← Chapters

အခန်း ၁၅၄၃

Vol. 103 Ch. 1543

အခန်း ၁၅၄၃

Vol. 103 Ch. 1543

အခန်း (၁၅၄၃) တိုက်ပွဲအဆုံးသတ်။

ခရမ်းရောင်ဝတ် လူငယ်၏ ခန္ဓာကိုယ်သည် နေရာတစ်ခုသို့ လွင့်ပျံသွားခဲ့ပြီး သူ၏ အရှိန်ဟုန်မှာ အနှိုင်းမဲ့ မြန်ဆန်လွန်းသည်။

ချင်ယွင်၏ ခြေကန်ချက်သည် သေးငယ်သည် မဟုတ်ပေ။ အကယ်၍, အခြားသူ တွေသာ ဆိုလျှင်၊ ၎င်းတို့သည် ဟိုအရင်ကတည်းက ချင်ယွင်၏ခြေကန်ချက်ကြောင့် ဦးခေါင်း ပြတ်သွားလိမ့်မည်။ အကယ်၍, ခရမ်းရောင်ဝတ် လူငယ်သည် အရွယ်အစားကြီးမားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းကြောင့်သာ မဟုတ်ပါက၊ စွမ်းအင်မှ လုံးလုံးလျားလျား ဖြစ်ပေါ်လာသည့် သူ့စွမ်းအင်ခန္ဓာကိုယ်သည် ချင်ယွင်၏ တိုက်ခိုက်မှုကြောင့် တိုက်ရိုက် ပေါက်ကွဲသွားပေလိမ့်မည်။

ဘန်း…။

သို့သော် ချင်ယွင်သည် ထိုနေရာတွင် ရပ်တန့်ခြင်းမရှိခဲ့ပေ။ လေဟာနယ်လှိုင်းလုံးတစ်ခု ထွက်ပေါ်လာပြီး၊ ချင်ယွင်၏ ရုပ်အသွင်သည် ခရမ်းရောင်ဝတ် လူငယ်အနားတွင် ပေါ်လာ သည်။

"သတ်ဖြတ်ခြင်းနည်းတစ်ထောင်၊ နဝမသိုင်းကွက်, ကောင်းကင်ဘုံက ဝံပုလွေနတ်ဆိုး, ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့လက်သီးတစ်ခုလုံးက ခရမ်းရောင်ဝတ် လူငယ်၏ ရင်ဘတ်ထဲကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။

"ဘုန်း…"

ခရမ်းရောင်ဝတ် လူငယ်သည် ပြင်ဆင်ချိန်မရလိုက်ဘဲ သူ့ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွား ပြီး သူ့အကြေးခွံတွေလည်း ပေါက်ကွဲသွားသည်။ သူ့ခန္ဓာကိုယ်သည် တုန်ခါသွားသည်။ ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ၏မျက်လုံးထဲတွင် တိုက်ခိုက် လိုစိတ်က ပို၍ပြင်းထန်လာသည်။ သူသည် လေဟာနယ်ထဲ ခြေနင်းပြီး နောက်မှ လိုက်ပါသွားသည်။

သူသည် ခရမ်းရောင်ဝတ် လူငယ်ကို သူ့စိတ်နှလုံးအောက်ခြေမှ လေးစားသော်လည်း လက်ရှိအခြေအနေက သူ့ကို ထိုကဲ့သို့ အတင်းအကြပ် လုပ်ဆောင်ခိုင်းနေသည်။

ခရမ်းရောင်ဝတ် လူငယ်ကို သတ်ဖြတ်ခြင်းသာ သူသည် အသက်ရှင်သန်နိုင်မည် ဖြစ်သည်။ ထို့ကြောင့်, ဤအခိုက်အတန့်တွင်, အမျိုးသမီးများကဲ့သို့ ကြင်နာသနားမူ စိတ်ထားသည် သူ့ကိုသာ နာကျင်စေလိမ့်မည်။

ထို့ကြောင့်, အကယ်၍, သူသာ အမျိုးသမီးတစ်ယောက်ကဲ့သို့ ကြင်နာသနားသည့် စိတ်မျိုး အနည်းငယ် ပြသမည်ဆိုလျှင်, ခရမ်းရောင်ဝတ်လူငယ်က သူ့ကို အထင်မြင်သေးသွားမည် ဟု ချင်ယွင် ယုံကြည်သည်။ ထို့ကြောင့်, သူ့အတွက် အကောင်းဆုံး ယခုအချိန်မှာ သူ့အတွက် အကောင်းဆုံး ရွေးချယ်မူက သူ့ခွန်အားအားလုံးကို အပြည့်အဝ အသုံးချရန် ဖြစ်သည်။

