အခန်း ၁၅၃၇
Vol. 103 Ch. 1537
အခန်း (၁၅၃၇) ပြစ်ဒဏ်ခတ်ခြင်း။
အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်သည် ဧရာမတွင်းနက်ကြီးဘေးတွင် ရပ်နေဆဲ ဖြစ်သည်။ သူသည် လှုပ်ရှားရန် အလျင်လိုခြင်းမရှိဘဲ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
တစ်ဖက်တွင်မူ, ချင်ယွင်သည် စဉ်းစားဆင်ခြင်မူအတွင်းမှာ အပြည့်အဝ နစ်မြှုပ်နေခဲ့ပြီး၊ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကိုပင် ငြိမ်သက်သွားစေသည်အထိ ရှားပါးမြင်ကွင်း ဖြစ်သည်။
"အယ်, ဘာလို့ လှုပ်လှုပ်ရှားရှား မရှိတော့တာလဲ။ ဦးလေးရော သေသွားပြီလား" မိုင်သုံးရာဝေးသောအရပ်မှာ, ကျိုးဟုန်ရွှဲ့သည် ချင်ယွင်ကို စိုက်ကြည့်နေရင်း မျက်လုံးကို ပြူးကျယ်စွာ ဖွင့်ကာ သံသယစိတ်ဖြင့် မေးလိုက်သည်။
"ခွပ်.."
ဟုတ်ပါသည်, သူမစကားဆုံးသည်နှင့် ကျိုးလင်က သူမကို တိုက်ရိုက် ခေါင်းခေါက်လိုက်ပါ သည်။
"မင်းဦးလေး မကောင်းကြောင်း မပြောနဲ့။ သူ အဆင်ပြေနေလိမ့်မယ်။" ကျိုးလင်က ဒေါသထွက်ဟန်ဆောင်သည်။
"မှန်တယ်။ ငါမသေသေးဘူးဆိုတော့ သခင်လည်း မသေသေးဘူးလို့ ဆိုလိုတာပဲလေ" လိပ်နက်က ပြောသည်။
သူတို့စကားကြားတော့ ကျိုးဟုန်ရွှဲ့သည် ချက်ချင်းပင် နှုတ်ခမ်းစူပြီး, လျှာထုတ်ပြကာ၊ ချစ်စရာကောင်းပြီး ရယ်စရာကောင်းသော အမူအရာတစ်ခုကို ဖော်ပြလိုက်သည်။
သို့သော်လည်း ကျိုးလင်က တခြားဘာမှ မပြောတော့ပေ။ ယင်းအစား၊ သူမသည် ချင်ယွင်၏ ဦးတည်ရာဆီသို့ ဆက်လက် ကြည့်နေခဲ့ပြီး သူမ၏ မျက်လုံးများသည် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
"စိတ်မပူပါနဲ့။ သူအဆင်ပြေမှာ သေချာပါတယ်။" ကျိုးယွမ်သည် ကျိုးလင်၏ အတွေးများ ကို မြင်ပြီး သူမကို နှစ်သိမ့်ပေးချင်ပုံရသည်။
ကျိုးလင်က ခေါင်းညိတ်ပြသော်လည်း သူမ၏ မျက်လုံးများတွင် စိုးရိမ်မှုက လုံးဝ လျော့မသွားခဲ့ပေ။
"ခင်ပွန်း၊ ရှင် တောင့်ခံနိုင်ရမယ်။" ကျိုးလင်သည် သူမနှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။
…
ထိုအချိန်တွင် ချင်ယွင်သည် တွင်းနက်ထဲတွင် လဲလျောင်းနေသေးသော်လည်း သူသည် အံ့သြဖွယ်အခြေအနေသို့ ဝင်ရောက်နေခဲ့သည်။
ဘန်း..။
ချင်ယွင်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့မျက်လုံးများမှ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာသည်။
