← Chapters

အခန်း ၁၅၂၅

Vol. 102 Ch. 1525

အခန်း ၁၅၂၅

Vol. 102 Ch. 1525

အခန်း (၁၅၂၅) လေဟာနယ်ချပ်ဝတ်။

"ဘုန်း."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဟန်ကျင်း၏လက်မှ နတ်ဘုရားဆေဘာသည် ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းတစ်ခုကို ထုတ်လွှတ်ကာ သူ့ဆီသို့ ရှေ့ဦးစွာ ပစ်ဝင်လာသော လျှပ်စီးစစ်သူရဲတစ်ဦးသည် နှစ်ခြမ်းခွဲပြီး တိုက်ရိုက် ပေါက်ကွဲ သွားခဲ့သည်။

ထိုမြင်ကွင်းကို ဟန်ကျင်း မြင်လိုက်သည်နှင့် သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ “ဒါဆို ဒီလျှပ်စီးစစ်သူရဲတွေက သိပ်ပြီးမသန်မာ” ဟု သူ့ကိုယ်သူ တွေးလိုက်မိသည်။

သို့သော် သူ့မျက်နှာပေါ်ရှိ အပြုံးသည် လုံးလုံးလျားလျား မပျောက်ကွယ်သေးမီ, ကြောက်မက်ဖွယ်ရာ လေပြင်းများက သူ့နားထဲသို့ တိုးဝင်လာခဲ့သည်။

"မကောင်းတော့ဘူး”။

မဆိုင်းမတွဘဲ သူ့ဆေဘာကို ဘယ်ဘက်သို့ ခုတ်ပိုင်းလိုက်ရင်း ဟန်ကျင်း၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

"ဘုန်း"

သို့သော် သူ့လက်ထဲမှ ဆေဘာကို လုံးလုံး မထုတ်ဖော်နိုင်ခင်မှာ လျှပ်စီးလှံတစ်ချောင်းက သူ့ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။

"ဖူး…"

လျှပ်စီးကြောင်းလှံသည် တိုက်ရိုက်ပေါက်ကွဲသွားပြီး ဟန်ကျင်း၏ပါးစပ်မှ သွေးများ ပါးစပ်ထဲမှ သွေးများ ချက်ခြင်းထွက်ကျလာကာ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုတစ်ခု ဖြစ်လာကာ မျဉ်းဖြောင့်အတိုင်း နောက်ပြန်ပျံသန်းသွားခဲ့သည်။

သို့သော် ဤအရာသည် အဆုံးမဟုတ်ခဲ့ပေ။ နောက်ထပ် လျှပ်စီးစစ်သူရဲတစ်ဦးသည် ဟန်ကျင်း၏ဦးခေါင်းထက်တွင် ထူးဆန်းသော အရုပ်ပြင်သွင်ဖြင့် ပေါ်လာသည်။ သူ့လက်ထဲက လျှပ်စီးလှံက ဟန်ကျင်း၏ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်ပါ သည်။

ထိုလှံမှာ အနှိုင်းမဲ့ အစွမ်းထက်သည့် စွမ်းအားတွေ ပါရှိနေပါသည်။ အကယ်၍, ဟန်ကျင်း၏ ဦးခေါင်းကိုသာ ထိုလျှပ်စီးလှံဖြင့် ထိုးစိုက်ခံရပါက, သူသည် လုံးဝ သေသွား နိုင်ပါသည်။

ဟန်ကျင်း၏ မျက်လုံးများသည် ပြင်းထန်သော အမျက်ဒေါသနှင့်အတူ ချက်ချင်း တောက်ပ လာသည်။ သူ့အကြည့်တွေက ချက်ချင်း အေးစက်သွားသည်။ သူ့ရင်ဘတ်မှ ထွက်ပေါ်လာ သော ပြင်းထန်သော နာကျင်မှုကို သည်းခံရင်း၊ သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို လျှပ်စီးလှံဆီသို့ ဝှေ့ယမ်းလိုက်ပါသည်။

