← Chapters

အခန်း ၁၅၀၆

Vol. 101 Ch. 1506

အခန်း ၁၅၀၆

Vol. 101 Ch. 1506

အခန်း (၁၅၀၆) ကြက်သွေးရောင်မြေကမ္ဘာနတ်ဘုရား အစွမ်းပြခြင်း။

"ဟမ့်၊ ချင်ယွင်, မင်း ဒီတစ်ခါတော့ သေပြီ။" တင်းဟွန်ချန်သည် ချင်ယွင်ဆီသို့ ပျံသန်းသွား စဉ် ရယ်မောလိုက်သည်။

သူ၏အမြင်အရ၊ အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများစွာ တပြိုင်နက်တည်း တိုက်ခိုက်ခြင်းဖြင့်ဆိုပါက, အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည်ပင် ၎င်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့အပြင်၊ သူ့ရှေ့ရှိ ချင်ယွင်သည် ကောင်းကင်နတ်ဘုရားအတု ဖြစ်နေသေးသည်။ သူ၏ စစ်မှန်သော နယ်ပယ်မှာ အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်တွင်သာ ရှိသည်။ (ကောင်းကင် နတ်ဘုရားအတုဟူသည်မှာ တိုက်ခိုက်ရေးစွမ်းရည်အရ ကောင်းကင်နတ်ဘုရားကို ယှဉ်နိုင် သော်လည်း အစစ်မှန်နယ်ပယ်က ကောင်းကင်နတ်ဘုရားအဆင့်ကို မရောက်သေးဟု ဆိုလိုပါသည်။)

သူတို့ အများအပြား အတူတကွ ပူးပေါင်းတိုက်ခိုက်ခြင်းဖြင့် ဤချင်ယွင်ကို ရှစ်ပိုင်းပိုင်း ဖြတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။

သို့သော်လည်း နောက်တစက္ကန့်တွင်၊ ချင်ယွင်၏ ဦးတည်ရာအရပ်မှ ရွှေရောင်အလင်းတန်း တစ်ခု ပျံသန်းလာကာ သူတို့အဖွဲ့ထဲသို့ တိုက်ရိုက် ဝင်ရောက်လာသည်ကို မြင်လိုက်ရသော ကြောင့် သူ လုံးဝ မှင်သက်သွားခဲ့သည်။

ထိုရွှေရောင်အလင်းတန်းသည် အလွန်မင်း ကြောက်စရာကောင်းသည်။ ၎င်း ပွတ်တိုက် ဖြတ်သန်းသွားခံရသည့် မည်သူမဆို, အလယ်လတ် မြေကမ္ဘာနတ်ဘုရား သို့မဟုတ် အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရား ဖြစ်နေပါစေ၊ တခဏချင်း လွင့်ထွက်သွားကြသည်။

တင်းဟွန်ချန်ကို ပို၍ ထိတ်လန့်စေသည့်အရာမှာ အထွက်အထိပ် မြေကမ္ဘာနတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်ပညာရှင် ခုနစ်ဦး သို့မဟုတ် ရှစ်ဦးကို ဖြတ်တောက်ပြီးနောက် ရွှေရောင်အလင်းတန်းသည် အမှန်တကယ်ပင် သူ့ဆီသို့ ပြင်းထန်စွာ ပြေးဝင်လာခဲ့ခြင်း ဖြစ်သည်။

တင်းဟွန်ချန်သည် ထိတ်လန့်သွားသည်။ သူသည် သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုး စွမ်းအားကို လျင်မြန်စွာ စုဆောင်းပြီးနောက်, သူ့ခန္ဓာကိုယ်ပေါ်တွင် အနီရောင် ချပ်ဝတ် တန်ဆာတစ်ခု ပေါ်လာသည်။

ချွင်….။

ရွှေရောင်ဓားသွားသည် အနီရောင်ချပ်ဝတ်တန်ဆာနှင့် အပြင်းအထန် တိုက်မိသွားကာ အနှိုင်းမဲ့ လှပသော မီးပွားများ ထွက်ပေါ်လာသည်။

