← Chapters

အခန်း ၁၅၂၇

Vol. 102 Ch. 1527

အခန်း ၁၅၂၇

Vol. 102 Ch. 1527

အခန်း (၁၅၂၇) ဘိုးဘေးနတ်ဘုရားငယ်များ ပြန်လည်ဝင်စားခြင်း။

ဘန်း..။

ဝဲဂယက်သည် ဆက်လက် လည်ပတ်နေချိန်မှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခု ပျံ့နှံ့လာခဲ့သည်။

ဤဖိအားသည် အလွန်မင်း ကြောက်စရာကောင်းလွန်းသည်။ ကောင်းကင်နတ်ဘုရား နယ်ပယ် အလယ်လတ်အဆင့်မှာ ရှိနေသည့် ဟန်ကျင်းပင်လျှင် သူ့စိတ်နှလုံးက တုန်လှုပ် သွားပြီး သူ့နှလုံးခုန်နှုန်းက မြန်လာသည်။

"ဒါက အတိအကျ ဘာလဲ။ ဘာလို့ ရုတ်တရတ် ဒီလောက် ကြောက်ဖို့ကောင်းရတာလဲ။" ဟန်ကျင်းသည် ကောင်းကင်ရှိ ဝဲဂယက်ကို စူးစူးစိုက်စိုက် ကြည့်နေစဉ် သူ့မျက်ခုံးများက လျှိုမြောင်များကဲ့သို့ တွန့်သွားသည်နှင့်အမျှ တုန်လှုပ်ခြောက်ခြားသွားသည်။

ထိုအခိုက်တွင် ချင်ယွင်လည်း အံ့သြသွားသည်။ သူသည် ကောင်းကင်ယံမှ ကြီးမားသော ဝဲဂယက်လှိုင်းလုံးကြီးကို သူ့မျက်လုံးများတွင် လေးနက်သော အမူအရာဖြင့် ကြည့်နေ၏။

လျှိုဘို၏စကားနှင့်အတူ ဤကြီးမားသော ဝဲဂယက်ဖွဲ့စည်းမူသည် သူ့ကို အာရုံစိုက်စေခဲ့ သည်။

ထိုဝဲဂယက်လှိုင်းကြီးထဲက မည်သည့်အရာ ခုန်ထွက်မလဲဆိုသည်ကို သူ အမှန်တကယ် သိချင်နေခဲ့သည်။

ကျိုးလင်နှင့် ခပ်လှမ်းလှမ်းမှ အခြားလူများသည် ကောင်းကင်ကြီးကို ထိတ်လန့်စွာ ကြည့်နေကြပြီး သူတို့၏ မျက်နှာများသည် ထိတ်လန့်မှုနှင့် ပြည့်နှက်နေသည်။

ကောင်းကင်ပေါ်ရှိ ကပ်ဘေးဒုက္ခ တိမ်တိုက်များသည် အဘယ်ကြောင့် ရုတ်တရက် လည်ပတ်သွားပြီး ဖိအားများက ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းလာရသည်ကို သူတို့ နားမလည်နိုင်ကြပါဘူး။

သို့သော်၊ ကပ်ဘေးဒုက္ခတိမ်တိုက်များ၏ ဗီဇပြောင်းလဲမှုသည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေသော ချင်ယွင်အတွက် ကောင်းမွန်သည့်အရာ မဟုတ်သည်မှာ သေချာပါ သည်။

"ခင်ပွန်း, ကျေးဇူးပြုပြီး အဆင်ပြေပြေရှိနေရမယ်နော်" ကျိုးလင်သည် သူမနှလုံးသားထဲ တွင် တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။ သူမသည် ချင်ယွင်ကို အဝေးမှ ကြည့်နေကာ သူမမျက်လုံးများက စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

ချင်ယွင်သည် သူမအသက်ရှင်နေရသည့် အကြောင်းအရင် ဖြစ်သည်။ ချင်ယွင် သေဆုံးသွား ခဲ့လျှင် သူမတစ်ယောက်တည်း ရှင်သန်နေနိုင်မှာ မဟုတ်ပါဘူး။

ဘန်း…။

အားလုံးက ပဟေဋ္ဌိဖြစ်နေကြစဉ်မှာ, ကောင်းကင်မှ တိမ်စိုင်တိမ်မည်းများ၏ ဝဲဂယက်ကြီး သည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ။

