← Chapters

အခန်း ၃၅၅

Vol. 18 Ch. 355

အခန်း ၃၅၅

Vol. 18 Ch. 355

အပိုင်း(၃၅၅) လူရမ်းကား

ကျည်ဆန်များ သေနတ်ပြောင်းဝမှ ပစ်ထွက်သွားသည့် တစ်ခဏမှာပင်။

လူတိုင်း သဘောပေါက်သွားကြသည်။

၎င်းက သာမန်သေနတ်တစ်လက် မဟုတ်ဘဲ သဘာဝလွန်ပစ္စည်း တစ်ခု ဖြစ်နေသည်။

ခြင်ဆီစား မျက်လုံးခြောက်လုံး၏ မူလ နံပါတ်စဉ်မှာ (၆၂၂၅) ဖြစ်သည်။ ပေါက်ကွဲကြယ်ပွင့်ပင် အဆင့်ကျသွားသေးရာ ခြင်ဆီစား မျက်လုံးခြောက်လုံးသည်လည်း သဘာဝကျကျပင် ပို၍ အဆင့်ကျသွားခဲ့ပြီ ဖြစ်သည်။

အဆင့်မြင့် ထူးဆန်းသည့်အရာများ သို့မဟုတ် အစွမ်းပိုင်ရှင်များကို ရင်ဆိုင်ရာတွင်မူ အနည်းငယ် အားနည်းကောင်း အားနည်းနိုင်ပေမည်။

သို့သော် သာမန် ယာဉ်များကို ရင်ဆိုင်ရန်ကတော့ ပြဿနာ မရှိလှပေ။

ယခုတစ်ကြိမ် စည်းဝါးလွတ် ကားပြိုင်ပွဲတွင် ပါဝင်လာကြသည့် သဘာဝလွန်ပစ္စည်းများ မနည်းလှသော်လည်း ယာဉ်အမျိုးအစား သဘာဝလွန်ပစ္စည်းများကမူ များများစားစား မရှိကြချေ။

ခြင်ဆီစား မျက်လုံးခြောက်လုံး၏ ကျည်ဆန်မိုးများက ရူးသွပ်စွာ ပစ်ခတ်သွားသည်။

ရှုလီနာက အလန့်တကြားဖြင့် စတီယာရင်ကို အလျင်အမြန် ကွေ့ရှောင်လိုက်သည်။

မိစ္ဆာပစ်ကပ်ကားကြီး ဘယ်ညာ ယိမ်းယိုင်သွားစဉ် ဘီးတာယာ ကြားဟနေသော နေရာမှ ရေဘဝဲလက်တံတစ်ခု ပစ်ထွက်လာပြီး ဘေးနားရှိ အိမ်စီးကားလေး တစ်စီးကို ချိန်ရွယ်ကာ ဖွဖွလေး ထောက်လိုက်ရာ ကားကိုယ်ထည်မှာ ငြိမ်ကျသွားတော့သည်။

သို့သော် ထိုအိမ်စီးကားလေးကမူ လက်တံ၏ တွန်းကန်မှုကြောင့် ဘေးဘက်ရှိ လမ်းဘေးကာရံတန်းကို တိုက်ရိုက် သွားစောင့်မိလေသည်။

ယာဉ်မောင်းခန်းထဲမှ လူမှာ ခေါင်းရော မျက်နှာပါ သွေးများဖြင့် ဖုံးလွှမ်းသွားသည်။

ထိခိုက်သေဆုံးမှုများ စတင်လာခဲ့ချေပြီ။

ဤပြိုင်ကွင်းပေါ်သို့ ရောက်ရှိလာမှတော့။

ပထမဆုအတွက် ဆုလာဘ်က တစ်ခုတည်းသာ ရှိသည်။

ချန်းရီက သဘာဝကျကျပင် လက်ညှာနေမည် မဟုတ်ပေ။

ခြင်ဆီစား မျက်လုံးခြောက်လုံး၏ ကျည်ဆန်မိုးများက ဆက်လက် ရွာသွန်းနေဆဲပင်။

အစွမ်းပိုင်ရှင် တစ်ယောက်က ဒေါသတကြီးဖြင့် လက်တစ်ဖက်ကို မြှောက်လိုက်ရာ သူ၏ရှေ့တွင် အိုးအဖုံးတစ်ခု မတ်တတ်ရပ်လာသည်။ ထိုအိုးအဖုံးကြီးက အလျင်အမြန် ကြီးထွားလာပြီး ကားကိုယ်ထည် တစ်ခုလုံးကို တိုက်ရိုက် ကာကွယ်ပေးလိုက်သည်။

