← Chapters

အခန်း ၁၅၁၆

Vol. 102 Ch. 1516

အခန်း ၁၅၁၆

Vol. 102 Ch. 1516

အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၀၂)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၅၁၆) ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားလက်နက်

နတ်ဘုရားလျှပ်စီး လက်ဖဝါးကြီးသည် လင်းတုံကို လုံးလုံးချေမှုန်းပစ်ခဲ့ပြီး ဟန်ကျင်း၏ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်များတစ်ခုကိုပါ ဖျက်ဆီးပစ်ခဲ့ကာ၊ ယင်းကြောင့် ဟန်ကျင်း၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးစွမ်အားများ လုံးဝ ပျောက်ကွယ်သွားခဲ့ သည်။

ဤအခိုက်တွင် ချင်ယွင်က နတ်ဘုရားလျှပ်စီးကို တစ်ဖန် ခံယူရမည့်အကြောင်းကို အမှန်တကယ် ပြောနေခဲ့သည်။ သူသည် သေခြင်းကို စောင့်စားနေခြင်းလော။

"ဟမ့်၊ မင်း အခုနက နတ်ဘုရားလျှပ်စီးလက်ဖဝါးကြီးကို ခံနိုင်ရည်ရှိမယ်လို့ ငါ မထင်ထား ခဲ့ဘူး။ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားတန်ခိုးစွမ်းအား ရှိနေသေးတယ်ပေါ့။ တကယ်လို့, နောက်တစ်ကြိမ် နတ်ဘုရားလျှပ်စီးကျဆင်းလာခဲ့ရင်, မင်း သေချာပေါက် သေလိမ့်မယ်။" ဟန်ကျင်းသည် ချင်ယွင်ကို အလွန်အဆိပ်ပြင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုးစွမ်းအားများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အခုလောလောဆယ်မှာ သူသည် ဤနေရာတွင် သေဖို့ရန် စောင့်ဆိုင်းနေရုံသာ တတ်နိုင်ပါသည်။ ထို့ကြောင့် ယခု သူ၏တစ်ခုတည်းသော မျှော်လင့်ချက်မှာ ချင်ယွင်ကို သူနှင့်အတူ သေဆုံးသွားစေရန် ဖြစ်သည်။

သူ့အမြင်အရဆို၊ ချင်ယွင်သည် ကောင်းကင်ဘုံကို မည်မျှပင် အံတုနေပါစေ၊ သူသည် အစောပိုင်းက နတ်ဘုရားလျှပ်စီးလက်ဖဝါးကြီးကို တားဆီးခဲ့ရသည့်အတွက် သူ၏ ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားတန်ခိုးစွမ်းအား များစွာ ကျန်တော့မည် မဟုတ်သည်မှာ သေချာပါသည်။ နောက်ထပ် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို တားဆီးဖို့ သူ့အတွက် မဖြစ်နိုင်ပါဘူး။

"ဒီလိုလား။ ဒါဆို မင်း စိတ်ပျက်သွားမှာကို ငါကြောက်မိတယ်။" ဟန်ကျင်း၏စကားကို ကြားသောအခါ ချင်ယွင်က ရုတ်တရက် ရယ်မောလိုက်သည်။

ဟန်ကျင်းသည် ချင်ယွင်၏ အပြုံးကို မြင်သောအခါ သူ့မျက်ခွံများက လှုပ်ယမ်းသွားပြီး သူ့နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

သေချာပါသည်, ထိုအချိန်မှာပင် ချင်ယွင်၏ ခန္ဓာကိုယ်က ပြင်းထန်သည့် နတ်ဆိုး နတ်ဘုရားတန်ခိုးစွမ်းအားများ ထုတ်လွှတ်လိုက်ပါသည်။

ထိုနောက်မှာတော့ ချင်ယွင်၏ ဦးခေါင်းထက်မှာ နတ်ဆိုးနတ်ဘုရား အမြုတေတစ်ခု ပေါ်လာခဲ့သည်။ ၎င်းပတ်ပတ်လည်မှာ ပြင်းထန်သော ခရမ်းရောင် လျှပ်စီးလက်များက ရစ်ပတ်ထားပြီး၊ စိတ်နှလုံးကို တုန်လှုပ်စေလောက်သည့် စွမ်းအင်အတက်အကျလှိုင်းများ ကို ထုတ်လွှတ်နေသည်။

