အခန်း ၁၅၁၇
Vol. 102 Ch. 1517
အခန်း (၁၅၁၇) ချင်ယွင်၏ဒေါသ
ကောင်းကင်ဘုံမှဆင်းသက်လာသော နတ်ဘုရားလက်နက်တစ်ခု။
ဘန်ခိုးကြီးသော နတ်ဘုရားလျှပ်စီးစစ်ရထားနှင့် နတ်ဘုရားလျှပ်စီး တိုက်ခိုက်ရေး စစ်သည်တော်ဆယ်ယောက်သည် ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဆင်းလာခဲ့ပြီး၊ သူတို့၏ ကိုယ်ခန္ဓာတွင်ပါရှိသော စွမ်းအားများသည် တုနှိုင်းမရအောင် ကြောက်စရာကောင်းလှ သည်။
လျှပ်စီးစစ်ရထားနှင့် လျှပ်စီးစစ်သည်တော်များသည် အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် ရောက်ရှိလာသည်။ လျင်မြန်စွာပင်၊ ၎င်းတို့သည် သူတို့နှစ်ယောက်ရှိရာ ချိုင့်ဝှမ်းထဲသို့ ရောက်ရှိလာခဲ့ပြီး၊ ချင်ယွင်နှင့် ဟန်ကျင်းတို့ကို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ဖြင့် အပြင်းအထန် တိုက်ခိုက်ကြသည်။
ဤအခိုက်အတန့်တွင် ချင်ယွင်နှင့် ဟန်ကျင်းတို့ နှစ်ဦးစလုံးသည် သူတို့၏ လက်နက်များ ကို တစ်ပြိုင်နက်တည်း ထုတ်လိုက်ကြပြီး၊ သူတို့၏ ခန္ဓာကိုယ်တွင်းရှိ နတ်ဘုရားတန်ခိုး စွမ်းအားသည် အရူးအမူး ပေါက်ကွဲသွားကြသည်။
သူတို့နှစ်ယောက်သည် ထိန်းချန်ထားခြင်း မရှိတော့ပေ။ အကယ်၍, သူတို့သည် ယခုအချိန် ထိန်ချန်ထားဦးမည်ဆိုလျှင် မည်သူမျှ အသက်မရှင်နိုင်တော့ကြောင်း သူတို့ သိထားသည်။
“ချွင်..”။
ဓားနှင့်ဆေဘာသံများသည် ချက်ခြင်း ထွက်ပေါ်လာသည်။ သူတို့နှစ်ဦးသည် သူတို့၏ အနှိုင်းမဲ့ အစွမ်းထက်သော အဆုံးစွန်သော လှုပ်ရှားမှုများကို တစ်ပြိုင်နက်တည်း လက်တွေ့ကျကျ အသုံးချကာ လျှပ်စီးစစ်ရထားကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြသည်။
“ဘုန်း..”။
ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ၊ ကြီးမားလှသော လျှပ်စီးစစ်ရထားကြီးသည် ချင်ယွင်၏ ဓားအလင်းနှင့် ဟန်ကျင်း၏ဆေဘာအလင်းကြောင့် တိုက်ရိုက် ကွဲသွားခဲ့သည်။
လျှပ်စီးစစ်ရထားကြီးသည် ပေါက်ကွဲပြီး၊ လျှပ်စီးမုန်တိုင်းများအဖြစ်သို့ ပြောင်းလဲသွားကာ၊ ချိုင့်ဝှမ်းတစ်ခုလုံးကို အဆုံးမဲ့ လွှမ်းမိုးသွားခဲ့သည်။
လျှပ်စီးစီးရထားကြီး ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသဖြင့် ချင်ယွင်နှင့် ဟန်ကျင်းတို့ သည် သက်ပြင်းကိုယ်စီ ချမိကြသည်။ အကယ်၍, လျှပ်စီးစစ်ရထားကို ဆင်းသက်ခွင့် ပြုလိုက်ပါက, သူတို့ မသေလျှင်ပင် ဒဏ်ရာ ပြင်းထန်စွာ ရရှိနိုင်မည်ဖြစ်သည်။
ဘန်း..။
သို့သော် သူတို့ လုံးဝ အနားယူနိုင်ခြင်း မပြုမီ, ကြောက်မက်ဖွယ်ရာ လျှပ်စီးမုန်တိုင်းက ပြင်းထန်သောစွမ်းအားဖြင့် ဖြိုခွင်းလာခဲ့သည်။