အနက်ရောင် တိမ်တိုက်ဝဲဂယက်အတွင်းမှ ပုံရိပ်လေးခုက ဖြည်းဖြည်းချင်း လျှောက်လှမ်း ကာ ထွက်ပေါ်လာခဲ့သည်။

ဤပုံရိပ်လေးခုသည် အလွန်မှုန်ဝါးသော်လည်း ၎င်းတို့၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက် သည် အလွန်မင်း အစွမ်းထက်သည်။ ချင်ယွင်သည် ၎င်းတို့၏ ခန္ဓာကိုယ်တွင် အလွန်မင်း အစွမ်းထက်သော စွမ်းအားများ ရှိနေကြောင်းကို ခံစားနိုင်သည်။

"ဒါ…" ချင်ယွင်၏ မျက်လုံးများက ပြူးကျယ်သွားကာ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခ၏ ဝဲဂယက်လှိုင်းလုံးကြီးထဲမှ ထွက်လာသော ရုပ်အသွင်လေးခုကို ကြည့်ပြီး၊ သူ့မျက်လုံးများ က အံ့အားသင့်နေခဲ့သည်။

ထိုအချိန်တွင် ဟန်ကျင်းသည်လည်း လုံးဝ မှင်သက်သွားခဲ့သည်။ ဤလူပုံသဏ္ဍာန် ပုံရိပ်လေးခုသည် ဝဲဂယက်လှိုင်းလုံးကြီးထဲမှ အဘယ်ကြောင့် ရုတ်တရက် ထွက်လာသည် ကို သူ နားမလည်နိုင်ပါ။

ရုတ်တရက် သူသည် တစ်ခုခုကို တွေးနေပုံရပြီး သူ့မျက်လုံးများက ရုတ်တရက် ပြူးကျယ် သွားကာ အလွန်မင်း မယုံနိုင်ကြည်နိုင်သည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိသည်။

"ဒါက လူငယ် ဘိုးဘေးနတ်ဘုရားတွေပဲ၊ ဘိုးဘေးနတ်ဘုရားတွေ ငယ်ရွယ်စဉ်တုန်းကပဲ" ဟန်ကျင်းသည် မအော်ပြောဘဲ မနေနိုင်တော့ပေ။

ထိုစကားကိုကြားတော့ ချင်ယွင်လည်း အံ့အားသင့်သွားခဲသည်။ သူသည် ကောင်းကင်မှ ပုံရိပ်လေးခုကို အဆုံးမဲ့ အံ့အားသင့်စွာဖြင့် တစ်ဖန်ပြန်ကြည့်မိ၏။

အရိပ်လေးခုသည် အနှိုင်းမဲ့ တန်ခိုးကြီးသော ဂုဏ်သိက္ခာကို ထုတ်လွှတ်နေသည်။ သူတို့ လေးယောက်၏ တစ်ယောက်ချင်းစီသည် ပါရမီအဆင့် ပုံရိပ်ရှိသူများ ဖြစ်ကြသည်ကို အလွယ်တကူ မြင်နိုင်ပြီး၊ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ခမ်းနားထည်ဝါမူအရ သူတို့သည် အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ ရှိနေပုံပေါ်သည်။

တစ်ချိန်တစ်ခါက ခေတ်ရေစီးကြောင်းထဲမှာ ပျောက်ကွယ်သွားခဲ့သည့် ဘိုးဘေးနတ်ဘုရား များစွာ ရှိခဲ့ဖူးပါသည်။ ဤလေးယောက်သည် သူတို့ထဲမှဖြစ်ကြောင်း သိသာထင်ရှားပြီး၊ ဤလူငယ်များ၏ အသွင်အပြင်အရ သူတို့ငယ်ရွယ်စဉ်တုန်းကနှင့် အတူတူပင် ဖြစ်လိမ့် မည်။

သို့သော်၊ ချင်ယွင်သည် သူ၏နောက်ဆုံး ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခလေးခုသည် အမှန်တကယ်ပင် ဘိုးဘေးနတ်ဘုရားလေးပါး ဖြစ်နေမည်ဟု မမျှော်လင့်ခဲ့ပေ။

