← Chapters

အခန်း ၁၅၃၉

Vol. 103 Ch. 1539

အခန်း ၁၅၃၉

Vol. 103 Ch. 1539

အခန်း (၁၅၃၉) ဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်။

"မင်းရဲ့အမူအရာကို ကြည့်ရတာ, မင်း အရမ်း အံ့သြသွားပုံရတယ်။ မင်းက ဒီဒုတိယ မြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို တကယ် မနိုးထနိုင်သေးဘူးပဲ။" ခရမ်းရောင်ဝတ် လူငယ်က ပြောသည်။

ထိုစကားကိုကြားတော့ ချင်ယွင်က ရှိုက်ကြီးတငင် ပြုံးလိုက်ပါသည်။

သူသည် သူ၏နဂါးစိတ်ဝိညာဉ်သည် မည်သည့် နတ်ဘုရားနဂါး အမျိုးအစား ဖြစ်သည်ကို ပင် မသိခဲ့ပေ။ ဒုတိယမြောက် နတ်ဘုရားစွမ်းရည်ရှိကြောင်း သူ မည်သို့ သိနိုင်မည်နည်း။

အကယ်၍, ခရမ်းရောင်ဝတ် လူငယ်၏စကားကြောင့်သာ မဟုတ်ပါက၊ သူသည် သူ့ဘဝ တစ်သက်လုံးတွင် သူထိန်းချုပ်ထားသော နတ်ဘုရားနဂါး စိတ်ဝိညာဉ်မှာ ဒုတိယမြောက် နတ်ဘုရားစွမ်းရည်ရှိနေသေးကြောင်းကို မဆိုထားနှင့်, ၎င်းသည် ရှေးဟောင်းစိတ်ဝိညာဉ် နဂါး၏ နဂါးစိတ်ဝိညာဉ်ဖြစ်ကြောင်းကိုပင် သူ သိမည် မဟုတ်ပေ။

“စီနီယာ၊ အဲဒီဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်က ဘယ်လိုမျိုးလဲ။ ချင်ယွင် သည် မမေးဘဲမနေနိုင်တော့ပေ။

ထိုပထမဆုံး မွေးရာပါ နတ်ဘုရားစွမ်းရည်သည် သူ့ကို များစွာ ကူညီပေးနိုင်ခဲ့သည်။ သူ့အသက်ကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့သည်ဟုပင် ပြောဆိုနိုင်ပါသည်။ ထို့ကြောင့် ယခုအခါ, ခရမ်းရောင်ဝတ် လူငယ်က ဒုတိယမြောက် မွေးရာပါ နတ်ဘုရား စွမ်းရည် ရှိနေသေးသည်ဟု ပြောဆိုလာခဲ့သည်။ သူသည် ထိုစွမ်းရည်ကို မည်သို့ စောင့်နိုင်တော့မည်နည်း။

ခရမ်းရောင်ဝတ် လူငယ်သည် ချင်ယွင်၏အမေးကို ကြားသောအခါ၊ သူက ပြုံးပြီး ပြောသည် "ဒီဒုတိယမြောက် မွေးရာပါ နတ်ဘုရား စွမ်းရည်က ပထမဆုံး မွေးရာပါ နတ်ဘုရား စွမ်းရည်ထက်တောင် ပိုအားကောင်းသေးတယ်။ အမည်ကလည်း အလွန်ကို ရိုးရှင်းတယ်။ စိတ်ဝိညာဉ်ဝါးမျိုခြင်းလို့ ခေါ်တယ်။"

"စိတ်ဝိညာဉ်ကို ဝါးမျိုခြင်းလား?" ချင်ယွင်၏ မျက်နှာသည် စိတ်ခံစားချက် လွတ်ကင်းသွား သည့် အမူအရာ ပေါ်လာသည်။