အခြား ကားတစ်စီး၏ လေကာမှန်မှာမူ ခြင်ဆီစား မျက်လုံးခြောက်လုံး၏ ပစ်ခတ်မှုကြောင့် ပေါက်ကွဲထွက်သွားလေသည်။

လွင့်စဉ်လာသော မှန်ကွဲစများက ကားမောင်းနေသည့် သာမန်လူ၏ ပါးပြင်ကို ရှရာထင်သွားစေပြီး သွေးများ ပန်းထွက်လာသည်။

သာမန်လူမှာ တစ်ကိုယ်လုံး သေမင်းကို ကြောက်ရွံ့ခြင်းများ လွှမ်းမိုးသွားသော်လည်း စတီယာရင်ကို အသေအလဲ ဆုပ်ကိုင်ထားဆဲ ဖြစ်ပြီး မျက်လုံးများက သံမှိုတစ်ချောင်းနှယ် ရှေ့မှလမ်းကို စူးစိုက်ကြည့်နေသည်။

ဘေးနားရှိ ဆံပင်တိုတိုနှင့် မိန်းမတစ်ယောက်က ဒေါသတကြီးဖြင့် လက်မြှောက်လိုက်ရာ ရေခဲများဖြင့် ဖွဲ့စည်းထားသော လေကာမှန် အသစ်တစ်ခု ထွက်ပေါ်လာသည်။

ထယ်ရှီးက ထိုမြင်ကွင်းကို မြင်သောအခါ ဟားတိုက် ရယ်မောလိုက်ပြီး ခြင်ဆီစား မျက်လုံးခြောက်လုံးကို တိုက်ရိုက် ပြန်သိမ်းလိုက်သည်။

ဆံပင်တိုတိုနှင့် အမျိုးသမီး၏ အရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ကားခေါင်မိုးပေါ်တွင် ရေခဲတံတား တစ်စင်း စတင် ဖွဲ့တည်လာသည်။

ဆံပင်တိုတိုနှင့် ကောင်မလေးက ရေခဲတံတားပေါ်တွင် ရပ်နေကာ တစ်ကိုယ်လုံးမှ အအေးဓာတ်များ ဖြာထွက်နေပြီး ထယ်ရှီးကို တိုက်ခိုက်ရန် ရည်ရွယ်ထားပုံရသည်။

သူမ၏ ကိုယ်အနီးတစ်ဝိုက်တွင် ရေခဲချွန် အမြောက်အမြား ဖွဲ့တည်လာသည်။

သို့သော် ဆံပင်တိုကောင်မလေးက ရေခဲချွန်များကို ပစ်လွှတ်ရန် ပြင်ဆင်နေချိန်မှာပင်။

ဘေးနားရှိ ကားတစ်စီးက အနည်းငယ် ပုံမှန်မဟုတ်ကြောင်းကို ရုတ်တရက် ခံစားလိုက်ရသည်။

ဆံပင်တိုကောင်မလေးက လက်မြှောက်လိုက်သည်နှင့် ရေခဲချွန်များက လမ်းကြောင်းပြောင်းသွားကာ ဘေးနားရှိ ထိုကားဆီသို့ တိုက်ရိုက် ထိုးစိုက်သွားတော့သည်။

ဘေးနားရှိကားမှာ အလွန် သာမန်ဆန်လှသော အဝါရောင် အငှားယာဉ်တစ်စီးမျှသာ ဖြစ်သည်။

သို့သော် ထိုကား၏ အမြန်နှုန်းကမူ အလွန် မြန်ဆန်လှသည်။

ကားထဲတွင် ဆံပင်အဝါရောင် ဆိုးထားသော လူငယ်တစ်ယောက် ထိုင်နေပြီး ထိုလူငယ်က ဆံပင်တိုကောင်မလေးကို ကြည့်ကာ မကောင်းဆိုးဝါးဆန်ဆန် ပြုံးပြလိုက်သည်။

