အခန်း ၁၅၄၁
Vol. 103 Ch. 1541
အခန်း (၁၅၄၁) ခရမ်းရောင်ဝတ် လူငယ်နှင့် တိုက်ခိုက်ခြင်း။
"ဒီလိုပဲ နိုးထသွားပြီလား?" ခရမ်းရောင်ဝတ် လူငယ်လေးသည် ဆွံအသွားရသည်။ သူသည် ထိုစွမ်းရည်ကို ဖော်ထုတ်နိုင်ဖို့ နှစ်ထောင်ပေါင်းများစွာ အချိန်ယူခဲ့ရပါသည်။
ယခုအချိန်တွင်, ချင်ယွင်သည် ကံကောင်းလွန်းသည်။ နှစ်နာရီမပြည့်မီတွင်၊ သူသည် ဤဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို နိုးထနိုင်ခဲ့သည်။ ဤကြောက်စရာ ကောင်းသော အမြန်နှုန်းကြောင့် ခရမ်းရောင်ဝတ် လူငယ်သည် ထိတ်လန့်သွားရသည်။
ဘိုးဘေးနတ်ဘုရားတစ်ပါးအား ပွတ်လောရိုက်ခဲ့သည့် အရာတစ်ခုကို ကိုင်တွယ် ဖြေရှင်းခြင်း၊ ဤကမ္ဘာပေါ်ရှိ လူအမြောက်အမြားမျှပင် ထိုသို့မလုပ်နိုင်ခဲ့ပေ။
"မမှားပါဘူး၊ ဒီလူသုံးယောက်က မင်းကို တပည့်အဖြစ် ယူချင်နေတာ အံ့သြစရာ မဟုတ်တော့ဘူး။ အခု ငါတောင် မင်းကို တပည့်အဖြစ် ယူချင်သေးတယ်" ခရမ်းရောင်ဝတ် လူငယ်က ချင်ယွင်ကိုကြည့်ရင်း ပြောလိုက်သည်။
ထိုအချိန်တွင် ချင်ယွင်၏စိတ်သည် ပုံမှန်ပြန်ဖြစ်သွားပါပြီ။ သူသည် ခရမ်းရောင်ဝတ် လူငယ်၏ စကားကိုကြားသောအခါ ရှိုက်ကြီးတငင် ပြုံး၍မဆုံးနိုင်တော့ပေ။
အခြားသူများမှာ ဘိုးဘေးနတ်ဘုရားတစ်ပါး၏ နှက်သက်သဘောကျမူကို အရယူပြီး၊ တပည့်အဖြစ် လက်ခံခြင်းခံရရန် အိပ်မက်မက်ခဲ့သော်လည်း ယခုအခါ, သူသည် ကံကောင်းလွန်းသည်။ ဤဘိုးဘေးနတ်ဘုရားများသည် သူ့ကို တပည့်အဖြစ် လက်ခံရန် အလောတကြီး ပြောဆိုနေကြသည်။
"စီနီယာ၊ စီနီယာက ကျွန်တော့်ကို ဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို နိုးကြား အောင် သင်ပေးခဲ့တာ။ ကျွန်တော့် နှလုံးသားထဲမှာ စီနီယာက ကျွန်တော့်ရဲ့ ဆရာတစ်ဝက် ဖြစ်နေပါပြီ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
"တကယ်လား ဟား.... ဟား...!" ခရမ်းရောင်ဝတ် လူငယ်သည် ချင်ယွင်၏ စကားကို ကြားသောအခါ ချက်ချင်းပင် ရယ်မောလိုက်သည်။ သိသာပါသည်။ သူ အရမ်းကို ပျော်ရွှင်နေခဲ့သည်။
သူသည် ဆရာတစ်ဝက်သာ ဖြစ်သေးသည်ဟု အခြားသူများသာ ပြောလာပါက၊ သူသည် ဒေါသပေါက်ကွဲပြီး ပါးရိုက်မိပေလိမ့်မည်၊ သို့သော် ယခုအခါ, ချင်ယွင်က သူ့ဆရာ တစ်ဝက်၏ဖြစ်သည်ဟု ထောက်ခံစကားကို ကြားလိုက်ရသည့်အခါ, သူသည် အလွန်မင်း ဂုဏ်ယူနေမိပါသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်သည် စိတ်ထဲမှာ ကူကယ်ရာမဲ့ ဖြစ်သွားရသည်။
