အခန်း ၁၅၁၃
Vol. 101 Ch. 1513
အခန်း (၁၅၁၃) တာအိုခြောက်ရာ။
"သူ မသေသေးဘူးလား။ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခက ဘယ်လိုလုပ် ရှိနေသေးတာလဲ" ဟန်ကျင်းသည် ကောင်းကင်မှ ပြိုဆင်းလာသော ကြောက်မက်ဖွယ် လျှပ်စီးနဂါး ၆ဝဝ ကို ကြည့်ကာ မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်ပါသည်။
လင်းတုံသည်လည်း အလွန်တရာ အံ့ဩနေသည့် အမူအရာတစ်ခုကို ထုတ်ဖော်ထားသည်။ သူသည် ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများကို ကြည့်လိုက်ရင်း သူ့နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
ကြောက်စရာကောင်းသည့် လျှပ်စီးနဂါးခြောက်ရာ။ ထိုလျှပ်စီးနဂါးများ၏ စွမ်းအားက မည်မျှအထိ ကြောက်စရာကောင်းလိုက်မည်နည်း။ ထိုလျှပ်စီးကြောင်းများ၏ ဖိအား သက်သက်ကြောင့် သူတို့၏ ခြေထောက်များပင် အားနည်းသွားရသည်။
"မသေဘူးလား။ မရှိတော့ဘူးလေ။ မင်းတို့ မပျော်ရွှင်သင့်သေးဘူး။ တကယ်လို့, ငါသေသွားရင် မင်းတို့စိတ်ဝင်စားနေတဲ့အရာက ပျက်ဆီးသွားမှာ မဟုတ်ဘူးလား" သို့သော် ဤအခိုက်အတန့်တွင် ပုံရိပ်တစ်ခုသည် သူတို့နောက် မလှမ်းမကမ်းမှ ထွက်ပေါ် လာခဲ့သည်။
နှစ်ယောက်သား လှည့်ကြည့်လိုက်တော့ ချင်ယွင်သည် ဒဏ်ရာကင်းမဲ့စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူက သူတို့ကို ပြုံးပြပြီး ချင်ယွင်၏လက်ထဲတွင် ဦးခေါင်းတစ်လုံး ရှိနေခဲ့သည်။
ထိုဦးခေါင်းသည် ချင်ယွင်ကို စောစောက တိုက်ခိုက်ခဲ့သည့် လူထွားကြီး၏ဦးခေါင်းမှလွဲ၍ တခြား မဟုတ်ပါဘူး။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟန်ကျင်းနှင့် လင်းတုံတို့၏ နှလုံးသားများသည် တုန်လှုပ်သွားခဲ့ကြသည်။ ထိုအချိန်တွင် သူတို့သည် ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။ ချင်ယွင်က သူတို့ကို ရှင်းရှင်းလင်းလင်း ပြုံးပြနေ သော်လည်း၊ ထိုအပြုံးက သေမင်းနတ်ဘုရား၏ အမျက်ဒေါသထက် ပိုကြောက်စရာ ကောင်းနေခဲ့သည်။
"မဖြစ်နိုင်ဘူး၊ မင်း ဘယ်လိုလုပ် မသေနိုင်တာလဲ" ဟန်ကျင်းက အံဩသောအမူအရာဖြင့် မေးလိုက်သည်။
