← Chapters

အခန်း ၁၅၂၁

Vol. 102 Ch. 1521

အခန်း ၁၅၂၁

Vol. 102 Ch. 1521

အခန်း (၁၅၂၁) သတ္တမမြောက် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကြီး

ဟန်ကျင်းသည် ယခုအချိန်တွင် ပြောစရာစကား မဲ့နေခဲ့သည်။ ချင်ယွင်မှာ တခြားရွေးချယ် စရာ မရှိဘူးတော့ဟု သူတွေးလိုက်တိုင်း ချင်ယွင်သည် သူ့မျှော်လင့်ချက်များကို ကျော်လွန်ပြီး အန္တရာယ်တွေကို ရှောင်တိမ်းနိုင်ခဲ့သည်။

သူ့ရှေ့မှ ဤကောင်စုတ်သည် မကုန်မခန်းနိုင်သည့် နည်းလမ်းတွေ ရှိနေခဲ့ပြီး၊ လှုပ်ရှားမှု တိုင်းက အရင်လှုပ်ရှားမူတစ်ခုထက် ပို၍အစွမ်းထက်နေခဲ့သည်။

ယခုအချိန်တွင်၊ သူ့ရှေ့ရှိ ချင်ယွင်သည် ဘိုးဘေးနတ်ဘုရားတစ်ပါး အထူးပြုစုပျိုးထောင် ပေးထားသည့် မွန်းစကားတစ်ကောင် ဖြစ်သည်ဟု သူ အမှန်တကယ် သံသယ ဖြစ်လာမိ သည်။ ထိုသို့မဟုတ်လျှင် သူသည် ဤမျှလောက် ကောင်းကင်ဘုံကို အံတုနိုင်မှာ မဟုတ်ပါ ဘူး။

"ဘယ်လိုလဲ၊ ဆဋ္ဌမမြောက် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြီးကတော့ ပြီးသွားခဲ့ပြီ။ နောက်ထပ် ခြောက်ခု ကျန်နေသေးတယ်။ မင်း ငါနဲ့အတူ နောက်ထပ် ဘယ်နှစ်ခုလောက် လိုက်ပါနိုင်မလဲ ငါ သိချင်မိတယ်။" ချင်ယွင်က ဟန်ကျင်းဘက်သို့ လှည့်ကာ ပြောလိုက် သည်။

ဟန်ကျင်းသည် ချင်ယွင်၏ စကားကိုကြားသောအခါ ပြင်းထန်သော အမျက်ဒေါသက သူ့မျက်နှာပေါ်တွင် ချက်ချင်း ထွက်ပေါ်လာသည်။

"ဟမ့်, ချင်ယွင်၊ သိပ်မောက်မာမနေနဲ့၊ မင်းမှာ နည်းလမ်းတွေ အများကြီးရှိပေမဲ့ မင်း ငါ့ထက်အရင် သေသွားနိုင်တယ်။" ဟန်ကျင်းက ချင်ယွင်ကို ကြည့်ကာ အေးစက်စွာ အော်ပြောလိုက်သည်။

ချင်ယွင်က သူ့ကို မထူးရှားသလို ပြုံးလိုက်ပြီး ဟန်ကျင်းကို လျစ်လျူရှုလိုက်တော့သည်။

ဟန်ကျင်းသည် သူ့အိပ်မက်ထဲမှာပင် သူ့ကိုသတ်ချင်နေမှန်း သူသိသော်လည်း၊ သူသည် သူ့ကို မလွယ်တကူ မတိုက်ခိုက်ရဲဘူးဆိုသည်ကိုပါ သူသိပါသည်။

အကယ်၍, သူသည် ချင်ယွင်ကို သတ်ချင်သည်ဆိုလျှင်, သူကိုယ်တိုင်လည်း နာကျင်စေ လောက်သည့် တန်ဖိုးကို ပေးဆပ်ရမည်ဆိုသည်ကို သူသိထားသောကြောင့် ဖြစ်သည်။ သူသည် ချင်ယွင်ကို မသတ်ဖြတ်နိုင်ဘဲ နှစ်ယောက်စလုံး ဒဏ်ရာရရှိခဲ့မည်ဆိုပါလျှင်ပင်, ဆင်းသက်လာသည့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခက သူတို့အားလုံးကို သတ်ပစ်သွားနိုင် သည်။

