← Chapters

အခန်း ၁၅၀၃

Vol. 101 Ch. 1503

အခန်း ၁၅၀၃

Vol. 101 Ch. 1503

အခန်း (၁၅၀၃) ငါ မယုံဘူး။

"အော့..! ဘယ်လောက်တောင် နံဆော်လိုက်လဲ"

ခွေးဝါကြီးသည် အသားစတစ်လုတ်ကို ပြင်းစွာ ထွေးထုတ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးက ရှိုက်ကြီးတငင် ပြုံးလိုက်ကြသည်။ ဤခွေးဝါကြီးသည် တကယ်အပေါစားဆန်လွန်းသည်ဟု သူတို့ ခံစားရသည်။

လူထွားကြီး၏ တင်ပါးကို ကိုက်လိုက်သည့်လူက သူဆိုသည်မှာ ရှင်းရှင်းလင်းလင်း သိသာ သော်လည်း၊ အခု သူက သူ့တင်ပါးက အနံ့ဆိုးနေသည်ဟု တကယ် တွေးထင်နေတာလား။ ဤအရာက ပေါစားမဆန်ဘူးဆိုလျှင်, မည်သည့်အရာ ဖြစ်တော့မည်နည်း?။

လူထွားကြီးသည် မူလက ၎င်း၏တင်ပါးကို အကိုက်ခံရပြီးနောက် အလွန်ဒေါသထွက်ခဲ့ သော်လည်း ယခုအခါတွင် ၎င်း၏နှာခေါင်းကို တွန့်လုနီးပါး ဖြစ်သည်အထိ သူသည် ခွေးတစ်ကောင်၏ မထီမဲ့မြင်ပြုခြင်းကို ခံနေရသည်။

"နံစော်နေတဲ့ ခွေး၊ ငါ မင်းကို ဒီနေ့ သတ်ပစ်မယ်။ မင်းကို အရေခွံခွာပြီး မင်းရဲ့ အသားကို စွပ်ပြုတ်လုပ်ပစ်မယ်။" လူထွားကြီးသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဟမ့်၊ ဒီကောင်းကင်နတ်ဘုရားက ဒီနေ့ မင်းရဲ့ခန္ဓာကိုယ်ပေါ်က အသားအားလုံးကို ကိုက်တော့မယ်လို့ ပြောခဲ့တယ်။ ဒီကောင်းကင်နတ်ဘုရားက ကိုယ့်စကားကို အမြဲ တည်ခဲ့ တယ်။" ခွေးဝါကြီးကလည်း ဝင်ကြွားစွာ ပြောသည်။

ထိုသို့ပြောပြီးနောက်တွင် ၎င်း၏ခန္ဓာကိုယ်သည် များစွာသော ရုပ်ပုံများအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ ယခုတစ်ကြိမ်တွင် သူသည် ကိုယ်ပွားငါးခုအဖြစ် တိုက်ရိုက် ကွဲထွက်သွားပြီး မတူညီသော အရပ်ငါးမျက်နှာမှ လူထွားကြီးဆီကို တိုက်ခိုက်ခဲ့သည်။

လူထွားကြီးသည် ခွေးဝါကြီးက သူ့ကို တိုက်ခိုက်လာသည်ကို တွေ့လိုက်ရသောအခါ သူ့အကြည့်များသည် ချက်ချင်းပင် ပြင်းထန်လာသည်။ ဒီတစ်ကြိမ်မှာတော့ သူသည် အရင်ကလို သတိလက်လွတ် ဖြစ်မခံတော့ဘဲ အလေးအနက် ထားလာပါတော့သည်။

လူထွားကြီးသည် မြေပြင်ပေါ်သို့ တိုက်ရိုက် ဆောင့်နင်းလိုက်သည်။ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းသည် ချက်ချင်းပင် လူထွားကြီး၏ ပတ်ပတ် လည်တွင် စက်ဝိုင်းတစ်ခုအသွင် ဖြစ်ပေါ်လာပြီး၊ အရပ်ရပ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည့် ကြောက်မက်ဖွယ် စွမ်းအင်ရောင်ခြည်အလင်းတစ်ခု ဖြစ်လာခဲ့သည်။

