← Chapters

အခန်း ၁၅၂၆

Vol. 102 Ch. 1526

အခန်း ၁၅၂၆

Vol. 102 Ch. 1526

အခန်း (၁၅၂၆) နောက်တစ်ကြိမ် အဆင့်ချိုးဖြတ်ခြင်း။

"ဘန်း.."

နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ဟန်ကျင်းသည် လျှပ်စီးလှံဖြင့် သူ့မျက်နှာကို ရိုက်နှက်ခံရပြီး သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားသည်။

သူ့မျက်နှာက လုံးဝ မမှတ်မိနိုင်သည်အထိ ပျက်ယွင်းသွားပြီး၊ ကြောက်မက်ဖွယ်ကောင်း သော လျှပ်စီးလှံ ပေါက်ကွဲမူကြောင့် သူ့ပါးစပ်ကို ရှုံ့မဲ့သွားစေသည်။

ဟန်ကျင်းသည် အလွန်မင်း စိတ်မကောင်းစရာ အခြေအနေမျိုး ကြုံတွေ့ခဲ့ရသည်။ သူသည် လျှပ်စီးစစ်သူရဲ အများပြားကို ရင်ဆိုင်နေရသည့်အပြင်, ချင်ယွင်ကဲ့သို့ လျှပ်စီး စစ်သူရဲများ၏ တိုက်ခိုက်မှုများကို လျစ်လျူမရှုထားနိုင်ပေ။ လျှပ်စီးစစ်သူရဲများ၏ ပေါက်ကွဲခြင်း စွမ်းအားသည် သူ့ကို ဆုံးရှုံးမှုများစွာ ခံစားစေခဲ့ရပြီး ဖြစ်သည်။

သူသည် မူလကတည်းက ချီစွမ်းအင်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ၏ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်း ချပ်ဝတ်သည်လည်း ဖျက်ဆီးခံရပြီး ဖြစ်သည်။ ယခုဆိုလျှင် သူ၏ ခုခံမှုသည် ဤလျှပ်စီးစစ်သူရဲများ၏ ထိုးနှက်ချက်တစ်ချက်မျှကိုပင် ခံနိုင်ရည် မရှိနိုင်တော့ ပေ။ ထို့ကြောင့်၊ သူသည် လျှပ်စီးစစ်သူရဲများစွာ၏ တိုက်ခိုက်မူများကို အမှန်ပင် ခံနိုင်ရည် မရှိခဲ့ပေ။

သို့သော် ယခုအချိန်တွင် သူအမုန်းဆုံးလူမှာ လျှပ်စီးစစ်သူရဲများမဟုတ်ဘဲ ချင်ယွင် ဖြစ်နေ ခဲ့သည်။ အကယ်၍, ချင်ယွင်သာ ဤမျှကြောက်စရာကောင်းသည့် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို ဆွဲဆောင်ခဲ့ခြင်း မရှိခဲ့လျှင်, သူသည် ယခုအခြေအနေမျိုးအထိ မည်သို့ ရိုက်နှက်ခံရနိုင်မည်နည်း။

"ချင်ယွင်၊ မင်း ငါ့ကို အခွင့်အရေးကို မပေးမိစေနဲ့။ မဟုတ်ရင် မင်းကို စိတ်ဆင်းရဲစွာနဲ့ သေစေရမယ်" ဟန်ကျင်းသည် သူ့နှလုံးသားထဲတွင် ကျိန်ဆဲလိုက်သည်။ ယခုအချိန်တွင် သူသည် ချင်ယွင်ကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်ချင်သည်။

"ဘုန်း"

လျှပ်စီးစစ်သူရဲတစ်ဉီးသည် ဟန်ကျင်း၏ ဝမ်းဗိုက်ထဲကို သူ့လျှပ်စီးလှံဖြင့် ရိုက်ချလိုက် သည်။ ဟန်ကျင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲကနေ ပစ်ကျသွားခဲ့ပြီး၊ နက်ရှိုင်းသည့် တွင်းနက်ကြီးတစ်ခု ဖန်တီးလိုက်ခြင်းကြောင့် နောက်ထပ် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပါသည်။

ဟန်ကျင်း၏ ပါးစပ်မှ သွေးများ စီးကျလာပြီး ပတ်ဝန်းကျင် တစ်ခုလုံး ဖုန်မှုန့်များဖြင့် ပြည့်သွားခဲ့သည်။