ထိုစာသားအတိုင်းဆို, ဤနတ်ဘုရား စိတ်ဝိညာဉ်သည် အခြားသူများ၏ နတ်ဘုရား စိတ်ဝိညာဉ်များကို ဝါးမျိုနိုင်သည့် အသံမျိုး ဖြစ်နေသည်။ သို့သော်၊ ချင်ယွင်သည် ထိုကဲ့သို့ နတ်ဘုရား စွမ်းရည်များစွာကို ယခင်က မြင်တွေ့ခဲ့ဖူးသည်။ ၎င်းတို့သည် အလွန်မင်း အစွမ်းထက်သည်ဟု သူ မထင်ခဲ့ပေ။ ၎င်းတို့သည် ကြက်နံရိုးသဖွယ်ဖြစ်သည်ဟုပင် သူ ခံစားရသည်။ နောက်ဆုံးတွင်၊ ထိုနတ်ဘုရားစိတ်ဝိညာဉ်များ၏ တူညီသော အကျိုး သက်ရောက်မှုကိုသာ ရရှိနိုင်ပါသည်။

ခရမ်းရောင်ဝတ် လူငယ်သည် ချင်ယွင်၏ အမူအရာကို မြင်နိုင်သည်။ သူက ချင်ယွင်၏ အတွေးများကို ချက်ချင်း မှန်းဆမိပြီး ပြုံးရင်း ရှင်းပြသည် "ဒီစိတ်ဝိညာဉ် ဝါးမျိုခြင်းက မင်း ထင်ထားသလောက် မရိုးရှင်းဘူး။ ဒီနတ်ဘုရားစွမ်းရည်က လူတစ်ယောက်ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို ဝါးမျိုချပြီးနောက် အဲဒီလူရဲ့ မှတ်ဉာဏ်တွေလောက်သာ ထုတ်ယူနိုင်တယ် ဆိုရင်, ငါကရော ဒီဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်က ပဌမဆုံး မွေးရာပါ နတ်ဘုရားစွမ်းရည်ထက် ပြီးပြီး အားကောင်းတယ်လို့ ပြောပါ့မလား။ ဒီဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်နဲ့ ပတ်သက်ပြီး တကယ် ကြောက်စရာအကောင်းဆုံးအရာက လူတစ်ယောက်ရဲ့ နတ်ဘုရားစိတ်ဝိညာဉ်ကို ဝါးမျိုနိုင်ရုံတင်မကဘူး, သူကိုယ်တိုင်လည်း အဲဒီစိတ်ဝိညာဉ်ကို ကိုယ့်ကိုယ်ပိုင်အသွင် ပြောင်းလဲပစ်နိုင်သေးတယ်”။

“ကိုယ့်ကိုယ်ပိုင်အသွင် ပြောင်းလဲနိုင်တာလား။ ဒါက ဘာကိုဆိုလိုတာလဲ” ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ကိုယ့်ကိုယ်ပိုင်အသွင်ပြောင်းခြင်းလို့ ခေါ်တဲ့အရာက, အဲဒီလူရဲ့ နတ်ဘုရားစိတ်ဝိညာဉ်ကို ဝါးမျိုချလိုက်တာနဲ့ အဲဒီလူရဲ့နတ်ဘုရား စိတ်ဝိညာဉ်ဟာ သူ့ကိုယ်ပိုင်အသွင် ပြောင်းလဲ သွားနိုင်တယ်။ ဒီလိုနည်းနဲ့ မင်းမှာ ဒုတိယမြောက် နတ်ဘုရားစိတ်ဝိညာဉ်၊ တတိယ မြောက် နတ်ဘုရားစိတ်ဝိညာဉ်တွေ ဒါမှမဟုတ် ဒီထက်မကတဲ့ နတ်ဘုရားစိတ်ဝိညာဉ် တွေ ရှိလာလိမ့်မယ်" ခရမ်းရောင်ဝတ်လူငယ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်ပါသည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ရသည်။

အကယ်၍, ခရမ်းရောင်ဝတ် လူငယ်ပြောသည့်အတိုင်း အမှန်တကယ် ဖြစ်ခဲ့မည်ဆိုလျှင်, ဤဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်သည် တကယ့်ကို ကြောက်စရာကောင်း လွန်းလှသည်။