သူ့အမြင်အရဆို, ယခုလေးတင် သူ့ဆေဘာတိုက်ခိုက်မှု၏ စွမ်းအားသည် အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို သတ်ပစ်ဖို့ လုံလောက်နေ ပါပြီ။ ထိုကြောက်မက်ဖွယ်ကောင်းသော ဆေဘာစွမ်းအားသည် အစောပိုင်း ကောင်းကင် နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများ၏ စိတ်ဝိညာဉ်များကိုပင် လုံးလုံးလျားလျား ဖျက်ဆီးပစ်ရန် လုံလောက်ပါသည်။ သို့သော် ချင်ယွင်သည် ယခုအချိန်တွင် မသေသေးပေ။ ဤအရာက သူ့ကို မယုံနိုင်စရာ ခံစားချက်ကို ဖြစ်ပေါ်စေသည်။
လင်းတုံလည်း အလားတူပင်။ အခုလေးတင် သူ သူတိုက်ခိုက်ခဲ့သည့် ဓားချက်သည် အားမနည်းပေ။ ထို့ကြောင့်, ချင်ယွင် အသက်ရှင်နေသေးသည်ကို မြင်တွေ့လိုက်ရချိန်မှာ အလွန်မင်း ဝေခွဲမရဖြစ်နေသည့် အမူအရာ ပေါ်လာခဲ့သည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဟန်ကျင်း၏မေးခွန်းကို မဖြေခဲ့ပေ။ ယင်းအစား, သူသည် လူထွားကြီး၏ဦးခေါင်းကို ကောင်းကင်ပေါ်သို့ ပစ်ချလိုက်ပါသည်။
လူထွားကြီး၏ ဦးခေါင်းကို သူ ဖြတ်တောက်နိုင်ခဲ့သော်လည်း သူသည် မသေသေးပေ။ သူသည် ချင်ယွင်၏ နတ်ဘုရား စိတ်ဝိညာဉ်တိုက်ခိုက်ခံရမှု အခြေအနေမှ နိုးထလာခဲ့ပြီ ဖြစ်သည်။ ချင်ယွင်သည် သူ့အပေါ် လုပ်ခဲ့သည့်အရာတွေကို သူ ခံစားနိုင်သည်။ သူက သွေးရူးသွေးတန်းအသံဖြင့် အော်ပြောလိုက်သည် "ချင်ယွင်၊ ငါက တစ္ဆေဖြစ်နေရင်တောင် မင်းကို ငါခွင့်မလွှတ်ဘူး...”
သို့သော် သူပြောပြီးသည်နှင့် ကောင်းကင်မှကျဆင်းလာသော လျှပ်စီးနဂါကြီးတစ်ကောင် က သူ့ခေါင်းကို ဝါးမျိုသွားခဲ့သည်။ အဆုံးတွင်၊ သူ၏ဦးခေါင်းတစ်ခုလုံးသည် လျှပ်စီးနဂါး၏ ပါးစပ်တွင် ပေါက်ကွဲသွားပြီး၊ သူ၏စိတ်ဝိညာဉ်နှင့် ဦးခေါင်းတို့သည် လျှပ်စီးနဂါးကြီး၏ ပါးစပ်တွင် လုံးဝ ပျက်သုဉ်းသွားခဲ့သည်။
ဟန်ကျင်းနှင့်လင်းတုံတို့သည် ထိုမြင်ကွင်ကို မြင်လိုက်ရသည့်အခါ သူတို့၏နှလုံးသားတွေ က ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
နောက်ဆုံးတွင်, ဤလူထွားကြီးသည်လည်း သူတို့နှင့်အဆင့်တူ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါသည်။ သူတို့ရှေ့မှာပင် ဤချင်ယွင်က သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်ခြင်းက အရင်က သူတို့မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပါသည်။
သို့သော်လည်း လျှပ်စီးနဂါး ၆၀၀ သည် ဆင်းသက်လာနေပြီဖြစ်သောကြောင့် သူတို့သည် အခြားမည်သည့်အရာကိုမျှ စဉ်းစားရန် အချိန်မရှိတော့ပေ။
"ဘုန်း.."
