← Chapters

အခန်း ၁၅၁၁

Vol. 101 Ch. 1511

အခန်း ၁၅၁၁

Vol. 101 Ch. 1511

အခန်း (၁၅၁၁) ကြောက်မက်ဖွယ်လျှပ်စီးကြောင်းဘေးဒုက္ခ

အနီးနားရှိ သစ်ပင်များသည် လျှပ်စီးနဂါးတွေကြောင့် အပြင်းအထန် အဆက်မပြတ် ပေါက်ကွဲသွားကြသည်။ သစ်ပင်ကြီးများသည် မီးသွေးတုံးအဖြစ်သို့ ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများသည် ချက်ချင်းပင် အမှုန့်ဖြစ်သွားကာ အနက်ရောင် မီးသွေးအဖြစ်သို့ ပြောင်းလဲသွားသည်။

အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များသည် သနားစရာ ကောင်းသော အော်ဟစ်သံများကို တစ်ယောက်ပြီးတစ်ယောက် ဟစ်အော်ကာ ဤကြောက်မက်ဖွယ်ကောင်းသည့် လျှပ်စီးကြောင်းများ၏ တိုက်ခိုက်မှုကို တားဆီးရန် ၎င်းတို့၏ နတ်ဘုရားတန်ခိုးစွမ်းအားကို အပြင်းအထန် အသုံးပြုခဲ့ကြသည်။ သို့သော်၊ ဤနတ်ဘုရား လျှပ်စီး၏တန်ခိုးသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့၏ နတ်ဘုရားတန်ခိုးဖြင့် ဖွဲ့စည်းထားသော ခုခံကာကွယ်မှုများသည် တစ်ခဏမျှသာ ခံနိုင်ရည်ရှိခဲ့ပြီး၊ ထိုနတ်ဘုရား၏ လျှပ်စီးကြောင်းများက သူတို့၏ နတ်တန်ခိုး အကာကွယ် ဒိုင်းများကို ကွဲကြေသွားစေခဲ့သည်။

နတ်ဘုရားတန်ခိုးစွမ်းအား၏ အကာအကွယ်မရှိတော့သည့်အတွက် နတ်ဘုရား လျှပ်စီး များသည် သူတို့၏ ခန္ဓာကိုယ်ကို ရိုက်ခတ်ကာ သူတို့၏ခန္ဓာကိုယ်များသည် မီးသွေး အဖြစ်သို့ ချက်ချင်း ပြောင်းသွားကြသည်။ ၎င်းတို့ထဲမှ အချို့သည် နတ်ဘုရားလျှပ်စီးများမှ တိုက်ရိုက် ထိုးဖောက်ခြင်းခံရပြီး၊ အဆုံးမရှိသော လျှပ်စီးပင်လယ်ထဲတွင် ၎င်းတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များ ပျက်သုဉ်းသွားခဲ့ကြသည်။

ရှောင်ဟန်ရှန်သည် အကာအကွယ်ကို အနည်းငယ်မျှပင် အသုံးမပြုခဲ့သောကြောင့်၊ သူသည် လုံးလုံး မသေဆုံးမီ ဤလျှပ်စီးပင်လယ်ထဲ၌ တစ်စက္ကန့်မျှသာ နေနိုင်ခဲ့သည်။

ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင် သုံးဦးအနေဖြင့်မူ, ၎င်းတို့သည် ဤ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားလျှပ်စီးတိုက်ခိုက်မှုကို တွန်းလှန်ရန် ၎င်းတို့၏ အစွမ်းထက်သော နတ်ဘုရားတန်ခိုးစွမ်းအားကို အသုံးပြုပြီး ခံနိုင်ရည်ရှိအောင် ရုန်းကန်နေရသည်။

ချင်ယွင်အနေဖြင့်လည်း, သူသည် ထိုကြောက်စရာကောင်းသည့် လျှပ်စီးပင်လယ်ကြီးထဲ မှာ လုံးလုံးလျားလျား နှစ်မြုပ်ခြင်းခံလိုက်ရသည်။

ထိုအချိန်တွင် အဖြူရောင် ကျောက်စိမ်းလျှပ်စီးပုလဲသည် သူ့ခေါင်းထက်တွင် လွင့်မျောနေ ပြီး ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ်လျှပ်စီးကြောင်းအားလုံးကို ဝါးမြိုသွားကာ ထိုလျှပ်စီး မြွေငယ်များသာ ကျန်ရစ်တော့သည်။

