အခန်း ၁၅၂၈
Vol. 102 Ch. 1528
အခန်း (၁၅၂၈) မောက်မာမှုနှင့် မတည်မြဲခြင်း။
လေဆင်နှာမောင်းသည် တိုက်ခတ်နေဆဲဖြစ်ပြီး၊ ချင်ယွင်၏လက်သီးသည် ဘိုးဘေး နတ်ဘုရားငယ်၏ အဖြူရောင်ပုံရိပ်နှင့် ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမျိုး တွင် ပိတ်လှောင်ထားဆဲဖြစ်သည်။
သူတို့နှစ်ဦး၏ လက်သီးများသည် အချင်းချင်း အပြင်းအထန် ထိတွေ့နေပြီး၊ အနှိုင်းမဲ့ ပြင်းထန်သော အငွေ့အသက် အသွင်သဏ္ဍာန်ကြီးတစ်ခု ဖြစ်ပေါ်လာကာ၊ ယင်းကြောင့် ပတ်ဝန်းကျင်ကို မုန်တိုင်းတစ်ခုအဖြစ် အဆက်မပြတ် တိုက်ခတ်သွားစေသည်။
ဟန်ကျင်းသည် ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးများသည် အလွန်အံ့အားသင့်သွားသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိသည်။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်နှင့် ဘိုးဘေးနတ်ဘုရားငယ်၏ အဖြူရောင်ပုံရိပ်ကိုယ်ပွား တို့၏စွမ်းအားသည် သူ့ထက် လုံးဝ နိမ့်ကျခြင်းမရှိကြောင်းကို သူ ခံစားနိုင်သည်။
ဘန်း…။
သို့သော်လည်း ဤအခိုက်အတန့်တွင် လေထဲတွင် လွင့်မျောနေသော ဘိုးဘေးနတ်ဘုရား ငယ်၏ မျက်လုံးများမှ ပြင်းထန်သော အလင်းရောင်တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်, ချင်ယွင်၏ လက်သီးနှင့် အပြင်းထန် ရင်ဆိုင်ထားသော သူ့လက်သီးမှတဆင့် တုနှိုင်းမရလောက်အောင် ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
“ဘုန်း.."
ချင်ယွင်သည် သူ့လက်မောင်းများ ပြင်းထန်စွာ တုန်ယင်နေသည်ကိုသာ ခံစားလိုက်ရပြီး နောက်ပြန် ဆုတ်သွားခဲ့ရသည်။
"ဖူး…"
ချင်ယွင်သည် ချက်ချင်းပင် ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရပြီး သူ့မျက်လုံးများက အံ့အားသင့်သည့် အမူအရာကို ဖော်ပြလိုက်မိသည်။
ဤဘိုးဘေးနတ်ဘုရားငယ်၏ အဖြူရောင်ပုံရိပ်ကိုယ်ပွားသည် ရုတ်တရက် ယခင်က ၎င်း၏တန်ခိုး စွမ်းအားထက် နှစ်ဆဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
မူလက၊ သူသည် ဘိုးဘေးနတ်ဘုရားငယ်၏ အဖြူရောင်ပုံရိပ်ကိုယ်ပွားနှင့် သူတင် ကိုယ်တင် မျှခြေအနေအထားတွင် ရှိနေခဲ့သည်။ သို့သော်၊ ထိုအချိန်တွင်၊ ဘိုးဘေး နတ်ဘုရားငယ်၏ အဖြူရောင်ပုံရိပ်ကိုယ်ပွား၏ ခွန်အားသည် ရုတ်တရက် နှစ်ဆတိုးလာခဲ့ သည်။ မူလက ညီမျှနေသော ချိန်ခွင်လျှာသည် ချက်ခြင်း ကျိုးပျက်သွားခဲ့ပြီး၊ ထိုကဲ့သို့ တိုးမြင့်လာသည့် စွမ်းအားသည် အလွန်ကြီးမားပေလိမ့်မည်။
