← Chapters

အခန်း ၁၅၀၂

Vol. 101 Ch. 1502

အခန်း ၁၅၀၂

Vol. 101 Ch. 1502

အခန်း (၁၅၀၂) ဒေါသကြီးသော ခွေးဝါကြီး။

ချင်ယွင်သည် လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ နဝမမြောက် ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်သွားခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီး ဖြစ်သည်။ ခွေးဝါကြီးနှင့် လိပ်နက်တို့ သည် အဆင်ပြေနေသေးသည်။ ဆိုလိုသည်မှာ ချင်ယွင်သည် မည်သည့်မတော်တဆမှုမျှ မကြုံခဲ့ရပေ။ သို့တိုင်, ကျိုးလင်သည် ချင်ယွင်၏ လုံခြုံရေးအတွက် စိုးရိမ်နေဆဲဖြစ်သည်။

"ခင်ပွန်း၊ ရှင် ဘေးကင်းစွာနဲ့ ထွက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။" ကျိုးလင်သည် သူမ၏နှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။

အစောပိုင်းက သူတို့သည် လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ ကောင်းကင်ဘုံနန်းတော်၏ အဋ္ဌမ အဆင့်တွင် ချင်ယွင်ကို စောင့်မျှော်နေကြသော်လည်း၊ နတ်ဘုရားနန်းတော်ကြီးသုံးခုသည် အမှန်တကယ်ပင် တချိန်မှာ ရောက်ရှိလာကြပြီး၊ သူတို့ကို သူတို့နောက်သို့ လိုက်ပါလာရန် အတင်းအကြပ် ဖိအားပေးကာ၊ သူတို့ကို အသုံးပြုပြီး ချင်ယွင်အား လျှို့ဝှက်နတ်ဘုရား ဂိုဏ်း၏ အမွေနှစ်ကို အတင်းအကြပ် လွှဲပြောင်းပေးလိုခြင်း ဖြစ်သည်။

သူတို့သည် ချင်ယွင်၏ အမွေဆက်ခံမှုကို မည်သည့်အနှောက်အယှက်မှ မဖြစ်စေရန် အတွက် သူတို့သဘောအတိုင်း လိုက်နာခဲ့ကြခဲ့သည်။ ထို့ကြောင့် လက်ရှိအနေထားမျိုး ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။

ယခုအချိန်တွင် နတ်ဘုရားနန်းတော်ကြီးသုံးခုသည် သူတို့အား အာသာငမ်းငမ်းဖြင့် ကြည့်နေကြသည်။ သူတို့ ထွက်ပြေးချင်ရင်တောင် ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး။

"ဟေ့ ချင်ယွင် အပြင်ထွက်လာဖို့ ဘယ်လောက်ကြာဦးမှာလဲ" ဤအခိုက်အတန့်တွင်၊ နတ်ဘုရားနန်းတော်ကြီးသုံးခုမှ တစ်စုံတစ်ယောက်သည် နောက်ဆုံးတွင် မစောင့်နိုင်ဘဲ ကျိုးလင်နှင့် အခြားသူများကို အော်မေးလိုက်သည်။

အော်မေးလိုက်သည့်သူက ကောင်းကင်ဘုံ တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်မှ အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ဤလူသည် အလွန်ကြမ်းတမ်းသော ရုပ်ရည်အသွင်အပြင်နှင့် ထွားကျိုင်းသော လူတစ်ဦးဖြစ်သည်။ သို့သော် သူ၏ခန္ဓာကိုယ်တွင် အနှိုင်းမဲ့ အစွမ်းထက်သော ခွန်အားများ ရှိနေခဲ့ပြီး တောင်ကြီးကဲ့သို့ ထူထဲသောခံစားချက်ကို ပေးစွမ်းနေသည်။

သူ့နောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေသည်။ ထိုအချိန်တွင် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့မျက်လုံးများကို မှေးကျဉ်းထားသည်။ သူ့မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု ရှိနေပြီး သူ့ပါးစပ်ထောင့်တွင် အေးစက်သော အပြုံးတစ်ခု ခိုတွဲနေသည်။

