← Chapters

အခန်း ၁၅၀၈

Vol. 101 Ch. 1508

အခန်း ၁၅၀၈

Vol. 101 Ch. 1508

အခန်း ၁၅၀၈ အကန့်အသတ်မဲ့ မောက်မာမှု။

ကောင်းကင်တွင် တိမ်စိုင်တိမ်မည်းများသည် ကြောက်မက်ဖွယ်ကောင်းသည့် အတိုင်း အတာတစ်ခုအထိ အထိစုရုံးနေပြီ။ အနက်ရောင် ကောင်းကင်ကြီးသည် နှိုင်းယှဉ်ရခက် သည့် ခံစားချက်ကို ပေးစွမ်းနေသည်။

တိမ်တိုက်များအတွင်း၌ လျှပ်စီးနဂါးတစ်သိန်း လှည့်ပတ်နေပြီး၊ သူတို့သည် ကောင်းကင် နှင့် မြေကြီးကို အချိန်မရွေး ပြိုလဲအောင် တိုက်ခိုက်တော့မည့် အတိုင်းပင်။

အားလုံးက ကောင်းကင်ကို မော့ကြည့်ရင်း၊ သူတို့မျက်နှာတွေက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ တိမ်စိုင်တိမ်မည်းတွေကြားမှာ လျှပ်တပြက် တဖျပ်ဖျပ် လင်းလက်နေ သည့် လျှပ်စီးကြောင်းတွေက သူတို့ နှလုံးသားထဲမှာ ကြောက်ရွံ့မှုကို ခံစားစေသည်။

သူတို့သည် မိုးကြိုးတိမ်တိုက်အတွင်း၌ အနှိုင်းမဲ့ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို ခံစားနိုင်သည်။ အကယ်၍, ထိုစွမ်းအားသာ ပြိုဆင်းလာပါက, သူတို့သည် ကပ်ဆိုးကြီး တစ်ခုကို ခံစားရမည်မှာ သေချာပါသည်။ ထို့ထက်ပို၍ ကြောက်စရာကောင်းသည်မှာ ဤစွမ်းအားသည် အဆက်မပြတ် တိုးမြင့်နေဆဲဖြစ်သည်။

ဤအခိုက်အတန့်တွင် ၎င်းတို့သည် မိုက်မဲနေသော်လည်း ၎င်းတို့အထက်ရှိ ဧရာမအမှောင် တိမ်တိုက်ကြီးသည် မည်သည့်အရာဖြစ်သည်ကို နားလည်နေပြီ ဖြစ်သည်။ သို့သော်၊ ကပ်ဘေးဒုက္ခတိမ်တိုက်သည် နတ်ဘုရားကမ္ဘာတွင် အဘယ်ကြောင့် ပေါ်လာသည်ကို သူတို့ နားမလည်နိုင်ခဲ့ပါ။ ဤအရာသည် အဆင့်နိမ့်ဂြိုလ်ကမ္ဘာတစ်ခုပေါ်တွင် ပေါ်လာသင့် သည် မဟုတ်ပါလော။

ဟန်ကျင်း, ချောမောသည့်လူငယ်နှင့် လူထွားကြီးတို့လည်း လွန်စွာမှ လေးနက်သော အမူအရာကိုယ်စီကို ဖော်ပြနေကြသည်။ သူတို့သည် မှောင်မိုက်နေသော တိမ်တိုက်များ တွင် ပါရှိသည့် စွမ်းအားကို အထင်မသေးဝံ့ကြပေ။

"မင်းတို့မြင်တဲ့အတိုင်းပဲ၊ ကောင်းကင်ပေါ်က တိမ်စိုင်တိမ်မည်းတွေက ငါ့ရဲ့ ကပ်ဘေးဒုက္ခ တိမ်တိုက်တွေပဲ။ ဒီကပ်ဘေးဒုက္ခ တိမ်တိုက်တွေက ဘယ်လောက်တောင် တန်ခိုးကြီးလဲ ဆိုတာ မင်းတို့ မြင်နိုင်ပါတယ်။ မင်းတို့ မသေချင်ရင် ထွက်သွားဖို့ ငါ အကြံပေးချင်တယ်။ မဟုတ်ရင် မင်းတို့ ဒီကပ်ဘေးဒုက္ခ တိမ်တိုက်အောက်မှာ သေဆုံးသွားမှာ ငါ့ကို အပြစ်မတင်နဲ့။" ချင်ယွင် လှည့်ကြည့်လိုက်ပြီး နတ်ဘုရားနန်းတော်ကြီးသုံးခုမှ လူများကို ပြောလိုက်သည်။