"ဘုန်း..၊ ဘုန်း…၊ ဘုန်း…၊ ဘုန်း…။”

ချင်ယွင်၏ လက်သီးနှင့် ခြေကန်ချက်များသည် ချက်ချင်းဆိုသလို ဆန့်ထွက်လာပြီး၊ ခရမ်းရောင်ဝတ် လူငယ်၏ခန္ဓာကိုယ်ကို အဆက်မပြတ် အပြင်းအထန် တိုက်ခိုက်တော့ သည်။ ခရမ်းရောင်ဝတ် လူငယ်၏ အရေးပါသော နေရာများကို လက်သီးချက်နှင့် ခြေကန်ချက်များ ကျရောက်သွားတိုင်း ခရမ်းရောင်ဝတ် လူငယ်၏ အကြေးခွံများဖြင့် ဖုံးလွှမ်းနေသော ခန္ဓာကိုယ်တစ်ခုလုံး ကွဲအက်သွားလေသည်။ သူ့စွမ်းအင်ခန္ဓာကိုယ်သည် လည်း တုန်ခါနေပြီး အချိန်မရွေး ပြိုလဲသွားနိုင်သည်။

ကြောက်မက်ဖွယ်ရာ တုန်ခါသံက လေထဲတွင် ပဲ့တင်ထပ်နေကာ ခရမ်းရောင်ဝတ် လူငယ်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် နေက်ဆုတ်ခွာသွားစေခဲ့သည်။

ဤအချိန်အတောအတွင်း ခရမ်းရောင်ဝတ် လူငယ်၏ နဂါးတစ်ဝက် အနေအထားသည် ဟန်ချက်ပျက်စ ပြုနေပြီဖြစ်ပြီး၊ သူ့ကန့်သတ်ချက်က စတင်ပြိုလဲလာသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ၏မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်က ပို၍ပို၍ပင် ပြင်းထန်လာသည်။ သူသည် ခရမ်းရောင်ဝတ် လူငယ်၏ တုန့်ပြန်နိုင်စွမ်း ကင်းမဲ့နေသည့်အချိန်ကို အခွင့်ကောင်းယူပြီး တချက်တည်းဖြင့် သူ့ကို သတ်ဖြတ်နိုင်ရန် ပြင်ဆင်လိုက်သည်။

ဘန်း…။

တုနှိုင်းမရအောင် အားကောင်းသည့် လေဟာနယ်ဓားစွမ်းအာ်သည် ချင်ယွင်၏ ခန္ဓာကိုယ် ကနေ ထွက်ပေါ်လာခဲ့ပြီး၊ သူ့ဓားလက်ချောင်းတွေကို ချက်ခြင်း ဖုံးလွှမ်းသွားကာ၊ ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ပါ သည်။

"စီနီယာ၊ ကျွန်တော် စီနီယာကို ပြစ်မှားမိပြီ"

ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ခရမ်းရောင်ဝတ် လူငယ်၏ မျက်ခုံးနှစ်ခု ကြားက နေရာကို တိုက်ရိုက် ညွှန်ပြရင်း သူ့ဓားလက်ချောင်းကို ချက်ချင်း ဆန့်ထုတ် လိုက်ပါသည်။

အကယ်၍, သူသည် ဤဓားလက်ချောင်းကို အသုံးပြုလိုက်မည်ဆိုလျှင်, ခရမ်းရောင်ဝတ် လူငယ်၏ စွမ်းအင်ခန္ဓာကိုယ်ကို ဖြိုခွဲပစ်နိုင်မည်ဟု သူယုံကြည်သည်။ ဤစွမ်းအင် ခန္ဓာကိုယ်ကို ဖြိုခွဲနိုင်သည်နှင့် ချင်ယွင်သည် အနိုင်ရမည် ဖြစ်သည်။

ဘန်း…။

သို့သော်လည်း ချင်ယွင်၏ ဓားလက်ချောင်းသည် ခရမ်းရောင်ဝတ် လူငယ်၏ မျက်ခုံးကို ထိလုနီးနီး ဖြစ်နေချိန်မှာ.....

