အခန်း ၁၅၃၂
Vol. 103 Ch. 1532
အခန်း (၁၅၃၂) လှံနတ်ဘုရား
ဟန်ကျင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားကာ သူ့မျက်လုံးများသည် အလွန်မင်း အံ့အားသင့်ဟန် အသွင်အပြင်ကို ထင်ရှားစေသည်။ အနက်ရောင်ဝတ်ရုံဝတ် လူငယ်က ယခုလိုစကားမျိုး အမှန်တကယ် ပြောလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး။
ဟန်ကျင်းသည် ချင်ယွင်ကို ခါးသီးသော အမူအရာဖြင့် ကြည့်ကာ ချင်ယွင်က သဘောမတူစေရန်အတွက် သူ့စိတ်ထဲတွင် ဆုတောင်းနေလေသည်။
သို့သော် ချင်ယွင်၏ ပြန်ကြားချက်ကြောင့် သူ့မျက်နှာက လုံးဝ ပြာနှမ်းသွားခဲ့သည်။
"ကောင်းတယ်!" ချင်ယွင်က ပြတ်ပြတ်သားသား သဘောတူလိုက်သည်။
သူက ဟန်ကျင်းကို နည်းနည်းလေးမှ သနားစိတ် မရှိပါဘူး။
အစကတည်းကနေ အခုချိန်ထိ ဟန်ကျင်းသည် သူ့ကိုသတ်ဖြတ်ရန် ရည်ရွယ်ချက် ဖြစ်စေ, သူ့ကို လှောင်ပြောင်ခြင်း ဖြစ်စေ, မကြာခဏ ထုတ်ဖော်ပြသခဲ့သည်။ အကယ်၍, ချင်ယွင်သည် ယခုအချိန်တွင် သူ့ကိုတိုက်ခိုက်ရန် အခွင့်မသာ ဖြစ်နေခြင်းကြောင့်သာ မဟုတ်ပါက, သူသည် ဟန်ကျင်းကို ဦးစွာ သတ်မိပေလိမ့်မည်။
အခု အုပ်စိုးရှင်လှံ ချန်ဟန်းက ထိုပြောစကားမျိုး ပြောလာသည့်အခါ, ချင်ယွင်သည် အဘယ့်ကြောင့် သူ့ကို တားမြစ်မည်နည်း?။
"ချင်ယွင်၊ မင်း" ဟန်ကျင်းက ချင်ယွင်ကို ဒေါသတကြီး လက်ညှိုးထိုးပြီး ပြောစရာစကား မဲ့သွားခဲ့သည်။
"ဟား...၊ ဟား...၊ ဒါဆို မင်းအတွက် ငါသူ့ကို အရင်သတ်လိုက်မယ်။ ဘာပဲပြောပြော သူက ဒီနေရာမှာ မျက်စိဆူးစရာတစ်ခုလို့ ငါလည်း ခံစားရတယ်" အနက်ရောင်ဝတ်ရုံဝတ် လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဟန်ကျင်းကို စူးစူးရှရှ အကြည့်များဖြင့် လှည့်ကြည့်လိုက်သည်။
ဟန်ကျင်းသည် ရေခဲခန်းထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရပြီး သူ့ခြေထောက်များ သည် အားနည်းသွားသလို ခံစားလိုက်ရသည်။ အမှန်တော့၊ သူ့နှလုံးသားထဲမှာ အကြောက်တရားတွေ ရှိနေသလို အမျက်ဒေါသလည်း ရှိနေခဲ့သည်။
"ဟမ့်!"
အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံးသည် ချက်ချင်း ပျံထွက်သါားကာ အနက်ရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤအနက်ရောင်အရိပ်သည် အနှိုင်းမဲ့ မြန်ဆန်လွန်းသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အုပ်စိုးရှင်လှံ ချန်ဟန်းသည် ဟန်ကျင်း၏ရှေ့ကို ရောက်ရှိလာပြီး သူ့ရင်ဘတ်ထဲကို လက်သီးဖြင့် ထိုးလိုက်သည်။
ဟန်ကျင်း၏ သူငယ်အိမ်များသည် ချက်ချင်းပင် ကျုံ့သွားခဲ့သည်။ ထို့နောက်တွင် ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာက သူ့လက်ထဲတွင် ပေါ်လာပြီး ၎င်းကို အလျားလိုက် ပိတ်ဆို့လိုက်သည်။
ချွင်…။
ကျယ်လောင်ပြတ်သားသော အသံနှင့်အတူ ဟန်ကျင်း၏လက်မှ နတ်ဘုရားဆေဘာသည် အလွန်မင်း တုန်ခါသွားသည့်အသံကို ထုတ်လွှတ်သည်။ ထို့နောက်တွင်၊ ဟန်ကျင်း၏ နတ်ဘုရားဆေဘာသည် ကြောက်မက်ဖွယ် အကွေ့တစ်ခုအထိ ညွတ်ကွေးသွားခဲ့သည်။
ထိပ်တန်းအဆင့်နတ်ဘုရားဆေဘာ၏ မာကြောမူသည် အလွန်ကောင်းမွန်ဆဲ ဖြစ်သည်။ ထို့ကြောင့် အနက်ဝတ်ရုံဝတ် လူငယ်၏ လက်သီးချက်သည် အလွန်ကြောက်စရာကောင်း ပြီး နတ်ဘုရားဆေဘာကို အပိုင်းပိုင်းဖြစ်သွားသည်အထိ ထိုးနှက်လိုက်သော်လည်း နတ်ဘုရားဆေဘာကို မချိုးဖျက်နိုင်ခဲ့ပေ။
"အယ်?" အနက်ဝတ်ရုံဝတ် လူငယ်သည်၏ တိုက်ခိုက်မှုကို သူ တားဆီးထားသည်ကို တွေ့လိုက်ရသောအခါ ဟန်ကျင်း၏မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသော အမူအရာ ပေါ်လာသည်။
"မင်းက အပျော်စောလွန်းနေတယ်" သို့သော်လည်း အနက်ရောင်၀တ်ရုံဝတ် လူငယ်က ရယ်မောလိုက်သည်။ နတ်ဘုရားဆေဘာကို ထိထားသော သူ့လက်သီးသည် ချက်ချင်းပင် လက်ဖဝါးအဖြစ်သို့ ပြောင်းသွားပြီး ဖိနှိပ်လိုက်သည်။
"ဘုန်း”။
ဟန်ကျင်းသည် ဆေဘာမှတဆင့် ထွက်ပေါ်လာသော ကြီးမားသော စွမ်းအားကို ခံစား လိုက်ရသည်။ နတ်ဘုရားဆေဘာကို ကိုင်ဆောင်ထားသော သူ၏လက်သည် ဆုပ်ကိုင်နိုင် စွမ်း မရှိတော့သဖြင့်, သူ့နတ်ဘုရားဆေဘာသည် အနက်ရောင်ဝတ်ရုံဝတ် လူငယ်ကြောင့် လွင့်ထွက်သွားခဲ့သည်။
"ဖူး.."
ဟန်ကျင်း၏ ပါးစပ်မှ သွေးများ ပါးစပ်မှ ဖျန်းခနဲ ထွက်လာပြီး၊ သူသည် နောက်ပြန် ဆုတ်သွားရင်း ပုစွန်တစ်ကောင်ကဲ့သို့ ကွေးညွှတ်နေလေသည်။
ချင်ယွင်သည် အဝေးမှာရပ်နေကာ ဤမြင်ကွင်းကို မြင်လိုက်ရလျှင်, သူ့မျက်လုံးများက အံ့သြသွားသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိသည်။
ယခုပင် အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် သူ၏လက်သီးကို လက်ဖဝါးအဖြစ်သို့ ပြောင်းလဲကာ ထိုလှုပ်ရှားမှုအပေါ် ရုတ်တရက် ဖိနှိလိုက်ခြင်းဖြစ်သည်။ ၎င်းသည် သာမန် ထင်ရသော်လည်း ၎င်း၏ ခွန်အားသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။
ထိုလက်ဖဝါးသည် သူ့အပေါ် ဖိနှိပ်ခြင်းခံရပါကလည်း သူသည် ဟန်ကျင်းထက် ပိုကောင်း မည် မဟုတ်ကြောင်း သေချာပါသည်။
ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ လှုပ်ရှားတိုင်း လျှော့တွက်၍ မရပေ။
ဘန်း…။
ဤအုပ်စိုးရှင်လှံ ချန်ဟန်းသည် မည်မျှ တန်ခိုးကြီးမားကြောင်း ချင်ယွင်သည် သူ့စိတ်နှလုံး ထဲတွင် သက်ပြင်းချနေချိန်တွင် အနက်ရောင်ဝတ်ရုံဝတ် လူငယ်၏ ရုပ်အသွင်သည် တစ်ဖန် ပြေးထွက်သွားပြန်သည်။
အနက်ရောင်ဝတ်ရုံဝတ် လူငယ်၏ အရှိန်ဟုန်သည် မနှိုင်းယှဉ်နိုင်လောက်အောင်ပင် ကြောက်စရာကောင်းနေသည်။ ဟန်ကျင်းသည် မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာ, သူသည် သူ့အနားသို့ ရောက်ရှိနေခဲ့ပြီ။
ကောင်းကင်နှင့်မြေကြီးကိုပင် ဖြိုခွဲပစ်နိုင်သည့် လက်သီးတစ်ချက်က ဟန်ကျင်း၏ နောက်ကျောကို ထိုးနှက်သွားခဲ့သည်။
"ဘုန်း..."
