အခန်း ၁၅၁၄
Vol. 101 Ch. 1514
အခန်း (၁၅၁၄) အကုန်ထုတ်၍ တိုက်ခိုက်ခြင်း။
ချင်ယွင်၏အဆင့်ဖြတ်ကျော်မူ ရပ်တန့်သွားခဲ့ပြီး၊ သူ့စိတ်နှလုံးက အနည်းငယ် စိတ်ဓာတ် ကျသွားသော်လည်း, သူသည် ဟန်ကျင်းနှင့်လင်းတုံ၏ အသွင်အပြင်ကို မြင်လိုက်သည့် အခါ သူ့နှလုံးသားက ချက်ချင်းဆိုသလို ခံစားမူပို၍ ကောင်းမွန်လာခဲ့သည်။
သို့သော် ဟန်ကျင်းနှင့် လင်းတုံတို့သည် ဒေါသအလွန်ထွက်ပြီး သူတို့နှာခေါင်းတွေက ရွှဲ့စောင်းလုနီးပါး ဖြစ်နေခဲ့သည်။ ဤအခိုက်အတန့်တွင် သူတို့ခန္ဓာကိုယ်ပေါ်မှ တူးခြစ်အနံ့ ကိုပင် အနံ့ခံနိုင်ကြသည်။
ယခုလေးတင်, သူတို့သည် ထိုနတ်ဘုရားလျှပ်စီးနဂါး ၆ဝဝ ကြောင့် သေဆုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။ သူတို့သည် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရန် သူတို့စွမ်းအားတွေကို အကုန်အသုံးမချခဲ့ဘူးဆိုလျှင်, သူတို့အနေဖြင့် အသက်ရှုဖို့ပင် အခွင့်အရေးရှိမှာ မဟုတ်ပါဘူး။
အခု ချင်ယွင်က အလွန်အားမာန်တက်ကြွနေသည်ကို သူတို့ မြင်လိုက်ရသည့်အခါ, သူတို့ နှလုံးသားတွေက မည်သို့ ဟန်ချက်ညီညီ ရှိတော့မည်နည်း။
ထို့အပြင်၊ ယခုကြုံတွေ့နေခဲ့ရသမျှ အရာအားလုံးသည် ချင်ယွင်ကြောင့်ပင် ဖြစ်သည်။ သူတို့သည် သူတို့နှလုံးသားထဲက အမုန်းတရားတွေကို ဖောက်ထုတ်ပစ်ရန်အတွက် ချင်ယွင်ကို အစိတ်စိတ်အမြွှာမြွှာ ထောင်ပေါင်းများစွာ ဖြတ်တောက်ပစ်နိုင်ပါစေဟုသာ ဆန္ဒပြုနေကြသည်။
ချင်ယွင်သည် ဟန်ကျင်းနှင့်လင်းတုံတု့ကို အေးစက်စွာ လှောင်ပြောင် ရယ်မောလိုက်ပြီး သူ့မျက်လုံးများတွင် ဒေါသစိတ်များ ပြည့်နှက်နေသည်။ ဤကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူနှစ်ဦး၏ သတ်ဖြတ်လိုသည့် အကြည့်များကို သူ လုံးဝ ဂရုမစိုက်ပါဘူး။
"မင်းတို့နှစ်ယောက် ဘယ်လိုလဲ။ ဒီလျှပ်စီးအသားကင်က ဘယ်လိုအရသာရှိလဲ" ချင်ယွင် က ပြုံးပြီး လှောင်ပြောင်ပြောဆိုသည်။ သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူနှစ်ယောက်ကို သူ့မျက်လုံးများတွင် အပျော်သဘောဖြင့် ကြည့်နေသည်။
ချင်ယွင်သည် သူ့သတ်ပြီး သူ့အမွေနှစ်ကို သိမ်းယူလိုသည့် ထိုလူနှစ်ယောက်ကို သဘာဝအတိုင်း လွှတ်ထားမည်မဟုတ်ပေ။ သို့သော် ချင်ယွင်သည် ၎င်းတို့ကို ယခု ချက်ချင်း ဖယ်ရှားပစ်ရန် အလျင်မလိုသေးပေ။ သူတို့ကို သူနှင့်အတူ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်စေလိုပြီး ကပ်ဘေးဒုက္ခ၏တန်ခိုးကို ဖြည်းညှင်းစွာ ခံစားစေလိုသည်။ ထိုအရာက ပို၍ ပျော်စရာကောင်းလိမ့်မည်။
ဟန်ကျင်းနှင့် လင်းတုံတို့သည် ချင်ယွင်၏ စကားကို ကြားသောအခါတွင် သူတို့၏ မျက်လုံး များသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ချက်ချင်း တောက်ပလာသည်။
လျှပ်စီးအသားကင်လား…?
