← Chapters

အခန်း ၁၅၀၉

Vol. 101 Ch. 1509

အခန်း ၁၅၀၉

Vol. 101 Ch. 1509

အခန်း (၁၅ဝ၉) အဘယ်ကြောင့်လဲ။

ချင်ယွင်၏စကားများသည် လူတိုင်းနားထဲသို့ ရောက်သွားသောအခါ၊ အထူးသဖြင့် "မင်းတို့ ငါ့ရဲ့သတ်ဖြတ်ခြင်းခံရရင် ငါ့ကို အပြစ်မတင်နဲ့နော်" ဟု ပြောလိုက်သည့် စကားလုံးတွေက အနှိုင်းမဲ့မောက်မာသည့် စကားတွေဖြစ်နေခဲ့သည်။ ဤအရာက လွန်လွန်ကဲကဲ မောက်မာ လွန်းခြင်း ဖြစ်နေသည်။

သူသည် သူတစ်ဦးတည်း၏ ခွန်အားဖြင့် ကောင်းကင်နတ်ဘုရားသုံးပါးလုံးကို သတ်ပစ်နိုင် မည်ဟု ယုံကြည်နေသည်။ သူတို့၏မျက်လုံးများတွင် ဤအရာက သူတို့၏ ရူးသွပ်မှု ဟုတ်ရင်ဟုတ်, ထိုသို့မဟုတ်လျှင်, ချင်ယွင်၏ ရူးသွပ်မှုပင် ဖြစ်လိမ့်မည်။

သေချာသည်မှာ၊ ကောင်းကင်နတ်ဘုရားသုံးပါးသည် ချင်ယွင်၏စကားကို ကြားသော အခါတွင်, သူတို့သည် အလွန်မင်း ဒေါသထွက်နေသည့် အမူအရာများကို ဖော်ပြလာကြပြီး ၎င်းတို့၏မျက်လုံးများက ဆာလောင်နေသော ဝံပုလွေများကဲ့သို့ တောက်ပသွားကြသည်။

"ဟမ့်၊ ကောင်စုတ်လေး၊ မင်းက ငါ့တို့ ချော့မော့ပြောတာကို လက်မခံဘူးဆိုမှတော့, ဒါဆိုလည်း ငါတို့ကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့တော့။" လူထွားကြီးသည် အေးစက်စွာ ဟစ်အော်ရင်း သူ့မျက်လုံးများတွင် ပြင်းထန်သော သွေးဆာမှုများဖြင့် ပြည့်နေခဲ့သည်။

ထို့နောက် သူတို့သုံးယောက်သား အကြည့်ချင်းဖလှယ်ကာ ချင်ယွင်ဆီသို့ တခဏချင်း ပျံသန်းသွားကြသည်။

သူတို့ သုံးယောက် တစ်ချိန်တည်း ပျံထွက်သွားကြသည်။ အလင်းတန်းသုံးခုသည် လေထဲထဲမှာ ဆက်တိုက်ဆိုသလို လင်းလက်သွားခဲ့သည်။ သူတို့၏ အမြန်နှုန်းက အနှိုင်းမဲ့ မြန်ဆန်သလို သူတို့၏အရှိန်ဟုန်ကလည်း အံ့မခန်းပင်။

ချင်ယွင်သည် ပျံသန်းလာနေသော ရုပ်အသွင်သုံးခုကို ကြည့်ကာ ပြုံးပြလိုက်သည်။

သူလိုချင်သည်မှာ, သူတို့သုံးယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန်ဖြစ်ပြီး၊ သူတို့ အားလုံးကို တစ်ပြိုင်နက် ဖမ်းချုပ်ထားနိုင်ရန် ဖြစ်ပါသည်။

"ဝှီး…၊ ဝှီး…၊ ဝှီး..”။

ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်သုံးဦးသည် ချင်ယွင်ရှေ့တွင် ချက်ချင်းဆိုသလိုပင် ပေါ်လာပြီး၊ ၎င်းတို့တစ်ဦးစီသည် ချင်ယွင် တွန်းလှန်၍ မရနိုင်သည့် တန်ခိုးကြီးမားသော နတ်ဘုရားတန်ခိုးစွမ်းအားကို သယ်ဆောင်လာကြသည်။

