← Chapters

အခန်း ၁၅၀၄

Vol. 101 Ch. 1504

အခန်း ၁၅၀၄

Vol. 101 Ch. 1504

အခန်း (၁၅၀၄) မောက်မာသော လူထွားကြီး။

"မယုံသေးဘူးလား? ဒါဆို မင်းကို ငါ ရိုက်ပစ်မယ်ကွာ!" လူထွားကြီးသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ခွေးဝါကြီးအား လက်သီးဖြင့် ထိုးလိုက်သည်။

"ဘုန်း..၊ ဘုန်း.၊ ဘုန်း...!"

လူထွားကြီး၏ လက်သီးချက်သည် ခွေးဝါကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး မြေပြိုကျသကဲ့သို့ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာသည်။

ခွေးဝါကြီး၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ဒဏ်ရာရသွားကာ ချက်ချင်းပင် ပါးစပ်မှ သွေးများ ထွက်ကျသွားသည်။ သူသည် အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်တွင် ရှိနေလျှင်ပင်၊ ထိုကဲ့သို့သော တိုက်ခိုက်မှုကို သူ မခံနိုင်ခဲ့ပါ။

ခွေးဝါကြီး၏ ဝမ်းဗိုက်တစ်ခုလုံးသည် လူထွားကြီးကြောင့် လုံးဝ ပုံပျက်သွားခဲ့သည်။ သူ၏ အတွင်းအင်္ဂါများသည် ကွဲအက်သွားပြီး သူ၏ နတ်ဘုရားခန္ဓာကိုယ်သည် တိုက်ရိုက် ပျက်စီးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ရှိ နတ်ဆိုးနတ်ဘုရားအရိုးများသည် ကွဲအက်သွားသည့် လက္ခဏာများ စတင်ပြသပြီး သူ၏မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်။ သူသည် အချိန်မရွေး လုံးဝ ပေါက်ကွဲသွားနိုင်သည်။

"မင်းယုံပြီလား?" လူထွားကြီးက အေးစက်စက်အသံဖြင့် ထပ်မေးသည်။

"ငါ မင်းအဘိုးကို လေးစားတယ်!" ခွေးဝါကြီးသည် သူ့ပါးစပ်ထဲတွင် သွေးများဖြင့် အော်ပြောလိုက်သည်။

ကျိုးလင်နှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူတို့အားလုံး ထူးထူးခြားခြား အံ့အားသင့်သွားသည့် အမူအရာများကို ဖော်ပြလာကြသည်။

ခွေးဝါကြီးသည် အပေါစားဆန်သည်။ သူသည် သေရမှာကြောက်မှန်း သူတို့ အားလုံး သိထားကြသော်လည်း, အပြင်လူများရှေ့မှာ သူသည် ဤမျှ တင်းခံနေမည်ဟု သူတို့ မမျှော်လင့်ထားပါဘူး။

ကျိုးဟုန်ရွှဲ့သည် စိုးရိမ်စိတ်ကြောင့် မျက်ရည်များပင် ကျနေပြီဖြစ်သည်။ အကယ်၍, ကျိုးလင်သာ သူမကို ဆွဲထားခြင်းမရှိပါက, သူမသည် ဟိုးရှေးရှေးကတည်းက ခွေးဝါကြီး ကို ကယ်တင်ရန် ပြေးသွားလိမ့်မည်။

သူမသည် ခွေးဝါကြီးနှင့် တကျစ်ကျစ်ရန်ဖြစ်နေသော်လည်း သူ့ကို သူမနှလုံးသား အောက်ခြေမှပင် အသိမှတ်ပြုထားသည်။ ယခု ခွေးဝါကြီးသည် ပြင်းထန်စွာ အရိုက်ခံရ သည်ကို မြင်လျှင်, သူမသည် သဘာဝအတိုင်း မခံနိုင်တော့ပေ။

"အဒေါ်၊ ခွေးဝါကြီးကို မကယ်ချင်ဘူးလို့တော့ မပြောနဲ့တော့" ကျိုးဟုန်ရွှဲ့က မတတ်တာဘဲ အသံလွှင့်ကာ မေးလိုက်သည်။

