← Chapters

အခန်း ၁၅၄၂

Vol. 103 Ch. 1542

အခန်း ၁၅၄၂

Vol. 103 Ch. 1542

အခန်း (၁၅၄၂) ပေါက်ကွဲထွက်လာသော ချင်ယွင်။

"ဘုန်း…"

ချင်ယွင်၏ရုပ်အသွင်သည် အဝေးမှ ကျောက်တုံးကြီးတစ်ခုထဲသို့ ပြုတ်ကျသွားပြီး ကျောက်တုံးကြီးသည် တိုက်ရိုက် ကွဲသွားခဲ့သည်။

ချင်ယွင်၏ ပါးစပ်ထောင့်မှ ချက်ချင်းပင် သွေးစများ စီးထွက်လာပြီး သူ့အကြည့်တွေက ကျားသစ်တစ်ကောင်လို စူးရှလာသည်။

ထိုအချိန်တွင် သူ၏နဂါးလက်သည်းများပေါ်ရှိ အကြေးခွံများသည် ကွဲအက်သွားကာ၊ သွေးများဖြင့် ရွှဲနစ်နေပြီး၊ သူ့လက်မောင်းရှိ အရိုးများအားလုံးလည်း ကွဲအက်သွားခဲ့သည်။ ပြင်းထန်သော နာကျင်မူ ဝေဒနာကြောင့် ချင်ယွင်သည် မျက်မှောင်ကြုတ်ရုံအပြင် ဘာမှ မတတ်နိုင်ခဲ့ပေ။

ခရမ်းရောင်ဝတ် လူငယ်၏ ခွန်အားသည် သူ့ထက် အဆများစွာ ပြင်းထန်နေသည်။ အကယ်၍, သူသည် ခရမ်းရောင်ဝတ် လူငယ်နှင့် ထိပ်တိုက်တွေ့ဆုံလျှင် ရှုံးနိမ့်မည်မှာ သေချာသည်။ တကယ်ဆို, သူအရှုံးက ပို၍ပင် သနားစဖွယ် ဖြစ်လိမ့်မည်။

"မဟုတ်ဘူး၊ ငါ သူ့ကို ထိပ်တိုက်ရင်ဆိုင်လို့ မရဘူး။ ငါ နည်းလမ်းရှာရမယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ခရမ်းရောင်ဝတ် လူငယ်သည် ချင်ယွင်နှင့် အတူတူပင်ဖြစ်သည်။ သူသည် ရှေးဟောင်း စိတ်ဝိညာဉ်နဂါးဖြစ်ပြီး နဂါးတစ်ကောင် အခြေအနေသို့ ဝင်ရောက်နိုင်သည်။ သူသည် ချင်ယွင်ထက် နိမ့်ကျမည် မဟုတ်ပေ။ ထို့အပြင် ခရမ်းရောင်ဝတ် လူငယ်သည် ဘိုးဘေး နတ်ဘုရားတစ်ပါး၏ စစ်မှန်သော အဓိပ္ပါယ်ကို ဆုပ်ကိုင်ထားနိုင်သည်။ သူ၏ ထိန်းချုပ်နိုင် စွမ်းသည် ချင်ယွင်ထက် များစွာ ကြီးမားသည်။ ထို့ကြောင့် ချင်ယွင်သည် ခရမ်းရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွားနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ပါက၊ သူသည် သေခြင်းတရားကို ချစ်မြတ်နိုး၍ပင် ဖြစ်ပေလိမ့်မည်။

"ကောင်စုတ်လေး၊ မင်း ဘာလို့ သတ်ဖြတ်ခြင်းနည်းတစ်ထောင်ကို မသုံးတာလဲ။ မင်းက ဒီနတ်ဘုရား စွမ်းရည်ကို ကျွမ်းကျင်ရုံပဲ ရှိသေးတယ်။ မင်းအနေနဲ့ သိုင်းပညာရဲ့ စစ်မှန်တဲ့ အနှစ်သာရကို မထုတ်ဖော်နိုင်သေးပေမယ့်, အဲဒါက မင်းရဲ့ ကြုံရာကျပန်း တိုက်ခိုက်မှုတွေ ထက် အများကြီး ပိုအစွမ်းထက်ပါသေးတယ်။" လျှိုဘို၏ အသံသည် ချင်ယွင်၏ စိတ်ထဲ တွင် ထွက်ပေါ်လာသည်။