လျှပ်စီးစစ်သူရဲဆယ်ဦးစလုံးသည် လျှပ်စီးလှံများကို ကိုင်ဆောင်ထားရင်း ချင်ယွင်နှင့် ဟန်ကျင်းတို့ကို တိုက်ခိုက်လာခဲ့သည်။
ငါးယောက်က ချင်ယွင်ကို တိုက်ခိုက်ခဲ့ပြီး ကျန်ငါးယောက်က ဟန်ကျင်းကို တိုက်ခိုက်ခဲ့ သည်။
လျှပ်စီးစစ်သူရဲအားလုံးသည် အသက်ရှင်နေပုံရသည်။ သူတို့လက်ထဲတွင်ရှိသော လျှပ်စီး လှံများသည် ပြင်းထန်သော စွမ်းအားများ သယ်ဆောင်လာရင်း တစ်ချိန်တည်းတွင် မတူညီသော အရပ်မျက်နှာငါးခုမှ ချင်ယွင်ကို တိုက်ခိုက်လာသည်။
ချင်ယွင်သည် သူ့တို့ကို နည်းနည်းလေးမှ လျစ်လျူမရှုဝံ့ပါဘူး။ သူသည် သူ၏ နဂါးတစ်ဝက် ပုံစံဖြင့် မြူနှင်းချောက်နက်ဓားကို တိုက်ရိုက် ဆွဲကိုင်လိုက်သည်။ လေဟာနယ်ဓားစွမ်းအား သည် သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် တဝဲလည်လည် ဖြစ်နေပြီး သူ၏ အငွေ့အသက်သည် မကြုံစဖူး ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။
ဝှီး….။
ချင်ယွင်၏ မျက်လုံးများသည် စူးရှပြီး သူ့လက်ထဲတွင်ရှိသော မြူနှင်းချောက်နက်ဓားသည် လျှပ်စီးစစ်သူရဲတစ်ယောက်ဆီသို့ ဖြတ်သန်းသွားစဉ် အဆုံးမဲ့ နောက်ဆက်တွဲပုံရိပ်များကို သယ်ဆောင်သွားခဲ့သည်။
“ဘုန်း..”။
ချင်ယွင်၏ မြူနှင်းချောက်နက်ဓားနှင့် လျှပ်စီးစစ်သူရဲ၏ လျှပ်စီးလှံသည် အပြင်းအထန် တိုက်မိပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
သို့သော်လည်း ချင်ယွင်ကို အံ့အားသင့်စေရသည်မှာ၊ လျှပ်စီးကြောင်းမှ လုံးလုံးလျားလျား သိပ်သည်းထားသော ထိုလျှပ်စီးလှံသည် ချင်ယွင်၏ မြူနှင်းချောက်နက်ဓားနှင့် အပြင်းအထန် တိုက်မိပြီး အမှန်တကယ် ပြိုကွဲသွားခြင်း မရှိသည့်အပြင်, သူ့လက်ထဲက နတ်ဘုရားဓားကို ဖြိုခွဲလိုက်သည်။
တစ်ချိန်တည်းမှာပင် အခြားလှံလေးချောင်းက ချင်ယွင်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လာခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် ရှောင်တိမ်ရန်မှာ နောက်ကျနေပြီ ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ၎င်းလှံများအား တားဆီးရန် သူ၏ နတ်ဘုရားတန်ခိုး စွမ်းအင်ဒိုင်းကို အသုံးပြုရန်မှလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
"ဘုန်း…"
လျှပ်စီးလှံလေးချောင်းသည် ချင်ယွင် ဖန်တီးသော နတ်ဘုရားတန်ခိုး စွမ်းအင်ဒိုင်းကို တစ်ပြိုင်နက်တည်း ထိမှန်သွားကြသည်။ လျှပ်စီးလှံများမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားကြောင့် နတ်ဘုရားတန်ခိုး စွမ်းအင်ဒိုင်းသည် ချက်ချင်း ပြိုကွဲ သွားခဲ့သည်။
လျှပ်စီးလှံလေးချောင်းသည် ချင်ယွင်၏အကြေးခွံများကို တစ်ပြိုင်နက်တည်း ထိမှန်သွား ပြီး၊ ခုခံနိုင်စွမ်းမရှိသည့် အင်အားတစ်ခုက လှံများမှတဆင့် ချက်ချင်း ထိုးဖောက် ဝင်ရောက်ကာ ချင်ယွင်၏ ရင်ဘတ်ကို ထိုးနှက်လိုက်လေသည်။
