အခန်း ၁၅၂၀
Vol. 102 Ch. 1520
အခန်း (၁၅၂၀) လေဟာနယ်သတ်ဖြတ်ခြင်းခုနှစ်ချက်။
ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြိုးပြတ်သွားသော စွန်နှင့်တူသည်။ လျှပ်စီးဘီလူး ကြီး၏ လက်သီးချက်ကနေ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသော ကြောက်စရာကောင်း သည့် စွမ်းအင်ကြောင့် လွင့်ပျံသွားခဲ့ပြီး၊ လျှင်မြန်စွာပင် သူ့ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ပစ်ကျကာ လွင့်ထွက်သွားသည်။
"ဘုန်း”
သို့သော် ချင်ယွင်ကို လက်သီးတစ်ချက်ဖြင့် လွင့်ပျံသွားစေခဲ့သည့် လျှပ်စီးဘီလူးကြီးသည် ထိုနေရာတွင် မရပ်တန့်ခဲ့ပေ။ ယင်းအစား, သူသည် ရှေ့သို့ ခြေလှမ်းလာကာ ကြောက်စရာ ကောင်းသော ခွန်အားနှင့်အတူ ချင်ယွင်ဆီသို့ ပြေးဝင်သွားလေသည်။
လျှပ်စီးဘီလူးကြီး၏ အရှိန်အဟုန်မှာ တုနှိုင်းမရလောက်အောင် ကြီးမားပြီး သူ မြေပြင်ပေါ် သို့ ချနင်းလိုက်သောအခါ မြေပြင်သည် ပြိုဆင်းသွားခဲ့သည်။
ခြေနှစ်လှမ်း သုံးလှမ်းအကြာတွင် သူသည် နောက်ပြန်လွင့်သွားသော ချင်ယွင်ကို တိုက်ရိုက် မှီသွားခဲ့သည်။ ဤတစ်ကြိမ်တွင်၊ လျှပ်စီးဘီလူးကြီးသည် သူ့လက်သီးများကို ဝှေ့ယမ်း တိုက်ခိုက်ခြင်းမပြုတော့ဘဲ ၎င်း၏ကြီးမားလှသော ခြေဖဝါးကြီးကို ဝှေ့ယမ်းကာ ချင်ယွင်ဆီသို့ အပြင်းအထန် ကန်ထုတ်လိုက်သည်။
လျှပ်စီးဘီလူးကြီးသည် သူ၏ ကြီးမားသော ခြေဖဝါးကြီးကို ဝှေ့ယမ်းလိုက်ပြီး၊ ချင်ယွင် ဆီသို့ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားဖြင့် ကန်ထုတ်လိုက်ရာ အဆုံးမဲ့ လေပြင်းများက ရိုက်ခတ်သွားခဲ့သည်။
ဤမြင်ကွင်းကိုမြင်လိုက်ရတော့ ချင်ယွင်၏မျက်လုံးများသည် အလွန်မင်း တုန်လှုပ် ခြောက်ခြားသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။
အကယ်၍, ထိုကန်ချက်သာ ထိမှန်ခံရပါက, သူ့ခန္ဓာကိုယ်သည် ချက်ခြင်း ပေါက်ကွဲသွား နိုင်ပါသည်။
ဟန်ကျင်းသည် ဤမြင်ကွင်းကို အဝေးမှ မြင်သောအခါ သူ့မျက်လုံးများက ပြင်းထန်စွာ တောက်ပလာခဲ့သည်။
အကယ်၍, ချင်ယွင်သာ လျှပ်စီးဘီလူးကြီး၏ ကန်ချက်ကြောင့် သေဆုံးသွားပါက, ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခသည် ပြီးဆုံးသွားမည်ဖြစ်ကာ သူ့အသက်ကို သေချာပေါက် ကယ်တင်နိုင်မည် ဖြစ်သည်။
အကယ်၍, သူသာ ဤကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဆက်ခွင့်ပြုခဲ့ထားမည်ဆိုလျှင်, သူ့သေဆုံးနိုင်ခြေက ၉၀ ရာခိုင်နှုန်းနီးပါး ရှိနေသည်။ ထို့ကြောင့် ချင်ယွင်သည် လျှပ်စီး ဘီလူးကြီး၏ တိုက်ခိုက်မူကို ရင်ဆိုင်နေရသည်ကို မြင်လိုက်ရသောအခါ၊ ချင်ယွင်သည် လျှပ်စီးဘီလူးကြီး၏ တိုက်ခိုက်မှုအောက်မှာ သေဆုံးသွားစေရန် စိတ်အားထက်သန်နေခဲ့ သည်။
"ဘုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ လျှပ်စီးဘီလူးကြီးသည် ချင်ယွင်ရှိနေသည့် နေရာကို ကန်ထုတ်လိုက်ရာ ကြောက်စရာကောင်းသော ပေါက်ကွဲသံကို ဖြစ်ပေါ်စေခဲ့ သည်။
ချင်ယွင်သည် ထိုကန်ချက်ကို ခုခံရန် မရွေးချယ်ခဲ့ပေ။ ယင်းအစား၊ သူသည် ဤကြောက်စရာကောင်းသော ထိုကန်ချက်ကို ရှောင်တိမ်းရန် သူ၏ လေဟာနယ် ဖြတ်ကျော်ခြင်းကို အသုံးပြုခဲ့သည်။
ချင်ယွင်၏ရုပ်အသွင်သည် အဝေးတစ်နေရာမှာ ပေါ်လာခဲ့ပြီး သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှု အနည်းငယ်ကို ခံစားလိုက်ရသည်။
ပေတစ်သောင်းနီးပါး အကွာအဝေးကနေတောင် သူသည် ကြောက်မက်ဖွယ်ကောင်းသည့် အသံလှိုင်းပေါက်ကွဲသံကို ကြားနေရသည်။
ထိုအပြင်, အစောပိုင်းက ထိုကန်ချက်သည် သူ့ကို ထိခါနီးပါးဖြစ်ခဲ့သော်လည်း, ပြင်းထန် သည့် လေပြင်းတိုက်ခတ်မှုက သူ့ပါးပြင်တွေကို အလွန်မင်းနာကျင်စေသည်အထိ တုန်ခါသွားခဲ့သည်။
"ဘုန်း."
သို့သော် ချင်ယွင်သည် သက်ပြင်း မချနိုင်ခင်မှာ လျှပ်စီးဘီလူးကြီးသည် ချင်ယွင်၏ ရုပ်အသွင်ကို ထပ်မံ ရှာတွေ့သွားခဲ့သည်။ လျှပ်စီးဘီလူးကြီးသည် ကောင်းကင်နှင့်မြေကြီး ပြိုကွဲလောက်သည့် စွမ်းအားကို သယ်ဆောင်လာရင်း ချင်ယွင်ဆီသို့ ခုန်တက်ကာ အပြင်းအထန် တိုက်ခိုက်လာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်လုံးများသည် ပြင်းထန်သော အလင်းရောင် တောက်ပလာခဲ့သည်။ သူသည် လေဟာနယ်စွမ်းအားကို တစ်ဖန်ပြန်လည် အသက်သွင်းခဲ့ပြီး ဤတိုက်ခိုက်မှုကို ကျဉ်းမြောင်းစွာ ရှောင်ရှားလိုက်ရသည်။
"ဘုန်း”။
တုန်ခါပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ လျှပ်စီးဘီလူးကြီးသည် ချင်ယွင်နောက်သို့ မဆုတ်မနစ် လိုက်နေခဲ့ပြီး ချင်ယွင်သည် အဆက်မပြတ် ရှောင်တိမ်းရန် လေဟာနယ်ကိုသာ အားကိုးနေနိုင်သည်။ သူသည် အချိန်တိုင်းလိုလို ထိခံရလုနီးပါးဖြစ်ပြီး အလွန်မင်း အန္တရာယ်များသည်။
လျှပ်စီးဘီလူးကြီး၏ တိုက်ခိုက်မှုသည် မြေကြီး၊ တောင်တန်းများနှင့် မြစ်ရေပြင်းများကို အဆက်မပြတ် ဖျက်ဆီးနေသော နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့် တူနေသည်။ တခဏချင်း မှာပင်, ကီလိုမီတာတစ်ရာ အကွာအဝေးအတွင်းဧရိယာသည် သူ့တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ပြီး သူဖြတ်သန်းသွားခဲ့သည့် နေရာတိုင်းသည် မည်းတူးကျန်ရစ်ခဲ့သည်။
ဘန်း….
