← Chapters

အခန်း ၁၅၁၉

Vol. 102 Ch. 1519

အခန်း ၁၅၁၉

Vol. 102 Ch. 1519

အခန်း (၁၅၁၉) လျှပ်စီးဘီလူးကြီး။

"ဘုန်း…"

ဟန်ကျင်း အံ့သြနေစဉ်မှာ, နောက်ထပ် ကြောက်စရာကောင်းသည့် အသံတစ်ချက်က ကောင်းကင်ကနေ ထွက်ပေါ်လာခဲ့သည်။

ချင်ယွင်နှင့် ဟန်ကျင်းတို့သည် တစ်ချိန်တည်းဆိုသလို အလိုအလျောက် သူတို့ခေါင်းကို မြှောက်လိုက်ကြပြီး၊ သူတို့မျက်လုံးတွေက လေးနက်သော အမူအရာများကို ပေါ်လွင်စေ သည်။

ဤသည်မှာ ဆဋ္ဌမမြောက် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြီး ဆင်းသက်တော့မည့် နိမိတ် လက္ခဏာ ဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။

ပထမဆုံး ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခငါးခု၏ ကြောက်မက်ဖွယ်စွမ်းအားကို မြင်တွေ့ခဲ့ ရပြီးနောက် ဟန်ကျင်းသည် ကောင်းကင်နတ်ဘုရား အလယ်လတ်အဆင့်သို့ ဖြတ်ကျော် သွားခဲ့သော်လည်း, သူသည် ၎င်းတို့အား လျစ်လျူရှုဝံ့ခြင်း မရှိခဲ့ပေ။

ဤဆဋ္ဌမမြောက် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခသည် မည်သို့အရာဖြစ်မည်ကို စိတ်ကူး ကြည့်ရန်ပင် သူ့အတွက် ခက်ခဲလွန်းသည်။

ချင်ယွင်သည် ကောင်းကင်ယံမှ ဆင်းသက်လာတော့မည့် ဆဋ္ဌမမြောက် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို ကြည့်ရင်း၊ စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေသော သူ့မျက်လုံးများတွင် စူးစမ်းလိုစိတ်များ ရှိနေခဲ့သည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားဘုရင်ဆေးလုံးတွင်မူ, ၎င်းသည် အခန်းကဏ္ဍတစ်ခု အဖြစ် ဆက်လက်ပါဝင်နေခဲ့ပြီး၊ သူ၏ကျင့်ကြံမှုအား အလယ်လတ် ကြယ်နတ်ဘုရား အဆင့်သို့ ချဉ်းကပ်လာနိုင်ခဲ့ကာ၊ အလယ်အလတ် ကြယ်ဘုရားအဆင့်သို့ အချိန်မရွေး ဖြတ်ကျော်သွားနိုင်သည်။

"ဘုန်း.."

လျှပ်စီးတစ်သိန်းက ပေါက်ကွဲပြီး ကောင်းကင်ကြီးက ဆုတ်ပြဲသွားသည်။

ဆဋ္ဌမမြောက် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခသည် နောက်ဆုံးတွင် ဆင်းသက်လာခဲ့သည်။

ကောင်းကင်တွင် ထူထဲသော တိမ်တိုက်များသည် ကွဲအက်သွားကာ၊ လျှပ်စီးကြောင်းများမှ လုံးလုံးလျားလျား ဖြစ်ပေါ်လာသော ဧရာမအသွင်ပြင်ကြီးတစ်ခုက လှိမ့်ဆင်းနေသော တိမ်တိုက်များကြားမှ ထွက်ပေါ်လာခဲ့သည်။

ဤဘီလူးကြီးသည် အမြင့်ပေတစ်ထောင်ရှိပြီး ၎င်း၏ခန္ဓာကိုယ်ကို လျှပ်စီးများဖြင့် လုံးလုံး လျားလျား ပေါင်းစည်းထားသည်။ ခရမ်းရောင်နတ်ဘုရားလျှပ်စီးတွေက ကမ္ဘာမြေကို လင်းထိန်စေပြီး ကမ္ဘာမြေတစ်ခုလုံး ခရမ်းရောင်ဖြင့် ချက်ချင်း ဆေးဆိုးသွားခဲ့သည်။

ချင်ယွင်နှင့် ဟန်ကျင်းတို့သည် ဤမြင်ကွင်းကိုမြင်သောအခါ နှစ်ယောက်စလုံး အလွန်မင်း တုန်လှုပ်ခြောက်ခြားသော အမူအရာများကို ထုတ်ဖော်လိုက်ကြမိသည်။

