အခန်း ၁၅၁၈
Vol. 102 Ch. 1518
အခန်း (၁၅၁၈) နတ်ဘုရားဘုရင်ဆေးလုံး
ချင်ယွင်၏ ခရမ်းရောင်အကြေးခွံများသည် အနှိုင်းမဲ့ပြင်းထန်သော သွေးရောင်အငွေ့ အသက်များဖြင့် တောက်လောင်လာကာ၊ သူ၏အငွေ့အသက်ကို ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိသွားစေခဲ့သည်။
နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအား၊ ဤအခိုက်အတန့်တွင် ချင်ယွင်သည် သူ၏ နတ်ဆိုး နတ်ဘုရားစွမ်းအားကို လောင်ကျွမ်းစေကာ သူ့ရုပ်ခန္ဓာခွန်အားကို ယခင်အဆင့်ချိုးဖြတ် စဉ်က အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
ဤသည်မှာ နတ်ဆိုးနတ်ဘုရားကောင်းကင်ဘုံလွှမ်းမိုးခြင်းပညာရပ်၌ အသုံးပြုနိုင်သည့် လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်ပြီး၊ ၎င်းသည် ချင်ယွင်၏ခန္ဓာကိုယ်ကို တုနှိုင်းမရအောင် အစွမ်းထက်သည့် စွမ်းအားကို ထုတ်ဖော်ပေးနိုင်ပါသည်။
အရင်တုန်းက ချင်ယွင်သည် ဤနည်းစနစ်ကို တစ်ကြိမ်တစ်ခါမှ အသုံးမပြုဖူးပါဘူး။ အဘယ်ကြောင့်ဆိုသော် နတ််ဆိုးနတ်ဘုရားတန်ခိုး စွမ်းအားကို လောင်ကျွမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော စွမ်းအားသည် ရက်စက်လွန်းပြီး၊ သူ့ခန္ဓာကိုယ်သည် ၎င်းကို လုံးဝ ခံနိုင်ရည်မရှိသေးသောကြောင့် ဖြစ်ပါသည်။
အခုအချိန်မှာတောင် သူ့ခန္ဓာကိုယ်သည် ထိုစွမ်းအားကို ခံနိုင်ရည် မရှိသေးလောက်ပင်။ ထို့အပြင်၊ သူသည် နဂါးတစ်ဝက်အခြေအနေသို့ ဝင်ရောက်ထားမှသာ ဖြစ်နိုင်ပါသည်။ ထိုသို့မဟုတ်လျှင် သူသည် တဖက်ရန်သူကို မတိုက်ခိုက်နိုင်ခင်မှာ သူ့ခန္ဓာကိုယ်သည် အနှိုင်းမဲ့ ကြီးမားလွန်းသည့် စွမ်းအားကြောင့် ပေါက်ကွဲသွားလိမ့်မည်။
ဘန်း…။
ချင်ယွင်၏ အကြေးခွံများသည် အနှိုင်းမဲ့ သိပ်သည်းသော သွေးရောင်အလင်းများဖြင့် တောက်လောင်လာသည်။ ထိုအချိန်တွင် ချင်ယွင်သည် အနီရောင် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသကဲ့သို့ ခံစားရစေပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများကိုပင် အနီရောင် ဆိုးထားသည်။
ချင်ယွင်သည် သူ့လက်ထဲမှ မြူနှင်းချောက်နက်ဓားကို ဖယ်ထုတ်လိုက်ပြီး၊ ကြောက်မက်ဖွယ် ထိုလျှပ်စီးလှံကို လက်သီးသက်သက်ဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက် သည်။ သူသည် လျှပ်စီးလှံထိပ်ဖျားကို တိုက်ရိုက် ထိုးလိုက်သည်။
"ဘုန်း”
ကောင်းကင်တုန်ခါလောက်သည့် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။
ချင်ယွင်၏ လက်သီးချက် တိုက်ခိုက်မူအောက်တွင် မြူနှင်းချောက်နက်ဓားတောင် မဖြတ်နိုင်သည့် ထိုလျှပ်စီးလှံသည် လျှပ်စီးမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော်လည်း ဤအရာမပြီးဆုံးမှာ ချင်ယွင်သည် လျှပ်စီးမုန်တိုင်းများ၏ တိုက်ခိုက်လာမူ ကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ သူသည် လက်သီးကို ထပ်မံ ဝှေ့ယမ်းပြီး လျှပ်စီးစစ်သူရဲ ၏ ရင်ဘတ်ကို ထိုးချလိုက်သည်။
"ဘုန်း.."