ခရမ်းရောင်ဝတ် လူငယ်၏ မျက်လုံးများသည် ပြင်းထန်သော ခရမ်းရောင်အလင်းတန်းများ ဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။ ထို့နောက် ချင်ယွင်နှင့် အလွန်နီးကပ်နေသည့် အချိန်မှာ ပင် လှိုင်းလုံးတစ်ခုက ခရမ်းရောင်ဝတ် လူငယ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး၊ ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

"မကောင်းတော့ဘူး၊ အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်ပဲ" ချင်ယွင်သည် ထိုစွမ်းအင် အတက်အကျလှိုင်းကို ခံစားလိုက်ရပြီး သူ့မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားခဲ့ သည်။

ချင်ယွင်သည် အချိန်ရပ်တန့်ခြင်း၏ စွမ်းအင်အတက်အကျလှိုင်းများကို အလွန်ရင်းနှီးပြီး၊ ၎င်းသည် သူ၏အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုသောအခါ သူ ထုတ်လွှတ်သော စွမ်းအင်အတက်အကျလှိုင်းများနှင့် အတူတူပင် ဖြစ်သည်။

သို့သော်၊ ချင်ယွင်သည် ဤအချိန်ရပ်တန့်ခြင်း၏ စွမ်းအားကို တွန်းလှန်ရန် အချိန်နှောင်း သွားခဲ့ပြီ ဖြစ်သည်။ အနီးနားရှိ နေရာသည် လုံးဝ ရပ်တန့်သွားခဲ့သည်။ ဤအခိုက်အတန့် တွင် အရာအားလုံးသည် လုံးလုံးလျားလျား ရပ်တန့်နေခဲ့သည်။

ဤအခိုက်တွင် ချင်ယွင်သည် သူ့ခန္ဓာကိုယ်က လုံးလုံးလျားလျား မလှုပ်မယှက် ဖြစ်နေ သည်ကို ခံစားမိရုံသာမကာ သူ့စိတ်များကပင် အိပ်မောကျပြီး သတိလစ်သွားတော့မည့် အလား တဖြည်းဖြည်း မလှုပ်မယှက် ဖြစ်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

ဘန်း…။

ဤကမ္ဘာကြီးသည် ငြိမ်သက်နေပြီး၊ ခရမ်းရောင်ဝတ် လူငယ်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် လုံးဝ ပျောက်ကင်းသွားသည်။

သို့သော်, ကြောက်လန့်စရာကောင်းသည်မှာ ခရမ်းရောင်ဝတ် လူငယ်၏မျက်လုံးများသည် အနှိုင်းမဲ့ နီမြန်းလာနေခင်း ဖြစ်သည်။ သူ့တစ်ကိုယ်လုံးသည် စဉ်စားဆင်ခြင်မူ ပျောက်ကွယ်သွားပုံရပြီး ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း, ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

"ဘုန်း.."

ခရမ်းရောင်ဝတ် လူငယ်သည် ချင်ယွင်၏ ရင်ဘတ်ကို လက်သီးဖြင့် ချက်ချင်း ထိုးနှက်လိုက်ရာ သူ့ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားသည်။ သူ့နံရိုးအားလုံး ကျိုးကြေသွားခဲ့ သည်။

သို့သော်၊ ချင်ယွင်သည် အနည်းငယ်မျှပင် နာကျင်မှုကို မခံစားရပေ။ အကြောင်းမှာ သူ၏ စိတ်ဝိညာဉ်သည် လုံး၀ ငြိမ်သက်နေပြီး၊ ဤဖြစ်စဉ်သည် တစ်စက္ကန့်မျှသာ ကြာပါသည်။ အဘယ်ကြောင့်ဆိုသော် ဤအချိန်ရပ်တန့်ခြင်း၏ စွမ်းအားသည် တစ်စက္ကန့်မျှသာ ကြာနိုင် သောကြောင့် ဖြစ်သည်။

ဤအဆင့်ကျွမ်းကျင်သူများအတွက် အချိန်တစ်စက္ကန့်သည် ချင်ယွင်ကို အကြိမ်ပေါင်း ရာနှင့်ချီပြီး သတ်ပစ်ရန် လုံလောက်ပါသည်။ ထို့ကြောင့်, အကယ်၍, ချင်ယွင်သည် အချိန်၏ချုပ်နှောင်မူမှ မလွတ်မြောက်ခဲ့ပါက သူ့အား စောင့်မျှော်နေသည့်အရာမှာ သေခြင်းဆိုသည့် ရလာဒ်တစ်ခုသာ ရှိပါသည်။

"အောင်း..!"