ချင်ယွင်သည် စိန်ခေါ်မှုကို ထိပ်တိုက် ရင်မဆိုင်ခဲ့ပေ။ ယင်းအစား၊ သူသည် ပုံရိပ်ယောင် အသွင်ပြောင်ခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီး ရှောင်တိမ်းကာ၊ ထိုနေရာမှာ ပုံရိပ်တစ်ခုကို ချန်ထားရစ်ခဲ့ရန် ရွေးချယ်ခဲ့သည်။

"ဘုန်း”

ကောင်းကင်နတ်ဘုရားသုံးပါး၏ တိုက်ခိုက်မှုများသည် နောက်ဆက်တွဲ ပုံရိပ်ကို တိုက်ရိုက် ထိမှန်ပြီး ကျယ်လောင်သော ပေါက်ကွဲအသံကို ထွက်ပေါ်စေသည်။ ထိုပုံရိပ်သည် ပေါက်ကွဲသွားပြီးနောက် ချင်ယွင်၏ ရုပ်အသွင်သည် အဝေးတစ်နေရာမှာ ပေါ်လာသည်။

"ဟမ့်၊ ကောင်စုတ်လေး၊ မင်း ဘယ်လောက်ကြာကြာ ရှောင်တိမ်းနိုင်မလဲ ကြည့်ရအောင်။" လူထွားကြီးက အေးစက်သော နှာချေမှုတ်ထုတ်သည်။ ထို့နောက် သူ၏လက်သီးချက်မှ ပြင်းထန်သော စွမ်းအင်အတက်အကျတစ်ခု မြင့်တက်လာပြီး သူ၏ရုပ်အသွင်သည် ခုန်တက်သွားကာ ချင်ယွင်ဆီသို့ ထပ်မံ ပစ်လွှတ်လိုက်လေသည်။

ဟန်ကျင်းနှင့်လင်းတုံတို့သည် နောက်မှလိုက်ပါကာ လှုပ်ရှားရန် အခွင့်အရေးကို စောင့်မျှော်နေပါသည်။

လူထွားကြီး၏တိုက်ခိုက်မှုကို ရှောင်ရန်ရွေးချယ်လိုက်သည်နှင့် ဟန်ကျင်းနှင့် လင်းတုံတို့ သည် သူ့အား ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်မည့် အခွင့်အရေးကို ချက်ချင်း လက်ငင်း ဆုပ်ကိုင်ထား မည်ဖြစ်ကြောင်း ချင်ယွင် သိထားသည်။

"ချာတိတ်လေး, မင်း ဒီတစ်ခါ ဘယ်ပြေးသွားမလို့လဲ ကြည့်ရအောင်" ချင်ယွင်ဆီကို လက်သီးဖြင့် ဝှေ့ယမ်းတိုက်ခိုက်ရင်း လူထွားကြီး၏ ပါးစပ်ထောင့်စွန်းက မထင်မရှား ပြုံးပြလိုက်သည်။ သူ့လက်သီးပေါ်မှ နတ်ဘုရားတန်ခိုးစွမ်းအားက နတ်နဂါးတစ်ကောင် ဟိန်းဟောက်သကဲ့သို့ ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။

ချင်ယွင်၏ ပါးစပ်ထောင့်မှ အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ဒီတစ်ခါတော့ သူသည် ရှောင်တိမ်းရန် မရွေးချယ်ခဲ့ပေ။ ယင်းအစား၊ သူသည် နဂါးတစ်ဝက်အခြေအနေသို့ တိုက်ရိုက် ဝင်ရောက်ပြီး ထိုလက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်ခဲ့သည်။

“ဘုန်း”

ချင်ယွင်၏ လက်သီးချက်သည် လူထွားကြီး၏ လက်သီးချက်နှင့် အပြင်းအထန် ထိမိသွား ပြီး၊ ပြင်းထန်သော တုန်ခါသံကို ထွက်ပေါ်လာစေသည်။

ပြင်းထန်သော စွမ်းအားနှစ်ရပ်သည် ချိုင့်ဝှမ်းတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားပြီး၊ အနှိုင်းမဲ့ အင်အားကြီးမားသော လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

လူထွားကြီး၏ရုပ်အသွင်သည် ချင်ယွင်၏လက်သီးချက်ကြောင့် နောက်ပြန်ဆုတ်သွားပြီး၊ သူသည် ပေတစ်ထောင်အထိ ဆုတ်ခွာသွားရသည်။