“ဘုန်း…။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်း နောက်ပြန် လွင့်သွားခဲ့သည်။ သူသည် ပေထောင်ပေါင်းများစွာအထိ နောက်ပြန် လွင့်သွားကာ၊ မြေပြင်ပေါ်တွင် လှိမ့်ချပြီးမှ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ။ ဒီလျှပ်စီးစစ်သူရဲတွေက တကယ်ကို အစွမ်းထက်လွန်းတယ်!" ချင်ယွင်သည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး နောက် အံ့အားသင့်စွာဖြင့် အသံထွက် ရေရွတ်လိုက်သည်။
ထိုအချိန်တွင် သူ့ပါးစပ်ထောင့်မှာ သွေးတစွန်းတစ တွဲလောင်းကျနေပြီး ရင်ဘတ်ပေါ်ရှိ အကြေးခွံများသည် လုံးဝ ပေါက်ကွဲထွက်ကာ မထင်မရှား သွေးသားစများ ထွက်ပေါ်လာ သည်။
လျှပ်စီးလှံများ၏တိုက်ခိုက်မှုသည် သူ့နတ်ဘုရားခန္ဓာကိုယ် အများစုကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ အကယ်၍, သူ့နေရာတွင် အခြား အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူများ ဖြစ်နေခဲ့ပါ, အစောပိုင်းက တိုက်ခိုက်မှုသည် ၎င်းတို့အား ပြင်းထန်စွာ ဒဏ်ရာရရှိစေရန် လုံလောက်မူ ရှိကောင်းရှိနိုင်သည်။
ချင်ယွင်သည် အဝေးမှ ဟန်ကျင်းကို လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ ဟန်ကျင်းဆီကိုလည်း လျှပ်စီးလှံငါးလက်ကြောင့် လွင့်ပျံသွားသည်ကို သူတွေ့ရှိခဲ့သည်။ သူ့ထက် ပိုမိုကောင်း သည်မှာ သူသည် ပြင်းထန်စွာ ဒဏ်ရာရခြင်းမရှိခဲ့ပေ။ သို့သော်, ကြောက်မက်ဖွယ် လျှပ်စီး လှံများကြောင့် သူ၏လက်မောင်းတဖက် စုတ်ပြဲနေဆဲ ဖြစ်သည်။
ဟန်ကျင်းသည် အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့်သို့ ဖြတ်သွားခဲ့ပြီဖြစ်သော် လည်း သူသည် စွမ်းအားအရာမှာ ကျွမ်းကျင်လွန်းလှသည် မဟုတ်သေးပေ။ ထိုသို့မဟုတ် လျှင်, သူသည် အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့် သူ့ခွန်အားဖြင့် ယခုလောက် ဝမ်းနည်းဖွယ် အခြေအနေမျိုးမှာ ရှိနေမှာ မဟုတ်ပါဘူး။
ဘန်း….။
ချင်ယွင်သည် စိတ်ပျံ့လွင့်သွားချိန်မှာ, ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက သူ့မျက်နှာဆီသို့ တိုးဝင်လာခဲ့သည်။ လျှပ်စီလှံတစ်စင်းက လေဟာနယ်ကို ထိုးဖြတ်၍ ချင်ယွင်၏မျက်ခုံးကြားဆီသို့ တိုက်ရိုက် ရောက်ရှိလာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်လုံးများသည် အနှိုင်းမဲ့ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာသည်။
ဘန်း…။
ချင်ယွင်၏ခြေချောင်းများသည် မြေပြင်နှင့်ထိသွားခဲ့ပြီး၊ သူ့ခန္ဓာကိုယ်သည် ချက်ချင်းပင် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။