ထိုစကားကိုကြားတော့ ချင်ယွင်၏မျက်လုံးတွေက ချက်ချင်း တောက်ပလာခဲ့သည်။

မှန်ပေသည်။ ထိုသတ်ဖြတ်ခြင်းနည်းတစ်ထောင်သည် အလွန်မင်း အစွမ်းထက်သော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။ ခရမ်းရောင်ဝတ် ဘိုးဘေးဘုရားငယ်၏ ကိုယ်ပွားကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းကို အသုံးပြုခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

ထိုအကြောင်းကို တွေးမိပြီး၊ ချင်ယွင်သည် တွန့်ဆုတ်မနေတော့ဘဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး ရှိ နတ်ဆိုးနတ်ဘုရား တန်ခိုးစွမ်းအားကို တိုက်ရိုက် လောင်ကျွမ်းကာ အမြင့်ဆုံး တိုက်ပွဲဝင်နိုင်သည့် အခြေအနေတစ်ခုထဲ ဝင်ရောက်လိုက်သည်။

"ဘုန်း.."

တစ်ချိန်တည်းမှာပင် အဝေးမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာ သည်။ ထို့နောက်, ချင်ယွင်သည် ခရမ်းရောင်ပုံရိပ်တစ်ခုက သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် လျင်မြန်လွန်းသဖြင့် ခရမ်းရောင်အလင်းတန်းတစ်ခုက လေဟာနယ်ထဲသို့ တခဏချင်း ထိုးဖောက်ဝင်ရောက်သွားသလိုပင်။ ၎င်းသည် မျက်စိ တစ်မှိတ်အတွင်းမှာပဲ ချင်ယွင်၏ရှေ့သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသော်လည်း ကြောက်ရွံ့ခြင်းတော့ မရှိပေ။ ယင်းအစား၊ သူသည် ပုံရိပ်ယောင်အသွင်ပြောင်းခြင်းနတ်ဘုရားစွမ်းရည်ကို အဆုံးစွန်ထိ အသုံးပြုခဲ့ပြီး နောက်ကွယ်မှာ ပုံရိပ်တစ်ခုကို ချန်ထားရစ်ခဲ့သည်။

"ဘန်း.."

ချင်ယွင်၏ရုပ်အသွင်သည် ထိုနေရာမှ ထွက်ခွာသွားသည်နှင့် သူချန်ထားရစ်ခဲ့သော ပုံရိပ်သည် ကြောက်မက်ဖွယ် ထက်ရှသော လက်သည်းချက်ကြောင့် တိုက်ရိုက် စုတ်ပြဲသွားခဲ့သည်။

"အခုချက်ချင်းပ။" ချင်ယွင်သည် ဘေးသို့ ရှောင်တိမ်းသွားကာ သူ့မျက်လုံးများသည် ချက်ချင်းပင် လင်းလက်လာသည်။ သူသည် ခုန်တက်လာပြီး ခရမ်းရောင်ဝတ် လူငယ်၏ မျက်နှာကို ပြင်းပြင်း ထန်ထန် ရိုက်ချလိုက်သည်။

ချင်ယွင်၏ အရှိန်ဟုန်သည် အလွန်လျင်မြန်လွန်းသဖြင့် လေထဲတွင် ထောင်ပေါင်းများစွာ သော နောက်ဆက်တွဲ ပုံရိပ်များသာ ကျန်ရစ်ခဲ့လေသည်။ အရွယ်အစားကြီးမားသော ကြာပွတ်ခြေထောက်တွင် အဆုံးမရှိသော စွမ်းအားများ ပါဝင်နေပုံရသည်။

ခရမ်းရောင်ဝတ် လူငယ်သည် သူ၏တိုက်ခိုက်မှု မအောင်မြင်သည်ကို မြင်ပြီး၊ ချင်ယွင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ သူ့မျက်နှာပေါ်ရှိ အမူအရာမှာ အနည်းငယ် ထိတ်လန့် သွားသော်လည်း မကြာခင်မှာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"စိတ်ဝင်စားစရာပဲ!"

