← Chapters

အခန်း ၁၅၄၀

Vol. 103 Ch. 1540

အခန်း ၁၅၄၀

Vol. 103 Ch. 1540

အခန်း (၁၅၄၀) နိုးထခြင်း။

ခရမ်းရောင်ဝတ် လူငယ်သည် ချင်ယွင်က သူ၏နဂါးစိတ်ဝိညာဉ်ကို စကြာဝဠာ၏ စည်းချက်ကြိမ်နှုန်းနှင့် ဟန်ချက်ညီအောင် ဤမျှမြန်မြန်ဆန်ဆန် ပြုလုပ်နိုင်မည်ဟု အမှန်တကယ် မမျှော်လင့်ခဲ့ပေ။ ထိုအချိန်တုန်းက သူသည် ဘိုးဘေးနတ်ဘုရား နယ်ပယ်သို့လည်း ဝင်ရောက်ခဲ့ပြီးဖြစ်ကာ၊ ဤအချက်သို့ ရောက်ရန် အချိန်အတော်ကြာခဲ့ သည်။

သူသည် ချင်ယွင်ကို အစောပိုင်းက စမ်းကြည့်ခိုင်းရခြင်း၏ အကြောင်းရင်းမှာ, ဤဒုတိယ မြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို မည်သို့ နိုးထရလဲဆိုသည်ကို သူ့ကို သိစေလို သောကြောင့် ဖြစ်သည်။ ချင်ယွင်သည် သူ့နဂါးစိတ်ဝိညာဉ်ကို ထိုအခြေအနေသို့ ယူဆောင် နိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ထို့အပြင်, ချင်ယွင် အမှန်တကယ် အောင်မြင် သွားလိမ့်မည်ဟု ပို၍ပင် မျှော်လင့်မထားခဲ့ပေ။

သူသည် စကြဝဠာ၏ စည်းချက်ကို ပထမဆုံးအကြိမ် ခံစားသည့်အချိန်မှာပင်, သူသည် အမှန်တကယ် အောင်မြင်သွားခဲ့သည်။ ထို့အပြင်၊ ၎င်းသည် နဂါးစိတ်ဝိညာဉ်အား စကြာဝဠာနှင့် တူညီသော စည်းချက်အကြိမ်နှုန်းအထိ ရောက်ရှိစေခဲ့သည်။

"နတ်ဆိုးပါရမီရှင်ပဲ။ မင်းက ငါမြင်ဖူးသမျှ နတ်ဆိုးပါရမီရှင်တွေထဲက တစ်ယောက်ဆိုတာ သေချာတယ်။" ခရမ်းရောင်ဝတ် လူငယ်လေးသည် စိတ်ရင်းမှန်ဖြင့် သက်ပြင်းချကာ ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း၊ သူ့အကြည့်တွေက ထူးဆန်းလာသည်။

ယခင်က သူသည် ချင်ယွင်ကို ကောင်းကင်ယံမှ ကြည့်နေခဲ့ဖူးသည်။ ချင်ယွင်၏ အရည်အချင်းသည် ကောင်းကင်ဘုံကို အံတုနိုင်သည်ဟု သူခံစားမိသော်လည်း ၎င်းမှာ ကောင်းကင်ကို အံတုခြင်းမျှသာ ဖြစ်သည်။ ယခုမူ၊ သူသည် ချင်ယွင်ကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးခဲ့သည်။ သူ့အမြင်ချက်အရဆို, ထိုအရာကို ပြီးမြောက်အောင်လုပ်ဖို့ မဖြစ်နိုင်ပေ။ သို့သော်, ချင်ယွင်သည် ချက်ချင်း ပြီးမြောက်အောင်မြင်ခဲ့သည်။ ဤအခိုက်အတန့်မှာပင်, ချင်ယွင်၏ အရည်အချင်းသည် မည်မျှကြောက်စရာကောင်းသည်ကို သူကိုယ်တိုင် သဘော ပေါက်သွားခဲ့သည်။

သို့သော် ယခုအချိန်တွင် ချင်ယွင်သည် ခရမ်းရောင်ဝတ် လူငယ်၏ စကားကို ဂရုမစိုက်နိုင်ခဲ့ ပေ။ အဘယ့်ကြောင့်ဆိုသော်, သူ့စိတ်တစ်ခုလုံးသည် နတ်ဘုရားစိတ်ဝိညာဉ် ပင်လယ်ထဲ တွင် နစ်မြုပ်နေသောကြောင့် ဖြစ်သည်။