ချင်ယွင်၏ရုပ်အသွင်သည် ကြီးမားသော ကျောက်ဆောင်တစ်ခုတွင် ပေါ်လာပြီး သူ့ရှေ့တွင် ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။
ယခုလေးတင်, လျှပ်စီးဘီလူးကြီး၏ လက်သီးချက်သည် မြေပြင်၌ ကြီးမားသော တွင်းနက်ကြီးတစ်ခုကို တိုက်ရိုက် ဖန်တီးခဲ့ပြီး ချင်ယွင်သည် ထိုလက်ချက်ဖြင့် အသားပြား ကဲ့သို့ ကြေမွလုနီးပါး ဖြစ်ခဲ့ရသည်။
"ဒီလို ရှောင်တိမ်းနေတာ နည်းလမ်း မကျသေးဘူး။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ငါ့ရဲ့လေဟာနယ်စွမ်းအားတွေ အနှေးနဲ့အမြန် ကုန်ဆုံးသွားလိမ့်မယ်။ အဲဒီအချိန်ရောက် ရင်, သူ့ရဲ့ တိုက်ခိုက်မှုတွေကနေ လွတ်မြောက်ဖို့ အရမ်းခက်ခဲသွားမှာ စိုးရတယ်” ချင်ယွင် က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူသည် သူ့ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြန်လည့်လာပြီဖြစ်သည့် လျှပ်စီးဘီလူးကြီးကို ကြည့်လိုက်ရင်း သူ့မျက်လုံးတွေက အလွန်မင်း လေးနက်သည့် အမူအရာ ပေါ်လာခဲ့သည်။
"အား…"
လျှပ်စီးဘီလူးကြီးသည် ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ပြီး ချင်ယွင်ဆီသို့ ထပ်မံ ပစ်ဝင်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် စူးရှလာသည်။
"ချိုးဖျက်လိုက်စမ်း.."
ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ ချက်ခြင်းပင်၊ ချင်ယွင်၏ ဒန်တန်၌ နတ်ဘုရားဘုရင်ဆေးလုံး၏ စွမ်းအားတစ်ခုက ပေါက်ကွဲထွက်သွားသည်။ ထို့နောက် ချင်ယွင်၏ ကျင့်ကြံမှုသည် အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားခဲ့ သည်။
ချင်ယွင်၏လက်ထဲမှာ မြူနှင်းချောက်နက်ဓားက တဖန်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်မှ အနှိုင်းမဲ့ အစွမ်းထက်သော ဓားဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်စွမ်းအားသည် အနှိုင်းမဲ့ အစွမ်းထက်ပြီး ပတ်ဝန်းကျင်ကို ချက်ချင်း လွှမ်းခြုံသွားပါသည်။
"ဝူဝမ်ဓားသိုင်း တတိယမြောက် ဓားကွက် ဓားအမှတ်သား!"
ချင်ယွင်သည် ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့ဓားကို လေထဲသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။
အလွန်ကြီးမားသော ဓားစွမ်းအင်တစ်ခုသည် ကောင်းကင်ယံကို ချက်ချင်း ဖြတ်သန်းသွား ကာ လျှပ်စီးဘီလူးကြီး၏လက်တစ်ဖက်ဆီသို့ ဖြတ်ပိုင်းလိုက်သည်။
"ဘုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လျှပ်စီးဘီလူးကြီးသည် ပေါက်ကွဲသွားသည်။
လျှပ်စီးဘီလူးကြီးသည် ကြောက်မက်ဖွယ်ရာ ဟစ်ကြွေးသံကို ထုတ်လွှတ်ပြီး၊ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် အမှန်တကယ်ပင် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားခဲ့သည်။
"ဘာလဲ?" ဟန်ကျင်းသည် ထိုမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသောအခါတွင် သူသည် အလွန်တုန်လှုပ်သွားသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။
မူလက ချင်ယွင်သည် လျှပ်စီးဘီလူးကြီး၏ လက်သီးချက်ကြောင့် အားအင်ကုန်ခမ်းနေခဲ့ပြီး ချင်ယွင်၏ ဓားသည် လျှပ်စီးဘီလူးကြီး၏လက်တစ်ဖက်ကို အမှန်တကယ် ဖြိုခွဲလိုက် သဖြင့် ၎င်းသည် သူ၏မျှော်လင့်ချက်ထက် ကျော်လွန်သွားသည်မှာ ထင်ရှားသည်။
"အခွင့်အရေးကောင်းပဲ!"
ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများသည် မကြုံစဖူးသည့် အလင်းရောင်တစ်ခုဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။ သူသည် သူ့လက်ထဲမှ မြူနှင်းချောက်နက်ဓားကို ချက်ချင်းပင် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး၊ သူ့ပုံရိပ်က ပေါက်ကွဲသံတွေနှင့်အတူ နောက်ကွယ်မှ ပုံရိပ်တစ်ခုလို ပျံထွက်သွားခဲ့သည်။
ချင်ယွင် ဦးတည်နေသည့်နေရာက လျှပ်စီးဘီလူကြီး၏ ဦးခေါင်းရှိရာဆီသို့ ဖြစ်သည်။
ချင်ယွင်၏ရုပ်ပုံသည် လျှပ်စီးဘီလူးကြီး၏ ရှေ့တွင် နောက်ဆက်တွဲ ပုံရိပ် တစ်ခုကဲ့သို့ ပေါ်လာခဲ့သည်။ သူ့လက်ထဲက နတ်ဘုရားဓားသည် အနှိုင်းမဲ့ ပြင်းထန်သည့် ဓားဆန္ဒ တစ်ခုကို ထုတ်လွှတ်နေသည်။
လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်၏ ပထမဓားကွက် လေဟာနယ်သတ်ဖြတ်ခြင်း ခုနှစ်ချက်။
ချင်ယွင်၏ရုပ်အသွင်သည် လျှပ်စီးဘီဘူးကြီး၏ရှေ့တွင် ဖြတ်သွားစဉ် နောက်ဆက်တွဲ ပုံရိပ်ခုနစ်ရုပ်အဖြစ်သို့ ပြောင်းလဲသွားသည်။
အဝေးက ဟန်ကျင်းပင်လျှင်, ဖြတ်သန်းသွားသည့် စူးရှတောက်ပသော အလင်းတန်း ခုနစ်လုံးကိုသာ မြင်နိုင်ခဲ့ပြီး၊ ချင်ယွင်၏ တည်နေရာအရပ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ ပေ။
အလင်းတန်းခုနစ်ခုသည် ဖျတ်ခနဲ လင်းလက်လာပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်တစ်ခု တည်းအဖြစ်သို့ စုစည်းလာခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် တခါမှ မလှုပ်ရှားဖူးသလို ပင် မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
သို့သော် သူ့ရှေ့မှ လျှပ်စီးဘီလူးကြီးသည် အရူးအမူး အော်ဟစ်နေတော့သည်။ လျှပ်စီး ဘီလူးကြီး၏ ခန္ဓာကိုယ်သည် တုနှိုင်းမဲ့ အစွမ်းထက်သော အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။ ချင်ယွင် အစောပိုင်းက ဖျတ်ခနဲ လင်းလက်သွားသည့် အလင်းတန်းခုနစ်ခုနှင့် တူညီစွာ သူ့ခန္ဓာကိုယ်ကြီးအပေါ်မှာ အက်ကွဲကြောင်း ခုနစ်ခု ရှိနေခဲ့သည်။
"ဘုန်း"
အနှိုင်းမဲ့ ပြင်းထန်သော တုန်ခါအသံနှင့်အတူ လျှပ်စီးဘီလူးကြီးသည် ကြောက်မက်ဖွယ်ရာ အော်ဟစ်သံကြားမှ ပေါက်ကွဲထွက်ကုန်ပြီး ကောင်းကင်နှင့် မြေကြီးကို ကီလိုမီတာ တစ်ရာ ကျော်လောက်ရှိသည့် လျှပ်စီးပင်လယ်ပြင်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ချင်ယွင်၏ရုပ်အသွင်သည် လျှပ်စီးပင်လယ်ပြင်ထဲတွင် မားမားမတ်မတ် ရပ်နေခဲ့ပြီး၊ ခရမ်းရောင် အကြေးခွံတွေက တဖျပ်ဖျပ်တောက်ပနေသည်။ သူသည် သူ့ပတ်ဝန်းကျင်မှ လျှပ်စီးတွေကြောင့် လှုပ်ခတ်ခြင်းမရှိခဲ့ပေ။
