← Chapters

အခန်း ၁၅၃၆

Vol. 103 Ch. 1536

အခန်း ၁၅၃၆

Vol. 103 Ch. 1536

အခန်း (၁၅၃၆) လုပ်ကြံသတ်ဖြတ်ခြင်းနည်းပညာ

ချင်ယွင်သည် လွင့်ပျံသွားပြီး သူ့ခေါင်းတွင် ပြင်းထန်သော မူးဝေခြင်းကို ခံစားခဲ့ရသည်။

ယခုလေးတင်၊ အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်၏ လက်ဖဝါးရိုက်ချက်က အနှိုင်းမဲ့ အစွမ်းထက်သည် ၎င်းသည် သူ့ကို လေးလံသော တူကြီးဖြင့် အပြင်းအထန် ထုနှက်လိုက် သကဲ့သို့ ခံစားရပြီး အလွန်မင်း အန္တရာယ်များလှသည်။

"အဲဒီလို အမြန်နှုန်းနဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအားထိန်းချုပ်မှု" ချင်ယွင် သည် သူ့ခေါင်းယမ်းလိုက်ပြီး မူးဝေမှုကို တွန်းထုတ်လိုက်သည်။

ယခုလေးတင် လူငယ်၏ အမြန်နှုန်းသည် အလွန်မင်း လျင်မြန်သော်လည်း ချင်ယွင်သည် လူငယ်၏ လှုပ်ရှားမှုများကို မြင်နိုင်သေးသည်။

အစောပိုင်းက အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်သည် သူ့လက်ဖဝါးစောင်းကို အသုံးပြုပြီး ချင်ယွင်၏ ဦးခေါင်းကို ရိုက်နှက်ခဲ့သည်။ ထိုအချိန်တွင် သူသည် သူ့လက်ဖဝါး စောင်းအောက်ရှိ အမှတ်တစ်ခုတွင် သူ့ခွန်အားအားလုံးကို အာရုံစိုက်ထားပြီး ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲအားကို ဖြစ်ပေါ်စေသည်။

ဤလှုပ်ရှားမှုသည် ချင်ယွင် ထိန်းချုပ်ထားသည့် လျှပ်စီးပြိုလဲခြင်း နတ်ဘုရားစွမ်းရည်နှင့် အလွန်ဆင်တူသည်။ ၎င်းတို့သည် အနည်းငယ် ကွဲပြားမှုများရှိသော်လည်း ၎င်းတို့အားလုံး သည် သူတို့၏ ခွန်အားကို အမှတ်တစ်ခုတည်းတွင် အာရုံစိုက်ကာ အကန့်အသတ် မရှိသော စွမ်းအားများဖြင့် ချက်ချင်း ပေါက်ကွဲသွားစေနိုင်သည်။

တကယ်တော့၊ သတ်ဖြတ်ခြင်းနည်းတစ်ထောင်သည် မူလကတည်းက အစွမ်းထက်သော ရုပ်ခန္ဓာကိုယ်နှင့် သက်ဆိုင်သည့် နည်းစနစ်တစ်ခုဖြစ်သည်။ လှုပ်ရှားမှုတိုင်းတွင် လူ့ ခန္ဓာကိုယ်၏ စွမ်းအားကို အမြင့်ဆုံးအထိ ထုတ်ဖော်ပေးနိုင်သည်။

ဘန်း…။

သို့သော် ဤအခိုက်အတန့်တွင် လှိုင်းလုံးကြီးတစ်ခု ထပ်မံထွက်ပေါ်လာသည်။

ချင်ယွင်၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး၊ သူ့ခွန်အားအားလုံးကို စုစည်းကာ၊ ရှေ့ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်သည် ချင်ယွင်၏တိုက်ခိုက်မှုကို ကြာမြင့်စွာ ကတည်းက မျှော်လင့်ထားပုံရသည်။ သူသည် ခေါင်းကို အနည်းငယ် စောင်းပြီး ချင်ယွင်၏ လက်သီးကို ရှောင်တိမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင်, ချင်ယွင်၏ ရင်ဘတ်ကို တံတောင်ဖြင့် တိုက်ခိုက်လိုက်သည်။