ထိုလျှပ်စီးမြွေငယ်လေးများသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံတွေကို တဖျပ်ဖျပ် ရိုက်ခတ်နေသော်လည်း သူတို့သည် သူ့ကို အကြီးအကျယ် ထိခိုက်ပျက်စီးအောင် မလုပ်နိုင် ကြပါဘူး။

ဤကြောက်မက်ဖွယ်လျှပ်စီးကြောင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသော အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ အားလုံးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်တုန်လှုပ်ခြောက်ခြားသည့် အမူအရာများကို ထုတ်ဖော်လာခဲ့ကြသည်။ ကောင်းကင်နတ်ဘုရားသုံးပါးပင်လျှင် အနှိုင်းမဲ့ ထိတ်လန့် တုန်လှုပ်သွားကြသည်။

ဤနတ်ဘုရားလျှပ်စီးများသည် သူတို့ကို ပြောမပြနိုင်လောက်အောင် စိတ်ဒုက္ခပေးနိုင် သော်လည်း ချင်ယွင်သည် ငြိမ်သက်နေ၏။ ဤကြီးမားသော ကွာဟချက်သည် ၎င်းတို့ကို အလွန်မင်း စိတ်မချမ်းသာစေခဲ့ပေ။

ချင်ယွင်သည် လျှပ်စီးပင်လယ်ထဲသို့ ခြေစုံပစ်ဝင်ပြီး၊ လျှပ်စီးပင်လယ်ပြင်ကို အရှိန်အဟုန် ဖြင့် ဖြတ်သန်းပြေးသွားရင်း အတောမသတ် ရယ်မောလိုက်သည်။

"ဝှီး…၊ ဝှီး…၊ ဝှီး…။

ချင်ယွင်၏ရုပ်အသွင်သည် နောက်ဆက်တွဲ ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး၊ သူ့လက်ထဲတွင် မြူနှင်းချောက်နက်ဓားက ထွက်ပေါ်လာကာ၊ နတ်ဘုရားလျှပ်စီးကြောင့် သတ်ဖြတ်ခြင်းမခံရသေးသည့် အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများကို တိုက်ရိုက် သုတ်သင်ပစ်တော့သည်။

လျှပ်စီးနှင့်အတူပါလာသော ဓားအလင်းသည် ထိုအထွက်အထိပ် မြေကမ္ဘာနတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူများ၏ အသက်ကို ဆက်လက် ရိတ်သိမ်းနေခဲ့သည်။

“အား…”။

ထိုအထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည် ကြောက်မက် ဖွယ်ကောင်းသော နတ်ဘုရားလျှပ်စီးကြောင်းထဲ မနစ်မြုပ်ခင် စိတ်ဆင်းရဲစွာ အော်ဟစ်ရန် အချိန်တစ်ခုသာရခဲ့သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင်၊ ချင်ယွင်၏ဓားဖြင့် သေဆုံးသွားသော အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဆယ်ယောက်ထက် မနည်းရှိခဲ့သည်။

အလွန်လျင်မြန်စွာပင်, ချိုင့်ဝှမ်းတစ်ခုလုံးတွင် ချင်ယွင်နှင့် ကောင်းကင်နတ်ဘုရား သုံးပါးသာ ကျန်ရစ်တော့သည်။ ကျန်သူများအားလုံးကို ချင်ယွင်က သတ်ပစ်ခဲ့ပြီး ၎င်းတို့ထဲ တစ်ဦးတစ်ယောက်မျှ မကျန်ရစ်တော့ပေ။

ကောင်းကင်နတ်ဘုရားသုံးပါးသည် သူကို တားဆီးချင်သည်ဆိုလျှင်ပင်, သူတို့အနေဖြင့်, ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ထိုကြောက်စရာကောင်းသည့် လျှပ်စီးတွေက သူတို့ကို လွှမ်းခြုံ ထားပြီး ဖြစ်နေပြီ။ ထို့ကြောင့် သူတို့သည် မြေကမ္ဘာနတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများ ကို ဂရုစိုက်ရန် မည်သို့ စိတ်ထဲရှိနိုင်မည်နည်း။