ရေခဲချွန်က ကားမောင်းနေသော ကောင်မလေးတစ်ယောက်ကို တိုက်ရိုက် ဖောက်ထွင်းသွားလေသည်။

ကားမောင်းနေသော ကောင်မလေးမှာ စူးစူးဝါးဝါး အော်ဟစ်သွားသည်။

အဝါရောင်ဆံပင်နှင့် လူငယ်က အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ လက်မြှောက်ကာ မည်းနက်နေသော ဆေးလုံးလေး တစ်လုံးကို ပစ်ပေါက်လိုက်သည်။

ဆံပင်တိုကောင်မလေး၏ မျက်နှာက အေးစက်သွားပြီး ထိုဆေးလုံးလေးကို ရေခဲတုံးအဖြစ် အေးခဲပစ်ရန် ကြံရွယ်လိုက်သော်လည်း ဆေးလုံးလေးက လေထဲတွင်ပင် ပေါက်ကွဲသွားတော့သည်။

အစိမ်းရောင် ဓာတ်ငွေ့များက ချက်ချင်း ပျံ့နှံ့သွားလေသည်။

ချန်းရီ၊ ထယ်ရှီးနှင့် စွန်းချန်းချန်းတို့ အစောပိုင်းက ဟန်ဆောင် သရုပ်ပြခဲ့ကြခြင်းမှာ ယမ်းအိုး၏ စနက်ကြိုးကို မီးညှိပေးလိုက်ခြင်းမျှသာ ဖြစ်သည်။

စတင်သည့် သေနတ်သံ ထွက်ပေါ်လာပြီးနောက်ပိုင်း။

လူအများကြားရှိ ဆက်ဆံရေးက အလွန် သိမ်မွေ့ ရှုပ်ထွေးလာခဲ့သည်။

လူတိုင်းက သိမ်မွေ့သော မျှခြေတစ်ခုကို ထိန်းသိမ်းထားကြပြီး မည်သူကမျှ ပထမဆုံး စတင် ပစ်ခတ်သူ မဖြစ်ချင်ကြပုံရသည်။

အစောပိုင်း အစည်းအဝေး လုပ်စဉ်ကတည်းက ချန်းရီ၊ ထယ်ရှီး၊ စွန်းချန်းချန်းနှင့် တင်းတုံတို့၏ ဆက်ဆံရေးကို ခွဲခြားထားရန် တိုင်ပင်ထားခဲ့ကြသည်။

ခုနက ဇာတ်ကွက်လေးက လူတိုင်းကို ချန်းရီနှင့် ဤသုံးယောက်တို့ မတည့်ကြဟု ထင်မှတ်သွားစေခဲ့သည့် တစ်ချိန်တည်းမှာပင်။

သိမ်မွေ့နေသော မျှခြေကိုလည်း ချိုးဖျက်လိုက်သလို ဖြစ်သွားခဲ့သည်။

အကယ်၍ တရားဝင် ကားပြိုင်ပွဲသာဆိုပါက ရွှီလင်းဟောင်လောက် မြန်မည့်သူ မရှိနိုင်ဟု ခန့်မှန်းရသည်။

ဤလူ၏ လမ်းစဉ်က အားကစား ပြိုင်ပွဲများအတွက် သီးသန့် မွေးဖွားလာသကဲ့သို့ပင်။

ယခုအချိန်အထိ ဤလူက အခြားသူများကို အနည်းဆုံး ပေ ၃၀ ခန့် အပြတ်အသတ် ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။

ချန်းရီ၏ သေနတ်သံကပင်လျှင်။

ဤနေရာသည် တကယ့် ကားပြိုင်ရန် လာရသည့်နေရာ မဟုတ်ကြောင်းကို လူတိုင်းအား သတိရသွားစေခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က အိုအေစစ် မြို့တော်၏ ဆူပူအုံကြွမှုများတွင် လူအတော်များများ ရန်ငြိုးဖွဲ့ခဲ့ကြသည်။

ထိုသို့ဖြစ်နေမှတော့ ယခုလိုအချိန်မှာ ဖြေရှင်းလိုက်ကြလျှင် မကောင်းဘူးလား။

"စပြီ... စပြီဟေ့"

