← Chapters

အခန်း ၁၅၀၁

Vol. 101 Ch. 1501

အခန်း ၁၅၀၁

Vol. 101 Ch. 1501

အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၀၁)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၅၀၁) တားမြစ်အမွေဆက်ခံခြင်း။

လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ စကားများသည် ချင်ယွင်အား နတ်ဘုရား ကမ္ဘာအကြောင်းကို နားလည်သဘောပေါက်စေကာ သူတို့၏ ဆရာနှင့် တပည့်ကြားက ခံစားချက်ကို မြှင့်တင်ပေးခဲ့သည်။

ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ပြောသည် “ချင်ယွင်၊ မင်းနဲ့ အတူပါလာတဲ့ လူအနည်းငယ်တော့ ဒုက္ခရောက်နေပုံရတယ်။ အစောပိုင်းက လူတစ်စုက ရောက်ရှိလာပြီး၊ သူတို့ကို ဒီပျောက်ကွယ်နေသော နတ်ဘုရားကမ္ဘာထဲကနေ ခေါ်ထုတ် သွားခဲ့တယ်။ ငါက အခုမှ, မင်းအတွက် တားမြစ်အမွေနှစ်ကို ပေးပြီးသွားတာ။ စွမ်းအင်သုံးစွဲမှုက အလွန်ကြီးမားတဲ့အတွက် ဒီအစီအရင်ဝင်္ကပါကြီးက သူတို့ကို လုံးဝ မတားဆီးနိုင်ခဲ့ဘူး။ ဒါပေမယ့်, မင်း စိတ်မပူပါနဲ့။ သူတို့အသက်က အခုအချိန်မှာ အန္တရာယ် မရှိသေးပါဘူး။ သူတို့က မင်းရဲ့ ကျင့်ကြံနေမှုကို ခြိမ်းခြောက်ဖို့ သူတို့ကို အသုံးချချင်နေကြ တာ ထင်ရှားတယ်။"

ချင်ယွင်သည် ထိုစကားကို ကြားတော့ သူ့ရင်ထဲမှာ သတ်ဖြတ်ချင်စိတ်က ချက်ချင်း ဆိုသလို ပေါက်ကွဲထွက်လာခဲ့ပါသည်။

"ဟမ့်၊ သူတို့အနေနဲ့ သူတို့ရဲ့ဆံပင်တစ်ချောင်းကို ထိခိုက်အောင် လုပ်ရဲရင်အောင် သူတို့ ဒီလောကကြီးထဲ ရောက်လာတာ နောင်တရသွားလိမ့်မယ်" ချင်ယွင်၏ မျက်လုံးတွေက အနှိုင်းမဲ့ အေးစက်သွားခဲ့သည်။

ချင်ယွင်သည် စကားပြီးဆုံးနောက်, လှည့်ကြည့်ပြီး လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားကို ချက်ခြင်း ကြည့်လိုက်သည်။ ချင်ယွင် ဆိုလိုသည့်သဘောကို ချက်ချင်း နားလည်ပြီး လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား ပြုံးပြီး ပြောသည် "သွားလိုက်ပါ၊ ငါ့အတွက် စိတ်မပူပါနဲ့။ တကယ်လို့ မင်း အရမ်းနောက်ကျသွားရင်, သူတို့ အန္တရာယ်ကြုံတွေ့နိုင်တယ်။"

"ဒါဆိုလည်း ဆရာကြီး၊ ဒီတပည့်က အရင် ထွက်သွားပါတော့မယ်။" ချင်ယွင်က ခေါင်းညိတ်ပြပြီး၊ ချီတုံချတုံဖြစ်နေသည့် ဝန်လေးဖွယ် စကားလုံးများကို မျိုချလိုက်ရပါ သည်။ ထို့နောက် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကမ္ဘာငယ်လေး၏ ဝင်ပေါက်ဆီသို့ ပျံသန်းသွားခဲ့သည်။

သေချာသည်မှာ, ချင်ယွင် မထွက်ခွာမှာ ခွေးဝါကြီးအတွက် မီးလျှံချီလင်၏ နတ်ဆိုး အမြုတေကို နတ်ဘုရားပုန်းကွယ်ခြင်းကမ္ဘာ လက်စွပ်ထဲသို့ ထည့်ယူခဲ့ရန် မမေ့ခဲ့ပါ။