ကီလိုမီတာ တစ်ရာခန့် အကွာအဝေးထိ တုန်ခါသွားသည့် အသံသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်နေခဲ့သည်။
အနက်ရောင်ဝတ်ရုံဝတ် လူငယ်၏ လက်သီးချက်ကြောင့် ဟန်ကျင်း၏ ခန္ဓာကိုယ်တစ်ခု လုံး ရွှေရောင်လွှမ်းသွားခဲ့သည်။
ဟန်ကျင်း၏ ပါးစပ်မှ လတ်ဆတ်သော သွေးများ ဖျန်းခနဲ လွင့်ထွက်လာပြီး သူ့ကျောရိုး တစ်ခုလုံး အပိုင်းပိုင်း ကွဲသွားလေသည်။ သူ့ခန္ဓာကိုယ်က လုံးဝ ပုံစံ ပျက်ယွင်းသွားခဲ့ပြီ။
မြေကြီးသည် ရုတ်ချည်း နစ်ဝင်သွားပြီး ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်လာခဲ့သည်။ ဖုန်မှုန့်များသည် ပတ်ဝန်းကျင်ကို ဖြတ်သန်း၍ လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် အဆက်မပြတ် ဆူညံသံများ ထွက်ပေါ်လာသည်။
ဟန်ကျင်း၏ တစ်ကိုယ်လုံးသည်လည်း ကောင်းကင်ကြီး ချာချာလည်နေသလို ခံစားရ သည်။ ပြင်းထန်သော ဝေဒနာက သူ့ကို မူးမေ့လဲသွားသလို ခံစားရစေသည်။
အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် သူ့ဘေးမှာ ဂုဏ်ယူစွာ ရပ်နေ၏။ ထိုမြင့်မားသော အသွင်ပြင်သည် သံမဏိမျှော်စင်ကဲ့သို့ မြင့်မားပြီး ဟန်ကျင်း၏မျက်လုံးထဲတွင်တော့ နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်လှသည်။
ထိုအချိန်တွင် ဟန်ကျင်းသည် သူ မည်သည့် ခွန်အားမျှ မရှိတော့သည်ကို ခံစားလိုက်ရ သည်။ သူ့ရှေ့က ဤလူငယ်သည် အစွမ်းထက်လွန်းသည်။ သူသည် အစောပိုင်းအဆင့် ကောင်းကင်နတ်ဘုရားနယ်ပယ်တွင်သာ ရှိနေသော်လည်း, အလယ်လတ်အဆင့် ကောင်းကင်နတ်ဘုရားနယ်ပယ်တွင် ရှိနေသည့် သူ့ထက် များစွာပို၍ ကြံ့ခိုင်သည်။
အထူးသဖြင့် အနက်ရောင်ဝတ်ရုံဝတ် လူငယ်၏ အေးစက်ပြီး မောက်မာသော အကြည့်များ က သူ့စိတ်ဝိညာဉ်၏ နက်ရှိုင်းရာအရပ်အထိ တုန်လှုပ်သွားစေသည်။
"မလုပ်နဲ့...ငါ့ကို မသတ်နဲ့။" ဟန်ကျင်းက သနားညှာတာပေးရန် ဆောလျင်စွာ တောင်းဆို လိုက်သည်။
သို့သော် အနက်ရောင်ဝတ်ရုံဝတ် လူငယ်က မကြားဟန်ပြုကာ ဟန်ကျင်း၏ခေါင်းကို တိုက်ရိုက် ထိုးချလိုက်လေသည်။
"ဘုန်း.."
