အခန်း ၁၅၁၅
Vol. 101 Ch. 1515
အခန်း (၁၅၁၅) နတ်ဘုရားမိုးကြိုးလက်ဖဝါး။
ထိုအချိန်တွင် ချင်ယွင်သည်လည်း ပိုကောင်းမွန်ခြင်းမရှိပေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင် အကြေးခွံများလည်း ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားနှင့် ဆေဘာ စွမ်းအားတို့ကြောင့် ပေါက်ကွဲသွားကာ ဒဏ်ရာဒဏ်ချက်များဖြင့် ဖြတ်တောက်ခံထားရ သည်။ ထိုဒဏ်ရာဒဏ်ချက်များမှ လတ်ဆတ်သောသွေးများ အဆက်မပြတ် စီးကျလာပြီး အလွန်လျင်မြန်စွာ သူ၏ ခရမ်းရောင် အကြေးခွံများကို သွေးအနီရောင် ဆိုးသွားလေသည်။
သို့တိုင်, ဟန်ကျင်းနှင့်လင်းတုံသည် ထိတ်လန့်နေဆဲ ဖြစ်သည်။
သူတို့၏တိုက်ခိုက်မှုများသည် ချင်ယွင်ကို မသတ်ပစ်နိုင်ခဲ့ရုံသာမက၊ ထိုတိုက်ကွက်များကို ချင်ယွင်က ပိတ်ဆို့ထားခဲ့သည်။ သူတို့နှစ်ဦး အတူတကွ ပူပေါင်းတိုက်ခိုက်ခြင်းသည် အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်တစ်ဦးကို သတ်ပစ်ရန် လုံလောက်ကြောင်း သိထားရမည် ဖြစ်သော်လည်း၊ သူတို့သည် ချင်ယွင်ကို မသတ်နိုင်ကြ သေးပေ။
"မွန်းစတား…၊ သေချာပေါက် မွန်းစတားပဲ။" ဟန်ကျင်းက မတတ်နိုင်စွာ ပြောလိုက်သည်။
ယခုအချိန်တွင် ချင်ယွင်ကို နှိုးဆော်မိသည့်အတွက် သူနောင်တရနေပြီ ဖြစ်သည်။ ချင်ယွင် သည် ကောင်းကင်ဘုံကို အံတုနိုင်သည်ကို သူသိရှိပါက၊ သူ့ကို သေသည်အထိ အရိုက်သည့် တိုင်၊ သူသည် ထိုအလုပ်ကို လက်ခံမည်မဟုတ်ပေ။
"အစ်ကိုဟန်၊ မင်း လက်လျော့လို့မရဘူး။ ဒီကောင်က ဒီလောက်ပြင်းထန်တဲ့ တိုက်ခိုက်မှု ကို အသုံးပြုခဲ့တယ်။ သူ့ရဲ့နတ်ဘုရားတန်ခိုး စွမ်းအားက သေချာပေါက် ကုန်ဆုံးသွားလိမ့် မယ်။ သူ့ကို နောက်ထပ် အကြိမ်အနည်းငယ် တိုက်ခိုက်လိုက်ရင်၊ ငါတို့ သူ့ကို ထောင့် တစ်နေရာအထိ တွန်းပို့နိုင်လိမ့်မယ်။" လင်းတုံက ပြောသည်။
ဟန်ကျင်းသည် ထိုစကားကိုကြားလျှင်, သူသည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သို့သော် ဤအရာသည် ဆိုးရွားသည့် အကြံတစ်ခုသာဖြစ်သည်ဟု သူ ခံစားမိသေးသည်။
သူတို့သည် ချင်ယွင်၏ နတ်ဘုရားတန်ခိုး စွမ်းအားအားလုံးကို အမှန်တကယ် အသုံးပြုရ သည်အထိ တိုက်ခိုက်ကြမည်ဆိုလျှင်ပင်, သူတို့၏ နတ်ဘုရားတန်ခိုးစွမ်းအားများလည်း များစွာ ကျန်တော့မည် မဟုတ်ပေ။ ထိုအချိန်တွင် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခသည် ဆက်လက် ဆင်းသက်နေဆဲ ဖြစ်ဦးမည်။ ခုခံနိုင်စွမ်းမရှိသော သူတို့သည် ဤနေရာတွင် ၉၉ ရာခိုင်နှုန်း သေဆုံး ဖွယ်ရှိသည်။
သို့သော် ဤဆုံးဖြတ်ချက်ကို ချရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။
ချင်ယွင်သည် လင်းတုံ၏စကားကို သဘာဝအတိုင်း ကြားနေရသည်။ သူသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း အလွန်လျင်မြန်စွာ သူ့မျက်ခုံးများက ပြေလျော့သွားပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြန်သည်။
"မင်းတို့ ငါ့ရဲ့နတ်ဘုရားတန်ခိုးစွမ်အား ကုန်ဆုံးသွားအောင် လုပ်ဆောင်ချင်တာလား” မင်းတို့မှာ အခွင့်အရေး မရှိတော့မှာကို ငါကြောက်မိတယ်။" ချင်ယွင် ရယ်မောလိုက်သည်။
ဟန်ကျင်းနှင့်လင်းတုံသည် တခဏမျှ မှင်သက်သွားပြီး၊ နှစ်ယောက်စလုံးသည် တစ်ချိန် တည်းဆိုသလို ကောင်းကင်ကို မျှော်ကြည့်ကြသည်။
"ဘန်း..!"
အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးလက်များသည် ကောင်းကင်ယံ၌ လင်းလက်နေကာ ကြီးမားလှသည့် လျှပ်စီးလက်ဖဝါးကြီးသည် သူတို့ရှိနေသည့် ချိုင့်ဝှမ်း ဆီသို့ ဦးတည်ရိုက်ချလာသည်ကို တွေ့လိုက်ရပါသည်။
ထိုဧရာမလက်ဖဝါးကြီးသည် တုနှိုင်းမရအောင် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီး များမှ လုံးလုံးလျားလျား ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတွင် အလွန်မင်း အစွမ်းထက် သော နတ်ဘုရားလျှပ်စီး စွမ်းအင်အတက်အကျ လှိုင်းများပါရှိနေသည်။ ပေတစ်သောင်း အကွာအဝေးမှပင် ထိုဧရာမလျှပ်စီးလက်ဖဝါးအတွင်းပါရှိသော ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားကို သူတို့ ခံစားနိုင်သည်။ ဤအရာက ပြင်းထန်လွန်းသဖြင့် သူတို့၏ ခြေထောက်များနှင့် ခြေဖဝါးများသည် အဆက်မပြတ် တုန်ခါနေပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ပင် မတ်တတ် မရပ်နိုင်တော့ပေ။
"ဘုန်း…"
ဟန်ကျင်းနှင့် လင်းတုံတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ၊ သူတို့၏မျက်နှားများသည် ပြင်းထန်သော နာကျင်မူများဖြင့် ပြည့်နှက်နေပြီး၊ သူတို့၏ နှလုံးသားများသည် ထိတ်လန့် တုန်လှုပ်နေကြသည်။
နတ်ဘုရားလျှပ်စီးလက်ဖဝါးကြီးသည် မဆင်းသက်လာသေးပေ။ သို့တိုင်, ၎င်း၏ စွမ်းအား တစ်ခုတည်းကပင် အလွန်ကြောက်စရာ ကောင်းနေသည်။ အကယ်၍, ဤနတ်ဘုရား လျှပ်စီးလက်ဖဝါးကြီးသာ သူတို့ခန္ဓာကိုယ်ပေါ် ဆင်းသက်လာပါက, မည်သည့်မြင်ကွင်းမျိုး ဖြစ်လာလိမ့်မည်နည်း။
"ဒါက ဘယ်လို ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခမျိုးလဲ၊ ဒါက ဘာလို့ ဒီလောက်အထိ ကြောက်စရာကောင်းရတာလဲ" အမြဲတမ်း အေးစက်ပြီး အရာအားလုံးကို လျစ်လျူရူထား ဟန်ရှိသည့် ဟန်ကျင်းသည် အသံကျယ်ကျယ်ဖြင့် မကျိန်ဆဲဘဲ မနေနိုင်ခဲ့ပေ။
သို့သော် သူပြောပြီးသည်နှင့် တပြိုင်နက် သူ့တစ်ကိုယ်လုံးသည် အရှိန်အဟုန်ပြင်းစွာ တိုးမြင့်လာသည့် တန်ခိုးအစွမ်းကြောင့် မြေပြင်ပေါ်သို့ ဖိနှိပ်ခံလိုက်ရလေသည်။ သူ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မြေပြင်သည် တိုက်ရိုက် အက်ကွဲသွားခဲ့သည်။
ထိုအချိန်တွင် လင်းတုံသည်လည်း ဤကြောက်စရာကောင်းသော ဖိအားကြောင့် လုံးလုံး လျားလျား ဖိနှိပ်ခံနေရသည်။ သူသည် မလှုပ်နိုင်တော့ဘဲ မျက်လုံးတွေက တုန်နေသည်။ သူသည် သိသိသာသာ တုန်လှုပ်သွားသည်။