ချင်ယွင်သည် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းမှ ထွက်ခွာပြီးချိန်မှာပင် တုန်ခါသံ တစ်ချက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လွင့်မျောနေသည့် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး၊ ပျောက်ကွယ်နေသော နတ်ဘုရား ကျွန်းပတ်ဝန်းကျင်ရှိ ခင်းကျင်းထားသော အစီအရင်ဝင်္ကပါများသည် လုံးဝ လွင့်ပျယ်သွားခဲ့ ပါသည်။

ချင်ယွင်သည် ထိုမြင်ကွင်းကို ပြန်လှည့်ကြည့်လိုက်မိသည်။ သူ့မျက်လုံးများက အနည်းငယ် နီရဲနေပြီး၊ သူသည် ပြိုကျနေသည့် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းဆီသို့ လေးလေးနက်နက် ဉီးညွှတ်လိုက်မိသည်။

ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းကြီး ပြိုကျသွားသည့် အဓိပ္ပာယ်က လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ စိတ်ဝိညာဉ်အမှတ်သားသည် လုံးဝ လွင့်ပျယ်သွား ပြီဟု ဆိုလိုပါသည်။ အကယ်၍, လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် အမှန်တကယ် သေဆုံးသွားခဲ့ပြီဆိုလျှင်, ဤအရာက ချင်ယွင်အတွက် လျှို့ဝှက်ဆန်းကြယ် သော ဘိုးဘေးနတ်ဘုရားကို နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ခြင်း ဖြစ်ပေလိမ့်မည်။

တစ်ရက်တာဆရာဖြစ်ခြင်းသည် ဘဝတစ်သက်သာလုံး ဖခင်ဖြစ်ခြင်းပင်တည်း။

ဤအရာအားလုံးကို လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ချင်ယွင်အား သင်ကြားပေးခဲ့သည်။ ချင်ယွင်အပေါ်ထားသည့် ကြီးမားသော ကရုဏာတရားကြောင့် ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားအား သူ့စိတ်နှလုံး အောက်ခြေမှ လေးစားခဲ့ပါသည်။

"ဆရာ၊ စိတ်မပူပါနဲ့၊ တကယ်လို့, ဆရာမသေသေးဘူးဆိုရင် ဒီတပည့်က ဆရာကို သေချာပေါက် တွေ့အောင်ရှာပါ့မယ်။ တကယ်လို့, ဆရာဟာ အမှန်တကယ် ကံဆိုးမှုကြီး တစ်ခုခုကို ကြုံတွေ့ခဲ့ရင်လည်း၊ ဒီတပည့်က လျှို့ဝှက်နတ်ဘုရားဂိုဏ်းကို ဦးဆောင်ပြီး ဆရာရဲ့ ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးပါ့မယ်။" ချင်ယွင်သည် သူ့နှလုံးသားထဲမှာ တိတ်တိတ်လေး ရေရွတ်လိုက်သည်။ ထို့နောက်, သူသည် ပြန်လည့်မလှည့်တော့ဘဲ ကမ္ဘာငယ်လေး၏ ဝင်ပေါက်ဆီသို့ ဆက်လက် ပျံသန်းရင်း သူ့မျက်လုံးတွေက အနှိုင်းမဲ့ ခိုင်မာနေသည်။

…

ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း၏ ကမ္ဘာငယ်လေး၏ အဝင်ဝချိုင့်ဝှမ်းတွင် လူ အနည်းငယ် ရပ်နေပါသည်။ ဤလူများသည် အုပ်စုတစ်ခုတည်း မဟုတ်ပေ။ အတိအကျ ပြောရလျှင် အုပ်စုလေးခု ရှိနေပါသည်။

၎င်းတို့အနက်မှ ကျိုးဟုန်ရွှဲ့၊ ကျိုးလင်၊ ကျိုးယွမ်နှင့် လိပ်နက်တို့သည် ခွေးတစ်ကောင်နှင့် အတူ အလယ်ဗဟိုတွင် ရပ်နေကြသည်။

သူတို့ပတ်ဝန်းကျင်မှာ လူအုပ်စုသုံးခုလောက် ရပ်နေသည်။ အုပ်စုတစ်ခုစီတွင် အနည်းဆုံး လူတစ်ဒါဇင်ခန့် ရှိကြပြီး၊ ၎င်းတို့တစ်ယောက်ချင်းစီတွင် အလွန်မင်း ပြင်းထန်သော အငွေ့အသက်ကိုယ်စီ ရှိနေကြသည်။