"ဘုန်း"

ပေါက်ကွဲထွက်လာသော စွမ်းအားတစ်ခုက ချင်ယွင်၏ နှလုံးသားထဲတွင် ပေါက်ကွဲသွားပြီး အဆုံးမရှိ နာကျင်မှုကို ခံစားလာရသည်။

ချင်ယွင်သည် ချက်ချင်းပင် ပုဇွန်တစ်ကောင်ကဲ့သို့ ကွေးညွှတ်ပြီး နောက်သို့ ပျံသန်းသွားခဲ့ သည်။

ချင်ယွင်၏ ရင်ဘတ်မှတဆင့် ကြောက်မက်ဖွယ် အင်အားတစ်ခုသည် သူ့ခန္ဓာကိုယ်တစ်ခု လုံးဆီသို့ ပျံ့နှံ့သွားသည်။

ဘန်း..။

ချင်ယွင်၏ ရင်ဘတ်ပေါ်ရှိ အကြေးခွံများသည် လုံးဝ မမှတ်မိနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ချက်ခြင်း ကွဲကြေသွားကာ သူ့တစ်ကိုယ်လုံး ရွှံ့နွံများကဲ့သို့ အဝေးသို့ ပြုတ်ကျကာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

ပြင်းထန်သော ဝေဒနာက သူ့နှလုံးကို ထိုးဖောက်လိုက်သည့်အလား ချင်ယွင်ကို အလွန်မင်း သနားစဖွယ်နားကျင်မူကို ခံစားရစေသည်။

သူတို့အဆင့်မှာဆို, သူတို့၏စိတ်စွမ်းအားသည် အလွန်မင်း သန်မာနေပြီး ဖြစ်သော်လည်း, ခန္ဓာကိုယ်အတွင်း အရိုးကျိုးခြင်းက အလွန်မင်း နာကျင်နေရဆဲပင်။

'"မင်းရဲ့ တုံ့ပြန်မှုနဲ့ ခွန်အားက အရမ်းအားနည်းတယ်။ သတ်ဖြတ်ခြင်းနည်းတစ်ထောင်မှာ စုစုပေါင်း လှုပ်ရှားမှု (သိုင်းကွက်) တစ်ထောင် ရှိတယ်။ သိုင်းကွက်တစ်ခုစီက မည်သူ့ကို မဆို သတ်ဖြတ်ဖို့ လုံလောက်တယ်။ မင်းက နှစ်ကွက်တည်းနဲ့ ရှုံးနိမ့်သွားခဲ့ပြီ။ မင်းက ငါ့ရဲ့ သတ်ဖြတ်ခြင်းနည်းတစ်ထောင်ကို သင်ယူဖို့ အားနည်းနေပုံရတယ်။" အဝတ်အစား လွှမ်းခြုံထားသည့် လူငယ်က တိုက်ခိုက်တာကို ရပ်လိုက်ပြီး ချင်ယွင်ကို ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် ခါးသီးဖွယ် အပြုံးကို ထုတ်ဖော်လိုက်မိပါသည်။

ယခုလေးတင်, အဝတ်အစားလွှမ်းခြုံထားသည့် ထိုလူငယ်၏ လှုပ်ရှားမှုများသည် အရမ်းကို ရိုးရှင်းသော်လည်း သူ၏စွမ်းအားနှင့် တုံ့ပြန်မှုအရှိန်ဟုန်က ချင်ယွင် ယှဉ်နိုင်သည့်အရာ မဟုတ်ခဲ့ပါဘူး။ ထို့အပြင်၊ ထုတ်ဖော်လိုက်သော သူ၏ခွန်အားများကို အလေလွင့်မရှိ ပြီးပြည့်စုံစွာ အသုံးပြုနိုင်ခဲ့သည်။ ဤအချက်တစ်ချက်တည်းမှာပင် ချင်ယွင်သည် အလွန်မင်း နိမ့်ကျနေသည်။