လူထွားကြီးသည် မြေပြင်ပေါ်တွင် ခြေဆောင့်နင်းလိုက်သောအခါ ချိုင့်ဝှမ်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ရောင်ခြည် ကြောင့် ခွေးဝါကြီး၏ ရုပ်အသွင်ငါးခုသည် တစ်ဖန် ကွဲထွက်သွားပြန်သည်။

သို့သော် လူထွားကြီးသည် သူ၏သတိထားမှုကို မလျှော့ချခဲ့ပါ။ သူသည် ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

ဝှီး...။

ဟုတ်ပါသည်၊ ထိုအချိန်မှာပင် လူထွားကြီး၏နောက်မှ ပြင်းထန်သည့် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဝါရောင်ရုပ်အသွင်တစ်ခုသည် လေဟာနယ်ထဲမှ လျင်မြန်စွာ ပြေးထွက်လာပြီး လူထွားကြီး၏ပေါင်ဆီသို့ ကိုက်ရန် သွေးဇလုံကဲ့သို့ ၎င်း၏ ပါးစပ်ကြီးကို ဖွင့်လိုက်သည်။

"ဟမ့်၊ မင်း ဒီတခေါက် ငါ ထပ်ပြီး အရူးလုပ်မခံနိုင်တော့ဘူး။ ဒီနေ့, ငါ မင်းကို သုံးစားမရ ဖြစ်အောင် လုပ်နိုင်မလားဆိုတာ ကြည့်ကြည့်ရအောင်။" လူထွားကြီးသည် အေးစက်စက် နှာခေါင်းရှုံ့သံကို ထုတ်ဖော်လိုက်ပြီး သူ့လက်သီးကို တိုက်ရိုက်ဝှေ့ယမ်းကာ သူ့နောက်သို့ ထိုးခွဲလိုက်သည်။

"ဘုန်း..."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လူထွားကြီး၏ လက်သီးသည် အဝါရောင် ရုပ်အသွင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

ခွေးဝါကြီး၏ တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ချက်ချင်း ပေါက်ကွဲသွားပြီး သူ့တစ်ကိုယ်လုံး လုံးလုံးလျားလျား ပြိုကျသွားသည်။

"ဟား...၊ ဟား...၊ ဒီတစ်ခါ မင်းဘယ်ကိုပြေးလဲ ငါကြည့်မယ်" လူထွားကြီးသည် သူ့လက်သီး က ခွေးဝါကြီးကို ထိမှန်သွားသည်ကို မြင်သောအခါ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ၏အပြုံးသည် ချက်ချင်း အေးခဲသွားသည်။ မြေပြင်ပေါ်သို့ ပစ်ထိုးလိုက်သော ခွေးဝါကြီးသည် သူ့မျက်လုံးများရှေ့တွင် ရုတ်တရက် ပေါက်ကွဲသွားပြီး မီးခိုးတိမ်တိုက်အဖြစ်သို့ ပြောင်းလဲကာ လူတိုင်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။

"ဘာလဲ၊ ပုံရိပ်ယောင်လား" လူထွားကြီးသည် တုန်လှုပ်သွားပြီး သူ့မျက်နှာတွင် မယုံကြည်နိုင်မှု အရိပ်အယောင် ပေါ်လာသည်။

"ငါက ဒီမှာပါ" ဒီအချိန်မှာပင်၊ ဟာသနှောသည် အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် လူတိုင်းသည် လေတိုးသံကို ပီပီသသ ကြားလိုက်ရသည်။ ခွေးဝါကြီးသည် လူထွားကြီး၏ တစ်ဖက်မှ ပြေးထွက်လာပြီး သူ၏ သွေးနီရောင် ပါးစပ်ကြီးကို တိုက်ရိုက် ဖွင့်ကာ လူထွားကြီး၏ လည်ပင်းကို ကိုက်လိုက်သည်။