ဒါက သူတို့ကိုယ်သူတို့ အကင်ခံလိုက်ခြင်း မဟုတ်ဘူးလား။
ချင်ယွင်သည် သူတို့အပေါ် ဤကဲ့သို့ လှောင်ပြောင်မူမျိုးကို အမှန်တကယ် ပြုလုပ်ခဲ့သည်။ အနည်းဆုံးတော့ သူတို့သည် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေဖြစ်ကြပြီး၊ သူတို့သည် မြင့်မားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားကြသည်။ ဤသို့ လှောင်ပြောင်ခံရခြင်းသည် ဟိုအရင်တုန်းက သူတို့တခါ မှ မဖြစ်ဖူးသည့်အရာ ဖြစ်ပါသည်။
"ချင်ယွင်, မင်း အရမ်းလည်း အပျော်မစောနဲ့ဦး။ မင်းရဲ့ ကောင်းကင်ဘုံကပ်ဘေးဒုက္ခရဲ့ စွမ်းအားက အရမ်းကြောက်စရာလွန်းတယ်။ အခုမှ သုံးခုမြောက် ကောင်းကင်ဘုံ ကပ်ဘေး ဒုက္ခကိုပဲ ကျော်ဖြတ်ရသေးတယ်။ မင်းရဲ့ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခထဲမှာ ငါတို့ သေသွားခဲ့ရင်တောင် မင်းလည် အသက်ရှင်လျက် လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။" လင်းတုံ သည် ချင်ယွင်ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ သူ၏ ထက်ရှသော မျက်ခုံးမွှေး များက တဖြောင့်တည်းတန်းသွားပြီး၊ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက် လုနီးပါး ဖြစ်နေခဲ့သည်။
"ဒါဆို စိတ်မပူပါနဲ့။ ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေအရ မင်းတို့က ငါ့ထက်အရင် သေသွားလိမ့်မယ်" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည် သူ့မျက်နှာက အပြုံးများနှင့် ပြည့်နှက် နေတုန်းပင်။
ထိုအမူအရာက ဟန်ကျင်းနှင့် လင်းတုံတို့၏ခန္ဓာကိုယ်များကို သိသိသာသာ တုန်လှုပ်သွား စေခဲ့သည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြီး အတွင်းမှာ ချင်ယွင်သည် အဘယ်ကြောင့် ရယ်မောနေရဆဲ ဖြစ်သည်ကို သူတို့သည် အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။
"အစ်ကိုလင်း၊ အခု သူနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောမနေနဲ့တော့။ ငါတို့ သူ့ကို သတ်လိုက်ရင် ငါတို့ ရှင်သန်နိုင်မယ်လေ။ ဆန့်ကျင်ဘက်အနေနဲ့ ငါတို့က ဒီနေ့ ဒီမှာ သူ့ကို ရှင်းပြနေမိတယ်။ မင်းနဲ့ ငါလည်း ငါတို့ရဲ့ အဆုံးစွန်လှုပ်ရှားမှုကို အတူတူ အသုံးချနိုင်သေး တယ်။ ငါတို့မှာ မျှော်လင့်ချက် အမျှင်တန်းလေး ရှိနေတုန်းပဲလေ" ဟန်ကျင်းက အေးစက်စွာ ပြောသည်။
"ကောင်းပြီ၊ တကယ်လို့ မင်းနဲ့ငါသာ တစ်ချိန်တည်း တိုက်ခိုက်မယ်ဆိုရင် ချင်ယွင်က ငါတို့ရဲ့ သတ်ပစ်ခြင်းတိုက်ခိုက်မူကို တားဆီးနိုင်မယ်လို့ ငါမယုံဘူး။" လင်းတုံက သဘောတူကြောင်း ခေါင်းညိတ်ပြသည်။
ထိုအချိန်တွင်၊ သူတို့နှစ်ဦးသည် မြေပြင်ပေါ်မှ တစ်ဖန်ပြန်တက်လာပြီး၊ ချင်ယွင်ကို တိုက်ခိုက်ရန်အတွက် သူတို့၏လက်နက်များကို ထပ်မံ ထုတ်ကာ သူတို့၏ သတ်ဖြတ်ခြင်း တိုက်ကွက်ကို စတင် ပြင်ဆင်လိုက်ကြသည်။