ဘိုးဘေးဘုရားနယ်ပယ် ကျွမ်းကျင်သူများသည် မည်သည့်အချိန်က ဤမျှလောက် အထိန်းအကွပ်မဲ့ ဖြစ်သွားရသနည်း။ တခြားသူတစ်ယောက်၏ ဆရာတစ်ဝက် ဖြစ်ရတာ တောင် အရမ်းကို ပျော်နေခဲ့သည်။
"ချင်ယွင်၊ မင်းက အခု ငါ့ရဲ့ တပည့်တ၀က် ဖြစ်နေပြီ ဆိုပေမယ့်, ငါ မင်းနဲ့ ရင်ဆိုင်ရဦးမှာပဲ။ မင်း ဒီကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို လွတ်မြောက်ချင်ရင် မင်း ငါ့ကို အနိုင်ယူရမယ်။" ခရမ်းရောင်ဝတ် လူငယ်က ထပ်ပြောပြီး သူ့အမူအရာက လေးနက်လာသည်။
"အင်း!" ချင်ယွင်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်ရာ သူ့အမူအရာက လေးနက်လာခဲ့သည်။
ခရမ်းရောင်ဝတ် လူငယ်သည် ဤဒုတိယမြောက် မွေးရာပါနတ်ဘုရားစွမ်းရည်ကို နိုးထလာအောင် သင်ပေးခြင်းဖြင့် သူ့ကို ကူညီပေးခဲ့ပြီ ဖြစ်ကြောင်း သူသိသည်။ သူ့အတွက် တခြား စွန့်လွှတ်အနစ်နာခံမှုတွေ ထပ်လုပ်စရာ မလိုတော့ပါဘူး။
"စီနီယာ၊ စီနီယာ စိတ်တိုင်းကျ လှုပ်ရှားနိုင်ပါတယ်။ တကယ်လို့, ကျွန်တော်က စီနီယာကို အနိုင်မယူနိုင်ရင်လည်း ကျွန်တော့်အစွမ်းအစက မကောင်းဘူးလို့ပဲ ဆိုရမှာပါ။ စီနီယာနဲ့ ဘာမှ မဆိုင်ပါဘူး။" ချင်ယွင်က လေးလေးနက်နက် ပြောလိုက်သည်။
'"ကောင်းတယ်၊ တကယ်လို့, မင်း ငါ့ကို ညှာတာပေးဖို့ တောင်းပန်နေရင်, ငါ မင်းကို မဆိုင်းမတွ သတ်ပစ်တော့မှာ။ အခု ငါ မင်းကို သတ်ပစ်ဖို့တောင် နည်းနည်း ဝန်လေးနေ တယ်။ ကောင်လေး၊ မင်းငါ့ကို အနိုင်ယူနိုင်ဖို့ ငါမျှော်လင့်တယ်။ နောက်ဆုံးတော့, ငါတို့ ရှေးဟောင်းစိတ်ဝိညာဉ်နဂါးမျိုးနွယ်မှာ မင်းတစ်ယောက်ထဲပဲ ကျန်တော့တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ မင်းရဲ့ရှေးဟောင်းစိတ်ဝိညာဉ်နဂါးတွေရဲ့ သွေးမျိုးဆက်ကို ငါ မပြတ်သွား စေချင်ဘူး” ခရမ်းရောင်ဝတ် လူငယ်က ကျယ်လောင်စွာ ချီးမွမ်းသည်။
ထိုစကားကိုကြားတော့ ချင်ယွင်၏တကိုယ်လုံးရှိ သွေးများသည် လှုပ်ရှားသွားသည်။
ဘန်း…။
အတွေးတစ်ချက်ဖြင့် သူ့တစ်ကိုယ်လုံးသည် နဂါးတစ်ဝက် အခြေအနေသို့ ရောက်ရှိသွားပြီး ခရမ်းရောင် အကြေးခွံများက ထူးထူးခြားခြား တောက်ပလာသည်။
ထိုမျှတင်မကဘဲ, ချင်ယွင်သည် သူ့ဒန်တန်ထဲမှာရှိနေသည့် နတ်ဘုရားဘုရင်ဆေးကို လည်း အကန့်အသတ်ဖြင့် အသုံးပြုလိုက်ပါသည်။ နတ်ဘုရားဘုရင်ဆေး၏ စွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ်နှင့် ဒန်တန်အတွင်းသို့ လုံးဝ ပျံ့နှံ့သွားခဲ့သည်။
"ဘုန်း.."