ထို့အပြင်၊ ဤလူများသည် ၎င်းတို့၏မျက်လုံးထဲတွင် မရှိမဖြစ်လိုအပ်သော အရာ များမဟုတ်သောကြောင့် ချင်ယွင်က ၎င်းတို့အားလုံးကို သတ်ပစ်မည်ဆိုလျှင်လည်း, သူတို့သည် လုံးဝ ဂရုမစိုက်ပေ။

“ဘုန်း….၊ ဘုန်း…၊ ဘုန်း…”

ကြောက်မက်ဖွယ်လျှပ်စီးကြောင်းများသည် ချိုင့်ဝှမ်းအတွင်း၌ အမွှေးတိုင်တစ်ချောင်းနီးပါး ထွန်းညှိချိန်အထိ ကြာမြင့်ခဲ့သည်။ ထိုမှသာ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများ သည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ယခုအခါ ချိုင့်ဝှမ်းတစ်ခုလုံးသည် မည်းသဲနေခဲ့ပြီး အပင်များအားလုံး လျှပ်စီးများကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်နတ်ဘုရားသုံးပါးသည် သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားတန်ခိုး အလင်း အကာကွယ်ကို ဖြန့်ကျက်ထားပြီး၊ သူတို့၏မျက်လုံးများက ချင်ယွင်ကို စိုက်ကြည့်နေကြ သည်။

ချင်ယွင်က အတောမသတ် ရယ်မောလိုက်ပြီး သူ့ပတ်ဝန်းကျင်မှာ မီးလောင်ကျွမ်းနေသည့် အလောင်းတွေ ရှိနေခဲ့သည်။

ကောင်းကင်မှာ တိမ်စိုင်တိမ်မည်းတွေက နည်းနည်းမှ လျော့ကျမသွားသေးဘဲ၊ ကြောက်စရာကောင်းသည့် ဖိအားတွေကလည်း တုနှိုင်းမရအောင် ကြောက်စရာ ကောင်းနေဆဲပင်။

"ဘယ်လိုလဲ၊ ဒီကောင်းကင်ဘုံ ကပ်ဘေးဒုက္ခရဲ့ စွမ်းအားကို ကျေနပ်ကြရဲ့လား။ အခုနက အမြည်းသာသာပဲ ရှိသေးတာ။ ငါ့ရဲ့ခန့်မှန်းချက်အရဆို, ငါက အနည်းဆုံး လျှပ်စီး ဆယ့်နှစ်ခုကို ရင်ဆိုင်ရလိမ့်မယ်။ အခု ပထမလျှပ်စီးကပ်ဘေးဒုက္ခက ပြီးဆုံးသွားပြီ။ နောက်တစ်ခုရဲ့ စွမ်းအားက ပိုကြောက်စရာကောင်းလာလိမ့်မယ်။" ချင်ယွင်က ပြုံးပြီး အစောပိုင်း ကောင်းကင်ဘုရား နယ်ပယ် ကျွမ်းကျင်သူ သုံးဦးကို ပြောသည်။

"ဆယ့်နှစ်ခုလား?" လူထွားကြီးသည် လွန်စွာ ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်ရင်း၊ သူ့မျက်လုံးများကို ပြူးကျယ်ဖွင့်ကာ မအော်ဟစ်ဘဲ မနေနိုင်ခဲ့ပေ။

ဤပထမကောင်းကင်ဘုံ ကပ်ဘေးဒုက္ခ၏ တန်ခိုးသည် အလွန်ကြောက်စရာ ကောင်းနေ ပြီဖြစ်သည်။ ထိုသို့ဆိုလျှင်, နောက်လာမည့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် ပို၍ပင် ကြောက်စရာကောင်းလိမ့်မည် မဟုတ်ပေလော။

ဟန်ကျင်းနှင့် လင်းတုံတို့သည် အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့နှစ်ယောက်စလုံး သည် ဆုတ်ခွာရန် စိတ်ကူးရှိနေကြသည်။