ဘန်း…။
ဟန်ကျင်း၏လက်ထဲမှ ဆေဘာသည် တုန်ခါသွားပြီး၊ အစွမ်းထက်သော ရွှေရောင်အ လင်းတန်းတစ်ခုက သူ့ဆေဘာကို လွှမ်းခြုံသွားသည်။ ချက်ခြင်းပင်၊ အနှိုင်းမဲ့ ထက်ရှသော ဆေဘာသည် ရွှေရောင်အလင်းတန်းများဖြင့် လင်းလက်လာသည်။ ၎င်းထံမှ ထုတ်လွှတ် သော စွမ်းအင်အတက်အကျလှိုင်းများသည် လူတစ်ဦး၏ စိတ်နှလုံးကို တုန်လှုပ်သွားစေပြီး ၎င်းသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းလှသည်။
ဟန်ကျင်း၏ဆေဘာတိုက်ခိုက်မှု စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းကြောင်း ချင်ယွင် ခံစားနိုင်သည်။ သူတောင် လျှော့မတွက်ရဲပါဘူး။
တစ်ချိန်တည်းမှာပင် ဘေးတွင်ရပ်နေသော လင်းတုံသည် သူ၏ အဆုံးစွန်သော လှုပ်ရှားမှု ကို စတင် အသုံးပြုခဲ့သည်။ သူ့လက်ထဲမှ နတ်ဘုရားဓားသည် တုနှိုင်းမရအောင် ပြင်းထန် သော စွမ်းအင်လှိုင်းဂယက်ကို ထုတ်လွှတ်လိုက်သည်။ တုနှိုင်းမရလအောင် ပြင်းထန်သော စုတ်ဖြဲခြင်းစွမ်းအားတစ်ခု သူ့ဓားထိပ်ဖျားမှ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းသောလှိုင်းလုံးများသည် ပတ်ဝန်းကျင် လေဟာနယ်ကို စတင် တုန်ခါသွား စေခဲ့သည်။
ဓားစွမ်းအား၊ ပြင်းထန်သော ဆေဘာစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခုအဖြစ် ပတ်ဝန်းကျင်တွင် လှည့်ပတ်နေခဲ့သည်။ ထို့အပြင်, ဤဓားစွမ်းအား မုန်တိုင်းတွ င်ပါရှိသောစွမ်းအားသည် သာမန်အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးကို စုတ်ဖြဲပစ်ရန် လုံလောက်ပါသည်။
ချင်ယွင်သည် သူတို့နှစ်ဦးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအရိပ်အယောင် မရှိသော်လည်း သူ့အကြည့်များက လေးနက်လာခဲ့သည်။
သူ့ရှေ့မှာ ရပ်နေသည့်လူများသည် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ နှစ်ယောက်ဖြစ်သည်။ ချင်ယွင်သည် မည်မျှပင် မာနထောင်လွှားနေပါစေ၊ အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦးကို လျစ်လျူရလောက်သည်အထိ မောက်မာနိုင်ခြင်း မရှိသေးပေ။
သို့သော်၊ ဤအစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးက သူ့ကို သတ်ပစ်ရန်မှာ မဖြစ်နိုင်သေးပေ။
ဘန်း…။
မြူနှင်းချောက်နက်ဓားသည် သူ့လက်ထဲတွင် ပေါ်လာပြီး မမြင်နိုင်သော လေဟာနယ်ဓား စွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ချက်ချင်းပင် ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားသည် သူ့ပတ်ဝန်းကျင် လေဟာနယ်ကို အဆက်မပြတ် ဖြတ်တောက်သွားကာ သူ့ပတ်ဝန်းကျင် လေဟာနယ်ကို တိုက်ရိုက် ဆုတ်ဖြဲပြီး ကြောက်မက်ဖွယ်ရာ လေဟာနယ် အက်ကွဲကြောင်းများကို တစ်ခုပြီးတစ်ခု ဖန်တီးလိုက်သည်။