ဤလျှပ်စီးဘီလူးကြီး၏ တန်ခိုးသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းသည် ယခင်လျှပ်စီးစစ်သူရဲများထက် ဆယ်ဆ ပိုကြောက်စရာကောင်းသည်။ သူ့ခန္ဓာကိုယ်ပေါ် က အငွေ့အသက်ကပင် ဟန်ကျင်း၏စိတ်နှလုံးကို ပြင်းထန်သည့် ကြောက်ရွံ့စိတ်ကို ခံစားစေခဲ့သည်။

"လျှပ်စီးဘီလူးကြီး၊ သောက်လခွမ်း၊ ဒီတစ္ဆေသရဲ ကောင်းကင်ဘုံကပ်ဘေးဒုက္ခက ဘာကြီး လဲ။ ဒါက တော်တော်လေးကို ပုံမှန်မဟုတ်တာဘဲ" ဟန်ကျင်းသည် ဒေါသ ပြည့်နှက်နေ သော မျက်နှာဖြင့် ကျယ်လောင်စွာ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။

ဤအခိုက်အတန့်တွင် သူသည် နတ်ဆိုးနတ်ဘုရား ချင်ယွင်ကို ရန်စမိပြီး၊ ဤထူးဆန်း သော ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြီးထဲသို့ သူ့ကိုယ်သူ တိုးဝင်ခဲ့မိသည့်အတွက် အလွန်တရာမှ နောင်တရနေပြီ ဖြစ်သည်။

ချင်ယွင် ဟန်ကျင်း၏ ဒေါသတကြီး ကျိန်ဆဲသံကို ကြားလိုက်သောအခါ, သူ့မျက်နှာပေါ် တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

အမှန်တော့၊ ဤကောင်းကင်ဘုံ ကပ်ဘေးဒုက္ခ၏ စွမ်းအားသည် အမှန်တကယ်ပင် ဤမျှ အားကောင်းနေလိမ့်မည်ဟု သူကိုယ်တိုင်လည်း မမျှော်လင့်ခဲ့ပေ။ ဤသည်မှာ ဆဋ္ဌမ မြောက် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခမျှသာ ဖြစ်သေးပြီး၊ ၎င်းသည် အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဆန့်ကျင်တိုက်ခိုက်ရန် စွမ်းအား မရှိသည်အထိ တန်ခိုးစွမ်းအားများကို ချန်ထားရစ်ခဲ့ပြီးသား ဖြစ်သည်။ ဤကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြီး၏ အဆုံးသတ်သည် မည်မျှထိတ်လန့်စရာကောင်းမည်ကို သူကိုယ်တိုင် လည်း အမှန်ပင် မသိတော့ပေ။

သို့သော်လည်း ဤကောင်းကင်ဘုံ ကပ်ဘေးဒုက္ခသည် ဆင်းသက်လာပြီးဖြစ်ကာ၊ ချင်ယွင်သည် ၎င်းကို ထိပ်တိုက်ရင်ဆိုင်ရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။ ဟန်ကျင်း အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ဂရုမစိုက်ဖို့ သူ ပျင်းလွန်းလှသည်။

"ဘုန်း.."

ထိုကြောက်မက်ဖွယ် လျှပ်စီးဘီလူကြီးသည် အမှန်တကယ်ပင် ကောင်းကင်မှ ကျဆင်းလာ ခဲ့ပြီး ၎င်း၏ကြောက်မက်ဖွယ်ကောင်းသော ခြေဖဝါးကြီးက ချင်ယွင်နှင့် ဟန်ကျင်းဆီသို့ တိုက်ရိုက် နင်းချလိုက်သည်။

သူ့အမြန်နှုန်းက မယုံနိုင်လောက်အောင် မြန်ဆန်လွန်းပြီး တုံ့ပြန်ဖို့ပင် အချိန်ပို မရှိခဲ့ပါဘူး။

ချင်ယွင်၏ရုပ်အသွင်သည် အလွန်မင်း မြန်ဆန်သော ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား ပြီး ဘေးဘက်တွင် ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် သူ့ရုပ်အသွင်ကို ပြသလာ သည်။

"ဘုန်း…"

ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးခြေဖဝါးကြီးသည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး၊ မြေပြင်သည် လုံးဝ ကွဲအက်သွားခဲ့သည်။

