← Chapters

အခန်း ၁၅၂၉

Vol. 102 Ch. 1529

အခန်း ၁၅၂၉

Vol. 102 Ch. 1529

အခန်း (၁၅၂၉) အစွမ်းထက်သောကိုယ်ပွား

"အောင်းဝူချန်၊ စီနီယာက အဖြူရောင်ဝတ် သန့်ရှင်းသောဓားလို့ လူသိများတဲ့ ဒဏ္ဍာရီ ဆန်ဆန် အောင်းဝူချန်ပဲလား?" ဟန်ကျင်းက မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။

"အဖြူရောင်ဝတ် သန့်ရှင်းသောဓား?" ချင်ယွင်သည် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရား ငယ်ကိုယ်ပွားအား အံ့အားသင့်စွာဖြင့် ကြည့်နေလေသည်။

အစကတည်းက အခုအချိန်အထိ အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားသည် သူ့ကို လက်သီးဖြင့်သာ တိုက်ခိုက်နေခဲ့သည်။ အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားသည် ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံထာသူ သူထင်ခဲ့သော်လည်း၊ ဓားလမ်းစဉ် ကျင့်ကြံသူတစ်ဦး ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားသည် ဟန်ကျင်း၏ စကားကိုကြားသော အခါ၊ သူ့နှုတ်ခမ်းထောင့်စွန်းမှ အပြုံးမပျက် ပေါ်လာသည်။ “အဖြူရောင်ဝတ် သန့်ရှင်းသောဓားကို တစ်ယောက်ယောက်က တကယ်ကို မှတ်မိနေဦးမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဒီနာမည်ကို မကြားရတာတောင် တော်တော်ကြာခဲ့ပြီ။”

ဟန်ကျင်းသည် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားက ဝန်ခံလိုက်သည်ကို မြင်ရသောအခါတွင် သူ၏အမူအရာမှာ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။

ချင်ယွင်အတွက်မူ, သူသည် ဆွံ့အသွားရသည်။

အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားသည် ချင်ယွင်၏ သံသယများကို မြင်နေပုံရသည်။ သူက ပြုံးပြီး ရှင်းပြသည် "ဒီအဖြူရောင်ဝတ် သန့်ရှင်းသောဓားဆိုတဲ့ ဂုဏ်သတင်းက ငါဘိုးဘေးနတ်ဘုရားမဖြစ်ခင်ကပါ။ ငါတို့ကောင်တွေ ဘိုးဘေးနတ်ဘုရား တွေ ဖြစ်လာကြတာတောင် နှစ်ပေါင်း ဘီလီယံ ၃၀ လောက် ရှိသွားခဲ့ပြီ။ ငါ့ရဲ့ဘွဲ့ကို မှတ်မိတဲ့လူ ရှိနေဦးမယ်လို့ ငါ တကယ် မမျှော်လင့်ထားခဲ့ဘူး။"

"နှစ်ပေါင်း ဘီလီယံသုံးဆယ်လား?" ချင်ယွင်၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။

သူ ကျင့်ကြံခဲ့သည်မှာ အခုဆို အနှစ်တစ်ရာပင် မပြည့်သေးပေ။ သူ့၏ကျင့်ကြံမှု အရှိန်ဟန်ကို မြှင့်တင်ဖို့အတွက် သူ့အသုံးပြုခဲ့သည့် အချိန်တွေကို ထည့်တွက်လျှင်ပင် အနှစ်သုံးထောင်အောက်သာ ရှိပါသေးသည်။

သူ့ရှေ့မှ ဤလူငယ်သည် အံ့ဖွယ်ကောင်းလွန်းသည်။ သူသည် အသက် ဘီလီယံသုံးဆယ် ရှိနေပြီ။ ချင်ယွင်၏ လက်ရှိအမြင်ဖြင့်ဆို၊ သူသည် နှစ်ပေါင်းဘီလီယံသုံးဆယ်ကို စိတ်ကူးပင် မယဉ်နိုင်ပေ။

