အခန်း ၁၅၂၂
Vol. 102 Ch. 1522
အခန်း (၁၅၂၂) ပန်ဂုပုဆိန်၏တန်ခိုး။
"ဘုန်း.."
နဂါးကြီးနှစ်ကောင်သည် အချင်းချင်း တိုက်မိပြီး ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ချင်ယွင် အသွင်ပြောင်းခဲ့သော ခရမ်းရောင်နဂါးနှင့်ရွှေရောင်နဂါးတို့သည် တစ်ကောင်နှင့် တစ်ကောင် အပြင်းအထန် တိုက်မိသွားကာ အနှိုင်းမဲ့ အားကောင်းသော စွမ်းအင် အတက်အကျလှိုင်းများကို ဖြစ်ပေါ်စေသည်။ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြီး သည် ကီလိုမီတာရာနှင့်ချီ၍ အရပ်ရပ်သို့ ရွေ့လျားသွားသည်။
"ဘုန်း.."
နောက်ထပ် ကြောက်စရာကောင်းသည့် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ချင်ယွင်သည် ရွှေနဂါးကြီးနှင့် ထပ်မံတိုက်မိပြီး ကွဲထွက်သွားသည်။
ချင်ယွင်၏ကြီးမားလှသော နဂါးမျက်လုံးများက သူ့ရှေ့ရှိ ရွှေနဂါးကြီးကို စိုက်ကြည့်နေပြီး အေးစက်စက် အလင်းရောင်တစ်ခုက သူ့နှလုံးသားကို ထိုးဖောက်ဝင်ရောက်လာသည်။
ချင်ယွင်ကို နဂါးမျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေစဉ် ရွှေနဂါးကြီး၏မျက်လုံးများသည် အနှိုင်းမဲ့ အေးစက်သွားသည်။
ဤရွှေနဂါးကြီးသည် တကယ့်အသက်ရှိ မဟုတ်ပေ။ ၎င်းသည် သတ္တုနတ်ဘုရားတန်ခိုး ဖြစ်သည်။ ၎င်း၏တစ်ကိုယ်လုံးသည် အလွန်မင်း မာကျောသည်။ အဆင့်မြင့်အဆင့် နတ်ဘုရားပစ္စည်းနှင့် ယှဉ်နိုင်သည်။
ဤသတ္တမမြောက် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို ကိုင်တွယ်ဖြေရှင်းရန် အလွန် ခက်ခဲ လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပါ။ အကယ်၍, သူသည် ဤကပ်ဘေးဒုက္ခမှ ရှင်သန် လွတ်မြောက်ချင်သည်ဆိုလျှင်, ရွှေနဂါးကြီးကို ဖြိုခွဲပစ်ရမည်။ ထိုသို့မဟုတ်လျှင်, ရွှေနဂါးကြီး မသေမချင်း သူ့ကို ဆက်ပြီး အနှောင့်အယှက်ပေးနေလိမ့်မည်။
ဟန်ကျင်းသည် ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးများသည် ထိတ်လန့်သွားသည်။
ရွှေနဂါးကြီး သူ့ကို ပြင်းထန်သည့် ဖိနှိပ်ချက်ခံစားမူကို ပေးနေခဲ့သည်။ ရွှေနဂါးကြီး မည်မျှ တန်ခိုးကြီးသည်ကို သူ ခံစားနိုင်သည်။ အကယ်၍, သူသည် ရွှေနဂါးနှင့် ထိပ်တိုက် ရင်ဆိုင် ရမည်ဆိုလျှင်, ရွှေနဂါးလက်ထဲမှာ မသေနိုင်ဟု ယုံကြည်မှုမျိုး မရှိပေ။ အနိုင်ယူရန်မှာ အခွင့်ရေး အများကြီးနည်းပါသည်။
"ဒီအတိုင်း ဆက်သွားနေလို့မရဘူး။ ငါ ဒီရွှေနဂါးကြီးကို လုံးလုံးဖြိုခွဲပစ်ရမယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ရုတ်တရက် သူ့မျက်လုံးတွေက တောက်ပလာပြီး သူ၏ကြီးမားလှသော ခန္ဓာကိုယ်သည် ရုတ်တရက် ကျုံ့သွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည် တစ်ဖန် နဂါးတစ်ဝက်အခြေအနေသို့ ပြောင်းသွားခဲ့ပြီး သူ၏လက်ထဲတွင် ပုဆိန်ကြီးတစ်ခု ပေါ်လာသည်။