"ဒါ….ဒါ " ဟန်ကျင်းက မယုံကြည်နိုင်လောက်သည့် အရိပ်အယောင်ကို ထုတ်ပြရင်း မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ချင်ယွင်၏လုပ်ရပ်ကို သူနားလည်သွားသောအခါတွင် စကားလုံး နှစ်လုံးက သူ့စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

အဆင့်ဖြတ်ကျော်မူ။

"မဖြစ်နိုင်ဘူး၊ လုံး ဝမဖြစ်နိုင်ဘူး၊ ဒီလိုကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုကို ခံရပြီးတဲ့ နောက် သူက ဘယ်လိုလုပ် အဆင့်ဖြတ်ကျော်နိုင်မှာလဲ" ဟန်ကျင်းက ဆောလျင်စွာ ခေါင်းယမ်းလိုက်သည်။ သူသည် မယုံကြည်နိုင်စွာ နောက်ဆုတ်သွားခဲ့သည်။ သူသည် လင်းတုံ၏ အလောင်းကိုနင်းမိပြီး မြေပြင်ပေါ်မှာ မထိုင်မချင်း နောက်ဆုတ်သွားခြင်း ဖြစ်သည်။ သူသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား သူ့မျက်လုံးထဲမှာ ပြင်းထန်သည့် ထိတ်လန့်ဖွယ် ခံစားမှုတစ်ခု ရှိနေခဲ့သည်။

ချင်ယွင်သည် ထိတ်လန့်တုန်လှုပ်နေသော ဟန်ကျင်းကို လျစ်လျူရှုကာ နတ်ဆိုး နတ်ဘုရားကောင်းကင်ဘုံလွှမ်းမိုးခြင်းပညာရပ်ကို ဆက်လက် ဖြန့်ကျက်နေခဲ့သည်။

ချင်ယွင်သည် အလယ်လတ် မြေကမ္ဘာနတ်ဆိုးနတ်ဘုရားအဆင့် ကျင့်ကြံမူအတားဆီးကို တိုက်ခိုက်ဖို့အတွက် နတ်ဘုရားလျှပ်စီးလက်ဖဝါး၏ ကြောက်စရာကောင်းသော စွမ်းအား ကို အသုံးပြုခဲ့သည်။ သူသည် အမှန်တကယ် အောင်မြင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ယခု နတ်ဆိုးနတ်ဘုရား အမြုတေသည် ထွက်ပေါ်လာခဲ့ပြီး ပြီးပြည့်စုံသော အဆင့်းချိုး ဖြတ်မူတစ်ခုပြုလုပ်ရန် အချိန်တန်ပြီ ဖြစ်သည်။

နတ်ဆိုးနတ်ဘုရား အမြုတေသည် ချင်ယွင်၏ ဦးခေါင်းထက်တွင် လွင့်မျောနေခဲ့ပြီး အနှိုင်းမဲ့ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းကို ထုတ်လွှတ်ကာ ထိုစွမ်းအင် အတက်အကျလှိုင်းသည် အဆက်မပြတ် တိုးမြင့်လာခဲ့သည်။

"ဘန်း…"

ရုတ်တရက် နတ်ဆိုးနတ်ဘုရား အမြုတေသည် တုန်ခါသံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ပြင်းထန်သော နတ်ဆိုးနတ်ဆိုးတန်ခိုးစွမ်းအားသည် နတ်ဆိုးနတ်ဘုရား အမြုတေထံမှ ရုတ်တရက် တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်။

ဘန်း…။

ဤနတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအား ပျံ့နှံ့သွားသောအခါ, ချင်ယွင်၏ နတ်ဆိုးနတ်ဘုရား အမြုတေသည် တခဏအတွင်း လုံးဝပြောင်းလဲသွားပြီး ခရမ်းနက်ရောင် ဖြစ်ပေါ်လာ သည်။ ၎င်းသည် ခရမ်းနက်ရောင်အလင်းကို ထုတ်လွှတ်ပြီး စိတ်နှလုံးကို တုန်လှုပ်စေသည့် စွမ်းအင်အတက်အကျလှိုင်းကို ထုတ်လွှတ်သည်။