“အား.…”

လူထွားကြီးသည် အနှိုင်းမဲ့ သနားစဖွယ် အော်သံဖြင့် အော်ဟစ်လိုက်သည်။ သူက ဒေါသတကြီးဖြင့် ခွေးဝါကြီး၏ခန္ဓာကိုယ်ကြီးကို ရိုက်လိုက်ပြီး လွင့်ထွက်သွားစေသည်။

"ဘုန်း..."

ခွေးဝါကြီး၏ ခန္ဓာကိုယ်ကြီးသည် အဝေးသို့ ပြင်းထန်စွာ ပစ်ကျဆင်းသွားခဲ့ပြီး သူ့ပါးစပ်ထဲ မှာ အသွေးအသား အတုံးအခဲကြီးတစ်ခု ရှိနေသေးသည်။

လူထွားကြီးကို ကြည့်လိုက်တော့ သူ့လည်ပင်းပေါ်က အသားအားလုံးနီးပါး စုတ်ပြဲနေပြီး သူ့လည်ပင်းအရိုးကိုပင် မြင်နေရပြီ။

ထိုအချိန်တွင် လူထွားကြီးသည် ဒေါသအမျက်ထွက်နေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲမှာ အသားတုံးကြီးနှစ်တုံး ပျောက်ဆုံးသွားခဲ့ပြီး၊ သူသည် ခွေးကိုက်ခံရတုန်းပင်။ အကယ်၍, ဤသတင်းသာ ပြန့်နှံ့သွားခဲ့လျှင်, သူသည် နောင်အနာဂတ်တွင် နတ်ဘုရားကမ္ဘာမှာ နေစရာနေရာရှိတော့မည် မဟုတ်ပေ။ သူသည် ဟားတိုက်ရယ်မောခံရမှာကို သူ ကြောက်မိ သည်။

"ဟင့်, ဒီအသားကလည်း တကယ်ကို နံဆော်နေတာပဲ။" ခွေးဝါကြီးသည် အထင်သေးဟန် အမူအရာအချို့ကို ဖော်ပြရင်း အလွန်တရာ အပေါစားဆန်သော အသွင်အပြင်ကို ထုတ်ဖော်ပြသလိုက်ပြီး၊ ယင်းကြောင့် ပတ်ဝန်းကျင်မှ လူများသည် သူ့ကို မထိန်းနိုင်ဘဲ ရိုက်နှက်ပစ်ချင်နေကြသည်။

"ကောင်းလိုက်တာ, ခွေးဝါကြီး။ ဟုတ်တယ်၊ ဒီအတိုင်းပဲ သူ့ကို အသေကိုက်ပစ်လိုက်။" တစ်ဖက်တွင်မူ, ကျိုးဟုန်ရွှဲ့က သူမသည် ကမ္ဘာကြီး၏ မငြိမ်မသက် မဖြစ်မှာကို ကြောက်နေပုံရပြီး ဘေးမှ ရူးသွပ်စွာ အော်ပြောလိုက်သည်။

ဤအရာက လူထွားကြီးကို ပို၍ပင် ဒေါသဖြစ်စေခဲ့သည်။

"နံဆော်နေတဲ့ခွေးစုတ်၊ မင်း ငါ့ကို နောက်ထပ် မကိုက်နိုင်တော့ဘူး။ အကြောက်တရားက ဘာလဲဆိုတာ မင်းကို လုံးလုံး နားလည်ခွင့်ပေးမယ်။" လူထွားကြီးက အေးစက်စွာ ပြောလိုက်သည်။ သူ၏ ရှည်လျားသော ဆံပင်များသည် လွင့်ပျံသွားပြီး သူ၏ အငွေ့အသက်သည် ချက်ချင်းပင် တိုးမြင့်လာခဲ့သည်။