ဘန်း..။

သို့သော်၊ လျှပ်စီးစစ်သူရဲများသည် ရပ်တန့်ရန် အနည်းငယ်မျှပင် ရည်ရွယ်ချက် မရှိပေ။ သူတို့သည် လျှပ်စီးအသွင်ပြောင်းလဲပြီး ဟန်ကျင်းဘက်သို့ ဆက်လက် ပြေးဝင်သွားကြပါ သည်။

ဟန်ကျင်းသည် စိတ်ဝိညာဉ်စွမ်းအား အတက်အကျလှိုင်း သဲလွန်စ ရှိနေသေးသရွေ့ ထိုလျှပ်စီးစစ်သူရဲများသည် လုံးဝ ရပ်တန့်မည် မဟုတ်ပေ။

အဝေးတွင်၊ ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရလျှင်, သူ့ပါးစပ်ထောင့်စွန်းက ပေါ့ပါးသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

သူက ဟန်ကျင်း၏ စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်ပြီး၊ ဟန်ကျင်းက သူ့ကို မည်မျှ မုန်းတီး နေလဲဆိုသည်ကို သူ နားလည်နိုင်ပါသည်။

သို့သော်, သူသည် ကူညီရန် ရည်ရွယ်ချက်မရှိပေ။ ထို့အပြင် ဟန်ကျင်းသည် ဤကဲ့သို့ သေဆုံးသွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။ ထိုလျှပ်စီးစစ်သူရဲများသည် အင်အားကြီးမား သော်လည်း ဟန်ကျင်းသည် ကောင်းကင်နတ်ဘုရား အလယ်လတ်အဆင့်သို့ ရောက်ရှိ နေပြီဖြစ်သောကြောင့် သူ့ကို အလွယ်တကူ သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။

"ထွက်သွားစမ်း”

ဟုတ်ပါသည်၊ ကောင်းကင်ယံမှ လျှပ်စီးစစ်သူရဲများသည် ဟန်ကျင်းကို ဆက်တိုက် လိုက်လံတိုက်ခိုက်နေချိန်မှာ, ဟန်ကျင်း၏ပါးစပ်မှ ကျယ်လောင်သည့် ဟိန်းဟောက်သံ တစ်ခုထွက်ပေါ်လာပြီး၊ တွင်းနက်ကြီးထဲက ပြင်းထန်သည့် နတ်ဘုရားတန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာပါသည်။

တွင်းနက်ကြီးထဲမှ မျက်လုံးများနီရဲနေသော အသွင်အပြင်တစ်ခု ပြေးထွက်လာသည်ကို သူ မြင်လိုက်ရသည်။ သူ့လက်ထဲက နတ်ဘုရားဆေဘာက ကောင်းကင်ကို ချက်ချင်း ဖြတ်သန်းသွားသည်။

"ဘုန်း…၊ ဘုန်း…၊ ဘုန်း…၊ ဘုန်း…”

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ဟန်ကျင်း၏ဆေဘာသည် သူ့ကိုတိုက်ခိုက်နေသော လျှပ်စီးစစ်သူရဲများကို ဖြိုခွဲပစ်လိုက်သည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင် အံ့အားသင့်သည့် အရိပ်အယောင် တစ်ခုပေါ်လာသည်။

"ဒါဆို ဒါက မင်းရဲ့ ခွန်အားအစစ်ပေါ့။ မင်းက နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ" ချင်ယွင်သည် နတ်ဘုရားဆေဘာကို ကိုင်ဆောင်ကာ လျှပ်စီးစစ်သူရဲများကို သတ်ပစ် တော့မည့် ဟန်ကျင်းကို ကြည့်လိုက်သည်။ သူ့ပါးစပ်ထောင့်က အနည်းငယ် လှုပ်ယမ်း သွားပြီး စိတ်ဝင်တစား ပြုံးလိုက်မိသည်။

ထိုအချိန်တွင် ဟန်ကျင်းသည် မြင့်မားသော စိတ်ဓာတ်စွမ်းအားဖြင့် ပြည့်နှက်နေပြီး သူ့လက်ထဲမှ နတ်ဘုရားဆေဘာသည် အလွန်လျင်မြန်စွာ လှုပ်ရှားသွားသည်။