သို့သော်လည်း လျှပ်စီးစစ်သူရဲများသည် ထိုနေရာတွင် မရပ်တန့်ဘဲ ချင်ယွင်၏ နောက်သို့ လိုက်ပါသွားခဲ့သည်။
ထိုမျှသာမက၊ လျှပ်စီးစစ်သူရဲတစ်ဦးသည် ချင်ယွင်၏ ခန္ဓာကိုယ်အနီးတွင် မည်သည့်အချိန် ကတည်းကမှန်းမသိ ပေါ်လာပြီး ဖြစ်နေသည်။ သူ့လက်ထဲမှ လှံသည် တုတ်တစ်ချောင်း အဖြစ် ပြောင်းလဲသွားပြီး ချင်ယွင်၏ ခါးကို ပြင်းပြင်းထန်ထန် ရိုက်ချိုးလိုက်ပါသည်။
ရှေ့နှင့်နောက် ပိတ်ညှပ်တိုက်ခိုက်မှုများသည် ချင်ယွင်ကို အလွန်အန္တရာယ်များသော အခြေအနေသို့ ချက်ချင်း ရောက်ရှိသွားစေခဲ့သည်။
"ဟမ့်၊ မင်းတိုက ငါ့ကို သတ်ချင်နေတာလား၊။ ဒီလောက်မလွယ်ဘူး" ချင်ယွင်၏ မျက်လုံးများသည် အနှိုင်းမဲ့ ပြင်းထန်သော အလင်းတန်းတစ်ခုနှင့်အတူ ရုတ်တရက် တောက်ပလာခဲ့သည်။ သူ့လက်ထဲက မြူနှင်းချောက်နက်ဓားသည် ချက်ချင်း လင်းလက် သွားခဲ့သည်။
ဘန်း..။
ထိုနောက်တွင် ချင်ယွင်၏ရုပ်အသည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုလျှပ်စီး စစ်သူရဲနှစ်ယောက်၏ တိုက်ခိုက်မှုများသည် ချင်ယွင် မူလရပ်နေသည့်နေရာသို့ ကျဆင်း လာပြီး လုံးဝ လွဲချော်သွားခဲ့သည်။
ဘန်း…။
လေဟာနယ်လှိုင်းလုံးတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်၏ရုပ်အသွင်သည် လျှပ်စီးစစ်သူရဲ တစ်ယောက်နောက်တွင် ထူးထူးခြားခြား ပေါ်လာသည်။
"ဓားဖျက်သူ…"
ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့လက်ထဲက မြူနှင်းချောက်နက်ဓား သည် ချက်ချင်း ကျဆင်းသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်ဓား စွမ်းအားသည် ထိုထိုလျှပ်စီးစစ်သူရဲကို နှစ်ပိုင်းအဖြစ် တိုက်ရိုက် ခွဲသွားခဲ့သည်။
“ဘုန်း”။
ထိုလျှပ်စီးစစ်သူရဲသည် ကွဲထွက်သွားပြီး၊ ၎င်းသည် ချက်ချင်းပင် ချင်ယွင်ကို ဝါးမျိုသွား သည့် ကြောက်မက်ဖွယ် လျှပ်စီးမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
"အား…..."
ချင်ယွင်သည် ဤကြောက်စရာကောင်းသော လျှပ်စီးမုန်တိုင်းကြောင့် လုံးဝ လွင့်ထွက်သွား ခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် အကြိမ်ပေါင်းများစွာ ပေါက်ကွဲခဲ့ပြီး သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာအပြင်းအထန် ရရှိသွားပြန်သည်။
သူသည် လျှပ်စီးစစ်သူရဲ ငါးဦးအနက် တစ်ဦးကို ဖယ်ရှားပစ်နိုင်ခဲ့သော်လည်း ချင်ယွင် ကိုယ်တိုင်လည်း များစွာ ပေးဆပ်ခဲ့ရသည်။
ချင်ယွင်၏ပုံရိပ်သည် နောက်သို့ လျင်မြန်စွာ ဆုတ်သွားခဲ့ရသည်။ လျှပ်စီးပေါက်ကွဲမှု၏ တန်ပြန်သက်ရောက်မှုသည် အလွန်မင်း ကြောက်စရာကောင်းသည်။ အကယ်၍ သူ့အား ကာကွယ်သည့် ချပ်ဝတ်တန်ဆာသာ ရှိမနေခဲ့ပါက, လျှပ်စီးမုန်တိုင်းသည် သူ့ခန္ဓာကိုယ်ကို ဖြိုခွဲပစ်ရန် လုံလောက်ပေလိမ့်မည်။