လျှပ်စီးနဂါးများသည် တစ်ချိန်တည်းတွင် ဆင်းသက်လာခဲ့သည်။ ရိုက်ခတ်မှုက ချင်ယွင်နှင့်အခြားလူတွေအပေါ် တိုက်ရိုက် ထိမှန်ပြီး၊ သူတို့သုံးဦးစလုံး မြေပြင်ပေါ်သို့ ချက်ချင်းပင် ပြုတ်ကျသွားကြသည်။ သူတို့ခြေထောက်အောက်က မြေပြင်သည် ချက်ချင်း ကွဲအက်သွားပြီး မြေကြီးတစ်ခုလုံး ပြိုကျသွားခဲ့သည်. ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းများသည် ကီလိုမီတာထောင်နှင့်ချီတိုင် ချက်ချင်း ပျံ့နှံ့သွားပြီး ကီလိုမီတာ တစ်ရာပတ်လည်ရှိ အပင်များသည် ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။
ကီလိုမီတာရာပေါင်းများစွာ ဝေးသောအရပ်သို့ ပျံသန်းနေပြီးဖြစ်သော ကျိုးလင်နှင့် အခြားသူများသည် ဤကြောက်စရာကောင်းပြီး ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ရ သောအခါတွင်, သူတို့ပါးစပ်တွေကို ဖုံးအုပ်မထားဘဲ မနေနိုင်ခဲ့ပေ။ သူတို့၏ ပြူးကျယ်နေ သော မျက်လုံးများက ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာများကို ပေါ်လွင်စေသည်။
သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးနဂါးများနှင့် မိုင်ရာနှင့်ချီဝေးသော အရပ်မှာရှိနေသော်လည်း, ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားနိုင်သော ကြောင့် ထိုအချိန်တွင်, သူတို့သည် ချင်ယွင်အတွက် အလွန်မင်း စိုးရိမ်သွားခဲ့ကြသည်။
"အဒေါ်၊ ဦးလေးက ဒီကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကနေ လွတ်မြောက်နိုင်ပါ့မလား" ကျိုးဟုန်ရွှဲ့က စိုးရိမ်တကြီး မေးသည်။
"လွတ်မြောက်နိုင်မှာပါ။ ခင်ပွန်း, ရှင် ဒါကို သေချာပေါက် လုပ်နိုင်တယ်" ကျိုးလင်က ပြတ်ပြတ်သားသား ပြောသည်။ သူမသည် ထိုသို့ပြောလိုက်သော်လည်း သူမစိတ်ထဲမှ စိုးရိမ်မှုက ကျိုးဟုန်ရွှဲ့ထက် မနည်းပါဘူး။
"ညီအစ်ကိုချင်က သေချာပေါက် လုံခြုံပြီး အဆင်ပြေမှာပါ" ကျိုးယွမ်က ရှေ့ကိုကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။
သို့သော် သူပြောသည့်အတိုင် သူ့ရင်ထဲတွင် အလွန်တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
ဤကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးနဂါး ၆၀၀ ကို တိုက်ရိုက်ရင်ဆိုင်ရမည်ကို မဆိုထားနှင့်, ၎င်းတို့အနက်မှ တစ်ကောင်သည် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပါက သူ့ကို တိုက်ရိုက် သတ်ပစ်နိုင်သည်။ ထို့ကြောင့် ချင်ယွင်သည် ဤနဂါး ၆၀၀ ၏ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်သည်ကို မြင်လိုက်ရသောအခါ သူ့နှလုံးသား က အနှိုင်းမဲ့ တုန်လှုပ်သွားခဲ့သည်။
“ဘုန်း..”