ဧရာမခြေဖဝါးကြီးမှ ဖန်တီးဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဟုန်သည် ချင်ယွင်နှင့် ဟန်ကျင်း၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ခတ်သွားကာ သူတို့အား တိုက်ရိုက် လွင့်ပျံသွားစေခဲ့သည်။

ဟန်ကျင်း၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်ပျံသွားရင်း သူ့မျက်လုံးများက ထိတ်လန့်မူ အပြည့်နှင့်ပင်။

လျှပ်စီးဘီလူးကြီး၏ စွမ်းအားသည် ကြောက်စရာကောင်းလွန်းလှသည်။ မြေပြင်ကို ဆောင့်နင်းမိခြင်းကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းကပင် သူတို့ကို လွင့်ပျံသွားစေခဲ့ သည်။ ယခုလေးတင် ထိုခြေဖဝါးကြီးသည် သူ့တို့ကို နင်းမိသွားမည်ဆိုလျှင်, သူတို့ မည်သို့ ဖြစ်သွားမည်ကို အမှန်တကယ် တွေးကြည့်၍ပင် မရပါချေ။

ချင်ယွင်သည် သူ၏ပြင်းထန်သော ခွန်အားကို အသုံးပြု၍ လေထဲတွင် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် တွန်းလှန်ခဲ့သည်။ သူသည် ပေထောင်ပေါင်းများစွာ အဝေးမှနေ၍ လျှပ်စီးဘီလူးကြီးကို ကြည့်လိုက်ရင်း, သူ့မျက်လုံးထဲမှာ လေးနက်သည့် အမူအရာ ပေါ်လာပါသည်။

ထိုလျှပ်စီးဘီလူးကြီး၏ အစွမ်းက သူ့မျှော်လင့်ချက်ထက် သိသိသာသာ ကျော်လွန်သွား ခဲ့ပါပြီ။ အကယ်၍, အစောပိုင်းက သူသာ ဆောင့်နင်းခံရမည်ဆိုလျှင်, သူသည် အသက်ရှင် ရန် အခွင့်အလမ်း လုံးဝ မရှိတော့ပါဘူး။ သူ့ကနဦးစကြာဝဠာတောင် ပြိုကျသွားနိုင်သည်။

"နောက်တိုက်ပွဲမှာ ငါ ရှိသမျှအရာအားလုံး ထုတ်သုံးရမယ့်ရပုံပဲ။" ချင်ယွင်၏ နဂါး ခြေသည်းများသည် အက်ကွဲသွားပြီး သူ့ခန္ဓာကိုယ်ရှိ နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအား သည် အရူးအမူး လောင်ကျွမ်းသွားကာ သူ၏အငွေ့အသက်သည် ချက်ချင်းပင် ကြောက်မက်ဖွယ် ဖြစ်လာခဲ့သည်။

လျှပ်စီးဘီလူးကြီးသည် ဆင်းသက်ပြီးနောက်၊ ၎င်းသည် ချင်ယွင်ကို စိုက်ကြည့်လိုက်သည်။ သူသည် အဝေးကဟန်ကျင်းကို လျစ်လျူရှုထားသည်။

ချင်ယွင်သည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်သူ အစစ်မှန်ဖြစ်သောကြောင့် လျှပ်စီး ဘီလူးကြီး၏ အဓိကပစ်မှတ်မှာ သဘာဝအတိုင်း ချင်ယွင် ဖြစ်နေသည်။

"အား…"

လျှပ်စီးဘီလူးကြီးသည် ကြောက်မက်ဖွယ် ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ပြီး၊ သူ့လက်သီးကို ချင်ယွင်ဆီသို့ တိုက်ရိုက် ဝှေ့ယမ်းလိုက်သည်။

ချင်ယွင်သည် ရှောင်တိမ်းခြင်းမရှိပေ။ ယင်းအစား၊ သူသည် သူ၏ခန္ဓာကိုယ်ရှိ ခွန်အား အားလုံးကို စုစည်းလိုက်ပြီး၊ ဤကြောက်မက်ဖွယ်ကောင်းသော ထိုးနှက်ချက်ကို ရင်ဆိုင် ရန် သူ့လက်သီးကို ထိုးထုတ်လိုက်သည်။

"ဘုန်း.."