သို့သော် ချင်ယွင်သည် လူထွားကြီးကို နှင်ထုတ်ပြီးနောက်၊ အခြားသော ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးသည် ချင်ယွင်၏ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဟန်ကျင်း၏လက်ထဲမှ ဆေဘာသည် အနှိုင်းမဲ့ချွန်ထက်နေပြီး ချင်ယွင်၏လည်ပင်းဆီသို့ တိုက်ရိုက် ခုတ်ပိုင်းသွားသည်။ သူ့လက်ထဲက ဆေဘာမှာ တုနှိုင်းမရအောင် ထက်ရှသည့် အငွေ့အသက်တွေ ပါရှိနေပါသည်။

တစ်ဖက်တွင်မူ လင်းတုံ၏ မျက်လုံးများသည် လျှပ်စီးလက်သလို စူးရှနေသည်။ သူ့လက်ထဲမှ ဓားလက်ချောင်းတွေက ချွန်ထက်နေပြီး၊ ဓားစွမ်းအားက အလျားလိုက်နှင့် ဒေါင်လိုက်ပါ ဖြတ်သန်းလာကာ ချင်ယွင်၏နှလုံးကို တည့်တည့်ကို တိုက်ခိုက်လာသည်။

ဟုတ်ပါသည်, ချင်ယွင်က အားနည်းချက် အနည်းငယ်ကိုမျှ မဖော်ပြဝံ့ပါဘူး။ နဂါးအမြီး သည် ဟန်ကျင်း၏ဆေဘာဆီသို့ တိုက်ရိုက် ရွေ့လျားသွားသည်။ တစ်ချိန်တည်းမှာပင်, သူ့လက်ထဲက ဓားစွမ်းအင်သည် လင်းတုံ၏ ဓားလက်ချောင်းကို ကြိုဆိုလိုက်ပါသည်။

တစ်ယောက်နှင့် နှစ်ယောက်တိုက်ခိုက်ခြင်း။

“ဘုန်း..”။

ချင်ယွင်၏ နဂါးအမြီးသည် ဟန်ကျင်း၏လက်မှ ဆေဘာနှင့် အပြင်းအထန် တိုက်မိပြီး ပြင်းထန်သော တုန်ခါသံက ထွက်ပေါ်လာသည်။

ဟန်ကျင်း၏ဆေဘာသည် ချင်ယွင်၏နဂါးအမြီးကြောင့် တိုက်ရိုက် တုန်ခါသွားကာ သူ့လက်ဖဝါးပေါ်ရှိ ဆေဘာစွမ်းအားမှာလည်း ချက်ချင်းပင် ပြန့်ကျဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ချင်ယွင်၏ ဓားလက်ချောင်းများသည် လင်းတုံ၏ ဓားလက်ချောင်း များနှင့် တိုက်မိသွားသည်။ အနှိုင်းမဲ့ အစွမ်းထက်သော ဓားစွမ်းအင်နှစ်ခုသည် ဓားသွား တစွန်းတစ်စကို ဖြစ်ပေါ်စေပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင် ရောင်ခြည် အလင်းတန်းနှစ်ခု ဖြစ်ပေါ်လာစေသည်။

“ဘုန်း..”

ရုတ်တရက် ဓားစွမ်းအင်အမျှင်တန်းနှစ်ခုသည် ပေါက်ကွဲသွားပြီး အဆုံးမဲ့ ဓားစွမ်းအား သည် မုန်တိုင်းတစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။

ချင်ယွင်နှင့် လင်းတုံတို့ နှစ်ဦးစလုံးသည် ဤကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင် မုန်တိုင်းကြောင့် နောက်ပြန်ဆုတ်သွားခဲ့ကြသည်။ ပြန့်ကျဲသွားသော ဓားစွမ်းအားသည် ချင်ယွင်၏ အကြေးခွံများနှင့် အပြင်းအထန် တိုက်မိပြီး၊ ချင်ယွင်၏ အကြေးခွံများပေါ်တွင် အဖြူရောင်အစင်းကြောင်းများ ချန်ထားရစ်ခဲ့ကာ သန့်စင်သည့် သံမဏိ အချင်းချင်း ထိခိုက်မိအသံများ ထွက်ပေါ်နေသည်။

လင်းတုံလည်း ပိုကောင်းခြင်းမရှိပါဘူး။ ဤကြောက်စရာကောင်းသော ဓားစွမ်းအားသည် သူ့ခန္ဓာကိုယ်ကို ပွတ်တိုက်သွားပြီး၊ သူ့ခန္ဓာကိုယ်ပေါ်တွင် သွေးစွန်းထင်းနေသော အမှတ်အသားများ ထွက်ပေါ်လာသည်။