အလယ်လတ် မြေကမ္ဘာနတ်ဆိုးနတ်ဘုရားနယ်ပယ်။

ချင်ယွင်၏နတ်ဆိုးနတ်ဘုရားကျင့်ကြံမူ အခြေခံသည် အလယ်လတ် မြေကမ္ဘာနတ်ဆိုး နတ်ဘုရားနယ်ပယ်အထိ တိုက်ရိုက် ချိုးဖြတ်သွားခဲ့သည်။ နတ်ဆိုးနတ်ဘုရား အမြုတေ သည် ချင်ယွင်၏ခန္ဓာကိုယ်သို့ ပြန်လည် ရောက်ရှိလာပြီး ချင်ယွင်၏ ခန္ဓာကိုယ်ကို ချက်ချင်း အားကောင်းစေမည့် စွမ်းအားကြီးမားသော နတ်ဆိုးနတ်ဘုရားတန်ခိုး စွမ်းအား ကို ထုတ်လွှတ်လိုက်သည်။

အစောပိုင်းက ရရှိခဲ့သောဒဏ်ရာများသည် ချက်ခြင်း သက်သာသွားသည်။ ခရမ်းရောင် နဂါးကြေးခွံချပ်ဝတ်တန်ဆာသည် အနှိုင်းမဲ့ မာကျောပြီး ဝင်းလက်တောက်ပလာကာ၊ ၎င်းသည် ယခင်ကထက် ပို၍ အကြမ်းခံနိုင်လာသည်။

မြေပြင်ပေါ်တွင်ထိုင်နေသော ဟန်ကျင်းသည် လုံးဝ မှင်သက်သွားခဲ့ပြီး သူ့အမူအရာက အုံ့မှိုင်းကျသွားသည်။

ဤအခိုက်အတန့်တွင် သူ့စိတ်ထဲတွင် အသံတစ်ခုသာ ရှိနေခဲ့သည်၊ "ပုံမှန်မဟုတ်ဘဲ ဖောက်ပြန်သူ၊ ပုံမှန်လမ်းစဉ်မှ ဖောက်ပြန်သူ..."

ဤနတ်ဘုရားလျှပ်စီး တိုက်ခိုက်မှုများကို ခုခံရန် အစောပိုင်းကောင်းကင် နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးအတွက်ပင် အလွန်ခက်ခဲသော်လည်း သူ့ရှေ့ရှိ ချင်ယွင် သည် အဆင့်ဖြတ်ကျော်မူတစ်ခု ပြုလုပ်ရန်အတွက် ဤကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားလျှပ်စီးကို အသုံးပြုခဲ့သည်။ ဒါက ဘယ်လိုအရာမျိုးလဲ?။

ယခုတော့ ချင်ယွင်သည် သူ့အဆင့်ထက်ကျော်လွန်ပြီး အဘယ်ကြောင့် တိုက်ခိုက်နိုင်ခဲ့ သည်ကို သူ နောက်ဆုံး နားလည်သွားပြီ။ အဘယ်ကြောင့်ဆိုသော် သူသည် နဂိုကတည်း က သာမန်အသိဉာဏ်ဖြင့် ကောက်ချက်မချနိုင်သော မွန်းစတားတစ်ကောင်ဖြစ်ပြီး၊ ထိုကဲ့သို့သော မွန်းစတားတစ်ကောင်ကို သတ်ဖြတ်ရန် သူ့အတွက် လုံးဝ မဖြစ်နိုင်ပေ။

အလယ်လတ်အဆင့် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ရောက်လာ လျှင်ပင် သူ့ကို သတ်ဖြတ်နိုင်မည် မဟုတ်လောက်ပေ။

ချင်ယွင်၏ ခန္ဓာကိုယ်သည် သန်မာလာပြီးနောက်၊ သူသည် ဟန်ကျင်းကို လှည့်ကြည့်ကာ သူ့ မျက်နှာပေါ်တွင် အပြုံးမပျက်ရှိနေသည်။

"မင်းဘယ်လိုထင်လဲ။ ဒီပဉ္စမမြောက် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ငါ မခုခံနိုင်ဘူးလို့ မင်း ထင်နေသေးလား" ချင်ယွင်က ဟန်ကျင်းကို ပြုံးပြီး မေးသည်။

ထိုအချိန်တွင် ဟန်ကျင်းသည် လုံးဝ စိတ်မဝင်စားတော့ဘဲ ချင်ယွင်၏မေးခွန်းကို မဖြေတော့ပေ။

ဤချင်ယွင်သည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံကပ်ဘေး ဒုက္ခကို ဆင့်ခေါ်နိုင်ခဲ့သောကြောင့်၊ သူသည် ထူးထူးခြားခြား ဖြစ်ကြောင်း သက်သေပြန်ရန် လုံလောက်နေပြီ။