လျှပ်စီးစစ်သူရဲသည် တိုက်ရိုက် ပေါက်ကွဲသွားခဲ့ပြီး ချင်ယွင်အား ဝါးမြိုသွားသည့် အနှိုင်းမဲ့ အားကောင်းသော လျှပ်စီးမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော် ယခုတစ်ကြိမ်တွင် ချင်ယွင်၏ ရုပ်အသွင်သည် လုံးဝ ရွေ့လျားသွားခြင်း မရှိခဲ့ပေ။ သူသည် ထိုကြောက်မက်ဖွယ်ရာ လျှပ်စီးမုန်တိုင်းကို တစ်ချက်လေးတောင် မလှုပ်ခါနိုင် သည့် နတ်တောင်ကြီးတစ်ခုကဲ့သို့ သူ့ခန္ဓာကိုယ်မှ လွင့်ထုတ်နိုင်ခဲ့သည်။
ချင်ယွင်၏ မျက်လုံးများသည် အနှိုင်းမဲ့ အေးစက်ပြီး မောက်မာနေသည်။ သူသည် ပြိုင်ဘက်ကင်း စစ်ပွဲနတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူ့နောက်မှ နဂါးအမြီးသည် ညင်သာစွာ ယိမ်းနွဲ့သွားသော်လည်း ၎င်းသည် လူတိုင်း၏စိတ်နှလုံးကို တုန်လှုပ်စေသည့် စွမ်းအားကို ထုတ်ဖော်ပြသနေသည်။
ထိုအချိန်တွင် ချင်ယွင်သည် သံသယမရှိ အလွန်အစွမ်းထက်နေသည်။ ဤအရာများ အားလုံးကို နတ်ဆိုးနတ်ဘုရားကျင့်ကြံမူတွင် သူ၏ယခင်အဆင့်းချိုးဖြတ်မှုမှ ရရှိခဲ့ခြင်း ဖြစ်သည်။
အကယ်၍, သူ၏ယခင်အဆင့် ချိုးဖြတ်မှုကြောင့်သာ မဟုတ်ပါက၊ ချင်ယွင်သည် ထိုကဲ့သို့ သော အစွမ်းထက်သော လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုနိုင်မည် မဟုတ်ပေ။
ချင်ယွင်သည် သူ၏နဂါးလက်သည်းကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူ့နှလုံးသား သည်လည်း ရင်ခုန်စိတ်လှုပ်ရှားနေသည်။ ဤပြင်းထန်သော ခံစားချက်က သူ့နှလုံးသားကို ပြင်းထန်သော စိတ်လှုပ်ရှားမှု ဖြစ်ပေါ်စေခဲ့သည်။
ဘန်း…။
ဤအခိုက်အတန့်တွင် အနှိုင်းမဲ့ အားပြင်းသော လှိုင်းလုံးကြီးတစ်ခု ထပ်မံ ထွက်ပေါ်လာ သည်။ လျှပ်စီးစစ်သူရဲတစ်ဦးသည် သူ့လက်ထဲတွင် လျှပ်စီးလှံကို ဝှေ့ယမ်းကာ ချင်ယွင်ထံ သို့ ရိုက်ပစ်လိုက်သည်။
ချင်ယွင်သည် လျှပ်စီးလှံ၏ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသော အရှိန်အဟုန်ကို ခံစား လိုက်ရသော်လည်း သူ့ပါးစပ်ထောင့်မှ အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဘန်း…။
ချင်ယွင်သည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ထိုလျှပ်စီးလှံကို ချက်ခြင်း ဆုပ်ကိုင် လိုက်သည်။
ထို့နောက် မယုံနိုင်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ချင်ယွင်သည် သူ့ခါးမှ ခွန်အားကို အားစိုက်ထုတ်ပြီး သူ့ခန္ဓာကိုယ်မှာရှိသည့် ခွန်အားအားလုံးကို သူ့လက်မောင်း ဆီကို ချက်ချင်း ပို့လွှတ်လိုက်သည်။ ထို့နောက် ချင်ယွင်သည် ထိုလျှပ်စီးလှံအား တုနှိုင်းမရ အောင် အစွမ်းထက်သော ခွန်အားဖြင့် တိုက်ရိုက် ဝှေ့ယမ်းလိုက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ရိုက်ချလိက်သည်။
"ဘုန်း.."
