အခန်း ၁၅၃၅
Vol. 103 Ch. 1535
အခန်း (၁၅၃၅) အ၀တ်အထည် ဘိုးဘေးနတ်ဘုရား။ cloth - ရိုးရှင်းဆုံးပြန်ဆိုလိုက်ပါ သည်။
“ဖျောင်း..ဖျောင်း…ဖျောင်း”
ပြင်းထန်သော လက်ခုပ်ဩဘာသံများ ထွက်ပေါ်လာသည်။
ချင်ယွင်သည် လက်ခုပ်သြဘာပေးသည့် ဦးတည်ရာဆီသို့ ကြည့်ရန် သူ့ခေါင်းကို မော့လိုက်ရာ, သူသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဘိုးဘေးနတ်ဘုရားကိုယ်ပွား နှစ်ယောက်တွင် စိမ်းပြာရောင်၀တ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ချင်ယွင်နှင့် ဆန့်ကျင်ဘက်အရပ် မှာ တိုက်ရိုက် ပေါ်လာသည်။
ဤလူငယ်သည် ချင်ယွင်ကို အကြီးမားဆုံး ဖိအားပေးခဲ့သူ ဖြစ်သည်။ ချင်ယွင်သည် အဝတ်စားလွှမ်းခြုံထားသည့် ထိုလူငယ်အပေါ်မှ ကြီးမားသော သတ်ဖြတ်လိုသည့် ဆန္ဒကို ခံစားနိုင်သည်။ (အဝတ်စားလွှမ်းခြုံထားသည့် လူငယ်ဟု ပြန်ဆိုခြင်းသည် The cloth-clothed youth- သင့်လျော်သလို ပြန်ဆိုထားခြင်း ဖြစ်ပါသည်။)
အထူးသဖြင့် ထိုလူငယ်၏ မျက်လုံးများသည် ၎င်းတို့ကို တစ်ချက်ကြည့်ရုံဖြင့်, သူသည် ချောက်နက်ကြီးထဲသို့ ထိုးကျသွားသလို ခံစားရသည်။
သို့သော် အဝတ်အစားလွှမ်းခြုံထားသည့် ထိုလူငယ်သည် သူ၏ အငွေ့အသက်ကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ခဲ့သည်။ အကယ်၍, ချင်ယွင်သည် ကနဦးစကြဝဠာ၏ ကောင်းကင်ဘုံ အလိုဆန္ဒကို ပိုင်ဆိုင်ထားခြင်းသာ မရှိပါက, ဤကြောက်စရာကောင်း သည့် သတ်ဖြတ်လိုသည့်ဆန္ဒကို သူ ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ပါဘူး။
ထိုအခိုက်အတန့်တွင်, အဝတ်အစားလွှမ်းခြုံထားသည့် ထိုလူငယ်သည် ချင်ယွင်ကို အချိန်မရွေး ဝါးမျိုနိုင်သည့် ဆောင်းခိုနေသာ အမှောင်သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့ သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ သတ်ဖြတ်လိုတဲ့ဆန္ဒလဲ။ ဒီလောက် ကြောက်စရာကောင်းတဲ့ သတ်ဖြတ်လိုတဲ့ဆန္ဒကို ပိုင်ဆိုင်နိုင်ဖို့ လူပေါင်း ဘယ်လောက် သတ်ဖြတ်ပြီးပြီလဲ။ ဒါ့ပြင် ဒါက ဘိုးဘေးနတ်ဘုရားရဲ့ ကိုယ်ပွားသက်သက်ပဲ ဖြစ်နေသေး တယ်။ တကယ်လို့ အစစ်မှန်ဖြစ်နေခဲ့ရင် ဒီထက် ပိုကြောက်စရာကောင်းနေမှာ မဟုတ်ဘူး လား" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"မင်းနာမည်က ချင်ယွင်လား" ၀တ်စုံလွှမ်းခြုံထားသည့် လူငယ်က ပြုံးပြုံးလေး ပြောသည်။ သူ့မျက်နှာပေါ်ရှိ အပြုံးသည် စိတ်ကို လန်းဆန်းစေသည်။
