← Chapters

အခန်း ၁၅၃၀

Vol. 102 Ch. 1530

အခန်း ၁၅၃၀

Vol. 102 Ch. 1530

အခန်း (၁၅၃၀) လက်သီးတစ်ချက်ဖြင့် မင်းကို အနိုင်ယူပြမယ်။

“ဖူး…"

ချင်ယွင်သည် ပါးစပ်မှ သွေးများအန်ထုတ်ပြီး ချောင်းဆိုးလိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြီးမားသော ကျောက်တုံးကြီးတစ်ခုကဲ့သို့ အဝေးသို့ ပြင်းထန်စွာ ရိုက်ခတ် သွားကာ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းထားမီ အကြိမ်ပေါင်းများစွာ တုန်ခါသွားခဲ့သည်။

လက်သီးတစ်ချက်က သူ့လက်မောင်းတစ်ဖက်ကို အစိတ်စိတ်မွှာမွှာ ကျိုးပဲ့သွားစေခဲ့ပြီး၊ သူ့ခန္ဓာကိုယ်ကို ဒဏ်ရာ ပြင်းထန်စွာ ရရှိစေခဲ့သည်။

အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွား၏ တန်ခိုးသည် ချင်ယွင်၏ ခံနိုင်ရည်ကို ကျော်လွန်နေပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် သူဆန့်ကျင်တိုက်ခိုက်နိုင်သည့် အရာ မဟုတ်ခဲ့ပေ။

ချင်ယွင်၏ လက်ရှိအင်အားဖြင့် သူသည် ညှဉ်းပန်းနှိပ်စက်ခံပြီး သတ်ဖြတ်ခြင်း ခံသွားရနိုင် သည်။

“အဟွတ်…… ဘယ်လောက် အစွမ်းထက်တဲ့ စွမ်းအားလဲ”

ချင်ယွင်၏ပါးစပ်မှ ချောင်းဆိုးပြီး သွေးများတဖန် စီးကျလာပြန်သည်။ သူ့မျက်လုံး တစ်စုံ သည် အဝေးမှ အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားကို စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။ သူ့စိတ်နှလုံးထဲတွင် တုန်လှုပ်ချောက်ချားမှုက အလွန်မင်း ပြင်းထန် လှသည်။

သူ့ရှေ့မှ လူငယ်သည် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူဖြစ်သော်လည်း၊ သူ၏ ကျင့်ကြံမှုအခြေခံသည် အစောပိုင်း ကောင်းကင်နတ်ဘုရားအဆင့်တွင်သာ ရှိသေးသည်။ ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်ရေး ခွန်အားကို ပြသနိုင်ရခြင်း၏ အကြောင်းရင်းမှာ ဘိုးဘေးနတ်ဘုရားတစ်ပါး နတ်ဘုရားစွမ်းရည်နှင့် တန်ခိုးတော်တို့ကို အတိအကျ အသုံးပြုခြင်းတို့ကို သိရှိထားသောကြောင့် ဖြစ်သည်။

အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားသည် လက်သီးတစ်ချက်ကို ပေါ့ပေါ့ ပါးပါး ထိုးလိုက်သော်လည်း၊ သူ၏ လက်သီးချက်သည် အစွမ်းထက်သော လျှို့ဝှက် ဆန်းကြယ်မှုများဖြင့် လွှမ်းခြုံထားသည်။ တစ်နည်းဆိုရသော်၊ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးသည် ၎င်း၏ ငယ်ရွယ်စဉ်က မူလအခြေအနေသို့ ပြန်လည် ရောက်ရှိ နိုင်နေသည့်တိုင် သူ၏ နတ်ဘုရားစွမ်းရည်များကို ကျွမ်းကျင်နေပြီးဖြစ်ကာ၊ ၎င်း၏ ကန့်သတ်မှုတိုင်းကို ခွန်အားအနည်းငယ်မျှဖြင့် အသုံးချနိုင်စွမ်း ရှိနေသည်။

ထို့ကြောင့် ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် ဘိုးဘေးနတ်ဘုရား နယ်ပယ် ကျင့်ကြံမှုအခြေခံကို မပိုင်ဆိုင်ခဲ့လျှင်ပင်၊ ၎င်းတို့ထုတ်ဖော်ပြသနိုင်သည့် တိုက်ပွဲဝင် စွမ်းအားသည် အဆင့်တူ ကျွမ်းကျင်ပညာရှင်များထက် များစွာ ပိုမိုအားကောင်း နေပါသည်။