ဘိုးဘေးနတ်ဘုရား ဖြစ်လာနိုင်သူတိုင်းသည် တုနှိုင်းမယှဉ်သာအောင် ထက်မြက်ပြီး၊ ခမ်းနားထည်ဝါသော ပုံရိပ်ရှိသူများ ဖြစ်ကြသည်။ သူတို့သည် ၎င်းတို့၏အဆင့်ထက် ကျော်လွန်၍ တစ်စုံတစ်ဦးကို စိန်ခေါ်နိုင်သည့် တည်ရှိမှုများ ဖြစ်ကြပါသည်။

ဤကြီးမြတ်သော ဘိုးဘေးနတ်ဘုရားလေးပါးသည် ကောင်းကင်နတ်ဘုရားအဆင့်တွင် သာ ရှိနေကြသော်လည်း၊ သူတို့၏တိုက်ပွဲစွမ်းရည်သည် အပေါ်ယံမြင်ရသလောက် မရိုးရှင်းသည်မှာ သေချာပါသည်။

ဟန်ကျင်း၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်။ သူသည်လည်း ဤအကြောင်းကို နားလည်သဘောပေါက်သည်မှာ သိသာထင်ရှားပြီး၊ သူ့အမူအရာက အလွန်လေးနက်သွား ခဲ့သည်။

ဘန်း…။

ဤအခိုက်အတန့်တွင်၊ ကောင်းကင်ယံရှိ ဘိုးဘေးနတ်ဘုရားလေးပါး၏ပုံရိပ်များသည် ဟန်ကျင်းနှင့် ချင်ယွင်တို့ကို စူးစူးစိုက်စိုက် ကြည့်နေကာ သူတို့၏မျက်လုံးများသည် ထူးထူးခြားခြား စူးရှလွန်းသည်။

သူတို့တွင် အစစ်မှန် ကျင့်ကြံသူ သို့မဟုတ် အသိဉာဏ်ရှိသူများ မဟုတ်ကြတော့ပေ။ ၎င်းတို့တွင် မယုံနိုင်လောက်အောင် အစွမ်းထက်သော တိုက်ခိုက်ရေးဗီဇများသာ ရှိကြပါ သည်။

သူတို့၏ ခန္ဓာကိုယ်များသည် အစစ်အမှန် မဟုတ်ကြဘဲ ထူးဆန်းသောစွမ်းအင်မှ ပေါင်းစည်းထားခြင်း ဖြစ်သည်။ သို့ရာတွင်၊ ဤအရာက သူတို့အငွေ့အသက်များ၏ ဘုန်းတန်ခိုး အာနုဘော်ကို မသက်ရောက်စေနိုင်ခဲ့ပါ။

ဤအခိုက်အတန့်တွင် သူတို့ခန္ဓာကိုယ်များသည် ဘိုးဘေးနတ်ဘုရားတစ်ပါး၏ ထူးခြား သည့်မောက်မာမှု, ခက်ထန်မှုတို့ဖြင့် ပြည့်နှက်နေသဖြင့် လူတို့၏စိတ်နှလုံးကို အေးခဲသွား စေခဲ့သည်။

"သခင်ဟန်၊ ဒါ ငါ့ရဲ့နောက်ထပ် ကောင်းကင်ဘုံကပ်ဘေးဒုက္ခလေးခုပဲ။ မင်း ဒီဘိုးဘေး နတ်ဘုရားလူငယ်လေးပါးကို အနိုင်ယူနိုင်တာနဲ့ မင်း ဘေးကင်းလိမ့်မယ်။" ချင်ယွင် ရုတ်တရက် လှည့်ကြည့်ပြီး ဟန်ကျင်းကို ပြုံးပြလိုက်သည်။

ဟန်ကျင်းသည် ချင်ယွင်၏ စကားကို ကြားသောအခါ သူ့မျက်နှာတွင် အပြုံးအရိပ်တစ်ခုမှ ရှိမနေခဲ့ပေ။

ယခုအချိန်မှာ ချင်ယွင်သည် အဘယ့်ကြောင့် အသံအကျယ်ကြီးဖြင့် ရယ်မောနေမှန်း သူ အမှန်တကယ် နားမလည်နိုင်ခဲ့ပါ။