ဤအခိုက်အတန့်တွင်, ချင်ယွင်သည် အံ့ဖွယ်ကမ္ဘာတစ်ခုတွင် ရှိနေပုံရသည်။ ကမ္ဘာတစ်ခု လုံးသည် နတ်ဘုရားစိတ်ဝိညာဉ် ဒြပ်စင်များဖြင့် ဖွဲ့စည်းထားသည်။

"အယ်၊ ဒါက နတ်ဘုရားစိတ်ဝိညာဉ်ရဲ့ အနှစ်သာရပဲလား။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်မိသည်။

ထိုနတ်ဘုရားစိတ်ဝိညာဉ် ဒြပ်စင်များကို ကြည့်နေရင်း၊ ချင်ယွင်သည် နတ်ဘုရား စိတ်ဝိညာဉ်ကို အမှန်တကယ်ပင် ထူးဆန်းသော စွမ်းအင်တစ်မျိုးဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရှိလိုက်ရပါသည်။ သို့သော် ဤစွမ်းအင်သည် အလွန်မင်း ထူးဆန်းသည်။ မတူညီသော စွမ်းအင်အမျိုးအစားများသည် မတူညီသော အတွေးအမြင်များကို ဖန်တီးနိုင်ပြီး၊ မတူညီ သော မှတ်ဉာဏ်များကို မှတ်တမ်းတင်ထားနိုင်သည်။

ယခင်တုန်းကဆို, ချင်ယွင်သည် သူ၏နတ်ဘုရားစိတ်ဝိညာဉ်ကို မည်သို့ ကြံ့ခိုင်သန်မာ အောင်လုပ်ရမည်ကို သိသော်လည်း၊ ဤနတ်ဘုရားစိတ်ဝိညာဉ် အနှစ်သာရ၏ အနှစ်သာရ များကို မသိရှိခဲ့ပေ။ ယခုမှပင်, သူသည် ဤအခြားစွမ်းအင် အစိတ်အပိုင်းများသည်လည်း မတူကွဲပြားသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့သည်။

"အယ် အဲဒါက ဘာလဲ?" ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် ဤနတ်ဘုရား စိတ်ဝိညာဉ် ဒြပ် ပင်လယ်ကြီးထဲတွင် ထူးဆန်းသော အလင်းလုံးကြီးတစ်ခု ရှိနေသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။ ထူးဆန်းသော အလင်းလုံးကြီးသည် ထူးဆန်းသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။

"ကောင်စုတ်လေး၊ အဲဒါ မင်းရဲ့မှတ်ဉာဏ်ပဲပေါ့။ မင်း အခုရောက်နေတဲ့ နေရာက မင်းရဲ့ စိတ်ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းပဲ" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ဆက်လက် ထွက်ပေါ်လာသည်။

ထိုစကားကိုကြားတော့ ချင်ယွင်၏မျက်နှာသည် နားလည်သွားသည့် အရိပ်အယောင် ပေါ်လာသည်။

ထိုကြီးမားပြီး ထူးဆန်းသော အလင်းလုံးကြီးအား ကြည့်လိုက်ရင်း သူ့မျက်လုံးများတွင် အနှိုင်းမဲ့ စူးစမ်းလိုသည့် အမူအရာတစ်ခု ပေါ်လာသည်။

ထိုထူးဆန်းသော အလင်းလုံးကြီးထဲတွင် မိုးမခပင်နှင့်တူသော အရာများရှိကြောင်း သူ တွေ့ရှိခဲ့သည်။ ထိုအရာများသည် သူ့မှတ်ဉာဏ်များကို သယ်ဆောင်ထားသည့် သူ့မှတ်ဉာဏ် အပိုင်းအစများ ဖြစ်ကြောင်း သူ ချက်ချင်း နားလည်သွားခဲ့သည်။

ထိုထူးဆန်းသော အလင်းလုံးကြီး ကြွေမွပြိုကွဲသွားသည်နှင့် ချင်ယွင်သည် ချက်ချင်းပင် မည်သည့် အချက်လက်မှ မရှိတော့ဘဲ ဗလာသက်သက် ဖြစ်သွားမည်ဖြစ်ပြီး၊ အရူး တစ်ယောက် ဖြစ်လာပါလိမ့်မည်။

ရုတ်တရက် ချင်ယွင်သည် သူ့ခေါင်းကို ပြန်လှည့်ပြန်သည်။ သူ့ရှေ့တွင် အတော်လေး သေးငယ်သော အလင်းလုံးတစ်ခု ရှိနေသည်ကို သူ တွေ့ရှိခဲ့သည်။ ဤအလင်းလုံးအတွင်း မှာ ခရမ်းရောင် နဂါးကြီးတစ်ကောင် ရှိနေသည်။