"ကောင်စုတ်လေး၊ မင်းရဲ့ခွန်အားက တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် မင်းက နည်းနည်းတော့ အားနည်းနေသေးတယ်။ ငါနားလည်ထားတဲ့ မိုးကြိုးအနှစ်သာရကို လက်သီးပညာရပ်အဖြစ် ပြောင်းလဲအသုံးပြုရုံနဲ့တောင် မင်းကို ဒီလောက် သနားစရာ ကောင်းတဲ့ အခြေအနေအထိ ငါ အနိုင်ယူနိုင်နေပြီ။ တကယ်လို့, ငါ့ဓားသိုင်းပညာကိုသာ တကယ်သုံးခဲ့မယ်ဆိုရင် မင်း အခုချိန်ဆို အလောင်းဖြစ်နေမှာတောင် ငါ ကြောက်မိတယ်။" အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားက မောက်မာစွာ ပြောသည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် သူ့မျက်လုံးတွေကို လှည့်ပတ်ကစားလိုက်သည်။

အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားသည် သူ၏ စစ်မှန်သော အဓိပ္ပာယ်ကို အသုံးပြုထားပြီး ဖြစ်သည်။ သူသည် ထိုစကားတွေကို အမှန်တကယ် ပြောပြဖို့ပင် စိတ်အား ထက်သန်နေခဲ့သည်။ သူ၏လက်ရှိကျင့်ကြံမှု အခြေခံသည် ကြယ်စင်နတ်ဘုရား အဆင့်မှာ သာ ရှိနေသည်ကို သိထားရမည်။ ဤဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားသည် အနည်းဆုံး ကောင်းကင်နတ်ဘုရားအဆင့်တွင် ဖြစ်သည်။ ယခု သူသည် သူ၏ အစစ်အမှန် အဓိပ္ပာယ်ကို အသုံးချနေသည်။ သူ သူ့ကို အနိုင်ယူနိုင်မှသာ ထူးဆန်းနေပေလိမ့်မည်။

"စီနီယာ, စီနီယာက ကျွန်တော့်ကို အနိုင်ကျင့်နေတာလား။" ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ပြောသည်။

ချင်ယွင်၏ စကားကိုကြားတော့ အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားက စိတ်မဆိုးသည့်အပြင် ရယ်မောနေခဲ့သည်။

"ကောင်စုတ်လေး၊ ကောင်းကင်ဘုံတန်ခိုးအစွမ်းကို လှုံ့ဆော်ပြီး ငါတို့ကိုဆင့်ခေါ်ဖို့ ဒီလောက်ကြောက်စရာကောင်းတဲ့ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို ဆင့်ခေါ်ခဲ့တာ ဘယ်သူလဲ။ ပြောစမ်းပါဦး” ယုတ္တိကျကျပြောရရင်, ငါတို့လေးယောက်က တစ်ချိန်တည်း မှာ အတူပူးပေါင်းပြီး မင်းကို တိုက်ခိုက်သင့်တယ်။ ဒါပေမယ့် အခုတော့, မင်းက ငါတစ်ယောက်တည်းကိုတောင် အနိုင်မယူနိုင်ဘူး။ ငါတို့လေးယောက်ပေါင်းကို မင်း ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ”။ အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားက ပြုံးပြီး ပြောသည်။

ချင်ယွင်သည် ဤစကားကိုကြားသောအခါ၊ သူ့ပါးစပ်ထောင့်သည် ခါးသီးသွားသော်လည်း ပြန်ပေါက်နေပြီဖြစ်သော သူ့ညာဖက်လက်ကို ကြည့်လိုက်ရင်း သူ့မျက်လုံးတွေက အသက်မပါသလို ဖြစ်နေသည်။

ယခင်က သူ့ညာလက်ကို အကြေးခွံများဖြင့် ဖုံးအုပ်ထားသောကြောင့် ထူးထူးခြားခြား ဘာမှမတွေ့ရပေ။ သို့သော် ယခု သူသည် သူ၏ လူသားပုံစံကို ပြန်လည် ရရှိလာသော ကြောင့် ၎င်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီ ဖြစ်သည်။

ချင်ယွင်၏ညာဖက်လက်ဖဝါးမှ စတင်ခြင်းမျက်လုံးသည် ပွင့်နေပြီဖြစ်ပြီး ၎င်းအတွင်းမှ တုနှိုင်းမယှဉ်နိုင်အောင် အားကောင်းသော နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအင်အတက်အကျ လှိုင်းတစ်ခုက စီးဆင်းနေခဲ့သည်။