လျှပ်စီးစစ်သူရဲများသည် သူ့ထံ မချဉ်းကပ်နိုင်ခင်မှာ သူ ခုတ်ပိုင်းလိုက်သော ဆေဘာ အလင်းကြောင့် အပိုင်းပိုင်းကွဲသွားခဲ့သည်။

ယခုအချိန်တွင် ချင်ယွင်သည် ဟန်ကျင်းကို ဂရုမစိုက်တော့ပေ။ သူသည် လျှပ်စီးစစ်သူရဲ များ၏ အုပ်စုထဲသို့ ဆက်လက် ပြေးဝင်ကာ ၎င်းတို့ကို ရူးသွပ်စွာ သတ်ဖြတ်တော့သည်။

မကြာမီတွင် ထိုလျှပ်စီးစစ်သူရဲများသည် ချင်ယွင်နှင့် ဟန်ကျင်းတို့ကြောင့် လုံးလုံး အသတ်ခံလိုက်ရသည်။

လျှပ်စီးစစ်သူရဲတစ်သောင်းဝန်းကျင်သည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

သို့သော်လည်း ဤတိုက်ပွဲအပြီးတွင် ဟန်ကျင်း၏ နတ်ဘုရားတန်ခိုးစွမ်းအားသည် အတော်လေး ကုန်ဆုံးသွားခဲ့သည်။ အစောပိုင်းက ပေါက်ကွဲမှုသည် သူ၏ နတ်ဘုရား တန်ခိုးစွမ်းအား ထက်ဝက်ကျော်ကို သုံးစွဲခဲ့ရသည်မှာ ထင်ရှားသည်။

သူ၏နတ်ဘုရားတန်ခိုးစွမ်းအားကို ထိန်းသိမ်းနိုင်ရန်အတွက်, သူသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကိုပင် အဆင်မဲ့ မကုစားရဲပေ။ ထို့ကြောင့် သူ့မျက်နှာသည် အလွန်မင်း ရုပ်ဆိုးနေသေးသည်။

"လခွမ်း..၊ တကယ်လို့ နောက်ထပ် လျှပ်စီးစစ်သူရဲလှိုင်းတွေသာ ထပ်ရှိနေသေးရင်, ငါ ဒီနေရာမှာ အသတ်မခံရရင်တောင်, အားအင်ကုန်ခမ်းပြီး သေဆုံးသွားနိုင်သေးတယ်" ဟန်ကျင်းသည် သူ့နှလုံးသားထဲတွင် နောက်တကြိမ် ကျိန်ဆဲလိုက်ပြန်သည်။

"ဒါပေမယ့်၊ ဒီကောင်စုတ်ရဲ့ စွမ်းအားသုံးစွဲမှုကလည်း ငါ့ထက်တော့ မနည်းသင့်ပါဘူး။ အခုအချိန်မှာ သူ့ရဲ့နတ်ဘုရားတန်ခိုး စွမ်းအားတွေ အများကြီး ကျန်မနေသင့်ဘူးလို့ ယူဆရမှာပဲ။" ဟန်ကျင်းသည် မတတ်တာဘဲ ချင်ယွင်ကို စိုက်ကြည့်ပြီး သူ့စိတ်နှလုံးထဲ တွင် တိတ်တဆိတ် ပြောလိုက်မိသည်။

သို့သော်, နောက်ပိုင်းမြင်ကွင်းကြောင့် သူသည် ဒေါသအလွန်ထွက်ပြီး သူ့ပါးစပ်မှ သွေးအန် လုမတတ် ဖြစ်သွားခဲ့ရသည်။

ချင်ယွင်၏ ခန္ဓာကိုယ်မှ မိုးခြိမ်းသံတစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ တန်ခိုးကြီးသော ကိုးရောင်ခြယ် ပေါင်းစပ်နတ်ဘုရားတန်ခိုးစွမ်းအားသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် အဆက်မပြတ် တည်ရှိနေပြီး အနှိုင်းမဲ့ အစွမ်းထက်သော စွမ်းအင်အတက်အကျလှိုင်းများ ကို ထုတ်လွှတ်နေကာ ထိုစွမ်းအင်အတက်အကျလှိုင်းများသည် ပို၍ပို၍ အားကောင်းလာခဲ့ သည်။