ထိုလျှပ်စီးစစ်သူရဲသည် မြေပြင်ပေါ်သို့ ပစ်ကျပြီး ၎င်း၏ကိုယ်ထည်သည် ချက်ခြင်း ပေါက်ကွဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲအသံ တစ်ချက်က ပဲ့တင်ထပ် ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် လျှပ်စီးလှိုင်းလုံးကြီး တစ်ခုက ပတ်ဝန်းကျင်အား ဖြတ်သန်းသွားခဲ့သည်။
အဝေးမှ လျှပ်စီးစစ်သူရဲတစ်ယောက်ကို တွန်းထုတ်လိုက်သည့် ဟန်ကျင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်, သူ့မျက်လုံး ပေါက်ထွက်လုမတတ်ပင် ဖြစ်သွားရသည်။ သူသည် သူ့ခွန်အားရှိသမျှကို အသုံးပြုပါမှ လျှပ်စီးစစ်သူရဲတစ်ယောက်ကိုသာ လွင့်ပျံစေ နိုင်ခဲ့သည်။ သို့သော်၊ ချင်ယွင်သည် ဤအခိုက်အတန့်တွင် လျှပ်စီးစစ်သူရဲတစ်ယောက် အား လက်ဗလာဖြင့် ပစ်ရိုက်နိုင်သည်။ ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန် ခွန်အား မည်မျှ လိုအပ် မည်ကို သူ တွေးကြည့်ရန်ပင် ခက်ခဲပါသည်။
ချင်ယွင်က ထိုနေရာမှာပင် ရပ်မနေခဲ့ပေ။ ယင်းအစား၊ သူသည် လေထဲသို့ တိုးဝင်ကာ အဝေးမှ အခြားသော လျှပ်စီးစစ်သူရဲနှစ်ဦးဆီသို့ ဆက်လက် ပြေးသွားခဲ့သည်။
"ဘုန်း.."
ချင်ယွင်၏ လက်သီးချက်များသည် ရေလွှမ်းမိုးနေသော နဂါးတစ်ကောင်ကဲ့သို့ ပစ်သွင်း တိုက်ခိုက်ပြီး လျှပ်စီးစစ်သူရဲများကို တိုက်ရိုက် ဖြိုခွဲပစ်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများသည် သူ၏အကြေးခွံများကို ရိုက်ခတ် သွားကာ မိုးခြိမ်းသံများထွက်ပေါ်လာခဲ့သော်လည်း၊ သူသည် လွင့်ထွက်သွားခြင်း မရှိခဲ့ပေ။
ချင်ယွင်သည် လျှပ်စီးလက်များကြားတွင် နှစ်ခြင်းခံရင်း ဝင့်ကြွားစွာ မတ်တပ်ရပ်နေခဲ့ သည်။ သူသည် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးနှင့်တူ၏။
သိပ်မကြာခင်မှာပင် သူသည် လျှပ်စီးစစ်သူရဲငါးယောက်လုံးကို လုံးလုံး သတ်ပစ်လိုက် သည်။
ဟန်ကျင်းကို ကြည့်လိုက်တော့, သူသည် လျှပ်စီးစစ်သူရဲလေးဦး၏ တိုက်ခိုက်မှု အောက်တွင် ရုန်းကန်နေရဆဲ ဖြစ်သည်။
ချင်ယွင်သည် ဟန်ကျင်း၏တိုက်ပွဲကို ကြည့်ရင်း ပြုံးရုံသာ ပြုံးနေခဲ့သည်။ သူသည် သူ့ကို ကူညီပေးရန် ရည်ရွယ်ချက် နည်းနည်းလေးမှ မရှိပါဘူး။
သူနှင့်ဟန်ကျင်းတို့သည် မူလကတည်းက ရန်သူတွေဖြစ်သည်။ ထို့ကြောင့်, သူသည် ဟန်ကျင်း ကျဆုံးနေချိန်မှာ သူ့ကို ဒုက္ခမပေးခြင်းကပင် အတော်လေးကောင်းနေပြီဟု သူ ယူဆထားပြီးဖြစ်သည်။ ထို့ကြောင့်, သူ့အနေဖြင့် ဟန်ကျင်းကို မည်သို့ ကူညီနိုင်မည်နည်း။