ချင်ယွင်သည် ပဉ္စမမြောက် ကောင်းကင်ဘုံဒုက္ခမှ လွတ်မြောက်နိုင်ခြင်းရှိမရှိ သူမသိသော် လည်း သူသည် ပဉ္စမမြောက် ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၌ ရှင်သန်နိုင်မည် မဟုတ် ကြောင်းကို သူ ကောင်းကောင်းကြီး သိပါသည်။

"မင်းက အတိအကျ ဘယ်သူလဲ " ဟန်ကျင်းက စိတ်ပျက်စွာ မေးလိုက်သည်။

ချင်ယွင်သည် ဟန်ကျင်း၏မေးခွန်းကို ကြားသောအခါတွင် သူက သရော်ဟန်ဖြင့် ပြုံးနေလိုက်သည်။ ထို့နောက် သူက “ငါက ဒီနေ့အထိ အရှုံးကို ဝန်ခံဖို့ ငြင်းဆန်နေသူပဲ” အခိုင်အမာ ပြောလိုက်သည်။

"ဖျစ်…"

ချင်ယွင် ပြောလိုက်စဉ်မှာ, ကောင်းကင်ယံမှာ မည်းမှောင်နေသော တိမ်တိုက်တွေကြားမှ လျှပ်တပြက် လျှပ်စီးလင်းလက်သွားပြီး ပဉ္စမမြောက် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြီး သည် ဆင်းသက်လာတော့မည်။

ဟန်ကျင်းသည် လုံးဝ ဆွံ့အသွားရသည်။ သူသည် ကောင်းကင်ယံ၌ ကြောက်မက်ဖွယ် ကောင်းသော ပဉ္စမမြောက် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို မကြည့်ဘဲ ချင်ယွင်ကိုသာ သူ့မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

ချင်ယွင်၏ စကားများက သူ့ကို ထိတ်လန့်စေခဲ့သည်။ ဤအရာက သူ့ဘဝတစ်လျှောက်လုံး ကြားဖူးသမျှထဲမှာ အံ့ဩ စရာအကောင်းဆုံးဖြစ်သည်။

ဒီနေ့အထိတောင် မဟုတ်ဘူး!

ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတောင်မှ ထိုကဲ့သို့စကားမျိုး ပြောချင်မှ ပြောဝံ့လိမ့်မည်။

သူတို့၏ကျင့်ကြံမှု မြင့်မားလာလေ၊ ကောင်းကင်ဘုံတန်ခိုးစွမ်းအားကို ပို၍ခံစားရလေ ဖြစ်ပြီး၊ သူတို့၏ စိတ်နှလုံးထဲတွင် ရိုသေမှုလေးစားမူကလည်း ပိုကြီးမားလာလေ ဖြစ်သည်။ သို့သော် ချင်ယွင်သည် ကောင်းကင်ဘုံကို စိန်ခေါ်ဝံ့သည်။ နတ်ဘုရားကမ္ဘာကို ခြေချပြီးနောက်, သူသည် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်လိမ့်မည်မှာ အံ့ဩစရာမရှိတော့ပေ။

ကောင်းကင်ဘုံပင်လျှင် သူ့ကို လိုက်လျောညီထွေ မနေခိုင်းနိုင်တော့ပေ။ ထိုကဲ့သို့သော လူသည် သူ၏ စိတ်ကူးစိတ်သန်းကို လုံးဝ ကျော်လွန်သွားခဲ့ပြီ။

"ငါဟန်ကျင်းက မင်းရဲ့သတ်ဖြတ်ခြင်းခံရတာ ထိုက်တန်ပါတယ်လေ" ဟန်ကျင်းသည် ပွင့်ပွင့်လင်းလင်း မြင်သွားခဲ့ပြီ။ ထို့ကြောင့် သူသည် ခံစားချက်မဲ့စွာဖြင့် သက်ပြင်းချရုံသာ တတ်နိုင်ပါသည်။

ဘန်း…။

ဟန်ကျင်း၏ ပွင့်လင်းသွားသော စိတ်သဘောထားက သူ့စိတ်အခြေအနေကို ပျော့ပျောင်း သွားစေခဲ့ပြီး၊ သူသည် အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့်သို့ အမှန်တကယ် ဖြတ်ကျော်သွားခဲ့သည်။