သွေးအစွန်းအထင်းများသည် လျင်မြန်စွာ ပျောက်ကင်းသွားသော်လည်း၊ ၎င်းတို့သည် လင်းတုံ၏ပုံစံကို အလွန်စိတ်ဆင်းရဲဖွယ် ဖြစ်စေခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ပတ်ဝန်းကျင်မှ လူတွေအားလုံး အံ့ဩသွားကြသည်။

ပထမအကြိမ် ထိပ်တိုက်ရင်ဆိုင်မှုတွင် ချင်ယွင်သည် အမှန်တကယ် ဒဏ်ရာမရှိခဲ့ဘဲ သူသည် အသာစီးရခဲ့သည်။ ဤအရာက အလွန်တရာမှ မထင်မှတ်ထားသည့် အရာဖြစ်နေ သည်ကို သူတို့ တွေ့ခဲ့ကြရသည်။

အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသုံးဦးသည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် သူတို့သည် အမှန်တကယ် အားနည်းချက်ရှိနေခဲ့သည်။ အကယ်၍, သူတို့ကိုယ်ပိုင်မျက်စိဖြင့် ကိုယ်တိုင် ကိုယ်ကျ မမြင်ခဲ့ဘူးဆိုလျှင်, သူတို့ကို သတ်ပစ်မည်ဆိုလျှင်ပင်, ဤအရာအားလုံးက အမှန်ဖြစ်သည်ဟု သူတို့ ယုံမှာမဟုတ်ပါဘူး။

ကောင်းကင်နတ်ဘုရားသုံးပါးသည်လည်း သူတို့၏မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ရှိနေကြသည်။ ချင်ယွင်၏တိုက်ခိုက်ရေး စွမ်းအားသည် ၎င်းတို့၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ပြီး ချင်ယွင်ကိုကြည့်နေသည့် ၎င်းတို့၏ အကြည့်များသည် လုံးဝ ပြင်းထန်လာခဲ့သည်။

ချင်ယွင်သည် အေးစက်သော အပြုံးဖြင့် အဝေးတွင် ရပ်နေကာ သူ့ခန္ဓာကိုယ်သည် မောက်မာသော ခံစားချက်ကို ထုတ်လွှတ်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများ သည် သံမဏိကဲ့သို့ တောက်ပနေသဖြင့် သူ့တစ်ကိုယ်လုံး ထူးထူးခြားခြား ရက်စက်ပုံ ပေါက်နေသည်။

"ဖြန်း…”

ချင်ယွင်၏နောက်မှ နဂါးအမြီးက ညင်သာစွာ ဝှေ့ယမ်းသွားပြီး သူ့နောက်ရှိ မြေကြီးပေါ်မှာ အပေါက်ကြီးတစ်ခု ချန်ထားရစ်ခဲ့ပါသည်။

သူသည် ကောင်းကင်ယံ၌ ဆင်းသက်လာမည့် ကပ်ဘေးဒုက္ခကို စောင့်မျှော်နေ၏။

ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူသုံးဦးကို တစ်ပြိုင်နက် ကိုင်တွယ်ဖြေရှင်း ရန် မဖြစ်နိုင်ကြောင်း သူ ရှင်းလင်းစွာ နားလည်ထားသည်။ သူသည် ဤလူများအားလုံးကို တချက်တည်း ဖမ်းချုပ်လိုပါက၊ ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ တန်ခိုးကိုသာ အားကိုးနိုင်ပါသည်။

သူသည် ဤလူများကို အခွင့်အရေးပေးထားပြီး ဖြစ်သော်လည်း၊ သူတို့သည် ထွက်ခွာရန် ငြင်းဆိုကြသောကြောင့် ချင်ယွင်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်ရန်မှ လွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

တကယ်တော့ ဤလူအားလုံး၏ ရည်ရွယ်ချက်သည် သူ့ကိုသတ်ပြီး သူ့အမွေနှစ်ကို သိမ်းယူရန် ဖြစ်သည်။ ထို့ကြောင့်, ချင်ယွင်အနေဖြင့် သူတို့ကို ကရုဏာတရား မပြနိုင်တော့ပေ။

အကယ်၍, သူတို့သည် သူ့ကို သတ်ချင်သည်ဆိုလျှင်, သူတို့ကိုယ်တိုင်လည်း အသတ်ခံရ နိုင်သည်ကို သတိရှိထားရမည်။ ဤသည်မှာ ချင်ယွင် အမြဲယုံကြည်ခဲ့သော နိယာမ ဖြစ်သည်။

