အခန်း ၁၅၃၃
Vol. 103 Ch. 1533
အခန်း (၁၅၃၃) ကောင်းကင်ဘုံဆန္ဒ
ချင်ယွင်အတွက်မူ, အုပ်စိုးရှင်လှံ ချန်ဟန်းသည် သူ့အား သူ့စိတ်နှလုံးထဲမှ အမှန်ပင် သဘောကျမိသည်။
အကယ်၍, သူ့အစစ်မှန်ကိုယ်သာ ဒီနေရာမှာ ရှိနေခဲ့မည်ဆိုလျှင်, ဒီလူငယ်လေးကို သူ့တပည့်အဖြစ် လက်ခံပြီး၊ သူ့အမွေနှစ်ကို ပေးမည်မှာ သေချာပါသည်။
ယင်းကလည်း ချင်ယွင်၏ အရည်အချင်းနှင့် ထိုးထွင်းသိမြင်မူ နှစ်ခုစလုံးသည် ထူးထူး ခြားခြား ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် ဖြစ်သည်။ အရေးအကြီးဆုံးအချက် က, ချင်ယွင်သည် တဟုန်ထိုး မြင့်တက်နေသည့် ခွန်အားကို ပိုင်ဆိုင်ထားသည်။ ထိုခွန်အားက ဟိုယခင်အချိန်တုန်းက သူ့မှာရှိခဲ့ဖူးသည့် ခွန်းအားနှင့် အလွန်ဆင်တူနေ သည်။
သို့သော် ယခုအချိန်တွင် သူသည် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ပြီး သူ၏တာဝန်မှာ ချင်ယွင်ကို သတ်ပစ်ရန်ဖြစ်သည်။ ထို့ကြောင့်, သူသည် ဤအတွေးကို ဖယ်ရှားရုံသာတတ်နိုင်ပါသည်။
"ကောင်စုတ်လေး၊ ငါ နောက်ပိုင်း အကုန်ထုတ်သုံးတော့မယ်နော်။ မင်း ငါ့ကိုအနိုင်ယူပြီး ရှင်သန်နိုင်ဖို့ ငါမျှော်လင့်တယ်။ ဒါပေမယ့် မင်းရဲ့ မိစ္ဆာနတ်ဘုရားမျက်လုံးကို ငါက သတိထားနေမှာဆိုတော့, ဒါကို အသုံးပြုဖို့ မင်းအတွက် အရမ်းခက်ခဲလိမ့်မယ်။ တကယ်လို့, မင်း ငါ့ကို အနိုင်ယူဖို့အတွက် အဲဒါကို အသုံးပြုချင်ရင်, အရမ်းခက်မှာ ငါ ကြောက်မိတယ်။" အနက်ရောင်ဝတ်ရုံဝတ် လူငယ်က ဆက်ပြောသည်။
ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ဤမေးခွန်းကို သူတွေးထားပြီးသား ဖြစ်သည်။ ထို့ကြောင့်, နောက်တိုက်ပွဲတွေက သူ့အတွက် အန္တရာယ်များနှင့် အနီးကပ် ကြုံတွေ့ရမည် မှာ သံသယဖြစ်စရာပင် မလိုချေ။
"စီနီယာ၊ လှုပ်ရှားလိုက်ပါ၊ ဒီဂျူနီယာက ဘာလုပ်ရမလဲဆိုတာ သိပါပြီ။" ချင်ယွင်က ပြောသည်။
အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် ချင်ယွင်၏စကားကို ကြားသောအခါတွင် သူသည် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ပြီး၊ အခြားဘာမျှ မပြောတော့ပေ။ ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်မှ အစွမ်းထက်သည့် ဘိုးဘေးနတ်ဘုရားတစ်ပါး၏ အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည့်အလား သူ့အကြည့်တွေက တဖြည်းဖြည်း ပြင်းထန်လာခဲ့သည်။
"ဘုန်း.."
ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ အနက်ရောင်ဝတ်ရုံဝတ် လူငယ်၏ ခြေဖဝါးအောက်မှ မြေပြင်သည် ပေါက်ကွဲသွားကာ အနက်ရောင်ဝတ်ရုံဝတ် လူငယ်၏ ခန္ဓာကိုယ်တစ်ခုလုံး သည် ချွန်ထက်သော မြှားတစ်စင်းကဲ့သို့ ပစ်လွှတ်လိုက်လေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်လုံးများသည် ချက်ချင်းပင် စူးရှလာသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် နဂါးတစ်ဝက်အခြေအနေသို့ ဝင်ရောက်သွားပြီး သူ့ခန္ဓာကိုယ်ရှိ နတ်ဆိုးနတ်ဘုရားတန်ခိုး စွမ်းအားသည် ချက်ချင်း လောင်ကျွမ်းသွားကာ၊ သူ့ခန္ဓာကိုယ်ကို အဆုံးမဲ့စွမ်းအားများဖြင့် ပြည့်နှက်စေလိုက်ပါသည်။
တစ်ချိန်တည်းမှာပင်၊ သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးစွမ်းအားသည် ချက်ချင်းပင် ဆူပွက်လာ ပြီး သူ၏လက်မောင်းထဲသို့ တဟုန်ထိုး တိုးဝင်လာခဲ့သည်။
ထိုမျှတင်မကသေးဘဲ, ချင်ယွင်သည် အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီး စွမ်းအား ကိုလည်း လက်လွှတ်မခံဘဲ သူ့လက်မောင်းပေါ်မှာ စုစည်းလိုက်ပါသည်။
နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် သူ့လက်သီးထဲကို ပေါင်းစပ်ထားသည့် ထိုစွမ်းအား အားလုံးကို တိုက်ရိုက်စုစည်းလိုက်ပြီး လျှပ်စီးပြိုလဲခြင်း နတ်ဘုရားစွမ်းရည်ကို ကန့်သတ်ချက် ရောက်သည်အထိ အသုံးပြုလိုက်သည်။
"ဘုန်း.."
ချင်ယွင်၏ လက်သီးနှင့် အုပ်စိုးရှင်လှံ ချန်ဟန်း၏ လက်သီးတို့သည် အချင်းချင်း ထိတွေ့သွားကာ ကီလိုမီတာ ၁၀၀၀၀ အချင်းဝက်ကို တုန်လှုပ်သွားစေသည့် ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက်ကို ဖြစ်ပေါ်စေခဲ့သည်။
အပြင်းအထန် ထိပ်တိုက်တွေ့ဆုံမိခြင်းမှ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများသည် တစ်ချိန်တည်းတွင် သိန်းနှင့်ချီသောနဂါးများ ဟိန်းဟောက်သကဲ့သို့ နားကန်းမတတ် တုန်လှုပ်သွားစေပါသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ထိုလက်သီးချက်ကြောင့် ခြေလှမ်ူတစ်သောင်း အကွာဝေးထိ တွန်းထုတ်ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးများသည် ပွက်ပွက်ဆူလာပြီး ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။
သို့သော်လည်း အုပ်စိုးရှင်လှံ ချန်ဟန်းသည် မည်သည့် သက်ရောက်မူမှ မခံရဘဲ၊ ချင်ယွင်၏ လက်သီးချက်ကြောင့် ခြေလှမ်းဆယ်လှမ်းလောက်သာ တွန်းအားပေး ဆုတ်သွားခဲ့ရသည်။
သူ ခြေလှမ်းလိုက်တိုင်း သူ့ခြေဖဝါးအောက်က လေဟာနယ်သည် ပြိုကျသွားပြီး မြင်ကွင်း က တုန်လှုပ်ချောက်ချားစရာ ဖြစ်နေသည်။