ဤနတ်ဘုရားစွမ်းရည်သည် စိတ်ဝိညာဉ်တစ်ခုကို ဝါးမျိုပြီးနောက် ကိုယ့်စိတ်ဝိညာဉ်ကို အားဖြည့်ပေးသည့် စွမ်းရည်မျိုးနှင့် လုံးဝ ခြားနားပြီး၊ ၎င်းသည် ဒုတိယမြောက် စိတ်ဝိညာဉ် အဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်။

၎င်းသည် ဒုတိယအသက်စွမ်းအားကို ပိုင်ဆိုင်ခြင်းနှင့် ညီမျှသည်။

သူတို့၏အဆင့်တွင်၊ သူတို့၏နတ်ဘုရား စိတ်ဝိညာဉ်များ, မပျက်စီးနိုင်သရွေ့၊ ၎င်းတို့သည် ခန္ဓာကိုယ်အသစ်တစ်ခုကို သိပ်သည်းနိုင်သည်။ ထို့ကြောင့်, သူတို့သည် သေဆုံးမည် မဟုတ်တော့သလို, ရှင်းလင်းသုတ်သင်ခံရမှာ မဖြစ်နိုင်တော့ပေ။

ထို့ကြောင့်၊ ဤဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းသည် အသက်ပေါင်းများစွာကို ပိုင်ဆိုင်ထားခြင်း နှင့် ညီမျှသည်။

၎င်းသည် ကိုယ်ပွားဖန်တီးခြင်း နည်းလမ်းများနှင့် ကွဲပြားပါသည်။ ကိုယ်ပွားများသည် မိမိ၏ စိတ်ဝိညာဉ်ကို ပိုင်းဖြတ်ကာ တစ်ဝက် ခွဲထုတ်ရခြင်းဖြစ်သည်။ ၎င်းသည် မိမိ၏ စိတ်ဝိညာဉ်စွမ်းအားကို အတိုင်းအတာတစ်ခုအထိ အားနည်းသွားစေနိုင်သည်။ သို့သော် လည်း စိတ်ဝိညာဉ်ကို ဝါးမျိုခြင်းသည် လူတစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအားကို အားမနည်း စေရုံသာမက၊ ၎င်းသည် သူ၏စိတ်ဝိညာဉ်စွမ်းအားကို အတိုင်းအတာတစ်ခုအထိ တိုးမြင့် စေနိုင်သည်။

"ဘယ်လောက် အံ့ဩစရာကောင်းတဲ့ ဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်လဲ။ တကယ်လို့, တစ်စုံတစ်ယောက်ကသာ, နတ်ဘုရားစိတ်ဝိညာဉ် အခုတစ်ရာကို ဝါးမျိုပြီး အဲဒီနတ်ဘုရား စိတ်ဝိညာဉ်တွေကို မတူညီတဲ့အရပ်တွေမှာ ထားလိုက်မယ်ဆိုရင်, တကယ်လို့, သင်သာ အဲဒီလူကို သတ်ချင်ရင် နတ်ဘုရားစိတ်ဝိညာဉ် အားလုံးကို ရှာဖွေပြီး အားလုံးကို ဖျက်ဆီးပစ်ရလိမ့်မယ်။" ချင်ယွင်က သူ့စိတ်ထဲတွင် မထိန်းနိုင်ဘဲ သက်ပြင်းချ လိုက်သည်။

လူတစ်ယောက်၏ နတ်ဘုရားစိတ်ဝိညာဉ်တစ်ရာကို ရှာဖွေရန် ကြိုးစားခြင်းသည် ကောက်ရိုးပုံတွင် အပ်တစ်ချောင်းကို ရှာဖွေခြင်းမျိုး ဖြစ်လိမ့်မည်။

"အခုတော့ ဒီရှေးဟောင်းစိတ်ဝိညာဉ်နဂါးရဲ့ ဒုတိယမြောက် မွေးရာပါ နတ်ဘုရား စွမ်းရည် က ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာ မင်း နားလည်သင့်ပြီ မဟုတ်လား" ခရမ်းရောင်ဝတ် လူငယ်လေးက ပြုံးပြုံးလေး ပြောသည်။