နောက်ထပ် မြေကြီးကွဲအက်သံတစ်ချက် ထွက်ပေါ်လာသည်။
မြေပြင်ပေါ်ရှိ ကြီးမားသော အက်ကွဲကြောင်းများသည် အလွန်လှပသော ပန်းပွင့်များကဲ့သို့ ကီလိုမီတာတစ်ထောင် အကွာအဝေးကို လွှမ်းခြုံသွားခဲ့သည်။
ဟန်ကျင်း၏ ဦးခေါင်းသည် ပေါက်ကွဲသွားပြီး သူ၏နတ်ဘုရားစိတ်ဝိညာဉ်နှင့်အတူ လေထဲ သို့ လွင့်ပျံသွားကာ ဦးခေါင်းမရှိသည့် အသက်မဲ့ခန္ဓာကိုယ်ကိုသာ ကျန်ရစ်ခဲ့လေသည်။
"အရမ်းကို သန်မာလွန်းတယ်!"
ချင်ယွင်က သူ့စိတ်ထဲတွင် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။
အနက်ရောင်ဝတ်ရုံဝတ် လူငယ်၏ တိုက်ခိုက်မှုတိုင်းသည် အလွန် တိုက်ရိုက်ဆန်လွန်း သဖြင့် သူသည် ကောင်းကင်နတ်ဘုရားအဆင့်ရှိ ဟန်ကျင်းကို ရက်စက်စွာ သတ်ပစ်ရန် လှုပ်ရှားမှု သုံးကြိမ်သာ အသုံးပြုခဲ့သည်။
ဟန်ကျင်းသည် အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့်သို့ ဝင်ရောက်ခါစ ဖြစ်သော် လည်း၊ သူသည် အလယ်လတ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ နတ်ဘုရားကမ္ဘာမှာတောင် ထိုကဲ့သို့ ကျွမ်းကျင်ပညာရှင်မျိုးသည် အားမနည်းသော်လည်း, ဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွား၏ အမြင်မှာတော့ သူသည် လက်တုံ့ပြန်နိုင်စွမ်းမရှိသည့် သိုးတစ်ကောင်သာသာပင်။
ဤအခိုက်တွင် အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် လှံကဲ့သို့ ခါးကိုဖြောင့်မတ်စွာထားပြီး ကောင်းကင်အောက်တွင် ဝင့်ကြွားစွာ မတ်တပ်ရပ်နေ၏။
ရက်စက်ကြမ်းကြုတ်ပြီး ဂုဏ်သိက္ခာကြီးမားသူသည် ယခုအချိန်တွင် စစ်နတ်ဘုရား တစ်ပါး ဖြစ်ထိုက်သူ ဖြစ်သည်။
"ဒီအဆင့်မှာဆို၊ လှံတစ်စင်းရှိရင်တောင် အတားအဆီး လုံးဝ မရှိပါဘူး။ လှံတစ်စင်း ဖန်တီးဖို့အတွက် လက်သီးကို အသုံးပြုနိုင်တယ်။ လက်သီးတစ်ချက် ထိုးနှက်ခြင်းမှာ, လှံနည်းပညာရဲ့ စစ်မှန်တဲ့ အနှစ်သာရကို လုံးလုံးလျားလျား ပေါင်းစပ်ထားတယ်။" ချင်ယွင် က သူ့ကိုယ်သူ သူ့နှလုံးသားထဲမှာ ရေရွတ်လိုက်သည်။
အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် သူ့လက်သီးများကို ဝှေ့ယမ်းအသုံးပြုနေပုံရသော် လည်း သူသည် သူ့လှံနည်းပညာရပ်ကို အမှန်တကယ် အသုံးပြုနေခြင်း ဖြစ်သည်။ သူ၏ လှံနည်းပညာရပ်သည် အလွန် ရက်စက်ကြမ်းကြုတ်သောကြောင့် ဟန်ကျင်း သေဆုံးခြင်း သည် လုံးဝ တရားမျှတမှု မရှိပေ။
"စီနီယာက တကယ်ကို အစွမ်းထက်ပါတယ်။ သူက ဒီအဆင့်အထိရောက်အောင် လှံနည်းပညာကို အသုံးနိုင်တယ်။ လှံနတ်ဘုရားတစ်ပါး ဖြစ်ထိုက်ပါတယ်။" ချင်ယွင်သည် သူ့နှလုံးသားအောက်ခြေမှ သက်ပြင်းချလိုက်သည်။