ထို့ကြောင့် ယခုအချိန်တွင် ချင်ယွင်၏ လက်မောင်းတစ်ခုလုံး လုံးဝ ခံစားမူကင်းသွားခဲ့ သည်။ အကယ်၍ သူသည် ယခု နဂါးတစ်ပိုင်း အနေအထားတွင် ရှိနေပြီး သူ၏ အရိုးများနှင့် ကြွက်သားများသည် သန်မာလာခြင်းကြောင့်သာ မဟုတ်ပါက၊ အစောပိုင်းက တွန်းထုတ်မှု သည် သူ့ခန္ဓာကိုယ်ကို ကွဲကြေစေလောက်ပြီ ဖြစ်သည်။
"မကောင်းတော့ဘူး"
ရုတ်တရက် ချင်ယွင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူ့နောက်က နဂါးအမြီးက ချက်ချင်း ဝှေ့ယမ်းသွားပြီး တုန့်ဆိုင်းမနေဘဲ ရှေ့ကို ဆွဲယမ်းလိုက်သည်။
ခိုင်ခံ့သောနဂါးအမြီးသည် သံမဏိကြာပွတ်ကဲ့သို့ ရှေ့ကို ပြင်းပြင်းထန်ထန် ရိုက်ချသွား သည်။ သို့သော် အဆုံးတွင် သူသည် ခြေတစ်လှမ်း နောက်ကျနေသေးသည်။
အလွန်လျင်မြန်သော ပုံရိပ်တစ်ခုသည် ချင်ယွင်၏ရှေ့တွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး၊ ချင်ယွင်၏ ရင်ဘတ်ကို လက်သီးချက်ဖြင့် တိုက်ရိုက် ထိုးနှက်သွားခဲ့ သည်။
"ဘုန်း…."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်သည် တစ်ချိန်တည်းတွင် လျှပ်စီး တစ်သိန်း ထိမှန်သွားသလို ခံစားလိုက်ရသည်။ သူသည် ချက်ခြင်းပင် နောက်ပြန် ဆုတ်သွားရကာ သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်ပျံသွားကာ၊ သူ့ရုပ်အသွင်က မြေပေါ်ကျပြီး ရှည်လျားသော လျှိုမြောင်တစ်ခုအဖြစ် ဆွဲထုတ်သွားသည်။
ထိုအချိန်တွင် ချင်ယွင်၏ ရင်ဘတ်ပေါ်ရှိ အကြေးခွံများသည် လုံးလုံး ပေါက်ကွဲသွားကာ အသားနှင့်သွေးစများက ဝေဝါးစွာဖြစ်ပေါ်နေပြီး သူ၏အတွင်းအင်္ဂါများသည်ပင် ကြွေမွသွားသည်။
"ဒီလိုအရှိန်ဟုန်၊ ဒီလို ခွန်အားမျိုး" ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်ရင်း သူ့ရင်ဘတ်ကို ဖုံးအုပ်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ အမူအရာက ထူးထူးခြားခြား လေးနက်လာသည်။
သူသည် အစောပိုင်းက လေဟာနယ်စွမ်းအားနှင့် လေဟာနယ်၏တုန်ခါမှုကို ခံစားရသော် လည်း ဘိုးဘေးနတ်ဘုရားငယ်၏ အဖြူရောင်ပုံရိပ်သည် မြန်ဆန်လွန်းနေသေးသည်။ သူ မတုံ့ပြန်ခင်မှာ သူ့တစ်ကိုယ်လုံး လွင့်ပျံသွားခဲ့ရသည်။
ထို့အပြင်၊ သူ၏ရင်ဘတ်ကို အနှိုင်းမဲ့ မာကျောသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသည့် အပြင် လေဟာနယ်ချပ်ဝတ်ကိုလည်း သိပ်သည်းထားခဲ့သည်။ အရင်က သူ့ကို လျှပ်စီး စစ်သူရဲများသည် မည်သို့ပင် တိုက်ခိုက်ခဲ့ပါစေ, သူ့အကာကွယ်ကို မဖြတ်ကျော်နိုင်ခဲ့ဘူး ဆိုသည်ကို သိထားရပါမည်။ သို့သော်လည်း ယခုအခါတွင်၊ ဘိုးဘေးနတ်ဘုရားငယ်၏ အဖြူရောင်ပုံရိပ်ကိုယ်ပွားသည် သူ၏ရင်ဘတ်တစ်ခုလုံးကို လက်သီးတစ်ချက်ဖြင့် ကွဲကြေသွားစေခဲ့သည်။