ဤပုဆိန်ကြီးသည် ချင်ယွင် အရင်က ရရှိခဲ့သော ပန်ဂုပုဆိန်ဖြစ်သည်မှာ အတိအကျပင်။ ဤပန်ဂုပုဆိန်သည် အဆင့်မြင့်အဆင့် ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားပစ္စည်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အဆင့်မြင့် နတ်ဘုရားပစ္စည်းနှင့် နှိုင်းယှဉ်နိုင်သော ဤရွှေနဂါး၏ မာကျောမှုကို မဆိုထားနှင့်, ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတစ်ခုပင်လျှင် ၎င်းထံမှ ထိုးနှက်ချက်တစ်ခုကို ခံနိုင်ရည်မရှိခဲ့ပေ။ ထို့ကြောင့် ဤပန်ဂုပုဆိန်ကို အသုံးပြုခြင်းသည် ဤရွှေနဂါးကို ကိုင်တွယ်ရာမှာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
ဘန်း..။
ချင်ယွင်သည် သူ့လက်ထဲတွင် ပန်ဂုပုဆိန်ကို ကိုင်ထားပြီး ရွှေနဂါးကြီးနှင့် မျက်နှာချင်းဆိုင် ကာ ကောင်းကင်ယံတွင် မတ်မတ် ရပ်နေလေသည်။
ပန်ဂုပုဆိန်သည် အနှိုင်းမဲ့ တောက်လောင်နေသော မီးတောက်မီးလျှံကို ထုတ်လွှတ်လိုက် သည်။ ကြက်သွေးရောင် အလင်းတန်းများက သူ့လက်တစ်ဝိုက်တွင် တောက်လောင်နေ ကာ ထူးထူးခြားခြား လှပနေပါသည်။
သို့သော် ရွှေနဂါးကြီးနှင့် နှိုင်းယှဥ်ကြည့်လျှင် သူ့ရုပ်အသွင်သည် အလွန်သေးငယ်သည်။
ဤကြီးမားလှသော ရွှေနဂါးကြီး၏ရှေ့တွင်၊ သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်သော်လည်း သူ၏ အငွေ့အသက်သည် ရွှေနဂါးထက် အနည်းငယ်မျှပင် နိမ့်ကျ မည် မဟုတ်ပေ။
"အောင်း.."
ရွှေနဂါးကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်နှင့် အနှိုင်းမဲ့ အားပြင်းသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
အားကောင်းသော မုန်တိုင်းသည် ချင်ယွင်၏ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်ပြီး၊ သူ့အ၀တ်တွေကို အဆက်မပြတ် တုန်ခါသွားစေသည်။
တစ်ဖက်တွင်မူ၊ ချင်ယွင်၏ရုပ်အသွင်သည် ကျောက်တောင်ပြင်ကြီး တစ်ခုလိုဖြစ်ပြီး ထိုနေရာတွင် မလှုပ်မယှက် ရပ်နေလေသည်။
ဘန်း…။
ဤအခိုက်တွင် ရွှေနဂါးကြီး လှုပ်ရှားသွားပြန်သည်။ ၎င်းသည် ၎င်း၏ကြီးမားလှသော ရွှေခြေသည်းကြီးများကို ဆန့်ထုတ်ကာ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ချွန်ထက်သော ခြေသည်းများသည် သတ္တု၏အေးစက်မှုနှင့်အတူ တောက်ပြောင်မှုတို့ဖြင့် ဝင်းလက်နေကာ လူတိုင်း၏စိတ်နှလုံးထဲတွင် ပြင်းထန်သော အေးစက်မှုကို ဖြစ်စေသည်။
