အခန်း ၁၅၃၈
Vol. 103 Ch. 1538
အခန်း (၁၅၃၈) ရှေးဟောင်းစိတ်ဝိညာဉ်နဂါး
အဝတ်ထည်ဘိုးဘေးနတ်ဘုရားသည် ချင်ယွင်အား သူ၏ပြိုင်ဘက်ကင်း နတ်ဘုရား စွမ်းရည်အားလုံးကို လွှဲပြောင်းပေးပြီး ကောင်းကင်ဘုံ၏ အပြစ်ဒဏ်ပေးမူခံယူရင်း ပျက်သုဉ်းသွားခြင်းကို ပို၍နှစ်သက်ခဲ့သည်။ ချင်ယွင်သည် ဤလုပ်ရပ်ကြောင့် အလွန်ပင် ရင်ထဲ ထိသွားခဲ့ရသည်။
သူသည် နတ်ဘုရားစိတ်ဝိညာဉ်အမှတ်သား၏ ကြိုးမျှင်မျှသာ ဖြစ်သော်လည်း၊ ကောင်းကင်ဘုံတန်ခိုး၏ အပြစ်ဒဏ်ပေးခံရခြင်း၏ ကံကြမ္မာသည် အလွန်တရာမှ သနားစရာကောင်းလှပြီး၊ ၎င်းသည် ထာဝရဘေးဆိုးကြီးပင် ဖြစ်နိုင်ပါသည်။
သို့သော် ချင်ယွင်မှာလည်း နည်းလမ်းမရှိပေ။ ကောင်းကင်ဘုံတန်ခိုးကို တွန်းလှန်ဖို့ကို မဆိုထားနှင့်၊ သူသည် ကောင်းကင်ဘုံတန်ခိုး၏ ဖိနှိပ်မှုမှ ရှင်သန်လွတ်မြောက်နိုင်ဖို့ပင် ပြောရန်ခက်နေသေးသည်။ ထို့ကြောင့် သူသည် အဝတ်ထည် ဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွား အသတ်ခံရချိန်တွင် ကူကယ်ရာမဲ့ ကြည့်နေရုံသာ တတ်နိုင်ခဲ့ပါသည်။
"စီနီယာ၊ ကျွန်တော် စီနီယာရဲ့ သတ်ဖြတ်ခြင်းနည်းတစ်ထောင်ကို သေချာပေါက် အရှက်ရ အောင်မလုပ်ပါဘူး။ သိုင်းပညာရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကိုနားလည်နိုင်တဲ့အထိ ရှေ့ဆက် လျှောက်လှမ်းပါ့မယ်။" ချင်ယွင်က သူ့ကိုယ်သူ သူ့နှလုံးသားထဲမှာ အခိုင်အမာ ရေရွတ် လိုက်ပြီး သူ့မျက်လုံးတွေက ဆုံးဖြတ်ချက် ပြတ်သားမူများဖြင့် ပြည့်နေခဲ့ပါသည်။
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် အဝတ်ထည် ဘိုးဘေးနတ်ဘုရား ပျောက်ကွယ်သွား သည့် နေရာသို့ လေးလေးနက်နက် ဦးညွှတ်လိုက်ပါသည်။
အဝတ်ထည် ဘိုးဘေးနတ်ဘုရားသည် သူ့ဆရာတစ်ဝက်နှင့် ညီမျှသည့် ဒီသတ်ဖြတ်ခြင်း နည်းတစ်ထောင်ကို သင်ကြားပေးခဲ့တယ်။ ထို့ကြောင့် ချင်ယွင်သည် အဝတ်ထည် ဘိုးဘေး နတ်ဘုရားအား လေးစားသင့်ပါသည်။
ချင်ယွင် ဝမ်းနည်းနေစဉ်မှာ, ကောင်းကင်ပေါ်က နောက်ဆုံး ဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွားက ပြောသည် "မှန်တယ်၊ မင်းက ကျေးဇူးတရားကို သိတတ်တယ်။ ဒီတစ်ချက်နဲ့တင်၊ ဒီကောင် ချန်ဘူရီ လုပ်ခဲ့တာက ထိုက်တန်ပါတယ်"
ချင်ယွင်သည် ထိုအသံကိုကြားသောအခါ ခေါင်းမော့ပြီး ထိုဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွား၏ ဦးတည်ရာဆီကို လှမ်းကြည့်လိုက်သည်။