သူ့အတွက် ကောင်းကင်နတ်ဘုရား အလယ်လတ်အဆင့်သို့ ဖြတ်ကျော်ရန်မှာ မလွယ်ကူ ပေ။ သူ ဒီလောက်မြန်မြန်ဆန်ဆန် မသေချင်သေးသလို, သူ့အသက်ကို အရင်ကထက် ပို၍ မြတ်နိုးခဲ့သည်။ ထို့ကြောင့်၊ သူသည် ချင်ယွင်ကို တိုက်ခိုက်ရန် သဘာဝအတိုင်း မရွေးချယ် ခဲ့ပေ။ ချင်ယွင်သည် နောက်တစ်ကြိမ် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြောင့် အသတ်ခံရ မည်ဟု သူ မျှော်လင့်နေခဲ့သည်။

အကယ်၍, ဟန်ကျင်းကသာ သူ့ကို မတိုက်ခိုက်ဘူးဆိုလျှင်, ချင်ယွင်သည် အနှောင့်ယှက် ဖြစ်ခံပြီး ဟန်ကျင်းကို ပြဿနာရှာနေမှာ မဟုတ်ပါဘူး။

ယခုဆိုလျှင်, သူ့ဒန်တန်ရှိ နတ်ဘုရင်ဆေးလုံးသည် ဆေးဘက်ဆိုင်ရာ စွမ်းအားကို ထုတ်လွှတ်နေသေးသည်။ နတ်ဘုရားဘုရင်ဆေးလုံး၏ ဆေးစွမ်းအား ထက်ဝက်ခန့်သာ ထုတ်လွှတ်ရသေးသည်။

ယခုအချိန်တွင် ချင်ယွင်သည် အလယ်အလတ် ကြယ်ဘုရားအဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီး သူ၏ကျင့်ကြံမှုက ပိုမိုခိုင်မာလာသဖြင့်၊ သူသည် နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့်ဆီသို့ အရှိန်ဟုန်ဖြင့် ပြေးဝင်နေသည့် အရိပ်အယောင်များပင် ပြသလာသည်။

နတ်ဘုရားဘုရင်ဆေးလုံး၏ ဆေးစွမ်းအာနိသင်အရ, အကယ်၍, မထင်မှတ်ထားသည့် အရာ တစ်ခုခုမဖြစ်ခဲ့ပါက, ချင်ယွင်သည် နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့်နှင့် အထွတ်အထိပ် ကြယ်နတ်ဘုရားအဆင့်အထိပင် အောင်မြင်စွာ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။

ဘန်း..။

ချင်ယွင်၏ ရှေးဟောင်းဖရိုဖရဲ အစိမ်းရောင်ကြာပန်းပညာရပ်သည် သူ့အလိုလို ဆက်လက် လှည့်ပတ်နေပြီး၊ ဤနတ်ဘုရင်ဆေးလုံး၏ ဆေးစွမ်းအားကို စုပ်ယူကာ ထိုဆေးဖက်ဝင် စွမ်းအားကို ပေါင်းစပ်နတ်ဘုရားတန်ခိုးအဖြစ်သို့ ပြောင်းလဲပေးနေခဲ့သည်။

ဤပေါင်းစပ်နတ်ဘုရားတန်ခိုး စွမ်းအား မွေးဖွားလာမူနှင့်အတူ ချင်ယွင်၏ အငွေ့အသက် သည် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာခဲ့သည်။

"ဘုန်း..!"

ထိုအချိန်တွင် ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြန် သည်။

ဤသတ္တမမြောက် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခသည် အရှိန်အဟုန်ပြင်းစွာဖြင့် စတင် စုစည်းနေပြီဖြစ်ပြီး မည်သည့်အချိန်မဆို ဆင်းသက်လာနိုင်သည်။

ချင်ယွင်၏အကြည့်များသည် ချက်ချင်းပင် ပြင်းထန်လာပြီး သူ့အကြည့်တွေမှ ပြင်းထန် သော အလင်းရောင်များ ထွက်ပေါ်လာသည်။