ခရမ်းရောင်ဝတ် လူငယ်သည် ဆိုးသွမ်းသော အပြုံးဖြင့် ပြုံးကာ သူ့မျက်လုံးများတွင် ကျီစားလိုသည့်အရိပ်ယောင်များဖြင့် ပြည့်နေခဲ့သည်။

ဝှီး.....။

ခရမ်းရောင်ဝတ် လူငယ်၏ နဂါးလက်သည်းသည် ချက်ချင်း ဆန့်ထွက်လာကာ ချင်ယွင်၏ ကြာပွတ်ခြေထောက်ကို ဆုပ်ကိုင်လိုက်သည်။

"ဘုန်း.."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ ကြာပွတ်ခြေထောက်သည် ခရမ်းရောင်ဝတ် လူငယ်၏ နဂါးလက်သည်းလက်ဖဝါးနှင့် တိုက်ရိုက် ထိတွေ့သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ထိပ်တိုက် တွေ့ဆုံမှုကြောင့် လေဟာနယ်တစ်ခု လုံး ပြင်းထန်စွာ တုန်လှုပ်သွားကာ ပတ်ဝန်းကျင်ကို ဖြတ်သန်းသွားသည့် အားပြင်းသော စွမ်းအင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း ချင်ယွင်၏ ပြင်းထန်ပြီး လေးလံသော ကြာပွတ်သဖွယ် ခြေထောက်သည် ခရမ်းရောင်ဝတ်လူငယ်၏ ဦးခေါင်းကို အနည်းငယ် တိမ်းစောင်းသွားစေခဲ့သော်လည်း ခရမ်းရောင်ဝတ် လူငယ်အား ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မဖြစ်စေခဲ့ ပေ။

"ဒါလည်း အတူတူပဲ။ မင်းရဲ့ အရှိန်ဟုန်က မဆိုးဘူး။ ဒါပေမယ့် ခွန်အားက တော်တော် လိုသေးတယ်။" ခရမ်းရောင်ဝတ် လူငယ်လေးက ပြုံးပြုံးလေး ပြောသည်။ ထိုစကားလုံး များသည် သရော်လှောင်ပြောင်မှု အရိပ်အမြွက်ကို ပြနေသော်လည်း ခရမ်းရောင်ဝတ် လူငယ်၏ အကြည့်သည် ချင်ယွင်အပေါ် သဘောကျမှု အရိပ်အမြွက်ကို ယူဆောင်လာ သည်။

အခုလေးတင်, ချင်ယွင်၏ ရှောင်တိမ်းမှုသည် ပြီးပြည့်စုံလှသည်။ အကယ်၍ သူသာ သာမန် အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေခဲ့ပါက၊ ချင်ယွင်၏ ခြေကန်ချက်ကြောင့် သူသည် ပေါက်ကွဲသွားပေလိမ့်မည်။ ကောင်းကင် နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။ ထို့ကြောင့် ချင်ယွင်၏ ခြေကန်ချက်၏ စွမ်းအားသည် အားမနည်း သော်လည်း သူ့ရှေ့ရှိ ခရမ်းရောင်ဝတ် လူငယ်သည် အလွန် သန်မာလွန်းနေသည်။

သို့သော်လည်း ခရမ်းရောင်ဝတ်လူငယ် စကားဆုံးသွားသည်နှင့် ချင်ယွင် မတုန့်ပြန်နိုင်ခင် မှာ ခရမ်းရောင်ဝတ်လူငယ်၏ နဂါးလက်သည်းသည် ချင်ယွင်၏ခြေကျင်းဝတ်ကို တိုက်ရိုက် ဆွဲကိုင်လိုက်ပြီး ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လေးလံသောတူကြီးအလား မြေပြင်ပေါ်သို့ ထုရိုက်ချလိုက်သည်။

"ဘုန်း.."

ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ တခဏ ချင်းမှာပဲ၊ မြေကြီးတစ်ခုလုံး နစ်ဝင်သွားပြီး အနှိုင်းမဲ့ နက်ရှိုင်းသည့် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ကြီးမားသော အက်ကွဲကြောင်းကြီးသည် ကီလိုမီတာ ဆယ်ဂဏန်းအထိ ပျံ့နှံ့သွားခဲ့သည်။

ထိုအချိန်တွင် ချင်ယွင်သည် လုံးဝ ဆွံအသွားခဲ့သည်။ ခရမ်းရောင်ဝတ် လူငယ်၏ ရိုက်နှက်ခြင်းသည် သူ့ကို လုံးဝ ပြိုကွဲလုနီးပါး ဖြစ်စေခဲ့သည်။ ချင်ယွင်သည် နဂါးတစ်ကောင် အနေအထားမျိုးတွင် ရှိနေခြင်းကြောင့်သာ မဟုတ်ပါက၊ ယခုအချိန်တွင် သူသည် ရွှံ့နွံခွက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် အလွန်မာကျောပြီး မြေပြင်ပေါ်ရှိ ကျောက်တုံးများသည် သူ့အကြေးခွံများလောက် မမာကျောသော်လည်း၊ အစောပိုင်းက ခရမ်းရောင်ဝတ်လူငယ်၏ သူ့ခန္ဓာကိုယ်အပေါ် လှုပ်ရှားခဲ့သည့် အရှိန်ဟုန်သည် အလွန် ကြီးမားလွန်းသဖြင့် သူမည်မျှပင် သန်မာနေပါစေ ခံနိုင်ရည်မရှိသည့်ပုံ ပေါ်လာသည်။