ဤလေးခုမြောက် ကောင်းကင်ဘုံ လျှပ်စီးဒုက္ခကပ်ဘေးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းပြီး သူတို့ကို စိတ်ပျက်အားငယ်သွားစေသည်။
ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည်လည်း ပြိုကျလုနီးပါးဖြစ်နေပြီ ဖြစ်သည်။ သူသည် ကောင်းကင်ဘုံအလိုဆန္ဒ၏ ပံ့ပိုးကူညီမှု ရရှိထားသော်လည်း၊ ကောင်းကင်ယံမှ လျှပ်စီးလက်ဖဝါးကြီး၏ စွမ်းအားကို တွန်းလှန်ရန် အလွန်ခက်ခဲနေသေးသည်။
ကောင်းကင်ယံမှာ မတုန်မလှုပ် တည်ရှိနေသည့် ထိုလက်ဖဝါးကြီးသည် ရိုက်ချလိုက်ပြီး ကမ္ဘာပေါ်က အရာအားလုံးကို ချေမှုန်းပစ်ချင်နေသည့်အတိုင်းပင်။
ချင်ယွင်သည် သူ့သွားများကို တင်းတင်းကြိတ်ကာ ခါးခါးသီးသီး တောင့်ခံနေပြီး၊ ချင်ယွင်၏ မျက်လုံးများတွင် အလျှော့မပေးသည့် ဆုံးဖြတ်ချက်ပြတ်သားမူများဖြင့် ပြည့်နေခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ယံမှ လျှပ်စီးလက်နေသည့် လက်ဖဝါးကြီးသည် ချက်ချင်း ကျဆင်းလာသည်။
“ဘုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တောင်တန်းတစ်ခုလုံး မြေပြင်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။
ကီလိုမီတာ ၁၀၀၀၀ အချင်းဝက်အတွင်း တောင်တန်းများနှင့် သစ်တောများအတွင်း မြေပြင်သည် ရုတ်တရက် တုန်ခါသွားသည်။ မြေကြီးသည် ရုတ်တရက် နစ်မြုပ်သွားသလို ပင်။ ကောင်းကင်နှင့်မြေကြီးသည် အဆက်မပြတ် တုန်ခါနေပြီး အားပြင်းသော မုန်တိုင်း လှိုင်းလုံးကြီးသည် ချက်ချင်းပင် စက်ဝိုင်း ပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားသည်။
မိုင်တစ်ရာကျော်အကွာတွင် ရပ်နေသော ကျိုးလင်နှင့် အခြားလူများအားလုံးသည် ဤကြောက်စရာကောင်းသော မုန်တိုင်းကြီးကြောင့် လွင့်ပျံသွားကြပြီး ၎င်းတို့အားလုံး သည် အလွန်မင်း တုန်လှုပ် ခြောက်ခြားသော အမူအရာများကို ဖော်ပြနေကြသည်။
ကျိုးလင်နှင့် ကျိုးဟန်ရွှဲ့တို့သည် သူမတို့ပါးစပ်များကို မအုပ်ဘဲမနေခဲ့မိပေ။ လက်ဖဝါးကြီး ကျဆင်းရာ အလယ်ဗဟိုကို အဝေးမှ စိုက်ကြည့်နေရင်း သူမတို့သည် မျက်ရည်များ ရစ်ဝဲလာသည်။ သူမတို့၏ နှလုံးသားများသည် နက်ရှိုင်းသည့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဖုန်မှုန့်များ လွင့်စင်သွားကာ လျှပ်စီးကြောင်းများ တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။