"ဘုန်း"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ သူ့အထက်မှ လျှပ်စီးစစ်သူရဲသည် ဟန်ကျင်း၏ နတ်ဘုရားဆေဘာကြောင့် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။

သို့သော် သူ သက်ပြင်းတစ်ချက်မချနိုင်ခင်မှာ နောက်ထပ် ကြောက်စရာကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဟန်ကျင်းသည် သူ့ကျောတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

ဟန်ကျင်းသည် သူ့ဦးခေါင်းထက်မှ လျှပ်စီးစစ်သူရဲကို ဖြိုခွဲလိုက်စဉ်မှာ, နောက်ထပ် လျှပ်စီးစစ်သူရဲတစ်ဦးက ဟန်ကျင်းနောက်တွင် ပေါ်လာပုံရသည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းသည် ဟန်ကျင်း၏ နောက်ကျောကို ထိုးဖြတ်၍ လျှပ်စီးလှံဖြင့် ဟန်ကျင်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"ဘုန်း"

ဟန်ကျင်း၏ ဝမ်းဗိုက်ကို ထိုးဖောက်ထားသော လျှပ်စီးလှံသည် ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ဟန်ကျင်း၏ ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ပေါ်လာပြီး လတ်ဆတ်သောသွေးများ အဆက်မပြတ် ထွက်ကျလာသည်။ ထိုလုပ်ကြံတိုက်ခိုက်မှုကြောင့် သူ့အတွက် ပျက်စီး ဆုံးရှုံးမှုက ပေါ့သေးသေးမဟုတ်ပါဘူး။

ဘန်း…

သို့သော် အရာအားလုံးက ရပ်တန့်သွားခြင်း မရှိသေးပေ။ ဤအခိုက်အတန့်တွင် နောက်ထပ် လျှပ်စီးစစ်သူရဲ ၁၀ ဦးသည် ဟန်ကျင်းဘက်သို့ အဝေးမှ ပြေးဝင်လာနေသည်။

"လခွမ်း.."

ဟန်ကျင်းသည် ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး သူ့မျက်လုံးထဲမှာ ပြင်းထန်သော အမျက် ဒေါသက တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

သို့သော် သူ့ရင်ဘတ်မှ နာကျင်မှုက သူ့မျက်နှာကို ဖြူဖျော့သွားစေသည်။

ထိုလျှပ်စီးစစ်သူရဲများသည် တစ်ယောက်တည်း တိုက်ခိုက်လာလျှင် လုံလောက်အောင် မသန်မာသော်လည်း အနည်းငယ် သို့မဟုတ် ဆယ်ယောက် သို့မဟုတ် ဒါဇင်ပေါင်းများစွာ အတူတကွ ပူးပေါင်းတိုက်ခိုက်ပါက၊ ကောင်းကင်နတ်ဘုရားအဆင့်ရှိ ဟန်ကျင်းပင်လျှင် ၎င်းကို ခုခံနိုင်မည် မဟုတ်ပေ။

ဟန်ကျင်းက မတတ်နိုင်ဘဲ အဝေးက ချင်ယွင်ကို ခေါင်းလှည့်ကြည့်လိုက်သည်။ သူ့စိတ်ထဲ တွင် ချင်ယွင်သည်လည်း သေချာပေါက် သူ့ထက် ပိုကောင်းမည် မဟုတ်ပေ။

သို့သော် ချင်ယွင်၏ရုပ်အသွင်ကို သူမြင်သောအခါ အံ့အားသင့်၍ မဆုံးနိုင်တော့ပေ။

ထိုအချိန်တွင် ချင်ယွင်သည် လူသတ်စက်ကဲ့သို့ပင်။ သူသည် လက်သီးတစ်ချက် ထိုးလိုက် သည်။ ထိုလျှပ်စီးစစ်သူရဲများသည် သူ့ဆီမှ တစ်ချက်ထိုးနှက်ချက်ကိုပင် လုံး၀ ခံနိုင်ရည် မရှိကြပေ။