ဘိုးဘေးနတ်ဘုရားငယ်၏ အဖြူရောင်ပုံရိပ်ကိုယ်ပွား၏ တိုက်ခိုက်မှုသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို တွေးကြည့်နိုင်ပါသည်။
ချင်ယွင်သည် ပေထောင်ပေါင်းများစွာ အကွာအဝေးအထိ တရတိုက်ဆွဲသွားကာ မရပ်တန့်နိုင်ခင် ကျောက်တုံးတစ်ခုနှင့် တိုက်မိခဲ့သည်။
ဘန်း….။
သို့သော်လည်း ချင်ယွင်၏ရုပ်အသွင် ရပ်တန့်သွားသည်နှင့် တပြိုင်နက် ပြင်းထန်သော စွမ်းအားတစ်ခု သူ့ဆီသို့ တိုးဝင်လာခဲ့ပြန်သည်။
ချင်ယွင်၏ သူငယ်အိမ်များသည် ချက်ချင်း ကျုံ့သွားခဲ့ပြီး၊ သူသည် ဘေးတဖက်သို့ ရှောင်ထွက်သွားသည်။
"ဘုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ချင်ယွင် မူလက ရပ်နေသည့်နေရာသည် လုံးဝ ပေါက်ကွဲသွားပြီး အနှိုင်းမဲ့ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဘိုးဘေးနတ်ဘုရားငယ်၏ အဖြူရောင်ပုံရိပ်ကိုယ်ပွားသည် ဤတွင်းကြီးထဲတွင် ပေါ်လာသည်။
ချင်ယွင်၏ မျက်လုံးများသည် ဘိုးဘေးနတ်ဘုရားငယ်၏ အဖြူရောင်ပုံရိပ်ကိုယ်ပွားကို စိုက်ကြည့်နေစဉ် နှင်းခဲကဲ့သို့ အေးစက်နေ၏။
ဘိုးဘေးနတ်ဘုရားငယ်၏ အဖြူရောင်ပုံရိပ်ကိုယ်ပွားသည် ချင်ယွင်ကို ဆက်လက် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ယင်းအစား သူ ပြန်လှည့်ပြီး ချင်ယွင်ကို ကြည့်လိုက်သည်။ သူ့ပါးစပ်ထောင့်က လူသားဆန်ဆန် အပြုံးတစ်ခု ပေါ်လာသည်။
"အယ်?" ချင်ယွင်သည် တစ်ခဏမျှ မှင်သက်သွားခဲ့ပြီး သူ့နှလုံးသားထဲတွင် ဖော်မပြနိုင် သော ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရသည်။
မူလက သူသည် ဘိုးဘေးနတ်ဘုရားငယ်၏ အဖြူရောင်ပုံရိပ်ကိုယ်ပွားသည် အသက်မဲ့ စွမ်းအင်တစ်ခုမျှသာဖြစ်သည် ထင်ထားခဲ့သော်လည်း ယခုအခါတွင်၊ ၎င်းသည် သူထင်သလောက် မရိုးရှင်းတော့ဟု ထင်ရသည်။
ယခုလေးတင် ထိုမထင်မရှားအပြုံးမှတဆင့်, သူ့တွင် လွတ်လပ်သော ကိုယ်ပိုင် အတွေး အမြင်များရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။ ထိုသို့မဟုတ်လျှင်, သူသည် ထိုကဲ့သို့ ကျီစားလိုသည့်အပြုံးမျိုးကို ထုတ်ပြနိုင်မှာ မဟုတ်ပါဘူး။
ချင်ယွင်သည် မျက်မှောင်ကြုတ်ကာ ခေါင်းကို မြှောက်လိုက်ပြီး အခြား ဘိုးဘေးနတ်ဘုရား ငယ်များ၏ပုံရိပ်ကိုယ်ပွားသုံးခုကို ကြည့်လိုက်သည်။ ချင်ယွင်သည် သူတို့၏ မျက်လုံးများ တွင် မောက်မာမှု အပြည့်ရှိကြောင်း သတိပြုမိသည်။