“ငါ နားလည်ပြီ။ ဒါဆို ဒါက ဒီလိုပေါ့။ ဒီသတ်ဖြတ်ခြင်းနည်းတစ်ထောင်က သိုင်းပညာရပ် တစ်ခုလို့ထင်ရပေမယ့် တကယ်တော့ သိုင်းပညာရဲ့ အစစ်အမှန် အဓိပ္ပာယ်တွေ ပါရှိနေ တယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ထိုအချိန်တွင်၊ သူသည် တာအို၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ရန် ကနဦးအဆင့်ကို ထိတွေ့လိုက်ပုံရပြီး သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပာယ်အဆင့်သို့ လှမ်းနိုင်လုနီးပါးပင်။
အကယ်၍, သူသည် နောင်ပိုင်းတွင် ပိုမိုဆင်ခြင်မည်ဆိုလျှင်၊ ဤသိုင်းပညာရပ်၏ နတ်ဘုရားစွမ်းရည်ကို အားကိုးရုံဖြင့်, သူသည် ဤသိုင်းပညာရပ်၏ နတ်ဘုရားစွမ်းရည်ကို သေချာပေါက် နားလည်သဘောပေါက်နိုင်လိမ့်မည်ဟု ချင်ယွင်က ယုံကြည်ခဲ့သည်။
"စိတ်ဝင်စားစရာပဲ။ မင်းရဲ့ထိုးထွင်းသိမြင်မူက ငါထင်ထားတာထက် အများကြီး ပိုခိုင်မာ နေပုံရတယ်။ သိုင်းပညာရဲ့ စစ်မှန်တဲ့ အနှစ်သာရရဲ့ တံခါးခုံ(ကနဦးအဆင့်)ကို ဒီလောက် မြန်မြန် ထိတွေ့နိုင်တယ်။ ဒါက ငါ့ကို တကယ်ကို အံ့သြစေတယ်။ အဲဒီတုန်းကဆို, လက်ရှိ မင်းရဲ့ အနေထားမျိုးရဖို့ ငါ့မှာ နှစ်တစ်ထောင်တောင် အချိန်ယူခဲ့ရတယ်။" အဝတ်အစား လွှမ်းခြုံထားသည့် လူငယ်က ရိုးသားစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ချင်ယွင်၏ စွမ်းဆောင်မှုကြောင့် သူ အလွန်အံ့အားသင့်သွားရသည်။
ချင်ယွင်သည် ထိုအချိန်တုန်းက သူ ပြီးမြောက်အောင်မြင်ရန် အနှစ်တစ်ထောင် အချိန်ယူခဲ့ရသော အရာကို ပြီးမြောက်ရန်အတွက် ခဏသာ အချိန်ယူခဲ့ရသည်။ အကယ်၍, ဤသတင်းသာ ပျံ့နှံ့သွားမည်ဆိုလျှင်, ကြားရသူတိုင်း ထိတ်လန့်သွားမည်မှာ သေချာပါ သည်။
"စီနီယာ၊ စီနီယာက ကျွန်တော့်ကို အရမ်းချီးကျူးနေပါပြီ။ အဲဒီတုန်းက စီနီယာက ကိုယ်တိုင် ဒီနတ်ဘုရားစွမ်းရည်ကို ဖန်တီးပြီး သိုင်းပညာရဲ့ စစ်မှန်တဲ့အနှစ်သာရအဆင့်ကို နားလည်ခဲ့တာလေ။ ဒါပေမယ့်, အခု ကျွန်တော်က စီနီယာရဲ့နားလည်မူအပေါ် အခြေခံပြီး နားလည်သွားတာပါ။ ဒါကြောင့် စီနီယာထက် အများကြီး ပိုလွယ်နေတာပါ။ နောက်ပြီး ကျွန်တော်က ဘာအောင်မြင်မူမှ မရှိခဲ့ဘူး။ သိုင်းပညာရဲ့ အနှစ်သာရအဆင့်ကို တကယ် မတက်လှမ်းနိုင်ခဲ့ပါဘူး။" ချင်ယွင်က နှိမ့်ချစွာ ပြောသည်။
ချင်ယွင်၏စကားကို ကြားသောအခါ အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်က ခေါင်းယမ်းလိုက်သည်။
ချင်ယွင်၏ စကားများသည် ကျိုးနွံနေခြင်းဖြစ်ကြောင်း သူသိသည်။ သူသည် အစောပိုင်းက ချင်ယွင်ကို သတ်ဖြတ်ခြင်းနည်းတစ်ထောင်ဖြင့် တိုက်ခိုက်ရုံသာ တိုက်ခိုက်ခဲ့ပြီး၊ တစ်ကြိမ် သာ အသုံးပြုဖူးသည်။ တခြားသူတွေဆို နားလည်ရန်မဆိုထားနှင့် သူ့လှုပ်ရှားမှုတွေကို တောင် မှတ်မိနိုင်မှာ မဟုတ်ပါဘူး။