ပြင်းထန်သော စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံမူက တင်းဟွန်ချန်ကို ချက်ချင်း လွင့်ထွက် သွားစေခဲ့သည်။

"အယ်၊ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်တန်ဆာလာ?" ရွှေရောင်ရုပ်အသွင်သည် သက်ပြင်းညင်သာစွာ ချကာ နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။

ထိုမှသာ လူအုပ်ကြီးသည် ရွှေရောင်ရုပ်အသွင်၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူတို့၏ မျက်လုံးများသည် တုနှိုင်းမရအောင် အံ့အားသင့်သွားသည့် အမူအရာကို ပေါ်လွင်စေပါသည်။

"အမှောင်ညမန်တီလား!" ဟန်ကျင်းနှင့် ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်မှ အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်သည် ရွှေရောင်ပုံရိပ်၏ အသွင်အပြင်ကို မြင်သောအခါတွင် ၎င်းတို့အားလုံး ထူးထူးခြားခြား အံ့အားသင့်သွားသည့် အမူအရာများကို ထုတ်ဖော်လာကြသည်။

ထိုကြောက်စရာကောင်းသော ဓားသွားကြောင့် လွင့်ပျံသွားသော တင်းဟွန်ချန်သည်လည်း အလွန်မင်း အံ့အားသင့်နေသော အမူအရာကို ဖော်ပြနေခဲ့ပြီး သူ၏စိတ်ထဲတွင် ပြင်းထန် သော ကြောက်တရားက ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

အကယ်၍, ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်သည် သူ့ကို ကာကွယ်ပေးထားခြင်း ကြောင့်သာ မဟုတ်ပါက၊ သူသည် အမှောင်ညမန်တီ၏ ခေါင်းဖြတ်ခြင်းခံရသော အခြား အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူအချို့ကဲ့သို့ ဖြစ်နေပေလိမ့် မည်။ သူတို့၏ ဦးခေါင်းများသည် နေရာတိုင်းတွင် ပျံ့ကြဲနေခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ရွှေရောင်ရုပ်အသွင်အား အံ့အားသင့်စွာ ကြည့်နေကြပြီး၊ ကြောက်ရွံ့မူများက သူတို့မျက်လုံးများထဲသို့ မထိန်းနိုင်ဘဲ တိုးဝင်လာကြသည်။

အမှောင်ည မန်တီများသည် ကောင်းကင်နတ်ဘုရား တိုက်ပွဲဝင်မျိုးနွယ်စုတစ်ခု ဖြစ်ကြောင်း သူတို့ သိရှိထားကြသည်။ ၎င်းတို့တွင် ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းရည် ကို ပိုင်ဆိုင်ထားကြသည်။ အထူးသဖြင့် အသိဉာဏ်ရှိသော အမှောင်ညမန်တီများ ဖြစ်သည်။ သူတို့ရှေ့က ရွှေရောင်အမှောင်ညမန်တီသည် မြင့်မားသည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်မှာ သိသာ ထင်ရှားပါသည်။

ထိုကဲ့သို့ အမှောင်ညမန်တီသည် သေချာပေါက် သတ်ဖြတ်ခြင်း လက်နက်ကြီးတစ်ခု ဖြစ်သည်။ ၎င်းသည် တူညီသောအဆင့်အတွင်း၌ မယုံကြည်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်။ ထိုသို့မဟုတ်လျှင်, အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ခုနစ်ဦး သို့မဟုတ် ရှစ်ဦးကို ချက်ချင်း သတ်ပစ်နိုင်မှာ မဟုတ်ပါဘူး။

အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ဉာဏ်ရည် ဉာဏ်သွေးကို ပိုင်ဆိုင်ထားသည့် အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် အမှောင်ညမန်တီကြောင့် ခေါင်းကိုက်ခြင်းကို ခံစားရလိမ့်မည်။ ထို့ကြောင့် ဟန်ကျင်းနှင့် ချောမောသော လူငယ်လေး၏ အမူအရာမှာ ပို၍ပင် လေးနက်လာသည်။