"ချန်ရုံကုရဲ့ သေနတ်သံကမှ ဒီစည်းဝါးလွတ် ကားပြိုင်ပွဲရဲ့ အစစ်အမှန် စတင်တဲ့ သေနတ်သံပဲ"

"သွေးသား တိုက်တန် လမ်းစဉ် ထယ်ရှီးရဲ့ သေနတ်က သေချာပေါက် သဘာဝလွန်ပစ္စည်းပဲ... မဟုတ်ရင် ဒီလို အကျိုးဆက်မျိုး ဖြစ်လာစရာ အကြောင်းမရှိဘူး"

"ဟိုတစ်ယောက်က အပူချိန်လျှော့ချနိုင်တဲ့ အစွမ်းပိုင်ရှင် ထင်တယ်... ဘုရားရေ"

"ဆရာဝန်... ထိခိုက်သေဆုံးသူတွေ ရှိနေပြီ"

"မြန်မြန်... လူတွေကို ကယ်ကြ"

စစ်မြေပြင်ဆန်ဆန် သွေးစွန်းနေမှုများက ပရိသတ်များကို ကြောက်ရွံ့သွားစေခြင်း မရှိဘဲ ထိုသူများ၏ သွေးဆာမှုကိုပင် ပိုမို နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်နေသည်။

ဟစ်အော်သံများက ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားသည်။

လူအတော်များများမှာ မျက်နှာများ နီရဲလာကြပြီး ပြိုင်ကွင်းနှင့် ပိုမို နီးကပ်စွာ မြင်ရစေရန် ခန္ဓာကိုယ်များကို ရှေ့သို့ ကိုင်းညွတ်ထားကြသည်။

စိတ်အားထက်သန်စွာဖြင့် အော်ဟစ်နေသော အစီအစဉ်တင်ဆက်သူ၏ အသံပင်လျှင် ဖုံးလွှမ်းခံရမတတ် ဖြစ်သွားလေသည်။

နောက်ကြည့်မှန်ထဲမှတစ်ဆင့်။

လူဝလေးကလည်း ငြိမ်ငြိမ်မထိုင်နိုင်တော့ကြောင်း ချန်းရီ မြင်လိုက်ရသည်။

ထိုနန်းတော်ကဲ့သို့ ယာဉ်ကြီးဆီမှ ဟိန်းထွက်နေသော အသံကြီးများ ထွက်ပေါ်လာပြီး အိမ်စီးကားလေးတစ်စီး၏ အမိုးပေါ်မှ တိုက်ရိုက် နင်းကြိတ် ကျော်ဖြတ်သွားသည်။

ကံကောင်းစွာဖြင့် အိမ်စီးကားလေးက လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး စတီယာရင်ကို အပြင်းအထန် ကွေ့ချလိုက်သဖြင့် နင်းကြိတ်ခံရပြီး အသားပြားလေးသဖွယ် ဖြစ်သွားမည့် အဖြစ်ဆိုးမှ ရှောင်လွှဲနိုင်ခဲ့သည်။

သို့သော် ဘေးနားရှိကားကို ဝင်တိုက်မိသွားသဖြင့် ထိုကားမှာ လမ်းကြောင်းမှ သွေဖည်သွားတော့သည်။

ထိုကားမှာ ပျက်စီးတော့မည့်ဆဲဆဲတွင် လူတစ်ယောက်က ထွက်လာပြီး ကားကိုယ်ထည်ကို ဖွဖွလေး ထောက်လိုက်သည်ကို မြင်လိုက်ရသည်။

ကားမှာ ချက်ချင်းပင် လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိသွားသည်။

ထိုလူက အရှိန်ပြင်းပြင်း မောင်းနှင်နေသော ကားခေါင်မိုးပေါ်တွင် ရပ်ကာ ဘေးနားရှိလူကို ဒေါသတကြီး ဆဲဆိုနေသည်ကိုလည်း ချန်းရီ မြင်လိုက်ရသေးသည်။

လူဝလေး၏ ယာဉ်ကြီးကမူ မည်သည်ကိုမျှ ဂရုမစိုက်ဘဲ ရမ်းကားစွာ ဝင်တိုက်နေလေသည်။

ကားအမျိုးအစားချင်း ယှဉ်မည်ဆိုပါက ဤယာဉ်ကြီးကသာ ယခုပြိုင်ပွဲ၏ အရှင်သခင် အစစ်အမှန် ဖြစ်ပေမည်။