ဘိုးဘေးနတ်ဘုရားငယ်လေးယောက်သည် အရင်က လျှပ်စီးစစ်သူရဲ တစ်သောင်းလောက် ကြောက်စရာကောင်းသည့်ပုံ မပေါ်သော်လည်း သူတို့အပေါ် ခြိမ်းခြောက်လာသည့် ဒီဘိုးဘေးနတ်ဘုရားငယ် လေးယောက်၏ ခြိမ်းခြောက်မှုက လျှပ်စီစစ်သူရဲ တစ်သောင်း ထက် အများကြီး ပိုကြီးမားသည်ကို ဟန်ကျင်းသည် ရှင်းရှင်းလင်းလင်း နားလည်ပါသည်။

ထိုဘိုးဘေးနတ်ဘုရားငယ် လေးပါးကို မပြောဆိုထားနှင့်၊ သူတို့ထဲမှ တစ်ယောက်သည်ပင် သေချာပေါက် သူ့ပြိုင်ဘက် မဟုတ်ပေ။ သူသည် သနားစဖွယ် သေခြင်းမျိုးဖြင့် အဆုံးသတ်သွားနိုင်သည်။ ထို့ကြောင့် ချင်ယွင်ပြောသော စကားများကို သူကြားလိုက် သောအခါ, သူသည် အနည်းငယ်မျှပင် ပျော်ရွှင်ပြီး ပေါ့ပါးမူကို မခံစားရပေ။

"ချင်ယွင်၊ ဒါက ဘိုးဘေးနတ်ဘုရားငယ်တွေလေ၊ မင်း မကြောက်ဘူးလား?" ဟန်ကျင်းက မတတ်နိုင်ဘဲ မေးလိုက်သည်။

"မကြောက်ဘူးလား?။ သေချာပေါက် ငါကြောက်တာပေါ့။ ဒါပေမယ့် ဘိုးဘေးနတ်ဘုရား တွေရဲ့ငယ်ရွယ်စဉ်နဲ့ ပတ်သက်တဲ့ ထူးခြားတဲ့အရာတွေကို ငါတကယ် ခံစားချင်မိတယ်" ချင်ယွင်က အပြုံးနှင့် ပြန်ဖြေလိုက်သော်လည်း, သူ့နှုတ်ခမ်းထောင့်စွန်းက စိတ်လှုပ်ရှား နေသည့် အပြုံးတစ်ခု ရှိနေပါသည်။

ဟန်ကျင်းသည် စိတ်အားထက်သန်သော ချင်ယွင်ကို မြင်သောအခါ သူသည် လုံးဝ မှင်သက်သွားရသည်။

သူသည် ထိုပုံရိပ်လေးခုသည် ဘိုးဘေးနတ်ဘုရားများ၏ ပြန်လည်ဝင်စားခြင်း ရုပ်အသွင် များမှန်း သိသောအခါတွင်, သူ၏ပထမဆုံးတုံ့ပြန်မှုက အကြောက်တရား ဖြစ်သည်။ နောက်ဆုံးတွင် 'ဘိုးဘေးနတ်ဘုရား' ဟူသော စကားလုံးနှစ်လုံးက သူ့ကို အဆုံးမဲ့ ဖိအား များ ပေးနေခဲ့သည်။

သို့သော် ယခုအချိန်တွင် ချင်ယွင်၏ စိတ်လှုပ်ရှားနေသည့် အမူအရာများက သူ့ကို လုံးဝ ထိတ်လန့်စေခဲ့သည်။ ချင်ယွင် တွေးနေသည့်အရာတွေကို သူ အမှန်တကယ် နားမလည် နိုင်တော့ပါ။ သူသည် ထိုကဲ့သို့သော ကျွမ်းကျင်ပညာရှင်နှင့် ရင်ဆိုင်ရချိန်မှာ စကားပြောဆို ရယ်မောနိုင်ရုံသာမက တိုက်ပွဲဆာလောင်သည့် စိတ်ဓာတ်လည်း အပြည့်ရှိနေခဲ့သည်။

ဤအခိုက်တွင် ချင်ယွင်၏ရုပ်အသွင်သည် သူ့မျက်လုံးထဲတွင် ချက်ချင်းပင် ပိုမြင့်လာခဲ့ သည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ တိုက်ခိုက်လိုသည့်စိတ်ဆန္ဒက သူ့ကို အလွန် သိမ်ငယ်သွား စေခဲ့သည်။

