီ... မင်း ဘယ်လိုမြင်လဲ"

ခေါင်းဆောင်ချူက ချန်းရီ၏ အမြင်ကို ကြားချင်နေသည်။ ဤကောင်က အကြံအစည် အများဆုံး မဟုတ်ပါလော။

ချန်းရီ၏ မျက်ဝန်းများက မှိုင်းညို့နေပြီး စကားများကို အနည်းငယ် စဉ်းစားစီစဉ်လိုက်ကာ ပြောလိုက်သည်။

"အိုအေစစ်မြို့တော်က အမြဲတမ်း ပုံမှန်မဟုတ်ဘူး... ငါတို့ကလည်း မြို့ရဲ့ ကိစ္စတွေမှာ ဝင်မပါချင်ခဲ့ကြဘူး... ခုနက ထွက်လာတဲ့ အငွေ့အသက်ကတော့ အတု မဖြစ်နိုင်ဘူး"

စွန်းချန်းချန်းက ခေါင်းညိတ်လိုက်သည်။

"ခေါင်းဆောင်ချူ... ကျွန်မတို့ ထွက်သွားသင့်ပြီ ထင်တယ်"

ခေါင်းဆောင်ချူက သက်ပြင်းချလိုက်သည်။

"ငါကတော့ အိုအေစစ်မြို့တော်က အနည်းဆုံး တစ်လလောက် ငြိမ်သက်နေဦးမယ်လို့ ထင်ခဲ့တာ... အားလုံးကို သေချာ အနားယူစေချင်လို့... အခုလိုမျိုးတွေ ဖြစ်လာမယ်လို့ မထင်ခဲ့ဘူး"

"ငါ ထင်တာကတော့ အိုအေစစ်မြို့တော်မှာ အခုမှ ထူးဆန်းတဲ့အရာတွေ ရှိလာတာ မဟုတ်လောက်ဘူး... အမြဲတမ်း ရှိနေခဲ့တာ ဖြစ်မယ်... ငါတို့ကသာ သတိမထားမိခဲ့တာ"

ချန်းရီက အင်းဆိုင်ကို သတိရသွားပြီး တောင်ကုန်းငယ်လေး တစ်ခုအလား ကြီးမားလှသော လူဝကြီးကိုပါ တွေးမိသွားသည်။

"ကိုယ်ရောင်ဖျောက် အင်းကြောင့်ပဲ... ကိုယ်ရောင်ဖျောက် အင်းတွေ ရှိနေလို့ လမ်းပြသူတွေက ထူးဆန်းတဲ့အရာတွေ ရှိနေတာကို အာရုံမခံနိုင်ခဲ့တာ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မီးနဂါးဓားကို ကိုင်ထားသော လက်ကို တင်းတင်းဆုပ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

"ပန်းတွေလည်း ပါသေးတယ်... မြို့ရိုးအပြင်ဘက်က အိမ်စောင့် အရောင်ခုနစ်မျိုးပန်းတွေလေ... အဲဒါတွေက အသက်ရှင်နေတဲ့ လူတွေရဲ့ အငွေ့အသက်ကို ဖုံးကွယ်ပေးနေတာ မဟုတ်ဘူး... ထူးဆန်းတဲ့အရာတွေရဲ့ အငွေ့အသက်ကို ဖုံးကွယ်ထားတာ"

"အဲဒါတွေသာ မရှိဘူးဆိုရင် လမ်းပြသူတွေ အာရုံမခံမိစရာ အကြောင်းကို မရှိဘူး"

"အိုအေစစ်မြို့တော်က ထောင်ချောက်တစ်ခုပဲ"

စကားအဆုံးတွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ အနည်းငယ် အံကြိတ်ထားမိလျက်သား ဖြစ်နေပြီ ဖြစ်သည်။

"ဒါတင်မကသေးဘူး... လမ်းပြသူတွေရဲ့ လျှို့ဝှက်အကာအကွယ်လည်း ပါသေးတယ်"

"အလွှာသုံးထပ် အကာအကွယ်က လူတွေကို ကာကွယ်ပေးနေသယောင် ထင်ရပေမဲ့... တကယ်တော့... အဲဒါက"

နောက်ဆုံး စကားလုံးများကိုမူ ခေါင်းဆောင်ချူက နှုတ်မှ ဆက်မပြောတော့ပေ။

မည်သို့ပင်ဖြစ်စေ ထိုအရာက အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းနေသည် မဟုတ်ပါလော။

ရိုးရှင်းသော ထူးဆန်းသည့် အငွေ့အသက်လေး ပေါ်ထွက်လာမှုကပင် လူတိုင်းကို အများကြီး တွေးတောသွားစေခဲ့သည်။

အစပိုင်းက အိုအေစစ်မြို့တော်တွင် လမ်းစဉ်ဆေးထိုးအပ်များ ရှိသည်ဆိုသော သတင်းများ ပျံ့နှံ့လာခဲ့ပြီး လူတိုင်းကို လာရောက်ရန် ဆွဲဆောင်ခဲ့သည်။

အိမ်စောင့် အရောင်ခုနစ်မျိုးပန်း၊ ကိုယ်ရောင်ဖျောက် အင်း၊ လျှို့ဝှက်အကာအကွယ်များကို အသုံးပြု၍ ထူးဆန်းသောအရာများ၏ အငွေ့အသက်ကို ဖုံးကွယ်ထားကာ လမ်းပြသူများကို ထူးဆန်းသောအရာများ ရှိနေကြောင်း မသိရှိစေရန် ပြုလုပ်ထားခဲ့သည်။

ဆက်ရန်...

All Chapters