အစောပိုင်းက ချန်းရီ သူ့ကို ထိုးကြိတ်ခဲ့ဖူးသည့် အကြောင်းရင်းကြောင့်များလားတော့ မသိပေ။

ဤယာဉ်ကြီးက ချန်းရီရှိရာသို့ တိုက်ရိုက် ဦးတည်လာခဲ့သည်။

"အရှိန်တင်လိုက်"

ချန်းရီက ချက်ချင်း အမိန့်ပေးလိုက်သည်။

ဤအချိန်တွင် ရှုလီနာမှာ ခေါင်းရော မျက်နှာပါ ချွေးများ ရွှဲနစ်နေပြီ ဖြစ်ပြီး အပေါ်ပိုင်းရှိ တီရှပ်မှာလည်း ချွေးများဖြင့် ကြီးမားသော ဧရိယာတစ်ခုစာ စိုရွှဲနေပြီ ဖြစ်သည်။

ချန်းရီ၏ အမိန့်ကို ကြားသည်နှင့် လီဗာကို တအား ဖိနင်းလိုက်လေသည်။

ရှေ့ရှိကားတစ်စီးကို တိုက်ရိုက် ဝင်တိုက်ကာ မှောက်လန်သွားစေသည်။

ထိုအချိန်မှာပင်။

အနက်ရောင် လျှပ်စီးတန်းတစ်ခုက အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။

ထိုသူမှာ ပန့်ခ်စတိုင်နှင့် ပုန်ကန်တတ်သော လူငယ်လေး ဖြစ်သည်။

ဤကောင်က ဘာတွေ မှားယွင်းနေသလဲတော့ မသိပေ။

အခြားသူများအားလုံးက ရူးသွပ်စွာဖြင့် ရှေ့သို့ အပြေးအလွှား သွားနေကြသည်။

သို့သော် ဤကောင်ကတော့ အစောပိုင်းက ချန်းရီ လုပ်ပြခဲ့သည့် လည်လှီးမည့် ဟန်အမူအရာကို မှတ်မိနေဆဲ ဖြစ်သည်။

ကြက်မောက်သီး ကေနှင့် လူငယ်လေးက ချန်းရီကို ကြည့်ကာ မကောင်းဆိုးဝါးဆန်သည်ဟု သူထင်မှတ်ထားသော အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီး ခါးနောက်မှ ရှည်လျားသော ဖရဲသီးခွဲဓား တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

မော်တော်ဆိုင်ကယ်က လျင်မြန်စွာ နီးကပ်လာပြီး ဖရဲသီးခွဲဓားကို မြင့်မားစွာ မြှောက်ကိုင်ထားသည်။

သွေးဆူနေသော လူငယ်တစ်ယောက်၏ အတွေးကို သင် ဘယ်တော့မှ နားလည်နိုင်မည် မဟုတ်ပေ။

ဤကောင်က အဘယ်ကြောင့် သူ့ကိုမှ ပစ်မှတ်ထားနေရသနည်း ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်ရသည်။

အစပိုင်းတုန်းက သူနှင့် အကြည့်ချင်း ဆုံမိသွားခဲ့၍သာ ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။

သို့မဟုတ်ပါကလည်း မကြာသေးမီကမှ အစွမ်းပိုင်ရှင် ဖြစ်လာသူများအနေဖြင့် အနည်းငယ် ဘဝင်မြင့်သွားတတ်ကြ၍လည်း ဖြစ်နိုင်သည်။

သဘာဝလွန်ပစ္စည်းများနှင့် အချိန်ကြာမြင့်စွာ ထိတွေ့လာခဲ့ရသောကြောင့် သဘာဝလွန်ပစ္စည်းများ၏ ဝိသေသလက္ခဏာ အချို့ကို ချန်းရီ ကောင်းကောင်း နားလည်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။

ထိုဖရဲသီးခွဲဓားမှာ မည်သည့် သဘာဝလွန်ပစ္စည်းမှ မဟုတ်ကြောင်းကို ချန်းရီ တစ်ချက်ကြည့်ရုံဖြင့် အကြမ်းဖျင်း သိမြင်နိုင်ပေသည်။