ဤလူအုပ်စု သုံးစုသည် မတူညီသော လမ်းကြောင်းသုံးခုတွင် ရပ်နေကာ ချိုင့်ဝှမ်း ဝင်ပေါက်ကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားသည်။ အားလုံးက ကျိုးလင်နှင့် တခြားသူတွေကို စိုက်ကြည့်နေသည်။

လူအုပ်စုသုံးစု၏ ရှေ့တွင် ကျွမ်းကျင်သူတစ်ဦးစီ ရပ်နေကြပြီး၊ အဆိုပါ ကျွမ်းကျင်ပညာရှင် သုံးဦးသည် အနှိုင်းမဲ့ အစွမ်းထက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ကောင်းကင်နတ်ဘုရား တန်ခိုးစွမ်းအား။ ဤကျွမ်းကျင်ပညာရှင်သုံးဦးစလုံးသည် အစောပိုင်းအဆင့် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြပါသည်။

မှန်ပါသည်။ ဤလူအုပ်စုသုံးစုသည် နတ်ဘုရားနန်းတော်ကြီး သုံးခုမှ ဖြစ်ကြပါသည်။ ထိုသုံးဖွဲ့၏ အင်အားက အားမနည်းပါဘူး။ အစွမ်းထက်ဆုံးလူမှာ ကောင်းကင်နတ်ဘုရား နယ်ပယ်၏ အစောပိုင်းအဆင့်ဖြစ်ပြီး အားအနည်းဆုံးမှာ မြေကမ္ဘာနတ်ဘုရား နှောင်းပိုင်း အဆင့်များ ဖြစ်ကြသည်။ ၎င်းတို့အနက်မှ အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ခုတည်းပင် ရှစ်ဦးထက်မနည်း ရှိသည်။

ဤအုပ်စုအမျိုးသည် မည်သည့်နေရာတွင် ရှိစေကာမူ အလွန်မင်း အစွမ်းထက်ပြီး၊ ယနေ့တွင် ၎င်းတို့အုပ်စုသုံးစုသည် တစ်ချိန်တည်း တစ်နေရာတည်းတွင် အမှန်တကယ်ပင် ရောက်ရှိလာခဲ့သည်။

မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ ဦးဆောင်သူသည် အေးစက်စက် မျက်နှာအမူအရာရှိသည့် သက်လတ်ပိုင်းအရွယ် လူတစ်ဦး ဖြစ်သည်။ သူ့နာမည်က ဟန်ကျင်း ဖြစ်သည်။ သူသည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ သွေးမိုးလေဟုန်အဖွဲ့မှ ဆင်းသက်လာသူ ဖြစ်သည်။ သူသည် ကြယ်ပွင့်အဆင့်ရှိသော လုပ်ကြံသတ်ဖြတ်သူတစ်ဦးလည်း ဖြစ်သည်။ သူ့နည်းလမ်းများနှင့် စိတ်နေစိတ်ထား နှစ်ခုစလုံးသည် ကြယ်ပွင့်အဆင့်ရှိ ဝေဖန်းထက် များစွာသာလွန်သည်။

ဟန်ကျင်း၏နောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေသည်။ ဤလူသည် ကောင်းကင်ဘုံထွဋ်မြို့တော်၏ မြို့တော်သခင် တင်းဟွန်ချန်မှလွဲ၍ အခြားသူ မဟုတ်ပေ။

ထိုအချိန်မှာ၊ တင်းဟွန်ချန်သည် သူ့မျက်နှာပေါ်တွင် မှိန်ဖျော့ဖျော့ အပြုံးတစ်ခု ရှိနေသည်။ သူက ကျိုးလင်နှင့် ကျိုးယွမ်တို့ကို စူးစူးစိုက်စိုက် ကြည့်ရင်း၊ သူ့မျက်နှာက အမျက် ဒေါသများနှင့် ပြည့်နှက်နေသည်။

သူ၏ကောင်းကင်ဘုံထွဋ်မြို့တော်နှင့် လွင့်မျောနှင်းမြို့တော်တို့သည် အချင်းချင်း ရန်ငြိုး ရန်စတွေ အမြဲတမ်း ရှိနေခဲ့ပါသည်။ အထူးသဖြင့် ကျိုးလင် ဖြစ်သည်။ သူ့အဖေ သတ်ဖြတ်ခံရပြီးနောက် သူသည် ကျိုးလင်နှင့် တခြားသူတွေကို သတ်ပစ်ချင်နေသည်မှာ ကြာမြင့်လှပါပြီ။ သို့သော် သူသည် ထိုအခွင့်အရေးကို တစ်ခါမှ မရရှိခဲ့ပေ။ အခုတော့ သူသည် နောက်ဆုံးတွင် ထိုအခွင့်အရေးကို စောင့်မျှော်နိုင်ခဲ့ပြီ။