"ဘာလို့ အမှောင်ညမန်တီတစ်ကောင် ရှိနေတာလဲ" သူတို့ကိုယ်သူတို့ တိုးတိုးလေး ပြောရင်း လူတိုင်း အံ့ဩသွားကြသည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင် လူတိုင်း အဖြေကို ရရှိသွားကြသည်။

ရွှေရောင်အမှောင်ည မန်တီသည် နောက်ပြန် လွင့်ထွက်သွားသော တင်းဟွန်ချန်ကို စိုက်ကြည့်နေသည်။ ၎င်း၏ရွှေရောင်သူငယ်အိမ်များသည် ပြင်းထန်သော အေးစက်စက် အလင်းရောင်ကို ထုတ်လွှတ်လိုက်ပြီး နောက်အခိုက်အတန့်တွင် ထပ်မံ တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

တင်းဟွန်ချန်သည် အလွန်ထိတ်လန့်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကို အလျင်အမြန် စုဆည်းကာ သူ့ကိုယ်သူ လုံး၀ ထုပ်ပိုးထားလိုက် သည်။ သူ့တစ်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားကာ မျက်လုံးနေရာသာ ထင်ရှား ပေါ်နေခဲ့သည်။ သို့တိုင်အောင် ဤကြောက်မက်ဖွယ်ကောင်းသော အမှောင်ည မန်တီနှင့် ရင်ဆိုင်ရသောအခါတွင် သူသည် သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို ခံစားရဆဲ ပင်။

"ကြက်သွေးရောင်လေး၊ ပြန်လာပါ၊ သူ့ကို ငါ့အတွက် ထားလိုက်တော့။ ကျန်တာ မင်း လုပ်ချင်တာလုပ်နိုင်တယ်”။

သို့သော် အမှောင်ညမန်တီ ထပ်မံတိုက်ခိုက်တော့မည် ဖြစ်သော်လည်း ချင်ယွင်၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့ သခင်ကြီး!" အမှောင်ညမန်တီက လေးလေးစားစား ပြန်ဖြေသည်။

ယခုအခါ ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ချင်ယွင်ကို ၁၀၀ ရာခိုင်နှုန်း လေးစားမှုရှိနေခဲ့ပြီ။ ချင်ယွင်က သူ့ကို မသတ်ရုံသာမက သူ့အတွက် ပြီးပြည့်စုံသော ခန္ဓာကိုယ်ကိုလည်း ရှာဖွေပေးခဲ့သည်။ သူ့အတွက်၊ ဤအရာက ပြန်လည် မွေးဖွားခြင်း လက်ဆောင်တစ်ခုလိုပင်။ သူသည် ချင်ယွင်၏ ကနဦးစကြဝဠာကို မြင်တွေ့ခဲ့ရသည့် အပြင်၊ ချင်ယွင်၏ အနာဂတ်အောင်မြင်မှုများသည် ၎င်းတို့ စိတ်ကူးယဉ်နိုင်သည့်အရာ မဟုတ်ကြောင်းကိုလည်း သူ နားလည်ခဲ့သည်။ ထို့ကြောင့် ချင်ယွင်၏ နောက်ကို လိုက်ခြင်းသည် လုံးဝ မမှားပေ။

သို့သော် သူ၏သဘောတူညီချက်သည် ပတ်ဝန်းကျင်ရှိ လူတိုင်းကို တုန်လှုပ်စေခဲ့သည်။ အထူးသဖြင့် 'သခင်' ဆိုသည့် အသံက သူတို့၏နှလုံးသားထဲကို ကြီးမားတဲ့ သံတူကြီးဖြင့် ထိုးနှက်လိုက်သည့်အလား သူတို့၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် တုန်လှုပ်သွားစေခဲ့ သည်။

"ဒီရွှေရောင် အမှောင်ညမန်တီက တကယ်ကို ချင်ယွင်ရဲ့ ကျွန်လား?" ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အေးစက်စက် လေကို ရှုရှိုက်ရင်း ချင်ယွင်၏ကြည့်နေသည့် သူတို့၏ အကြည့်များသည် လေးနက်သထက် လေးနက်လာသည်ကို တွေ့လိုက်ရသည်။

