← Chapters

အခန်း ၁၅၄၄

Vol. 103 Ch. 1544

အခန်း ၁၅၄၄

Vol. 103 Ch. 1544

အခန်း (၁၅၄၄) လျှို့ဝှက်ဆန်းကြယ်သောရွှေဓား။

ခရမ်းရောင်ဝတ် ဘိုးဘေးနတ်ဘုရားငယ်၏ကိုယ်ပွား ပြိုကွဲသွားခဲ့ပြီ။ ဆိုလိုသည်မှာ ချင်ယွင်၏ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြီးလည်း ပြီးဆုံးသွားခဲ့ပါပြီ။

ကောင်းကင်ယံ၌ ကပ်ဘေးဒုက္ခ တိမ်တိုက်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ မူလက မှောင်မိုက်နေသော ကောင်းကင်ကြီးသည် ယခင်ကအတိုင်း တောက်ပလာခဲ့သည်။

"နောက်ဆုံးတော့ ပြီးသွားပြီ။" ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်သည် သူ့နှလုံးသားထဲက လေးလံသည့် ကျောက်တုံးကြီးတစ်တုံးကို လွှတ်ချလိုက်ရသလိုပင်။ သူသည် သက်ပြင်း တစ်ချက်ချကာ သူ့မျက်နှာက ပင်ပန်းနွမ်းနယ်နေသည့် အမူအရာ ဖြစ်ပေါ်နေပါသည်။ သို့သော် ဤပင်ပန်းနွမ်းနယ်သော အမူအရာသည် ရွှင်လန်းမှုများနှင့် ရောထွေးနေခဲ့သည်။

ဤကောင်းကင်ဘုံ ကပ်ဘေးဒုက္ခသည် သူ၏ ခွန်အားများစွာကို သုံးစွဲခဲ့ရသော်လည်း သူ့အတွက် ရိတ်သိမ်းမှုက ကြီးမားနေဆဲ ဖြစ်သည်။

သူ၏ကျင့်ကြံမှုကို တိုးမြင့်စေသည့် နတ်ဘုရားဘုရင်ဆေးလုံးကို သန့်စင်နိုင်ခဲ့ခြင်းဖြစ်စေ, သို့မဟုတ်, ချင်ယွင်အတွက် ဘိုးဘေးနတ်ဘုရားငယ် ကိုယ်ပွားလေးခုနှင့် ပတ်သက်သည့် အရာများဖြစ်စေ, ၎င်းတို့အားလုံး အလွန်မင်း တန်ဖိုးကြီးလှသည်။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ တိုက်ခိုက်ရေးစွမ်းအားသည် အစောပိုင်း ကောင်းကင် နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ဦးထက် လုံးဝ ကျော်လွန်သွားခဲ့ပြီး၊ ကောင်းကင် နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်၏ အထွတ်အထိပ် ကျွမ်းကျင်သူများနှင့်ပင် နှိုင်းယှဉ်နိုင်သောအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ယခုလို အချိန်တိုလေးအတွင်းမှာ, သူသည် ယခုလို ကြီးကျယ်ခမ်းနားသည့် တိုးတက်မှုကို ရရှိခဲ့သည့်အတွက် တကယ့်ကို ကြည်နူးဝမ်းမြောက်စရာပင်။ ဤနည်းဖြင့် ချင်ယွင်သည် နောက်ဆက်တွဲ ဖြစ်ပျက်လာနိုင်သည့် နတ်ဘုရားကမ္ဘာ၏ အကျပ်အတည်းများကို ရင်ဆိုင် ရန် ပို၍ပင် ယုံကြည်မှု ရှိလာခဲ့သည်။

"ခင်ပွန်း!"