"ဟုတ်ကဲ့ နားလည်ပါပြီ။ ဒီနတ်ဘုရားစွမ်းရည်က တုနှိုင်းမရလောက်အောင် ကြောက်စရာ ကောင်းလွန်းတယ်။" ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ သူသည်လည်း သူ၏နှလုံးသား အောက်ခြေမှပင် ဤဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်နှင့် ပတ်သက်ပြီး စိတ်အားထက်သန်နေခဲ့သည်။

"ဒါဆို မင်းက ဒီဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို နိုးထချင်လား" ခရမ်းရောင်ဝတ် လူငယ်လေးက ပြုံးပြုံးလေး ပြောသည်။

"အယ်၊ ကျွန်တော်က ဒီဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို နိုးထနိုင်ပါ့မလား။ ကျွန်တော်ရဲ့ နဂါးစိတ်ဝိညာဉ်က တခြားတစ်ယောက်ဆီက ဆင်းသက်လာခဲ့တာလေ။ ဒါ့အပြင်, ကျွန်တော့်ရဲ့ အစစ်မှန် ခန္ဓာကိုယ်က လူသားဖြစ်နေတယ်။ ဒီလိုမျိုးဖြစ်နေတော့, ကျွန်တော်က ဒီဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို နိုးထနိုင်ပါ့မလား" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

"သေချာပေါက်, မင်းလုပ်နိုင်တာပေါ့။ မွေးရာပါ နတ်ဘုရားစွမ်းရည်ဆိုတာမျိုးက နဂါး စိတ်ဝိညာဉ်ကနေ ဆင်းသက်လာတယ်ဆိုတာကို မင်း နားလည် ထားသင့်တယ်။ မင်းရဲ့ နတ်ဘုရားစိတ်ဝိညာဉ်က ရှေးဟောင်းစိတ်ဝိညာဉ်နဂါးရဲ့ နဂါးစိတ်ဝိညာဉ်နဲ့ ပေါင်းစပ်ပြီး သား ဖြစ်နေခဲ့ပြီ။ ဆိုတော့, မင်းအနေနဲ့ ဒီဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အပြည့်အဝ ဆုပ်ကိုင်နိုင်မှာပါ။ အဓိကက မင်း နိုးထချင်လား, မနိုးထချင်ဘူးလား ဆိုတာပဲ။" ခရမ်းရောင်ဝတ် လူငယ်လေးက ပြုံးပြုံးလေး ပြောသည်။

"နိုးထချင်တယ်၊ သေချာပေါက် ကျွန်တော် နိုးထချင်ပါတယ်။" ချင်ယွင်က မဆိုင်းမတွ ပြောလိုက်သည်။

မိုက်မဲသော လူတွေသာ ကောင်းကင်ဘုံကို အန်တုနိုင်သည့် အသက်ကယ် နတ်ဘုရား စွမ်းရည်တစ်ခုကို မလိုချင်ဟု ငြင်းဆန်ပါလိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် ခရမ်းရောင်ဝတ် လူငယ်၏စကားကိုကြားသောအခါ အဖြေပေးရန် တုန့်ဆိုင်းမနေခဲ့ပေ။

ခရမ်းရောင်ဝတ် လူငယ်သည် ချင်ယွင်၏ အဖြေကို ကြားသောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

ချင်ယွင်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေရင်း ဆက်မေးလိုက် သည် "စီနီယာ၊ ဒီဒုတိယမြောက် မွေးရာပါနတ်ဘုရားစွမ်းရည်ကို ကျွန်တော် ဘယ်လို နိုးကြားအောင် လုပ်ရမလဲ”။