ဆဋ္ဌမမြောက် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခသည် အနှိုင်းမဲ့ အားကောင်းနေပြီ ဖြစ်ပြီး၊ ဤသတ္တမမြောက် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခသည် ထိုမျှရိုးရှင်းမည် မဟုတ်သည်မှာ သေချာပါသည်။

ဘန်း..။

ဟုတ်ပါသည်, ထိုအချိန်မှာပင် ကောင်းကင်ယံ၌ နောက်ထပ် လှုပ်ရှားမှုတစ်ခု ရှိလာခဲ့ သည်။

ကောင်းကင်၌ တိမ်မည်းများကို အနှိုင်းမဲ့ ပြင်းထန်သော အင်အားတစ်ခုက တွန်းဖယ်လိုက် ပြီး ချင်ယွင်နှင့် အခြားသူများ၏ရှေ့တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

ယခုတစ်ခါတော့ လျှပ်စီးများသည် ကြောက်စရာ မဟုတ်တော့ပါဘူး။ ယင်းအစား၊ ၎င်းသည် တုနှိုင်းမရလောက်အောင် ကြီးမားသော ရွှေနတ်တောင်ကြီးတစ်ခု ဖြစ်နေသည်။

ထိုရွှေနတ်တောင်ကြီးသည် တုနှိုင်းမရအောင် ကြောက်ခမန်းလိလိ တန်ခိုးအာနုဘော်ကို ထုတ်လွှတ်ပြီး ရှေးကျသည့် အကန့်အသတ်မဲ့ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ဤရွှေနတ်တောင်ကြီး ပေါ်လာသည်နှင့် တပြိုင်နက်၊ ၎င်းသည် အောက်ဘက်သို့ လျင်မြန် စွာ ဆင်းသက်လာကာ တုနှိုင်းမရလောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ဆင်းသက်လာ ခဲ့သည်။

ဤရွှေနတ်တောင်ကြီးသည် ပေသုံးထောင်မြင့်ပြီး ရွှေရောင်လွှမ်းနေသည်။ တောင်ထွတ် တစ်ခုလုံးသည် အနှိုင်းမဲ့မာကျောသော သတ္တုဖြင့် ပြုလုပ်ထားသောကြောင့် ဖျက်ဆီး၍ မရနိုင်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။

ကြောက်မက်ဖွယ်ကောင်းသော ရွှေတောင်ကြီးသည် တိမ်များကိုထိုးဖြတ်၍ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်။ အထက်မှထုတ်လွှတ်နေသော ကြောက်မက်ဖွယ်သည့် ဖိအားကြောင့် ချင်ယွင်နှင့် ဟန်ကျင်းတို့သည် အောက်ဘက်တွင် အသက်ပင် မရှူနိုင်တော့ ပေ။

ချင်ယွင်သည် ဤမြင်ကွင်းကိုမြင်သောအခါ သူ့မျက်လုံးများသည် အလွန်လေးနက်သော အမူအရာတစ်ခုကို ဖော်ပြလာသည်။

အကယ်၍ ဤရွှေတောင်ကြီး၏ ကိုယ်ထည်သာ ကျရောက်လာပါက၊ သူသည် ထိုကြောက်စရာကောင်းသော ရွှေတောင်ကြီးကြောင့် အသားပြားဖြစ်သည်အထိ ထုနှက်ခံရမည်မှာ သေချာပါသည်။

ဟန်ကျင်းသည် ကောင်းကင်ယံရှိ ဧရာမရွှေတောင်တန်းကြီးကို ငေးကြည့်နေမိသည်။ သူ့မျက်နှာသည် ထိတ်လန့်တုန်လှုပ်မူများဖြင့် ပြည့်နှက်နေပြီး၊ သူ့နှလုံးသားထဲတွင် မြင်းတစ်သောင်းသည် မြက်ပင်များနှင့် ရွှံ့ဗွက်တွေကြားမှာ ခုန်ပေါက်ပြေးလွှားနေသလို ခံစားရသည်။

ဒါက သောက်ရမ်းလွန်သွားပြီ။ ယခုအခါ, သူသည် သူ့အသက်ဖြင့် စွန့်စားရတော့မည်။

သတ္တုနတ်ဘုရားတန်ခိုးဖြင့် အပြည့်အဝ သိပ်သည်းထားသည့် ရွှေတောင်ကြီးတစ်ခု။ ဤကဲ့သို့သော နတ်တောင်ကြီးကို ဤလောက၌ မည်သူကရော ခုခံနိုင်မည်နည်း။