"ဒါက ငါနဲ့သူကြားက ခြားနားချက် ဖြစ်နိုင်တယ်။" ဟန်ကျင်းက သူ့ကိုယ်သူ ရေရွတ်လိုက် သော်လည်း ဘိုးဘေးနတ်ဘုရားများအပေါ် သူ၏ကြောက်တရားကို ချင်ယွင်ကဲ့သို့ မကျော် လွှားနိုင်ခဲ့သေးပေ။

ဝှီး….။

ဟန်ကျင်းသည် ချင်ယွင်၏ စိတ်အခြေအနေကြောင့် ထိတ်လန့်နေစဉ်မှာ လေတိုးသံများ လျင်မြန်စွာ ထွက်ပေါ်လာသည်။

ဘိုးဘေးနတ်ဘုရားလေးပါး၏ စွမ်းအင် ရုပ်အသွင်ပြင်လေးခုထဲမှ တစ်ခုသည် ချင်ယွင်ဆီ သို့ အလျင်အမြန် ပြေးထွက်သွားသည်ကို သူ မြင်လိုက်ရသည်။ သူ့အမြန်နှုန်းက အဖြူရောင်အလင်းတန်းတစ်ခုကဲ့သို့ မြန်ဆန်သည်။ သူလို အလတ်လတ်အဆင့် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ထက် အများကြီး ပိုမြန်ပါ သည်။

"အချိန်ကျပြီ”

သို့သော် ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ကြီးမား ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရားနတ်ဘုရားတန်ခိုးစွမ်းအားကို အရူးအမူးလောင်ကျွမ်းကာ ထိုအဖြူရောင် ပုံရိပ်အား လက်သီးဖြင့် ထိုးလိုက်သည်။

"ဘုန်း….။"

ကောင်းကင်ယံမှာ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ချင်ယွင်၏ ခြေဖဝါး အောက်က မြေပြင်သည် ပြိုဆင်းသွားပြီး မရေမတွက်နိုင်သည့် အက်ကြောင်းတွေ ပေါ်လာခဲ့သည်။

အနှိုင်းမဲ့ အားကောင်းသော စွမ်းအင်မုန်တိုင်းကြီးတစ်ခု ချက်ခြင်း ဖြစ်ပေါ်လာသည်။

"ကောင်းလိုက်တာ... ဘယ်လောက်တောင်မှ ကြောက်စရာကောင်းလိုက်တဲ့ အဖျက် စွမ်းအားလဲ။" ဟန်ကျင်းသည် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်း ကြောင့် နောက်ပြန် ဆုတ်ခဲ့ရသည်။ သူသည် ဘိုးဘေးနတ်ဘုရားငယ်၏ အဖြူရောင် ပုံရိပ် ကို ထိပ်တိုက်ရင်ဆိုင်နေသည့် ချင်ယွင်ကို စူးစူးစိုက်စိုက် စိုက်ကြည့်ကာ သူ့မျက်လုံးများ တွင် အလွန်မင်း အံ့သြသည့် အမူအရာတစ်ခု ဖြစ်ပေါ်နေသည်။

ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူ့လက်သီးချက်သည် ဘိုးဘေးနတ်ဘုရားငယ်၏ အဖြူရောင်ပုံရိပ်နှင့် ထိပ်တိုက်တွေ့နေပါသည်။

ပတ်ဝန်းကျင်ရှိ စွမ်းအင်များကြောင့် ဆက်တိုက် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် ကောင်းသည့် လေဆင်နှာမောင်းသည် ပြင်းထန်စွာ ရွှေ့လျားနေပြီး ပတ်ဝန်းကျင်ရှိ ကျောက်တုံးများကို အပိုင်းပိုင်းခွဲကာ ဖြိုခွဲပစ်နေသည်။

"ဟားဟား၊ ​ပျော်​လိုက်​တာ"

ချင်ယွင်က ကျယ်လောင်စွာ ရယ်မောပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ဤအခိုက်အတန့်တွင် သူ့ရင်တွင်းမှ စိတ်လှုပ်ရှားမူကို ခံစားလိုက်ရသည်။

All Chapters