အခန်း ၁၅၃၁
Vol. 103 Ch. 1531
အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၀၃)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၅၃၁) အုပ်စိုးရှင်လှံ ချန်ဟန်း
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကောင်းကင်ပေါ်ရှိ ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွား သုံးယောက်သည် အံ့အားသင့်ဟန် အမူအရာများကို ကိုယ်စီထုတ်ဖော်လာကြသည်။
ရှင်းနေသည်မှာ၊ သူတို့သည် ထိုကဲ့သို့သော ရလာဒ်မျိုးကို မမျှော်လင့်ခဲ့ပေ။ ချင်ယွင်သည် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်၏ကိုယ်ပွားကို မည်သို့ အနိုင်ယူသွားခဲ့သည်ကို သူတို့ နားမလည်ခဲ့ကြပေ။
အဝေးတွင်၊ ပျမ်းမျှအနေဖြင့် ချင်ယွင် တစ်ယောက်သာ ထိုမြင်ကွင်းကို ကြည့်နေရင်း သနားစဖွယ် အပြုံးဖြင့် ကျန်ရစ်ခဲ့သည်။
မူလက သူသည် အနည်းငယ် စိတ်မချရသေးသော်လည်း အဖြူရောင်ဝတ် ဘိုးဘေး နတ်ဘုရားငယ်၏ကိုယ်ပွားသည် လုံးလုံးပြိုကျသွားသည်ကို မြင်လိုက်ရမှသာ သူ့နှလုံးသား သည် ချက်ချင်းပင် ပို၍ သက်သောင့်သက်သာ ဖြစ်လာခဲ့သည်။
ဘိုးဘေးနတ်ဘုရား ကျွမ်းကျင်သူတစ်ဦးကို သတ်နိုင်ခြင်း, ၎င်းသည် သူတို့ ငယ်ရွယ်စဉ်က ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သော်လည်း, ၎င်းသည် တုနှိုင်းမရသော ဂုဏ်အသရေ တစ်ခု လည်း ဖြစ်ပေသည်။ အခြားမည်သူမျှ ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်ပေ။
ဟုတ်ပါသည်၊ ချင်ယွင်ပေးဆပ်ခဲ့ရသည့် တန်ဖိုးကလည်း မနည်းပါဘူး။ သူ့တစ်ကိုယ်လုံး ဖျက်ဆီးခံရခြင်းနှင့် အတူတူလောက်ပင်။ ယခုအချိန်မှာ ပြင်းထန်သည့် ဝေဒနာတွေက သူ့ကို နာကျင်စေသည်။
ခပ်လှမ်းလှမ်းတွင် ဟန်ကျင်းသည် လုံးဝ မှင်သက်နေခဲ့သည်။ ချင်ယွင်သည် အဖြူရောင် ဝတ် ဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွားကို အမှန်တကယ် သတ်ပစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤသည်မှာ ဘိုးဘေးနတ်ဘုရားတစ်ပါး၏ ငယ်ရွယ်စဉ်က ကိုယ်ပွားတစ်ခု ဖြစ်သည်။ ၎င်းသည် ဘေးနတ်ဘုရားကျွမ်းကျင်ပညာရှင်တစ်ဦး အင်အား၏ တစ်ထောင်အောက်သာ ရှိသော်လည်း၊ ၎င်းသည် သူကဲ့သို့ အလယ်အလတ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဉီး ဆန့်ကျင်နိုင်သည့် အရာမဟုတ်ပါ။ ချင်ယွင်သည် မည်မျှ ဆိုးဆိုး ရွားရွား အရိုက်နှက်ခံနေရသည်ကို သူ မြင်တွေ့ခဲ့ရသော်လည်း နောက်ဆုံးတွင် ဤအဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်၏ကိုယ်ပွားသည် ချင်ယွင်၏ သတ်ဖြတ်ခြင်း ခံခဲ့ရဆဲ ဖြစ်သည်။
"သူ ဘယ်လို လုပ်လိုက်တာလဲ?" ဟန်ကျင်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ကောင်းကင်ယံရှိ ဘိုးဘေးဘုရားငယ်များ၏ ကိုယ်ပွား ၃ ခုသည်လည်း မျက်မှောင် ကြုတ်သွားကြသည်။ သူတို့လည်း ဤမေးခွန်းကို တွေးနေခဲ့သည်မှာ ထင်ရှားပါသည်။
"အဲဒါကြောင့်ပဲ!"