"စီနီယာ, အသက်ရှင်နေသေးလား" ချင်ယွင်က သံသယ မေးခွန်းတစ်ခု မေးလိုက်သည်။

"ငါ မသိဘူး!" အဖြူရောင်ဝတ်လူငယ်က ခါးသီးသော အပြုံးဖြင့် ပြန်ဖြေသည်။

"မသိဘူးလာ? ဘယ်လိုလုပ် မသိနိုင်မှာလဲ" ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။

ဘေးမှာရှိနေသည့် ဟန်ကျင်းလည်း အံ့သြသွားသည်။ ထင်ရှားသည်မှာ၊ သူသည် ဒဏ္ဍာရီ ဆန်ဆန် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားကို ပဟေဠိ ဖြစ်နေခဲ့သည်။

"ဒါက ငါ့ကိုယ်ခန္ဓာအစစ်မဟုတ်ဘူးဆိုတာ မင်းတို့အားလုံး သိကြတယ်မလား။ ဒါက စွမ်းအင် ခန္ဓာကိုယ်တစ်ခုသက်သက်ပဲလေ။ ငါပိုင်ဆိုင်ထားတဲ့ အသိဉာဏ်က နတ်ဘုရား စိတ်ဝိညာဉ် အမှတ်အသားတစ်ခုပဲ။ စစ်မှန်တဲ့ နတ်ဘုရားစိတ်ဝိညာဉ် မဟုတ်ဘူး။ ငါ့ရဲ့ စစ်မှန်တဲ့ နတ်ဘုရားဝိညာဉ်ကတော့, အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ဘီလီယံ ၂၀ လောက် ကတည်းက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး၊ သေလားရှင်လား လုံးဝ မသိလိုက်ဘူး။" အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်က ပြောသည်။

ထိုစကားကို ကြားတော့ ချင်ယွင်သည် အံ့ဩသွားခဲ့သည်။

ဤအခြေအနေကို အနည်းငယ် ရင်းနှီးနေသည်ဟု သူ ဘာကြောင့် ခံစားနေရသနည်း။ သူ့ဆရာ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားလည်း ဤအတိုင်းပင်။

ယခင်က သူ ကောင်းကင်ဘုံနန်းတော်၏ ကိုးထပ်မြောက်တွင် ရှိစဉ်တုန်းက, လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ နတ်ဘုရားစိတ်ဝိညာဉ် အမှတ်သားသည် သူ၏ စစ်မှန်သော ခန္ဓာကိုယ်ကို အာရုံမခံစားနိုင်တော့ပါ။ သူ့အစစ်မှန် ခန္ဓာကိုယ်သည် သေလား ရှင်လား သူမသိတော့ပေ။

ဤအချက်က အရမ်းကို ထူးဆန်းနေသည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ နတ်ဘုရား စိတ်ဝိညာဉ်အမှတ်သားသည် အစစ်မှန်ခန္ဓာကိုယ်နှင့် အချိန်တိုင်း အဆက်အသွယ် ရှိနေသင့်သည်။ အကယ်၍, အစစ်မှန်ခန္ဓာကိုယ် သေဆုံးသွားလျှင်ပင် နတ်ဘုရား စိတ်ဝိညာဉ် အမှတ်သားသည် သိနေရလိမ့်မည်။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားနှင့် ဤအောင်းဝူချန်တို့သည် သူတို့၏ အစစ်မှန်ခန္ဓာကိုယ်များနှင့် အဆက်အသွယ် ပြတ်သွားရခြင်းမှာ အလွန်တရာမှ ထူးခြားလွန်းနေသည်။