ချင်ယွင်သည် လက်တဖက်တွင် ဓားကို ကိုင်ထားပြီး ပြတ်သားစွာ မတ်တပ်ရပ်လိုက်သည်။
သူ့လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားပြီး သူသည် ကမ္ဘာကြီးကိုပင် မကြောက်ရွှံ့ တော့ပေ။
ဤသည်မှာ ချင်ယွင်၏ ဓားဆန္ဒ ဖြစ်လေသည်။
"သေလိုက်စမ်း။ ရှေးဟောင်းဖရိုဖရဲ ရွေရောင်အလင်း ခုတ်ပိုင်းချက်!" ဟန်ကျင်းက ဟစ်အော်လိုက်ပြီး၊ သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို ချက်ချင်း ခုတ်ပိုင်းလိုက်သည်။
တခဏချင်းမှာပင် ကောင်းကင်ယံမှာ ကြီးမားလှသည့် ရွှေရောင် လခြမ်းအကွေ့တစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ဟက်တက်ခွဲ ခုတ်ပိုင်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် လင်းတုံ၏လက်မှ နတ်ဘုရားဓားသည်လည်း ပြင်ဆင်မှု ပြီးသွားခဲ့ သည်။ သူ့လက်ထဲမှ ဓားသည် အနည်းငယ် ဝှေ့ယမ်းသွားကာ စိတ်နှလုံးကို တုန်လှုပ်စေသည့် ဓားဆန္ဒကို သယ်ဆောင်ထားသည်။
"ကောင်းကင်ဘုံဖြိုခွင်းတဲ့ဓား" လင်းတုံသည် ပေါက်ကွဲအသံဖြင့် ဟစ်ကြွေးလိုက်ပြီး သူ့လက်ထဲက နတ်ဘုရားဓားကိုလည်း ခုတ်ပိုင်းလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားသည် ကောင်းကင်ယံကို ချက်ချင်း ဆုတ်ဖြဲ သွားပြီး ချင်ယွင်ဆီသို့ လေတိုးသံဖြင့် ဖြတ်သန်းသွားခဲ့သည်။
ဤဓားစွမ်းအားဖြတ်သန်းသွားသည် နေရာတိုင်း၊ လေဟာနယ်အတွင်း ကြီးမားသော အပေါက်ကြီးတစ်ခု ဆုတ်ဖြဲသွားပြီး ကြောက်မက်ဖွယ်ရာ လေဟာနယ် မုန်တိုင်းများ တဝှီးဝှီး မြည်ဟီးသွားခဲ့သည်။
ဆေဘာအလင်းနှင့် ဓားအလင်းတို့သည် ဘေးချင်းယှဉ်လျက် ရွေ့လျားသွားကာ ချင်ယွင်၏ နောက်ဆုတ်သွားရာ လမ်းကြောင်းအားလုံးကို တိုက်ရိုက် ပိတ်ဆို့ပြီး၊ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ဖြင့် ချင်ယွင်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်ကြသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင်, ချင်ယွင်၏ မျက်လုံးများသည် ကမ္ဘာကြီးကို အထင်သေး သည့်အလား ထူးထူးခြားခြား အေးစက်သွားခဲ့သည်။
သူ့ဆီမှာ ရွှမ်ဟန်၏ မှတ်ဉာဏ်များ ရှိနေခဲ့ပြီး၊ ရွှမ်ဟန်၏ အစွမ်းထက်ဆုံးအရာက ဓားသိုင်း ဖြစ်သည်။ ယခင်က ရွှမ်ဟန်သည် ကောင်းကင်နတ်ဘုရား၏ အထွတ်အထိပ် တန်ခိုးအစွမ်း ဖြင့် ဘိုးဘေးနတ်ဘုရားတစ်ပါးကို အနိုင်ယူရန်အတွက် သူ၏ အစွမ်းထက်သော ဓားသိုင်း ပညာကို အားကိုးခဲ့သည်။
အခုအချိန် ချင်ယွင် လုပ်ဆောင်ရန်လိုသည်မှာ ရွှမ်ဟန်၏ အစွမ်းထက်ဆုံး ဓားသိုင်း သုံးကွက်ထဲက တစ်ခုကို အသုံးပြုရန်ပင် ဖြစ်သည်။
ဆယ်မိုင်ပတ်လည် အေးစက်ခြင်း ဓားအလင်း။
ဘန်း…။
ချင်ယွင်၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ဓားစွမ်းအားသည် ချက်ချင်းပင် အေးခဲသွား သည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်ဓားစွမ်းအားသည် အမှန်တကယ်ပင် သူ့နှလုံးသားကို ရင်တုန်စေသည့် အအေးဓာတ်ကို ထုတ်လွှတ်လိုက်ပါသည်။