ခရမ်းရောင်ဝတ် လူငယ်သည် သူ၏ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားခဲ့ပြီ။ ထိုအချိန်တွင်၊ သူ့စိတ်ဝိညာဉ်ကို ကောင်းကင်ဘုံတန်ခိုးစွမ်းအားက လုံးဝ ထိန်းချုပ်ထားသည်။ သူ နားလည်သမျှက သတ်ဖြတ်ခြင်းဖြစ်ပြီး၊ သူသတ်ဖြတ်ရမည့် ပစ်မှတ်မှာ ချင်ယွင်ဖြစ်သည်။

ဘန်း…။

ခရမ်းရောင်ဝတ် လူငယ်၏နဂါးလက်သည်းက ချင်ယွင်ကို ထပ်မံ တိုက်ခိုက်ခဲ့ပြီး ယခုတစ်ကြိမ်တွင် ချင်ယွင်၏ဦးခေါင်းကို တိုက်ရိုက် တိုက်ခိုက်သည်။

အကယ်၍, သူ၏နဂါးလက်သည်းချက်သာ ကျရောက်သွားပါက ချင်ယွင်၏ ဦးခေါင်းကို ထိုးဖောက်သွားမည် ဖြစ်သည်။

"ကောင်စုတ်လေး, နိုးထစမ်း, နိုးထစမ်း..." လျှိုဘိုသည် ချင်ယွင်၏ အကျပ်အတည်းကို ခံစားသိရှိပြီး, သူ့ကို အချိန်ထိန်းချုပ်မူမှ နိုးထစေချင်သော်လည်း ချင်ယွင်က လုံးဝ တုံ့ပြန်ခြင်း မရှိပေ။

"လခွမ်း…!" လျှိုဘိုက ပြင်းပြင်းထန်ထန် ကြိမ်းမောင်းသည်။

သူသည် ဘိုးဘေးနတ်ဘုရားရတနာအဆင့်ထက် သာလွန်သော ရတနာတစ်ခု ဖြစ်သော် လည်း၊ အချိန်ရပ်တန့်ခြင်း၏ စွမ်းအားကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိပေ။

ဘန်း…။

သို့သော်၊ ထိုလက်သည်းချက်က ချင်ယွင်၏ဦးခေါင်းကို ဖောက်ဝင်ခါနီးတွင် သူ၏ကနဦး စကြာဝဠာအတွင်းရှိ ကြေးဝါအပိုင်းအစသည် အနှိုင်းမဲ့တောက်ပသော မိုးပြာရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထို့နောက်, ချင်ယွင်၏ ကနဦးစကြာဝဠာ သည် တုန်ခါသွားကာ ချင်ယွင်၏စိတ်သည် ချက်ချင်းပင် သတိပြန်လည်လာသည်။

ချင်ယွင်နိုးထလာသည်နှင့် တပြိုင်နက် သူ့ရှေ့မှာ နဂါးလက်သည်းတစ်ချောင်း ရှိနေသည် ကို တွေ့လိုက်ရသည်။ သူက ခေါင်းကို အလျင်စလို စောင်းလိုက်ပြီး နဂါးလက်သည်း၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ကျဉ်းမြောင်းစွာ ရှောင်ရှားလိုက်သည်။

"ဟင်း.. ငါ့ခန္ဓာကိုယ် ဖျက်စီးခံလုနီးပါပဲ။" ချင်ယွင် သက်ပြင်းချလိုက်သည်။ အကယ်၍, သူသာ အနည်းငယ်နောက်ကျမှ နိုးထလာပါက, ခရမ်းရောင်ဝတ် လူငယ်၏ နဂါးသည်း ကြောင့် သူ့ခန္ဓာကိုယ်သည် ထက်ခြင်းကွဲသွားပေလိမ့်မည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ် သည် လုံးဝ တည်ရှိနေတော့မည် မဟုတ်ပေ။ ဤနည်းအားဖြင့် ချင်ယွင်၏စိတ်ဝိညာဉ် သည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်ပြီး ကနဦးစကြာဝဠာတစ်ခုလုံးလည်း ပျက်စီးသွားမည် ဖြစ်သည်။

"အောင်း.."