"ကယ်မယ်။ ငါတို့က သူ့ကို ဘယ်လိုလုပ် မကယ်ဘဲနေမလဲ။ ဒါပေမယ့် ငါတို့ရဲ့ လက်ရှိ ခွန်အားနဲ့ ငါတို့က သေခြင်းတရားကို သွားတောင်းဆိုနေတာ မဟုတ်ဘူးလား။ ဟုတ်တယ်။ ခွေးဝါကြီး သေသွားတာကို ဒီအတိုင်းကြည့်နေမှာ မဟုတ်ပါဘူး။ နောက်ဆုံးတော့ သူက ငါတို့ကို အများကြီး ကူညီပေးခဲ့တယ်လေ" ကျိုးလင်က လေးနက်စွာ ပြောသည်။

သူမစကားပြောနေရင်း သူမမျက်လုံးတွေက သူတို့ရှေ့က လူထွားကြီးကို စိုက်ကြည့်နေ သည်။ သူမခန္ဓာကိုယ်ထဲရှိ နတ်ဘုရားတန်ခိုးစွမ်းအားသည် တိုက်ပွဲဝင်နိုင်သည့် အခြေအနေတွင် ရှိနေပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ သို့သော်, ယခုအချိန်တွင် ထိုသို့ပြုလုပ်ရန် အခွင့်အလမ်းမရှိပေ။

ကျိုးဟုန်ရွှဲ့သာမက ဘေးမှာရပ်နေသည့် ကျိုးယွမ်လည်း ခွေးဝါကြီးကို ကယ်တင်ဖို့ အတွက် အရေးကြီးသည့် အခိုက်အတန့်ကို စောင့်မျှော်ရင်း အသင့်ဖြစ်နေပါပြီ။

"ဟမ့်၊ မင်းရဲ့အရိုးတွေက အရမ်းကို မာကြောတာပဲ။ ငါ မင်းနဲ့ ဖြုန်းဖို့ အချိန်မရှိတော့ဘူး။ မင်းကို အနောက်ဘက် ကောင်းကင်ဘုံကို အခု ချက်ချင်း ပို့လိုက်မယ်။" လူထွားကြီးက အေးစက်စွာ ဟစ်အော်လိုက်သည်။ သူပြောပြီးသည်နှင့်၊ သူ့လက်သီးမှ ပြင်းထန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ခွေးဝါကြီး၏ ခေါင်းထဲသို့ ထိုးဖောက် ဝင်ရောက် တော့မည် ဖြစ်သည်။

အကယ်၍, ထိုလက်သီးချက်သာ ခွေးဝါကြီးကို ထိလိုက်မည်ဆိုရင် သူ့ခေါင်းက ကျိန်းသေ ပေါက် ပေါက်ကွဲပြီး အတွင်းမှာရှိသည့် နတ်ဆိုးနတ်ဘုရားအရိုးတွေလည်း ပေါက်ကွဲသွား လိမ့်မည်။ ထိုအချိန်တွင် ခွေးဝါကြီးသည် အမှန်တကယ် သေဆုံးသွားပေလိမ့်မည်။ အကယ်၍, သူ့မှာ စိတ်ဝိညာဉ်နှစ်ခုရှိပြီး မသေခဲ့ဘူးဆိုလျှင်ပင်, သူသည် ကျင့်ကြံမှု အခြေခံပျက်ဆီးပြီး၊ လုံးဝကို ခွေးလေခွေးလွင့် ဖြစ်သွားလိမ့်မည်။ ဤနည်းဖြင့်, သူ့သက်တမ်းသည် မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားလိမ့်မည်။

"တိုက်!" ကျိုးလင်က ကျိုးယွမ်ကို အသံပို့လွှတ်ပြီး နှစ်ယောက်သား တစ်ချိန်တည်း ပြေးထွက်သွားသည်။

ကျိုးလင်သည် သူမ၏လက်ထဲမျ ဓားကိုဝှေ့ယမ်းကာ လူထွားကြီးဆီသို့ ခုတ်ပိုင်းလိုက် သည်။

ကျိုးယွမ်၏လက်ထဲက နတ်ဘုရားလှံ၏အလင်းတန်းက တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာပြီး၊ လှံ၏စွမ်းအားက ပင်လယ်ထဲက ခုန်ထွက်လာသည့် ရေနဂါးတစ်ကောင်ကဲ့သို့ လူထွားကြီး ၏ နောက်စေ့ဆီသို့ ထိုးလိုက်သည်။