"ဒီအလင်းလုံးက ဘာလဲ" ချင်ယွင်က ထပ်မေးသည်။

ဤနေရာသည် သူ့စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်း ဖြစ်သော်လည်း ချင်ယွင် သည် ဤဖွဲ့စည်းပုံများနှင့် သိပ်မရင်းနှီးပေ။

"ဒါက မင်းရဲ့ ပထမဆုံး မွေးရာပါနတ်ဘုရား စွမ်းရည်ပဲ။ အချိန်ရပ်တန့်ခြင်းပေါ့။ မင်းက ဒီနတ်ဘုရားစွမ်းရည်ကို အသုံးပြုနိုင်တာကြောင့် တကယ်ကို ဂုဏ်ယူနေတာ မဟုတ်လား” လျှိုဘို၏အသံက ဆက်၍ ထွက်ပေါ်လာသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် တော်တော်များများကို သဘောပေါက်သွား ခဲ့သည်။

ယခင်က၊ မွေးရာပါ နတ်ဘုရားစွမ်းရည်သည်ဆိုသည်မှာ စွမ်းရည်တွေ သက်သက်သာ ဖြစ်သည်ဟု သူထင်ခဲ့သော်လည်း, ယခုအခါတွင် ဤမွေးရာပါ နတ်ဘုရားစွမ်းရည်သည် အမှန်တကယ်ပင် စိတ်ဝိညာဉ်မှ ဖြစ်ပေါ်လာကြောင်းကို သူ နားလည်လာခဲ့သည်။

"ပထမဆုံး မွေးရာပါနတ်ဘုရားစွမ်းရည်က ဒီအရပ်မှာ ရှိနေတယ်ဆိုတော့, ဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကလည်း ဒီမှာပဲ ရှိနေရမယ်။ ခရမ်းရောင်ဝတ် လူငယ် ပြောစကားအရဆို, ဒုတိယမြောက် မွေးရာပါနတ်ဘုရားစွမ်းရည်ကလည်း ဒီနေရာမှာပဲ နိုးထသင့်တယ်" ချင်ယွင်သည် သူ့စိတ်ထဲ မှန်းဆကာ နေရာတိုင်းကို စတင် ရှာဖွေလိုက် သည်။

မွေးရာပါ နတ်ဘုရားစွမ်းရည်သည် ဖွဲ့စည်းပြီးသားဖြစ်သည့်အရာ ဆိုကတည်းက, ဒုတိယ မြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်သည်လည်း ဤနတ်ဘုရား စိတ်ဝိညာဉ်ဒြပ် ပင်လယ်အတွင်း၌ ရှိနေသင့်သည်။

သေချာပါသည်၊ ချင်ယွင်သည် နတ်ဘုရားစိတ်ဝိညာဥ်ဒြပ် ပင်လယ်၏ နက်ရှိုင်းသော အရပ်ထဲမှာ အလင်းလုံးတစ်လုံးရှိသည်ကို အမြန်တွေ့ရှိခဲ့သည်။ သို့သော် ထိုအလင်းလုံး သည် အလွန်မင်း မှေးမှိန်နေသည်။ အကယ်၍, သူသာ ဂရုတစိုက် မကြည့်ဘူးဆိုလျှင်, အလင်းလုံးထဲမှာ နဂါးပုံသဏ္ဍာန်တစ်ခု ရှိနေသည်ကို သူ သတိထားမိမှာတောင် မဟုတ်ပါ ဘူး။ ဤနဂါးပုံသဏ္ဍာန်သည် ပထမဆုံး နတ်ဘုရားစွမ်းရည်ပါရှိသော အလင်းလုံး၏ နဂါးပုံ သဏ္ဍာန်ထက်ပင် ပို၍အသက်ဝင်လွန်းသည်။

"ဒါက ဒုတိယမြောက် မွေးရာပါနတ်ဘုရားစွမ်းရည် အလင်းလုံးလား" ချင်ယွင်၏ရုပ်အသွင် သည် ဖျတ်ခနဲလင်းလက်သွားပြီး ဒုတိယမြောက် မွေးရာပါနတ်ဘုရားစွမ်းရည် ပါရှိသော အလင်းလုံးဘေးတွင် ပေါ်လာသည်။ ဒုတိယမြောက် မွေးရာပါနတ်ဘုရားစွမ်းရည် ပါရှိ သော အလင်းလုံးကို ကြည့်လိုက်ရင်း, သူ့မျက်နှာမှာ စိတ်လှုပ်ရှားနေသည့် အမူအရာတစ်ခု ပေါ်လာပါသည်။