လက်သီးနှစ်ခု, တစ်ခုကကြီးပြီး တစ်ခုက သေးငယ်သည်။ ၎င်းတို့နှစ်ခုသည် လေထဲတွင် ထိပ်တိုက်ဆုံမိပြီး ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေကာ တစ္ဆေသရဲနှင့် နတ်ဘုရား များကို ငိုကြွေးစေလောက်သည်။

ချင်ယွင်၏ရုပ်အသွင်သည် ချက်ချင်း နောက်ပြန် လွင့်ထွက်သွားကာ၊ မြေပြင်ပေါ်သို့ အပြင်းအထန် ပစ်ကျပြီး အနှိုင်းမဲ့ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖန်တီးသွားခဲ့သည်။

သို့သော်၊ ချင်ယွင်၏လက်သီးမှ ကြီးမားပြင်းထန်သော အင်အားကြောင့် လျှပ်စီး ဘီလူးကြီး၏ ကိုယ်ခန္ဓာသည် ခြေသုံးလှမ်း နောက်ဆုတ်လိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ် သည် တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

ဟန်ကျင်းသည် ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသောအခါတွင် အလွန်မင်း တုန်လှုပ် သွားသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိသည်။

ချင်ယွင်သည် ဤလျှပ်စီးဘီးလူးကြီးကို အမှန်တကယ် ထိပ်တိုက် ရင်ဆိုင်နိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့ပေ။

ယခုအချိန်တွင် ချင်ယွင်သည် အပျက်အစီးများထဲမှ ခုန်တက်နေပြီ ဖြစ်သည်။ သူ့တစ်ကိုယ် လုံး သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း သူ့မျက်လုံးတွေက ထူးထူးခြားခြား ပြတ်သားနေ သည်။

"အား…!"

လျှပ်စီးဘီလူးကြီးသည် ဟိန်းဟောက်သံတစ်ချက် ထုတ်ဖော်လိုက်ပြီး ချင်ယွင်ဆီသို့ သူ၏ လက်သီးအကြီးကြီးဖြင့် တိုက်ရိုက် ဝှေ့ယမ်းလိုက်ပြန်သည်။

" ကောင်းကင်နှင့်မြေကြီးဖြစ်စဉ် "

ဟစ်ကြွေးသံတစ်ချက်ကို ထုတ်ဖော်လိုက်ရင်း ချင်ယွင်၏ မျက်လုံးများက ချက်ချင်း ကျဉ်းမြောင်းသွားလေသည်။ တုနှိုင်းမရအောင် အစွမ်းထက်သည့် နတ်ဆိုးနတ်ဘုရား တန်ခိုးစွမ်းအားက သူ့ခန္ဓာကိုယ်ကနေ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ သူ့နောက်တွင် ကြီးမားသော ပုံရိပ်လုံးကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည်။

ထိုဧရာမပုံရိပ်ကြီးသည် ဧရာမလက်ကြီးကို ဆန့်ထုတ်ကာ လျှပ်စီးဘီလူးကြီး၏ လက်သီး ကို ပိတ်ဆို့လိုက်လေသည်။

စွမ်းအားနှစ်ခုသည် အပြန်အလှန် အပြင်းအထန် တိုက်မိပြီး ၎င်းတို့ ထုတ်လွှတ်သော စွမ်းအင်အတက်အကျလှိုင်းများသည် ကီလိုမီတာတစ်ထောင်၏ အချင်းဝက်ကို ဖြတ်ကျော် သွားခဲ့သည်။

ကျိုးလင်နှင့် ခပ်လှမ်းလှမ်းမှ အခြားသူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုံးဝ မှင်သက်သွားကြသည်။

ထိုသို့သော တိုက်ပွဲမျိုးသည် ၎င်းတို့၏ စိတ်ကူးနိုင်စွမ်းကို ကျော်လွန်နေပြီ ဖြစ်ပြီး၊ ချင်ယွင်သည် ဤမျှလောက် အစွမ်းထက်လာမည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ ပေ။

ကျိုးလင်နှင့် အခြားသူများသာမက ဟန်ကျင်းလည်း ထိတ်လန့်သွားသည်။

ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်၏ ကြီးကျယ်ခမ်းနားသော နတ်ဘုရား စွမ်းရည်သုံးပါးကို သူ သိထားသည်။ တိကျသေချာသော အဆင့်အတန်းမျိုး မရှိလျှင် ထိုနတ်ဘုရားစွမ်းရည်သုံးပါးကို အမှန်တကယ် မကျင့်ကြံနိုင်ပေ။ ထိုအချိန်တွင် ချင်ယွင် သည် ထိုနတ်ဘုရားစွမ်းရည် သုံးမျိုးထဲမှ တစ်ခုဖြစ်သည့် ကောင်းကင်နှင့်မြေကြီး၏ဖြစ်စဉ် ကို အကောင်အထည် ဖော်နေပါသည်။

ချင်ယွင်သည် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်၏ ကြီးကျယ်ခမ်းနားသော နတ်ဘုရားစွမ်းရည်သုံးပါးကိုပင် အသုံးချနိုင်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။

"အတိအကျ သူက ဘယ်သူလဲ" ဟန်ကျင်းက မေးခွန်းထုတ်မိသည်။

ချင်ယွင်သည် နတ်ဘုရားနန်းတော်ကြီးတစ်ခု၏ ဘိုးဘေးနတ်ဘုရားတစ်ပါးပါး ကိုယ်တိုင် လေ့ကျင့်သင်ကြားထားသည့် တံခါးပိတ်ကျင့်ကြံနေခဲ့သော တပည့်တစ်ဦးဖြစ်နိုင်ကြောင်း ပင် သူ သံသယရှိလာခဲ့သည်။ ထိုသို့မဟုတ်လျှင်, သူသည် ကောင်းကင်ဘုံကို အံတုနိုင် သည့် စွမ်းရည်မျိုးနှင့် ခွန်အားကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း?။ ထို့အပြင်၊ သူ၏ နည်းလမ်းများသည် အဆုံးမရှိပေ။ ၎င်းတို့အားလုံးထဲမှ နည်းလမ်းအနည်းငယ်ဆိုလျှင်, သူကဲ့သို့ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကိုပင် ကျော်လွန်သွားခဲ့သည်။

သို့သော် ယခုအချိန်တွင်, မည်သူမျှ အဖြေမပေးနိုင်ပေ။ ဤအခိုက်အတန့်တွင် ချင်ယွင် သည် လျှပ်စီးဘီလူးကြီးကို အင်အားအကြွင်းမဲ့ တိုက်ခိုက်နေပါသည်။

ချင်ယွင်သည် ကောင်းကင်နှင့်မြေကြီးဖြစ်စဉ်၏ ဓမ္မပုံသဏ္ဌာန်ဖြင့် လျှပ်စီးဘီလူးကြီး၏ လက်သီးချက်များကို ကို ပိတ်ဆို့ထားနိုင်သော်လည်း ကောင်းကင်နှင့်မြေကြီးဖြစ်စဉ် ဓမ္မ ပုံသဏ္ဌာန်ကို ထိန်းသိမ်းရန် လိုအပ်သော စွမ်းအားပမာဏက အလွန်မင်း ကြီးမားလွန်းပါ သည်။ ထို့အပြင်၊ လျှပ်စီးဘီလူးကြီး၏ စွမ်းအားသည် အလွန်ကြီးမားသောကြောင့် ချင်ယွင် သည် ၎င်းကို ခက်ခက်တွန်းလှန်နေရသည်။ အချိန်အတော်ကြာပြီးနောက်, သူသည် သဘာဝအတိုင်း မထိန်းနိုင်တော့ပေ။

"အား…"

ဟုတ်ပါသည်၊ ချင်ယွင် စိုးရိမ်နေစဉ်မှာ လျှပ်စီးဘီလူကြီးကလည်း နောက်ထပ် ဟိန်ဟောက်သံတစ်ခုကို ထုတ်ဖော်လိုက်ပြန်သည်။ ထို့နောက် နောက်ထပ် လက်သီးချက် ကို ဝှေ့ယမ်းကာ ချင်ယွင်၏ ကောင်းကင်နှင့်မြေကြီးဖြစ်စဉ် ဓမ္မပုံသဏ္ဌာန်ကြီးဆီသို့ ဦးတည်သွားခဲ့သည်။

"ဘုန်း”

မြေကြီး တုန်ခါအက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ချင်ယွင်၏ ကောင်းကင်နှင့် မြေကြီးဖြစ်စဉ်၏ ဓမ္မပုံသဏ္ဍာန်ကြီးသည် ထိုလက်သီးချက်ကြောင့် တိုက်ရိုက် ပြိုကွဲသွားခဲ့ သည်။ ချင်ယွင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် ကြောက်မက်ဖွယ် စွမ်းအားကြောင့် လွင့်ပျံသွားခဲ့သည်။

All Chapters