"ဖြစ်နိုင်တာက ဘယ်သူမှ မသိနိုင်တဲ့ လျှို့ဝှက်ချက်တချို့ ရှိနေလို့များလား။ ဒါဆို, ဘိုးဘေး နတ်ဘုရားတွေရဲ့ ရှင်ခြင်းသေခြင်းကို ထိန်းချုပ်နိုင်တဲ့ ကြီးမြတ်တဲ့ တန်ခိုးရှင်က ဘယ်သူဖြစ်မလဲ။" ချင်ယွင်သည် သူ့စိတ်ထဲတွင် မှန်းဆရင်း ဤအကြောင်းကို တွေးကြည့် လေ ပိုအံ့ဩရလေ ဖြစ်သည်။

သူသည် ကောင်းကင်ကြီး မမော့ကြည့်ဘဲ မနေနိုင်ခဲ့ပေ။ ကောင်းကင်ဘုံမှလွဲ၍ အခြား မည်သူကရော ဘိုးဘေးနတ်ဘုရားတွေကို အလွယ်တကူ ပျောက်ကွယ်သွားအောင် လုပ်နိုင်မည်နည်း။

"တကယ်တော့ ငါတစ်ယောက်တည်း မဟုတ်ဘူး။ မင်းတို့အထက်က သုံးယောက်လည်း ငါနဲ့အတူတူပဲ။ သူတို့ရဲ့အစစ်မှန် ခန္ဓာကိုယ်တွေက ဘယ်မှာရှိနေမှန်း သူတို့လည်း မသိကြဘူး။ သူတို့ သေသွားပြီးလား၊ အသက်ရှင်နေသေးလား ဆိုတာရောပေါ့။" အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားက ရှိုက်ကြီးတငင် ပြုံးပြပြန်သည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်ခုံးတွေက ပင့်သွားခဲ့ပြီး သူ့ထင်မြင်ယူဆချက်က မှန်ကန်ကြောင်း ပိုသေချာသွားသည်။

ဤဘိုးဘေးနတ်ဘုရားများသည် မသေသေးဟု သူ ခံစားမိသည်။ သူ၏ဆရာဖြစ်သော လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည်ပင် မသေလောက်သေးပေ။ ဤအတိုင်းဆိုပါက, ချင်ယွင်သည် အနာဂတ်တွင် လုံလောက်အောင် ကြံ့ခိုင်မှုရှိသည်နှင့် ၎င်းတို့ကို ကယ်တင်နိုင်မည် ဖြစ်သည်။

သို့သော် ဟန်ကျင်း မှင်သက်နေခဲ့သည်။ အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွား၏ စကားများသည် သူ့နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီ ဖြစ်သည်။

သူ၏အမြင်အရဆို, ဘိုးဘေးနတ်ဘုရားများသည် မြင့်မြတ်သောတည်ရှိမှုများ ဖြစ်ကြ သည်။ မည်သူကရော ဘိုးဘေးနတ်ဘုရားတွေထက် တန်ခိုးကြီးပြီး ဘိုးဘေးနတ်ဘုရားများ ၏ ရှင်ခြင်းနှင့်သေဆုံးခြင်းကို ထိန်းချုပ်နိုင်မည်နည်း?။

အခု သူသည် ဤဘိုးဘေးနတ်ဘုရားများ၏ အစစ်မှန်ခန္ဓာကိုယ်များ ပျောက်ကွယ်သွားခဲ့ ကြောင်းကို ကြားသိရသောအခါတွင် သူ၏ လောကအမြင်သည် ပြိုလဲသွားသလို ခံစားလိုက်ရသည်။

"ချာတိတ်လေး, ငါပြောစရာရှိတာ အကုန်ပြောပြီးပြီ။ ဒါပေမယ့် အခု ငါ မင်းကို သတ်ပစ်ရ ဦးမှာပင်။ ဘာလို့ဆို ငါက ငါ့ကိုယ်ငါ မမှီခိုင်နိုင်တော့လို့ပဲ။ ငါ့တာဝန်က မင်းကို သတ်ဖို့ပဲ။ တကယ်လို့, မင်း ငါလက်နဲ့သေခဲ့ရင် မင်း ငါ့ကို အပြစ်မတင်နဲ့။" အဖြူရောင်ဝတ် ဘိုးဘေး နတ်ဘုရားငယ်ကိုယ်ပွားက ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။