ကျယ်လောင်သော တုန်ခါသံနှင့်အတူ, ထိုအခိုက်တန့်တွင် ချင်ယွင်၏ ကျင့်ကြံမှုသည် အမှန်တကယ်ပင် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိ သွားပြန်သည်။ ချင်ယွင်၏ နတ်ဆိုးနတ်ဘုရားနယ်ပယ် ကျင့်ကြံမူတောင်မှ အလယ်လတ် အဆင့် မြေကမ္ဘာနတ်ဆိုး နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူသည် နှောင်းပိုင်းအဆင့် မြေကမ္ဘာနတ်ဆိုး နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုပါတော့သည်။
"အယ်, မင်းက တကယ်ကို မြန်မြန်ဆန်ဆန် အဆင့်ဖြတ်ကျော်သွားတာလား။" ခရမ်းရောင်ဝတ် လူငယ်က အံ့သြစွာ မေးလိုက်သည်။
ချင်ယွင်၏ အငွေ့အသက်သည် ရုတ်တရက် ပိုမိုပြင်းထန်လာသည်။ သူသည် ချင်ယွင်၏ ကျင့်ကြံမှုတွင် အောင်မြင်မှုတစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သောကြောင့် သူ့ကို အလွန် ပျော်ရွှင်စေခဲ့သည်။
"ဟား...၊ ဟား.....၊ မင်း အဆင့်ဖြတ်ကျော်နိုင်တာ ကောင်းလိုက်တာ။ ဒီနည်းနဲ့ ငါတို့ ကောင်းကောင်း တိုက်ခိုက်နိုင်ပြီ။" ခရမ်းရောင်ဝတ် လူငယ်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ့တစ်ကိုယ်လုံးသည် နဂါးတစ်ပိုင်း အနေအထားသို့ လုံးလုံးလျားလျား ဝင်ရောက်သွားလေသည်။
ဤခရမ်းရောင်ဝတ် လူငယ်သည် သူ၏အစစ်မှန် ခန္ဓာကိုယ် မဟုတ်ပေ။ သူ၏စိတ်ဝိညာဉ် သည် နတ်ဘုရားနဂါးစိတ်ဝိညာဉ် အမှတ်သားတစ်ခုမျှသာ ဖြစ်သော်လည်း၊ သူသည် မူရင်း နတ်ဘုရားနဂါး စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ဖူးသောကြောင့်, နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲနိုင်ပါသည်။
"စီနီယာ၊ ဒီဂျူနီယာက စီနီယာကို ပြစ်မှားမိပြီ။" ချင်ယွင်က တိုးညှင်းစွာ ပြောလိုက်ပြီး သူ့မျက်လုံးတွေက ချက်ချင်းပင် စူးရှလာခဲ့သည်။
ထို့နောက် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းဆိုသလို ထွက်ပြေးသွားပြီး ခရမ်းရောင်ဝတ် လူငယ်ကို တိုက်ခိုက်လိုက်သည်။
ချင်ယွင်၏ ကျင့်ကြံမှုတွင် အဆင့်ဖြတ်ကျော်ခဲ့ကြောင့် ချင်ယွင်၏ အရှိန်ဟုန်နှင့် ခွန်အား သည် ယခင်ကထက် ပိုမိုမြန်ဆန်လာခဲ့သည်။ ထို့ကြောင့်, မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွင်သည် ခရမ်းရောင်ဝတ် လူငယ်ရှေ့သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
ဝှီး.....။
ချင်ယွင်၏ နဂါးလက်သည်းသည် ချက်ချင်း ဆန့်ထွက်လာကာ ခရမ်းရောင်ဝတ် လူငယ်၏ ရင်ဘတ်ဆီသို့ ဆုပ်ကိုင်လိုက်သည်။
ခရမ်းရောင်ဝတ် လူငယ်သည် ချင်ယွင်၏ နဂါးလက်သည်း သူ့ဆီသို့ ရောက်ရှိလာသည်ကို မြင်သောအခါ ပေါ့ပါးစွာ ပြုံးလိုက်ပါသည်။