ထို့အပြင်၊ ဤအချိန်သည် သူ့အား ခွန်အားအချို့ကို ပြန်လည်ရယူရမည် ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ထိုလျှပ်စီးစစ်သူရဲလေးယောက်ကို ဖယ်ရှားရန် ဟန်ကျင်းကို ကူညီရလောက်သည့်အထိ မတုံးအပေ။
ချင်ယွင်သည် ဟန်ကျင်းကို မကြည့်တော့ဘဲ ကောင်းကင်ယံ၌ မည်းမှောင်နေသော တိမ်တိုက်များကို ကြည့်ရန် သူ့ခေါင်းကို မော့လိုက်သည်။
ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ဆယ့်နှစ်ခုထဲမှ ငါးခုနီးပါးကို ဖြတ်ကျော်ပြီးသွားပြီ။
နောက်ထပ် လျှပ်စီးကပ်ဘေးဒုက္ခ ခုနစ်ခု ကျန်နေပါသေးသည်၊၊ ထိုလျှပ်စီးကပ်ဘေး ဒုက္ခများ၏ စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းပေလိမ့်မည်။ ချင်ယွင်၏ လက်ရှိ အင်အားဖြင့်၊ လာမည့် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခခုနစ်ပါးမှ ရှင်သန်လွတ်မြောက်ရန် အလွန်ခက်ခဲသည်ဟု ဆိုနိုင်သေးသည်။
"မဟုတ်ဘူး၊ ငါ့ခွန်အားတွေ တိုးမြင့်ဖို့ လိုနေသေးပုံရတယ်။" ချင်ယွင်က သူ့စိတ်ထဲမှာ အခိုင်အမာ ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူသည် သူ့လက်ဖဝါးကို လှန်လိုက်ရာ သူ့လက်ထဲတွင် အနှိုင်းမဲ့ နီရဲနေသော နတ်ဘုရားဆေးပြားတစ်ခု ပေါ်လာသည်။
ထိုနတ်ဘုရားဆေးလုံးသည် လောင်ကျွမ်းနေသော မီးတောက်မီးလျှံနှင့်တူပြီး အနှိုင်းမဲ့ နီရဲနေသည်။
အဆင့်မြင့် နတ်ဘုရားဆေး, နတ်ဘုရားဘုရင်ဆေးလုံး၊
ဤသည်မှာ ချင်ယွင်သည် နတ်ဘုရားဘုရင်ရုပ်ခန္ဓာကိုယ်ထဲမှ ရရှိသော နတ်ဘုရားဘုရင် ဆေးလုံး ဖြစ်သည်။ မူလက ချင်ယွင်သည် ကျိုးလင် ကောင်းကင်နတ်ဘုရား နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ရာမှာ ကူညီပေးနိုင်ရန် သူမအတွက် ချန်ထားချင်ခဲ့သော်လည်း ယခုတော့ သူကိုယ်တိုင် ဤဆေးလုံးကို သောက်သုံးရတော့မည့်ပုံပင်။
ဘန်း…။
နည်းနည်းမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် နတ်ဘုရားဘုရင်ဆေးလုံးကို သူ့ပါးစပ်ထဲကို ပစ်ထည့်လိုက်သည်။
နတ်ဘုရားဘုရင် ဆေးလုံးကို သန့်စင်ရန် အချိန်အနည်းငယ် ယူရဦးမည်။ ထို့ကြောင့်, ချင်ယွင်သည် ကောင်းကင်ဘုံ လျှပ်စီးများကို ခုခံနိုင်ဆဲဖြစ်လျှင်ပင်, အရေးကြီးသော အခိုက်အတန့်တွင် ၎င်း၏အနှိုင်းမဲ့ အစွမ်းထက်သော အကျိုးသက်ရောက်မှုများကို ထုတ်ဖော်ပြသနိုင်ရန် ၎င်းကို အမြန်စားသုံးရမည် ဖြစ်သည်။