ခရမ်းရောင်ဝတ် လူငယ်သည် ချင်ယွင်၏အမေးကို ကြားသောအခါတွင် သူ့အမူအရာက လေးနက်လာသည်။

"တကယ်လို့, မင်းအနေနဲ့, ဒီဒုတိယမြောက် မွေးရာပါနတ်ဘုရားစွမ်းရည်ကို နိုးထချင်တယ် ဆိုရင်၊ တကယ်တော့ ရိုးရှင်းလွန်းတဲ့အတွက် ပြောရတာတောင် တော်တော်လေး ခက်တယ်။ ဟိုတချိန်တုန်းက, ငါ ဒီဒုတိယမြောက် မွေးရာပါနတ်ဘုရားစွမ်းရည်ကို နိုးထဖို့ အချိန်အများကြီး ပေးခဲ့ရတယ်။ ဒီဒုတိယမြောက် မွေးရာပါနတ်ဘုရားစွမ်းရည်ကို နိုးထဖို့က နည်းလမ်းတစ်ခုပဲ ရှိတယ်။ အဲဒါကတော့ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းချက် ညီညီ စီးဆင်းမူကို ခံစားဖို့ မင်းရဲ့ နဂါးစိတ်ဝိညာဉ်ကို အသုံးပြုရမယ်။ မင်းရဲ့ နဂါး စိတ်ဝိညာဉ်က ကောင်းကင်ရဲ့မြေကြီးရဲ့ နိယာမတွေရဲ့ စည်းချက်ညီညီ စီးဆင်းမူအကြိမ် နှုန်းကို ခံစားနိုင်ပြီး တူညီတဲ့စည်းချက်တွေကို ထိန်းချုပ်နိုင်တဲ့အခါ, မင်းက ဒီဒုတိယ မြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို သဘာဝအတိုင်း နိုးထစေနိုင်လိမ့်မယ်” ခရမ်းရောင်ဝတ် လူငယ်က ပြန်ဖြေသည်။

"ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတွေကို နားလည်ဖို့နဲ့ စိတ်ဝိညာဉ် အနှစ်သာရကို နားလည်ဖို့လား။” ချင်ယွင်၏ မျက်နှာသည် စဉ်းစားတွေးတောနေသည့် အမူအရာတစ်ခု ပေါ်လာသည်။

ကောင်းကင်နှင့်မြေကြီး၏ စည်းချက်နှင့်ပတ်သက်ပြီး သူ တစ်ခုကိုတော့ နားလည်နိုင် သည်။ နောက်ဆုံးတွင်၊ သူသည် ကနဦးစကြာဝဠာကို ပိုင်ဆိုင်ထားသည်။ ကနဦး စကြဝဠာ တွင် သတ်မှတ်ထားသည့် စည်းချက်အကြိမ်နှုန်းရှိသည်ကို သူသိသော်လည်း ဤစိတ်ဝိညာဉ် အနှစ်သာရနှင့်ပတ်သက်ပြီး သူ တစ်ခါမျှ မတွေးမိခဲ့ပါဘူး။

စိတ်ဝိညာဉ် အနှစ်သာရဆိုသည့်အရာက အဘယ်နည်း။ သူသည် အဘယ့်ကြောင့် အသက်ကို သယ်ဆောင်နိုင်ရနသည်း။ ချင်ယွင်သည် ဤအချက်ကို ယခင်က တစ်ခါမျှ မစဉ်းစားခဲ့ပေ။ ယခု, သူသည် ခရမ်းရောင်ဝတ် လူငယ်က သူ၏ဒုတိယမြောက် မွေးရာပါ နတ်ဘုရား စွမ်းရည်ကို နိုးထစေလိုလျှင်, စိတ်ဝိညာဉ် အနှစ်သာရကို နားလည်ရန်လို ကြောင်း ပြောလာခဲ့သည်ကို ကြားလိုက်သောအခါ၊ ဤမေးခွန်းသည် အလွန် သိမ်မွေ့ လေးနက်ကြောင်း သူ သဘောပေါက်လိုက်ပါသည်။

အကယ်၍, သူသည် ဤမေးခွန်းကို သူနားလည်နိုင်လျှင် ချင်ယွင်သည် ဤဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို ဖမ်းဆုပ်နိုင်ရုံသာမက၊ ကနဦးစကြဝဠာမှာ သူ၏ ကျင့်ကြံမူကို အဆင့်သစ်တစ်ခုအထိ မြှင့်တင်နိုင်မည် ဖြစ်သည်။