ဘန်း…။

လူထွားကြီး၏ ပြင်းထန်သော နတ်ဘုရားတန်ခိုးစွမ်းအားသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ် လာပြီး အနက်ရောင် အရိုးချပ်ဝတ်တန်ဆာတစ်ခုကို သိပ်သည်းလိုက်သည်။ ဤအရိုး ချပ်ဝတ်တန်ဆာသည် အလွန်မာကျောပြီး သူ့အသွေးအသားခန္ဓာကိုယ်ကို ပတ်မိလုနီးပါး ဖြစ်ပြီး အပြင်ဘက်တွင် မျက်လုံးနေရာများသာ ကျန်တော့သည်။

"ဟား..., ဟား...၊ မင်း ငါ့ကို ဘယ်လိုကိုက်နိုင်ဦးမလဲ ကြည့်ရအောင်။" လူထွားကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ခွေဝါကြီးသည် သူ့မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ရှိလာခဲ့သည်။ ဤလူထွား ကောင်မှာ ယခုလိုအရိုးချပ်ဝတ်တန်ဆာမျိုး ရှိနေမည်ဟု သူ မမျှော်လင့်ထားဘူး။ ထို့အပြင် ဤအရိုးချပ်ဝတ်တန်ဆာသည် မြင်ရသလောက် အတော်မာကျောသည်။

"ဝှီး...၊ ဝှီး... ဝှီး...ဝှီး...။

ဤတစ်ကြိမ်တွင် ခွေဝါကြီး၏ ရုပ်အသွင်သည် ပုံရိပ်ဆယ်ခုအဖြစ် ကွဲထွက်သွားပြီး၊ လူထွားကြီးဆီကို ပြေးဝင်လိုက်သည်။

လူထွားကြီးသည် ခွေဝါကြီးက သူ့ဆီသို့ အပြေးအလွှား ပြေးလာသည်ကို မြင်သောအခါ၊ သူသည် ဤတစ်ကြိမ်တွင် ရှောင်တိမ်းခြင်းမရှိသလို တိုက်ခိုက်ရန်အတွက် သူ၏ နတ်ဘုရားတန်ခိုးကိုလည်း အသုံးမပြုခဲ့ပေ။ ယင်းအစား သူသည် ခွေဝါကြီးကို သူ့အား တိုက်ခိုက် ကိုက်ခွင့်ပေးလိုက်သည်။

"ချွင်…၊ ချွင်…"

ခွေဝါကြီးဆယ်ကောင်သည် လူထွားကြီး၏ခန္ဓာကိုယ်ပေါ်တွင် သွားများကို တစ်ချိန်တည်း ကိုက်ခဲထားသည်။ သူတို့၏ ချွန်ထက်သော သွားများသည် မာကျောသော အရိုးချပ်ဝတ်နှင့် တိုက်မိပြီး သံမဏိကဲ့သို့ ပြင်းထန်သော အသံကို ထုတ်ပေးသည်။

သို့သော်လည်း ခွေဝါကြီး၏ သွားများသည် လူထွားကြီး၏ အရိုးချပ်ဝတ်တန်ဆာကို မထိုးဖောက်နိုင်ဘဲ အရိုးချပ်ဝတ်တန်ဆာပေါ်တွင် သွားရာအမှတ်အသားများစွာသာ ကျန်ရစ်ခဲ့သည်။

"အယ်?" ခွေဝါကြီးသည် ဤမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားသည်။

သူ၏သွားများသည် အဆင့်မြင့်နတ်ဘုရား ပစ္စည်းများကိုပင် ထိုးဖောက်နိုင်နေပြီ ဖြစ်သော် လည်း အမှန်တကယ် လူထွားကြီ၏ အရိုးချပ်ဝတ်တန်ဆာကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။ ဤအရိုးချပ်ဝတ်တန်ဆာသည် မည်မျှမာကျောသည်ကို တွေးကြည့်နိုင်သည်။