ရံဖန်ရံခါတွင်၊ လျှပ်စီးစစ်သူရဲများသည် ၎င်းတို့၏လျှပ်စီးလှံများကို ဝှေ့ယမ်းကာ သူ့ကို အပြင်းအထန် တိုက်ခိုက်လေ့ရှိသော်လည်း, ချင်ယွင်သည် လုံးဝ မကြောက်ရွံ့သလို, ထိုလျှပ်စီးလှံများသည် သူ့အကြေးခွံကို မဖြိုခွဲနိုင်ခဲ့ပေ။

ထိုကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများသည် ပေါက်ကွဲသွားသော်လည်း ချင်ယွင်၏ ခရမ်းရောင်အကြေးခွံများကို ကြီးကြီးမားမား ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေခဲ့ပေ။ တစ်နည်းဆိုရသော်, လျှပ်စီးစစ်သူရဲများ၏တိုက်ခိုက်မှုများသည် ချင်ယွင်အပေါ် လုံးဝ သက်ရောက်မှု မရှိခဲ့ပါ။ ထို့ကြောင့် ချင်ယွင်သည် ဆာလောင်မွတ်သိပ်နေသော ဝံပုလွေ တစ်ကောင် သိုးအုပ်ထဲဝင်ရောက်သကဲ့သို့ လျှပ်စီးစစ်သူရဲအုပ်စုထဲသို့ ဝင်ရောက်ကာ ရူးသွပ်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေလေသည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ့အကြေးခွံတွေက ဘယ်လိုလုပ် ဒီလောက် သန်မာနိုင်မှာလဲ" ဟန်ကျင်းသည် အတင့်ရဲသထက် အတင့်ရဲလာနေသော ချင်ယွင်ကို သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။

သူသည် ယခင်က ချင်ယွင်၏ အကြေးခွံများကို လေ့လာဖူးသည်။ ချင်ယွင်၏ အကြေးခွံများ သည် ထူးထူးခြားခြား မာကျောသော်လည်း လျှပ်စီးစစ်သူရဲများ၏ တိုက်ခိုက်မှုများကို လျစ်လျူရှုနိုင်သည်အထိ မမာကျောသေးပေ။

"မဟုတ်ဘူး၊ ဒါနဲ့ပတ်သက်ပြီး ထူးဆန်းတာတစ်ခုခု ရှိရမယ်။" ဟန်ကျင်းသည် ချင်ယွင်၏ ကိုယ်ပေါ်ရှိ အကြေးခွံများကို စူးစိုက်ကြည့်နေစဉ် သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက် သည်။

ဤတစ်ကြိမ်တွင်၊ သူသည် ချင်ယွင်၏အကြေးခွံများ၏ အစစ်မှန်အသွင်အပြင်ကို ရှင်းရှင်း လင်းလင်း မြင်လိုက်ရပြီး၊ နောက်ဆုံးတွင် ချင်ယွင်သည် လျှပ်စီးလှံများ၏ တိုက်ခိုက်မှုများ ကို အဆက်မပြတ် တွန်းလှန်နိုင်ရသည့် အကြောင်းအရင်းကို သူ နားလည်လာခဲ့သည်။

ချင်ယွင်၏ အကြေးခွံများ၏ မျက်နှာပြင်ပေါ်တွင် ထွင်းဖောက်မြင်နိုင်သည့် အကာအကွယ် အလွှာတစ်ခု ရှိနေကြောင်း သူ တွေ့ရှိခဲ့ရသည်။

ထိုထွင်းဖောက်မြင်နိုင်သော အကာအကွယ်အလွှာကို လေဟာနယ်စွမ်းအင်ဖြင့် ဖွဲ့စည်း ထားသည်။ ဤလေဟာနယ်စွမ်းအင်အလွှာက လျှပ်စီးလှံများ၏ တိုက်ခိုက်မှု စွမ်းအား အများစုကို ကုန်ဆုံးသွားစေခဲ့သည်။ ထို့နောက်တွင်၊ ချင်ယွင်၏ အကြေးခွံများသည် ကျန်ရှိနေသည့် လျှပ်စီးလှံတိုက်ခိုက်မှုများ၏ စွမ်းအားကို သဘာဝအတိုင်း တားဆီးနိုင်ခဲ့ သည်။