"ဘုန်း"

အဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲအသံနှင့်အတူ ချင်ယွင်၏တစ်ကိုယ်လုံးသည် တစ်စုံတစ်ခုကို ချိုးဖြတ်ဝင်ရောက်သွားပုံရပြီး သူ၏စိတ်နေစိတ်ထားက တစ်ဖန်ပြန်လည် တက်ကြွလာခဲ့သည်။

"ရုတ်တရက်... ငါ သူ အဆင့်ချိုးဖြတ်လိုက်တယ်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟန်ကျင်း၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားခဲ့သည်။

သူ့အမြင်အရဆို ချင်ယွင်သည် ဆီမီးကုန်ဆီးခမ်းခါနီးဖြစ်နေခဲ့ပြီ။ သူသည် မည်သို့ ထပ်မံ အဆင့် ဖြတ်ကျော်နိုင်မည်နည်း။

သို့သော်၊ ချင်ယွင်၏ ဒန်တန်ထဲတွင် စွမ်းအားများ အဆက်မပြတ် ထုတ်လွှတ်နေသော နတ်ဘုရားဘုရင်ဆေးလုံးတစ်လုံး အမြဲရှိနေသည်ကိုတော့ သူမသိခဲ့ပေ။ အစောပိုင်း တိုက်ပွဲတွင် နတ်ဘုရားဘုရင်ဆေးလုံး၏ သန့်စင်မှုအမြန်နှုန်းမှာလည်း များစွာတိုးလာခဲ့ သည်။ ထို့ကြောင့် ချင်ယွင်သည် အလယ်လတ်ကြယ်နတ်ဘုရားအဆင့်မှ နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့်ကို ထပ်မံဖြတ်ကျော်နိုင်ရန် ဤအခွင့်အရေးကို အရယူခဲ့သည်။

ချင်ယွင်၏စွမ်းအားများ တိုးမြင့်လာမှုသည် သူ၏တိုက်ခိုက်ရေး စွမ်းအားအတွက် သိသာထင်ရှားစွာ တိုးမြင့်လာမည် မဟုတ်သော်လည်း၊ သူ၏ကျင့်ကြံမှု အခြေခံသည် ဆက်လက် တိုးမြင့်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ပေါင်းစပ် နတ်ဘုရားတန်ခိုးစွမ်းအား သည် ပိုမိုခိုင်မာလာခဲ့သည်။

နှိုင်းယှဥ်ကြည့်လျှင် သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် ယခင်ကထက် အနည်းငယ် ပိုပြင်းထန်လာသည်။

ချင်ယွင်၏ လက်ရှိ ကျင့်ကြံမှုအခြေခံဖြင့်ဆို၊ အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများသည် အခြေခံအားဖြင့် သူ့အတွက် ပြိုင်ဘက်မဟုတ်တော့ပေ။ ၎င်းသည် ကောင်းကင်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်နေခဲ့လျှင် ပင်, ချင်ယွင်သည် ၎င်းကို အနိုင်ယူနိုင်မည် မဟုတ်သော်လည်း, အနည်းဆုံးတော့ သူသည် မရှုံးနိုင်တော့ပေ။

အဆင့်နှစ်ဆင့်ကို ဆက်တိုက်ဖြတ်ကျော်ခြင်းသည် ဟန်ကျင်းအတွက် လုံးဝ စိတ်ကူး မယဉ်နိုင်ပေ။ ချင်ယွင်သည် တခဏအကြာတွင် ထပ်မံ အဆင့်ဖြတ်ကျော်ဦးမည်ဟုပင် သံသယရှိလာခဲ့သည်။

ချင်ယွင်သည် ဟန်ကျင်း၏ ဝါးစားလိုသော အကြည့်များကို လျစ်လျူရှုလိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် အဆင့်ဖြတ်ကျော်ခြင်း၏ ပျော်ရွှင်မှုထဲ၌ နှစ်မြှုပ်နေ၏။

သူ့ကျင့်ကြံမူမှာ အဆင့်တစ်ခု ဖြတ်ကျော်နိုင်ခြင်းက သူ့အတွက် အလွန်ပျော်ရွှင်စရာ ကောင်းသည့် အရာတစ်ခုလည်း ဖြစ်ပါသည်။