ဤလူသည် ကောင်းကင်ဘုံမြို့တော်၏ မြို့တော်သခင် ရှောင်ဟန်ရှန်မှလွဲ၍ အခြားသူ မဟုတ်ပေ။

ရှောင်ဟန်ရှန်သည်လည်း ချင်ယွင်ကို အလွန်မုန်းတီးနေခဲ့သည်။ ချင်ယွင်သည် သားဖြစ်သူ ရှောင်ချင်းဖန်ကို သတ်ဖြတ်ခဲ့ပြီး ကောင်းကင်ဘုံရှိ သားဖြစ်သူ၏ ဝိညာဉ်ကို နှစ်သိမ့်ရန် ဤ ချင်ယွင်ကို သေချာစွာ သတ်ပစ်မည်ဟု ကျိန်ဆိုခဲ့သည်။

ယခုအချိန်တွင် ချင်ယွင်သည် သူ့ရှေ့က ဤကမ္ဘာငယ်လေးတွင် ရှိနေခဲ့သည်။ သူ မစောင့်နိုင်တော့ပါဘူး။ နတ်ဘုရားနန်းတော်ကြီးသုံးခုမှလူများ ဤနေရာ၌ ရှိနေခြင်း ကြောင့်သာ မဟုတ်ပါက၊ သူသည် ချင်ယွင်ကို အသေသတ်ပစ်ရန် လွန်ခဲ့သည့် အချိန်က တည်းက အလျင်အမြန် ပြေးသွားမိပေလိမ့်မည်။ အခုအချိန်အထိ သူ ဘယ်လိုလုပ် စောင့်နေနိုင်မည် နည်း။ ထို့ကြောင့် သူသည် သူ့ရှေ့တွင် ဤကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူကို အားပေးအားမြှောက် ပြုလိုက်သည်။

ဟုတ်ပါသည်, ရှောင်ဟန်ရှန်က ကောင်းကင်ဘုံတုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်မှ စေလွှတ်လိုက်သည့် ထိုကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို လှုပ်ရှားရန် အခုလေးတင် တိုက်တွန်းလိုက်ခြင်း ဖြစ်ပါသည်။ ထိုကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသည် လုံးဝ သည်းမခံနိုင်တော့ဘဲ ခုန်ထွက်လိုက်သည်။

ထိုကြမ်းတမ်းသော အသွင်ပြင်ရှိသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် စကားပြောပြီးသည်နှင့် တပြိုင်နက် အခြားသော နတ်ဘုရားနန်းတော်ကြီးနှစ်ခုမှ လူများ အပါအဝင် လူတိုင်း၏ အကြည့်များသည် သူ့အပေါ်သို့ ချက်ချင်း ရောက်သွားကြသည်။

အခြားနတ်ဘုရားနန်းတော်ကြီးနှစ်ခုမှ လူများသည် ထိုလူထွားကြီး၏ လုပ်ရပ်ကို မတားဆီးခဲ့ပေ။ သူတို့သည် ဘေးမှ တိတ်တဆိတ် ကြည့်နေကြ၏။ အမှန်အတိုင်း ပြောရရင် သူတို့လည်း မစောင့်နိုင်တော့ပါဘူး။ ဤအခိုက်အတန့်မှာ တစ်စုံတစ်ယောက်ကို ရှေ့ကို ထွက်လာစေချင်ခဲ့သည်။ အခုတော့ ထိုလူထွားကြီးသည် ရှေ့ကို အမှန်တကယ် ထွက်လာခဲ့သည်။ ဤအရာက သူတို့၏ဆန္ဒကို ဖြည့်ဆည်းပေးခြင်းပင် မဟုတ်ပါလား။

"ဘာတွေ အလျင်လိုနေတာလဲ. ငါ့ဦးလေးက ဆယ်ရက်၊ ဒါမှမဟုတ် လဝက်လောက် ကြာတဲ့အထိ ထွက်မလာနိုင်သေးဘူး။ နင်တို့ မစောင့်နိုင်ရင် အခု ထွက်သွားလို့ရပြီ" ကျိုးဟုန်ရွှဲ့က ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