"ဒါဆို, ဒါက ဒီလိုပေါ့။ သူက လေဟာနယ်စွမ်းအားကို အသုံးချပြီး လျှပ်စီးစစ်သူရဲ ငါးဆယ်ကို တိုက်ခိုက်နိုင်တာ အံ့ဩစရာ မရှိတော့ဘူး။" ဟန်ကျင်းသည် ရုတ်တရက် သူ့စိတ်ထဲမှာ ပြောလိုက်မိသည်။

သို့သော် အကြောင်းရင်းအမှန်ကို သူနားလည်သွားသော်လည်း သူ့စိတ်ထဲတွင် အလွန် တုန်လှုပ်နေသေးသည်။

အဘယ်ကြောင့်ဆိုသော် ချင်ယွင်ကဲ့သို့ သူ့ခန္ဓာကိုယ်၏ အကြေးခွံများကို လေဟာနယ် ချပ်ဝတ်ဖြင့် ဖုံးအုပ်နိုင်စွမ်းရှိရန်မှာ, လေဟာနယ်စွမ်းအင်အပေါ် ထိန်းချုပ်နိုင်ရန် ကြောက်မက်ဖွယ်ရာ အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်မူ လိုအပ်သောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ လေဟာနယ်စွမ်းအင် သုံးစွဲရမှုပမာဏသည်လည်း ကြီးမားလှသည်။

သို့သော် ချင်ယွင်က ဤတိုက်ပွဲနည်းလမ်းကို ရွေးချယ်ခဲ့သည်။ သူသည် သူ၏ နတ်ဘုရား တန်ခိုးစွမ်းအားများကို ဖြုန်းတီးနေသည်မှာ ထင်ရှားသည်။ သို့သော် ချင်ယွင်၏ ခန္ဓာကိုယ် ရှိ နတ်ဘုရားတန်ခိုး စွမ်းအားသည် အနည်းငယ်မျှပင် လျော့နည်းသွားသည့် အရိပ်အယောင် မရှိပေ။ ယင်းအစား၊ ပို၍ပို၍ပင် သိပ်သည်းလာခဲ့သည်။ ဤအရာက သူ့ကို ဝေခွဲမရဖြစ်စေသည်။

"ဒီကောင်လေးက အရမ်းထူးဆန်းတာပဲ" ဟန်ကျင်းက သူ့ကိုယ်သူ တွေးနေမိသည်။

သို့သော်လည်း ယခုအချိန်တွင် သူသည် ဤပြဿနာကို တွေးတောရန် အခွင့်အရေး မရှိတော့ပေ။ အကြောင်းမှာ လျှပ်စီးစစ်သူရဲ တစ်ဒါဇင် သို့မဟုတ် ထိုမျှနီးပါး လျှပ်စီး စစ်သူရဲများသည် သူ့ရှေ့သို့ တစ်ဖန်ရောက်ရှိလာပြီး ဖြစ်သောကြောင့်ပင်။ သူသည် ထိုလျှပ်စီးစစ်သူရဲများ၏ တိုက်ခိုက်မူများကို ကိုင်တွယ်ဖြေရှင်းရန်ရလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

တစ်ဖက်တွင်မူ, ချင်ယွင်သည် လက်ရှိအချိန်တွင် အပြင်းအထန် တိုက်ခိုက်နေပါသည်။ မှန်ပါသည်၊ ထိုလေဟာနယ်ချပ်ဝတ်သည် သူ အခုမှ နားလည်ထားသည့် အရာတစ်ခု ဖြစ်ပါသည်။ အစပိုင်းတွင်၊ သူသည် ဤ လေဟာနယ်ချပ်ဝတ်၏ သက်ရောက်မှုကို စမ်းသပ်ရုံသာ စမ်းသပ်ချင်ခဲ့သည်။