ထိုသို့သော အကြည့်မျိုးသည် ကျားသစ်တစ်ကောင်က ၎င်း၏သားကောင်ကို မြင်ပြီး၊ လှောင်ပြောင်ကာ အထင်မြင်သေးသည့် အကြည့်မျိုးနှင့် အလွန်ဆင်တူသည်။
ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်သည် မျက်ခုံးပင့်လိုက်မိသည်။ တခဏအတွင်းမှာ ပင် သူ တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
သူ့ရှေ့ရှိ ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားသုံးခုသည် တကယ့်သက်ရှိ သတ္တဝါများ မဟုတ် ကြသော်လည်း၊ သူတို့သည် သူတို့ငယ်ရွယ်စဉ်က နတ်ဘုရားစွမ်းရည်များနှင့် စိတ်ဓာတ် များအပါအဝင် ဘိုးဘေးနတ်ဘုရားများ၏ မှတ်ဉာဏ်များအားလုံးကို ပိုင်ဆိုင်ထားကြ သည်။ ထို့ကြောင့်သာ ဤဘိုးဘေးနတ်ဘုရားငယ်များသည် ချင်ယွင်ကို ဤကဲ့သို့ အကြည့်မျိုးဖြင့် ကြည့်နေကြခြင်း ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့်, အကယ်၍, သူတို့သည် အမှန်တကယ် မည်သည့် အတွေးမျိုးမှ ရှိမနေဘဲ တိုက်ခိုက်ဖို့သာသိသည့် စက်ရုပ်တစ်ခုလို ဖြစ်နေပါက၊ ကောင်းကင်ပေါ်ရှိ ဘိုးဘေးနတ်ဘုရားငယ်သုံးပါး၏ ကိုယ်ပွားများသည် ချင်ယွင်ကို တစ်ချိန်တည်းတွင် တိုက်ခိုက်နိုင်ဖွယ် ရှိသည်။
သူတို့သည် ဘိုးဘေးနတ်ဘုရားတစ်ပါး၏ ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားသောကြောင့်သာ တစ်ချိန်တည်းတွင် မတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
အဝေးမှ ဟန်ကျင်းသည် ဤအချက်ကို ရိပ်မိသွားပုံရပြီး သူ့အမူအရာက ပို၍ လေးနက်လာ သည်။
ဉာဏ်ရည်ဥာဏ်သွေးကို ပိုင်ဆိုင်ထားသော ဘိုးဘေးနတ်ဘုရားကိုယ်ပွားတစ်ခုသည် တိုက်ခိုက်ရေးဗီဇသက်သက်ကိုသာ ပိုင်ဆိုင်ထားသည့် ဘိုးဘေးနတ်ဘုရားကိုယ်ပွားထက် ကိုင်တွယ်ရန် ပို၍ခက်ခဲပါသည်။
"ကောင်စုတ်လေး၊ မင်းရဲ့ခွန်အားက မဆိုးပါဘူး။ မင်းက ကြယ်နတ်ဘုရား နှောင်းပိုင်း အဆင့်နဲ့ မြေကမ္ဘာနတ်ဆိုးနတ်ဘုရား အလယ်လတ်အဆင့်မှာပဲ ရှိသေးတယ်။ မင်းက ငါ့ဆီက လက်သီးသုံးချက်ကို ခံယူပြီးတာတောင် မသေသေးဘူး။ မင်းက ဒီကမ္ဘာမှာ ပထမဆုံးလူ ဖြစ်နေမှတောင် ငါ စိုးရိမ်မိတယ်" အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားက တည့်တည့်မတ်မတ်ရပ်ပြီး ချင်ယွင်ကို လေးလေးနက်နက် ကြည့်နေလေ သည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် သူမှန်းဆထားသည့်အရာက အမှန်ပဲဆိုသည်မှာ သေချာသွားခဲ့သည်။