ထိုအချိန်တွင် ချင်ယွင်နှင့် အခြားလူများသည် လျှပ်စီးပင်လယ်ထဲတွင် လုံးဝ နစ်မြုပ်သွား ခဲ့သည်။ ထိုကြောက်မက်ဖွယ် လျှပ်စီးကြောင်းများသည် ကြောက်မက်ဖွယ် နတ်ဘုရား ကြာပွတ်များအလား သူတို့၏ကိုယ်ခန္ဓာကို အဆက်မပြတ် ရိုက်ခတ်နေခဲ့သည်။
ဟန်ကျင်းနှင့် လင်းတုံတို့သည် ဝမ်းနည်းကြေကွဲဖွယ် အခြေအနေမျိုး ရှိနေကြပြီး၊ ပို၍ပင် သနားစရာကောင်းလာသည်။ သူတို့၏ အသားအရေများပင် မည်းတူလာသည်။ သူတို့ပတ်ပတ်လည်ရှိ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးသိပ်သည်းဆသည် ၎င်းတို့၏ကန့်သတ်ချက်သို့ ရောက်ရှိသွားကာ ၎င်းတို့၏ ခန္ဓာကိုယ်များသည် စတင် ပြိုကျလာသည်။
လူနှစ်ယောက်သည် အနှိုင်းမဲ့ သနားစရာကောင်းသည့် အော်ဟစ်သံများဖြင့် အော်ဟစ် နေကြပြီး၊ သူတို့၏ဟစ်အော်သံက ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်နေခဲ့သည်။ ယင်းကြောင့် လူတိုင်း၏စိတ်နှလုံးကို တုန်လှုပ်သွားစေခဲ့သည်။
သို့သော်လည်း ချင်ယွင်သည်လည်း ယခုအချိန်တွင် ပိုမိုကောင်းမွန်ခြင်းမရှိပေ။ သူသည် အဖြူရောင် ကျောက်စိမ်းလျှပ်စီးပုလဲနှင့် လျှပ်စီးနဂါးငယ်တို့၏ အကူအညီကို ရရှိခဲ့သော် လည်း လျှပ်စီးကြောင်း၏ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ သည်။ ထို့ကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်သည် ယခုအခိုက်အတန့်တွင် လုံးဝ ညှဉ်းပန်း နှိပ်စက်ခံနေရသည်။
လျှပ်စီးများက သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ရိုက်ခတ်လာသဖြင့် သူ့ခန္ဓာကိုယ်သည် ပြင်းထန်စွာ နာကျင်မှုကို ခံစားခဲ့ရပြီး ညည်းညူသံကို မထင်မှတ်ဘဲ ထွက်သွားစေသည်။ သူ့မျက်နှာပေါ်ရှိအမူအရာသည် အလွန်တရာမှ နာကျင်နေပုံပေါက်သည်။
"ကောင်စုတ်လေ၊ မင်း နတ်ဆိုးနတ်ဘုရားကောင်းကင်ဘုံလွှမ်းမိုးခြင်းပညာရပ်ကို ဘာလို့ မလှည့်ပတ်တာလဲ။ ဒါက မင်းရဲ့ ခန္ဓာကိုယ်ကို် သန့်စင်ဖို့ အခွင့်ကောင်းပဲ။ တကယ်လို့, မင်း ထပ်ပြီး အဆင့်ဖြတ်ကျော်နိုင်မှသာ ဒီကောင်းကင်ဘုံကပ်ဘေးဒုက္ခကို မင်း ကျော်လွှား နိုင်လိမ့်မယ်။ မဟုတ်ရင် မင်းရဲ့လက်ရှိအစွမ်းနဲ့ နောက်ထပ် ကောင်းကင်ဘုံ ကပ်ဘေး ဒုက္ခတွေကို ကျော်လွှားဖို့ ခက်ခဲလိမ့်မယ်။" ချင်ယွင်သည် အံတင်းတင်ကြိတ်ကာ ပြင်းထန်သော နာကျင်မှုကို ခံနိုင်ရည်ရှိအောင် တောင့်ခံနေစဉ် လျှိုဘို၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ထိုစကားကြားတော့ ချင်ယွင်က ချက်ချင်းပဲ တုံ့ပြန်လိုက်သည်။
သူသည် အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ နတ်ဆိုးနတ်ဘုရားကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်ကို စတင် ဖြန့်ကျက်လိုက်သည်။