"မင်းရဲ့ အရှိန်ဟုန်ကတော့ မဆိုးပါဘူး၊ ဒါပေမယ့် အင်အားက အတော်လေး အားနည်းနေ တယ်" ခရမ်းရောင်ဝတ် လူငယ်သည် နဂါးလက်သည်းကို ဝှေ့ယမ်းကာ ချင်ယွင်၏ ရင်ဘတ်ဆီသို့ ဖိထိုးလိုက်လေသည်။
နောက်ဆုံးတွင်, ခရမ်းရောင်ဝတ် လူငယ်၏ တိုက်ခိုက်မှုသည် ချင်ယွင်၏ ရင်ဘတ်ပေါ်ရှိ အကြေးခွံများကို တိုက်ရိုက် ဆုတ်ဖြဲသွားကာ သူ့ကို ချက်ချင်းဆိုသလို လွင့်ပျံသွားစေခဲ့ သည်။
ချင်ယွင်သည် ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး သူ့မျက်နှာက ထိတ်လန့် တကြား ဖြစ်သွားခဲ့သည်။
သူ့ရှေ့ရှိ ဤခရမ်းရောင်ဝတ် လူငယ်လေး၏ ခွန်အားသည် ရှေ့ဘိုးဘေးနတ်ဘုရားနယ် ကျွမ်းကျင်သူသုံးဦး၏ကိုယ်ပွားများ၏ ခွန်အားထက် များစွာ အားကောင်းနေပါသည်။ ထိုလက်ဖဝါးရိုက်ချက်သည် ချင်ယွင်၏ခန္ဓာကိုယ်ကို ကွဲကြေသွားစေရုံသာမက သူ့စိတ်ဝိညာဉ်ကိုပါ ထိခိုက်ဒဏ်ရာရစေခဲ့သည်။
"နတ်ဘုရားစိတ်ဝိညာဉ် တိုက်ခိုက်မူ၊ ဒီတိုက်ခိုက်မူထဲမှ တကယ်ကို နတ်ဘုရား စိတ်ဝိညာဉ်တိုက်ခိုက်မူပါ ပါ၀င်နေတယ်။" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
သူ့စိတ်ဝိညာဉ်သည် ကနဦးစကြာဝဠာနှင့် ပေါင်းစပ်ပြီး ဖြစ်သည်။ သာမာန်စိတ်ဝိညာဉ် တိုက်ခိုက်မှုများက သူ့ကို လုံးဝ ဒုက္ခမပေးနိုင်တော့ပါ။ သို့သော်, ခရမ်းရောင်ဝတ် လူငယ်၏ ယခုလေးတင် တိုက်ခိုက်မှုသည် ချင်ယွင်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ဖြိုခွဲနိုင်ခဲ့သည်။ ခရမ်းရောင်ဝတ် လူငယ်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် အလွန်အားကောင်းကြောင်း ပြသရန် လုံလောက်ပါသည်။
"ဟား...၊ ဟား...၊ ငါ့တိုက်ခိုက်မှုမှာ နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်မှု ဘာကြောင့် ပါဝင်နေလဲ မင်း သိချင်လား" ခရမ်းရောင်ဝတ် လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက် သည်။
ချင်ယွင်က ခေါင်းညိတ်ပြပြီး သူ့ရင်ဘတ်ကို အုပ်ကာ မတ်တပ် ပြန်ထသည်။
"တကယ်တော့ ဒါက အရမ်းကို ရိုးရှင်းပါတယ်။ ငါ့ရဲ့ ပင်မခန္ဓာကိုယ်က ရှေးဟောင်း စိတ်ဝိညာဉ်နဂါးလေ။ စိတ်ဝိညာဉ်နဂါးလို့ခေါ်မှတော့ ပြင်းထန်တဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှု ကို သေချာပေါက် ပိုင်ဆိုင်ထားပြီပေါ့။ မဟုတ်ရင် ဘာလို့ စိတ်ဝိညာဉ်နဂါးလို့ ခေါ်နေမှာ လဲ" ခရမ်းရောင်ဝတ် လူငယ်က ပြန်ဖြေသည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် အနည်းငယ် မှင်သက်သွားခဲ့သည်။