မှန်ပါသည်၊ ဤသည်မှာ ယခင်ကတည်းက ချင်ယွင် ကြံစည်ထားခဲ့သည့် သတ်ဖြတ်ခြင်း လှုပ်ရှားမူ ဖြစ်သည်။ အစွမ်းထက်သော ခွန်အားကို အားကိုးခြင်းဖြင့် ဤအဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားကို အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။ တစ်ခုတည်းသော နည်းလမ်းမှာ သူ၏အားနည်းချက်ကို ပစ်မှတ်ထားရန် ဖြစ်သည်။

နတ်ဘုရားစိတ်ဝိညာဉ်သည် ဤအဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွား၏ အားနည်းချက် ဖြစ်သည်။

ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့သည် စစ်မှန်သော စိတ်ဝိညာဉ်များ မဟုတ်ကြ ဘဲ နတ်ဘုရားစိတ်ဝိညာဉ်၏ ပုံဖော်ပေးမူများကြောင့် ဖြစ်ပေါ်ရလာခြင်း ဖြစ်သောကြောင့် ပင်။ သူတို့၏နတ်ဘုရားစိတ်ဝိညာဉ်ပုံဖော်မူများ ပြိုကွဲသွားသည်နှင့် ချင်ယွင်သည် ဤတိုက်ပွဲတွင် အောင်ပွဲရနိုင်မည် ဖြစ်သည်။

အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားအား အဓိပ္ပါယ်မဲ့စွာ ပြောဆိုနေရခြင်း၏ အကြောင်းမှာ သူသည် သူ၏ရုပ်ခန္ဓာကိုယ် ပြန်လည်တည်ဆောက်နေခြင်းကြောင့် ဖြစ်ပြီး၊ သူ၏ စတင်ခြင်းမျက်လုံးအား ခွန်အားစုဆောင်းရန် ခွင့်ပြုပေးလိုသောကြောင့် ဖြစ်ပါ သည်။

ထိုအချိန်တွင် စတင်ခြင်းမျက်လုံး၏ စွမ်းအားများသည် စုဆောင်းပြီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်သည် ချင်ယွင် လက်တုံ့ပြန်ရမည့် အချိန်ဖြစ်သည်။

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းမှာ အပြုံးမပျက် ပေါ်လာသည်။ သူက အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားကို ကြည့်ရန် ခေါင်းမော့ပြီး ယုံကြည်မူရှိစွာ ပြောလိုက် သည် "စီနီယာ, စီနီယာက အရမ်းကိုသန်မာပြီး အစွမ်းထက်တဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ဆုပ်ကိုင်ထားနိုင်ပေမယ့် နောက်ဆုံးမှာတော့ စီနီယာက ကျွန်တော့်ကို ရှုံးနေဦးမှာပဲ။ ဘာပဲဖြစ်ဖြစ်, စီနီယာက အခု လက်သီးချက်ကို ခံယူနိုင်စွမ်း ရှိမှာမဟုတ်ဘူး”။

ချင်ယွင်၏ စကားများသည် လွှမ်းမိုးနိုင်စွမ်း ရှိသည်ဟု မပြောနိုင်ပေ။

သို့သော် ဟန်ကျင်းသည် ချင်ယွင်၏ စကားကိုကြားသောအခါ လှောင်ပြောင်ရယ်မော လိုက်သည်။ ချင်ယွင်သည် ကြွားဝါနေသည်ဟု သူထင်သည်မှာ ထင်ရှားသည်။

"ဟမ့်၊ မင်းက နွားတစ်ကောင်ကို ကောင်းကင်ဘုံရောက်အောင် မှုတ်ထုတ်လိုက်တာပဲ။ ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို လူတစ်သောင်းမှာ တစ်ယောက် တောင် ဆန့်ကျင်နိုင်တဲ့အရာ မဟုတ်ဘူး။ မင်းက ဘိုးဘေးနတ်ဘုရားကို လက်သီး တစ်ချက်နဲ့ အနိုင်ယူနိုင်တယ်လို့ ပြောနေသေးတယ်။ မင်းရဲ့လျှာ လေဖျန်းသွားမှာ မကြောက်ဘူးလား။" ဟန်ကျင်းက လှောင်ပြောင်ရယ်မောလိုက်သည်။