သို့သော်၊ ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားသုံးယောက်သည် မကြာမီ ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားကြသည်။ သူတို့မျက်နှာပေါ်တွင် နားလည်သွားသည့် အမူအရာကိုယ်စီ ပေါ်လာကြပြီး ချင်ယွင်ကိုကြည့်နေသည့် သူတို့၏အကြည့်များက ပို၍ပင် စိတ်ဝင်စားလာ ခဲ့ကြသည်။
ချင်ယွင်သည် ဘိုးဘေးနတ်ဘုရားငယ်များ၏ ကိုယ်ပွားသုံးယောက်၏ အကြည့်များကို ခံစားမိပြီး၊ သူ့ပါးစပ်ထောင့်မှ ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
စတင်ခြင်းမျက်လုံး၏တန်ခိုးကို အချိန်အကြာကြီး ဖုံးကွယ်ထားနိုင်မည် မဟုတ်ကြောင်း သူ သိထားပြီး ဖြစ်သည်။ ကြီးမြတ်သော ဘိုးဘေးနတ်ဘုရားသုံးပါး၏ အမြင်ဖြင့်ဆိုပါက, သူတို့သည် ဤအရာအားလုံးကို မကြာမီ မြင်တွေ့နိုင်မည် ဖြစ်သည်။
ထို့ကြောင့်၊ နောက်ပိုင်းတိုက်ပွဲများတွင်၊ သူသည် ဘိုးဘေးနတ်ဘုရားငယ်များ၏ ကိုယ်ပွား များနှင့် ရင်ဆိုင်ရာတွင် အလွန်ခက်ခဲလာမည်မှာ သေချာပါသည်။
"ဟား...၊ ဟား...၊ စိတ်ဝင်စားစရာပဲ၊ ဒါဆို နောက်တစ်ယောက် ငါ လုပ်ပါရစေ။"
ချင်ယွင်၏နှလုံးသားသည် လေးလံနေချိန်မှာ ကောင်းကင်ယံမှ ကြည်နူးနေဟန် အသံတစ်ခု ထွက်ပေါ်လာသည်။
ဘိုးဘေးနတ်ဘုရားငယ်များ၏ ကိုယ်ပွားသုံးပါးထဲက တစ်ယောက်သည် ရှေ့ခြေတစ်လှမ်း တိုးပြီး ချင်ယွင်နှင့် သိပ်မဝေးသည့် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
ချင်ယွင်သည် အနက်ရောင်ဝတ်ရုံဝတ် လူငယ်ကို ကြည့်လိုက်ရင်း သူ့မျက်လုံးများသည် အနည်းငယ် ရွေ့လျားသွားကာ သူ့စိတ်ကလည်း လေးနက်လာခဲ့သည်။
အနက်ရောင်ဝတ်ရုံဝတ် လူငယ်၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်အတက်အကျလှိုင်းများသည် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်၏ကိုယ်ပွားနှင့် အတူတူပင် ဖြစ်သော်လည်း၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွားထက်ပင် ပို၍လေးနက်ကာ လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။
အနက်ရောင်ဝတ်ရုံဝတ် လူငယ်၏ ခွန်အားသည် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ၏ ကိုယ်ပွားထက် မနိမ့်ကြောင်း ချင်ယွင်က သေချာပေါက် သိသည်။
"နောက်ထပ် ခက်ခဲတဲ့ ပြိုင်ဘက်တစ်ယောက်။ ငါ ဒီလေးယောက်ကို တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူရမှာလား" ချင်ယွင်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