သို့သော်လည်း ချင်ယွင်သည် သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိပါ။ သူ့အကြည့်တွေက ချက်ချင်း ပြင်းထန်လာပြီး သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးနတ်ဘုရား တန်ခိုးစွမ်းအားက တစ်ဖန် ပြန်လောင်ကျွမ်းလာကာ၊ သူ့ခန္ဓာကိုယ်ထဲမှ ခွန်အားက ကြောက်မက်ဖွယ်အဆင့်သို့ ပြန်ရောက်ရှိသွားခဲ့သည်။
ဘန်း…။
ချင်ယွင်က သူ့လက်ထဲက ပန်ဂူပုဆိန်ကို ရွှေနဂါးကြီး၏ ခြေသည်းတွေဆီသို့ တိုက်ရိုက် ယမ်းလွှဲလိုက်သည်။
ရွှေခြေသည်းကြီးသည် ကောင်းကင်ယံအများစုကို ဖုံးလွှမ်းထားပြီး၊ ချင်ယွင်၏ရုပ်အသွင် ကို အနှိုင်းမဲ့ သေးငယ်သည့် အရွယ်အစားအဖြစ် တိုက်ရိုက် ထင်ပေါ်စေသည်။
ထိုမြင်ကွင်းကိုမြင်တော့ ဟန်ကျင်းသည် ချင်ယွင်ကို အရူးတစ်ယောက်ဟု ထင်မြင်မိသည်။ သူသည် နဂါးပုံစံကို အမှန်တကယ် စွန့်လွှတ်ကာ ရွှေနဂါး၏တိုက်ခိုက်မှုကို တွန်းလှန်ရန် နဂါးတစ်ဝက်ပုံစံကို အသုံးပြုဖို့ ရွေးချယ်ခဲ့သည်။
သူ့အမြင်အရဆို, ဤအရာသည် ပညာမဲ့သည့် ရွေးချယ်မှုတစ်ခု ဖြစ်သည်။
သို့သော် ချင်ယွင်ကတော့ ထိုသို့မထင်ခဲ့ပေ။ နဂါးပုံစံက အစွမ်းထက်ပြီး ရွှေနဂါးကြီးကို တွန်းလှန်နိုင်သော်လည်း သူ၏တိုက်ခိုက်မှုက ရွှေနဂါးကြီးကို လုံးဝ မထိခိုက်နိုင်ခဲ့ပါဘူး။ ထို့အပြင်၊ နဂါးတစ်ကောင်နှင့် အပြည့်အဝ တူသည့်အခြေအနေသည် နဂါးတစ်ပိုင်း အခြေအနေထက် အဆတစ်ရာပို၍ စွမ်းအင်သုံးစွဲရသည်။ ချင်ယွင်သည် နဂါးတစ်ကောင် အခြေအနေကို မှီခိုအားခိုခြင်းဖြင့် ဤဘေးဆိုးကြီးကို အမှန်တကယ် လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့လျှင်ပင်၊ နောက်ထပ် ကောင်းကင်ဘုံကပ်ဘေးဒုက္ခများသည် ချင်ယွင် အတွက် ဘေးဆိုးကြီးတစ်ခုအဖြစ် ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့်၊ နဂါးတစ်ပိုင်းအခြေအနေတွင် ရွှေနဂါးကြီးကို တိုက်ခိုက်ခြင်းသည် ပညာအရှိဆုံး ရွေးချယ်မှုဖြစ်သည်မှာ သံသယဖြစ်စရာပင် မလိုချေ။ ပန်ဂုပုဆိန်၏ စွမ်းအား ကို ဖြည့်သွင်းခြင်းဖြင့် သူသည် ရွှေနဂါးကြီးကို အနိုင်ယူရန်မှာ မဖြစ်နိုင်ခြင်းတော့ မဟုတ် ပေ။
ဘန်း..။
ချင်ယွင်၏ ဧရာမပုဆိန်ကြီးသည် ခုတ်ပိုင်းသွားပြီး၊ ချက်ချင်းဆိုသလို လေထဲတွင် အနှိုင်းမဲ့ ကြီးမားသော ပုဆိန်ရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ကြီးမားလှသော ပုဆိန်အလင်းတန်းသည် ကောင်းကင်ကို ချက်ခြင်း ဖြတ်ပိုင်းသွားကာ ဧရာမရွှေနဂါးကြီး၏ ခြေသည်းကြီးနှင့် အပြင်းအထန် တိုက်မိပြီး ကြောက်မက်ဖွယ်ရာ တုန်ခါသံများ ထွက်ပေါ်လာသည်။ ထိုနောက်မှာတော့ ချင်ယွင်၏ ပုဆိန်အလင်းကြောင့် ရွှေနဂါးကြီး၏ ဧရာမခြေသည်းတစ်ခြမ်းကို ဖြတ်ပိုင်းသွားသည်ကို လူတိုင်း တွေ့လိုက်ရပါ သည်။
"ဘာ…?"