သို့သော်လည်း ချင်ယွင်၏ ခွန်အားသည် အဝတ်အစား လွှမ်းခြုံထားသည့် လူငယ်ထက် နိမ့်ကျသော်လည်း သူ၏ ပြန်လည်ကုစားနိုင်သည့် စွမ်းရည်မှာ အမှန်တကယ်ပင် အစွမ်း ထက်လှသည်။ တခဏအကြာတွင် ချင်ယွင်၏ ကွဲအက်နေသော အရိုးများသည် ပြန်လည် ကြီးထွားလာခဲ့သည်။

"ဒီဂျူနီယာရဲ့ခွန်အားက မကောင်းပေမယ့် ပြန်လည်ကုစားနိုင်စွမ်းကတော့ ကောင်းမွန်နေ ဆဲပါ။" ချင်ယွင်သည် မြေပြင်ပေါ်မှ မတ်တပ်ထရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်က လုံးဝ ပြန်လည် ကောင်းမွန်လာခဲ့သည်။

ထိုမြင်ကွင်းကို မြင်တော့ အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်သည် အံ့သြဟန် အမူအရာ ပေါ်လာသည်။ ချင်ယွင်၏ ပြန်လည်ကုစားနိုင်စွမ်းက သူ့ကို အံ့အားသင့်စေခဲ့ သည်။ သာမန် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် ထိုသို့သော တိုက်ခိုက်မှုမှ ပြန်လည်ကောင်းမွန်ရန် တစ်နာရီ သို့မဟုတ် နှစ်နာရီခန့် လိုအပ်ကြောင်း သိထားရမည် ဖြစ်သည်။ သို့သော်လည်း ချင်ယွင်သည် အနည်းငယ်မျှသာ အချိန်ယူခဲ့ရ သည်။

"စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းမှာ ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ကုသနိုင်တဲ့ စွမ်းရည်မျိုး ရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ကောင်စုတ်လေး၊ မင်း ငါ့ကို တကယ်ပဲ မတူညီတဲ့အမြင်မျိုး မြင်စေတာပဲ" အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်သည် မချီးကျူးဘဲ မနေနိုင်တော့။

ထိုစကားကိုကြားတော့ ချင်ယွင်သည် ပြုံးပြနေသော်လည်း သူ့မျက်လုံးများတွင် အရှုံးမပေးလိုသည့် တိုက်ခိုက်လိုစိတ် ဖြစ်ပေါ်လာသည်။

"မင်း တိုက်ခိုက်လိုစိတ်က အရမ်းကောင်းနေမှတော့ ငါ စိတ်သက်သာရာ ရသွားပြီ။ နောက်ပိုင်း သတ်ဖြတ်ခြင်းနည်းတစ်ထောင်ရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို ငါ မင်းကို ခံစားခွင့် ပေးမယ်။" အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်က ပြောသည်။ သူပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသတ်ဖြတ်လိုစိတ်သည် တကယ်အစစ်မှန်တိုင်း အသက်ရှုမဝနိုင်အောင် ဖိနှိပ်ချုပ်ချယ် လွန်းလှသည်။

ဘန်း…။

အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်၏ရုပ်အသွင်သည် တစ်ဖန် လှုပ်ရှားသွားပြီး၊ လေဟာနယ်အတွင်း၌ မိုးကြိုးမုန်တိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ချင်ယွင်သည် သူ့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပုံရိပ်တစ်ခု ပျံသန်းလာသည်ကို တွေ့လိုက်ရ သည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ့မျက်လုံးများသည် ချက်ချင်းပင် လေးနက် လာသည်။

သူ၏ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုးစွမ်းအားကို အရူးအမူး စုစည်းလိုက်ပြီး၊ လေဟာနယ် စွမ်းအားက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် လေဟာနယ်ကြေးမှုန်အဖြစ် ချက်ချင်း ဖွဲ့စည်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် အဖြူရောင် ကျောက်စိမ်း နတ်ဘုရားလျှပ်စီးကိုဆင့်ခေါ်ပြီး သူ့လက်ဖဝါးကို ဖုံးအုပ်ကာ အချိန်မရွေး တိုက်ခိုက်နိုင်ရင် ပြင်ဆင်လိုက်သည်။

"ဒီမှာ"

ချင်ယွင်၏ သူငယ်အိမ်များသည် ချက်ခြင်း ကျုံ့သွားကာ သူ့အကြည့်များသည် ချက်ချင်း ပင် စူးရှလာခဲ့သည်။ သူ့လက်ကို ဓားအဖြစ်အသုံးပြုပြီး ဘယ်ဘက်ခြမ်းကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

"ဘန်း.."