ထိုမြင်ကွင်းကိုမြင်တော့ ကျိုးဟုန်ရွှဲ့နှင့် ခပ်လှမ်းလှမ်းမှာရှိသည့် တခြားသူတွေကလည်း လေးနက်သည့် အမူအရာကိုယ်စီကို ဖော်ပြလာကြသည်။ ခွေးဝါကြီး၏ သွားများပင် မထိုးဖောက်နိုင်သောကြောင့် ခွေးဝါကြီး၏ တိုက်ခိုက်မှုမှာ လုံးဝ ထိရောက်မှု မရှိတော့ပေ။ ဤနည်းဖြင့် ခွေးဝါကြီးသည် အနိုင်ရနိုင်မည် မဟုတ်တော့ပေ။

"ဟား...၊ ဟား...၊ နံ့ဆော်နေတဲ့ ခွေးစုတ်၊ ဒီတစ်ခါ မင်း ငါ့ကို နာကျင်အောင် ဘယ်လို လုပ်မလဲဆိုတာ ငါ ကြည့်ချင်မိတယ်" လူထွားကြီးသည် ကျယ်လောင်စွာ ရယ်မောကာ သူ့အသံမှာ ခေါင်းလောင်းသံကဲ့သို့ မြည်ဟီးနေသည်။

ထို့နောက် သူ့လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ခွေးဝါကြီး ဆယ်ကောင်ထဲမှ တစ်ကောင်ကို လည်ပင်းမှာ ဆွဲကိုင်ပြီး မြှောက်လိုက်သည်။

ခွေးဝါကြီးကို ဖမ်းဆုပ်လိုက်ချိန်မှာတော့ အခြားခွေးဝါကြီးများ၏ ခန္ဓာကိုယ်များသည် ချက်ချင်း ပြိုကွဲသွားခဲ့သည်။

မှန်ပါသည်။ လူထွားကြီးသည် ခွေးဝါကြီး၏ ခန္ဓာကိုယ် အစစ်အမှန်ကို ဖမ်းဆုပ်နိုင်ခဲ့သည်။

"ဟား..., ဟား...၊ အိမ်စောင့်ခွေးက အိမ်စောင့်ခွေးပါပဲ။ မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား" လူထွားကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် ခွေးဝါကြီး၏ ဝမ်းဗိုက်အတွင်းကို လက်သီးဖြင့်ထိုးရင် မျက်လုံးထဲတွင် ပြင်းထန်သော အလင်းရောင် တစ်ခု လင်းလက်လာသည်။

"ဖူး.."

ခွေးဝါကြီးသည် သူ့ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးခံရခြင်းကြောင့် သွေးများ ချက်ခြင်း အန်ထုတ်လိုက်ရသည်။

လူထွားကြီး၏ လက်သီးခွန်အားသည် ကောင်းကင်ပြိုကျပြီး မြေကြီးကို ကွဲအက်သွားစေ နိုင်သည်။ ထိုလက်သီးချက်က ခွေးဝါကြီး၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုသည် ခွေးဝါကြီးအား ပြင်းထန်စွာ ဒဏ်ရာရစေရန် လုံလောက်ပါသည်။

"ခွေးဝါကြီး" ခွေးဝါကြီး သွေးအန်နေသည်ကို မြင်လိုက်ရတော့ ကျိုးဟုန်ရွှဲ့၏ လှပသည့် မျက်နှာက စိတ်ပူပြီး စိုးရိမ်သည့်အမူအရာ ပေါ်လာသည်.

"မင်း ယုံပြီလား?" လူထွားကြီးက ကျယ်လောင်စွာ ရယ်မောပြီး မေးသည်။

ခွေးဝါကြီးသည် ခေါင်းမာမာဖြင့် ပြောသည် "ငါ မယုံဘူး!။

All Chapters