ဤအရာက သာမန်လူများကို ခြောက်လှန့်ရန်အတွက်တော့ အဆင်ပြေပေမည်။

သို့သော် အစွမ်းပိုင်ရှင်များကို ရင်ဆိုင်ရာတွင်မူ။

ဤလူ ဦးနှောက်များ မကောင်းတာလား။

သူ၏ အတွေးများကို ချန်းရီ နားမလည်နိုင်တော့ချေ။

နီးကပ်လာနေသော ကြက်မောက်သီး ကေနှင့် လူငယ်လေးကို ရှုလီနာက စိုးရိမ်တကြီး ကြည့်နေမိသည်။ လူငယ်လေး၏ မျက်နှာပေါ်ရှိ နှာခေါင်းကွင်းနှင့် နားကွင်းများကို သူမ ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ထို့အပြင် လူငယ်လေးက သူမကို ဂုဏ်ယူဝင့်ကြွားစွာ ပြုံးပြနေသည်ကိုပင် မြင်လိုက်ရသေးသည်။

"တိုက်ချလိုက်"

ချန်းရီက အစွမ်းများကို ဖြုန်းတီးရန် ပျင်းရိနေသဖြင့် ရှုလီနာကိုသာ တိုက်ရိုက် ဝင်တိုက်ခိုင်းလိုက်သည်။

ရှုလီနာက စတီယာရင်ကို အနည်းငယ် ကွေ့ချလိုက်သည်။

မိစ္ဆာပစ်ကပ်ကားကြီးက ကားနောက်မြီးကို ဝှေ့ယမ်းကာ ကြက်မောက်သီးကေ၏ မော်တော်ဆိုင်ကယ်ကို ယိမ်းထိုးသွားသည်အထိ တိုက်ရိုက် ဝင်တိုက်လိုက်သည်။

လူငယ်လေးမှာ မော်တော်ဆိုင်ကယ်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး အစပိုင်းတွင် လက်ယက်ခြေယက် ဖြစ်သွားသော်လည်း အံ့ဩဖွယ်ကောင်းလောက်အောင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

ချန်းရီလည်း အနည်းငယ် အံ့အားသင့်သွားရသည်။ ခုနက လူငယ်လေး၏ ထိန်းချုပ်မှု စွမ်းရည်မှာ အတော်လေး အံ့မခန်း ဖြစ်နေသည်။

ဤကောင်တွင်လည်း မောင်းနှင်မှု စွမ်းရည် အပိုဆုများများ ရှိနေသလား။

"ခွေးမသား... မင်း စောင့်နေလိုက်... ဒီနေ့ မင်းတော့ သေဖို့သာ ပြင်ထား"

ဤကောင်က သန်းခေါင်ယံအချိန်တွင် ရောင်စုံ မီးရောင်များ တပ်ဆင်ထားသည့် ဆိုင်ကယ်များကို စီးကာ လမ်းမများပေါ်တွင် လျှောက်သွားနေတတ်သည့် လူမျိုးနှင့် တကယ်ကို တူနေသည်။

မော်တော်ဆိုင်ကယ်က ထပ်မံ နီးကပ်လာပြီး လက်ထဲမှ ဖရဲသီးခွဲဓားကို မြင့်မားစွာ မြှောက်ကိုင်ထားကာ မိစ္ဆာပစ်ကပ်ကားကြီး၏ အမိုးကို ခုတ်ချရန် ရည်ရွယ်ထားပုံရသည်။

ချန်းရီက ခေါင်းထွက်လာပြီး လူငယ်လေးကို လက်ခလယ် ထောင်ပြလိုက်သည်။

လူငယ်လေးမှာ ဒေါသထွက်သွားပြီး မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။

ထို့နောက် ဤကောင်၏ တစ်ကိုယ်လုံးမှ အမည်းရောင် အငွေ့များ စတင် ထွက်ပေါ်လာသည်ကို ချန်းရီ မြင်လိုက်ရသည်။

မော်တော်ဆိုင်ကယ်မှပင် အမည်းရောင် အငွေ့များ စတင် ထွက်ပေါ်လာသည်။

"အား... တောက်"