"အတိအကျ ဒီဂျူနီယာပါပဲ။" ချင်ယွင် ခေါင်းညိတ်ပြလိုက်သည်။
'"ကောင်းလိုက်တာ။ ပါရမီအရဖြစ်စေ၊ ထိုးထွင်းသိမြင်မူအရဖြစ်စေ၊ စိတ်ဓာတ်အရဖြစ်စေ၊ အရာအားလုံးက မျိုးဆက်တစ်ခုရဲ့ ထိပ်တန်း ဖြစ်တည်မှုတွေချည်းပဲ။ ငါ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့တယ်။ ဒါက မင်းလို ထက်မြက်တဲ့ လူတစ်ယောက်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းပဲ။ မင်း နတ်ဘုရားနယ်ပယ်ကို ရောက်ရှိဖို့အတွက် ကောင်းကင်ဘုံ ကပ်ဘေး ဒုက္ခကို ဖြတ်ကျော်ချိန်မှာ ငါတို့လေးယောက်ကို ဆင့်ခေါ်နိုင်တာ မဆန်းတော့ပါဘူး။" အဝတ်အစား လွှမ်းခြုံထားသည့် လူငယ်က ပြုံးပြီး ပြောလိုက်ရင်း, သူ့မျက်လုံးများတွင် ဖုံးကွယ်ထားခြင်းမရှိဘဲ ချင်ယွင်ကို သဘောကျကြောင်း ပြသနေသည်။
"စီနီယာ၊ စီနီယာက ကျွန်တော့်ကို ချီးကျူးလွန်နေတာပါ။" ချင်ယွင်သည် နှိမ့်ချမူကို ထိန်းထားခဲ့သည်။
အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်က ပြုံးပြီး ဆက်ပြောသည် "တကယ်လို့, မင်းသာ အနှစ် ၁၀ ဘီလီယံလောက် စောစော မွေးဖွားခဲ့ရင် မင်းကို ငါ့တပည့်အဖြစ် ခေါ်ယူပြီး ငါ့ရဲ့ အမွေနှစ်အားလုံးကို လွှဲပြောင်းပေးမိလိမ့်မယ်။"
ထိုစကားကို ကြားတော့ ချင်ယွင်သည် ခါးသီးဖွယ် အပြုံးကို ထုတ်ဖော်လိုက်မိပါသည်။
ဤကောင်းကင်ဘုံ ကပ်ဘေးဒုက္ခသည် ကောင်းကင်နတ်ဘုရားလေးပါးကို ဆင့်ခေါ်ခဲ့ သည်။ ရှေ့သုံးယောက်သည် သူ့ကို တပည့်အဖြစ် လက်ခံလိုသည့် ဆန္ဒကို ထုတ်ဖော်ပြီး သားဖြစ်သည်။ ကျန်တစ်ဦးကတော့ သူ့သဘောထားကို မဖော်ပြသေးပါဘူး။ သူသည် ဘယ်အချိန်ကတည်းက ဤမျှ နာမည်ကြီးလာရသနည်း။
"စီနီယာကို ကျေးဇူးတင်ပါတယ်။ စီနီယာရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒီဂျူနီယာလည်း စောစောမွေးချင်ပေမယ့် ဒါက ကျွန်တော် ဆုံးဖြတ်လို့မရတဲ့အရာ မဟုတ်ပါဘူး" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
ချင်ယွင်၏ စကားကိုကြားသောအခါ အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်သည် သူ့မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာသည်။
အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်က နွေးထွေးစွာ ရယ်မောလိုက်သည်။ အကယ်၍, ချင်ယွင်သည် ဤအဝတ်အစား လွှမ်းခြုံထားသည့် လူငယ်၏ ခန္ဓာကိုယ်အတွင်း ရှိနေသော ကြောက်စရာကောင်းသည့် သတ်ဖြတ်လိုသည့်ဆန္ဒကို နားထားခြင်းမရှိပါက၊ ဤလူငယ် သည် ချဉ်းကပ်ရလွယ်ကူသည့် လူတစ်ယောက်ဟု သေချာပေါက် ထင်မိပါလိမ့်မည်။
“သတ်ဖြတ်လိုသည့်ဆန္ဒကို ဤမျှအတိုင်းအတာအထိ ထိန်းချုပ်နိုင်တာက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။” ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ သူသည် အဝတ်အစား လွှမ်းခြုံထားသည့်လူငယ်ကို လေးစားမှုအပြည့် ရှိနေခဲ့သည်။
'"ချင်ယွင်၊ မင်းကလည်း ပြတ်ပြတ်သားသား သတ်ဖြတ်သတ်တတ်သူတစ်ဦးလို့ ငါမြင်တယ်။ ငါ့ခန္ဓာကိုယ်ပေါ်က သတ်ဖြတ်ခြင်းအငွေ့အသက်ကို မင်း သတိထားမိပြီးသား ဖြစ်လိမ့်မယ်။ မှန်တယ်။ ဒါက ငါနားလည်ထားတဲ့ သတ်ဖြတ်ခြင်းအငွေ့အသက်ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ပဲ။ ငါ့မှာ ဝတ်ရုံအတွင်းက သတ်ဖြတ်ခြင်းနတ်ဘုရားဆိုတဲ့ နာမည် ပြောင်တစ်ခု ရှိခဲ့ဖူးတယ်။" အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်က ပြုံးပြုံးရွှင်ရွှင်နှင့် မိတ်ဆက်ပေးသည်။
"ဝတ်ရုံအတွင်းက သတ်ဖြတ်ခြင်းနတ်ဘုရားလား?" ချင်ယွင်သည် ထိုနာမည်ကို ထပ်ထပ် ခါခါ ရေရွတ်လိုက်မိသည်။ ထိုနာမည်က သူ့ကို သတ်ဖြတ်ချင်စိတ်ကို ဖြစ်ပေါ်စေသည်။
သတ်ဖြတ်ခြင်းနတ်ဘုရား ပုံရိပ်ရှိသူတစ်ဦးအဖြစ် သရဖူကို ဆောင်းနိုင်ရန်မှာ လူတစ်ဦး သည် ကောင်းကင်ဘုံကို အန်တုနိုင်သော တိုက်ပွဲမှတ်တမ်းတစ်ခု ရှိခဲ့ရလိမ့်မည်။ ထိုမျှ ကြီးကျယ်သည့် ဘွဲ့တံဆိပ်ကို ဘယ်သူမှ မရနိုင်လောက်ပေ။
ရုတ်တရက် ချင်ယွင် တစ်ခုခုကို တွေးနေပုံရသည်။ သူသည် မထိန်းနိုင်ဘဲ မျက်လုံး ပြူးကျယ်စွာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည် "စီနီယာက ဘိုးဘေးနတ်ဘုရား နယ်ပယ်ထဲ ဝင်ပြီးရောက်ပြီးတာနဲ့ သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရားသုံးပါးကို သတ်ဖြတ်ခဲ့တဲ့ ဒဏ္ဍာရီလာ ဘိုးဘေးနတ်ဘုရားများ ဖြစ်နေမလား?"