ယခု သူသည် ယခုလက်ရှိ အသုံးပြုခဲ့သော သိုင်းကွက်လေးခုဖြင့် သိုင်းပညာ၏ စစ်မှန်သော အနှစ်သာရအဆင့်သို့ တက်လှမ်းနိုင်နီးပါး ဖြစ်ခဲ့သည်။ ဤအချက်က သန်းနှင့်ချီသည့် လူတွေကြားမှာပင် ရှားပါးသည့် ပါရမီရှင်တစ်ဦး ဖြစ်မည်မှာ သေချာပါသည်။
"တကယ်လို့, ဒီကောင်လေးသာ ငါ့အမွေနှစ်ကို အမှန်တကယ် ရရှိနိုင်ခဲ့ရင် ငါအဝတ်ထည် ဘိုးဘေးနတ်ဘုရားက ဒီတစ်သက်မှာ နောင်တရစရာ မရှိတော့ပါဘူးလေ။" အဝတ်အစား လွှမ်းခြုံထားသည့် လူငယ်က သူ့စိတ်ထဲ သက်ပြင်းချလိုက်သည်။
ချင်ယွင်သည် အလွန်ပင် ထက်မြက်သည်ကို မြင်လိုက်ရသဖြင့်၊ သူသည် ချင်ယွင်၏ နားလည်နိုင်စွမ်းနှင့်ဆိုပါက, သူ၏ နတ်ဘုရားစွမ်းရည်အားလုံးကို သင်ကြားပေးနိုင်မည်ဟု ပို၍ပင် မျှော်လင့်လာမိပါသည်။
သို့သော် ယခုအချိန်တွင် သူသည် အခွင့်အရေး မရှိခဲ့ပေ။ သူသည် သူ့စိတ်ဝိညာဉ်၏ ကိုယ်ပွားတစ်ခုသာဖြစ်ပြီး သူ၏တာဝန်မှာ ချင်ယွင်ကို သတ်ရန်ဖြစ်ပြီး၊ ဤသတ်ဖြတ်ခြင်း နည်းတစ်ထောင်ကို ချင်ယွင်အား တစ်ကြိမ်ပြီး တစ်ကြိမ်ပြသနေရန် အချိန်မရှိပေ။
"ကောင်စုတ်လေး, မင်းကို ငါ့တပည့်အဖြစ် လက်မခံနိုင်လို့ စိတ်မကောင်းပါဘူး။ မင်းက ဒီ သတ်ဖြတ်ခြင်းနည်းတစ်ထောင်ကို အရမ်းကိုစိတ်ဝင်စားရဲတဲ့အထိ သတ္တိကောင်းနေမှ တော့, မင်းကို ဒီသတ်ဖြတ်ခြင်းနည်းတစ်ထောင်ကို ငါသင်ကြားပေးမယ်။" အဝတ်အစား လွှမ်းခြုံထားသည့် လူငယ်သည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံရပြီး ရုတ်တရက် အခိုင်အမာ ပြောလိုက်သည်။
"အယ်၊ စီနီယာ၊ စီနီယာက အခု ဘယ်သူလဲ" ချင်ယွင်က စိတ်ဝင်တစား မေးသည်။
"ကောင်စုတ်လေး, အခုချက်ချင်း ငါ့ရှေ့ကို လာခဲ့ပါ။ ဒီသတ်ဖြတ်ခြင်းနည်းတစ်ထောင်ရဲ့ သိုင်းကွက်အားလုံးကို မင်းစိတ်ထဲ ပို့ဆောင်ပေးမယ်။" အဝတ်အစား လွှမ်းခြုံထားသည့် လူငယ်က ပြောသည်။
"ဒါပေမယ့်, စီနီယာ မလုပ်ချင်ဘူးလား..." ချင်ယွင်က အံ့အားသင့်စွာ မေးပြန်သည်။
အဝတ်အစားလွှမ်းခြုံထားသည့် ဤလူငယ်သည် အဝတ်အထည် ဘိုးဘေးနတ်ဘုရား ငယ်၏ စိတ်ဝိညာဉ် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်, သူ၏ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခအတွက် သူ့ကို ကောင်းကင်ဘုံတန်ခိုးအစွမ်းမှ ဖန်တီးခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ ချင်ယွင်ကို သတ်ပစ်ရန် ဖြစ်သည်။