သို့သော်၊ နဂါးကြေးခွံနှင့် ပေါင်းစပ်ထားသော လေဟာနယ်ချပ်ဝတ်သည် တုနှိုင်းမရအောင် အစွမ်းထက်သည့် အကျိုးသက်ရောက်မှုကို ပေးနိုင်လိမ့်မည်ဟု သူလည်း မမျှော်လင့်ထား ပေ။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ ဤလေဟာနယ်ချပ်ဝတ်ကို အသုံးပြုခဲ့ သည်။

လေဟာနယ်စွမ်းအင်များ ကုန်ဆုံးသွားခြင်းနှင့် ပတ်သက်၍မူ, ချင်ယွင်အတွက် လုံးဝ အဓိပ္ပါယ်မရှိပေ။

လေဟာနယ်ထိန်းချုပ်သူ တစ်ဦးမှ ထိန်းချုပ်ထားသော လေဟာနယ်စွမ်းအင်ကို လေဟာနယ်ထဲမှပင် ထုတ်ယူနိုင်သည်။ အခြား လေဟာနယ်ထိန်းချုပ်သူများသည် ၎င်းကို စုစည်းရန် အချိန်အနည်းငယ် လိုအပ်သော်လည်း ချင်ယွင်အတွက် မလိုအပ်ပေ။

သူ၏ လေဟာနယ်စွမ်းအင်ကို သူသည် သူ၏ ကနဦးစကြဝဠာထဲမှ လုံးလုံးလျားလျား စုပ်ယူနိုင်ပြီး ဤနည်းအားဖြင့် သူ၏လေဟာနယ်စွမ်းအင်သည် အနန္တဖြစ်နေခြင်းနှင့် ညီမျှနေသည်။ ထို့ကြောင့်၊ ချင်ယွင်၏ နတ်ဘုရားတန်ခိုးစွမ်းအားများ ကုန်ဆုံးသွားလျှင်, သို့မဟုတ် နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားများ ကုန်ဆုံးသွားလျှင်ပင်၊ သူ၏ လေဟာနယ် စွမ်းအားသည် ကုန်ဆုံးသွားလိမ့်မည် မဟုတ်ပေ။

"ဘုန်း"

နောက်ထပ် လက်သီးတစ်ချက်က လျှပ်စီးစစ်သူရဲတစ်ဦးကို တိုက်ရိုက် ဖောက်ခွဲပစ်လိုက် သည်။

အဆက်မပြတ် ပေါက်ကွဲနေသော လျှပ်စီးမြွေများသည် ချင်ယွင်၏ အကြေးခွံများထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ချင်ယွင်၏ အနှိုင်းမဲ့ ခန့်ညားသော ရုပ်အသွင်ကို ပံ့ပိုးပေးနေပြီး၊ ထူးထူးခြားခြား လှပသော အလင်းရောင်ကို ထုတ်လွှတ်ပြီး လွင့်မျောနေကြသည်။

ထိုကဲ့သို့ပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့သည်။ အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်အတွင်းမှာ သူသည် လျှပ်စီးစစ်သူရဲ နှစ်ထောင်ကို တိုက်ရိုက် ဖြိုခွဲနိုင်ခဲ့သည်။

သို့သော် ဟန်ကျင်းဘက်မှာတော့ သနားစရာပင်။ သူသည် လျှပ်စီးစစ်သူရဲ တစ်ရာကျော်ကို သတ်ဖြတ်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်မှာ မပျက်ဆီးသည့်အစိတ်ပိုင်း တစ်ခုမှမရှိပါဘူး။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အများအပြားသည် လျှပ်စီးစစ်သူရဲများ၏ တိုက်ခိုက်ခြင်း ခံခဲ့ရပြီး သူ၏အသားရေသည် သွေးစွန်းကာ မည်းနက်နေခဲ့ပြီ။ ထိုမြင်ကွင်းက ကြောက်စရာကောင်းသည်ဟုသာ ဖော်ပြနိုင်ပါသည်။

All Chapters