အခန်း ၁၅၄၅
Vol. 103 Ch. 1545
အခန်း (၁၅၄၅) လေဟာနယ်ဘိုးဘေးနတ်ဘုရား။
ဘန်း…။
ချင်ယွင်သည် ပဟေဠိဖြစ်နေချိန်မှာ, ချင်ယွင်၏ ဉီးခေါင်းထက်မှာ လေဟာနယ် ဝဲဂယက် တစ်ခု ပေါ်လာခဲ့သည်။ သွယ်လျပြီး ဖြောင့်စင်းသော ရုပ်အသွင်တစ်ခုသည် ထို လေဟာနယ်ဝဲဂယက်ထဲမှ ထွက်ပေါ်လာသည်။
ထိုရုပ်အသွင်ပိုင်ရှင်သည် အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ မျက်ခုံးများက သူရဲကောင်းဆန်မှုအပြည့်ရှိပြီး၊ ဓားနှင့် တူသော မျက်ခုံးမွှေးများက ထက်ရှနေကာ၊ သူ့မျက်နှာပေါ်ရှိ အမူအရာက အနှိုင်းမဲ့ အေးစက်နေပြီး ဒေါသကြီးသူမဟုတ်သလို ခွန်အားကြီးမားသူလည်း မဟုတ်သည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
အဖြူရောင်ဝတ်ရုံဝတ် အမျိုးသား ပေါ်လာသည်နှင့် သူသည် ချင်ယွင်နှင့် အခြားလူများကို လက်ဟန်တစ်ချက် ဝှေ့ယမ်းပြလိုက်ပြီး၊ နောက်ဆုံးတွင် သူ့အကြည့်များက ချင်ယွင်ဆီသို့ ရောက်သွားလေသည်။
ချင်ယွင်၏နှလုံးသည် တုန်လှုပ်သွားပြီး, သူ့နှလုံးသားတစ်ခုလုံး ချောက်နက်ကြီးထဲ ထိုးကျသွားသလို ခံစားရသည်။
"ကျွမ်းကျင်ပညာရှင်, သေချာပေါက် အထွက်အထိပ် ကျွမ်းကျင်ပညာရှင်တစ်ဦးပဲ။ အနည်းဆုံး, သူက ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီ” ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ သူ့မျက်လုံးတွေက အလွန်မင်း လေးနက် သော အမူအရာတစ်ခုကို ပေါ်လွင်နေပြီး သူ့မျက်လုံးတစ်စုံက အလွန်မင်း သတိရှိလာခဲ့ သည်။
ရောက်ရှိလာသည့် လူသည် အလွန်သန်မာလွန်းသည်။ ရန်သူလား မိတ်ဆွေလား သူ မသိသေးပေ။ သူ့ရှေ့မှ အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားသည် လက်ရှိအချိန်အထိ ရန်လို ခြင်း မရှိသေးသော်လည်း၊ ကောင်းကင်နတ်ဘုရားနယ်ပယ် အထွက်အထိပ် ကျွမ်းကျင် ပညာရှင်တစ်ဦး ထွက်ပေါ်လာခြင်းက သူ့အား ဖိအားများ ပေးနေဆဲပင်။
တစ်ဖက်မှာတော့ ကျိုးလင်နှင့် တခြားသူများသည် မျက်မှောင်ကြုတ်ပြီး လေးနက်သည့် အမူအရာကိုယ်စီ ဖြစ်ပေါ်နေကြသည်။
"မင်းက ချင်ယွင်လား?"