ချင်ယွင်သည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချနေစဉ် ကျိုးလင်၏ အသံသည် အဝေးမှ ထွက်ပေါ်လာသည်။

ကျိုးလင်,ကျိုးဟုန်ရွှဲ့တို့နှင့် အခြားလူများသည် အလင်းတန်းလေးခု အဖြစ်သို့ ပြောင်းလဲ ကာ ပျံသန်းလာကြသည်။

ကျိုးလင်သည် ချင်ယွင်၏ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြီး ပြီးဆုံးသွားသည်ကို မြင်သော အခါ သူမသည် မလောဘဲ မနေနိုင်တော့ပေ။ သူမမျက်နှာက ရွှင်လန်းမှုအပြည့်နှင့်ပင်။

ဝှီး…။

သို့သော် ဤအခိုက်အတန့်တွင် အဝေးတနေရာ မိုးကုတ်စက်ဝိုင်းထဲမှ ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းအလင်းတန်းသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ကီလိုမီတာ သန်းပေါင်းများစွာ ဖြတ်ကျော်ကာ ချင်ယွင်ဆီသို့ တဟုန်ထိုး ပျံသန်းလာခဲ့သည်။

ဤကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်အလင်းတန်းပေါ်တွင် အလွန်မင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် နှလုံးသားကို တုန်လှုပ်သွားစေ လောက်သည်အထိ ကြောက်မက်ဖွယ်ကောင်းလှသည်။

၎င်းသည် ရွှေရောင်နတ်ဘုရားဓားတစ်ချောင်း ဖြစ်ပြီး၊ ၎င်းအတွင်းပါရှိသော စွမ်းအားသည် အလယ်လတ်အဆင့် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများကို ချေမှုန်းရန် လုံလောက်ပါသည်။

ဤရွှေရောင်နတ်ဘုရားဓား၏ ပစ်မှတ်မှာ ကျိုးလင်မှလွဲ၍ အခြားလူမဟုတ်ပေ။

ထိုအချိန်တွင်၊ ကျိုးလင်၏ နောက်ကျောသည် ရွှေရောင်နတ်ဘုရားဓားဘက်ကို မျက်နှာမူ ထားပြီး၊ သူမသည် ဤကြောက်စရာကောင်းသော ရွှေရောင်နတ်ဘုရားဓားကို မမြင်တွေ့ နိုင်ခဲ့ပေ။ သို့သော် ကျိုးလင်နှင့် မျက်နှာချင်းဆိုင် ဖြစ်နေသော ချင်ယွင်သည် ထိုမြင်ကွင်း ကို ချက်ချင်း တွေ့ရှိခဲ့ပြီး သူ၏သူငယ်အိမ်များသည် သိသိသာသာ ကျုံ့သွားခဲ့သည်။

အကယ်၍ ဤနတ်ဘုရားဓားသည် ကျိုးလင်၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့ လျှင်, ကျိုးလင်သည် ပြန်လည်ကုစားဖြင့် အသက်ရှင်ရန်ပင် အခွင့်အလမ်း လုံးဝ မရှိပေ။

“မလုပ်နဲ့…”

ချင်ယွင်သည် သူ့မျက်ခွံများ စုတ်ပြဲမတတ် ခွန်အားအပြည့်ဖြင့် ဟစ်အော်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ သူသည် သူ၏ လေဟာနယ်ဖြတ်သန်းခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီး ကျိုးလင်၏နောက်မှာ ချက်ခြင်း ပေါ်လာခဲ့သည်။

ထိုအချိန်တွင်၊ ရွှေရောင်နတ်ဘုရားဓားသည် ကျိုးလင်နှင့် မီတာ ၅၀ ထက်မနည်းသာ ကွာဝေးတော့သည်။ ရွှေရောင်နတ်ဘုရားဓား၏အမြန်နှုန်းသည် လျှပ်တပြက်အတွင်း ရောက်ရှိလာနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ, ချင်ယွင်၏တစ်ကိုယ်လုံးသည် နဂါးတစ်ဝက်အခြေအနေသို့ ဝင်ရောက်သွားပြီး၊ သူ့လက်မောင်းဖြင့် ရွှေရောင်နတ်ဘုရားဓားကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။

“ပူး…”