ချင်ယွင်၏ စကားကိုကြားသောအခါ၊ နတ်ဘုရားနန်းတော်ကြီးသုံးခု၏ အထွတ်အထိပ် ဖြစ်သော မြေကမ္ဘာနတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများသည် အလွန်မင်း တုန်လှုပ် ချောက်ချားသွားသည့် အမူအရာများကို ဖော်ပြကြပြီး၊ သူ့တို့စိတ်နှလုံးထဲတွင် ရုန်းကန်စ ပြုလာကြသည်။

ချင်ယွင်၏စကားကို သူတို့ သံသယမရှိခဲ့ကြပေ။ ဤအခိုက်အတန့်တွင် ကောင်းကင်၌ မည်းမှောင်နေသော တိမ်တိုက်များ၏ ဖိအားကို သူတို့ ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။ သူတို့၏ ဦးရေပြားတွေ ထုံကျင်လာသည်ကိုပင် သူတို့ ခံစားရနိုင်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် ထိုစကားများကို ပြောသောအခါတွင် သူတို့ နှလုံးသားထဲတွင် ချက်ချင်းပင် တွန့်ဆုတ်သွားကြသည်။

“နောက်ဆုတ်ရဲတဲ့ ဘယ်သူမဆို အခုချက်ချင်း ငါ သတ်ပစ်မယ်” သို့သော် လူတိုင်း၏ စိတ်နှလုံးထဲတွင် ဆုံးဖြတ်ချက်မချနိုင်ခင်မှာ ဟန်ကျင်းက ပေါက်ကွဲသံကြီး တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဤပေါက်ကွဲသံသည် အဆုံးမဲ့အေးစက်မှုနှင့် ရောထွေးနေပြီး ဆုတ်ခွာလိုသော အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ၏ အတွေးအမြင်များကို ချက်ချင်း ဖယ်ရှားပစ်လိုက်သည်။

မထင်မှတ်ဘဲ၊ သူတို့သည် ဤအမည်မသိ ကပ်ဘေးဒုက္ခကြီးထက် ဟန်ဂျင်ကို ပို၍ပင် ကြောက်ရွှံ့ကြသည်။ ထို့ကြောင့် သူတို့အားလုံး နောက်ချန်နေရန်သာ ရွေးချယ်လိုက်ကြ သည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် ခိုကိုးရာမဲ့ သက်ပြင်း ချမိသည်။ မူလက ဤလူတွေကို လွှတ်ပေးရန် အခွင့်အရေးတစ်ခု ပေးချင်ခဲ့သော်လည်း ဤလူများသည် ထွက်သွားဖို့ ဆန္ဒမရှိကြပေ။ ထို့ကြောင့် သူ့မှာ ရွေးချယ်စရာ မရှိတော့ပါ ဘူး။

"ရှန်းယု၊ မိုင်တစ်ရာကျော် နောက်ဆုတ်လိုက်ပါ။ ငါနောက်ထပ် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရမယ်။ မင်းတို့ ဒီမှာရှိနေမယ်ဆိုရင် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြောင့် မင်းတို့ ဒဏ်ရာရသွားလိမ့်မယ်။" ချင်ယွင်က လှည့်ကြည့်လိုက်ပြီး ကျိုးလင်နှင့် အခြားသူများထံသို့ အသံတစ်ခု ပေးပို့လိုက်သည်။