"နံစော်နေတဲ့ကောင်မစုတ်လေး၊ နင် သေချင်နေတာလား။ မယုံဘူးဆိုရင် ငါ မင်းကို အခုပဲ သတ်ပစ်လိုက်မယ်" လူထွားကြီးက ဒေါသတကြီး ချက်ချင်း ပြောသည်။ ကျိုးဟုန်ရွှဲ့သည် သူနှင့်ကစားနေကြောင်း သူသိသော်လည်း အစောပိုင်း မြေကမ္ဘာနတ်ဘုရား နယ်ပယ်မှ မိန်းကလေးသည် အမှန်တကယ်ပင် သူ့ကို ဤကဲ့သို့ ပြောဆိုဝံ့ခဲ့သည်။ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

"နင် ငါ့ကိုသတ်ရင် ငါ့ဦးလေး ထွက်လာတဲ့အခါ သေချာပေါက် နင့်ကို စုတ်ဖြဲပစ်လိမ့်မယ်။ ဒီကောင်ကြီးကို နင် မြင်လား။ ဒါက ငါ့ဦးလေးရဲ့ ခွေးတွေထဲက တစ်ကောင်ပဲ။ နင်နဲ့ အတူတူပဲ။ သူကလည်း အစောပိုင်း ကောင်းကင်နတ်ဘုရားအဆင့်မှာ ရှိနေတယ်။ နင် ငါ့ကို ထပ်ပြီး အော်ငေါက်ဝံ့ရင်, ယုံချင်ယုံမယုံနေ နင့်ကို ဒီခွေးကြီးနဲ့ ကိုက်ခိုင်းပစ်မယ်။" ကျိုးဟုန်ရွှဲ့သည် သူမ၏ခြေရင်း၌ ထိုင်နေသော ခွေဝါကြီးအား လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ခွေဝါကြီးသည် မျက်လုံးများကို လှိမ့်ပတ်ကစားသွားသည်။ မူလက သူသည် သေချင်ယောင်ဆောင်ကာ အရာအားလုံးကို လျစ်လျူရှုထားချင် ဟန်ဆောင်နေ သော်လည်း ကျိုးဟုန်ရွှဲ့က သူ့ကို အမှန်တကယ် ဆွဲထုတ်လိမ့်မည်ဟု မထင်ခဲ့ပေ။

မျှော်လင့်ထားသည့်အတိုင်းပင်, လူထွားကြီးသည် အံ့သြသည့် အမူအရာဖြင့် ခွေဝါကြီးဆီ သို့ လှည့်ကြည့်လိုက်သည်။ ခွေဝါကြီး၏ ကျင့်ကြံမှုသည် အမှန်တကယ် အစောပိုင်း ကောင်းကင်နတ်ဘုရား အဆင့်တွင် ရှိနေကြောင်း သူ တွေ့ရှိခဲ့သည်။

အစောပိုင်း ကောင်းကင်နတ်ဘုရားအဆင့်အထိ ကျင့်ကြံထားသည့် ကျေးလက် ခွေးတစ်ကောင်။ ယင်းက သူတို့ကို အမှန်တကယ် ထိတ်လန့်စေခဲ့သည်။

ယခင်က သူတို့သည် ခွေဝါကြီးကို ဂရုမစိုက်ခဲ့ကြသော်လည်း ယခုအခါ ခွေဝါကြီးသည် အမှန်တကယ် ကျင့်ကြံမှု အမြင့်ဆုံးဖြစ်နေကြောင်း သူတို့ သိရှိလာကြသည်။

'"ဟမ့်၊ အဲဒါက ခွေးတစ်ကောင်ပဲလေ။ သူက အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ် အထိ ကျင့်ကြံနိုင်ခဲ့ရင်တောင် ဘာလုပ်ရမှာလဲ။ သူက ပါရမီရှင် နတ်ဘုရားသားရဲလည်း မဟုတ်ဘူး။ ငါ သူ့ကို ကြောက်မယ် ထင်လား၊ ကောင်မစုတ်လေး၊ ငါတို့ကြားမှာ ကွာဟချက်က တော်တော်ကြီးနေသေးတာကို နားလည်ရမယ်။ အစောပိုင်း ကောင်းကင် နတ်ဘုရားနယ်ပယ် ခွေးတစ်ကောင်က တိုက်ခိုက်ရေးစွမ်းအား အများကြီး ပိုင်ဆိုင်ထားမှာ မဟုတ်ဘူး။ ငါတစ်ချက်ရိုက်ရုံနဲ့ ဒီလိုခွေးဆယ်ကောင်ကိုတောင် သတ်ပစ်နိုင်တယ်” လူထွားကြီးသည် အထင်အမြင်သေးစွာဖြင့် အေးစက်စွာ အော်ဟစ်လိုက်သည်။