"မင်း ငါ့အကြောင်း ကြားဖူးလား" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
"သေချာပေါက် ကြားဖူးတာပေါ့" ချင်ယွင်က ပြတ်ပြတ်သားသား ဖြေသည်။
ယခင်က ချင်ယွင်သည် သတိမထားမိသေးပေ။ နောက်ပိုင်းတွင် "အဝတ်အထည်" ဟူသော စကားလုံးကို ပြန်တွေးကြည့်သောအခါ၊ ချင်ယွင်သည် ရွှီဟန်၏မှတ်ဉာဏ်ထဲမှ အဝတ်အထည်ဘိုးဘေးနတ်ဘုရား၏ ဒဏ္ဍာရီကို သတိရသွားခြင်း ဖြစ်သည်။
အဝတ်အထည် ဘိုးဘေးနတ်ဘုရားသည်လည်း သေမျိုးကမ္ဘာမှ တစ်ဆင့်ပြီးတစ်ဆင့် နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ သူ့တာအိုကို သက်သေပြဖို့အတွက် သူသည် သူ့လျှောက်လှမ်းခဲ့ရာ လမ်းတစ်လျှောက် ပိတ်ဆို့နေသည့် အားလုံးကို သတ်ဖြတ်ခဲ့သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာသည် သူ့ကို အမဲလိုက်ချင်ကြ သည် သို့မဟုတ် သတ်ပစ်ချင်ကြသော်လည်း နောက်ဆုံးတွင် သူတို့အားလုံးသည် သူ့လက်သီးချက်ဖြင့် သေဆုံးသွားခဲ့ကြသည်။
အဝတ်အထည် ဘိုးဘေးနတ်ဘုရားသည် မည်သည့် လက်နက်ကိုမှ အသုံးမပြုခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့လက်နှင့် ခြေထောက်များသည် အလွန်မင်း ကြောက်စရာ ကောင်းသည့် သူ့လက်နက်များ ဖြစ်နေသောကြောင့်ပင်။
သူရိုက်နှက်လိုက်တိုင်း သေကြေပျက်ဆီးရပြီး၊ သူ့ရိုက်နှက်မူခံရသည့် လူပေါင်းများစွာတွင် လူအနည်းငယ်သာ အသက်ရှင်သန်နိုင်ခဲ့သည်။
သူသည် ထူးခြားသည့် အဝတ်အစားများကို ဝတ်ဆင်ရသည်ကို နှစ်သက်သည့်အတွက် တခြားသူတွေက သူ့ကို ဝတ်ရုံတွင်းက သတ်ဖြတ်ခြင်းနတ်ဘုရားဟု နာမည်ပြောင်ပေးကြ ခဲ့သည်။ နောက်ပိုင်းတွင်, သူသည် ဘိုးဘေးနတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်လာသော အခါ အဝတ်အထည်ဘိုးဘေးနတ်ဘုရားဟု ရိုးရိုးရှင်းရှင်း အမည်ပေးခဲ့သည်။
ထိုအချိန်တုန်းက အဝတ်အထည် ဘိုးဘေးနတ်ဘုရားသည် ထင်ရှားကျော်ကြားသော ပုံရိပ်ရှိသူ ဖြစ်သည်။ သို့ရာတွင်၊ သူ ဘိုးဘေးနတ်ဘုရားနယ်ပယ်ထဲသို့ ဝင်ရောက်ပြီး နောက်၊ သူနှင့်ပတ်သက်သော သတင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ နောက်ပိုင်းတွင် သူ၏လုပ်ဆောင်ချက်များကို အခြားသူများလည်း တဖြည်းဖြည်း မေ့လျော့သွားကြသည်။ ၎င်းတို့ထဲမှ လူအနည်းငယ်မျှသာ သူ၏ ကြီးမားသော အောင်မြင်မှု များကို ပြောပြနိုင်တော့သည်။