"အရမ်းပြင်းထန်လွန်းတယ်။ ဒီလောက်ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုမျိုး" ချင်ယွင် သည် သူ့ရင်ဘတ်ကိုဖုံးအုပ်ကာ သူ့ခန္ဓာကိုယ်တွင်းရှိ ပွက်ပွက်ဆူနေသော သွေးများကို တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားသော်လည်း သူ့နှလုံးသားသည် တုန်လှုပ်နေဆဲ ဖြစ်သည်။
အခုလေးတင်ပဲ၊ သူသည် အုပ်စိုးရှင်လှံ ချန်ဟန်းနှင့် ဟန်ကျင်း ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံ စဉ်မှာ, အုပ်စိုးရှင်လှံ ချန်ဟန်း၏အစွမ်းက အလွန်မင်း အစွမ်းထက်လွန်းသည်ကို သူ မြင်တွေ့ပြီးဖြစ်သည်။ သို့သော်၊ ထိုစွမ်းအားက မည်မျှထိတ်လန့်စရာကောင်းသည်ကို သူ သိရှိလိုသည့်အတွက် ကိုယ်တိုင်ကိုယ်ကျ လက်သီးချက်ချင်း ဖလှယ်လိုက်ခြင်းပင် ဖြစ်သည်။
ချင်ယွင်သည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦး သည် ဤမျှကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသနိုင်မည်ဟု သူ ဘယ်တုန်းကမှ တွေးမထင်ထားခဲ့ဖူးပေ။
နောက်ဆုံးတွင်, သူသည် အခုလေးတင် သူ့ခွန်အားအားလုံးကို ထုတ်သုံးခဲ့သော်လည်း, မည်သည့် အကျိုးကျေးဇူးမှ မရရှိနိုင်ခဲ့ပေ။
ထို့အပြင်၊ ဤသည်မှာ ဘိုးဘေးနတ်ဘုရားတစ်ပါး၏ နတ်ဘုရားစိတ်ဝိညာဉ် အမှတ်သား ၏ ကိုယ်ပွားမျှသာ ဖြစ်သည်။ အကယ်၍, အစစ်မှန် ဘိုးဘေးနတ်ဘုရား၏ နတ်ဘုရား စိတ်ဝိညာဉ်သည် အစောပိုင်း ကောင်းကင်နတ်ဘုရာနယ်ပယ် ကျွမ်းကျင်သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လာပါက၊ ချင်ယွင်၏လက်သီးသည် အပိုင်းပိုင်း ကွဲသွားပေလိမ့် မည်။ အဘယ့်ကြောင့်ဆိုသော် ဘိုးဘေးနတ်ဘုရားများ၏ စစ်မှန်သော အနှစ်သာရသည် အမှန်တကယ် အစွက်လွန်းသောကြောင့် ဖြစ်ပါသည်။
ချင်ယွင်ကြောင့် အဝေးသို့ ခြေလှမ်းဆယ်လှမ်းခန့် နောက်ပြန် တွန်းထုတ်ခံလိုက်ရသည့် အုပ်စိုးရှင်လှံ ချန်ဟန်းသည် အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။ သို့သော် ဤအံ့ဩမှုအတွင်း ပျော်ရွှင်မှုပါ ရောထွေးနေခဲ့သည်။
"စိတ်ဝင်စားဖို့ကောင်းတယ်။ စိတ်ဝင်စားဖို့ကောင်းတယ်။ မင်း ဒီလိုခွန်အားမျိုးတွေကို ဖုံးကွယ်ထားမယ်လို့ တကယ်ကို ငါ မျှော်လင့်မထားဘူး။ မင်းက ငါ့လက်သီးချက်ကို ပြင်းပြင်းထန်ထန် ခုခံနိုင်ခဲ့တယ်၊ မင်းက မိစ္ဆာနတ်ဘုရားမျက်လုံးရဲ့ စွမ်းအားကို ဆက်သုံး ပြုမယ်လို့ ငါထင်ထားခဲ့တာ။" အုပ်စိုးရှင်လှံ ချန်ဟန်းက ချင်ယွင်ကို ကြည့်ကာ ပြုံးလိုက် သည်။ သူ့မျက်လုံးတွေက လောင်ကျွမ်းနေပြီး၊ သူ့သွေးတွေက ရူးသွပ်မူနှင့်အတူ တောက်လောင်လာခဲ့သည်။
အုပ်စိုးရှင်လှံ ချန်ဟန်း၏အကြည့်ကို မြင်သောအခါ ချင်ယွင်သည် ခါးသီးစွာ ပြုံးလိုက်မိ သည်။
အုပ်စိုးရှင်လှံ ချန်ဟန်း၏ အကြည့်များသည် ယခုလေးတင် ချင်ယွင်၏စွမ်းဆောင်မှုကြောင့် နှိုးဆော်ခံရကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။ ယခုလိုကျွမ်းကျင်ပညာရှင်တစ်ဦး ကို သူ၏တိုက်ခိုက်ရေး စိတ်ဓာတ်ကို နှိုးဆွပေးလိုက်ခြင်းက ၎င်းသည် မကောင်းသော အရာသာ ဖြစ်လိမ့်မည်။ ကောင်းသောအရာ မဖြစ်နိုင်ပေ။