"ကောင်းကင်ဘုံကပ်ဘေးဒုက္ခလား၊ ခင်ပွန်းက အစောပိုင်း ကြယ်ဘုရားအဆင့်ကို ဖြတ်ကျော်ပြီးသွားပြီ မဟုတ်သေးဘူးလား။ သူ ဘာကြောင့် ကောင်းကင်ဘုံကပ်ဘေး ဒုက္ခကို ရုတ်တရက် ဖြတ်ကျော်ချင်တာလဲ။" ကျိုးလင်က ရှုပ်ထွေးသော အသံဖြင့် မေးလိုက်သည်။ ကောင်းကင်ပေါ်ရှိ ကပ်ဘေးဒုက္ခတိမ်များသည် ချင်ယွင်နှင့် သက်ဆိုင်နေ သည်ဟု သူမ အချိန်အတော်ကြာကတည်း မှန်းဆခဲ့သော်လည်း ချင်ယွင်ပြောသည့် စကားကြားတော့ သူမသည် အလွန်အံ့ဩမိသေးသည်။

"ကောင်းကင်ဘုံကပ်ဘေးဒုက္ခပြီးမှပဲ မင်းကို ငါ ရှင်းပြမယ်။ မင်းတို့ ဒီနေရာကနေ အရင်ထွက်သွားရမယ်။ ပိုဝေးလေ ပိုကောင်းလေပဲ။ ဒီကောင်းကင်ဘုံကပ်ဘေးဒုက္ခရဲ့ စွမ်းအားက မလွယ်ဘူး။" ချင်ယွင်က စိတ်ပိုင်း ဆိုင်ရာဖြင့် ဆက်လက်ပေးပို့လိုက်သည်။

"ကောင်းပြီ ခင်ပွန်း၊ သတိထားပါ!" ကျိုးလင်က ပြတ်ပြတ်သားသား သဘောတူလိုက် သည်။ သူမတို့ ဤနေရာတွင် နေခြင်းက ချင်ယွင်အတွက်သာ ဒုက္ခဖြစ်စေမည်ကို သူမ သိသောကြောင့် ထွက်ခွာခြင်းသည် သူမ၏အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။

ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး သူ့ဘေးက ကြက်သွေးရောင်မြေကမ္ဘာနတ်ဘုရားထံ အသံတစ်ခု ပို့လိုက်တယ် " ကြက်သွေးရောင်လေး၊ ငါ့အတွက် သူတို့ကို အကာအကွယ် ပေးထား။ သူတို့မှာ ဒဏ်ရာရခဲ့ရင် မင်း ငါ့ကို တွေ့စရာ မလိုတော့ဘူး "

"ဟုတ်ကဲ့ ဆရာကြီး!" ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက ချက်ချင်း ပြန်ဖြေသည်။ သူ့အသံက စိတ်ပိုင်းဖြတ်မှုများဖြင့် ပြည့်နေခဲ့သည်။

ချင်ယွင်သည် ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရား၏ စကားကိုကြားသောအခါတွင် အနည်းငယ် ခေါင်းညိတ်ကာ သက်သာရာရသွားသည်။

ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားနှင့် လိပ်နက်လေးတို့၏ ခုခံမူစွမ်းအားဖြင့်ဆိုပါက၊ ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူ သို့မဟုတ် ထို့ထက်မြင့်သည့် ကျွမ်းကျင် သူ တစ်ဦးဦးကိုယ်တိုင် မတိုက်ခိုက်ပါက, မည်သူမဆို ကျိုးလင်နှင့် အခြားသူများကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ရန် ခက်ခဲပေလိမ့်မည်။

ထိုနောက် ကျိုးလင်နှင့် အခြားသူများသည် အဝေးသို့ တွန့်ဆုတ်နေသည့် အမူအရာဖြင့် ဆုတ်ခွာသွားကြပြီး၊ ချိုင့်ဝှမ်းထဲတွင် ချင်ယွင်နှင့် နတ်ဘုရားနန်းတော်ကြီးခန်းမသုံးခုသာ ကျန်ရစ်ခဲ့သည်။

ဟန်ကျင်းနှင့် တခြားသူများသည် ကျိုးလင်နှင့် တခြားသူတွေကို မတားဆီးကြပါဘူး။ သူတို့၏ပစ်မှတ်မှာ ချင်ယွင် ဖြစ်သည်။ ချင်ယွင် မထွက်ခွာသရွေ့ သူတို့ ဂရုမစိုက်ပေ။