"အမှောင်ထု နတ်ဘုရား... ကျွန်တော့်ကို ခွန်အားတွေ ပေးသနားတော်မူပါ"

ဤစကားကို အော်ဟစ်လိုက်ချိန်တွင် ထိုအလွန်အမင်း စိတ်ကူးယဉ်ဆန်လွန်းသော အငွေ့အသက်ကြောင့် ချန်းရီမှာ အန်ချင်စိတ်ပင် ပေါက်သွားရသည်။

သူတစ်ပါးကိုယ်စား ရှက်လွန်းလှသဖြင့် ခြေချောင်းများပင် ကွေးကောက်သွားရလောက်အောင် ဖြစ်သွားသည်။

တကယ်ပဲ... ဤကောင်က ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးကို ပါးစပ်ကနေ အော်ဟစ်ရဲရတာလဲ။

သို့သော် ကြက်မောက်သီးကေနှင့် လူငယ်လေးကမူ ပြောမပြတတ်အောင် ကောင်းမွန်သော ခံစားချက်ကို ရရှိနေသည်။

ယခုအချိန်တွင် သူသည် စိတ်လှုပ်ရှားဖွယ် ကာတွန်းကားများထဲမှ ဇာတ်လိုက်မင်းသား တစ်ယောက်ကဲ့သို့ အခြားသူများ၏ အနိုင်ကျင့်စော်ကားမှုကို ခံရပြီးနောက် ပေါက်ကွဲထွက်လာကာ ကြီးမားလှသော ခွန်အားများကို ရရှိသွားသကဲ့သို့ ခံစားနေရသည်။

ထို့နောက် ရှေ့မှ ရွံရှာဖွယ်ကောင်းသော လူကြမ်းကောင်၏ ခေါင်းကို ရက်ရက်စက်စက် ရိုက်နှက်ပစ်မည်။

အခွင့်အရေးရခိုက် ခန္ဓာကိုယ် ကောက်ကြောင်း အလွန်လှပသော ထိုအမျိုးသမီးချောလေး၏ နှလုံးသားကိုပါ သိမ်းပိုက်လိုက်မည်။

လူငယ်လေးမှာ သူ၏ တစ်ကိုယ်လုံးတွင် ခွန်အားများ ပြည့်ဝနေသည်ဟု ခံစားနေရသည်။

သို့သော် ထိုအချိန်မှာပင် လူငယ်လေး၏ လက်က ထိန်းချုပ်မရဘဲ အနည်းငယ် ယိမ်းယိုင်သွားခဲ့သည်။

ဤယိမ်းယိုင်သွားမှုလေးကပင် မော်တော်ဆိုင်ကယ် တစ်စီးလုံးကို ထိန်းချုပ်မရ ဖြစ်သွားစေခဲ့ပြီး ဘေးဘက်သို့ လွင့်စင်ထွက်သွားတော့သည်။

တိုက်ပွဲမစခင်မှာပင် ကျဆုံးသွားရခြင်း။

ဤသည်က ထိုကဲ့သို့သော အခြေအနေမျိုးကို ဆိုလိုခြင်း ဖြစ်ပေမည်။

"အား"

"ချန်ရုံကု... မင်း ငါ့ကို စောင့်နေလိုက်... ငါတို့ အကြွေး မကျေသေးဘူးနော်"

လူအုပ်ကြားထဲမှာ မင်းကို တစ်ချက်လေး ပိုကြည့်မိသွားရုံနဲ့ကို တောက်လျှောက်ကို ပြဿနာ လာရှာနေတော့တာပဲ။

ချန်းရီက ခေါင်းခါယမ်းလိုက်သည်။ ဤကောင်စုတ်လေးက တကယ်ကို ပညာပေးဖို့ လိုနေတာပဲ။

ခုနက သွေးမျက်လုံး၏ စွမ်းအားကို အသုံးပြုခဲ့သည်။

တကယ်ကို အသုံးပြုရ ကောင်းမွန်သည့် ခံစားချက်ပင်။

"ငါ... ငါ၏ အမည်နာမဖြင့်"

စကားထစ်နေသော အသံတစ်ခုက နားထဲတွင် ထွက်ပေါ်လာလေသည်။

ဆက်ရန်...

All Chapters