"ကောင်စုတ်လေး၊ မင်း ကြိုးစားကြည့်လို့ ရတယ်။ စိတ်မပူနဲ့၊ ငါ မင်းကို တိုက်ခိုက်မှာ မဟုတ်သေးဘူး။" ခရမ်းရောင်ဝတ် လူငယ်က ချင်ယွင်ကို ပြောသည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး သူ့နဂါးစိတ်ဝိညာဉ်နှင့် ကောင်းကင်နှင့်မြေကြီး၏ စည်းချက် ကို နားလည်ရန် ကြိုးစားပါတော့သည်။ သို့သော် သူမည်မျှပင် ကြိုးစားဆင်ခြင်သည် ဖြစ်စေ, စည်းချက်ညီရန်မဆိုထားနှင့်, ကောင်းကင်နှင့် မြေကြီး၏ စည်းချက်ကိုပင် နားမလည်နိုင် ဖြစ်နေခဲ့သည်။

"ကောင်စုတ်၊ မင်းက အရမ်းမိုက်မဲတာပဲ၊ ဒီစကြဝဠာရဲ့ စည်းချက်ကြိမ်နှုန်းကို နားလည်ဖို့ က မင်းအတွက် သဘာဝအတိုင်း ခက်ခဲနေမှာပဲလေ။ ဒါပေမယ့် မင်းက မင်းရဲ့ကိုယ်ပိုင် စကြာဝဠာကို ခံစားရန် ပိုလွယ်မနေဘူးလား။" လျှိုဘို၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"ဟုတ်​တယ်​၊ ငါဘယ်​လို​တောင် တုံးအနေလိုက်လဲ" ချင်ယွင်သည် သူ့စိတ်ထဲကနေ ကိုရိုးကားယားအမူအဖြင့် ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်ပါသည်။

သူ၏လက်ရှိခွန်အားဖြင့် ဤစကြဝဠာ၏ စည်းချက်အား နားလည်ရန်မှာ သဘာဝအတိုင်း အလွန်ခက်ခဲလှသည်။ သို့ရာတွင်၊ ကနဦးစကြာဝဠာကတော့ ကွဲပြားပါသည်။ သူသည် ကနဦးစကြဝဠာကို အုပ်စိုးသူဖြစ်သောကြောင့် ကနဦးစကြဝဠာ၏ စည်းချက်ကို ရှင်းရှင်း လင်းလင်း သိရှိနိုင်သည်။

ထိုအကြောင်းကိုတွေးမိရင်း၊ ချင်ယွင်သည် တုန့်ဆိုင်းမနေတော့ဘဲ, နဂါးစိတ်ဝိညာဉ်ကို ကနဦးစကြဝဠာ၏ စည်းချက်နှင့် တိုက်ရိုက် ကိုက်ညီအောင် ကြိုးစားလိုက်ပါသည်။

"ဘုန်း…"

ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်သည် စကြာဝဠာ၏ စည်းချက်နှင့် ကိုက်ညီသွားသည့် အခိုက်အတန့်တွင်၊ ချင်ယွင်သည် သူ၏နတ်ဘုရား စိတ်ဝိညာဉ်အတွင်းမှ သိပ်သည်းသော အလင်းရောင်များဖြင့် ပွင့်လန်းနေသော နဂါးစိတ်ဝိညာဉ်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင် သည်။ ထို့နောက် ချင်ယွင်သည်, သူကိုယ်တိုင်က နတ်ဘုရားစိတ်ဝိညာဉ် ပင်လယ်ထဲတွင် ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

“အိုး၊ မြန်လိုက်တာ?" ကောင်းကင်ပေါ်မှ ခရမ်းရောင်ဝတ် လူငယ်သည် ချင်ယွင်၏ နဂါးစိတ်ဝိညာဉ် စွမ်းအင်အတက်အကျ လှိုင်းတွေကို သတိထားမိပြီး အလွန်အံ့သြသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။ သူ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့သည်။

All Chapters