အကယ်၍, အဝတ်ထည် ဘိုးဘေးနတ်ဘုရားသည် ထိုကဲ့သို့ မပြုလုပ်ခဲ့ဘူးဆိုလျှင်, သူသည် ကောင်းကင်ဘုံတန်ခိုးအစွမ်းကြောင့် အပြစ်ပေးခံရလိမ့်မည်။ ထိုအချိန်တွင်၊ သူ၏ နတ်ဘုရားစိတ်ဝိညာဉ် အမှတ်သားသည် အလွန်ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်း နှိပ်စက်ခြင်းကို ခံရမည်ဖြစ်ပြီး၊ သူသည် ဘယ်တော့မှ အသက်ရှင်သန်မူကို ဖြတ်ကျော်နိုင် စွမ်း ရှိတော့မည် မဟုတ်ပေ။
"ဒါက အဆင်ပြေပါတယ်။ ငါက နတ်ဘုရားစိတ်ဝိညာဉ်အမှတ်သား အမျှင်တန်းတစ်ခု ဖြစ်နေပြီးသားလေ။ ကောင်းကင်ဘုံရဲ့ပြစ်ဒဏ်ပေးကို ခံရရင်တောင်မှ အဲဒါက ငါ့အပေါ် သက်ရောက်မှု သိပ်မရှိပါဘူး။ အခု ငါလုပ်ချင်တာက မင်းကို ဒီ သတ်ဖြတ်ခြင်းနည်း တစ်ထောင်အားလုံးကို သင်ကြားပေးဖို့ပဲ။ မင်း ငါ့ကို အရှက်မခွဲဘူးလို့တော့ ငါ မျှော်လင့် တယ်” အဝတ်အထည် ဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွားက အခိုင်အမာ ပြောသည်။
ထိုစကားကိုကြားတော့ ချင်ယွင်၏စိတ်နှလုံးသည် ပြင်းထန်သည့် ခံစားချက်တစ်ခုနှင့် အတူ ခုန်သွားခဲ့ပြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ၊ ဒီဂျူနီယာက စီနီယာရဲ့ မြင့်မားတဲ့ မျှော်လင့်ချက်တွေနဲ့အတူ သေချာပေါက် ဒီသတ်ဖြတ်ခြင်းနည်းတစ်ထောင်ကို ရှေ့ဆက်လျှောက် သယ်ဆောင်သွားပါ့မယ်။" ချင်ယွင်က လေးနက်စွာ ပြောလိုက်ပြီး အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်ဆီသို့ တိုက်ရိုက် လျှောက်သွားသည်။
အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်သည် ထိုစကားကိုကြားသောအခါ အလွန် ကျေနပ် အားရဖွယ်အပြုံးကို ထုတ်ဖော်လာသည်။
ထို့နောက် သူ၏အမူအရာသည် လေးနက်လာပြီး သူ၏လက်ဖဝါးမှ ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ချင်ယွင်သည် သူ့စိတ်ထဲတွင် ပြင်းထန်သော စွမ်းအားတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ချင်ယွင်၏ ခေါင်းထဲသို့ အားကောင်းသည့် မှတ်ဉာဏ်တစ်ခု တိုးလာသည်။
ချင်ယွင်၏စိတ်သည် ချက်ချင်းပင် သိုင်းကွက်အများပြားနှင့်အတူ အသိဥာဏ်များစွာကို ရရှိလာခဲ့သည်။ ဤသိုင်းကွက်များသည် အတိအကျအားဖြင့် သတ်ဖြတ်ခြင်းနည်း တစ်ထောင်၏ လှုပ်ရှားမှုများပင် ဖြစ်သည်။
"ဘုန်း"
အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်သည် ချင်ယွင်ကို သူ့ပညာရပ် အမွေအနှစ်ကို လွှဲပြောင်းပေးနေချိန်မှာ, ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံတစ်ခုက ကောင်းကင်ယံရှိ တိမ်မည်းများကြားမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဤမိုးခြိမ်းသံသည် ကောင်းကင်ဘုံတန်ခိုးသည် အပြင်းအထန် ဒေါသပုန်ထနေသည့် အလား အလွန်မင်း ကျယ်လောင်လွန်းသည်။ အဘယ့်ကြောင့်ဆိုသော် အဝတ်အစား လွှမ်းခြုံထားသည့် လူငယ်၏လုပ်ရပ်သည် သူချမှတ်ထားသော စည်းကမ်းများကို ချိုးဖောက်နေသောကြောင့် ဖြစ်သည်။