သို့သော်လည်း လူသုံးယောက်အုပ်က ဝိုင်းဝန်းရိုက်နှက်ခြင်းထက်စာရင် လူတစ်ဦးစီ ရိုက်နှက်ခံရခြင်းက ပိုကောင်းပါသည်။ ထို့ကြောင့် သူ့စိတ်နှလုံးသည် ချက်ချင်းပင် ပို၍ မျှတသလို ခံစားလာရသည်။
မှန်ပါသည်။ ချင်ယွင်သည် ဘိုးဘေးနတ်ဘုရားငယ်များ၏ ကိုယ်ပွားလေးခုနှင့် ပြိုင်ဘက် မဖြစ်နိုင်ပေ။ အကယ်၍, ဘိုးဘေးနတ်ဘုရားငယ်များ၏ ကိုယ်ပွားလေးယောက်က သူ့ကို တစ်ယောက် ပြီးတစ်ယောက် တိုက်ခိုက်ခဲ့မည်ဆိုရင် အနည်းဆုံးတော့ သူ အသက်ရှူဖို့ အခွင့်အရေး ရှိလာလိမ့်မည်။ အကယ်၍, သူတို့လေးယောက်သာ တစ်ချိန်တည်း တိုက်ခိုက်ခဲ့မည်ဆိုရင် သူ့ခန္ဓာကိုယ်ကို ပြန်လည်ကုစားဖို့ နေရာတောင် ရှိမှာမဟုတ်တော့ ပါဘူး။
"ကောင်စုတ်လေး၊ မင်းက မဆိုးဘူးကွ။ မင်းက မောက်မာခြင်းနှင့် မတည်မြဲခြင်းရဲ့ ကိုယ်ပွားကိုတောင် အနိုင်ယူနိုင်ခဲ့တယ်။ မင်းတို့ခေတ် လူတွေကြားထဲမှာ မင်းက သူရဲကောင်းအားလုံးကို နှိမ့်ချနိုင်တဲ့ တည်ရှိမှုတစ်ခုပဲ" အနက်ရောင်ဝတ်ရုံလူငယ်က ချင်ယွင်ကို ချီးကျူးသည်။ (မောက်မာခြင်းနှင့်မတည်မြဲခြင်းဟူသည် အဖြူရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်ကိုယ်ပွားကို ရည်ညွှန်းခြင်း ဖြစ်ပါသည်)။
"စီနီယာ၊ စီနီယာက ကျွန်တော့်ကို မြှောက်ပင့်နေတာပါ။ ဒီဂျူနီယာက မတော်တဆ ကံကောင်းသွားလို့ပါ" ချင်ယွင်က နှိမ့်ချစွာ ပြန်ပြောသည်။
သူမမိုက်မဲပေ, အကယ်၍, ဤအချိန်တွင် သူသည် နှိမ့်ချမှု မပြသပါက၊ နောင်တွင် သူသည် ပို၍ပင် စိတ်ဆင်းရဲဖွယ်ဖြစ်အောင် ရိုက်နှက်ခံရမည် မဟုတ်ပါလော။
မျှော်လင့်ထားသည့်အတိုင်းပင်, အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် ချင်ယွင်က အလွန် နှိမ့်ချနေသည်ကို မြင်သောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက ဆက်ပြောသည် "ငါမှန်းတာမမှားရင်, မင်းက မိစ္ဆာနတ်ဘုရားရဲ့မျက်လုံးကို ရရှိခဲ့သင့်တယ်၊ ဟုတ်တယ် မဟုတ်လား?။ ဒီလိုမှမဟုတ်ရင်, မင်းရဲ့ နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားက မောက်မာခြင်း နှင့် မတည်မြဲခြင်းရဲ့ နတ်ဘုရားစိတ်ဝိညာဉ် အမှတ်အသားကို ဖျက်ဆီးပစ်ဖို့ မလုံလောက်ပါဘူး။"
ထိုစကားကို ကြားတော့ ချင်ယွင်က ခါးသီးဖွယ် အပြုံးကိုသာ ဖော်ပြနိုင်ပါသည်။
အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် ဤအရာကို ထိုးဖောက်မြင်နိုင်မည်ဟု သူ မှန်းဆ ထားပြီးသား ဖြစ်သော်လည်း အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် ဤမျှလောက်ထိ စေ့စေ့စပ်စပ် မြင်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ သူသည် မိစ္ဆာနတ်ဘုရား မျက်လုံးဖြစ်သည့် အကြောင်းကိုပင် သိနေခဲ့၏။
"ဟုတ်ပါတယ်၊ ဒီလူငယ်လေးက ကံအားလျော်စွာ မိစ္ဆာနတ်ဘုရားရဲ့မျက်လုံးကို ရရှိခဲ့ပါ တယ်။ ကျွန်တော်က စောစောက ကံကောင်းပြီး မိစ္ဆာနတ်ဘုရားမျက်လုံးကြောင့် အနိုင်ရခဲ့ တာပါ။ အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် ယင်းကို ထိုးထွင်းမြင်ထားပြီးဖြစ်သော ကြောင့် ချင်ယွင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ ထို့ကြောင့် သူက ရိုးရိုးသားသားဖြင့် အမှန်တိုင်း ပြောပြလိုက်ပါသည်။
ချင်ယွင်၏စကားကို ကြားသောအခါ အနက်ရောင်ဝတ်ရုံဝတ် လူငယ်က ခေါင်းညိတ်လိုက် သည်။ သူသည် သူ၏ယခင်ထင်မြင်ချက်ကို ရှင်းရှင်းလင်းလင်း အတည်ပြုလိုက်သည်။
သို့သော် ဟန်ကျင်း၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားခဲ့သည်။
"မိစ္ဆာနတ်ဘုရားမျက်လုံး၊ ရှေးဟောင်းမိစ္ဆာနတ်ဘုရားရဲ့ မျက်လုံးလား? ဒါဆို ဒါကြောင့်ပေါ့” ဟန်ကျင်းသည် သူ့ကိုယ်သူ ရေရွတ်လိုက်ရင်း, သူ့အကြည့်တွေက ချင်ယွင် ကို ငေးကြည့်နေရင်း လွန်စွာမှ မနာလို ဖြစ်လာသည်။
မိစ္ဆာနတ်ဘုရားမျက်လုံးသည် ရှေးဟောင်း မိစ္ဆာနတ်ဘုရားပိုင်ဆိုင်သော ပစ္စည်းတစ်ခု ဖြစ်သည်။ နတ်ဘုရားကမ္ဘာရှိ လူအများစုသည် ရှေးဟောင်း မိစ္ဆာနတ်ဘုရား၏ ဒဏ္ဍာရီများ အကြောင်းကို သိထားကြသည်။ ထို့ကြောင့်၊ ချင်ယွင်သည် ရှေးဟောင်း မိစ္ဆာနတ်ဘုရား မျက်လုံးကို ပိုင်ဆိုင်ကြောင်း ဟန်ကျင်း ကြားသောအခါတွင် သူ၏ပထမဆုံး တုံ့ပြန်မှုသည် ၎င်းကို သိမ်းယူရန် ဖြစ်သည်။
ချင်ယွင်၏ ပါးစပ်ထောင့်က အပြုံးမပျက် ပေါ်လာသည်။ သူက ဟန်ကျင်း၏ မနာလိုသော အကြည့်များကို မမြင်ဟန်ဆောင်လိုက်ပြီး၊ အနက်ရောင်ဝတ်ရုံဝတ် လူငယ်ကို ဆက်လက် ကြည့်ကာ "စီနီယာ၊ စီနီယာကရော ဒီရှေးဟောင်း မိစ္ဆာနတ်ဘုရားကို မှတ်မိနေတာလား" ဟု မေးလိုက်ပါသည်။
အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် ချင်ယွင်၏မေးခွန်းကို ကြားလျှင်, သူက ချက်ချင်း ဆိုသလို ရယ်မောပြီး ပြောသည် "ဟား...၊ ဟား...၊ ချာတိတ်လေး မင်းက တကယ်ကို ထက်မြက်ပါတယ်။ မှန်တယ်၊ မင်းပြောခဲ့တဲ့ ရှေးဟောင်း မိစ္ဆာနတ်ဘုရားကို ငါ သိထား တယ်။ ပြီးတော့, ငါ သူ့အကြောင်းကို ကောင်းကောင်းကြီးသိတယ်။ တနည်းပြောရရင်, ငါက သူ့ရဲ့ကျိန်ဆိုရလောက်တဲ့ ရန်သူတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်။"
"ကျိန်ဆိုရလောက်တဲ့ရန်သူလား?" ချင်ယွင် ချက်ခြင်း ထိတ်လန့်သွားသည်။
ခပ်လှမ်းလှမ်းတွင် ဟန်ကျင်းသည် အနက်ရောင်ဝတ်ရုံဝတ် လူငယ်ကို အံ့သြသည့် အမူအရာဖြင့် လှမ်းကြည့်ရင်း အံ့အားသင့်သွားသည်။
ရှေးဟောင်း မိစ္ဆာနတ်ဘုရားသည် မည်သို့သော တည်ရှိမှုမျိုး ဖြစ်သနည်း။ နတ်ဘုရားကမ္ဘာ ရှိ လူအများစုတွင် တစ်ယောက် သို့မဟုတ် နှစ်ယောက်သာ စကားပြောဆိုနိုင်ကြသည်။ ထိုကဲ့သို့လူမျိုးနှင့် ကျမ်းသစ္စာကျိန်ဆိုရလောက်သည့် ရန်သူဖြစ်ဖို့ဆိုသည်မှာ မလွယ်ပါ ဘူး။
"စီနီယာရဲ့ နာမည်မေးလို့ ရမလား" ချင်ယွင်က မေးကြည့်ရန် ကြိုးစားလိုက်သည်။
အနက်ရောင်ဝတ်ရုံဝတ် လူငယ်က ချင်ယွင်၏မေးခွန်းကို ကြားတော့ သူက နောက်တကြိမ် ရယ်မောပြီး "မင်း ငါ့နာမည် အရင်းကို သိချင်မှသိလိမ့်မယ်။ ဒါပေမယ့်, ငါ မင်းကို ပြောပြပါ့ မယ်။ ငါ့နာမည်က ချန်ဟန်းတဲ့။ မင်း ဒီနာမည်ကို ကြားဖူးချင်မှ ကြားဖူးလိမ့်မယ်" ပြန်ဖြေလိုက်ပါသည်။
"ချန်ဟန်းလား?" ချင်ယွင်သည် အေးစက်စက် လေကို ရှုရှိုက်ရင်း သူ့မျက်လုံးများကို ပြူးကျယ်စွာဖွင့်ကာ စိုက်ကြည့်နေရုံမ တပါး မတတ်နိုင်ခဲ့ပေ။
ခပ်လှမ်းလှမ်းတွင် ဟန်ကျင်းသည် တံတွေးတစ်လုပ်ကို မျိုချလိုက်ပြီး တစ်ကိုယ်လုံး အေးခဲသွားလေသည်။ ထိုအချိန်မှာ သူ့ခြေထောက်တွေက မသိစိတ်ကြောင့် တုန်နေသလို ခံစားရသည်။
ချင်ယွင်သည် ရွှမ်ဟန်၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသောကြောင့် သူသည် နတ်ဘုရားကမ္ဘာ၏သမိုင်းကြောင်းကို သေချာစွာ နားလည်လာခဲ့သည်။
နတ်ဘုရားကမ္ဘာ၏သမိုင်းတွင်၊ ထင်ရှားကျော်ကြားသော ဘိုးဘေးနတ်ဘုရား အနည်းငယ် ရှိခဲ့ပြီး၊ ချန်ဟန်းသည် ၎င်းတို့အနက်မှတစ်ပါး ဖြစ်သည်။
သို့မဟုတ်, အုပ်စိုးရှင်လှံ ချန်ဟန်း။
ဘိုးဘေးနတ်ဘုရားများသည် ဘိုးဘေးနတ်ဘုရားများ မဖြစ်လာမီတွင် ၎င်းတို့သည် များသောအားဖြင့် အတော်လေးကို ကြီးကျယ်ခမ်းနားသော သမိုင်းကြောင်းတွေ ရှိခဲ့ကြ သည်။ ၎င်းတို့အထဲတွင် ဤအုပ်စိုးရှင်လှံ ချန်ဟန်းသည် အံ့သြဖွယ်ကောင်းပြီး ကြီးကျယ် ခမ်းနားသည့်ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးသည်။