သို့သော်၊ ရွှေရောင်နတ်ဘုရားဓား၏ အရှိန်ဟုန်နှင့် စွမ်းအားသည် အမှန်တကယ် အစွမ်းထက်လွန်းလှသည်။ ရွှေရောင်နတ်ဘုရားဓားသည် ချင်ယွင်၏ လက်ဖဝါးကို ထိုးဖောက်သွားရုံသာမက သူ့ရင်ဘတ်ကိုပါ ရွှေရောင်နတ်ဘုရားဓားက ထိုးဖောက်သွားခဲ့ သည်။ သူသည် အမြင့်ဆုံး အမြန်နှုန်းဖြင့် ရှေ့ဆက် ရွေ့လျားသွားကာ ကျိုးလင်၏ နောက်ကျောဆီသို့ တည့်တည့် ဦးတည်သွားခဲ့သည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် ထိုးဖောက်ခံရပြီးနောက် သူ့ပါးစပ်မှ သွေးများ အန်ထုတ်လိုက် ရသည်။

သို့သော် ထိုအချိန်တွင် သူသည် သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ ယင်းအစား သူသည် အရှိန်ဟုန်ပြင်းပြင်းဖြင့် ပျံသန်းနေသော ရွှေရောင်နတ်ဘုရားဓားကို ဖမ်းယူရန် အမြန်လှည့်လိုက်သည်။

သို့သော် သူသည် အနည်းငယ် နှေးနေသေးသည်။ ရွှေရောင်နတ်ဘုရားဓားသည် သူ့ခန္ဓာကိုယ်ကို ထိုးဖောက် ဝင်ရောက်ပြီးနောက် ကျိုးလင်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားခဲ့ပြီး၊ ၎င်း၏အရှိန်သည် နှေးကွေးသွားခြင်း မရှိပေ။

“မဟုတ်ဘူး…”

ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး, သူ့မျက်လုံးများက ချက်ချင်း နီရဲလာကာ၊ သူ့မျက်နှာက စိတ်ပျက်အားငယ်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤရွှေရောင်နတ်ဘုရားဓားသည် ကျိုးလင်၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်သွားပါက, သူမသည် သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။

ဘန်း…။

ရွှေရောင်နတ်ဘုရားဓားသည် ကျိုးလင်၏နောက်ကျောသို့ တိုက်ရိုက် ရောက်ရှိလာပြီး, နောက်အခိုက်အတန့်တွင်, ၎င်းသည် ကျိုးလင်၏ခန္ဓာကိုယ်ကို ထိုးဖောက် ဝင်ရောက် တော့မည် ဖြစ်သည်။ ချင်ယွင်၏မျက်လုံးများသည် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက် နေပြီး သူ့မျက်နှာက အလွန်မင်း ခက်ထန်နေသည်။

သို့သော် ဤအရေးကြီးသော အခိုက်အတန့်တွင် ရွှေရောင်နတ်ဘုရားဓားသည် ရုတ်တရက် ရပ်တန့်သွားသည်။ ဓားတစ်စင်းလုံး ရုတ်တရက် ရပ်သွားသလိုပင်။ ဓားတစ်ချောင်းလုံး သည် ဆက်လက် တုန်ယင်နေသော်လည်း ရှေ့ကို အနည်းငယ်မျှ မထိုးဖောက်နိုင်ခဲ့ပေ။

"အယ်?" ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်သည် လုံးဝ မှင်သက်သွားခဲ့ပြီး၊ သူ့မျက်နှာက အလွန်အံ့သြသွားသည့်အမူအရာတစ်ခုကို ဖော်ပြလာသည်။

ထိုအချိန်တွင် ကျိုးလင်သည် သတိထားမိသွားသည်။ သူမ ပြန်လှည့်ကြည့်လိုက်လျှင်, သူမသည် သူမနှင့် ပေအနည်းငယ်သာဝေးတော့သည့် ရွှေရောင်နတ်ဘုရားဓားကို မြင်သွားခဲ့ပြီး၊ သူမမျက်လုံးထဲတွင် အလွန်မင်း အံ့သြသွားသည့် အမူအရာပေါ်လာသည်။

ထို့နောက် သူမသည် ချင်ယွင်ကို သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားပြီး၊ မျက်နှာက ဖြူဖျော့နေ ကာ၊ ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ရှိနေပြီး၊ လတ်ဆတ်သော သွေးများ အဆက်မပြတ် စီးဆင်းနေသည်ကို တွေ့လိုက်ရသည်။

"ခင်ပွန်း၊ ရှင် ဘာဖြစ်နေတာလဲ"

ကျိုးလင်သည် ချက်ချင်း အော်မေးလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ချင်ယွင်အနားတွင် စိုးရိမ်တကြီး အမူအရာဖြင့် ပေါ်လာသည်။

"ချင်ယွင်!"