ဟန်ကျင်းနှင့် ချောမောသော လူငယ်လေးသည်ပင် အံ့အားသင့်သော အမူအရာများကို ဖော်ပြန်လာကြပြန်သည်။ သူတို့စိတ်ထဲတွင် သူတို့ရှေ့က ချင်ယွင်ကို ပို၍ပင် အာရုံစိုက် လာကြသည်။

ပထမ၊ အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ခွေးဝါကြီးတစ်ကောင် ရှိနေပြီး၊ ယခု၊ မြေကမ္ဘာနတ်ဘုရားနယ်ပယ် အထွက်အထိပ် အမှောင်ညမန်တီတစ်ကောင် ရှိနေခဲ့သည်။ ချင်ယွင်က ဘယ်သူလဲ။ တကယ်ကို သူ့လက်အောက်မှာ ကျွမ်းကျင်သူတွေ အများကြီး ရှိနေခဲ့သည်။

ထိုအချိန်တွင် တင်းဟွန်ချန်လည်း အလွန်မင်း တုန်လှုပ်သွားခဲ့သည်။ ချင်ယွင်သည် အမှန်တကယ် ဤမျှအင်အားကြီးမားလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ့ရှေ့က ကြောက်စရာကောင်းသည့် အမှောင်ညမန်တီတောင် ချင်ယွင်၏ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့သည်။

သူသည် ချင်ယွင်၏ သတင်းအချက်အလက်များကို ယခင်က စုံစမ်းခဲဖူးသည်ကို သိထားရ မည်။ ထိုအချိန်တုန်းက, ချင်ယွင်၏ စွမ်းအားသည် အစောပိုင်း မြေကမ္ဘာ မြေဆိုး နတ်ဘုရားနယ်မြေတွင်သာ ရှိနေသေးသည်။ ယခုတွင်၊ သူသည် အစောပိုင်း ကောင်းကင် နတ်ဘုရားနယ်ပယ်၏ ကျင့်ကြံမှုအခြေခံကို အမှန်တကယ် ပိုင်ဆိုင်ထားသည်။ သူ၏ ကျေးကျွန်များပင်လျှင် အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်နှင့် နှိုင်းယှဉ်နိုင်သော ကျင့်ကြံမှုမျိုး ရှိနေခဲ့သည်။ ထို့အပြင် ၎င်းတို့သည် တစ်ယောက်ထက်မက ရှိနေခဲ့သည်။

ထိုတိုးတက်မှုက မည်မျှ ကြောက်စရာကောင်းသည့် တိုးတက်မူမျိုးနည်း။ တင်းဟွန်ချန် သည် ဤအကြောင်းကို ပိုတွေးလေ၊ ပို၍ ကြောက်စရာကောင်းလေဟု ခံစားလာရသည်။ ဤအခိုက်အတန့်တွင် သူရန်စခဲ့သောလူသည် မည်မျှကြီးကျယ်ခမ်းနားသော တည်ရှိမှုမျိုး ဖြစ်သည်ကို သူနားလည်နေပြီ ဖြစ်သည်။

ချင်ယွင်သည် အတွေးများစွာ မရှိပေ။ သူသည် တင်းဟွန်ချန်အား သူ့ကို လွှဲပေးရန် ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားကို ပြောဆိုရခြင်းမှာ လေဟာနယ်နှင့် အချိန် နတ်ဘုရားနန်းတော်၏ မစ်ရှင်ကို အပြီးသတ်ရန်အတွက် ဤအခွင့်အရေးကို အသုံးပြုလို သောကြောင့် ဖြစ်သည်။

ထိုအချိန်တုန်းက၊ လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်၏ အကဲဖြတ်ခြင်း မစ်ရှင်မှာ မြို့တော်သခင်တစ်ဦးကို သတ်ပစ်ရန် ဖြစ်သည်။ ယခင် ဆောင်းအကာကွယ်မြို့တော်၏ မြို့တော်သခင် သေဆုံးခြင်းသည် ချင်ယွင်ကြောင်ဟူ၍ သတ်မှတ်၍မရပေ။ ယခု ဤမစ်ရှင် ကို ပြီးမြောက်ရန် အခွင့်အရေးကောင်းတစ်ခု ရှိလာခဲ့ပြီ။