သို့သော် သူတို့ထွက်ခွာခါနီးတွင် ချင်ယွင်က နောက်တဖန် ပြောလိုက်သည် "မင်းတို့ အခုချိန်မှ ထွက်သွားလို့ အသုံးမဝင်တော့ဘူး။ ကောင်းကင်ဘုံတန်ခိုးအစွမ်းက မင်းတို့ကို ပစ်မှတ်ထားပြီးသွားပြီ။ မင်းတို့ ဒီကနေထွက်သွားရင်တောင် ဒီကောင်းကင်ဘုံ ကပ်ဘေး ဒုက္ခက မင်းတို့နောက်ကို အမြဲလိုက်နေလိမ့်မယ်။"

"လခွမ်း…" လူထွားကြီးသည် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

ဟန်ကျင်းနှင့် လင်းတုံတို့၏ မျက်လုံးများသည်လည်း ပြင်းထန်သည့် အေးစက်စက် အလင်းတန်းများကို ထုတ်လွှတ်လာကြသည်။ ထိုအခိုက်တွင်၊ သူတို့သည် အစကတည်းက ချင်ယွင်၏ လက်ခုပ်ထဲသို့ ဝင်သွားခဲ့သည်ကို သူတို့လည်း နားလည်ခဲ့ကြသည်။

ဤချင်ယွင်သည် သူတို့အားလုံးကို ရေထဲသို့ဆွဲနှစ်ပြီး အားလုံးကို တချက်တည်းဖြင့် ဖမ်းဆီးနိုင်ရန် စကားလုံးတွေဖြင့် တမင်တကာ နှိုးဆော်ခဲ့သည်။

"ဒါပေမယ့်, မင်းတို့ကောင်တွေ ဒီကောင်းကင်ဘုံကပ်ဘေးဒုက္ခကို မရှောင်လွှဲနိုင်တာတော့ မဟုတ်ပါဘူး။ အဲဒါကတော့ ငါ့ကိုသတ်လိုက်ပါ။ မင်းတို့ ငါ့ကိုသတ်လိုက်တာနဲ့, ဒီကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြီးက သဘာဝအတိုင်း ပျောက်ကွယ်သွားလိမ့်မယ်။" ချင်ယွင်က ဆက်လက်ရယ်မောပြီး ပြောလိုက်သည်။

ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင် သုံးဦးသည် အနည်းငယ် မှင်သက်သွားပြီး၊ သူတို့၏ မျက်နှာများသည် သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။

ချင်ယွင်၏စကားကို သူတို့ မယုံရဲကြပေ။ နောက်ဆုံးတွင်၊ ချင်ယွင်သည် သူ့ကို သူတို့ ခြိမ်းခြောက်နိုင်သည့် ဤကဲ့သို့သောကိစ္စမျိုးနှင့် ပတ်သက်၍ သူတို့အား လုံးဝ ဖွင့်ပြောမည် မဟုတ်ပေ။ သူ အရူးမဟုတ်ရွေ့, သူသည် အခုလိုထုတ်ပြောမှာ မဟုတ်ပါဘူး။ ထို့ကြောင့်၊ ချင်ယွင်သည် သူ့စကားနောက်ကွယ်တွင် လျှို့ဝှက်ကြံစည်မှုမျိုး ရှိနေမည်ဟု သူတို့ သံသယ ရှိလာကြသည်။

ချင်ယွင်သည် ကောင်းကင်နတ်ဘုရားသုံးပါး၏ မျက်နှာပေါ်မှ သံသယဖြစ်နေဟန် အမူအရာများကို မြင်လိုက်ရလျှင်, သူ့စိတ်ထဲတွင် သူတို့ မည်သည့်အရာ တွေးနေမှန်း သိလိုက်သည်။ သို့သော်လည်း သူက တခြားဘာမှ မပြောတော့ပေ။ ယင်းအစား, သူသည် ခေါင်းကိုမော့ပြီး ကောင်းကင်ယံကို ဆက်ကြည့်နေသည်။

တကယ်တော့ သူပြောခဲ့သည့်အရာအားလုံးသည် လုံးဝ အမှန်တရား ဖြစ်ပါသည်။ သို့သော်, တစ်ခါတစ်ရံမှာ အမှန်တရားကို အလွယ်တကူ မယုံကြပေ။ ဤအရာက ချင်ယွင် လိုချင်သည့်အရာ ဖြစ်သည်။