ဘန်း..။

ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှု အရိပ်မြွက်တစ်ခုကို ဖော်ထုတ်လာသည်။ သူ့လက်ထဲက မြူနှင်းချောက်နက်ဓားသည် ကြီးမားလှသည့် ရွှေတောင်ကြီးဆီသို့ တိုက်ရိုက် ဖြတ်သန်းသွားခဲ့သည်။

ဓားအလင်းသည် ပျံထွက်သွားပြီး ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ ရွှေနတ်တောင်ကြီးပေါ်သို့ ကျဆင်းသွားသည်။

သို့သော် ချင်ယွင်၏ ဓားအလင်းသည် ရွှေနတ်တောင်ကြီးပေါ်၌ ခပ်တိမ်တိမ် ဓားအမှတ် အသားတစ်ခုသာ ချန်ထားနိုင်ခဲ့ပြီး၊ သူသည် နတ်တောင်ကြီးကို အလယ်တစ်ဝက်ကနေ မဖြိုခွဲနိုင်ခဲ့ပေ။

"ဘာလဲ?" ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်လုံးများသည် အလွန်မင်း တုန်လှုပ် ခြောက်ခြားသွားဟန် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိသည်။

ဤရွှေနတ်တောင်ကြီး၏ မာကျောမှုသည် သူ့မျှော်လင့်ချက်ထက် အနည်းငယ် သာလွန်နေ သည်။

ဟန်ကျင်းလည်း ခုတ်ပိုင်းရန် ကြိုးစားသော်လည်း ရလာဒ်မှာ ချင်ယွင်နှင့် အတူတူပင် ဖြစ်ပြီး ရွှေနတ်တောင်ကြီးကို လုံးဝ မလှုပ်ခါနိုင်ခဲ့ပေ။

ဘန်း…။

ရွှေနတ်တောင်ကြီးသည် လျင်မြန်စွာ ကျဆင်းလာကာ ချင်ယွင်နှင့် အခြားနေရာများဆီသို့ ဦးတည်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်, ၎င်းသည် ချင်ယွင်နှင့် အခြားသူများ၏ ဦးခေါင်းထက် မီတာတစ်ထောင်သို့ ရောက်ရှိလာပြီး နောက်တစ်စက္ကန့်တွင် လုံးဝ ပြုတ်ကျတော့သည်။

"ကြည့်ရတာ, ငါ ဒါကိုပဲ လုပ်နိုင်တော့မယ့်ပုံပဲ။"

ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်ဖြင့် တောက်ပလာပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါးဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။

ထို့နောက် သူ၏ နဂါးတစ်ဝက် အနေအထားသည် လုံးလုံးလျားလျား ပြောင်းလဲလာပြီး ပေတစ်သောင်းရှည်သော ကြီးမားသည့် ခရမ်းရောင် နဂါးကြီးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။

ချင်ယွင်၏ရုပ်အသွင်သည် ထိုးတက်သွားခဲ့ပြီး နတ်တောင်ကြီးပေါ်သို့ ဝင့်ကြွားစွာဖြင့် တိုက်ရိုက် ဖိနှိပ်လိုက်သည်။

ဧရာမရုပ်အသွင်ကြီးသည် ရွှေနတ်တောင်ကြီးကို တိုက်ရိုက် ရစ်ပတ်ပြီး ရွှေနတ်တောင် ကြီး အပေါ်မှ ကျဆင်းလာသည့်အရှိန်ဟုန်ကို ရုတ်တရက် ရပ်တန့်သွားစေသည်။

ဟန်ကျင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် မျက်လုံးများပြူးကျယ်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် နတ်ဘုရားနဂါးအဖြစ်ပြောင်းလဲခဲ့သော ချင်ယွင်သည် သူ့အား အနှိုင်းမဲ့ ပြင်းထန်သော ဖိအားကို ပေးနေခဲ့သည်။ ထိုနဂါးကြီးသည် သူ့အား သူ့နှလုံးသား အောက်ခြေမှ ကြောက်ရွံ့မှုကို ခံစားစေနိုင်သည်။