ဟန်ကျင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးများသည် အလွန်မင်း အံ့အားသင့်သွားသည့် အမူအရာကို ပေါ်လွင်စေသည်။
ထိုအခိုက်တွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ဓားဆန္ဒက သူ့စိတ်ထဲတွင် အကြောက်တရားကို နက်ရှိုင်းစွာ ဖြစ်ပေါ်စေသည်။
မိုင်ငါးရာအကွာတွင် ကျိုးလင်နှင့် ကျိုးဟုန်ရွှဲ့တို့သည် ချင်ယွင်၏ရုပ်အသွင်ကို ခံစားချက်မဲ့ သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေကြပြီး၊ ပြင်းထန်သောအလင်းရောင်နှင့်အတူ သူတို့မ၏ မျက်လုံးကြီးများက တောက်ပနေခဲ့သည်။
"ဝိုး၊ ဦးလေးက အရမ်းချောတယ်။ ဒီလျှပ်စီးဘီလူးကြီးကို သူ့ဓားနဲ့ ခုတ်ပိုင်းပစ်လိုက်တာ။ သူ့ဘေးနားက အလယ်လတ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင် ပညာရှင် တောင်မှ အဲဒါကို မလုပ်နိုင်မှာစိုးရတယ်” ကျိုးဟုန်ရွှဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ချင်ယွင်ကိုကြည့်နေသည့် သူမအကြည့်တွေက အလွန်မင်း သဘောကျနေခဲ့သည်။
ကျိုးလင်သည်လည်း ချင်ယွင်၏ ခွန်အားအတွက် ဝမ်းသာအားရဖြစ်ကာ တောက်ပသော အပြုံးတစ်ချက်ကို ထုတ်ဖော်လိုက်ပါသည်။
သို့သော် ချင်ယွင်သည် ပတ်ဝန်းကျင်မှလူများ၏ အကြည့်များကို ဂရုမစိုက်ပါ။ ယင်းအစား သူသည် အစောပိုင်းက သူအသုံးပြုခဲ့သည့် လေဟာနယ်သတ်ဖြတ်ခြင်း ခုနှစ်ချက်ကို ပြန်လည်အမှတ်ရနေသည်။
ချင်ယွင်သည် ဤလျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ ခြင်းလည်း ဖြစ်သည်။ သူသည် ဤကျမ်းစာအုပ်ကို သူ့စိတ်နှလုံးထဲမှာ နားလည်နေသော် လည်း အစစ်အမှန်စွမ်းအားကို မသိသေးပေ။ သို့သော် ယခုလေးတင် ထွက်ပေါ်လာသော စွမ်းအားသည် သူ့မျှော်လင့်ချက်ထက် လုံးဝ ကျော်လွန်သွားခဲ့သည်။
"ဆရာကြီး လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား ဖန်တီးထားတဲ့ လျှို့ဝှက် ပညာရပ်က တကယ်ကို မရိုးရှင်းဘူးပဲ။ ဒီလျှို့ဝှက်ပညာရဲ့ ပထမဆုံး ဓားကွက်ကတောင် ဒီလောက်အစွမ်းထက်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ဒါဆို ဒီတားမြစ် လျှို့ဝှက် ပညာရပ်က ဘယ်လောက်ထိ ကြောက်စရာကောင်းမလဲဆိုတာ ငါ တကယ် မသိနိုင်တော့ ဘူး။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ့မျက်လုံးများက မျှော်လင့်ခြင်းများဖြင့် ပြည့်နှက်နေပါသည်။