ဤကြီးမြတ်သော ဘိုးဘေးနတ်ဘုရားငယ်လေးပါးတို့၏ ကိုယ်ပွားများသည် သူတို့ဘိုးဘေး နတ်ဘုရားတို့၏ မှတ်ဉာဏ်များအားလုံးကို ပိုင်ဆိုင်ထားကြသည့် တည်ရှိမူများ ဖြစ်နေခဲ့ သည်။
"စီနီယာ!" ချင်ယွင်က လေးလေးစားစား ခေါ်လိုက်သည်။
ထိုလူငယ်များသည် သူနှင့်အသက်အရွယ်တူ ဖြစ်နိုင်သော်လည်း ၎င်းတို့သည် ဘိုးဘေး နတ်ဘုရားများဖြစ်သောကြောင့် ၎င်းတို့၏ရှင်သန်ခဲ့သည့် နှစ်များသည် ချင်ယွင်၏ စိတ်ကူးထက် ကျော်လွန်သွားသည်မှာ သေချာပါသည်။ တကယ်တော့၊ ထိုဘိုးဘေး နတ်ဘုရားလေးပါးသည် လွန်ခဲ့သောနှစ်ပေါင်း ဆယ်ဘီလီယံကတည်းက သေဆုံးကောင်း သေဆုံးသွားနိုင်သည်။ ထို့ကြောင့် ချင်ယွင်က စီနီယာများဟု ခေါ်ခြင်းသည် လုံးဝ မမှားပါ။
အဖြူရောင်ဝတ်လူငယ်က ချင်ယွင်၏ စွမ်းဆောင်မှုကို အလွန်ကျေနပ်နေဟန်ဖြင့် ခေါင်းညိတ်ပြသည်။
"စီနီယာ၊ စီနီယာရဲ့နာမည်ကို သိလို့ရမလား" ချင်ယွင်သည် အဖြူရောင်ဝတ် လူငယ်က ခေါင်းညိတ်ပြသည်ကို မြင်လျှင် ရဲဝံ့စွာ မေးလိုက်သည်။
"ဟား ဟား၊ ကောင်စုတ်လေး, မင်း ငါနဲ့ရင်းနှီးသွားတာနဲ့ မင်းကို ငါက မသတ်ဘူးလို့ မထင်လိုက်နဲ့။ မင်းက အခု ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ခံနေရတယ်ဆိုတာ မမေ့နဲ့။" အဖြူရောင်ဝတ်လူငယ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ချင်ယွင်သည် ချက်ချင်းပင် အဆင်မပြေစွာ ပြုံးလိုက်မိသည်။ သူ့မှာ အမှန်တကယ်ပင် ရင်းနှီးအောင်လုပ်လိုသည့် အကြံတစ်ခု ရှိနေခဲ့သည်။ ဤနည်းအားဖြင့် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်က သူ့ကို တိုက်ခိုက်လျှင်ပင် အနည်းငယ် ညှာတာပေးနိုင်သည်။ သို့သော် သူ၏ ထိုသေးငယ်သည့်အတွေးများကို တစ်ဖက်လူက တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်နေသည်။
"ချာတိတ်လေး, မင်း ဘယ်လိုလုပ်ရှားမလဲ ငါ မသိပေမယ့် မင်းကိုတော့ ငါ အရမ်းကို လေးစားပါတယ်။ ငါ့နာမည်ကို ပြောပြရင်လည်း အန္တရာယ် မရှိပါဘူး" အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်က ကျယ်လောင်စွာ ရယ်မောပြီး "ချာတိတ်လေး၊ မင်း သေချာ နားထောင်နော်။ ငါ့နာမည်က အောင်းဝူချန်"
"အောင်းဝူချန်လား?" ချင်ယွင် အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းယမ်းလိုက်သည်။ သူသည် ဤနာမည်ကို အရင်က တစ်ခါမှ မကြားဖူးပေ။ သို့သော် ဟန်ကျင်း၏ မျက်လုံးတွေ က မယုံကြည်နိုင်လောက်သည့် အမူအရာကို ဖော်ပြရင်း ပြူးကျယ်စွာ ပွင့်နေခဲ့သည်။