ချင်ယွင်သည် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွား၏ စကားကိုကြားသော အခါ, သူသည် ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။

ဤဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားများ ထွက်ပေါ်လာခြင်းသည် သူ၏ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြောင့် ဖြစ်ကြောင်း သူသိသည်။ သူတို့အား ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခမှ ဆင့်ခေါ်ထားသောကြောင့် တိုက်ပွဲတစ်ခုသည် မရှိမဖြစ် လိုအပ်လာခဲ့သည်။ သူနှင့် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားတွေကြားမှာ တဖက်သာ ရှင်သန်နိုင်ပါလိမ့်မည်။

"စီနီယာ၊ စိတ်မပူပါနဲ့။ ဒီနေ့ စီနီယာရဲ့ကိုယ်ပွားက ကျွန်တော့်လက်ထဲမှာ သေသွားခဲ့ရင် တောင် နောင်အနာဂတ်မှာ အခွင့်အရေးရှိရင် စီနီယာရဲ့ အစစ်မှန် ခန္ဓာကိုယ်ကို ကျွန်တော် သေချာပေါက် ရှာပေးပါမယ်။" ချင်ယွင်သည် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားအား လေးနက်စွာ ပြောလိုက်သည်။

"ကောင်စုတ်လေး, မင်းက တော်တော်ကို ယုံကြည်မှု ရှိနေတာပဲ။ ကောင်းပြီလေ၊ မင်း ငါ့ကို တကယ် အနိုင်ယူနိုင်ပြီး ငါ့အစစ်မှန် ခန္ဓာကိုယ်ကို ရှာတွေ့အောင် ကူညီပေးနိုင်ရင် ငါကလည်း မင်းကို သေချာပေါက် အစွမ်းကုန်ကူညီပေးမယ်။" အဖြူရောင်ဝတ် ဘိုးဘေး နတ်ဘုရားငယ်ကိုယ်ပွားက ပြုံးလိုက်သည်။

ထိုစကားကို ကြားတော့ ချင်ယွင်က တောက်ပသည့် အပြုံးတစ်ခုကို ထုတ်ဖော်လိုက် သော်လည်း သူ့မျက်လုံးတွေမှာ အနှိုင်းမဲ့ ပြင်းထန်သည့် တိုက်ခိုက်လိုသော စိတ်ဓာတ်များ ဖြင့် ပြည့်နှက်နေခဲ့သည်။

အမှန်တော့၊ စောစောက အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်နှင့် စကားစမြည် ပြောဆိုခြင်းကပင် သူ့ကို အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွား၏ အားနည်းချက်ကို ရှာဖွေရန် ခွင့်ပြုထားပြီး ဖြစ်သည်။ နောက်ဆုံးတွင်, သူသည် အခွင့်အရေးတစ်ခုသာ လိုအပ်သည်။ ထိုအခွင့်အရေးကို ဖမ်းဆုပ်နိုင်သည်နှင့် သူသည် အဖြူရောင်ဝတ် ဘိုးဘေး နတ်ဘုရားငယ်ကိုယ်ပွားကို အနိုင်ယူနိုင်မည်ဟု လုံး၀ ယုံကြည်ထားသည်။

အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွား၏ မျက်လုံးများသည်လည်း ချက်ချင်း ပင် ရေခဲများအသွင် ပြောင်းလဲသွားခဲ့သည်။ ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများနှင့် အတူ သူ့ပုံရိပ်သည် ချင်ယွင်ဆီသို့ အပြေးလွှား ပြေးဝင်သွားစဉ် သူ့ရုပ်အသွင်သည် လျင်မြန်သော နောက်ဆက်တွဲ ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