ထို့နောက် သူတို့၏ အမြင်အာရုံထဲတွင် အနှိုင်းမဲ့ကြီးမားသော လက်ဖဝါးရာတွင်းနက်ကြီး တစ်ခု ပေါ်လာသည်။ ထိုလက်ဖဝါးရာတွင်းနက်ကြီးသည် ပေတစ်ထောင်ရှည်လျားပြီး ၎င်း၏အနက်သည် ပေတစ်ရာနီးပါး အကွာအဝေးသို့ ရောက်ရှိနေခဲ့သည်။
ဤမြင်ကွင်းသည် ကျိုးလင်နှင့် အဝေးမှကြည့်နေသော အခြားသူများကို လုံးဝ အံ့အားသင့်သွားစေခဲ့ပြီး ၎င်းတို့၏ နှလုံးခုန်သံများပင် ခုန်ပေါက်သွားခဲ့သည်။
နတ်ဘုရားကမ္ဘာရှိ ကျောက်တုံးများသည် အနှိုင်းမဲ့ မာကြောလှသည်။ နတ်တောင်တစ်ခုကို ဖြိုခွဲနိုင်ခြင်းကပင် ကြီးကျယ်ခမ်းနားသော တည်ရှိမှုတစ်ခု ဖြစ်နေပါပြီ။ ယခုပင် နတ်ဘုရား လျှပ်စီးသည် မြေပြင်ပေါ်တွင် လက်ဖဝါးပုံသဏ္ဌာန်ရှိ တွင်းနက်ကြီးကို အမှန်တကယ် ဖြိုခွဲပစ်လိုက်သည်။ ဤမျှထိတ်လန့်စရာကောင်းသော စွမ်းအားသည် အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ပြီးမြောက်အောင် လုပ်ဆောင် နိုင်မည်မဟုတ်ပေ။
"ခင်ပွန်း၊ ကျေးဇူးပြုပြီး အဆင်ပြေပါစေ" ကျိုးလင်သည် နှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။
ထိုအချိန်တွင် လက်ဖဝါးသည် လုံးဝ မည်းနက်နေလေသည်။ သူတို့သည် ချင်ယွင်နှင့် တခြားသူတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သောကြောင့် ချင်ယွင်နှင့် တခြားသူတွေ မည်သို့ ဖြစ်နေပြီလဲဆိုသည် သူတို့ မသိခဲ့ကြပါဘူး။ သို့သော်၊ လိပ်နက်နတ်ဘုရားသားရဲ သည် မသေသေးသောကြောင့် ချင်ယွင်သည် နတ်ဘုရားလျှပ်စီးလက်ဖဝါးကြီးကြောင့် အသတ်ခံရခြင်းမရှိကြောင်း သူတို့ ကောင်းကောင်းသိသည်။
လျှပ်စီးလက်ဖဝါးကြီး ရိုက်ချလိုက်သော ကြီးမားသော တွင်းနက်ကြီးအတွင်းမှာ တောင်ကြောကြီးတစ်ခုသည် ရုတ်တရက် ပွင့်ထွက်သွားပြီး လက်တစ်ဖက် ထွက်ပေါ် လာသည်။
ထို့နောက် လူတစ်ဦး၏ရုပ်အသွင်သည် မြေကြီးထဲမှ တွားသွားတက်လာခဲ့သည်။ ထိုလူက ဟန်ကျင်းကလွဲ၍ တခြားသူမဟုတ်ပါဘူး။
သို့သော် ယခုအချိန်တွင် ဟန်ကျင်းသည် လုံးဝကို လူရုပ်မပေါက်တော့ပေ။ သူ့တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေနှင့် ဖုံးလွှမ်းနေပြီး သူ့အသွေးအသားတွေက မည်းမှောင်နေပြီ။ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားတန်ခိုးစွမ်းအားလည်း လုံးဝ မရှိတော့။ သူသည် တုန်တုန်ယင်ယင်ဖြင့် လမ်းလျှောက်နေသည်။ လေပြင်းတိုက်လျှင်တောင် သူ လွင့်ထွက်သွားမှာ စိုးရသည်။