"သခင်!"

ကျိုးယွမ်၊ ကျိုးဟန်ရွှဲ့နှင့် လိပ်နက်နတ်ဘုရားသားရဲတို့သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏အနားတွင် ပေါ်လာကြသည်။

"ငါ့ကို မစိုးရိမ်နဲ့" ချင်ယွင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဤနတ်ဘုရားဓား၏ စွမ်းအားသည် ကြီးမားသော်လည်း ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ် သည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်း မရှိပေ။ ထို့ကြောင့် ဤနတ်ဘုရားဓားသည် သူ့ကို ကြီးကြီးမားမား ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေနိုင်ခဲ့ပေ။ ဤအခိုက်အတန့်တွင် သူ အမှန်တကယ် ဂရုစိုက်သည့်အရာမှာ ရွှေရောင်နတ်ဘုရားဓား ရောက်ရှိလာရာအရပ်နှင့် ရုတ်တရက် မည်သို့ ရပ်တန့်သွားရသနည်း ဆိုသည့်အရာပင်။

"ချင်ယွင် ဘာဖြစ်နေတာလဲ?" ကျိုးယွမ်က ဝေခွဲမရဖြစ်သည့် အမူအရာဖြင့် မေးလိုက် သည်။ သူလည်း ဤနတ်ဘုရားဓား၏ ထူးဆန်းသော သဘောသဘာဝကို သတိပြုမိသည် မှာ ထင်ရှားသည်။

"ကျွန်တော်လည်း မသိဘူး။ ဒါပေမယ့် လင်အာကိုသတ်ဖြတ်ချင်တဲ့ ကျွမ်းကျင်သူတွေ ရှိနေသင့်တယ်။ ပြီးတော့ တစ်စုံတစ်ယောက်က ကျွန်တော်တို့ကို ကူညီခဲ့တယ်။" ချင်ယွင်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ သူ စကားပြောနေစဉ်တွင် အဝေးမှာ လွင့်မျောနေဆဲ ရွှေရောင်နတ်ဘုရားဓားကို မမှိတ်မသုန် စိုက်ကြည့်နေသည်။

ဤရွှေရောင်နတ်ဘုရားဓားသည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတစ်ခု ဖြစ်ကြောင်း ထင်ရှားသည်။ ဤအခိုက်အတန့်တွင် ရွှေရောင်နတ်ဘုရားဓားသည် ထိန်းချုပ်မှုမှ လွတ်မြောက်လိုသည့်အလား အပြင်းအထန် ရုန်းကန်နေရဆဲ ဖြစ်သည်။ သို့သော်, ပြင်ပ ကမ္ဘာတွင် ၎င်း လွတ်မြောက်မသွားအောင် ဟန့်တားထားနိုင်သည့် အခြား စွမ်းအားတစ်ခု ရှိနေပုံရသည်။

"ကျွမ်းကျင်သူတစ်ယောက်က ငါ့ညီမကို သတ်ချင်နေတာလား။ ဘယ်အဆင့် ပညာရှင်လဲ" ထိုစကားကိုကြားတော့ ကျိုးယွမ်၏ မျက်နှာပေါ် အမျက်ဒေါသက ချက်ချင်း ထွက်ပေါ်လာ သည်။

ချင်ယွင်က ခေါင်းယမ်းပြီး ပြောသည် "ဒါက ဘယ်အဆင့် ကျင့်ကြံသူလဲဆိုတာ ကျွန်တော် အတိအကျ မသိနိုင်ဘူး။ ဒါပေမယ့် ကျွန်တော် ခန့်မှန်းတာ မမှားရင် အဲဒီလူက ဒီနေရာမှာ ရှိမနေဘူး။ သူက ဒီရွှေရောင်နတ်ဘုရားဓားကို လေဟာနယ်ထဲကနေ ပျံသန်းနိုင်ဖို့အတွက် ပဲ ထိန်းချုပ်ထားတာ။ ဒါ့အပြင်, ရွှေရောင်နတ်ဘုရားဓားရဲ့တန်ခိုးစွမ်းအားကလည်း အရမ်းကို ကြီးမားနေသေးတယ်။ နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင် သူတစ်ဦးတောင် သေချာပေါက် ဒီလိုမျိုး မလုပ်နိုင်ဘူး။ ဒီလူက အနည်းဆုံး အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နိုင်လောက်တယ်”။

"အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်လား? ဒါပေမယ့်, အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်က ငါ့ကို ဘာလို့ တိုက်ခိုက်ရတာလဲ" ကျိုးလင်သည် ချင်ယွင်၏ စကားကိုကြားသောအခါ အံ့အားသင့်စွာ မေးလိုက်သည်။

ကျိုးယွမ်နှင့် ကျိုးဟုန်ရွှဲ့တို့သည် ပြင်းထန်သော သံသယများ ဖြစ်ပေါ်လာကြသည်။

ချင်ယွင်သည် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။ ဖြစ်နိုင်ချေတစ်ခုကို သူ စဉ်းစားမိ သည်။

ကျိုးလင် ပြန်လည်ရှင်သန်ထမြောက်ပြီး သိပ်မကြာခင်မှာ သူမ၏ တစ်ဦးတည်းသော ရန်သူက ကောင်းကင်ဘုံထွဋ်မြို့တော် ဖြစ်သည်။ ကောင်းကင်ဘုံထွဋ်မြို့တော်၏ မြို့သခင်သည် ယနေ့တွင် ကွယ်လွန်သွားခဲ့ပြီ။ သူမအတွက် ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးကို ရန်စမိရန် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် ဤရွှေရောင်နတ်ဘုရားဓားသည် ကျိုးလင်ကို ရည်ရွယ်ခြင်းမဟုတ်ဘဲ၊ သူ့အတွက်သာ ဖြစ်လိမ့်မည်။

ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်၏ ကောင်းကင်နတ်ဘုရား ရှစ်ပါးသည် အထွက်အထိပ် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့ သားတွေတွက် ချင်ယွင်ကို လက်စားချေရန်ရည်ရွယ်ပြီး ကောင်းကင်နတ်ဘုရားရှစ်ပါးထဲမှ တစ်ပါးသည် ကျိုးလင်ကို တမင်တကာ သတ်ဖြတ်လိုခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။

ချင်ယွင်သည် ဤအကြောင်းကို ပို၍တွေးကြည့်လေ၊ ဤရှင်းပြချက်က အလွန်ပင် ကျိုးကြောင်းဆီလျော်သောကြောင့် ဖြစ်နိုင်ချေ ပိုများလေ ဖြစ်သည်။

"ကောင်းကင်နတ်ဘုရားရှစ်ပါး၊ တကယ်လို့, ခင်ဗျားတို့သာ တကယ်လုပ်ခဲ့မယ်ဆိုရင်, နောက်တစ်ကြိမ်တွေ့တဲ့အခါ ခင်ဗျားတို့အားလုံးကို သေမင်းနတ်ဘုရားရှစ်ပါးဖြစ်အောင် ကျုပ် လုပ်ပစ်မယ်!" ချင်ယွင်သည် သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး၊ သူ့မျက်လုံးတွေက ပြင်းထန်သော အမျက်ဒေါသများဖြင့် လောင်ကျွမ်းနေခဲ့သည်။

သူ့အမျိုးသမီးများသည် အမြဲတမ်း ချင်ယွင်၏ ပြောင်းပြန်ကြေးခွံများ ဖြစ်သည်။ သူ့မိန်းမကို နာကျင်အောင် လုပ်ရဲသည့် မည်သူမဆို သေခြင်းဖြင့် အဆုံးသတ်ရလိမ့်မည်။

"ဒါဆို ငါတို့ကို ဘယ်သူက ကူညီနေတာလဲ" ကျိုးဟုန်ရွှဲ့က သူမ မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မေးလိုက်သည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်လုံးတွေက အံ့ဩသွားသည့် အမူအရာတစ်ခု ပေါ်လာပါသည်။ ဤအရာကလည်း သူ့စိတ်ထဲမှာ မှန်းဆ၍မရသည့် အရာတစ်ခုဖြစ်နေပါ သည်။

All Chapters