"လှံနတ်ဘုရားလား?" အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် ထိုမိတ်ဆက်စကားကို အလွန် စိတ်ဝင်စားဟန်ဖြင့် မထင်မရှား ပြုံးလိုက်ပါသည်။
"ကောင်လေး၊ မင်းမှာ မျက်လုံးအမြင် နည်းနည်းရှိတယ်ကွ။ ငါက လှံနည်းပညာရပ်ကို အသုံးပြုနေတယ်ဆိုတာ မင်း တကယ် သိတယ်။ မင်းအသက်အရွယ်အရဆို, ဒီလိုနယ်ပယ် ကို ရောက်ရှိပြီး ဒါကိုနားလည်ဖို့ဆိုတာ တကယ်ကို ရှားရှားပါးပါးပဲ။" အနက်ရောင် ဝတ်ရုံဝတ် လူငယ်က ချင်ယွင်ကို ချီးကျူးသည်။
"စီနီယာ၊ စီနီယာက ကျွန်တော့်ကို အလွန်မင်း ချီးကျူးနေတာပါ။ ဒီဂျူနီယာက ဘယ်လို ပြောရမလဲဆိုတာလောက်သာ သိတာပါ။ တကယ်လို့ စီနီယာသာ ကျွန်တော့် အစောပိုင်း တိုက်ခိုက်မှုကို ရင်ဆိုင်စေချင်တယ်ဆိုရင်, ကျွန်တော် သေချာပေါက် မတားဆီးနိုင်ပါဘူး" ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ပြောသည်။
သူပြောသမျှ အမှန်တွေချည်းပင်။ အကယ်၍, သူသာ, အနက်ရောင်ဝတ်ရုံဝတ် ဘိုးဘေး နတ်ဘုရားငယ် ကိုယ်ပွား၏ တိုက်ခိုက်မူကို အမှန်တကယ် ရင်ဆိုင်ရမည်ဆိုလျှင်, ၎င်းကို ခံယူရန် လုံးဝ ယုံကြည်မှု မရှိခဲ့ပါ။
"ကောင်စုတ်လေး, မင်း ဒီတိုက်ခိုက်မူကို မခံယူနိုင်ဘူးဆိုရင်, မင်းအနေနဲ့ တတ်နိုင်သမျှ လုပ်ရမယ်။ မဟုတ်ရင် မင်းအနေနဲ့ ငါရဲ့ သတ်ဖြတ်ခြင်း ခံသွားရလိမ့်မယ်။ ငါက သနားညှာနေတာမှာ မဟုတ်ဘူးဆိုတာ မင်း သိထားရမယ်။ နောက်ဆုံးတော့ မင်းကို သတ်ဖို့အတွက် ငါတို့က ဒီနေရာကို ရှောက်ရှိလာခဲ့ကြတာလေ။ ဒါက မင်းရဲ့ ကံကြမ္မာပဲ။ ဒါကြောင့် မင်း ငါ့ကို အနိုင်ယူဖို့ နည်းလမ်းတစ်ခုခု စဉ်းစားထားရင် ပိုကောင်းမယ်။" အနက်ရောင်ဝတ်ရုံဝတ် လူငယ်က ပြုံးပြုံးလေး ပြောသည်။
ထိုစကားကိုကြားတော့ ချင်ယွင်၏ ခါးသီးသော အပြုံးသည် ပို၍ပင် ပြင်းထန်လာသည်။
သို့သော် အလွန်လျင်မြန်စွာပင်၊ သူသည် ဤခါးသီးသော အပြုံးကို ထိန်းထားနိုင်ခဲ့ပြီး၊ အနှိုင်းမဲ့ ခိုင်မာသော တိုက်ပွဲဝင်လိုစိတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
"စီနီယာ၊ စီနီယာပြောတာ မှန်ပါတယ်။ ဒါတွေအားလုံးက ရှောင်လွှဲလို့ မရဘူး။ စီနီယာ၊ စီနီယာ လှုပ်ရှားလိုက်စမ်း။ ဒီဂျူနီယာက နောက်ဆုံးအခိုက်အတန့်အထိ တိုက်ပွဲဝင်မှာ သေချာပါတယ်။" ချင်ယွင်က သူရဲကောင်းဆန်စွာ ပြောခဲ့ပြီး ပြင်းထန်သော တိုက်ခိုက်လို သည့်ဆန္ဒတစ်ခုက သူ့မျက်လုံးထဲသို့ တိုးဝင်လာခဲ့သည်။
အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် ချင်ယွင်၏ စကားကိုကြားသောအခါတွင် သူ့မျက်လုံးများတွင် လေးစားမှု အရိပ်အယောင် ပေါ်လာသည်။