ထိုအေးစက်မှုက လူတိုင်း၏စိတ်နှလုံးထဲက အကြောက်တရားကို ခံစားရစေသည်။ မြူနှင်း ချောက်နက်ဓားမှ ထုတ်လွှတ်သော စွမ်းအင် အတက်အကျလှိုင်းများသည် ဟန်ကျင်းနှင့် လင်းတုံတို့၏ တိုက်ခိုက်မူအောက် နိမ့်ကျခြင်း မရှိတော့ပေ။
"ခုတ်ပိုင်းစမ်း"
ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ့လက်ထဲမှ မြူနှင်းချောက်နက်ဓားကို ချက်ချင်း ခုတ်ပိုင်းလိုက်သည်။
ကြောက်စရာကောင်းသော ဓားစွမ်းအားသည် ချက်ချင်းပင် ကောင်းကင်ယံကို ဆုတ်ဖြဲ သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းနှင့် ဆေဘာအလင်းဆီသို့ အပြင်းထန် တိုက်ခိုက်လိုက်သည်။
“ဘုန်း…”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ ဓားအလင်းသည် ကောင်းကင် နတ်ဘုရားနှစ်ပါး၏ တိုက်ခိုက်မှုများနှင့် အပြင်းအထန် တွေ့ဆုံပြီး ချက်ခြင်း ပေါက်ကွဲ သွားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသုံးခုသည် ပတ်ဝန်းကျင်ကို ဖြတ်ကျော်ဝင်ရောက်လာကာ ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ ကျောက်တုံးများကို ချက်ချင်း အက်ကွဲသွားစေခဲ့သည်။
ချင်ယွင်နှင့် ကောင်းကင်နတ်ဘုရားနှစ်ပါးစလုံးသည် ပေါက်ကွဲပြီးနောက် ကြောက်မက် ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းကြောင့် လွင့်ပျံသွားခဲ့ကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ဆေဘာစွမ်းအားနှင့် ဓားစွမ်းအားတို့သည် သူတို့၏ ခန္ဓာကိုယ်များကို အပြင်းအထန် ထိမှန်ပြီး ထောင်ပေါင်းများစွာသော ဒဏ်ရာများ ချက်ချင်း ထွက်ပေါ်လာကာ ၎င်းတို့၏ခန္ဓာကိုယ်များသည် ပေထောင်ပေါင်းများစွာအထိ ဆုတ်ခွာသွားခဲ့ကြသည်။
"ဘာလဲ? သူတကယ်ပဲ ပိတ်ဆို့နိုင်တာလား" ဟန်ကျင်းနှင့် လင်းတုံ၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားကြသည်။
ထိုအချိန်တွင် သူတို့သည် အမှန်တကယ်ပင် သွေးစွန်းလူသားများ ဖြစ်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်များတွင် ဒဏ်ရာများဖြင့် စွန်းထင်းနေပြီး၊ ဒဏ်ရာများစွာက သူတို့ မျက်လုံးများကို ထိတ်လန့်သွားစေခဲ့သည်။ သို့သော်လည်း သူတို့သည် ယခုအချိန်တွင် နာကျင်မှုကို လုံးဝ မေ့လျော့သွားကြသည်။ ယင်းအစား၊ သူတို့ရှေ့မှ ချင်ယွင်ကို ကွက်ကွက် ကွင်းကွင်း စိုက်ကြည့်ရင်း သူတို့၏ မျက်လုံးများသည် အလွန်မင်း ထိတ်လန့် တုန်လှုပ်နေ သည့် အမူအရာကို ပေါ်လွင်စေသည်။
သူတို့နှစ်ဦးသည် အစွမ်းကုန် တွန်းလှန်တိုက်ခိုက်ခဲ့ကြပြီး၊ အမှန်တကယ်ပင် ဤချင်ယွင်၏ ပိတ်ဆို့တားဆီးခြင်းကို ခံခဲ့ရသည်။ ဤအရာက မည်သို့ ဖြစ်နိုင်မည်နည်း။