သို့သော် ချင်ယွင်က ဟန်ကျင်း၏စကားကို ဂရုမစိုက်ပါ။ သူ့ညာဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူသည် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားကို ကြည့်လိုက်ပါသည်။ အစွမ်းထက်သော စတင်ခြင်းမျက်လုံးက သူ့လက်ဖဝါး အတွင်းမှာ ပြင်းထန်သော စွမ်းအားတစ်ခုဖြင့် လှည့်ပတ်နေပြီး ပြင်းထန်သော ထိုးနှက်မှု တစ်ခုအတွက် စောင့်ဆိုင်းနေခဲ့သည်။

"စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ။" အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွား သည် ချင်ယွင်၏စကားကို ကြားသောအခါတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာ သည်။ သူသည် ဒေါသထွက်စိတ်ဆိုးရန် ရည်ရွယ်ချက် အနည်းငယ်မျှပင် မရှိခဲ့ပေ။ သူက ချင်ယွင်၏စကားကို ယုံကြည်သည့်အလား စိတ်ဝင်တစား အမူအရာဖြင့် ချင်ယွင်ကိုတောင် စိုက်ကြည့်လိုက်သေးသည်။

ထိုမြင်ကွင်းကို ဟန်ကျင်း မြင်သောအခါ, သူသည် လေးလေးနက်နက် မျက်မှောင် ကြုတ်လိုက်မိသည်။ ရှင်းရှင်းပြောရလျှင်, အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားသည် ချင်ယွင်၏ မောက်မာသောစကားတွေကို အဘယ့်ကြောင့် ယုံကြည်ခဲ့လဲ ဆိုတာ သူ နားမလည်နိုင်ပါဘူး။

ကောင်းကင်ယံမှာ လွင့်မျောနေသည့် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွား သုံးယောက်လည်း ချင်ယွင်ကို စိတ်ဝင်တစားနှင့် ကြည့်နေခဲ့ကြသည်။

သူတို့သုံးယောက်သည် စိတ်ထဲမှာ သံသယကိုယ်စီ ရှိနေကြသည်။ သူတို့သည် ချင်ယွင်၏ စကားကို ယုံကြည်သည်လည်း မဟုတ်သလို လုံးဝ မယုံကြည်ခြင်းမျိုးလည်း မဟုတ်ပေ။

နောက်ဆုံးတွင်, ချင်ယွင်နှင့် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားတို့ကြားမှာ ခြားနားချက်တစ်ခု ရှိနေပါသည်။ အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားကို လက်သီးတစ်ချက်ဖြင့် သတ်ပစ်နေချင်သည်မှာ ကျိုးကြောင်းဆီလျော်မှု မရှိပေ။

သို့ရာတွင်၊ သူတို့သည် ဘိုးဘေးနတ်ဘုရားများဖြစ်ကြပြီး သူတို့၏မျက်လုံးအမြင်များသည် အလွန်တိကျပါသည်။ ချင်ယွင်သည် ကြွားဝါတတ်သည့် လူစားမျိုး မဟုတ်ကြောင်း သူတို့ သိသည်။ ချင်ယွင်က သူပြောခဲ့သည့်အတိုင်း အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားကို လက်သီးတစ်ချက်ဖြင့် သတ်ပစ်နိုင်မလားဆိုသည်ကို သူတို့ တကယ်ပဲ မြင်ချင်နေကြသည်။

"ကောင်စုတ်လေး၊ လုပ်ရှားလိုက်တော့။ မင်း ငါ့ကို လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူသွားတာကို ကြည့်ကြည့်ရအောင်။ မင်း တကယ်လုပ်နိုင်ခဲ့ရင် ငါ အောင်းဝူချန်က လုံးဝ မကျေမနပ်ဖြစ်စရာ မရှိပါဘူး။" အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွား က ပြုံးပြပြီး သူ့လေသံမှာ ကြီးစိုးမောက်မာမှုအရိပ်မြွက် သယ်ဆောင်လာသည်ဟု ဆိုနိုင် သည်။

ချင်ယွင်သည် ဤမြင်ကွင်းကိုမြင်သောအခါတွင် သူ၏မျက်လုံးများက ခပ်ဖျော့ဖျော အပြုံးတစ်ခုကို ပေါ်လွင်စေသည်။

"ဒါဆိုလည်း ဒီဂျူနီယာက လှုပ်ရှားတော့မယ်နော်။"