နတ်ဘုရားဘုရင်ဆေးလုံးသည် သူ့ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် အနည်းငယ် စပ်ဖျည်း ဖျည်းအရသာကို ခံစားရသည်။ ထို့နောက် နတ်ဘုရားဘုရင်ဆေးလုံးမှ အနှိုင်းမဲ့ ပူပြင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ အနှိုင်းမဲ့ အစွမ်းထက်သော စွမ်းအားတစ်ခုသည် နတ်ဘုရားဘုရင်ဆေးလုံးမှတဆင့် ဖြည်းညှင်းစွာ ထုတ်လွှတ်လာကာ၊ ချင်ယွင်၏ နီမြန်းနေပြီဖြစ်သော ခန္ဓာကိုယ်သည် တောက်လောင်နေသော မီးတောက်များကဲ့သို့ပင် ဖြစ်လာစေခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်သည် မီးဖိုတစ်ခုနှင့်တူသည်။ သူ့ခန္ဓာကိုယ်ရှိ အပူချိန်သည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားကာ သူ့ခန္ဓာကိုယ်တွင်း ခွန်အားများသည် အဆက်မပြတ် တိုးလာနေသည်။ နတ်ဘုရားဘုရင်ဆေးလုံး၏ ဆေးစွမ်းအားသည် သူ၏ နတ်ဘုရားတန်ခိုးနှင့် နတ်ဆိုးနတ်ဘုရားတန်ခိုးအဖြစ်သို့ အဆက်မပြတ် ပြောင်းလဲနေပါ သည်။
အလွန်လျင်မြန်စွာ၊ ချင်ယွင်၏ ကျင့်ကြံမှုသည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် အလယ်လတ် ကြယ်နတ်ဘုရား အဆင့်သို့ ဖြတ်ကျော်သွားတော့မည် ဖြစ်ကာ၊ အဆင့်ဖြတ်ကျော်ပြီးသား ဖြစ်သည့် အလယ်လတ် မြေကမ္ဘာနတ်ဆိုးနတ်ဘုရားအဆင့်သည်လည်း ပို၍ပင် ခိုင်မာလာခဲ့သည်။
ချင်ယွင်သည် ဤအနေထားကို သတိထားမိသည့်အခါ သူ့မျက်လုံးတွေက တုနှိုင်းမရ အောင် စိတ်လှုပ်ရှားနေသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။
ဤနတ်ဘုရားဘုရင် ဆေးလုံးဖြင့်ဆိုပါက၊ သူသည် ဤကောင်းကင်ဘုံကပ်ဘေးဒုက္ခမှ ရှင်သန်လွတ်မြောက်ရန် သူ၏ယုံကြည်မှုများ ချက်ခြင်း တိုးလာခဲ့သည်။
"ဘုန်း.."
ဤအခိုက်အတန့်တွင်၊ ဟန်ကျင်းသည် သူ၏ အလယ်လတ်အဆင့် ကောင်းကင်နတ်ဘုရား ခွန်အားကို အခြေခံအားဖြင့် ကျွမ်းကျင်လာခဲ့ပြီး၊ လျှပ်စီးစစ်သူရဲလေးယောက်ကို သတ်ပစ်ရန်အတွက် သူ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။
သို့သော်, သူသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ သူ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ချိန်မှာ, ချင်ယွင်ကို ယခုလိုအခြေအနေမျိုးမှာ တွေ့လိုက်ရသည့်အတွက် သူ့မျက်လုံးများတွင် မကြုံစဖူး ထိတ်လန့်တုန်လှုပ်မူက တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
"မင်းက ထပ်ပြီး အဆင့်ဖြတ်ကျော်ချင်သေးတာလား။ အဆင့်တစ်ခု ဖြတ်ကျော်ဖို့အတွက် ဘယ်အချိန်ကတည်းက ရေသောက်တာထက်အောင် ပိုလွယ်ကူသွားရတာလဲ" ဟန်ကျင်း အံ့သြသွားခဲ့သည်။