မူလက သွေ့ခြောက်နေသော နတ်ဘုရားတန်ခိုးစွမ်းအားသည် ယခုအချိန်တွင် အမှန်တကယ် ပေါများနေသည်။ ယခင်ကထက်ပင် ပို၍ ကြီးမားခဲ့ပါသည်။ ပြင်းထန်သော နတ်ဘုရားတန်ခိုးစွမ်းအားသည် သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည်။

"ဟား…၊ ဟား…၊ ကောင်းကင်ဘုံက ငါ့ကို မသတ်ဘူး။ ကောင်းကင်ဘုံကတောင် ငါ့ကို မသတ်ဘူး။ ငါ တကယ်ကို အဆင့်ဖြတ်ကျော်သွားခဲ့တယ်" ဟန်ကျင်းသည် သူ့ခန္ဓာကိုယ် ၏ အပြောင်းအလဲများကို သတိပြုမိပြီး ကျယ်လောင်စွာ မရယ်မောဘဲ မနေနိုင်ခဲ့ပေ။ သူ့တစ်ကိုယ်လုံး ဖော်မပြနိုင်အောင် စိတ်လှုပ်ရှားနေခဲ့သည်။

ချင်ယွင်လည်း အနည်းငယ် မှင်သက်သွားခဲ့သည်။ ဟန်ကျင်းသည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် အသက်ရှင်သန်နိုင်ရန် အခွင့်အလမ်းကောင်းများ ရရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သို့သော်လည်း ချင်ယွင်က ၎င်းကို ဂရုမစိုက်ပေ။ အကယ်၍, ဟန်ကျင်းသည် အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့်သို့ ဖြတ်ကျော်သွားလျှင်ပင် နောက်ထပ် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို ခံနိုင်ရည်ရှိအောင် ကြိုးစာရဦးမည်ဖြစ်သည်။ ထို့အပြင်၊ သူသည် အဆင့် ချိုးဖြတ်မျှသာဖြစ်ပြီး၊ သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုးစွမ်းအားသည် အလွန်အားနည်းနေ သေးသည်။

သေချာသည်မှာ, ဟန်ကျင်းက ဒီကိစ္စကို မတွေးမိပါဘူး။ ဤအခိုက်အတန့်တွင် သူသည် အဆင့်ဖြတ်ကျော်ခြင်း၏ ပျော်ရွှင်မှုထဲ၌ အပြည့်အဝ နှစ်မြုပ်နေခဲ့သည်။

“ဘုန်း..။

ဟန်ကျင်းသည် သူ့အဆင့်ချိုးဖြတ်ထဲ၌ ပျော်ရွှင်နေချိန်မှာ, ကောင်းကင်ယံမှာ ပဉ္စမမြောက် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခလျှပ်စီးများသည် လုံးလုံးလျားလျား ကြီးထွားလာခဲ့ပြီး၊ ပေါက်ကွဲသံတစ်ချက်က ကောင်းကင်ယံမှာ ထွက်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်ရာ လျှပ်စီးစစ်ရထားတစ်စီးသည် ကပ်ဘေးဒုက္ခတိမ်တိုက်များကြားမှ ပြေးထွက်လာသည်။ ထိုစစ်ရထားနောက်တွင် လျှပ်စီးဖြင့်ဖန်တီးထားသည့် စစ်သား ဆယ်ယောက် ရှိနေသည်။ စစ်သားတစ်ဦးစီ၏ အငွေ့အသက်သည် ထူးထူးခြားခြား ကြောက်စရာကောင်းလွန်းပြီး လင်းတုံအောက် မနိမ့်ကျပေ။

"ဖြစ်နိုင်တာ, ဒါက ဒဏ္ဍာရီလာ ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ နတ်ဘုရား လက်နက်များ ဖြစ်နေမလား။” ဟန်ကျင်းသည် ရုတ်တရက် ထွက်ပေါ်လာသော နတ်ဘုရားလျှပ်စီး တိုက်ပွဲဝင်လက်နက်ကြောင့် ထိတ်လန့်သွားခဲ့သည်။

"ကောင်းကင်ဘုံမှ နတ်ဘုရားလက်နက် ဆင်းသက်လာခြင်း?" ချင်ယွင်သည် သူ့မျက်လုံး များတွင် ရူးသွပ်ဖွယ် တိုက်ခိုက်လိုစိတ်ဖြင့် တဟုန်ထိုးဆင်းလက်လာသော နတ်ဘုရား လက်နက် ကြည့်လိုက်ရင်း စူးစမ်းလိုသည့်အမူအရာ ပေါ်လွင်နေသည်။

All Chapters