မူလက ထိုကိစ္စကို လျစ်လျူရှုလိုသော ခွေဝါကြီးသည် လူထွားကြီး၏ စကားကို ကြားလိုက် ရလျှင်, သူ၏ အဝါရောင်အမွှေးများ လောင်ကျွမ်းလာခဲ့သည်။ သူသည် ခပ်လှမ်းလှမ်းမှ လူထွားကြီးကို လှမ်းကြည့်ကာ သူ့အစွယ်များကို တိုက်ရိုက် ကြိတ်လိုက်သည်။

"ဟမ့်၊ မင်းက တကယ်ပဲ ဒီကောင်းကင်နတ်ဘုရားကို ခွေးတစ်ကောင်လို စော်ကားလိုက် တာလား။ မင်း ယုံချင်ယုံမယုံချင်နေ၊ မင်းခန္ဓာကိုယ်ပေါ်က အသားတွေအားလုံးကို ငါ ကိုက်စားပစ်မယ်" ခွေဝါကြီးသည် ဒေါသတကြီး ပြောသည်။ သူ၏ချွန်ထက်သော အစွယ်များက ဆိုးရွားသော ခံစားချက်ကို ပေးစွမ်းသည်။

"ဟမ့်၊ မင်းက ခွေးတစ်ကောင်မို့ ခွေးလို့ ငါပြောတာလေ။ ဘာဖြစ်နေတာလဲ၊ မင်းက ခွေးမဟုတ်ဘူးလား။ မင်းမှာ အရည်အချင်း ရှိရင် ငါ့ကို လာကိုက်စမ်း" လူထွားကြီးသည် သူ့ဆီသို့ ဖော်ပြနေသည့် ခွေဝါကြီး ရင့်သီးသော အသွင်အပြင်ကို မြင်လိုက်သောအခါတွင် သူ့နှလုံးသားက ဒေါသများဖြင့် ပြည့်နှက်နေလေသည်။

"ဝုတ်.. ဝုတ်၊ ဒီကောင်းကင်နတ်ဘုရားက မင်းကို ပက်လက်လန်တဲ့အထိ ကိုက်ပြီး၊ ဒီနေ့ သနားညှာတာပေးဖို့ တောင်းပန်ခိုင်းရမယ်။" ခွေဝါကြီးသည် လုံးဝ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။ သူ့မျက်လုံးများက အနှိုင်းမဲ့ တောက်ပနေပြီး ခက်ထန်သော အလင်းတန်းများက ပေါက်ကွဲထွက်နေသည်။

ထို့နောက် ခွေဝါကြီးသည် အဝါရောင်အရုပ်အဖြစ်သို့ ပြောင်းလဲကာ ပြေးထွက်လာခဲ့သည်။

ဝှီး....။

ခွေဝါကြီး၏ ခန္ဓာကိုယ်သည် သုံးပိုင်းကွဲသွားသည်။ ခွေဝါကြီး သုံးကောင်သည် လူထွားကြီး ကို ဒေါသတကြီး ကိုက်ရန်အတွက် လမ်းကြောင်းသုံးမျိုးမှ ပြေးထွက်သွားသည်။ ၎င်းတို့၏ အရှိန်ဟုန်မှာ လျှပ်စီးလက်သလိုပင် မြန်သည်။

"ဟမ့်၊ အပေါ်ယံလှည့်ကွက်လေးနဲ့များ။" လူထွားကြီးသည် ခွေဝါကြီး သူ့ဆီသို့ အပြေးအလွှား ပြေးလာသည်ကို တွေ့လိုက်သောအခါတွင် သူ့မျက်နှာတွင် အထင်အမြင် သေးသည့် အမူအရာတစ်ခု ပေါ်လာသည်။