စာရွက်တစ်ရွက်တောင် ကြောက်စရာကောင်းသည့် အရှိန်ဟုန်တစ်ခုသို့ ရောက်ရှိပြီး နောက်, သံမဏိပြားကို ဖြတ်တောက်ပစ်နိုင်ပါသည်။ ထို့ကြောင့်, ချင်ယွင်၏ အကာကွယ် သည် မည်မျှပင် သန်မာနေပါစေ, သူသည် ထိုကဲ့သို့တရစပ် တိုက်ခိုက်မှုမျိုးကို ခံနိုင်ရည်မရှိ ခဲ့ပါဘူး။

"ချင်ယွင်၊ ငါ့ဆီက နောက်ထပ် လက်သီးတစ်ချက်ကို ခံယူလိုက်ဦး" ခရမ်းရောင်ဝတ် လူငယ်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် လောင်ကျွမ်းသွားသည်။ ပြင်းထန်သော စွမ်းအင်အတက်အကျတစ်ခုက ခရမ်းရောင်အကြေးခွံများမှ တစ်ဖန် မြင့်တက်လာခဲ့ပြီး၊ သူ့လက်သီးချက်သည် ချင်ယွင်၏ရင်ဘတ်ဆီသို့ တိုက်ရိုက် တိုးဝင်သွားခဲ့သည်။

ချင်ယွင်သည် ခရမ်းရောင်ဝတ် လူငယ်၏ လက်သီးချက်ကို ကြည့်လိုက်ရင်း သူ့မျက်လုံးများသည် ချက်ချင်းပင် ထူးထူးခြားခြား အေးစက်လာခဲ့သည်။

အကယ်၍, ထိုလက်သီးချက်သာ သူ့ခန္ဓာကိုယ်ပေါ် ကျရောက်သွားမည်ဆိုလျှင်, သူ့ ခန္ဓာကိုယ်သည် လုံးဝကို ပျက်စီးသွားဖွယ်ရှိသည်။ ထိုအချိန်တွင် သူသည် ခရမ်းရောင်ဝတ် လူငယ်၏ တိုက်ခိုက်ခြင်းကို ခုခံရင်ဆိုင်ရန် ခွန်အားမရှိတော့ပေ။ တစ်နည်းဆိုရသော် ထိုအချိန်တွင် သူရင်ဆိုင်ရမည့်အရာက ကောင်းကင်ဘုံကပ်ဘေးဒုက္ခတွင် ကျရှုံးခြင်း ဖြစ်ပြီး၊ ကပ်ဘေးဒုက္ခတွင် ကျရှုံးခြင်း၏ ရလာဒ်မှာလည်း သူ့စိတ်ဝိညာဉ်သည် အစိပ်စိပ် မွှာမွှာ ပြိုကွဲခြင်းပင် ဖြစ်ပေလိမ့်မည်။

"ငါမရှုံးနိုင်ဘူး!" ချင်ယွင်၏အကြည့်တွေက ချက်ချင်းပင် အလွန်မင်း ပြင်းထန်လာခဲ့ပြီး၊ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှ အားကောင်းသော လေဟာနယ်ဓားစွမ်းအားတစ်ခု ထွက်ပေါ်လာကာ၊ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအမုန်တိုင်းတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။

"ဘုန်း.."

လေဟာနယ်ဓားစွမ်းအင်သည် ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာကာ, အနှိုင်းမဲ့ အားကောင်းသည့် ခရမ်းရောင်ဝတ် လူငယ်၏ လက်သီးချက်အား ပြင်းပြင်းထန်ထန် ပိတ်ဆို့လိုက်ပါသည်။

ထိုမျှသာမကဘဲ ခရမ်းရောင်ဝတ် လူငယ်၏ရုပ်အသွင်သည်လည်း ဤကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်မုန်တိုင်းကြောင့် နောက်ပြန် ဆုတ်သွားခဲ့ရသည်။ လေဟာနယ် ဓားစွမ်းအင်သည် ခရမ်းရောင်ဝတ် လူငယ်၏ အကြေးခွံများနှင့် အပြင်းအထန် တိုက်မိကာ သန့်စင်ထားသော သံမဏိအချင်းချင်း အပြင်းအထန် ထိပ်တိုက်တွေ့သံများ ဖြစ်ပေါ်စေ သည်။