ဤနောက်ဆုံး ဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွားသည် ခရမ်းရောင်၀တ်စုံကို ၀တ်ဆင် ထားပြီး သူ၏ခန္ဓာကိုယ်သည် ခိုင်မာသော ဂုဏ်သိက္ခာကို သယ်ဆောင်ထားသည်။ သူ့တစ်ကိုယ်လုံးလည်း ထူးထူးခြားခြား တည်ငြိမ်လွန်ပြီး၊ ဒေါသမထွက်သော်လည်း ခွန်အားကြီးမားသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
"စီနီယာ!" ချင်ယွင် ရိုသေစွာ ဦးညွှတ်လိုက်သည်။
ဤနောက်ဆုံး ဘိုးဘေးနတ်ဘုရားငယ်၏ကိုယ်ပွားသည် ချင်ယွင်ကို အလွန်ရင်းနှီးသော ခံစားချက်ကို ပေးစွမ်းသည်။ ထိုခံစားချက်က သူ့သွေးများ၏ နက်ရှိုင်းဆုံးနေရာမှ လာသည့်အတိုင်း ခံစားရသော်လည်း မည်သည့်နေရာကလာမှန်း သူ မသိပေ။
သူ့ရှေ့က ခရမ်းရောင်ဝတ်လူငယ်သည် သူနှင့်မည်သို့မျှ မပတ်သက်ကြောင်း ချင်ယွင်သည် သေချာပေါက် သိထားသော်လည်း, သူ့ရှေ့က လူငယ်သည် သူ့ဦးလေးတစ်ယောက်လို ခင်မင်ရင်းနှီးပြီး သွေးရင်းသားရင်း ဆက်ဆံရေးမျိုး ရှိနေသည်ဟု ခံစားရသည်။
ထိုခံစားချက်က ချင်ယွင်ကို အရမ်းအံ့သြသွားစေသည်။ ထိုခရမ်းရောင်ဝတ်လူငယ်သည် သူနှင့်ထပ်တူ ထိုခံစားချက်မျိုး ရှိနေမလား သူ မသိပေ။ ထို့အပြင်, သူသည် တိုက်ရိုက်လည်း မမေးမြန်းချင်ပါဘူး။
"ကောင်စုတ်လေး၊ မင်းက ငါ့ကို အရမ်းရင်းနှီးတယ်လို့ ခံစားနေရတာလား။" သို့သော် ချင်ယွင်သည် သူ့စိတ်ထဲတွင် ဆန့်ကျင်ဘက်ဖြစ်နေချိန်မှာ ကောင်းကင်ယံမှ ခရမ်းရောင် ဝတ် လူငယ်လေးသည် ရုတ်တရက် စကားပြောလာသည်။ သူ့အသံသည် အလွန်မင်း ဂုဏ်သိက္ခာကြီးမားသော်လည်း သူ့မျက်နှာပေါ်ရှိ အမူအရာမှာ အလွန်နွေးထွေးသည်။ သူ့မျက်လုံးထဲတွင် အကြီးတစ်ယောက်က သူ့ဂျူနီယာတစ်ဉီးကို ကြည့်နေသလိုမျိုး ကြင်နာမှု အရိပ်အယောင်များပင် ရှိနေသည်။
"အင်း၊ ဟုတ်တယ်၊ ဒီလိုခံစားချက်မျိုးက နတ်ဘုရားစိတ်ဝိညာဉ်ရဲ့ နက်ရှိုင်းရာကနေ လာတာပါ။ စီနီယာက ကျွန်တော့် ဘိုးဘေးတွေနဲ့ ပတ်သက်နေတာများ ဖြစ်နိုင်မလား" ချင်ယွင်က အံ့ဩစွာ မေးလိုက်သည်။
သို့သော် ခရမ်းရောင်ဝတ် လူငယ်က ခေါင်းယမ်းကာ ပြောသည် "မင်းရဲ့ဘိုးဘေးတွေက လူသားတွေလေ။ ငါက နတ်ဘုရားသားရဲပဲ။ ငါက သူတို့နဲ့ ဘယ်လိုလုပ် ဆက်ဆံရေးရှိမှာ လဲ”။
"နတ်ဘုရားသားရဲလား?" ခရမ်းရောင်ဝတ် လူငယ်၏ အဖြေကိုကြားတော့ ချင်ယွင်သည် ချက်ချင်းဆိုသလို ပို၍ပင် ပဟေဠိဖြစ်သွားသည်။
မူလက ခရမ်းရောင်ဝတ်ထားသည့် လူငယ်သည် သူ့ဘိုးဘေးများနှင့် ဆက်စပ်မှု ရှိနေသည် ဟု သူ မှန်းဆခဲ့သည်။ ၎င်းသည် သူ၏ဘိုးဘေးတစ်ဦးပင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့ရှေ့က ခရမ်းရောင်ဝတ် လူငယ်သည် နတ်ဘုရားသားရဲ တစ်ကောင်ဖြစ်ကြောင်း ပြောနေခဲ့သည်။ သူသည် နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သောကြောင့်၊ ချင်ယွင်နှင့် မည်သို့မျှ ဆက်စပ်မိရန် မဖြစ်နိုင်တော့ပေ။