ဟုတ်ပါသည်၊ ချင်ယွင်လည်း မကြောက်ပါဘူး။ အုပ်စိုးရှင်လှံ ချန်ဟန်းက အစွမ်းထက် သော်လည်း, ဤကမ္ဘာမှာ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဆိုတာ မရှိပါဘူး။
"ဟား ဟား ဟား၊ ကောင်စုတ်လေး, မင်းရဲ့ခွန်အားက ငါထင်ထားတာထက်တောင် ပိုအားကောင်းနေတာပဲ။ ငါမထိန်းနိုင်တော့ဘူး။ မင်းကို အုပ်စိုးရှင်လှံရဲ့ စွမ်းအားကို ငါ သေချာပေါက် ခံစားခွင့်ပေးမယ်။" အုပ်စိုးရှင်လှံ ချန်ဟန်းက ကျယ်လောင်စွာ ရယ်မော လိုက်သည်။
တုနှိုင်းမရအောင် ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်တစ်ခုက သူ့ခန္ဓာကိုယ်ကနေ အဆက်မပြတ် ထုတ်လွှတ်နေပြီး၊ ၎င်းသည် ပတ်ဝန်းကျင်ကို ဖြတ်သန်းတိုက်ခတ်သွား သည့် အနှိုင်းမဲ့ ကြောက်စရာကောင်းသည့် ဝိညာဉ်လေလှိုင်းတွေ ဖြစ်ပေါ်စေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ အကြည့်တွေက ပို၍ပင် စူးရှလာခဲ့သည်။ နောက်ပိုင်းတိုက်ပွဲသည် အလွန်မင်း ရက်စက်ကြမ်းကြုတ်ပေလိမ့်မည်။
"ဘုန်း."
ကြောက်မက်ဖွယ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး အုပ်စိုးရှင်လှံ ချန်ဟန်း ၏ ရုပ်အသွင်သည် တစ်ဖန် လွင့်ပျံထွက်သွားတော့မည် ဖြစ်သည်။
သို့သော်, ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများတွင် အစိမ်းရောင်အလင်းတန်း အရိပ်တစ်ခု လင်းလက်သွားပြီး သူက တိုးညှင်းစွာ ဟစ်အော်လိုက်သည် "အိပ်လိုက်စမ်း"
ချင်ယွင်၏အသံ ကျဆင်းသွားသည်နှင့် အုပ်စိုးရှင်လှံ ချန်ဟန်း၏ ခြေထောက်အောက်မှ မြေပြင်သည် ချက်ချင်း ကွဲသွားခဲ့သည်။ ထို့နောက် မြေကြီးထဲမှ စိမ်းလန်းသော နွယ်ပင်များ ထွက်ပေါ်လာပြီး အုပ်စိုးရှင်လှံ ချန်ဟန်း၏ ခြေဖဝါးကို တိုက်ရိုက် ရစ်ပတ်ထား သည်။
ထိုနောက်မှာတော့ မရေမတွက်နိုင်သည့် နွယ်ပင်များသည် မြေပြင်ကို ဖောက်ထွင်းကာ အုပ်စိုးရှင်လှံ ချန်ဟန်းကို အစိမ်းရောင်ဖက်ထုပ်အဖြစ် ချက်ချင်း ထုပ်ပိုးလိုက်ပါသည်။
ထိုနွယ်ပင်များတစ်ခုစီသည် ပေါင်လုံးလောက် ထူထဲပြီး ၎င်းတို့၏ မာကြောမူသည် အဆင့်မြင့် နတ်ဘုရားပစ္စည်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများ မဟုတ်ပါက၊ ၎င်းတို့ကို ဖြတ်တောက်ပစ်ရန် မဖြစ်နိုင်ပေ။
၎င်းတို့သည် ချီလင်မျိုးစေ့၊ အသက်သစ်ပင်နှင့် ကောင်းကင်တာအိုသစ်ပင်တို့၏ မူလအရင်းမြစ် စွမ်းအားကို ပေါင်းစပ်ဖန်တီးထားသည့် မျိုးစိတ်အသစ်တစ်ခု ဖြစ်ကြောင်း သိရှိထားရမည်။ ၎င်း၏အရည်အသွေးသည် အခြားနတ်ဘုရားသစ်ပင်များထက် များစွာ သာလွန်သည်။