ထိုသို့ပြောပြီးနောက်တွင် အစွမ်းထက်သော နတ်ဘုရားတန်ခိုး စွမ်းအားသည် သူ့လက်ထဲ တွင် ရောက်ရှိလာခဲ့သည်။ လူထွားကြီး၏လက်သီးသည် နဂါးတစ်ကောင်ကဲ့သို့ ထွက်လာ ပြီး သူ့ဆီသို့ အားသွင်းကာ ပြေးဝင်လာသော ခွေဝါကြီးကို တိုက်ရိုက် ထိုးသတ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းတစ်ခု သည် ချက်ချင်း ပျံ့နှံ့သွားပြီး ခွေဝါကြီးကို ပြင်းထန်စွာ ချေမှုန်းပစ်မည့် ကြောက်မက်ဖွယ် နတ်ဘုရားတန်ခိုး စွမ်းအင်လှိုင်းတစ်ခုအဖြစ် ဖြစ်ပေါ်လာခဲ့သည်။

"ဘုန်း..."

ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအင်လှိုင်းလုံးကြီးသည် ခွေဝါကြီး သုံးကောင်ကို ချက်ချင်း ချေမှုန်းပစ်လိုက်သည်။

"ဟမ့်၊ တစ်ချက် ထိုးနှက်တာကိုတောင် ခံနိုင်ရည်ရှိ မရှိဘူး။" လူထွားကြီးသည် ခွေဝါကြီး၏ ကျိုးပဲ့သွားသော ရုပ်အလောင်းများကို လှောင်ပြောင်သရော်သော မျက်နှာဖြင့် ကြည့်နေ သည်။

သို့သော်, သူ့မျက်နှာပေါ်မှ အပြုံးတွေ ပျောက်ကွယ်မသွားခင်မှာ သူ့တင်ပါးက ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရသည်။

"ငါ မင်းကို အသေကိုက်မယ်!"

ခွေဝါကြီးသည် မည်သည့်နေရာမှ ခုန်ထွက်လာမှန်းမသိ။ သူသည် လူထွားကြီး၏ တင်ပါးကို ကိုက်ခဲထားသည်။

"အား.."

ခွေဝါကြီးသည် အသွေးအသား အပိုင်းအစကြီးတစ်ခုကို ဆုတ်ဖြဲပြီး၊ ၎င်းသည် လူထွားကြီး ၏ တင်ပါးကို ကိုက်ဖြတ်လုနီးပါး ဖြစ်နေသည်။ ပြင်းထန်သော နာကျင်မှုကြောင့် လူထွားကြီးသည် သနားစဖွယ် အော်ဟစ်သံဖြင့် ဟစ်အော်လိုက်ရသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးက တုန်လှုပ်သွားကြသည်။ ခွေဝါကြီးသည် ဤမျှ အစွမ်းထက်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ သူသည် တင်ပါးကို ကိုက်ချင်သည်ဟု ပြောသည့်အတိုင်း တင်ပါးကိုပင် ကိုက်ပစ်ခဲ့သည်။

"ကောင်းလိုက်တာ ခွေဝါကြီး ထပ်ကိုက်လိုက်ဦး" ကျိုးဟုန်ရွှဲ့သည် ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသောအခါတွင် စိတ်လှုပ်ရှားစွာဖြင့် မအော်ဟစ်ဘဲ မနေနိုင်တော့။

ကျိုးလင်နှင့် အခြားလူများသည် ရှိုက်ကြီးတငင် ပြုံးမိကြသည်။ ဟုတ်ပါသည်။ သူတို့၏ နှလုံးသားထဲမှာ ပို၍ တုန်လှုပ်သွားခဲ့သည်။ အစောပိုင်းက ခွေးဝါကြီးသည် မည်သည့် နေရာမှ ရောက်ရှိလာလဲဆိုသည်ကို သူတို့ မတွေ့ခဲ့ကြပေ။ အကယ်၍, သူတို့ကိုယ်တိုင် တိုက်ခိုက်ခံရပါက, သူတို့သည် ခွေးဝါကြီး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခြင်း မရှိသည် ကို သူတို့ သိသည်။

All Chapters