ခရမ်းရောင်ဝတ် လူငယ်သည် ချင်ယွင်၏ သံသယများကို မြင်နေပုံရသည်။ သူက ပြုံးပြီး ပြောသည် "မင်းရဲ့ဘိုးဘေးတွေနဲ့ ငါက ဘာမှမဆိုင်ပေမယ့် မင်းနဲ့ငါကတော့ ဆက်စပ်မူ ရှိနေတယ်ကွ။"
"စီနီယာနဲ့ ကျွန်တော်က ဆက်စပ်မူရှိနေတာလား။" ချင်ယွင်သည် ထိုစကားကို ကြားသော အခါ ပို၍ပင် အံ့သြသွားသည်။
ရုတ်တရက်, သူသည် တစ်ခုခုကို တွေးမိပုံရသွားပြီး ခရမ်းရောင်ဝတ် လူငယ်ကို အလောတ ကြီး မေးလိုက်ပါသည် “စီနီယာရဲ့ အစစ်အမှန်အသွင်က နတ်ဘုရားနဂါးတစ်ကောင်လား”။
ချင်ယွင်သည် နတ်ဘုရားနဂါး၏သွေးမျိုးဆက်နှင့် နတ်ဘုရားနဂါး၏စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။ နတ်ဘုရားနဂါးတစ်ကောင်ကသာ သူနှင့် ပဲ့တင်ထပ်နိုင်ပါသည်။
"ကောင်စုတ်လေး၊ မင်းက အရမ်းဉာဏ်ကောင်းတာပဲ။ မှန်တယ်၊ ငါ့ အစစ်မှန် ခန္ဓာကိုယ်က နတ်ဘုရားနဂါးတစ်ကောင်ပဲ။ ပြီးတော့ ငါက သာမန်နတ်ဘုရားနဂါးတစ်ကောင် မဟုတ် ဘူး။" ခရမ်းရောင်ဝတ် လူငယ်က ပြုံးပြုံးလေး ပြောသည်။ သူပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်သည် စတင်ပြောင်းလဲလာပြီး သူ့တစ်ကိုယ်လုံး နဂါးတစ်ဝက် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
သို့သော်, ထိုအခိုက်အတန့်တွင် ချင်ယွင်သည် လုံးဝကို ဆွံ့အသွားခဲ့သည်။ ယခုအချိန်တွင်, ခရမ်းရောင်ဝတ်လူငယ်၏ နဂါးတစ်ဝက် အသွင်ပြောင်းခြင်း အခြေအနေသည် အထူးသဖြင့် ချင်ယွင်၏ ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့် တူညီလုနီးပါးဖြစ်နေသော ကြောင့်ဖြစ်သည်။
"စီနီယာလည်း ခရမ်းရောင်နဂါးတစ်ကောင်များ ဖြစ်နိုင်မလား" ချင်ယွင်သည် လျှို့ဝှက်ချက်ကို ထုတ်ဖော်မေးမြန်းလိုက်ပါသည်။
ဟိုတချိန်တုန်းက နတ်ဘုရားနဂါး၏ စိတ်ဝိညာဉ်ကို သူ၏နတ်ဘုရားစိတ်ဝိညာဉ်ထဲသို့ ထည့်သွင်းပေးခဲ့သည့် ထိုစီနီယာ၏ အဓိကခန္ဓာကိုယ်သည် ခရမ်းရောင်နဂါး ဖြစ်နေသည်။ ထို့ကြောင့်, အကယ်၍, ချင်ယွင်သည် အသွင်ပြောင်းလိုက်ပါက၊ သူသည်လည်း ခရမ်းရောင်နဂါး အသွင်အပြင်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