ဘန်း…။
သို့သော် ချင်ယွင်၏ရုပ်အသွင်သည် လျင်မြန်စွာ ဆုတ်ခွာသွားနေစဉ်မှာ, ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးလှံတစ်စင်းသည် ချင်ယွင်၏ ဦးခေါင်းထက် ကောင်းကင်မှ ဆင်းသက်လာခဲ့ပြီး သူ့ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။
“လခွမ်းပေါ့”။
ချင်ယွင်သည် ချက်ချင်းပင် ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး သူ့နှလုံးသားထဲမှ ပြင်းထန် သော အမျက်ဒေါသက ပျံ့နှံ့ထွက်ပေါ်လာသည်။
ဘန်း..။
ချင်ယွင်သည် ရွေးချယ်စရာမရှိတော့ဘဲ သူ့ခန္ဓာကိုယ်တွင်းရှိ ခွန်အားအားလုံးကို တဖန်ပြန်လည် စုစည်းလိုက်ရကာ၊ သူ့ခန္ဓာကိုယ်ကို ပေပေါင်းများစွာအထိ အလျားလိုက် ရွေ့လျားသွားစေသည်။
“ဘုန်း..”။
ထိုလျှပ်စီးလှံသည် ချင်ယွင်၏ မူလနေရာသို့ ဆင်းသက်လာခဲ့ပြီး မိုင်တစ်ရာကျော်အထိ ကြောက်မက်ဖွယ်ကောင်းသော အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာကာ မြေပြင်ကို ချက်ချင်း ကွဲအက်သွားစေသည်။
ချင်ယွင်လည်း ထိုလျှပ်စီးလှံ၏ တိုက်ခိုက်မှုကြောင့် လွင့်ပျံသွားခဲ့ရပြန်သည်။ မူလက ရရှိထားသော ဒဏ်ရာများကြောင့် အကြေးခွံများသည် ပို၍ပင် ပျက်စီးသွားကာ သူ့သွေးသားစကားများ မထင်မရှား ဖြစ်ပေါ်နေသည်။
သို့သော် သူသည် အေးအေးဆေးဆေး မနေနိုင်ခဲ့ပါ။ နောက်ထပ် လျှပ်စီးစစ်သူရဲတစ်ဦး သည် တဟုန်ထိုး ပြေးလာခဲ့ပြီး သူ့လက်ထဲမှ လျှပ်စီးလှံနှင့် ချင်ယွင်ကို တိုက်ခိုက်လိုက် သည်။
လျှပ်စီးစစ်သူရဲများသည် မည်သည့် စိတ်ခံစားချက်မျှ မရှိခဲ့ပေ။ သူတို့သည် မည်ကဲ့သို့ တိုက်ခိုက်ရမည်ကိုသာ သိကြသည်။ အကယ်၍, သူတို့ ရှင်သန်ချင်သည်ဆိုလျှင်, သူတို့ အားလုံးကို ဖြိုခွဲပစ်ရလိမ့်မည်။
ဘန်း…။
ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးလှံသည် ချင်ယွင်ဆီသို့ မယုံနိုင်လောက်သည့် အရှိန်ပြင်းပြင်းနှင့် တည့်တည့် တိုးဝင်သွားခဲ့သည်။
ချင်ယွင်သည် လျင်မြန်စွာ ချဉ်းကပ်လာနေသည့် လျှပ်စီးလှံကို ကြည့်လိုက်ရင်း၊ သူ့မျက်လုံး များတွင် တုနှိုင်းမရသည့် ပြင်းထန်သော အမျက်ဒေါသက ထွက်ပေါ်လာခဲ့သည်။
"ငါ့ရဲ့အစွမ်းကို မပြဘူးဆိုရင်, မင်းတို့က ငါ့ကို ဖျားနာနေတဲ့ ကြောင်တစ်ကောင်လို့ တကယ် ထင်နေတော့မှာပဲ။ ဒါကြောင့် မင်းတို့အားလုံးကို ငါ ဖြိုခွဲပစ်မယ်" ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက အနှိုင်းမဲ့ ကြီးမားသည့် စွမ်းအားက ထွက်ပေါ်လာပြီး သူ့အငွေ့အသက်က မကြုံစဖူးအဆင့်သို့ ရောက်ရှိသွားခဲ့ပါသည်။