ချင်ယွင်၏ နတ်ဘုရားလျှပ်စီးလက်ဖဝါး ဓားကြောင့် လေဟာနယ်သည် ချက်ချင်း ကွဲသွား ကာ ဘယ်ဘက်ရှိ အနက်ရောင်ပုံရိပ်ဆီသို့ ပြင်းထန်စွာ ဖြတ်သန်းသွားခဲ့သည်။

ယခုအခါ ချင်ယွင်သည် လေဟာနယ်၏ စွမ်းအားကို ကျွမ်းကျင်လာသောကြောင့် လေဟာနယ်ဆိုင်ရာ အပြောင်းအလဲများကို အလွန်အမင်း အာရုံခံစားနိုင်ခဲ့သည်။ စွမ်းအင်လှိုင်း အနည်းငယ် အတက်အကျရှိနေသရွေ့, သူသည် လျင်မြန်စွာ သိရှိနိုင်သည်။ အခုလေးတင်၊ သူသည် သူ့ဘယ်ဘက်ခြမ်းမှာ လေဟာနယ် စွမ်းအင် အတက်အကျလှိုင်း ရှိနေသည်ဟု ခံစားမိသည့်အတွက်, သူသည် ဘယ်ဘက်ခြမ်းကို တိုက်ခိုက်ရန် တွန့်ဆုတ် မနေခဲ့ပါဘူး။

ဘန်း…။

သို့သော် ချင်ယွင်၏ နတ်ဘုရားလျှပ်စီး လက်ဖဝါးဓားသည် လေဟာနယ်ကို ဖြတ်သန်းသွား ပြီးနောက်၊ အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့ပြီး အနက်ရောင်ရုပ်အသွင်ကို မထိမှန်ခဲ့ ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအနက်ရောင်ရုပ်အသွင်သည် ချင်ယွင်၏ရှေ့တွင် သရဲတစ္ဆေလို ပေါ်လာသည်။

"သတ်ဖြတ်ခြင်းနည်းတစ်ထောင်ရဲ့ တတိယမြောက် သိုင်းကွက်၊ အရိပ်တစ်ထောင် စိတ်ဝိညာဉ်!"

အသံနက်ကြီးတစ်ချက် ထွက်ပေါ်လာသည်နှင့်အမျှ ပုံရိပ်ယောင် လက်ဖဝါး တစ်ဖက်က ချင်ယွင်၏ မေးစေ့ကို ချက်ချင်း ရိုက်ချလိုက်သည်။

"ဘန်း.."

ထိုလက်ဖဝါးရိုက်ချက်ကြောင့် ချင်ယွင်၏တစ်ကိုယ်လုံးသည် ချက်ချင်းပင် နောက်ပြန် ဆုတ်သွားသည်။ သူ့ပါးစပ်ထဲက သွားတွေအကုန် ပြုတ်ကျပြီး လတ်ဆတ်သော သွေးများ လွင့်ထွက်သွားခဲ့သည်။

ထိုလက်ဖဝါးရိုက်ချက်သည် ချင်ယွင် သတိမမူမိခင်မှာ, ရောက်ရှိလာခဲ့ပြီး၊ လက်ဖဝါး ရိုက်ချက်၏ အစွမ်းမှာလည်း အလွန်ကြီးမားသည်။ ၎င်းသည် ချင်ယွင်၏ မေးစေ့အရိုး တစ်ခုလုံးကို ကြေကွဲသွားစေခဲ့သည်။