ဟုတ်ပါသည်, သူ သတ်ပစ်ချင်ဆုံးလူက ချင်ယွင် ဖြစ်ပါသည်။ ချင်ယွင်သည် သူ့သား နှစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သူသည် ချင်ယွင်၏ အရေခွံကို ခွာပြီး ချင်ယွင်၏ အသား ကို ဝါးစားပစ်ချင်သည်။ သိပ်မကြာခင်မှာ, သူသည် ကလဲ့စားချေနိုင်တော့မည်။

"ဟမ့်, ချင်ယွင်၊ လွင့်မျောနှင်းမြို့တော်နဲ့ မင်းရဲ့ဆက်ဆံရေးက ဒီလောက်နီးစပ်နေမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒီနေ့ မင်းနဲ့ လွင့်မျောနှင်းမြို့တော်က ဒီမောင်နှစ်အစ်မ နှစ်ယောက် ကို ငါ ဖမ်းဆီးရမယ်။ ဒီချိုင့်ဝှမ်းကတော့ မင်းတို့ရဲ့သင်္ချိုင်းမြေပဲ" တင်းဟွန်ချန်သည် သူ့စိတ်ထဲတွင် အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး သူ့မျက်လုံးများတွင် အကန့်အသတ်မဲ့ သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နေသည်။

မူလကတည်းက သူသည် ချင်ယွင် ဤနေရာသို့ ရောက်ရှိနေသည်ဆိုသည့် သတင်းကို ရရှိခဲ့ပြီး နတ်ဘုရားနန်းတော်၏ ခန်းမဆီကို ချက်ချင်း သတင်းပို့ခဲ့သည်။ သို့သော် လွင့်မျောနှင်းမြို့တော်၏ မောင်နှမများလည်း ဤနေရာတွင် ရှိနေမည်ဟု သူ မမျှော်လင့် ခဲ့ပေ။ ထို့အပြင်၊ သူတို့သည် ချင်ယွင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိနေပုံရသည်။ ဤနည်းအားဖြင့်၊ သူသည် ဤအခွင့်အရေးကို အသုံးပြု၍ ကျိုးမွေးချင်းများကို သတ်ပစ်နိုင်မည်။

"သခင်၊ သူတို့က လွင့်မျောနှင်းမြို့တော်ရဲ့ မြို့တော်သခင်နဲ့ ညီမတို့ပဲ။ ဒီချင်ယွင်က သူတို့နဲ့ ဆက်ဆံရေးကောင်းရှိတယ်။ သူတို့ ဒီမှာရှိနေသရွေ့ ဒီချင်ယွင် ပေါ်လာမှာ သေချာပါ တယ်။" တင်းဟွန်ချန်က မျက်လုံးများကို လှိမ့်ပတ်ကစားရင်း သူ့ရှေ့မှာ ရပ်နေသည့် ဟန်ကျင်းကို ပြောလိုက်သည်။

"ဟမ့်, လွင့်မျောနှင်းမြို့တော်ဆိုတော့ရော ဘာလုပ်ရမှာလဲ။ ချင်ယွင်က လျှို့ဝှက် နတ်ဘုရားဂိုဏ်းရဲ့ အမွေနှစ်ကို တကယ်ရရှိခဲ့ပြီး၊ ငါ သူတို့ကို သတ်ပစ်ရမယ်ဆိုရင်, သူက အဲဒါကိုထုတ်ပေးဖို့ တွန့်ဆုတ်နေမှာ မဟုတ်လောက်ဘူး။" ဟန်ကျင်းသည် အေးစက်စွာ ပြောလိုက်သော်လည်း သူ့မျက်လုံးထဲတွင် အေးစက်နေသည့် အမူအရာများကို ဖုံးကွယ် ထားလိုက်သည်။

အလားတူ မြင်ကွင်းသည် အခြားသော နတ်ဘုရားနန်းတော်ကြီးနှစ်ခု၏ ခန်းမနှစ်ခုဘက် မှာလည်း ဖြစ်ပျက်နေခဲ့သည်။ သူတို့အားလုံးသည် ချင်ယွင် အပြင်ဘက်ကို ထွက်လာ အောင် သွေးဆောင်ဖို့အတွက် ကျိုးလင်နှင့်အခြားသူများကို အသုံးပြုပြီး၊ လျှို့ဝှက် နတ်ဘုရားဂိုဏ်းမှ သူရရှိသော အမွေနှစ်အားလုံးကို အတင်းအကြပ် ဖိအားပေး လွှဲပြောင်း ခိုင်းရန် ကြံစည်နေကြလေသည်။