သို့သော် ဤအခိုက်အတန့်တွင် သူ့မျက်လုံးများက မာန်မာနနှင့် ပြည့်နေခဲ့သည်။ သူက ဖုန်မှုန့်များကြားမှ ဟန်ကျင်းနှင့်လင်းတုံတို့ကို ကြည့်လိုက်ရင်း အရူးအမူး ရယ်မောလိုက် သည် "ဟား…၊ ဟား…၊ သူတို့အားလုံး သေသွားပြီ။ အားလုံး သေသွားပြီ။ ချင်ယွင်၊ ငါ့မှာ ငါ့ကို ကာကွယ်ပေးတဲ့ ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာရှိဖို့ မင်း မမျှော်လင့်ထားဘူး မဟုတ်လား။ ဒီနတ်ဘုရားလျှပ်စီးက ငါ့နတ်ဘုရားချပ်ဝတ်တန်ဆာကို ဖြိုခွဲနိုင်ခဲ့ပေမယ့် ငါ့ကို မသတ်နိုင်ခဲ့ဘူး"။
ချပ်ဝတ်တန်ဆာ အစိတ်အပိုင်းတစ်ခုက ဟန်ကျင်း၏ခန္ဓာကိုယ်ပေါ်မှ ပြုတ်ကျသွားပြီး၊ ၎င်းသည် နတ်ဘုရားလျှပ်စီးကြောင့် လုံးဝ ပြောင်းလဲသွားသည်။ ၎င်း၏မူလက ခရမ်း ရွှေရောင်သဏ္ဍာန်သည်လည်း လုံးဝအနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားကာ ထိပ်တန်း အဆင့် နတ်ဘုရားချပ်ဝတ်တန်ဆာတစ်ခုသည် ဤကဲ့သို့ လုံးဝ ပျက်စီးသွားခဲ့သည်။
သို့သော် ဟန်ကျင်းသည် စိတ်ပျက်မူကို မခံစားခဲ့ရပေ။ ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်က ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်တန်ဆာတစ်ခုကို စွန့်လွှတ်ရန် ထိုက်တန်သည်ဟု သူ ယူဆထားသည်။
သို့သော်လည်း သူသည် ချင်ယွင်၏ ဦးတည်ရာသို့ လျှောက်လှမ်းကာ ချင်ယွင်၏ အလောင်းကို ဖယ်ထုတ်ခါနီးတွင် တစ်ဝက်တစ်ပျက် မြှုပ်နှံခံထားရသည့် ချင်ယွင်သည် ရုတ်တရက် လှုပ်ရှားပြီး မြေပြင်ကြီးမှ ထလာခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်အကြေးခွံများမှာလည်း လုံးဝ ကွဲအက်သွားကာ သူ့တစ်ကိုယ်လုံးသည် အနက်ရောင်အဆင်း ရှိနေသည်။ ဤအခိုက်အတန့်တွင် သူသည် မည်းနက်နေသော မီးသွေးတုံနှင့် တူနေသည်။ သို့သော် သူ့မျက်လုံးများသည် ဟန်ကျင်းလောက် အားမနည်းဘဲ တောက်ပနေ၏။
"မင်း..ဘာလို့မသေတာလဲ" ဟန်ကျင်းက ချင်ယွင်ကို လက်ညှိုးထိုးပြပြီး အံ့အားသင့်စွာ မေးလိုက်သည်။
ချင်ယွင်က ပြန်လှည့်ပြီး ဟန်ကျင်းကို ကြည့်လိုက်သည်။ သူက ပြုံးပြီး ပြောသည် "မင်းတောင် မသေသေးဘူး။ ငါက ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်နဲ့ သေရမှာလဲ။ နောက်ထပ် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်တဲ့အခါ မင်းတို့လည်း အတူလိုက်ပါနိုင်ဖို့ ငါမျှော်လင့်နေတယ်"။
ဟန်ကျင်းသည် ချင်ယွင်၏ စကားကိုကြားသောအခါ သူ့နှလုံးသားသည် ချောက်နက်ကြီး ထဲသို့ ပြုတ်ကျသွားသလို ခံစားခဲ့ရပြီး သူ့မျက်လုံးများတွင် စိတ်ပျက်လက်ပျက် အမူအရာများဖြင့် ပြည့်နှက်နေသည်။
စာစဉ် (၁၀၁) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။ (၅.၃.၂၀၂၅)