သို့သော် ချင်ယွင်သည် ဒုတိယအကြိမ် အသက်ဝဝမရူနိုင်ခင်မှာ၊ သူ့ရှေ့က ခရမ်းရောင်ဝတ် လူငယ်သည် နဂါးဟိန်းဟောက်သံတစ်ချက်ကို ထုတ်ဖော်လိုက်သည်။ သူသည် ချင်ယွင်ကို အညှာအတာမဲ့ တိုက်ခိုက်လိုက်ရင်း သူ့တစ်ကိုယ်လုံးသည် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်လို ဖြစ်နေသည်။

ယခုအချိန်တွင် ခရမ်းရောင်ဝတ် လူငယ်သည် အသိစိတ် လုံးဝ မရှိတော့ပေ။ သူ့တွင် တိုက်ခိုက်ရန် ဗီဇသက်သက်သာ ရှိပါတော့သည်။

ကောင်းကင်ဘုံတန်ခိုးက ခရမ်းရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်၏ကိုယ်ပွားကို ယခင်က အဝတ်အထည် ဘိုးဘေးနတ်ဘုရားကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်သည်ဟု ချင်ယွင် ခန့်မှန်းလိုက်ပါသည်။ သူသည် ချင်ယွင်ကို သနားကြင်နာနေ သည်။ ထို့ကြောင့်, ကောင်းကင်ဘုံတန်ခိုးသည် ဤအရေးကြီးသည့် အခိုက်အတန့်မှာ သူ့ အသိစိတ်ကို ဖျက်ဆီးပစ်ပြီး၊ သူ့ကို ချင်ယွင်ကိုသတ်ဖြတ်ဖို့ကိုသာ အာရုံစိုက်စေချင်သည်။ သို့သော်၊ ကောင်းကင်ဘုံတန်ခိုးက မမျှော်လင့်ထားသည်မှာ, ချင်ယွင်သည် အရေးကြီး သော အခိုက်အတန့်တွင် အချိန်ရပ်တန့်ခြင်း စွမ်းအားမှ လွတ်မြောက်သွားပြီး၊ ခရမ်းရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွား၏ တိုက်ခိုက်မူကို ရှောင်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ခရမ်းရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွားသည် အသိစိတ် ကင်းမဲ့သွားခဲ့ပြီ။ ချင်ယွင်အတွက်မူ, ဤအရာက ကြီးမားသည့် ဆုလာဘ်ကြီးတစ်ခုပင်။

အသိစိတ်ရှိသော ဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွားနှင့် အသိစိတ်မရှိသော ဘိုးဘေး နတ်ဘုရားငယ်၏ ကိုယ်ပွားတို့သည် တိုက်ခိုက်ရေးခွန်အားအရာတွင် လုံးဝ ကွဲပြားခြားနား သော အဆင့်နှစ်ဆင့် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အသိစိတ်ရှိခြင်းကသာ လူတစ်ယောက်၏ စိတ်ဆန္ဒကို ချုပ်ကိုင်နိုင်သည်ဟု ဆိုလိုနိုင်သောကြောင့် ဖြစ်သည်။ ယခု ကောင်းကင်ဘုံတန်ခိုးအစွမ်းသည် ခရမ်းရောင်ဝတ် လူငယ်၏ အသိစိတ်ကို ဖျက်ဆီးပစ် လိုက်သောကြောင့် ခရမ်းရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွား၏ တိုက်ခိုက်ရေး စွမ်းအားသည် သဘာဝအတိုင်း လျော့ကျသွားပေလိမ့်မည်။

"စီနီယာ ခရမ်းရောင်, ကံကောင်းပါစေ!"

ချင်ယွင်၏ မျက်လုံးများသည် အနှိုင်းမဲ့ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာ သည်။ သူ့လက်ထဲမှာ မြူနှင်းချောက်နက်ဓားက ထွက်ပေါ်လာကာ၊ ချက်ချင်းပင် ဓားအမှတ်သား သိုင်းကွက်ကို အသက်သွင်းပြီး တိုက်ရိုက်ပင် ခရမ်းရောင်ဝတ် လူငယ်၏ ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲလိုက်သည်။

"ဘုန်း.."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ခရမ်းရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်၏ ကိုယ်ပွား၏ ခန္ဓာကိုယ်သည် စွမ်းအင်မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ချင်ယွင်သည် ထိုစွမ်းအင်မုန်တိုင်းကြောင့် လွင့်ထွက်သွားသည်။

"ငါ အောင်မြင်သွားပြီလား?" သို့သော် လွင့်ထွက်သွားသော ချင်ယွင်သည် သူ့မျက်လုံးများ တွင် အလွန်မင်း ပျော်ရွှင်နေသည့် အမူအရာတစ်ခု ပေါ်လာသည်။

All Chapters