ကျိုးလင်နှင့် အခြားသူများလည်း တစ်စုံတစ်ခု ဆွေးနွေးနေကြသည်။ သူတို့သည် သူတို့ ရှေ့မှ လူအုပ်စုသုံးစုကို သူတို့မျက်လုံးများတွင် သတိကြီးစွာထားပြီး စူးစူးရဲရဲ ကြည့်နေကြ သည်။

"အဒေါ်၊ အခု ဘာလုပ်ကြမလဲ။ ဒီလူတွေက အဒေါ်ကို ဖြားယောင်းပြီး လျှို့ဝှက်နတ်ဘုရား ဂိုဏ်းရဲ့ အမွေနှစ်ကို လုယူဖို့အတွက် ဒီလူတွေက ဦးလေးအပြင်ထွက်လာဖို့ ငါတို့ကို အသုံးချချင်နေတာ။ ငါတို့က ဒီမှာပဲ စောင့်နေရမှာလား၊ ဘာဖြစ်လို့ သူတို့ကို မတိုက်ခိုက် တာလဲ။" ကျိုးဟုန်ရွှဲ့က ကျိုးလင်ကို အသံပို့လွှင့်မှုမှတစ်ဆင့် မေးမြန်းလိုက်သည်။

"မဟုတ်ဘူး၊ သူတို့က မလှုပ်ရှားသေးဘူးဆိုတော့ ငါတို့ကလည်း လှုပ်ရှားစရာ မလိုသေး ဘူး။ သူတို့က ယောက်ျား အပြင်ထွက်လာအောင် ဆွဲဆောင်ချင်နေမှတော့ ငါတို့က သူ အမွေနှစ်လက်ခံနိုင်ဖို့ သူ့အတွက် အချိန်အလုံအလောက် ဆွဲပေးရမယ်။" ကျိုးလင်က အသံမှတစ်ဆင့် ပြောနေသော်လည်း သူမမျက်လုံးတွေက အေးစက်မှု အပြည့်နှင့်ပင်။

"ဟုတ်တယ်၊ ငါတို့ အခု မလှုပ်ရှားနိုင်သေးဘူး။ ငါတို့ လှုပ်ရှားပြီးတာနဲ့ ချင်ယွင်လည်း စိုးရိမ်နေရလိမ့်မယ်။ အဲဒီအချိန်မှာ, တိုက်ပွဲတွေက ချင်ယွင်ရဲ့ အခြေအနေကို ပျက်စီးစေ လိမ့်မယ်။ နောက်ပြီး ငါတို့ရဲ့ ခွန်အားနဲ့ဆို သူတို့ကို သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။" ကျိုးယွမ်လည်း စိတ်ဖြင့် ပို့လွှတ်ကာ ပြောသည်။

ကျိုးယွမ်နှင့် ကျိုးလင်တို့၏ စကားကိုကြားတော့ ကျိုးဟုန်ရွှဲ့သည် ကျိုးကြောင်း ဆီလျော် သည်ဟု ခံစားမိသည်။ သို့သော်လည်း, ဤကဲ့သို့ လူအများ၏ ဝိုင်းဝန်းခံထားရပြီး၊ သူတို့၏ တံတွေးခွက်သဖွယ် အသုံးပြုခံရခြင်းက သူတို့အတွက် အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။

"စိတ်မပူနဲ့၊ သခင်က ဘိုးဘေးနတ်ဘုရားရဲ့ အမွေနှစ်ကိုရရင် သူ့ခွန်အားတွေ တိုးမြင့်လာ မှာ သေချာတယ်။ အဲဒီအချိန်မှာ သူက ဒီလူတွေကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူးလား။" ခွေးဝါကြီးက အသံဖြင့်ပို့လွှတ်ကာ ပြောသည်။

ကျိုးလင်က ခေါင်းညိတ်လိုက်သည်။ သူမသည် ခွေးဝါကြီး၏မေးခွန်းကို မဖြေသော်လည်း ချင်ယွင်၏လုံခြုံရေးအတွက် သူမစိုးရိမ်နေမိသည်။

All Chapters