ဟုတ်ပါသည်, ချင်ယွင်သည် သူ၏လုပ်ဆောင်ချက်များကို ရှင်းရှင်းလင်းလင်း သိနိုင်ရခြင်း ၏ အကြောင်းရင်းကတော့ ရွမ်ဟန်သည် အဝတ်အထည် ဘိုးဘေးနတ်ဘုရားကို အလွန်မင်း လေးစားကိုးကွယ်သောကြောင့် ဖြစ်ပါသည်။
ကိုယ်ပွားတစ်ခုမျှသာဖြစ်သော်လည်း တစ်နေ့တွင် သူသည် ဤအဝတ်အထည် ဘိုးဘေး နတ်ဘုရားနှင့် အမှန်တကယ် စကားပြောလိမ့်မည်ဟု ချင်ယွင် မထင်ထားခဲ့ပေ။
"ငါ့ရဲ့ကျော်ကြားမှုတွေက ဒီလောက်ကြီးကျယ်ခမ်းနားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ နှစ်တွေ ဒီလောက်ကြာငြောင်းခဲ့တာတောင် ငါ့ရဲ့လုပ်ဆောင်ချက်တွေကို သိရှိတဲ့သူတွေ ရှိနေတုန်းပဲ။" အဝတ်အထည် ဘိုးဘေးနတ်ဘုရားက ဟက်ဟက်ပက်ပက် ရယ်မောလိုက် သည်။
ချင်ယွင်လည်း လေးစားစွာဖြင့် ပြုံးလိုက်ပါသည်။ သူသည် အဝတ်အထည် ဘိုးဘေး နတ်ဘုရားအား သူ့စိတ်နှလုံး အောက်ခြေမှ ရိုသေလေးစားမိသည်။
"ဒီဂျူနီယာက စီနီယာရဲ့ သတ်ဖြတ်ခြင်းနည်းတစ်ထောင်ကို အမြဲတမ်း ကြားဖူးနေခဲ့တယ်။ ကျွန်တော်က အဲဒီပညာရပ်ကို အရမ်းလေးစားပါတယ်။ ဒီနေ့ ကိုယ်တိုင်တွေ့ကြုံခံစားပြီး ဂုဏ်ယူနိုင်ပါ့မလား ကျွန်တော် သိချင်မိတယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
"သတ်ဖြတ်ခြင်းနည်းတစ်ထောင်? ဟား...၊ ဟား...၊ ကောင်းတယ်။ နောက်တိုက်ပွဲမှာ သတ်ဖြတ်ခြင်းနည်းတစ်ထောင်ကို ငါ အသုံးပြုမယ်။ မင်း ဘယ်လောက်နားလည်နိုင်မလဲ ဆိုတာ မင်းရဲ့ ကံကောင်းမှုအပေါ်မှာ မူတည်တယ်။" အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး၊ သူ့အပြုံးက ရွှင်လန်းမှုအပြည့်ပင်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် ဝမ်းသာအားရဖြစ်သည့် အမူအရာကို ထုတ်ဖော် လိုက်မိပါသည်။
ဤသတ်ဖြတ်ခြင်းနည်း တစ်ထောင်သည် နတ်ဘုရားကမ္ဘာတွင် ကျော်ကြားသော နတ်ဘုရား စွမ်းရည်တစ်ခု ဖြစ်သည်။ ရွှမ်ဟန်သည် ဤသတ်ဖြတ်ခြင်း နည်းတစ်ထောင်ကို အမြဲကြည့်ရှုချင်သော်လည်း ၎င်းကို မြင်တွေ့ခွင့် မရခဲ့ပေ။
အခု အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်က သူ့ကိုတိုက်ခိုက်ဖို့ သတ်ဖြတ်ခြင်းနည်း တစ်ထောင်ကို အသုံးပြုမည်ဟု ပြောစကားကို ကြားလိုက်ရတော့ သူ မည်သို့ မပျော်ဘဲနေ မည်နည်း။
ဟုတ်ပါသည်၊ သူပျော်နေသည့်အချိန်မှာ သူ့နှလုံးသားလည်း အနည်းငယ် တည်ငြိမ်နေပါ သည်။
ဤသတ်ဖြတ်ခြင်း နည်းတစ်ထောင်၏ စွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ သူ ခံနိုင်ရည်ရှိမရှိ မသိသေးပါဘူး။