သူသည် ရှေးဟောင်းစိတ်ဝိညာဉ်နဂါးကို အဘယ်ကြောင့် ဤနာမည် မှည့်ခေါ်ရသနည်းဟု အမြဲ တွေးနေမိသည်။ ယခုမူ၊ ရှေးဟောင်းစိတ်ဝိညာဉ်နဂါးသည် နတ်ဘုရားစိတ်ဝိညာဉ်နှင့် အမှန်တကယ် ဆက်စပ်နေပုံရသည်။
သို့သော်, သူသည် ရှေးဟောင်းစိတ်ဝိညာဉ်နဂါး၏ နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်စွမ်းရှိမရှိ ချင်ယွင် မသိပေ။
"ကလေး၊ ရှေးဟောင်းစိတ်ဝိညာဉ်နဂါးတွေမှာ စွမ်းရည်တွေ အများကြီး ရှိနေသေးတယ်။ မင်း ဖြည်းဖြည်းချင်း တူးဖော်ရမယ်။ တကယ်လို့, မင်းသာ အဲဒီစွမ်းရည်တွေကို တူးဖော် နိုင်ခဲ့ရင်, ရှေးဟောင်းစိတ်ဝိညာဉ်နဂါးတွေက မင်းထင်ထားတာထက် အများကြီး ပိုသန်မာတာကို တွေ့ရလိမ့်မယ်။" ခရမ်းရောင်ဝတ် လူငယ်က ပြောသည်။
ထိုကစားကိုကြားတော့ ချင်ယွင်က လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ပါသည်။
ထိုစကားဝိုင်း ပြီးဆုံးပြီးနောက်တွင်၊ ရှေးဟောင်းစိတ်ဝိညာဉ်နဂါးတွေအပေါ် သူ၏ နားလည်မှုသည် များစွာနက်ရှိုင်းလာခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည်လည်း ရှေးဟောင်း စိတ်ဝိညာဉ်နဂါးတွေအပေါ် သူ့နားလည်မှု မလုံလောက်သေးကြောင်း တွေ့ရှိခဲ့ ရသည်။
"နောက်တစ်ကြိမ်"
ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ခရမ်းရောင်ဝတ် လူငယ်လေးအား ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုဟန်ဖြင့် သူ့တစ်ကိုယ်လုံးက ပစ်ဝင်သွားပြန်သည်။
ဘန်း…။
ချင်ယွင်၏ နဂါးလက်သည်းသည် ပြင်းထန်သော နတ်ဘုရားတန်ခိုးစွမ်းအား အတက်အကျ လှိုင်းဖြင့် တဟုန်ထိုး မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ အဖြူရောင် ကျောက်စိမ်း လျှပ်စီးစွမ်းအားနှင့် နတ်ဆိုးနတ်ဘုရားတန်ခိုး စွမ်းအားတို့သည်လည်း ပေါင်းစပ်သွားကာ အနှိုင်းမဲ့ စွမ်းအားကြီးမားသော စွမ်းအင်တစ်ခု ဖြစ်ပေါ်လာပြီး၊ ခရမ်းရောင်ဝတ် လူငယ်၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
ခရမ်းရောင်ဝတ် လူငယ်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ၏အမူအရာသည် တဖြည်းဖြည်း လေးနက်လာသည်။ သူ့နဂါးလက်သည်းလည်း ဆန့်ထွက်ပြီး ချင်ယွင်၏ နဂါးလက်သည်းနှင့် အပြင်းအထန် တိုက်ရိုက် တွေ့ဆုံလိုက်ပါသည်။
"ဘုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ်ရာ စွမ်းအင် အတက်အကျ လှိုင်းများ ချက်ချင်း ပေါက်ကွဲသွားပြီး၊ ပြင်းထန်သော စွမ်းအင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ သည်။ ချင်ယွင်၏တစ်ကိုယ်လုံး ပျံသန်းသွားခဲ့ပြီး၊ ခရမ်းရောင်ဝတ် လူငယ်အား ခြေသုံးလှမ်း နောက်ပြန် ဆုတ်ခိုင်းနိုင်ခဲ့သည်။