ခရမ်းရောင်နဂါးသည် နတ်ဘုရားနဂါးများကြားတွင် သာမန်မျိုးနွယ်တစ်ခု ဖြစ်သော်လည်း၊ အလွန်ရှားပါးသည်။ ထို့ကြောင့် ရှေးဟောင်းနဂါးစိတ်ဝိညာဉ်ကို ရရှိပြီးနောက်၊ သူသည် အခြားသော ခရမ်းရောင်နဂါးများကို မတွေ့ခဲ့ဖူးပေ။ ထို့ကြောင့် သူ့ရှေ့တွင်ရှိနေသည့် ဤခရမ်းရောင်ဝတ် လူငယ်သည် ခရမ်းရောင် နဂါးတစ်ကောင်ဖြစ်သည်ဟု သူ သိလိုက်ရ သောအခါ ချင်ယွင်သည် သူ့နှလုံးသားထဲတွင် ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရပါသည်။ သူသည် ခရမ်းရောင်ဝတ် လူငယ်နှင့် အဘယ်ကြောင့် ရင်းနှီးမူ ရှိနေလဲဆိုသည်ကို သူ နောက်ဆုံး နားလည်သွားခဲ့ပြီ။ အရာအားလုံးသည် သူ့စိတ်ဝိညာဉ်ရှိ ခရမ်းရောင်နဂါးစိတ်ဝိညာဉ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
"ခရမ်းရောင်နဂါးလား?" သို့သော် ခရမ်းရောင်ဝတ် လူငယ်သည် ချင်ယွင်၏ စကားကို ကြားသောအခါ ခါးသီးဖွယ် အပြုံးဖြင့် ခေါင်းယမ်းလိုက်ပါသည်။
"အယ်, စီနီယာ၊ ကျွန်တော် မှားသွားလို့လား။" ခရမ်းရောင်ဝတ် လူငယ်က ခေါင်းခါပြသည် ကို မြင်သောအခါ, ချင်ယွင်၏ မျက်နှာမှာ အံ့သြသည့်အမူအရာ ပေါ်လာပါသည်။
"တစ်ခုခုတော့ မှားနေပြီကွ!" ခရမ်းရောင်ဝတ် လူငယ်က ပြတ်ပြတ်သားသား ပြန်ပြောပြီး သူ့အမူအရာက လေးနက်လာသည်။
ချင်ယွင်သည် မှင်သက်သွားခဲ့ပြီး၊ သူပြောခဲ့သည့်စကားတွင် မည်သည့်အရာက မှားယွင်းလဲ ဆိုသည်ကို သူ နားမလည်တော့ပေ။
ခရမ်းရောင်ဝတ် လူငယ်သည် သူ့ကို စိတ်ရှုပ်ထွေးအောင် လုပ်ရန် ရည်ရွယ်ချက် ရှိပုံမပေါ် ပေ။ သူက ဆက်ပြောပြသည် "တကယ်ဆို, မင်းရဲ့ ခန့်မှန်းချက်က မှန်ပါတယ်။ ငါ့ရဲ့ ပင်မ ကိုယ်ခန္ဓာနဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲက နတ်ဘုရား နဂါးစိတ်ဝိညာဉ်က မျိုးနွယ်တူတွေပါပဲ။ ဒါပေမယ့် ငါတို့က မင်းပြောတဲ့ ခရမ်းရောင်နဂါးတော့ မဟုတ်ဘူးကွ"။
"ခရမ်းရောင်နဂါး မဟုတ်ဘူးလား?" ချင်ယွင်က အံ့အားသင့်သော အမူအရာကို ထုတ်ဖော် လိုက်မိပြန်သည်။
ထိုအချိန်တုန်းက, ထိုစီနီယာသည် သူ့အထဲသို့ ထည့်သွင်းပေးခဲ့သော နတ်ဘုရားနဂါး စိဝိညာဉ်ကို သူရရှိခဲ့ပြီးကတည်းက ထိုစီနီယာ၏ ပင်မခန္ဓာကိုယ်သည် ခရမ်းရောင် နဂါးဟု အမြဲထင်နေခဲ့သည်။ နောက်ဆုံးတွင်, သူ့ခန္ဓာကိုယ်ပေါ်က အကြေးခွံများသည် ခရမ်းရောင် နဂါးနှင့် အလွန်ဆင်တူပါသည်။
"အဲဒါက ခရမ်းရောင်နဂါး မဟုတ်ဘူးလား။ ဒါဆို ဘာလဲ" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
"ရှေးဟောင်းစိတ်ဝိညာဉ်နဂါး၊ ဒါပေမယ့် ငါတို့ရဲ့အသွင်အပြင်က ခရမ်းရောင် နဂါးတွေ အတွက်တော့ အံ့သြစရာ မဟုတ်ဘူး။ နောက်ပြီး၊ မင်းရဲ့ခန္ဓာကိုယ်ထဲကို နဂါးစိတ်ဝိညာဉ် ကို ထည့်သွင်းပေးခဲ့တဲ့သူက သူ့ခန္ဓာကိုယ် အစစ်အမှန်ကို မပြောပြခဲ့ဘူး။ ဒါကြောင့်, မင်းက ခရမ်းရောင်နဂါးရဲ့ နဂါးစိတ်ဝိညာဉ်ကို ရရှိထားတယ်လို့ အမြဲထင်နေခဲ့တာ။" ခရမ်းရောင်ဝတ် လူငယ်က ပြောသည်။