ဤဒုတိယမြောက် မွေးရာပါ အလင်းလုံးကို နိုးထစေရန် လိုအပ်သည်။ နိုးထပြီးသည်နှင့်၊ သူသည် ဒုတိယမြောက် မွေးရာပါနတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

သို့သော် ယခုအချိန်တွင်, ချင်ယွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူသည် ဤဒုတိယ မြောက် မွေးရာပါ နဂါးစိတ်ဝိညာဉ်အလင်းလုံးကို ရှာဖွေတွေ့ရှိရုံမျှဖြင့် ၎င်းကို သူ မည်သို့ နှိုးထစေနိုင်မည်နည်း။

"လျှိုဘို၊ ဒီဒုတိယမြောက် မွေးရာပါနတ်ဘုရား စွမ်းရည်ကို ငါ ဘယ်လို နှိုးထရမလဲ" ချင်ယွင်က လျှိုဘိုဆီကို အသံဖြင့်ပို့လွှတ်ကာ မေးလိုက်သည်။

"မင်းလို မိုက်မဲတဲ့ သခင်တစ်ယောက်ကို ငါ ဘယ်လိုလုပ် ရနေရတာလဲ?။ ဟင်း..၊ မင်းက ဒီအဆင့်အထိတောင် ရောက်နေပြီ။ ဒါတောင် ဘယ်လိုလုပ်ရမှန်းကို မသိသေးဘူးလား။ မင်းကတော့ ကယ်တင်လို့မရအောင်ကို တုံးအလွန်းနေပြီ" သို့သော် ချင်ယွင်က မေးလိုက် စဉ်မှာ လျှိုဘိုက သူ့ကို ဆူပူကြိမ်းမောင်းတော့သည်။

ချင်ယွင်လည်း စိတ်မဆိုးပါဘူး။ သူသည် လျှိုဘို၏ ကျိန်ဆဲသံကိုသာ နားထောင်နေခဲ့ သည်။ လျှိုဘို ပင်ပန်းသွားမှသာ သူက ပြုံးပြီး ပြောသည် "မင်းလည်း ငါ့ကို ကောင်းကောင်း ဆူပြီးသွားပြီ။ ငါ့ကို ကောင်းကောင်းကျိန်ဆဲပြီးပြီဆိုတော, ဒီဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို နိုးထအောင် ဘယ်လိုလုပ်ရမလဲ ငါ့ကို ပြောပြပါ။"

လျှိုဘိုလည်း ထိုစကားကို ကြားသည်။ သူသည် ချက်ချင်း သူ့ဒေါသကို လျှော့လိုက်ပြီး ကူရာမဲ့ ပြောပြလိုက်ရသည် “မင်း ဒီဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို နိုးထ စေချင်တယ်ဆိုရင်, ဒါက အရမ်းကို ရိုးရှင်းပါတယ်။ “စကြဝဠာရဲ့စည်းချက်နှုန်းကို မင်း ခံစားနိုင်ရမယ်။ ဒါဆို, မင်းက မင်းရဲ့စိတ်ဝိညာဉ်တစ်ခုလုံးကို အသက်သွင်းနိုင်ပြီလို့ ဘိုးဘေးနတ်ဘုရားငယ်ရဲ့ ကိုယ်ပွားက မပြောခဲ့ဘူးလား။ ယခု မင်းရဲ့ စိတ်ဝိညာဉ် စည်းချက်နှုန်းက စကြာဝဠာရဲ့ စည်းချက်နှုန်းနှင့် ကိုက်ညီနေပြီလေ။ ဒီတော့, နောက်တစ်ဆင့်က ပိုပြီးရိုးရှင်းသွားပြီပေါ့။ မင်းက မင်းရဲ့စိတ်ဝိညာဉ်နဲ့ ဒီဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ရဲ့ အလင်းလုံးထဲက နဂါးပုံသဏ္ဍာန်နဲ့ စည်းချက်နှုန်းကို လိုက်လျောညီထွေဖြစ်အောင် ထိန်းထားနိုင်သရွေ့, မင်းလည်း ဒီဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသက်သွင်းနိုင်ပြီပေါ့”။