သို့သော် အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်သည် လုံးဝ နောင်တမရခဲ့ပါ။ ကောင်းကင်ယံမှ ထိုကြောက်စရာကောင်းသည့် မိုးခြိမ်းသံကို သူ လုံးဝ မကြောက်ခဲ့ပါဘူး။ သူသည် ချင်ယွင်ကို စိတ်နှလုံးအကြွင်းမဲ့ အမွေဆက်ခံခိုင်းနေခဲ့ပြီး၊ သတ်ဖြတ်ခြင်း နည်းတစ်ထောင်နှင့်ပတ်သက်သည့် သိုင်ကွက်များစွာကို တတ်နိုင်သမျှ သင်ကြားပေးနေ ခဲ့သည်။
ဘန်း…။
သို့သော် ထိုအချိန်တွင် ကောင်းကင်ယံမှ အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းကြိးသည် အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်များကို တိုက်ရိုက် လွှမ်းခြုံထားသည်။
အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်၏မျက်နှာသည် နာကျင်သော အမူအရာတစ်ခုကို ချက်ချင်း ဖော်ပြလိုက်သော်လည်း ချင်ယွင်၏နဖူးကို ဖိထားသည့် သူ့လက်ကို မလွှတ်သေး ပေ။
"ငါတို့ သုံးကွက်ပဲ ကျန်တော့တယ်။ မြန်မြန်!" အဝတ်ထည် ဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွားက ချင်ယွင်အတွက် အမွေနှစ်ကို အသဲအသန် ပို့လွှတ်ရင်း အော်ဟစ်လိုက်သည်။
"ဘုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ ခေါင်းထဲမှ နတ်ဘုရားအလင်းတစ်ခု ထွက်ပေါ်လာပြီး နောက်ဆုံးတွင်, ၎င်းသည် ချင်ယွင်၏ စိတ်ထဲသို့ လုံးဝ စိမ့်ဝင်သွားခဲ့ သည်။
ဤအခိုက်အတန့်တွင်၊ သတ်ဖြတ်ခြင်းနည်းတစ်ထောင်၏အမွေနှစ် မှတ်ဉာဏ်များအားလုံး သည် ချင်ယွင်၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာမှာ တောက်ပသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သို့သော် သူပြီးဆုံးသွားသည်နှင့်ပင် သူ၏အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး အလွန်မင်း ကြောက်ရွှံ့လာခဲ့သည်။
ထို့နောက်တွင်၊ အဝတ်အစားလွှမ်းခြုံထားသည့် လူငယ်၏ ခန္ဓာကိုယ်သည် လေထဲတွင် လုံးဝ ပျက်သုဉ်းသွားကာ ဤတန်ခိုးကြီးသော နတ်ဘုရားအလင်းရောင်ကြောင့် တိုက်ရိုက် ပြိုကွဲသွားခဲ့သည်။
ဤမြင်ကွင်းကိုမြင်သောအခါ ချင်ယွင်သည် မျက်ခုံးတွန့်သွားခဲ့သည်။ သူသည် အဝတ်အစား လွှမ်းခြုံထားသည့် လူငယ် ပျောက်ကွယ်သွားသည့်နေရာကို ကြည့်လိုက်ရင်း နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရပြီး၊ သူ့မျက်လုံးများက ဝမ်းနည်းကြေကွဲမူများဖြင့် ပြည့်နေခဲ့ သည်။