သူတို့နှစ်ဦးစလုံးသည် အလွန်လျင်မြန်စွာ တိုက်ခိုက်ကြပြီး လူထွားကြီး၏နောက်သို့ မျက်စိ တစ်မှိတ်အတွင်း ရောက်ရှိသွားကြသည်။

လူထွားကြီးသည် အေးခဲနေသည့် အေးစက်စက် ဓားစွမ်းအင်နှင့် သူ့နောက်မှလာသော လှံ၏ပြင်းထန်သော စွမ်းအားကို ခံစားလိုက်ရလျှင်, သူ့မျက်နှာပေါ်မှာ ဒေါသအရိပ် အယောင်တစ်ခု ချက်ချင်း ပေါ်လာသည်။

"ဟမ့်၊ ပုရွက်ဆိတ်နှစ်ကောင်က တက်လာပြီး အသေခံရဲတယ်!" လူထွားကြီးသည် အေးစက်စွာ ဟစ်အော်လိုက်သည်။ သူစကားပြောအပြီးတွင် ခွေးဝါကြီးပေါ်သို့ ကျရောက် တော့မည့် လက်သီးချက်က မည်ဟီးသွားပြီး ချက်ချင်းလှည့်ကာ ကျိုးလင်နှင့် ကျိုးယွမ် တို့ကို အပြင်းအထန် တိုက်ခိုက်လိုက်သည်။

"ဘုန်း”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ လူထွားကြီးသည် တိုက်ရိုက် လက်သီးတစ်ချက် ထိုးလိုက်ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအားတစ်ခုသည် ကျိုးယွမ်၏လှံနှင့် ကျိုးလင်၏ နတ်ဘုရားဓားကို ထိမှန်သွားကာ အနှိုင်းမဲ့ကြီးမားသော လက်သီးအမှတ်အသားတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ကျိုးယွမ်၏ လှံထိပ်ဖျားသည် နတ်ဘုရားတန်ခိုးကြောင့် ဖြစ်ပေါ်လာသော ကြီးမားသော လက်သီးအရိပ်ကြီးနှင့် အပြင်းအထန် တိုက်မိသွားသည်။ ကျိုးယွမ်၏ လှံသည် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော အကွေ့တစ်ခုသို့ ကွေးညွှတ်သွားခဲ့သည်။

ထို့နောက် ကျိုးယွမ်သည် သူ၏လှံမှတဆင့် ပျံ့နှံ့ဝင်ရောက်လာသည့် ပြင်းထန်သော နတ်ဘုရားတန်ခိုးစွမ်းအားကို ခံစားလိုက်ရသည်။ ထို့နောက် ကျိုးယွမ်သည် ဤကြောက်စရာကောင်းသော စွမ်းအားကြောင့် လွင့်ပျံသွားခဲ့သည်။

ဘေးမှာရပ်နေသည့် ကျိုးလင်လည်း အလားတူပင်။ သူမ၏ ဓားသည် ပြင်းထန်လှသော အေးစက်စက်စိတ်ဆန္ဒကို သယ်ဆောင်ထားရင်း ဧရာမလက်သီးချက်အမှတ်သားနှင့် တိုက်မိသွားသည်။

ဓားထိပ်ပေါ်ရှိ စူးရှသော အအေးဓာတ်သည် လက်သီးချက်နှင့် တိုက်မိသည်နှင့်ပင် ချက်ချင်းပင် ကွဲအက်သွားကာ ပြင်းပြင်ထန်ထန် တိုက်မိသည့် ပြင်းထန်သော တွန်းကန်အားကြောင့် ကျိုးလင်လည်း လွင့်ပျံသွားခဲ့သည်။

ဒေါင်!