"ကောင်စုတ်လေး၊ မင်းတစ်ယောက်ထဲပဲ ကျန်တော့တယ်။ မင်း လျှို့ဝှက်နတ်ဘုရားဂိုဏ်း က မင်းရရှိထားတဲ့ အမွေနှစ်ကို လွှဲပေးရမယ်။ မဟုတ်ရင် မင်းရဲ့ကောင်းကင် ကပ်ဘေးဒုက္ခ မကျရောက်ခင် ငါတို့က မင်းကို သတ်ပစ်မယ်။" လူထွားကြီးက ချင်ယွင်အား ပြောလိုက် သည်။

ချင်ယွင်က စကားတစ်ခွန်းမှ မပြောဘဲ မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။

လူထွားကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ့စိတ်ထဲမှာ ဖိနှိပ်ထားသော အမျက်ဒေါသများက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။

သို့သော်လည်း သူက ချင်ယွင်ကို တိုက်ရိုက်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ယင်းအစား သူက မျက်လုံးများကို လှိမ့်ပတ်ကစားလိုက်ပါသည်။

"ဟန်ကျင်း၊ လင်းတုံ၊ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ အမွေနှစ်က ဒီကောင်လေး အပေါ်မှာ သေချာပေါက် ရှိနေတယ်။ ဒီကောင်ကို ငါတို့ အရင်သတ်သင့်တယ်လို့ ငါထင်တယ်။ အချိန်ကျတာနဲ့ ငါတို့ရဲ့ အစွမ်းအစကို အားကိုးပြီး လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ အမွေနှစ် အတွက် ယှဉ်ပြိုင်ကြမယ်။ မင်းတို့ ဘယ်လိုထင်လဲ။" လူထွားကြီးက ဟန်ကျင်းနှင့် ချောမောသော လူငယ်ကို ကြည့်ပြီး ပြောလိုက်သည်။

ဟန်ကျင်းနှင့် ချောမောသော လူငယ်လေးတို့သည် လူထွားကြီး၏ စကားကို ကြားသော အခါ၊ သူတို့၏ မျက်နှာများက တွေးခေါ်မြော်မြင်သည့် အမူအရာ ပေါ်လာသည်။ သုံးစက္ကန့် ကြာ စဉ်းစားပြီးနောက်, သူတို့သည် တစ်ချိန်တည်းမှာပင် ခေါင်းညိတ်ကာ တုန့်ပြန်လိုက် သည် "ကောင်းပြီလေ!"

ထိုသို့ပြောပြီးနောက် သူတို့သုံးယောက်သည် ချင်ယွင်ကို တစ်ပြိုင်နက် စိုက်ကြည့်နေကြ သည်။ တန်ခိုးကြီးသော ကောင်းကင်နတ်ဘုရားသုံးပါးသည် ချင်ယွင်ကို ချက်ချင်းပင် ပြင်းထန်စွာ ဖိနှိပ်နိုင်ကြသည်။

"မင်းတို့ အတူတူတက်ခဲ့လို့ရတယ်နော်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။ အတကူတကွ တိုက်ခိုက်ရန် ပြင်ဆင်နေသော အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်ပညာရှင် သုံးဦးကို ရင်ဆိုင်ရန် သူသည် အနည်းငယ်မျှ ကြောက်ရွံ့မှု မရှိခဲ့ရုံသာမက သူ့မျက်လုံးများတွင်လည်း စိတ်လှုပ်ရှားမှု အပြည့်ရှိနေသည်။

အဝေးမှ မြေကမ္ဘာနတ်ဘုရားနယ်ပယ် ပညာရှင်များသည် ချင်ယွင်၏ စကားကို ကြားသော အခါတွင် သူတို့၏ မျက်လုံးများသည် မယုံနိုင်လောက်အောင် ပြူးကျယ်သွားကြသည်။

"ဒီချင်ယွင်က တကယ်ကို မာနကြီးတာပဲ၊ သူက ကောင်းကင်နတ်ဘုရားသုံးပါးကို သူတစ်ယောက်တည်းနဲ့ တိုက်ခိုက်ဖို့ သတ္တိရှိတာလား"

"မှန်တယ်။ သခင်ဝမ်ရဲ့ လက်မောင်းကို ဖြတ်လိုက်နိုင်ရုံနဲ့ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလို့ ထင်သွားတာလား။ ကောင်းကင်နတ်ဘုရား ၃ ပါးကို စိန်ခေါ်တာက သေခြင်းတရားကို ချစ်မြတ်နိုးလို့ မဟုတ်ဘူးလား"