ထို့ကြောင့် ချင်ယွင်သည် သူ့မျက်လုံးများတွင် ပြည့်နှက်နေသော သတ်ဖြတ်လိုစိတ်ဖြင့် တင်းဟွန်ချန်ကို စိုက်ကြည့်နေသည်။

ဤတင်းဟွန်ချန်ကြောင့် မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်၏ လုပ်ကြံ သတ်ဖြတ်ခြင်း အဖွဲ့အစည်းသည် သူ့ကိုသတ်ဖြတ်ရန် ရောက်ရှိလာခဲ့သည်။ သူတို့၏ ယခင်ရန်ငြိုးသည် ပြန်လည် ညှိနှိုင်း၍ မရသောအဆင့်သို့ ရောက်ရှိနေပြီသည်။ ထို့ကြောင့် ဤတင်းဟွန်ချန်သည် သေရမည် ဖြစ်သည်။

"ဒါ!"

ချင်ယွင်က ရှေ့တစ်လှမ်းတိုးပြီး တင်းဟွန်ချန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

"မင်း....မလာနဲ့၊ ချင်ယွင်၊ မင်းက ငါ့သားနှစ်ယောက်ကို သတ်ပစ်လိုက်တယ်။ ဟုတ်တယ်။ ငါ မင်းကိုရှာပြီး လက်စားချေချင်ခဲ့တယ်။ ဒါပေမယ့်, မင်း ငါ့ကို လွှတ်ပေးတာနဲ့ နောက်နောင် မင်းကို ဘယ်တော့မှ လက်စားမချေတော့ဘူးလို့ ငါ ကတိပေးတယ်" တင်းဟွန်ချန်က ထိတ်လန့်စွာ ပြောသည်။ ထိုအချိန်တွင်၊ ချင်ယွင်၏ရုပ်အသွင်သည် သူ့မျက်လုံးထဲတွင် အနှိုင်းမဲ့ မြင့်မားသည့် ဧရာမတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး၊ သူ့ကို မော့ကြည့်ရစေသည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ သူ့ပါးစပ်ထောင့်မှ ရယ်မောသံတစ်ချက် ထွက်ပေါ်လာသည်။ သူက စကားတစ်ခွန်း ထုတ်ပြောလိုက် "မဖြစ်နိုင်ဘူး!"

တင်းဟွန်ချန်၏ မျက်လုံးများသည် ချက်ချင်းပင် ထူးထူးခြားခြား အန္တရာအရိပ်မြွက်များ ရှိလာခဲ့သည်။ ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသည့်အခါ, သူက ချင်ယွင်ကို ကြည့်ပြီး အော်ပြောလိုက် သည် "ချင်ယွင်၊ မင်း အရမ်းကြီးလွန်မလာနဲ့။ ငါ့ကိုကာကွယ်ဖို့ ငါ့မှာ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ရှိတယ်။ မင်း ငါ့ကိုသတ်ဖို့က မဖြစ်နိုင်ဘူး။ နောက်ပြီး နတ်ဘုရား နန်းတော်ကြီးသုံးခုထဲက လုပ်ကြံသတ်ဖြတ်သူတွေ ဒီကိုရောက်နေကြပြီ။ ဒီနေ့က မင်းသေနေ့ပဲ”။

တင်းဟွန်ချန်သည် ထိုစကားကိုပြောနေစဉ် သူ့အမူအရာက အလွန်မင်း ရက်စက် ကြမ်းကြုတ်လာသည်။

ချင်ယွင်က အနည်းငယ် ပြုံးပြီး အထင်သေးစွာ ပြောလိုက်သည် "ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်တန်ဆာ၊ အဲဒါက အရမ်းအသုံးဝင်လို့လား?"

သူပြောပြီးသည့် နောက်မှာတော့ သူ့ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပါပြီ။

All Chapters