"ဒီလောက် ရိုးရှင်းလား...?" ချင်ယွင်က အံ့အားသင့်စွာ မေးလိုက်ပါသည်။

"ဟုတ်တယ်လေ, ဒါက အလွယ်လေးပဲလေ။ အခက်ခဲဆုံးအရာက စကြာဝဠာရဲ့ စည်းချက် နှုန်းလေ။ မင်းက အဆင့်ကို ဖြတ်ကျော်ပြီးမှတော့, ကျန်တာက ပိုပြီး လွယ်ကူသွားပြီလေ။" လျှိုဘို၏အသံက ဆက်ပြီး ထွက်ပေါ်လာသည်။

ထိုစကားကို ကြားတော့ ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး၊ သူ့မျက်လုံးများတွင် ယုံကြည်မူ ရှိသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

သူ့နတ်ဘုရားစိတ်ဝိညာဉ် စည်းချက်သည် ကနဦးစကြဝဠာ၏ စည်းချက်နှင့် လိုက်လျော ညီထွေဖြစ်နေသောကြောင့်, ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်ကို မူလအခြေအနေမှ တမူထူးခြားသည့် အနေအထားသို့ ရောက်ရှိစေခဲ့သည်။ အခု, သူ့နတ်ဘုရားစိတ်ဝိညာဉ် သည် မူလစကြာဝဠာကြီး၏ စည်းချက်ကြိမ်နှုန်းသို့ ရောက်ရှိနေခဲ့ပြီ။ သူ့ရှေ့ရှိ စိတ်ဝိညာဉ် အလင်းလုံးကသာ အနည်းငယ်မျှ စွမ်းအက်အတက်အကျလှိုင်းမရှိဘဲ ရေကဲ့သို့ ငြိမ်သက် နေသည်။

၎င်းကို တူညီသော စည်းချက်အတိုင်း ထိန်းထားခြင်းဖြင့်သာ ချင်ယွင်၏ စိတ်ဝိညာဉ်နှင့် နီးကပ်စွာ ချိတ်ဆက်နိုင်မည် ဖြစ်သည်။

ဘန်း…။

ထိုဉပဒေသစည်းမျဉ်းကို နားလည်ပြီးနောက်, ချင်ယွင်သည် တုန့်ဆိုင်းမနေတော့ဘဲ သူ့လက်ကို ဆန့်တန်းကာ ဒုတိယမြောက် မေးရာပါ နတ်ဘုရားစွမ်းရည် အလင်းလုံးပေါ် ဖိလိုက်ပါသည်။

ထို့နောက်, ချင်ယွင်သည် ဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည် အလင်းအလုံး၏ စည်းချက်နှုန်းကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ခံစားနေပြီး၊ သူ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် ဒုတိယမြောက် မွေးရာပါအလင်းအလုံး၏ စည်းချက်နှုန်းကို တဖြည်းဖြည်း ပြောင်းလဲကာ ၎င်းကို သူ့နတ်ဘုရား စိတ်ဝိညာဉ်တစ်ခုလုံးနှင့် ကိုက်ညီအောင် ပြုလုပ်ပေးနေခဲ့သည်။

ဘန်း…။

ဟုတ်ပါသည်၊ ချင်ယွင်သည် ဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည် အလင်းလုံးကို စည်းချက်ညီအောင် ထိန်းထားလိုက်သည်နှင့် မွေးရာပါ အလင်းလုံးတစ်ခုလုံးသည် ချက်ချင်း တောက်ပလာပြီး တုနှိုင်းမရအောင် တောက်ပလာခဲ့ပါသည်။ အလင်းအလုံးထဲ တွင်, အတွင်းမှနဂါးသည် ကခုန်စ ပြုလာသည့်အလား အသက်ရှင်လာပုံရသည်။

သို့သော်, ချင်ယွင်သည် ရုတ်တရက် သူ့စိတ်ထဲတွင် စွမ်းရည်တစ်ခု ရှိလာသည်ကို ခံစားလိုက်ရသည်။ သူသည် ဤစွမ်းရည်ဖြင့် မွေးဖွားလာသည့်အလား, ၎င်းကို အလွယ်တကူ အသုံးပြုနိုင်ပုံပင်။ "ဒါက စိတ်ဝိညာဉ် ဝါးမျိုချခြင်းလား။" ထိုစွမ်းရည်ကို ခံစားလိုက်ရသဖြင့် ချင်ယွင်သည် အလွန်စိတ်လှုပ်ရှားနေသည့် အမူအရာကို ထုတ်ဖော် လိုက်မိသည်။

All Chapters