နောက်ဆုံးတွင်၊ သူ၏ ကျင့်ကြံမူအခြေခံ မြင့်မားလာလေ၊ နောက်လာမည့် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို ရင်ဆိုင်ရာ၌ ယုံကြည်မူရှိလာလေ ဖြစ်သည်။ ထိုသို့မဟုတ်လျှင်, ချင်ယွင် သည် ဤကောင်းကင်ဘုံကပ်ဘေးဒုက္ခမှ ရှင်သန်လွတ်မြောက်ဖို့ တကယ်ကို ယုံကြည်မှု မရှိခဲ့ပါဘူး။

"ကောင်စုတ်လေး၊ သတိထားပါ။ နောက်ထပ်လာမယ့် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခ လေးခုက တော်တော်လေး အစွမ်းထက်တယ်။ မင်း သေတဲ့အထိ တိုက်ခိုက်ဖို့ ပြင်ဆင်ထား ပါ။"

သို့သော်လည်း ချင်ယွင်သည် သူ့ကိုယ်သူ ပျော်ရွှင်နေချိန်မှာ, အချိန်အတော်ကြာအောင် မကြားရသော အသံက ချင်ယွင်၏ စိတ်ထဲတွင် ထပ်မံ ထွက်ပေါ်လာပြန်သည်။ ဤအသံပိုင်ရှင်သည် လျှိုဘိုမှလွဲ၍ အခြားမဟုတ်ပေ။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ သာမာန်အားဖြင့် ဤလျှိုဘိုသည် သူ့ကို ဘယ်တော့မှ သတိမပေးပေ။ အခု လျှိုဘိုပြောသည့်စကားအရ နောက်လာမည့် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခလေးခု၏ စွမ်းအားသည် တကယ်ကို ကြီးမားလိမ့်မည်ဟု ဆိုလိုရာရောက်သည်။

"လျှိုဘို၊ မင်း တစ်ခုခု ခံစားမိလို့လား" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ငါလည်းမသိဘူး၊ ဒါပေမယ့် မင်းရဲ့နောက်ထပ် ကောင်းကင်ဘုံ ဒုက္ခလေးခုက မကြုံစဖူး ကြောက်စရာကောင်းလိမ့်မယ်ဆိုတဲ့ ဆိုးရွားတဲ့ ကြိုတင်သတိပေးချက်တစ်ခု ငါ့မှာ ရှိနေတယ်။ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခလေးခုက တစ်ချိန်တည်းမှာ ဆင်းသက်လာတာ မျိုးတောင် ဖြစ်နိုင်တယ်။" လျှိုဘို၏အသံက ထပ်ပြီး ထွက်ပေါ်လာသည်။

"ဘာ၊ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခလေးခု တစ်ချိန်တည်းမှာ ဆင်းသက်လာမှာလား။" ချင်ယွင်က မထိန်းနိုင်ဘဲ အော်ပြောလိုက်မိသည်။

ဟန်ကျင်းသည် အဝေးမှ ချင်ယွင်၏ အသံကို ကြားလိုက်သောအခါတွင်, သူသည် ချင်ယွင်ကို ချက်ချင်း လှည့်ကြည့်လိုက်ပြီး အလွန်မင်း အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ တိမ်မည်းများသည် လျင်မြန်စွာ လည်ပတ်နေပြီး ကောင်းကင်ယံ၌ မနှိုင်းယှဉ်နိုင်လောက်အောင် အားကောင်းသည့် တိမ်စိုင်တိမ်မည်း ဝဲဂယက်တစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။

ထိုဝဲဂယက်သည် မြန်ဆန်သထက် ပိုမိုမြန်ဆန်လာပြီး ကြီးမားသထက် ပိုမိုကြီးလာခဲ့ သည်။ ပတ်​ဝန်းကျင်​မှာပင်​ ပြင်းထန်​သည့်​ မုန်တိုင်းများ ​ဖြစ်ပေါ်လာသည်​။

ချင်ယွင်နှင့် ဟန်ကျင်းတို့သည် တစ်ချိန်တည်းမှာပင် ကောင်းကင်ကို မျှော်ကြည့်ကြပြီး သူတို့မျက်လုံးများက ပြူးကျယ်သွားကာ၊ သူတို့မျက်ခုံးတွေက တွန့်သွားကြသည်။

All Chapters