"ရှေးဟောင်းစိတ်ဝိညာဉ်နဂါးလား?" ချင်ယွင်သည် အနှိုင်းမဲ့ အံ့သြသွားပါသည်။ သူသည် ဤနဂါးစိတ်ဝိညာဉ်ကို အချိန်အတော်ကြာ ရရှိပြီးနောက် နဂါးစိတ်ဝိညာဉ်၏ အစစ်မှန် ခန္ဓာကိုယ်ကိုပင် မသိခဲ့ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
သို့သော်လည်း သူသည် ဤရှေးဟောင်း စိတ်ဝိညာဉ်နဂါးအကြောင်းကို တစ်ခါမျှ မကြားဖူး ပါ။
"စီနီယာ, ဒါဆို ဒီရှေးဟောင်းစိတ်ဝိညာဉ်နဂါးနဲ့ ခရမ်းရောင်နဂါးက ဘာကွာခြားလဲ" ချင်ယွင်က ဆက်မေးသည်။
ခရမ်းရောင်ဝတ် လူငယ်သည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာသည် ချက်ချင်းပင် ဝင့်ကြွားသော အမူအရာ ပေါ်လာသည်။ "သေချာပေါက် ကွာခြားတာပေါ့။ ကွာခြားချက်က အရမ်းကို ကြီးမားတယ်။ ခရမ်းရောင်နဂါးနဲ့ ရှေးဟောင်းစိတ်ဝိညာဉ်နဂါးတို့ကြားက ကွာခြားချက်က အဆင့်တူတောင် မဟုတ်ဘူး။ မဟုတ်ရင်, အချိန်ရပ်တန့်ခြင်း နတ်ဘုရား စွမ်းရည်လိုမျိုး နတ်ဘုရားစွမ်းရည်တစ်ခုကို မင်း ဘာကြောင့် သုံးနိုင်မှာလဲ"။
ထိုစကားကြားတော့ ချင်ယွင်သည် စဉ်းစားဆင်ခြင်ဟန် အမူအရာတစ်ခုကို ဖော်ပြလာ သည်။
ခရမ်းရောင်ဝတ် လူငယ် ပြောသည်မှာ မှန်ပေသည်။ သူကိုယ်တိုင်လည်း ထိုမေးခွန်းကို အမြဲ သိချင်နေခဲ့သည်။
အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်သည် ကောင်းကင်ဘုံကို အံတုနိုင်လွန်းသည်။ သာမာန်နတ်ဘုရားနဂါးများသည် ဤမျှ အစွမ်းထက်သည့် မွေးရာပါ နတ်ဘုရား စွမ်းရည် ကို မပိုင်ဆိုင်နိုင်ကြပါဘူး။ သို့သော် ချင်ယွင်သည် ထိုအကြောင်းကို ယခင်က သိပ်မစဉ်း စားခဲ့ပေ။ အခု သူ စဉ်းစားလိုက်တော့ ထူးဆန်းသည့်အရာ တစ်ခုခုရှိနေပြီဟု သူ ခံစားလိုက်ရပါသည်။
"တကယ်တော့၊ ငါတို့ရဲ့ ရှေးဟောင်း စိတ်ဝိညာဉ်နဂါးတွေဟာ အချိန်ရပ်တန့်ခြင်း မွေးရာပါ နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားရုံတင်မကဘူး၊ ဒုတိယမြောက် မွေးရာပါ နတ်ဘုရား စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားကြသေးတယ်။ ဒါပေမယ့် ဒီမွေးရာပါ နတ်ဘုရားစွမ်းရည်က မွေးကတည်းက နိုးထနေသင့်တယ်။ မင်းကြည့်ရတာ, ဒီနတ်ဘုရားစွမ်းရည်ကို နိုးထစေပုံ မပေါ်သေးဘူး”။
ထိုအချိန်တွင် ခရမ်းရောင်ဝတ် လူငယ်က တဖန်ထပ်ပြောသည်။
"ဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်လား?" ထိုစကားကိုကြားတော့ ချင်ယွင် သည် အံ့အားသင့်စွာဖြင့် ချက်ချင်းပင် သူ့ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်လိုက်မိပါသည်။