အုပ်စိုးရှင်လှံ ချန်ဟန်းသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေ စဉ်မှာပင်, သူသည် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ နှစ်ဆယ်ကို သူ့တကိုယ်တည်း တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲသည် တစ္ဆေသရဲများနှင့် နတ်ဘုရားများ၏ အော်ဟစ်သံများကြောင့် မြေကြီးပင် ပြိုကွဲသွားစေသည်ဟု ဆိုကြသည်။
ထို့အပြင်, နောက်ဆုံးရလာဒ်က ပို၍ပင် အံ့သြစရာကောင်းလွန်းသည်။ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကို အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ပွဲအပြီးတွင် အုပ်စိုးရှင်လှံ ချန်ဟန်းသည် ဘိုးဘေးနတ်ဘုရားနယ်ပယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
ဟုတ်ပါသည်, ဒီမတိုင်ခင်ကတည်းက အုပ်စိုးရှင်လှံ ချန်ဟန်းသည် ထိတ်လန့်တုန်လှုပ်စရာ ကောင်းသည့် အောင်မြင်မှုတွေ အများကြီးရှိခဲ့သော်လည်း ထိုတိုက်ပွဲက တုန်လှုပ် ခြောက်ခြားစရာ အကောင်းဆုံး ဖြစ်ခဲ့ပါသည်။
ဤအခိုက်အတန့်တွင်၊ အုပ်စိုးရှင်လှံ ချန်ဟန်းသည် တစ်နေ့နေ့တွင် သူ့ရှေ့တွင် ရပ်နေပြီး သူရင်ဆိုင်ရမည့် ရန်သူတစ်ဦးဖြစ်လာလိမ့်မည်ဟု ချင်ယွင် မမျှော်လင့်ထားပေ။
"ငါ ဘယ်လိုတိုက်ခိုက်မှာလဲ၊ ကောင်းကင်ဘုံက ငါ့ကိုသတ်ဖို့ ကြိုးစားနေတာပဲ" ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် ချင်ယွင်၏အမူအရာကို မြင်လိုက်ရသည်။ သူ့မျက်နှာ ပေါ်ရှိ အပြုံးသည် ပို၍ပြင်းထန်လာသည်။
တစ်ဖက်မှ ဟန်ကျင်းသည် ချင်ယွင် သေဆုံးတော့မည်ဟု ထင်ကာ လှောင်ပြောင် ရယ်မော လိုက်သည်။
သို့သော်လည်း အနက်ရောင်ဝတ်ရုံဝတ် လူငယ်၏ နောက်ထပ်စကားတွေက သူ့ကို ချောက်နက်ကြီးထဲ ထိုးကျသွားသလို ခံစားစေခဲ့သည်။
"အရင်ဆုံး, သူ့ကိုရင်ဆိုဖို့ မင်း ငါ့ကို ကူညီစေချင်လား?။ ပြီးမှ ငါတို့ ကောင်းကောင်း တိုက်ခိုက်ကြမယ်ဆိုရင်ရော" အုပ်စိုးရှင်လှံ ချန်ဟန်းက တိုးတိုးလေး ရယ်လိုက်သည်။ သူ့အသံသည် မိုးမခပင်များကို မှုတ်ထုတ်သော လေပြည်ကဲ့သို့ ငြိမ်သက်နေသော်လည်း ဟန်ကျင်း၏နားထဲသို့ ရောက်သွားသောအခါတွင် ၎င်းသည် မိုးခြိမ်းသံတစ်သိန်းကဲ့သို့ ထင်မှတ်ရသည်။