သို့သော် ချင်ယွင်သည် ဟန်ကျင်း၏ ထိတ်လန့်တုန်လှုပ်သော အကြည့်များကို လျစ်လျူ ရှုလိုက်သည်။ သူ၏ကြီးမားလှသော နဂါးမျက်လုံးကြီးများသည် သူ ပိတ်ဆို့ထားသော ရွှေနတ်တောင်ကြီးကိုသာ စိုက်ကြည့်နေပြီး သူ့မျက်လုံးများတွင် ပြင်းထန်သော အငွေ့အသက်များ ရှိနေခဲ့သည်။

ထိုရွှေနတ်တောင်ကြီးသည် မရိုးရှင်းပါဘူး။ အကယ်၍, ၎င်းသည် ဖိချလာခဲ့လျှင်လည်း, အလွယ်တကူ ရှောင်တိမ်းနိုင်ပါသည်။ သို့သော်လည်း ချင်ယွင်က ထိုရွှေနတ်တောင်ကြီး သည် သူတို့ထင်ထားသလောက် မရိုးရှင်းကြောင်း ယောင်ဝါးဝါး ခံစားမိသည်။ ထို့ကြောင့် သူသည် နတ်ဘုရားနဂါးအဖြစ် ပြောင်းလဲပြီး ဤရွှေနတ်တောင်ကြီးသည် မည်သည့် ခြားနားချက်များရှိနေသည်ကို သူ မြင်ချင်မိသည်။

ဘန်း…။

ဟုတ်ပါသည်, ချင်ယွင်သည် ထိုရွှေနတ်တောင်ကြီးကို လုံးလုံးလျားလျား ချည်နှောင်ထား စဉ်မှာ, တန်ခိုးကြီးသော ရွှေရောင်စွမ်းအင်လှိုင်း အတက်အကျတစ်ခုက ရွှေနတ်တောင် ကြီးပေါ်မှ ထုတ်လွှတ်လိုက်သည်။

ထို့နောက်တွင်၊ ရွှေနတ်တောင်ကြီးသည် စတင်ပြောင်းလဲလာပြီး နောက်ဆုံးတွင် ချင်ယွင် ကဲ့သို့ ရွှေနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"အောင်း.."

ရွှေနဂါးကြီးသည် ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်မှ တုနှိုင်းမရ အောင်သည့် အစွမ်းထက်သော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ ၎င်း၏ စွမ်းအားများ ထွက်ပေါ်လာပြီး ချင်ယွင်၏ နဂါးခန္ဓာကိုယ်ကို တိုက်ရိုက် တုန်ခါသွားစေ သည်။

ရွှေရောင်သူငယ်အိမ်များက ချင်ယွင်ကို ရန်စနေသည့်အလား အေးစက်စက် အမူအရာဖြင့် ချင်ယွင်ကို ကြည့်နေကြသည်။

ချင်ယွင်၏ မျက်လုံးများတွင်လည်း အမျက်ဒေါသများ လျှံတက်လာပြီး ကောင်းကင်ကို လှုပ်ခါစေသည့် နဂါးဟိန်းဟောက်သံတစ်ချက် ထုတ်ဖော်လိုက်ပါသည်။

နဂါးမျက်လုံးတစ်စုံသည် ရွှေနဂါးကြီးကို စူးစူးစိုက်စိုက် ကြည့်လျက်ရှိကာ ၎င်း၏ခန္ဓာကိုယ် မှ နတ်ဘုရားတန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။

"ဘုန်း.”

ချင်ယွင်၏ နဂါးခြေသည်းသည် ရွှေနဂါးကြီး၏ ခြေသည်းနှင့် တိုက်ရိုက် တိုက်မိပြီး ကောင်းကင်ယံတွင် တုန်လှုပ်နေသည့်အသံကို ဖြစ်ပေါ်စေသည်။

ထို့နောက် ဧရာမနတ်ဘုရားနဂါးကြီးနှစ်ကောင်သည် အချင်းချင်း ထိပ်တိုက်တွေ့ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော နဂါးခြေသည်းများကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများ သည် ကီလိုမီတာ တစ်ထောင်အကွာအဝေးကို ဖြတ်ကျော်သွားခဲ့သည်။

All Chapters