ဟန်ကျင်းသည် ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသောအခါတွင်, သူသည် အံ့အားသင့် သွားကာ၊ သူ့မျက်နှာက မယုံကြည်နိုင်သည့် အမူအရာဖြင့် ပြည့်နှက်နေသည်။
သူသည် ရွှေနဂါးကြီးနှင့် မတိုက်ခိုက်ဖူးသော်လည်း ဤရွှေနဂါးကြီး မည်မျှ မာကျောသည် ကို သူ ခံစားနိုင်ပါသည်။ သို့သော်လည်း ယခုအခါတွင် ချင်ယွင်၏ ပုဆိန်ခုတ်ပိုင်းချက် ကြောင့် ကြီးမားလှသော နဂါးခြေသည်းကြီးသည် နှစ်ပိုင်းကွဲသွားခဲ့သည်။
"ပုဆိန်၊ အဲဒါက သူ့ပုဆိန်ကြောင့် ဖြစ်ရမယ်။ ဒီပုဆိန်က ရှားပါးတဲ့ ရတနာတစ်ခုပဲ။ အဲဒါက ဘိုးဘေးနတ်ဘုရားအဆင့် ပစ္စည်းတစ်ခုတောင် ဖြစ်နိုင်တယ်။" ဟန်ကျင်းက သူ့ကိုယ်သူ တွေးနေမိသည်။
ချင်ယွင်၏ စွမ်းရည်အရ, ပုဆိန်ဖြင့် ရွှေနဂါးကြီး၏ ခြေသည်းများကို ဖြတ်တောက်နိုင်မှု သည် ထိုရွှေပုဆိန်ကြောင့်ဖြစ်သည်မှာ သိသာထင်ရှားပါသည်။ ချင်ယွင်သည် လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ အမွေနှစ်ကို မကြာသေးမီကမှ ရရှိထားသော ကြောင့် ထိုရွှေပုဆိန်သည် လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား သူ့ကို လက်ဆင့် ကမ်းပေးခဲ့သည် ဘိုးဘေးနတ်ဘုရားအဆင့် အမွေအနှစ် ဖြစ်ဖွယ်ရှိသည်။
ဟန်ကျင်းသည် ဤအကြောင်းကို များများတွေးလေ၊ ဖြစ်နိုင်ခြေ ပိုများလေဟု ခံစားရ သည်။ သူသည် ချင်ယွင်၏လက်ထဲမှ နီမြန်းသည့် ပန်ဂုပုဆိန်ကို စိုက်ကြည့်နေပြီး သူ့မျက်လုံးတွေက အလိုလောဘများနှင့် ပြည့်နေခဲ့သည်။
ထိုအနေထားကို မြင်တော့ ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ သူသည် ဟန်ကျင်း၏ ပူလောင်သော အကြည့်ကိုများ နှာစေးသလို ဟန်ဆောင်လိုက်ပြီး၊ သူ့ကို ဘာမှ ရှင်းပြခြင်း မရှိပေ။ ယင်းအစား သူသည် ရွှေနဂါးကြီးကို တစ်ချက် ပြန်ကြည့်လိုက် သည်။
ထိုအချိန်တွင် ရွှေနဂါးကြီး၏ ချွန်ထက်သော ခြေသည်းများ ခုတ်ပိုင်းခံထားရပြီ။ သူ့နောက် ကို လိုက်လံတိုက်ခိုက်ဖို့ အချိန်ကောင်းဖြစ်သည်။ ချင်ယွင်သည် ထိုအခွင့်အရေးကို မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။
ဘန်း…။