"အယ်၊ ဒါက ဘယ်လိုဓားစွမ်းအင် အမျိုးအစားလဲ။ တော်တော်လေး အစွမ်းထက်ပုံရ တယ်။" ခရမ်းရောင်ဝတ် လူငယ်လေးသည် ဓားစွမ်းအင်၏ စွမ်းအားကို ခံစားမိပြီး၊ သူ့မျက်လုံးများက အံ့ဩဟန် အရိပ်အယောင်ကို ဖော်ထုတ်လိုက်ပါသည်။

ထိုအခိုက်တွင် ချင်ယွင်လည်း မြေပြင်ပေါ်သို့ တဖန် ပြန်တက်လာသည်။ သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများသည် အသက်တန်ခိုးစွမ်းအားနှင့် နတ်ဘုရား၏တန်ခိုးစွမ်းအား၏ အကျိုး သက်ရောက်မှု အောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ပြန်လည် ကောင်းမွန်လာခဲ့သည်။ တခဏအကြာတွင် ကျိုးပဲ့နေသော အရိုးများနှင့် အင်္ဂါအစိတ်ပိုင်း များသည် ထိခိုက်မှုမရှိဘဲ ပြန်လည်ကြီးထွားလာခဲ့သည်။

"စီနီယာ၊ ကျွန်တော် စီနီယာကို ပြစ်မှားမိပြီ။" ချင်ယွင်၏မျက်လုံးများသည် အနှိုင်းမဲ့ အားပြင်းသော အလင်းရောင်တစ်ခုနှင့် တစ်ဖန် လောင်ကျွမ်းလာခဲ့သည်။

ထို့နောက်မှာတော့ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ချင်ယွင်၏ ရုပ်အသွင်သည် ထိုနေရာကနေ ပျောက်ကွယ်သွားခဲ့သည်။

"အယ်!"

ခရမ်းရောင်ဝတ် လူငယ်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများက အံ့အားသင့်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ဒီအချိန်မှာ ချင်ယွင်သည် မည်သို့ ပျောက်ကွယ်သွားမှန်း သူ မသိလိုက်သလို ချင်ယွင်၏ရုပ်အသွင်ကိုလည်း ဖမ်းဆုပ်၍ မရခဲ့ပါဘူး။

ဘန်း….။

ဤအခိုက်အတန့်တွင် ချင်ယွင်၏ရုပ်အသွင်သည် ခရမ်းရောင်ဝတ် လူငယ်၏ နောက်တွင် အမှန်တကယ် တိတ်တဆိတ် ပေါ်လာခဲ့သည်။

ချင်ယွင်ပေါ်လာသည်နှင့် ခရမ်းရောင်ဝတ် လူငယ်လေးသည် ၎င်းကို ချက်ခြင်း ခံစားလိုက် ရသည်။ နဂါးလက်သည်းသည် ချက်ခြင်း ဆန့်ထွက်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်သွားသည်။

သို့သော် ချင်ယွင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သည့်အခိုက်တွင် သူ့ခန္ဓာကိုယ် သည် မှန်တစ်ချပ်ကဲ့သို့ ကွဲအက်သွားခဲ့သည်။

"မကောင်းတော့ဘူး! လေဟာနယ်ကြေးမှုန်ပုံရိပ်" ခရမ်းရောင်ဝတ် လူငယ်၏အမူအရာ သည် ချက်ချင်း ပြောင်းလဲသွားသည်။

သို့သော် သူ မတုံ့ပြန်နိုင်ခင်မှာ, ကြောက်မက်ဖွယ်ကောင်းသော ကြာပွတ်သဖွယ် ခြေထောက်သည် ခရမ်းရောင်ဝတ် လူငယ်၏ မျက်နှာပေါ်သို့ တိုက်ရိုက် ကျရောက်လာ သည်။ ခရမ်းရောင်ဝတ် လူငယ်သည် ဥက္ကာပျံကဲ့သို့ ချက်ခြင်း လွင့်ထွက်သွားခဲ့သည်။

သူ့မျက်နှာပေါ်ရှိ အကြေးခွံများလည်း လုံးဝ ကွဲအက်သွားကာ လတ်ဆတ်သော သွေးများ နေရာအနှံ့ လွင့်စင်သွားခဲ့သည်။

All Chapters