"ကောင်စုတ်လေး၊ မင်းရဲ့ခွန်အားက ငါတို့မျှော်လင့်ထားတာထက် တကယ်ကို ကျော်လွန် နေတယ်။ မင်းရဲ့ကျင့်ကြံမှုက အစောပိုင်း ကြယ်နတ်ဘုရား နယ်ပယ်မှာပဲ ရှိနေတယ်။ ဒီလို အစွမ်းထက်တဲ့ ခွန်အားကို မင်း ဘယ်လို ပိုင်ဆိုင်နိုင်ထားလဲဆိုတာ ငါ သိချင်မိတယ်။" လူထွားကြီးက သိချင်စိတ်ပြင်းစွာ မေးလိုက်သည်။

လူတိုင်းသည် ရှုပ်ထွေးသော အမူအရာကိုယ်စီကို ထုတ်ဖော်ထားကြသည်။ သူတို့လည်း ထိုမေးခွန်းကို သိချင်နေခဲ့သည်မှာ ထင်ရှားပါသည်။

အပေါ်ယံမျက်နှာပြင်တွင်၊ ချင်ယွင်၏ကျင့်ကြံမှုသည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့် တွင်သာရှိသော်လည်း ယခုပြသခဲ့သော တိုက်ခိုက်ရေးစွမ်းရည်မှာ အစောပိုင်း ကောင်းကင် နတ်ဘုရားအဆင့်ထက်ပင် အားနည်းခြင်း မရှိတော့ပေ။

တိုက်ပွဲတစ်ခုတွင် အဆင့်နှစ်ဆင့်ကို ကျော်ဖြတ်ပြီး တိုက်ခိုက်ခြင်းသည် နတ်ဘုရားကမ္ဘာ မှာပင် အလွန်ခက်ခဲသော်လည်း ချင်ယွင်သည် အဆင့်နှစ်ဆင့်ကို ကျော်ဖြတ်တိုက်ခိုက်နိုင် ခဲ့သည်။ သူတို့မျက်လုံးထဲမှာတော့ ဒါက လုံးဝ မဖြစ်နိုင်ပါဘူး။

"ငါ့ရဲ့ ခွန်အားနဲ့ နယ်ပယ်က ဘာလို့ အရမ်းကွာခြားနေလဲဆိုတာ သိချင်ကြတာလား" ချင်ယွင်က ရယ်မောကာ မေးလိုက်သည်။

ချင်ယွင်၏အဖြေကို လူတိုင်းက တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

ချင်ယွင်က ပြုံးပြီး ပြောသည် "တကယ်တော့ အဖြေက အရမ်းကို ရိုးရှင်းပါတယ်။ မင်းတို့ ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရင် သိပါလိမ့်မယ်"

အားလုံးက ချင်ယွင်၏ဆိုလိုရင်းကို နားမလည်နိုင်ဘဲ စိတ်ရှုပ်ထွေးစွာဖြင့် ကောင်းကင်ယံ ကို မျှော်ကြည့်နေကြသည်။

သို့သော် လူတိုင်း ခေါင်းကို မော့လိုက်သည့်အခိုက်တွင်၊ ကောင်းကင်ယံ၌ ကာလ အတန် ကြာအောင် စုစည်းနေသည့် ကပ်ဘေးဒုက္ခတိမ်တိုက်များသည် နောက်ဆုံးတွင် ပေါက်ကွဲ ထွက်လာခဲ့သည်။

“ဘုန်း..”

ကြောက်မက်ဖွယ် မိုးခြိမ်းသံသည် ကီလိုမီတာ သန်းပေါင်းများစွာအထိ ပဲ့တင်ထပ်သွားခဲ့ သည်။ ပြိုဆင်းနေသော တိမ်စိုင်တိမ်မည်းများကြားထဲမှာ လျှပ်စီးနဂါး ထောင်ပေါင်းများစွာ သည် လူးလွန့်နေခဲ့သည်။ ထိုမြင်ကွင်းက အနှိုင်းမဲ့ ကြောက်စရာကောင်းလွန်းသည်။

လူတိုင်းသည် အေးစက်စက်လေကို မရှုရှိုက်ဘဲ မနေနိုင်တော့ပေ။ သူတို့၏စိတ်နှလုံးထဲမှာ တုန်လှုပ်ခြောက်ခြားမူများဖြင့် ပြည့်နှက်နေလေသည်။

All Chapters