အလင်းတစ်ချက်လင်းလက်မူနှင့်အတူ ချင်ယွင်သည် သူ့နေရာမှ ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာချိန်မှာ, သူသည် ရွှေနဂါးကြီး၏ နောက်ကျောမှာ ရှိနေပါပြီ။
ရွှေနဂါးကြီးသည် အသက်မရှိသောကြောင့် ၎င်းသည် နာကျင်မှုကို မခံစားရပေ။ သူ့မှာ ပန်းတိုင်တစ်ခုသာ ရှိပါသည်။ သူသည် ချင်ယွင်ကို အဆက်မပြတ် တိုက်ခိုက်ပြီး သတ်ပစ်လိုသည်။ ထို့ကြောင့် ချင်ယွင် သူ့နောက်ကျောမှာ ပေါ်လာသည့်အခိုက်, သူသည် နောက်ပြန်လှည့်၍ ချင်ယွင်ဘက်သို့ ပြင်းထန်စွာ ကိုက်လိုက်သည်။
ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော ရွှေနဂါးကြီး၏ပါးစပ်ကို ကြည့်လိုက်ရင်း၊ သူ့မျက်လုံးများက ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် တစ်ဖန် တောက်ပလာပြန်သည်။
သူ့လက်ထဲက ပန်ဂူပုဆိန်သည် ဆန်းကြယ်သည့် မည်သည့်လှုပ်ရှားမှုမျိုးမှ မရှိဘဲ တဖန် ဝှေ့ယမ်းသွားပြန်သည်။ သူ့လက်ထဲက ပုဆိန်ကြီးသည် တိုက်ရိုက် ခုတ်ပိုင်းသွားခဲ့သည်။
"ဖြိုခွဲလိုက်စမ်း…"
ချင်ယွင်သည် သူ့ခန္ဓာကိုယ်ထဲက နတ်ဘုရားတန်ခိုးစွမ်းအားကို ပန်ဂူပုဆိန်ထဲကို အရူးအမူး သွန်းလောင်းရင်း ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ ကြီးမားလှသည့် နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားပမာဏသည် သူ့လက်ထဲသို့ တဟုန်ထိုး တိုးဝင်လာခဲ့ သည်။
ချင်ယွင်၏လက်ထဲမှ ပန်ဂုပုဆိန်သည် ရွှေနဂါးကြီး၏နောက်ကျောကို ချက်ချင်း ကျရောက်သွားခဲ့သည်။
"ဘုန်း”။
ကျယ်လောင်သော ပေါက်ကွဲအသံနှင့်အတူ ရွှေနဂါးကြီး၏ နောက်ကျောသည် တိုက်ရိုက် ပွင့်ထွက်သွားသည်။ ချင်ယွင်’လက်ထဲမှ ပန်ဂူပုဆိန်ကြောင့် အချိန်သည်ပင် စုတ်ပြဲသွားပြီး၊ တုနှိုင်းမရအောင် ကြီးမားသည့် ချောက်နက်ကြီးတစ်ခု ဖန်တီးလိုက်ပါသည်။ ၎င်းသည် နဂါးကြီးတစ်ကောင်လုံးကို တစ်ဝက်နီးပါး ခွဲခြမ်းသွားခဲ့သည်။
ဟန်ကျင်းသည် ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသောအခါ, သူ့မျက်လုံးများက ပြူးကျယ်လာပြီး၊ ချင်ယွင်၏လက်ထဲမှ ပန်ဂုပုဆိန်ကိုကြည့်နေသည့် သူ့အကြည့်တွေက ပို၍ ပူလောင်လာခဲ့သည်။