"မပြီးသေးဘူး၊ သတ်ဖြတ်ခြင်းနည်းတစ်ထောင်ရဲ့ စတုတ္ထမြောက် သိုင်းကွက် တိတ်တဆိတ် တိုက်ခိုက်ခြင်း" အဝတ်အစား လွှမ်းခြုံထားသည့် လူငယ်သည် ချင်ယွင်၏ ဝမ်းဗိုက်ကို အမြောက်ကျည်ကဲ့သို့ ပြင်းထန်စွာ ရိုက်ချလိုက်သဖြင့် ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

"ဘုန်း.."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ချက်ခြင်းပင် မြေပြင်ပေါ်သို့ ပစ်ကျသွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွား ခဲ့သည်။

မြေပြင်သည် ပေါက်ကွဲသွားပြီး၊ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ချင်ယွင်သည် ရွှံ့စေးတုံးကဲ့သို့ တွင်းနက်ထဲတွင် တစ်ဖန် လဲလျောင်းနေပြန်သည်။ ယခုတစ်ကြိမ်မှာတော့ သူ့တစ်ကိုယ်လုံးမှာရှိသည့် အရိုးတွေ ကျိုးသွားရုံတင်မကဘဲ, အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်၏ တိုက်ခိုက်မှုကြောင့် သူ့ခန္ဓာကိုယ်ပေါ်က ကြွက်သားတွေတောင် ကြေမွသွားခဲ့သည်။

"ဘယ်လောက်တောင် ပြင်းထန်တဲ့ တိုက်ခိုက်မှုကြီးလဲ။ ဒီလို ရိုးရှင်းတဲ့ လှုပ်ရှားမှုက ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားကို ဘယ်လိုလုပ် ပြသနိုင်မလဲ။" ချင်ယွင်သည် တွင်းနက်အလယ်မှာ လဲလျောင်းနေရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

သူ့စိတ်ထဲတွင် အစောပိုင်းက အဝတ်အစားလွှမ်းခြုံထားသည့် လူငယ် လုပ်ဆောင်ခဲ့သည့် လှုပ်ရှားမူတိုင်းကို အသေးစိတ် တစ်ချက်မှ မလွှတ်မခံဘဲ အဆက်မပြတ် ပြန်စဉ်စားနေခဲ့ သည်။

အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်သည်လည်း ဤမြင်ကွင်းကို မြင်သောအခါတွင် ပြုံးလိုက်သည်။ သူသည် ချင်ယွင်၏ တွေးတောနေမှုကို မနှောက်ယှက်ခဲ့ပါဘူး။

အကယ်၍, သူသည် ချင်ယွင်ကို သတ်ချင်သည်ဆိုလျှင် လှုပ်ရှားပြီးသား ဖြစ်ပေလိမ့်မည်။ အခခု မလှုပ်မရှားဖြစ်ရသည့် အကြောင်းရင်းမှာ ချင်ယွင်ကို သတ်ဖြတ်ခြင်း နည်းတစ်ထောင်ကို သင်ကြားလိုသောကြောင့် ဖြစ်သည်။

ချင်ယွင်သည် ထိုသိုင်းကွက်များအတွင်းရှိ နက်နဲသော အရာများကို နားလည်နိုင်စွမ်း ရှိမရှိနှင့် ပတ်သက်၍မူ, ထိုအရာက ချင်ယွင်၏ ကံကြမ္မာအပေါ် မူတည်ပါသည်။

ချင်ယွင်သည် နက်ရှိုင်းသော တွင်းနက်ကြီးထဲတွင် လဲလျောင်းနေပြီး သူ့ခန္ဓာကိုယ်သည် အဆက်မပြတ် ပြန်လည်ကောင်းမွန်နေသော်လည်း အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်များ၏ လှုပ်ရှားမှုများတွင် သူ့စိတ်က လုံး၀ နစ်မြုပ်နေခဲ့သည်။

လက်ရှိအချိန်ကို အာရုံစိုက်ထားရင်း, ချင်ယွင်၏ စိတ်ထဲတွင် အဆက်မပြတ် ပြောင်းလဲနေ ပြီး ထိုလှုပ်ရှားမှုများ၏ နက်နဲမှုများကို စူးစမ်းရှာဖွေနေခဲ့သည်။

All Chapters