သေချာပါသည်။ ချင်ယွင်၏စကားတွေ ပြီးဆုံးသည်နှင့်၊ ကောင်းကင်နတ်ဘုရားသုံးပါး သည် ချင်ယွင်ကို ထပ်မတိုက်ခိုက်ရဲတော့ဘူး။ အနည်းဆုံးတော့, သူတို့သည် အချိန်အတိုင်း တာတစ်ခုအထိ ချင်ယွင်ကို ထပ်ပြီး မတိုက်ခိုက်ရဲတော့ပါဘူး။

ချင်ယွင်သည်လည်း ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရန် ဤအခွင့်အရေးကို အခွင့်ကောင်းယူခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ချင်ယွင်သည် ဤကောင်းကင်ဘုံ ကပ်ဘေးဒုက္ခနှင့် ပတ်သက်၍ အလွန်မင်း ယုံကြည်မူမရှိပေ။ နောက်ဆုံးတွင်, နတ်ဘုရားကမ္ဘာ၌ မည်သူမျှ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို မကြုံဖူးပါဘူး။ သို့သော် ဤကောင်းကင်ဘုံ ကပ်ဘေးဒုက္ခသည် သူထင်ထားသည်ထက် ပို၍အားကောင်းမည်မှာ ချင်ယွင် သေချာသိပါသည်။

“ဘုန်း”

ချင်ယွင် အာရုံပြောင်းသွားသည်နှင့်, နောက်ထပ် ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံတစ်ခု ကောင်းကင်ယံ၌ ထွက်ပေါ်လာသည်။

ချင်ယွင်နှင့် ကောင်းကင်ဘုံနတ်ဘုရားသုံးပါးတို့သည် မတတ်တာပဲ ခေါင်းမော့လိုက်ကြပြီး၊ ဖော်ပြပါမြင်ကွင်းကြောင့် သူတို့အားလုံး ထိတ်လန့်သွားခဲ့ကြသည်။

လျှပ်စီးနဂါးတစ်ရာသည် ကပ်ဘေးဒုက္ခတိမ်များကို ဆုတ်ဖြဲကာ ချင်ယွင်ရှိ ချိုင့်ဝှမ်းဆီသို့ ပြေးထွက်လာကြသည်။

ရာနှင့်ချီသော လျှပ်စီးနဂါးများသည် အချင်းချင်း ရစ်ပတ်နေကြသည်။ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးတန်ခိုး၏ စွမ်းအားကြောင့် သူတို့လေးဦး၏ ဦးရေပြားများပင် ထုံကျင်သွားသည်ဟု ခံစားလိုက်ရသည်။

ပထမကောင်းကင်ဘုံ ကပ်ဘေးဒုက္ခတွင် လျှပ်စီးနဂါးဆယ်ကောင်သည် ဆင်းသက်လာခဲ့ ပြီး၊ အခု ဒုတိယမြောက် လျှပ်စီးကပ်ဘေးဒုက္ခတွင် နဂါးအကောင်တစ်ရာ ဆင်းသက်လာ သည်။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ တိုးမြင့်လာသော စွမ်းအားသည် အလွန်ပင် ကြောက်စရာကောင်းလွန်းသည် မဟုတ်ပါလော။

လျှပ်စီးနဂါးဆယ်ကောင်သည်ပင် ၎င်းတို့အားလုံးကို လွှမ်းခြုံထားနိုင်ခဲ့ပြီး၊ ယခုအခါ တစ်ရာရှိနေပြီ ဖြစ်သည်။

"ဘုန်း…"

သို့သော်လည်း ဤလျှပ်စီးကပ်ဘေးဒုက္ခက သူတို့ကို စဉ်းစားရန် အချိန်အများကြီး မပေးခဲ့ပေ။ ၎င်းတို့သည် တိုက်ရိုက် ဆင်းသက်လာခဲ့ပြီး ချိုင့်ဝှမ်းတစ်ခုလုံး နစ်မြုပ်သွား ခဲ့သည်။

ကောင်းကင်နတ်ဘုရားသုံးပါးနှင့် ချင်ယွင်တို့၏ ရုပ်ခန္ဓာကိုယ်များသည် ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးနဂါးများကြောင့် လွင့်ထွက်သွားခဲ့ပြီး သူတို့၏ခြေအောက်ရှိ မြေပြင် သည် ချက်ချင်းဆိုသလို ကွဲအက်သွားခဲ့သည်။

All Chapters