ချင်ယွင်က တိုးညှင်းစွာ ဟစ်အော်လိုက်ပြီး၊ ထို့နောက်တွင် သူသည် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားဆီသို့ လျင်မြန်စွာ ပျံသန်းသွားစဉ် သူ၏ရုပ်အသွင်သည် မရေမတွက်နိုင်သော ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ယခုအချိန်တွင် သူသည် လုံးလုံးလျားလျား လူသားအသွင်ဖြစ်နေပြီ။ သူ့ခန္ဓာကိုယ်ရှိ နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားသည် အရူးအမူး တောက်လောင်နေသည်။ အစွမ်းထက် သော နတ်ဘုရားတန်ခိုးစွမ်းအားသည်လည်း သူ၏လက်ထဲသို့ သွန်းလောင်းထားကာ သူ့လက်သီးတွင် စုစည်းလိုက်ပြီး၊ အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားဆီသို့ ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။

သူ့အရှိန်ဟုန်က ကောင်းကင်ယံမှာ လျှပ်စီးလက်သလို မြန်ဆန်သည်။ သူ့စွမ်းအားက လှိုင်းလုံးကြီးကဲ့သို့ ပြင်းထန်ပြီး နတ်ဆိုးနတ်ဘုရားတွေကို ဟစ်ကြွေးစေသည်။

သို့သော်၊ အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားသည် ထိုမြင်ကွင်းကို မြင်သော အခါ စိတ်ပျက်လက်ပျက် အမူရာဖြင့် ခေါင်းယမ်းကာ သူ့မျက်လုံးများက အေးစက်သွားခဲ့ သည်။

"အားနည်းလွန်းတယ်။ မင်းက ငါ့ကို ဒီလို လက်သီးချက်မျိုးနဲ့ သတ်ချင်နေတာလား။ မင်း ငါ့ကို လျှော့တွက်လွန်းတယ်။" အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားသည် ဒေါသတကြီး ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူသည် ချင်ယွင်၏ လက်ချက်နှင့် တိုက်ရိုက် တွေ့ဆုံလိုက်သည်။

အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွား၏ လက်သီးချက်သည် သာမာန်ပုံစံ ပေါက်သော်လည်း ၎င်းအတွင်းပါရှိသော စွမ်းအားသည် ကြယ်တစ်စင်းပေါက်ကွဲမှုကဲ့သို့ ကြောက်စရာကောင်းလှသည်။

"ဘုန်း.!"

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံနှင့်အတူ မြေကြီးသည် ပေါက်ကွဲသွားကာ၊ လေဟာနယ်သည် ပြိုကျသွားခဲ့သည်။

ချင်ယွင်၏လက်သီးတွင်ရှိသော နတ်ဘုရားတန်ခိုးစွမ်းအားသည် အတားအဆီးမရှိဘဲ ပေါက်ကွဲသွားသည်။ သူ့ခန္ဓာကိုယ် တစ်ဝက်လောက်က သွေးစွန်းနေသည့် အမှုန်အမွှား တွေအဖြစ် ပြောင်းသွားခဲ့ပြီး အဝေးကို လွင့်ပျံသွားခဲ့သည်။

ကောင်းကင်ပေါ်ရှိ ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားသုံးခုသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းကြသည်။

ဟန်ကျင်းသည် ဤမြင်ကွင်းကို အဝေးမှ မြင်သောအခါတွင် သူက မထီမဲ့မြင်ပြုဟန် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

"မင်းက ဝါကြွားနေတာလို့ ငါ ပြောခဲ့သားပဲ။ မင်းက ကိုယ့်ပမာဏကိုယ် မသိဘူးပဲ။ ဟန်ကျင်းသည် ယဉ်ကျေးနေခြင်းမရှိ လှောင်ပြောင်ရယ်မောလိုက်သော်လည်း သူပြောပြီး သည်နှင့် သူ့အပြုံးက ချက်ချင်း အေးခဲသွားပါသည်။

ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ထိုအခိုက်တန့်တွင် အဖြူရောင်ဝတ် ဘိုးဘေး နတ်ဘုရားငယ်ကိုယ်ပွားသည် ပြိုဆင်းသွားသည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်ပ ါသည်။ ၎င်းသည် ပြင်းထန်သော စွမ်းအင်ကြောင့် လုံးဝ ပေါက်ကွဲသွားကာ၊ အားကောင်း သော စွမ်းအင်မုန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟန်ကျင်း၏ မျက်လုံးများသည် မယုံနိုင်စွာ ပြူးကျယ်သွားခဲ့သည်။

စာစဉ် (၁၀၂) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters