အခန်း ၁၅၀၅
Vol. 101 Ch. 1505
အခန်း (၁၅၀၅) မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ။
ချင်ယွင်၏အသံက မကျယ်သော်လည်း လူတိုင်း၏နားထဲမှာတော့ မိုးခြိမ်းသံတစ်ခုလိုပင်။
အားလုံးက အော်ဟစ်ပြီး ချင်ယွင်ကို စိုက်ကြည့်နေကြသည်။
ထိုအချိန်တွင် ကောင်းကင်ယံတစ်ခုလုံး မှောင်မိုက်သွားပြီး မရေမတွက်နိုင်သော လျှပ်စီး နဂါးများသည် တိမ်မည်းမည်းများကြားတွင် လူးလိမ့်နေပုံရကာ၊ ၎င်းတို့၏အရှိန်အဟုန် သည် ကောင်းကင်ယံမှာ ပျံသန်းနေသည်။
ထိုမျှသာမကဘဲ၊ အကန့်အသတ်မဲ့ နတ်ဘုရားတန်ခိုးစွမ်းအားသည် ချိုင့်ဝှမ်းတစ်ခုလုံးကို ဧရာမတောင်ကြီးကဲ့သို့ အပြင်းအထန် ဖိနှိပ်လာပြီး ချိုင့်ဝှမ်းအတွင်းရှိ သတ္တဝါအားလုံးကို တုန်လှုပ်သွားစေသည်။ ချိုင့်ဝှမ်းတစ်ခုလုံးရှိ လေထုသည် ခိုင်မာလာပုံရပြီး၊ ထိုဖိအားသည် အဆက်မပြတ် တိုးလာနေခဲ့သည်။
"ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ကောင်းကင်မှာ လျှပ်စီးတိမ်တိုက်တွေ ရုတ်တရက် ပေါ်လာတာလဲ။" လူတိုင်း စတင်ဆွေးနွေးကြသည်။ သူတို့အားလုံးသည် ကောင်းကင်ကို ကြည့်ရန် ခေါင်းကိုမြှောက်လိုက်ကြပြီး သူတို့စိတ်ထဲတွင် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေ သည်။
မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်မှ ဟန်ဂျင်းသည် ကောင်းကင်၌ လူးလှိမ့်နေသော လျှပ်စီတိမ်တိုက်များကို ကြည့်လိုက်သည်။ သူ၏ မျက်ခုံးများသည် လျှိုမြောင်ကဲ့သို့ တွန့်သွားကာ သူ၏ အမူအရာမှာ လေးနက်လာသည်။
ထိုလျှပ်စီးတိမ်တိုက်များသည် သာမန်လျှပ်စီးတိမ်တိုက်များ မဟုတ်သည်မှာ သေချာပါ သည်။ ၎င်းတိုသည် ရုတ်တရက် ပေါ်လာခဲ့သည်။ သာမာန် လျှပ်စီးတိမ်တိုက်များသည် ဤမျှ ပြင်းထန်သော အရှိန်အဟုန်မျိုး မရရှိနိုင်ပါ။ ထို့အပြင် ဤလျှပ်စီးတိမ်တိုက်၏ ထွက်ပေါ်လာ အချိန်သည် အလွန်ထူးဆန်းပါသည်။ ၎င်းသည် ချင်ယွင်နှင့် တချိန်တည်း ထွက်ပေါ်လာခဲ့သည်။
ထို့ကြောင့် ဟန်ကျင်းသည် သူ့ရှေ့တွင် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးတိမ်တိုက် များကို ဤချင်ယွင်မှ ယူဆောင်လာခြင်းဖြစ်ကြောင်း ဖျတ်ခနဲ ရိပ်မိသွားသည်။
ခေါင်းလောင်းလေနတ်ဘုရားနန်းတော်၏ အခြားတစ်ဖက်တွင် ခေါင်းဆောင်သည် လူငယ်တစ်ဦး ဖြစ်နေသည်။ သူသည် စူးရှသော မျက်ခုံးမွှေးနှင့် ချောမောသော မျက်နှာရှိ သည်။ ထိုအခိုက်အတန့်တွင် သူသည် လေးနက်သော အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်နေသည်။
"ကပ်ဘေးဒုက္ခတိမ်တိုက်၊ ဘာကြောင့် ကပ်ဘေးဒုက္ခ တိမ်တိုက်တွေ ရှိနေတာလဲ။ တစ်စုံတစ်ယောက်က ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ချင်နေတာများ ဖြစ်နိုင်မလား။" လူငယ်သည် သူ့ကိုယ်သူ သူ့စိတ်ထဲတွင် တီးတိုး ရေရွတ်နေခဲ့သည်။ သူ့အကြည့်တွေက တစ်စုံတစ်ခုကို ခန့်မှန်းပြီးသွားပြီ။ ထို့ကြောင့်, သူသည် ချင်ယွင်အပေါ်ကို မစိုက်ကြည့်ဘဲ မနေနိုင်တော့ချေ။
ယခုအချိန်တွင် လူထွားကြီးသည် ကောင်းကင်ယံ၌ တိမ်တိုက်များကို ဂရုမစိုက်ပေ။ ယင်းအစား သူသည် ချင်ယွင်ကို ပြင်းထန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ယခုလေးတင် ချင်ယွင်၏ စကားများက သူ့ကို ဒေါသထွက်စေခဲ့သည်။ သူသည် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်မှ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ဤချင်ယွင်က သူ့ကို သူ့ခွေးတစ်ကောင် အမှန်တကယ် ဖြစ်စေချင်ခဲ့သည်။ ထိုစကားကို သူ ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။
ဟုတ်ပါသည်။ ချင်ယွင်၏ထွက်ပေါ်လာမူက ကျိုးလင်နှင့် တခြားသူတွေကို စိတ်လှုပ်ရှား စေသည်မှာ သဘာဝပင်။ လက်ရှိအချိန်တွင် လူအများပြားရှိနေခြင်းကြောင့်သာ မဟုတ်ပါ က, ကျိုးလင်သည် ချင်ယွင်၏ ရင်ခွင်ထဲသို့ ထိုးဖောက်ဝင်ရောက်နေပြီး ဖြစ်သည်။
"ကောင်စုတ်လေး, မင်းက ချင်ယွင်လား" လူထွားကြီးသည် ဖြည်းညှင်းစွာ လမ်းလျှောက် နေသော ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။ ယခုအချိန်တွင် ခွေးဝါကြီးသည် သူ့လက်ထဲတွင် ပြင်းထန်စွာ ဒဏ်ရာရနေပြီး သေခါနီးဆဲဆဲတွင် ရှိနေသေးသည်။
ခွေးဝါကြီး၏ အသွင်အပြင်ကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်လုံးများသည် ပို၍ပင် အေးစက်လာသည်။ သူသည် ကျိုးလင်၏ပါးစပ်ထောင့်မှာ သွေးတွေကို မြင်လိုက်ရလျှင်, သူ့နှလုံးသားထဲမှ ဒေါသတွေက မီးတောင်ကဲ့သို့ ချက်ခြင်း ပေါက်ကွဲထွက်လာသည်။
ဝှီး..။
ချင်ယွင်သည် အဓိပ္ပါယ်မဲ့ မည်သည့်စကားကိုမှ ပြန်မပြောတော့ပေ။ သူသည် အလင်းတန်း များအသွင် ပြောင်းလဲသွားကာ လူထွားကြီးဆီသို့ ပြေးဝင်သွားခဲ့သည်။
ချင်ယွင်၏အမြန်နှုန်းသည် အလွန်မြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လူထွားကြီးရှေ့သို့ ရောက်ရှိလာပြီး သူ၏လက်သီးများက လူထွားကြီးဆီကို တိုက်ရိုက် တိုးဝင်သွားလေသည်။
"ဟမ့်!"
လူထွားကြီးသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ချင်ယွင်၏ လက်သီးကို ချက်ခြင်း ထိုးလိုက်လေသည်။
"ဘုန်း”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ပြင်းထန်သော နတ်ဘုရားတန်ခိုးစွမ်းအား နှစ်ခု သည် အချင်းချင်း တိုက်မိပြီး ကြောက်မက်ဖွယ်ရာ တုန်ခါသံများ ထွက်ပေါ်လာသည်။ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်လှိုင်းကြီးများသည် ချက်ချင်းပင် ကျယ်လောင် စွာ ပျံ့နှံ့သွားကာ ချိုင့်ဝှမ်းတစ်ခုလုံး လှုပ်ခါသွားစေသည်။
ချင်ယွင်နှင့် လူထွားကြီးတို့ နှစ်ယောက်စလုံး တုန်လှုပ်ချောက်ခြားစွာဖြင့် နောက်ပြန် ဆုတ်သွားကြသည်။ ၎င်းတို့သည် ပေပေါင်းများစွာအထိ ဆုတ်ခွာသွားကြပြီး၊ ၎င်းတို့၏ ခြေအောက်ရှိ ချိုင့်များသည် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ထွက်ပေါ်လာစေ သည်။
ပြင်းထန်သော စွမ်းအင်မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော လေပြင်းများသည် သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် တိုက်ခတ်လာသဖြင့် သူတို့၏ ၀တ်ရုံများသည် တဖျပ်ဖျပ် လူးလွင့်ကာ တုန်ခါသွားကြသည်။
ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုသူအားလုံး အံ့အားသင့်နေသည့် အမူအရာများကို ဖော်ပြလာ ကြသည်။ ချင်ယွင်သည် ဤလူထွားကြီးနှင့် အမှန်တကယ် လက်ရည်တူ ဖြစ်နေမည်ဟု သူတို့ မမျှော်လင့်ထားပေ။
သူတို့နှစ်ဦးသည် အပြန်အလှန် တိုက်ခိုက်ရုံမျှသာ ဖြစ်သော်လည်း၊ ၎င်းတို့ဝန်းကျင်ရှိ အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများအတွက်မူ ထိုတိုက်ခိုက် မူက အလွန်မင်း အစွမ်းထက်သည်ဟု ယူဆ၍ရသည်။ ထို့ကြောင့်၊ ယခုလေးတင် နတ်ဘုရားတန်ခိုး စွမ်းအင်မုန်တိုင်းသည် သူတို့၏ခန္ဓာကိုယ်ကို ဖြတ်ကျော်လာသောအခါ၊ သူတို့သည် ၎င်းအား တားဆီးရန် သူတို့၏ နတ်ဘုရားတန်ခိုး စွမ်းအားကို အသုံးပြုရန်မှ တပါး ရွေးချယ်စရာ မရှိခဲ့ပေ။
ဟန်ကျင်းရော ရုပ်ရည်ချောမောသည့် လူငယ်ပါ အလျင်စလို တိုက်ခိုက်ခြင်းမျိုး မရှိခဲ့ကြပါ ဘူး။ သူတို့သည် ဤအရာအားလုံးကို တိတ်တိတ်လေးပဲ စောင့်ကြည့်နေကြသည်။
သူတို့၏အတွေးတွေက အလွန်ရိုးရှင်းပါသည်။ သူတို့သည် လူထွားကြီးကို ချင်ယွင်၏ ခွန်အားကို ဦးစွာ စမ်းသပ်ခွင့်ပြုရန် စီစဉ်ထားကြသည်။ ထိုမှသာ အခြေအနေအရ သူတို့ လှုပ်ရှားခြင်းမပြုမီ ချင်ယွင်၏ အခြေအနေအားလုံးကို ကျွမ်းကျင်သည်အထိ စောင့်ကြည့် နိုင်လိမ့်မည်။
သို့သော် လူအုပ်ထဲတွင် တင်းဟွန်ချန်နှင့် ရှောင်ဟန်ရှန်တို့သည် ထိုကဲ့သို့ မတွေခဲ့ကြပေ။ သူတို့သည် လူတိုင်း၏ရှေ့သို့ အပြေးအလွှား ပြေးထွက်ပြီး ချင်ယွင်ကို ရှစ်ပိုင်း ပိုင်းပစ်ရန် စိတ်အားထက်သန်နေကြသည်။
"မှန်တယ်။ မင်းအရမ်း မာနကြီးတာ မဆန်းပါဘူး။ ဆိုတော့ မင်းမှာ အရည်အချင်းတွေ ရှိနေတာပဲ" လူထွားကြီးသည် ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို မြင်တွေ့ရ သည့်အလား သူ့မျက်နှာက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး၊ သရော်သံဖြင့် ပြောလိုက်သည်။
ချင်ယွင်၏ အမူအရာက အစမှအဆုံးအထိ အေးစက်နေသည်။ သူက လူထွားကြီးကို ကြည့်ပြီး အေးစက်စက်အသံဖြင့် ပြောလိုက်သည် "ခွေးဝါကြီးကို လွှတ်လိုက်ပါ။ မဟုတ်ရင် မင်းကို စိတ်ဆင်းရဲစွာ သေစေရမယ်"
ချင်ယွင်၏ အသံသည် နက်ရှိုင်းပြီး အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူ၏ စူးရှသော မျက်လုံးများက ငြင်းဆန်၍မရသည့် တင်းမာသော အကြည့်ကို ထုတ်ပေး သည်။
"စိတ်ဆင်းရဲစွာ သေရမှာလား။ ကောင်စုတ်လေ၊ မင်း ဟာသတွေ ပြောနေတာလား။ အရင်ဆုံး, မင်း ငါ့ကို အနိုင်ယူနိုင်ခြင်းရှိမရှိဆိုတာ အသာထားဦး။ အခု ဒီမှာရှိနေတဲ့ လူတွေ အများကြီးဆို, မင်း ဒီနေ့ လွတ်မြောက်နိုင်စွမ်းမရှိမှာ ငါ ကြောက်မိတယ်" လူထွားကြီးက ရယ်မောလိုက်သည်။
"ငါ နောက်တစ်ကြိမ် ထပ်ပြောမယ်။ ခွေးဝါကြီးကို လွှတ်လိုက်။" ချင်ယွင်က အေးစက်စက် ထပ်ပြောပြီး သူ့လေသံက အရင်ကထက် ပိုအေးလာသည်။
"သူ့ကို လွှတ်ပေးဖို့က အဆင်ပြေပါတယ်။ ဒါပေမယ့် ပျောက်ကွယ်နေသော နတ်ဘုရား ကျွန်းမှာ မင်းရရှိခဲ့တဲ့ အမွေနှစ်နဲ့ လဲလှယ်ရမယ်။ ဒါမှမဟုတ်ရင်၊ မင်းရဲ့ခွေးကို ငါ သတ်ပစ်မယ်" လူထွားကြီးက အထင်သေးစွာ ပြောလိုက်သည်။
"မင်းက တကယ်ကို သေချင်နေတာဘဲ!" သူပျောက်ကွယ်သွားသွားစဉ်မှာပင် ချင်ယွင်၏ မျက်လုံးများက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါက်ကြားလာခဲ့သည်။
လူထွားကြီးသည် ချင်ယွင် ပျောက်ကွယ်သွားသည်ကို မြင်သောအခါတွင်, သူသည် ချင်ယွင် ပျောက်ကွယ်သွားပုံကို သတိမထားမိသောကြောင့် အနည်းငယ် မှင်သက်သွားခဲ့သည်။
ဘန်း…။
လူထွားကြီးသည် မှိန်းမောနေစဉ်မှာ, အလွန်ထက်ရှသော အလင်းတန်း တစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းကာ လူထွားကြီးဆီသို့ တိုက်ရိုက် ဖြတ်သွားခဲ့သည်။
ပြင်းထန်သည့် လေဟာနယ်ဓားစွမ်းအား ပါဝင်နေသည့် ဓားသွားတစ်ခု, ၎င်း၏စွမ်းအားမှာ အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသည်။
လူထွားကြီး၏ ဦးရေပြားသည် ရုတ်တရက် ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ သူသည် ဘေးနားသို့ အလျင်စလို ရှောင်ထွက်သွားရင်း သူ့မျက်နှာတွင် ထိတ်လန့်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
သူ့အရှိန်ဟုန်က မြန်ဆန်သော်လည်း ချင်ယွင်၏ ဓားက ပိုမြန်နေသည်။
"ဖျန်း...."
သူ့ခန္ဓာကိုယ် ဖြတ်တောက်ခံရသည့် အသံနှင့်အတူ ခွေးဝါကြီးကို ဆုပ်ကိုင်သည့် လူထွားကြီး၏ လက်မောင်းတစ်ဖက်သည် တိုက်ရိုက် ဖြတ်တောက်ခံခဲ့ရသည်။
“အား…”
လူထွားကြီးသည် သနားစရာကောင်းသည့် အော်သံကို ထုတ်ဖော်လိုက်ပြီး အလျင်အမြန် နောက်ဆုတ်သွားခဲ့သည်။
ချင်ယွင်က သူ့နောက်ကို လိုက်ပြီး အနိုင်ယူရန် အခွင့်ကောင်း မယူခဲ့ပေ။ ယင်းအစား၊ သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော ခွေးဝါကြီးကို ကနဦးစကြာဝဠာထဲသို့ ထည့်ကာ သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာစေရန် ကနဦးစကြဝဠာ၏စွမ်းအားကို အသုံးပြုလိုက်သည်။
လူထွားကြီးသည် သူ၏လက်တစ်ဖက်ကို ဖြတ်တောက်ခံလိုက်ရသဖြင့်, သူ၏မျက်လုံးများ နီရဲနေပြီ ဖြစ်သည်။ သူ့နှလုံးသားထဲတွင် ပြင်းထန်သော အမျက်ဒေါသက ထွက်ပေါ်လာခဲ့ သည်။
ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်၏ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးအနေဖြင့်, သူ၏လက်မောင်းကို တစ်စုံတစ်ဦးမှ ဖြတ်တောက် ပစ်လိုက်သည်။ သူ့လက်မောင်းသည် ပြန်ပေါက်နိုင်သော်လည်း, ဤအရာက သူ့အတွက် မဟာအရှက်ရစရာကြီး ဖြစ်နေသည်။
"သွား၊ သူ့ကို သတ်စမ်း။"
လူထွားကြီးသည် အမိန့်ပေးကာ သူ့နောက်မှ အထွက်အထိပ် မြေကမ္ဘာနတ်ဘုရား အဆင့် ကျွမ်းကျင်ပညာရှင် ဒါဇင်သည် ချက်ချင်း ပျံထွက်သွားပြီး တစ်ချိန်တည်းမှာပင် ချင်ယွင်ဆီ သို့ ဖြတ်သန်းသွားသည့် ဒါဇင်ပေါင်းများစွာသော နောက်ဆက်တွဲ ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ချင်ယွင်သည် သူ့ဆီသို့ ပျံထွက်လာသော ပုံရိပ် ဒါဇင်ပေါင်းများစွာကို ကြည့်လိုက်သော် လည်း သူ့ပါးစပ်ထောင့်က အေးစက်သည့် အပြုံးတစ်ခု ခိုတွဲလာသည်။ သူသည် လှုပ်ရှား ရန် ရည်ရွယ်ချက်မရှိဘဲ နေရာတွင် မလှုပ်မယှက် ရပ်နေခဲ့သည်။