"ကောင်လေး, ဒီသတ်ဖြတ်ခြင်း နည်းတစ်ထောင်ရဲ့စွမ်းအားကို မင်း သိပြီးဖြစ်သင့်တယ်လို့ ငါယုံကြည်တယ်။ ဒီသတ်ဖြတ်ခြင်းနည်းတစ်ထောင်ကို မင်း တကယ် သုံးစေချင်တာလား" အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်သည် ချင်ယွင်၏ အတွေးများကို မြင်ပြီး ပြုံးကာ မေးလိုက်သည်။
ချင်ယွင်က လေးလေးနက်နက် ခေါင်းညိတ်ပြပြီး သူ့မျက်လုံးများက အလွန်ခိုင်မာသော အမူအရာကို ထုတ်ဖော်ထားသည်။
ဤသည်မှာ သတ်ဖြတ်ခြင်း နည်းတစ်ထောင်ကို သူတွေ့မြင်ရမည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်သည်။ ဤအခွင့်အရေးကို သူ လက်လွတ်သွားခဲ့ပါက၊ သူသည် သူ့ဘဝ တစ်သက်တာလုံးတွင် ဤနတ်ဘုရားစွမ်းရည်ကို မည်သည့်အခါမျှ မမြင်တွေ့နိုင်တော့ပေ။
"ကောင်းပြီ ဒါဆို သတ်ဖြတ်ခြင်းနည်းတစ်ထောင်ကို ငါသုံးမယ်။ မင်းနားလည်နိုင်ရင် ငါ ချန်ဘူရီက ငါ့အသက်ကို အလဟဿ ဖြုန်းတီရာမကျတော့ဘူးပေါ့။" အဝတ်အစား လွှမ်းခြုံထားသည့် လူငယ်သည် သူ၏ အပြုံးကိုထိန်းထားပြီး သူ့အမူအရာမှာ ထူးထူးခြားခြား လေးနက်လာခဲ့သည်။
ထိုစကားကိုကြားတော့ ချင်ယွင်၏အမူအရာလည်း အနှိုင်းမဲ့ လေးနက်လာခဲ့သည်။
ဘန်း…။
အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်သည် သူ၏အငွေ့အသက်ကို ထိန်းချုပ်ထားခြင်း မရှိတော့ဘဲ၊ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့်ဆန္ဒက သူ့ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်တွင် ချင်ယွင်သည် သွေးပင်လယ်ထဲသို့ ကျရောက်သွားပုံရပြီး ကမ္ဘာတစ်ခုလုံးသည် သွေးစွန်းနေသော အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။
"ချင်ယွင်၊ မင်း စောင့်ကြည့်ပါ။ အခုပဲ, ငါ သတ်ဖြတ်ခြင်းနည်းတစ်ထောင်ရဲ့ လက်သီး သိုင်းကွက်ကို ငါ အသုံးပြုတော့မယ်" အဝတ်အစား လွှမ်းခြုံထားသည့် လူငယ်က ပြောသည်။ သူပြောပြီးသည်နှင့် သူ့ပုံရိပ်သည် ချက်ချင်းဆိုသလို ပျောက်သွားခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်၏အမူအရာမှာ အလွန်မင်း လေးနက်လာခဲ့ပြီး သူ့သူငယ်အိမ်များ သည် ကျုံ့သွားခဲ့သည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် ပုံရိပ်တစ်ခုက ချက်ချင်းဆိုသလို သူ့မျက်လုံးများ ကို ဖြတ်သန်းသွားပြီး ထွက်ပေါ်လာခဲ့သည်။ လက်ဖဝါးတစ်လက်သည် လေထဲသို့ လွင့်ပျံသွားပြီး ချင်ယွင်၏ နသယ်ကို တိုက်ရိုက် ရိုက်ချလိုက်ကာ သူ့ကို ချက်ချင်းပင် လွင့်ပျံ သွားစေခဲ့သည်။