ချင်ယွင်သည် ကောင်းကင်နှင့် မြေကြီး၏ အလိုဆန္ဒကို အမွေဆက်ခံကြောင်း ညွှန်ပြသည့် အနေဖြင့် ဤနတ်ဘုရားသစ်ပင် အသစ်ကို ကောင်းကင်ဘုံ၏ဆန္ဒဟု အမည်ပေးထား သည်။
အုပ်စိုးရှင်လှံ ချန်ဟန်း၏ခန္ဓာကိုယ်သည် ပိတ်မိနေပြီး ဧရာမသစ်ပင်ပိုးအိမ်ထဲမှ ခဏတာ အတွင်း မလွတ်မြောက်နိုင်ခဲ့ပေ။
သို့သော် ချင်ယွင်သည် အနည်းငယ်မျှပင် သတိလက်လွတ် ဖော်မပြဝံ့ပေ။ ကောင်းကင်ဘုံ ၏ဆန္ဒ နတ်ဘုရားသစ်ပင်သည် အုပ်စိုးရှင်လှံ ချန်ဟန်း၏ တစ်ထောင်ပုံတစ်ပုံတောင် စွမ်းအားမရှိသည့် ဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွားကို အစဉ်ထာဝရ ပိတ်လှာင်ထားနိုင် မည် မဟုတ်ကြောင်း သူသိသည်။ ၎င်းသည် သူ့ကို တခဏလောက်သာ ပိတ်လှောင်နိုင် လိမ့်မည်။
သို့သော် ချင်ယွင်အတွက်မူ၊ ဤတခဏအတွင်းသည် သူ အသက်ရှူရန် အခွင့်ကောင်း တစ်ခုလည်း ဖြစ်သည်။
ဘန်း…။
ချင်ယွင်သည် သူ့လက်ဖဝါးကို ဖြန့်လိုက်သည်နှင့် ပိတ်ထားသော စတင်ခြင်းမျက်လုံးက ပြန်ပွင့်နေပြီ ဖြစ်သည်။ ၎င်းတွင် အလွန်မင်း အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအား အတက်အကျလှိုင်းများ ပါရှိနေသည်။
ချင်ယွင်၏ လက်ဖဝါးတွင် တန်ခိုးကြီးသော နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအား အမျှင်တန်း များက လွှမ်းခြုံထားသည်။
အခြား ဘိုးဘေးနတ်ဘုရား၏ ကိုယ်ပွားနှစ်ဦးသည် ကောင်းကင်ယံမှနေ၍ ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။
မှန်ပါသည်။ သူတို့သည် ချင်ယွင်၏ မိစ္ဆာနတ်ဘုရားမျက်လုံးအတွင်းမှ ထူးကဲသော နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားကို ခံစားနိုင်ကြသည်။ ထိုနတ်ဘုရားစိတ်ဝိညာဉ်စွမ်းအား ၌ တန်ခိုးကြီးသော ဆန္ဒတစ်ခု ပါရှိနေသည်ကို သူတို့ ခံစားနိုင်သည်။ သူတို့တောင် အနည်းငယ် နိမ့်ကျသွားခဲ့သည်။
"ဘယ်လောက် အစွမ်းထက်တဲ့ ဆန္ဒစွမ်းအားလဲ။ ဘိုးဘေးနတ်ဘုရားတစ်ပါးထက် နိမ့်ကျတဲ့ နတ်ဘုရားတစ်ပါးက ဒီလိုကြောက်စရာကောင်းတဲ့ဆန္ဒကို အမှန်တကယ် ပိုင်ဆိုင်ထားတယ်။ ဒါက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။" ဘိုးဘေးနတ်ဘုရား ကိုယ်ပွားနှစ်ခုထဲက တစ်ယောက်က စိတ်ဝင်တစား အမူအရာဖြင့် ပြောလိုက်ပါသည်။
"မှန်တယ်။ ဒီလိုဆန္ဒမျိုးက ဘိုးဘေးနတ်ဘုရားအများပြားကိုတောင် နိမ့်ချလို့ ရကောင်းရ နိုင်တယ်။ ဒီလူငယ်နဲ့ပတ်သက်ပြီး ငါတို့မသိသေးတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေ သေးတယ်။" အခြား ဘိုးဘေးနတ်ဘုရားကိုယ်ပွားက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်း ချလိုက်ပါသည်။
သို့သော်, သူတို့သည် ဆွေးနွေးရုံမျှသာဖြစ်ပြီး တိုက်ခိုက်ရန် ရည်ရွယ်ချက် အနည်းငယ်မျှ မရှိခဲ့ပေ။ နောက်ဆုံးတွင်၊ ဘိုးဘေးနတ်ဘုရားများအားလုံးသည် ကိုယ်ပိုင်ဂုဏ်သိက္ခာများ ရှိကြသည်။