ချင်ယွင်၏ အကြည့်များသည် စူးရှလာသော်လည်း သူသည် အဖြူရောင်ဝတ် ဘိုးဘေး နတ်ဘုရားငယ် ကိုယ်ပွား၏ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် မတုန့်ပြန်ခဲ့ပေ။ ယင်းအစား၊ သူသည် ရှောင်တိမ်းရန်အတွက် ပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်ရှိနေပြီ ဖြစ်သော ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုခဲ့သည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်သည် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏လက်ရှိအင်အားဖြင့်၊ သူသည် သန်းပေါင်းများစွာသော လူရိပ်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားနိုင်သည်။ သူ၏ အစစ်အမှန် ခန္ဓာကိုယ်က မည်သူလဲဆိုသည်ကို ပြောဆိုရန်မှာ အမှန်တကယ် မဖြစ်နိုင်ပါ ဘူး။

သို့သော်လည်း ဤအဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားသည်လည်း သက်သတ်လွတ်သမား မဟုတ်ပေ။ နောက်ဆုံးတွင်၊ သူသည် ဘိုးဘေးနတ်ဘုရား တစ်ပါး၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားခဲ့သည်။ ဘိုးဘေးနတ်ဘုရားတစ်ပါး၏ မျက်စိအမြင်သည် သာမန်လူများနှင့် နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပါ။ ထို့ကြောင့် ချင်ယွင်သည် လူရိပ်ပေါင်းဆယ်သန်းအဖြစ် ပြောင်းလဲခဲ့သော်လည်း အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားက ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ် တစ်ချက်ကြည့်ရုံ ဖြင့် မှတ်မိနေသေးသည်။

"သေးငယ်တဲ့ လှည့်ကွက်လေးတွေပဲ၊ တကယ်လို့ မင်းမှာ ဒီလောက်ပဲ အစွမ်းရှိတယ်ဆိုရင် ဒီနေ့ မင်း ဒီနေရာမှာ သေသွားမှာ ငါစိုးရိမ်မိတယ်" အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရား ငယ်ကိုယ်ပွားက ချင်ယွင်၏ များပြားလှသော ပုံရိပ်များထဲမှ ပုံရိပ်တစ်ခု၏ဘေးတွင် ပေါ်လာစဉ် ရယ်မောရင်း ပြောလိုက်သည်။

မှန်ပါသည်၊ အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွား ထွက်ပေါ်လာသည့် နေရာသည် ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်ရှိသည့်နေရာ အတိအကျပင်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အမြင်အာရုံလဲ။" ချင်ယွင်သည် အံ့သြသွား ခဲ့သည်။ သူ၏ခန္ဓာကိုယ်ရှိ နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားသည် ပြင်းထန်စွာ လောင်ကျွမ်းသွားပြီး၊ တုန့်ဆုတ်မနေဘဲ အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားကို အပြင်းအထန် တိုက်ခိုက်လိုက်ပါသည်။

"အားနည်းလွန်းတယ်!" အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားသည် ခေါင်းကို အကြိမ်ကြိမ် ခါယမ်းကာ ချင်ယွင်၏လက်သီးကို စိတ်ကူးယဉ်ဆန်ဆန် မည်သည့် အမူအရာမှ မရှိဘဲ တိုက်ရိုက် ထိုးလိုက်ပါသည်။

"ဘုန်း…"

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ချင်ယွင်၏လက်မောင်းတစ်ဘက်လုံးသည် ပေါက်ကွဲထွက်ပြီး ကောင်းကင်ယံမှာ ပြည့်လျှံ နေသော သွေးမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်ကိုလည်း ပြင်းထန်သော ရိုက်ခတ်မူကြောင့် လွင့်ပျံသွားခဲ့သည်။

ချင်ယွင်၏ ခန္ဓာကိုယ်အား နဂါးတစ်ဝက်အသွင်မှ လူသားအသွင်သို့ တိုက်ရိုက် ပြန်ပို့ခဲ့ သည်။

All Chapters