ဤနတ်ဆိုးနတ်ဘုရားကောင်းကင်ဘုံလွှမ်းမိုးခြင်းပညာရပ်သည် အလွန်မင်း ရက်စက် ကြမ်းကြုတ်လွန်းလှသည်။ ၎င်းသည် စွမ်းအားအပြည့်ဝကို စုပ်ယူနိုင်ပြီး၊ လူတစ်ယောက် ၏ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ကာ နောက်ဆုံးတွင် နတ်ဆိုးဘုရား တန်ခိုးအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။
ထို့အပြင်, ဤနတ်ဘုရားလျှပ်စီးများသည် အလွန်မင်း အစွမ်းထက်သည်။ ချင်ယွင်သည် သူ့ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် ၎င်းတို့ကို အသုံးပြုရန် အမှန်တကယ်ပင် သင့်လျော် သည်။
ဘန်း….၊
ချင်ယွင်၏ ကျင့်ကြံခြင်းပညာရပ် ပျံ့နှံ့သွားသည်နှင့် တပြိုင်နက်၊ ပတ်ဝန်းကျင်ရှိ နတ်ဘုရားလျှပ်စီးများသည် သူ့ခန္ဓာကိုယ်ထဲသို့ အရူးအမူး စိမ့်ဝင်သွားပြီး၊ ၎င်းသည် နတ်ဆိုဘုရားတန်ခိုးအဖြစ်သို့ အဆက်မပြတ် ပြောင်းလဲသွားကာ ချင်ယွင်၏ ခန္ဓာကိုယ်ကို အားကောင်းလာစေသည်။
ဤနတ်ဘုရားလျှပ်စီးစွမ်းအင်ကို ချင်ယွင်၏ကိုယ်ခန္ဓာမှ ဝါးမျိုသွားသောကြောင့် ချင်ယွင်၏ ကိုယ်ခန္ဓာသည် အဆက်မပြတ် အားကောင်းလာခဲ့သည်။
သို့သော်လည်း သူတောင့်ခံရသည့် နာကျင်မှုဝေဒနာသည် ယခင်ကထက် ပိုပြင်းထန်လာ သည်။ ဤနတ်ဆိုးနတ်ဘုရားကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်သည် နတ်ဘုရား လျှပ်စီးများ၏စွမ်းအားကို စုပ်ယူနေချိန်တွင်၊ ကြီးစိုးနိုင်သော်လည်း၊ တချိန်တည်းမှာပင် ၎င်းသည် နတ်ဘုရားလျှပ်စီးများ၏ စွမ်းအားကို သူ့တစ်ကိုယ်လုံးကို သန့်စင်ပေးနေခဲ့ပြီး၊ ယင်းကြောင့် နာကျင်မှုက ပို၍ပင် ကြောက်မက်ဖွယ်ဖြစ်လာခဲ့သည်။
ဘန်း….။
အချိန်တွေ တဖြေးဖြေး ကုန်ဆုံးလာခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်လည်း အဆက်မပြတ် သန်မာလာခဲ့သည်. သူသည် မြေကမ္ဘာနတ်ဆိုးနတ်ဘုရားနယ်ပယ်၏ အလယ်အလတ် အဆင့်သို့ ဖြတ်ကျော်သွားမည့် အရိပ်အယောင်များပင် စတင်ပြသလာခဲ့သည်။
သို့သော်၊ ချင်ယွင်အတွက် စိတ်ပျက်စရာမှာ၊ သူ့ခန္ဓာကိုယ်သည် အစောပိုင်း မြေကမ္ဘာ နတ်ဆိုးနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသည်နှင့် ဤကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားလျှပ်စီးများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် ချင်ယွင်၏ အဆင့်ဖြတ်ကျော်မူသည် ရပ်တန့်သွားခဲ့ သည်။
ဟန်ကျင်းနှင့် လင်းတုံတို့ကို ကြည့်လိုက်တော့ာ, သူတို့သည် ရွှံ့နှစ်စိုင်ကဲ့သို့ မြေပြင် ပေါ်တွင် လဲလျောင်းနေလေပြီ။ သူတို့၏ ခန္ဓာကိုယ်များသည် မီးလောင်ကျွမ်းသော အနံ့ကို ထုတ်လွှတ်နေဆဲဖြစ်သည်။ သူတို့သည် အလွန်မင်း ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အခြေအနေတွင် ရှိနေသည်ဟုသာ ဆိုနိုင်ပါသည်။