"ဟမ့်၊ ငါ့အမြင်အရဆို၊ ဒီကောင်က ဆယ့်ငါးမိနစ်တောင် ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ကောင်းကင်နတ်ဘုရားသုံးပါးရဲ့ ခွန်အားက သူထင်ထားသလို မရိုးရှင်းဘူး။ အထူးသဖြင့် ဟန်ကျင်းနဲ့ သခင်လင်းတုံတို့ပဲ။ သူတို့ရဲ့ ခွန်အားက ပိုလို့တောင် ကြောက်စရာကောင်း တယ်။ ဒီကောင်က တကယ်ပဲ သေခြင်းတရားကို ချစ်မြတ်နိုးနေတာပဲ"။

ပတ်ဝန်းကျင်ရှိ လူတိုင်းက ဆွေးနွေးနေကြပြီး၊ အခုလေးတင် ချင်ယွင်၏စကားများသည် မောက်မာလွန်းသည်ဟု သူတို့ ခံစားမိကြသည်။

သေချာသည်မှာ, ဟန်ကျင်း၊ လင်းတုံ၊ လူထွားကြီးတို့သည် အခုလေးတင် ချင်ယွင်၏ စကားကြောင့်ဒေါသ ဖြစ်သွားကြသည်။ သူတို့သည် အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ခဲ့ကြသည်ဆိုလျှင်ပင်, သူတို့သည် ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်နေကြဆဲ ဖြစ်သည်။ နတ်ဘုရားကမ္ဘာရှိ ၎င်းတို့၏ အဆင့်အတန်းကို မြင့်မြတ်သောတည်ရှိမှုဟု ယူဆနိုင်သည်။

ထို့ကြောင့် သူတို့မျက်လုံးထဲတွင် ချင်ယွင်၏ စကားများသည် အမှန်တကယ် အရှက်ခွဲခြင်း သာ ဖြစ်သည်။

"မာနကြီးမနေစမ်းပါနဲ့ ချာတိတ်ရာ။ ငါတို့ခွန်အားက မင်းထင်သလောက် မရိုးရှင်းဘူး။ ငါတို့သုံးယောက်ကို တစ်ပြိုင်နက် တိုက်ခိုက်ဖို့အသာထား, မင်းကို ငါတစ်ယောက်တည်းနဲ့ တောင် သတ်ပစ်နိုင်တယ်။ ဒါကြောင့် ပစ္စည်းတွေကို လွှဲပြောင်းပေးဖို့ ငါအကြံပေးတယ်။ မဟုတ်ရင် ဒီနေ့က မင်းရဲ့သေနေ့ပဲ" ဟန်ကျင်းလည်း ထိုအချိန်မှာ စကားပြောလာပြီး သူ့လေသံက အလွန်အေးစက်သွားသည်။

"ဟုတ်တယ်, မင်း အခု လွှဲပြောင်းပေးလိုက်ရင် မင်းအသက်ကို ကယ်နိုင်နိုင်သေးတယ် နော်" လင်းတုံကလည်း အေးစက်စွာ ပြောသည်။

ချင်ယွင်က ပြုံးလိုက်သည်။ သူက ကောင်းကင်နတ်ဘုရားသုံးပါးကို ကြည့်ပြီး ရယ်မောကာ "မင်းတို့ အမွေနှစ်ကို လိုချင်တယ်ဆိုရင် လုပ်လိုက်ကြပါ။ မင်းတို့ ငါ့ကို အနိုင်ယူနိုင်ရင် အမွေနှစ်က သဘာဝအတိုင်း မင်းတို့ ပိုင်ဆိုင်လိမ့်မယ်။ ဒါပေမယ့်, မင်းတို့ ငါသတ်ဖြတ်တာ ခံရရင်, ငါကို အပြစ်မတင်နဲ့နော်"။

ချင်ယွင်၏စကားတွေက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာခဲ့ပြီး၊ လူတိုင်း၏နားထဲတွင် ပေါက်ကွဲသွားကာ လူတိုင်းကို အဆုံးမရှိ ထိတ်လန့်သွားစေသည်။

All Chapters