ကျိုးယွမ်နှင့် ကျိုးလင်တို့သည် အဝေးသို့ ပြင်းထန်စွာ လဲကျသွားသည်။ နှစ်ယောက်စလုံး ပါးစပ်မှ သွေးချောင်းဆိုးပြီး သူတို့မျက်နှာတွေက ဖျော့တော့သည့် အမူအရာကိုယ်စီ ဖြစ်ပေါ်လာသည်။

သူတို့နှင့် လူထွားကြီးကြားက ကွာဟချက်က ကြီးမားလွန်းပြီး၊ သူတို့သည် လူထွားကြီး၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

"ဟား...၊ ဟား....၊ မင်းတို့နှစ်ယောက်က ငါ့ဆီကနေ တစ်ယောက်ယောက်ကို ကယ်ချင်နေ တာလား။ အိုး၊ မဟုတ်ဘူး၊ ခွေးတစ်ကောင်ကို ကယ်ချင်တာလား" ခပ်လှမ်းလှမ်းတွင် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျိုးယွမ်နှင့် ကျိုးလင်တို့ကို ကြည့်ရင်း လူထွားကြီး သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူတို့၏မျက်နှာပေါ်တွင် အလွန်မင်း လှောင်ပြောင်သရော်သည့် အမူအရာဖြင့် ရယ်မောလိုက်သည်။

"သခင်ဝမ်၊ ဒီအမျိုးသမီးက ချင်ယွင်ရဲ့မိန်းမပါ။ သူမ ဒီမှာရှိနေသရွေ့ ဒီချင်ယွင်ပေါ်လာမှာ သေချာပါတယ်။" ရှောင်ဟန်ရှန်က လူထွားကြီးကို ရုတ်တရက် ပြောလိုက်သည်။

'အို? သူမက ချင်ယွင်ရဲ့ မိန်းမလား? သူမက တော်တော်ကြည့်ကောင်းတယ်။ တကယ်လို့, ချင်ယွင်သာ ထွက်မလာခဲ့ရင် သူ့မိန်းမကို ငါဝမ်ချန်အတွက် ကစားစရာအဖြစ် ခွင့်ပြုပြီး၊ ဒီသတင်းကို နတ်ဘုရားကမ္ဘာတစ်ခုလုံးကို ဖြန့်ပစ်မယ်။ အဲဒီအချိန်မှာ နတ်ဘုရားကမ္ဘာမှာ သူ့မျက်နှာ ဘယ်နေရာသွားထားမလဲ ငါကြည့်ချင်မိတယ်" လူထွားကြီးသည် ကျိုးလင်အား စော့စကားလိုဟန် အမူအရာဖြင့် ကြည့်နေစဉ် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထိုစကားကိုကြားတော့ ကျိုးလင်က မျက်မှောင်ကြုတ်ပြီး သူမ၏အမူအရာက အေးစက်သွားသည်။

"ဟား..., ဟား...၊ သခင်ဝမ်, ဒါက တကယ်ကို အကြံကောင်းပဲ။ သူ့ဘေးနားက အမျိုးသမီးကလည်း ချင်ယွင်ရဲ့ တူမပဲ။ အချိန်တန်ရင် သခင်က သူမကိုလည်း အတူတူ လက်ခံနိုင်ပါတယ်။ လူသုံးယောက် ရေထဲမှာ ဆော့ကစားတဲ့မြင်ကွင်းက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်။" ရှောင်ဟန်ရှန်က သရော်သံဖြင့် လိုက်သည်။

ပတ်ဝန်းကျင်မှ လူအားလုံး ချက်ချင်း ရယ်မောကြပြီး ကျိုးလင်နှင့် ကျိုးဟုန်ရွှဲ့တို့ကို ကြည့်နေသည့် သူတို့အကြည့်တွေက ညစ်ညမ်းသည့် အမူအရာကိုယ်စီ ရှိနေကြသည်။

ထိုစကားကို ကြားတော့ မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်ဘက်မှာ တင်းဟွန်ချန်သည် ကောက်ကျစ်အေးစက်သည့် အပြုံးကို ထုတ်ဖော်လိုက်ပါသည်။

ကျိုးလင်သည် သူ့အဖေကို သတ်ဖြတ်ခဲ့သည့်အတွက်, သူသည် ကျိုးလင်ကို သဘာဝ အတိုင်း မုန်းတီးနေခဲ့သည်။ ယခု သူမသည် ချင်ယွင်၏ မိန်းမဖြစ်လာခဲ့ပြီး၊ ချင်ယွင်သည် သူ့သားနှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြန်သည်။ အမုန်းတရားများကို အဟောင်းနှင့်အသစ် ပေါင်းပြီး၊ သူသည် ကျိုးလင်ကို ငရဲဆယ့်ရှစ်ထပ်သို့ပင် ကျသွားစေရန် ဆန္ဒရှိနေခဲ့သည်။

ယခု ဤလူများသည် ကျိုးလင်ကို ကြံစည်နေကြောင်း ကြားသိရသောအခါတွင် သူသည် အလွန်ပျော်ရွှင်ပြီး ရက်စက်ကြမ်းကြုတ်လာသည်မှာ သဘာဝအတိုင်းပင်။

ဟန်ကျင်းကတော့ အေးစက်စက် အမူအရာဖြင့် ကြည့်နေခဲ့သည်။ သူသည် ကျိုးလင်၏ ရှင်ခြင်းသေဆုံးခြင်းကို လုံးဝ ဂရုမစိုက်ပေ။ အခု သူလိုချင်သည်မှာ ချင်ယွင် အပြင်ထွက် လာသည်အထိစောင့်ပြီး လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ အမွေနှစ်ကို သိမ်းယူရန် ဖြစ်သည်။

ခေါင်းလောင်းလေနတ်ဘုရားနန်းတော်သည် လုံးဝ ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိဘဲ ပြဇာတ်တစ်ပုဒ်ကို ကြည့်နေသည့်အသွင်ကို ဆက်လတ်ထိန်းထားသည်။

"ဟား...၊ ဟား...၊ ငါဒီခွေးကို သတ်ပြီးတာနဲ့ ဒီဦးလေးက ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ မင်းတို့ကို ပြဦးမယ်။ အဲဒီအချိန်မှာ မင်းတို့ သေချင်စိတ်ပေါက်ပြီး အဲဒီခွေးကောင် ချင်ယွင်ကို မေ့သွားရမယ်လို့ ငါ အာမခံတယ်။" လူထွားကြီးသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ သူသည် ခွေးဝါကြီးကို အပြင်းအထန် တိုက်ခိုက်ရန် သူ၏ ခွန်အား အားလုံးကို အသုံးပြုလိုက်သည်။

"ဘုန်း”

သို့သော်လည်း ခွေးဝါကြီး၏ ဦးခေါင်းကြီး ပေါက်ကွဲတော့မည်ဟု လူတိုင်းက ထင်နေကြစဉ် မှာ ကောင်းကင်ယံ၌ မိုးခြိမ်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက်တွင် တိမ်စိုင်တိမ်မည်းများသည် ကောင်းကင်ယံမှ ပေါက်ကွဲထွက်လာသည်။ တစ်ခဏချင်းမှာပဲ ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားခဲ့သည်။

လူတိုင်း အံ့အားသင့်ဟန် အမူအရာဖြင့် ကမ္ဘာကြီး၏ဖြစ်ရပ်ဆန်းတစ်ခုကို မောကြည့်ရင်း၊ ဝေခွဲမရဖြစ်သည့် အမူအရာကိုယ်စီကို ဖော်ပြနေကြသည်။

လက်သီးကို ထိုးပစ်တော့မည့် လူထွားကြီး၏လက်သည် လေထဲတွင် ရပ်သွားကာ ကောင်းကင်ကို ငေးကြည့်နေမိသည်။

"မင်း ငါ့ခွေးကို သတ်ရဲရင် မင်းကို ငါ့ခွေးတစ်ကောင်ဖြစ်အောင် ငါလုပ်မယ်။"

လူတိုင်း ထိတ်လန့်နေကြစဉ်မှာ အနှိုင်းမဲ့ ဂုဏ်သိက္ခာရှိတဲ့ အသံတစ်ခုက လေထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် ကမ္ဘာငယ်လေး၏ ဝင်ပေါက်မှ ပုံရိပ်တစ်ခုသည် ဖြည်းညှင်း စွာ ထွက်ပေါ်လာခဲ့သည်။

All Chapters