ထိုအချိန်မှာပင် အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားက အရင် စကားပြောလာသည်။ သူ့အသံ က အရမ်းကို တည်ငြိမ်ပြီး သူ့အသံမှာ မည်သည့် ခံစားချက် အတက်အကျမျိုးမှ မတွေ့နိုင် ပါဘူး။
ချင်ယွင်သည် အဖြူရောင်ဝတ်ရုံဝတ် အမျိုးသား၏ အမေးကို ကြားသောအခါတွင် သူက ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ ကျွန်တော်က ချင်ယွင်ပဲ။ ခင်ဗျားကရော ဘယ်သူလဲ" ဟု တုန့်ပြန်လိုက်သည်။
"မင်းက ချင်ယွင်ဆိုမှတော့ ငါ့နောက်ကို လိုက်ခဲ့ပါ။ ငါ့ဆရာက မင်းကို တွေ့ချင်နေတယ်" အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားက ပြောသည်။ ချင်ယွင်၏မေးခွန်းအတွက်မူ သူက လျစ်လျူရှုထားသည်။
"ဆရာလား?" ချင်ယွင်၏နှလုံးသည် အနည်းငယ် တုန်ခါသွားပြီး သူ့မျက်နှာပေါ်တွင် ထိတ်လန့်သည့် အမူအရာတစ်ခု ပေါ်လာသည်။
အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကောင်းကင်နတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ သူလိုလူတစ်ယောက်၏ ဆရာဖြစ်သူသည် ထူးထူးခြားခြား လူတစ်ယောက်ဖြစ်မှာ သေချာပါသည်။ ဤလူ၏ ဆရာ သည် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်နိုင်ချေရှိဟု ချင်ယွင်ပင် သံသယရှိနေခဲ့သည်။
"စီနီယာ၊ စီနီယာက ဘယ်သူလဲ။ တကယ်လို့, စီနီယာသာ ရှင်းရှင်းလင်းလင်း မပြောပြရင်, ကျွန်တော်က စီနီယာနဲ့ လိုက်ခဲ့မှာ မဟုတ်ဘူး" ချင်ယွင်က သူ့စကားအသုံးနှုန်းကို ပြောင်းလိုက်သော်လည်း သူ့လေသံက တင်းမာနေဆဲပင်။
ယခုအချိန်အထိ အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားသည် မည်သည့်ရန်လိုမူကိုမှ မပြသေး ပေ။ ချင်ယွင်သည် အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားက သူ့ကိုသတ်ရန် ဤနေရာသို့ ရောက်ရှိလာခြင်း မဟုတ်နိုင်ကြောင့် တဖြည်းဖြည်း သံသယဖြစ်လာသည်။
အဆုံးတွင်, အကယ်၍, အထွတ်အထိပ် ကောင်းကင်နတ်ဘုရား ကျွမ်းကျင်သူတစ်ဦးက သာ, သူ့ကို သတ်ချင်ပါက၊ ၎င်းတို့သည် သူ့ကို တိုက်ရိုက် တိုက်ခိုက်လိမ့်မည် ဖြစ်သည်။ သူတို့ မည်သည့်အရာကိုမှ လျှို့ဝှက်ကြံစည်နေမည် မဟုတ်ပေ။
အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားသည် ချင်ယွင်၏မေးခွန်းကို ကြားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အဆုံးတွင် သူက ရှင်းပြသည် “ငါဘယ်သူလဲဆိုတာက အရေးမကြီးဘူး။ ငါ့ဆရာရဲ့ နာမည်ကို မင်း သိထားသရွေ့၊ မင်းကိုရှာဖို့ ငါ ဘာလို့ လာခဲ့လဲ ဆိုတာ မင်း သိလိမ့်မယ်။ ငါ့ဆရာရဲ့နာမည်က လေဟာနယ်ဘိုးဘေးနတ်ဘုရား။"။
"လေဟာနယ် ဘိုးဘေးနတ်ဘုရားလား? လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော်မှာ ဒုတိယ အစွမ်းထက်ဆုံး ဘိုးဘေးနတ်ဘုရားလား? ချင်ယွင် စကားမပြောရသေးခင်မှာ ဘေးနားမှာရှိသည့် ကျိုးယွမ်က အရင်ဆုံး အံ့အားတသင့် ပြောလိုက်သည်။
ချင်ယွင်လည်း ခဏလောက် မှင်သက်သွားခဲ့ပြီး၊ သူ့မျက်လုံးထဲမှာ အံ့သြနေသည့် အမူအရာတစ်ခု ပေါ်လာသည်။
အဖြူရောင်ဝတ်စုံအတွင်းမှ ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် လေဟာနယ် ဘိုးဘေး နတ်ဘုရား၏ တပည့်တစ်ဦးဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားသလို, လေဟာနယ် ဘိုးဘေးနတ်ဘုရားက သူ့ကိုရှာဖွေရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်မည်ဟု ပို၍ပင် မျှော်လင့်မထားခဲ့ပေ။
လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ်နှင့် အချိန် နတ်ဘုရားနန်းတော်မှာ ဒုတိယ အသန်မာဆုံး ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး၊ အချိန်ဘိုးဘေး နတ်ဘုရားနှင့်အတူ သူတို့သည် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားနှစ်ပါး ဖြစ်လာခဲ့သည်။
သူတို့ ခြေတစ်ချက်ဆောင့်ရုံဖြင့် နတ်ဘုရားကမ္ဘာကြီး တစ်ခုလုံးကို အကြောက်တရားနှင့် အတူ တုန်လှုပ်ခြောက်ခြားသွားစေရန် လုံလောက်သည်။ ယခု ထိုကဲ့သို့ အစွမ်းထက်သော လူတစ်ယောက်က သူ့ကို အမှန်တကယ် တွေ့ချင်နေခဲ့သည်။ ချင်ယွင်သည် မည်သို့လျှင် စိတ်မလှုပ်ရှား, မထိတ်လန့်ဘဲနေမည်နည်း။
“ဘာလို့ ဘိုးဘေးနတ်ဘုရားက ကျွန်တော့်ကို တွေ့ချင်နေတာလဲ?" ချင်ယွင်သည် မော့ကြည့်လိုက်ရင်း အဖြူရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ကာ မေးလိုက်ပါသည်။
“ငါက ဆရာထံကနေ မင်းကို သူ့ဆီကို ခေါ်လာခဲ့ဖို့ပဲ အမိန့်ရခဲ့တယ်။ ဆရာက မင်းကို ဘာလို့ ရှာနေလဲ ငါ မသိဘူး။ တကယ်လို့, ဒီအဖြေကို သိချင်ရင်တော့, မင်း ငါ့ဆရာကို တွေ့တဲ့အခါ အရာအားလုံးကို သဘာဝအတိုင်း သိရလိမ့်မယ်" အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားက ပြန်ဖြေသည်။ သူ့အမူအရာက ရယ်မောရမည်ကို လုံးဝ မသိသည့်အလား လေးနက်နေသည်။
ချင်ယွင်က အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားကို တုံ့ပြန်သည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ သူ့စိတ်ထဲမှာ တစ်ခုခုကို ခန့်မှန်းနိုင်လုနီးပါး ဖြစ်သည်။
အရင်က သူသည် လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ စစ်ဆေးမူကို လက်ခံခဲ့ သည်။ အခု, သူသည် ဆယ်နှစ်အတွင်းမှာ မြိုတော်သခင်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီ။ သူသည် သူ့မစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ။ ထို့ကြောင့် လေဟာနယ် ဘိုးဘေးနတ်ဘုရားက သူ့အတွက် ဤအမျိုးသားကို လွှတ်လိုက်ခြင်း ဖြစ်လိမ့်မည်။
"ဒါက အခွင့်ရေးကောင်းပဲ။ ငါ နောက်ဆုံးတော့ လေဟာနယ်နဲ့အချိန် နတ်ဘုရားနန်းတော် ထဲ ဝင်နိုင်ခဲ့ပြီ။ ဒီနည်းနဲ့ ငါ လေဟာနယ်ဘိုးဘေးနတ်ဘုရားမှ တဆင့် ငါ့မိဘတွေရဲ့ တည်နေရာကို စုံစမ်းနိုင်လိမ့်မယ်။ လေဟာနယ်ဘိုးဘေးနတ်ဘုရားက မအတိအကျ မသိဘူးဆိုရင်တောင် သူ့ပါးစပ်မှကိုယ်တိုင်ပြောလာမယ့် ငါ့မိဘတွေရဲ့တည်နေရာကို ငါ ရရှိနိုင်သေးတယ်။ ချင်ယွင်က စိတ်လှုပ်ရှားစွာ သူ့ကိုယ်သူ ပြောလိုက်ပါသည်။
ထို့ကြောင့် အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားက သူ့ဆရာက လေဟာနယ် ဘိုးဘေး နတ်ဘုရားဖြစ်သည်ကို ပြောလာသည့်အခါ, ချင်ယွင်သည် သူနှင့်အတူ လိုက်ပါသွားရန် ဆုံးဖြတ်လိုက်ပါသည်။
"မင်းမှာ နောက်ထပ် မေးစရာရှိသေးလား။ မရှိဘူးဆိုရင် ငါ့နဲ့လိုက်ခဲ့တော့။” အဖြူရောင်ဝတ်ရုံဝတ်အမျိုးသားသည် စကားပြောနေစဉ် အေးစက်စက် မျက်နှာကို ထိန်းထားသည်။ ထို့နောက်၊ အဖြူရောင်ဝတ်ရုံဝတ်အမျိုးသားသည် ပြန်လှည့်ကာ လေဟာနယ်ဝဲဂယက်ထဲ ပြန်ဝင်ရန် ပြင်ဆင်လိုက်ပါသည်။
“ခဏနေဦး!”
သို့သော် ထိုအချိန်တွင် ချင်ယွင်က ရုတ်တရက် အော်ပြောလိုက်သည်။ “မင်း နောက်ထပ် ဘာများ လိုအပ်နေလို့လဲ” အဖြူရောင်ဝတ်ရုံဝတ်အမျိုးသားက မျက်မှောင်ကြုတ်ပြီး၊ စိတ်မရှည်စွာ ပြောလိုက်သည်။
“စီနီယာ, ဒါက ဒီလိုပါ၊ ကျွန်တော် စီနီယာနဲ့အတူ လိုက်လို့ရပါတယ်။ ဒါပေမယ့် သူတို့ရော ကျွန်တော်နဲ့အတူ လိုက်ခဲ့လို့ရမလား" ချင်ယွင်က ဂရုတစိုက် မေးလိုက်ပါသည်။
ချင်ယွင် ပြောနေသည့်လူများသည် ကျိုးလင်နှင့် တခြားသူများ ဖြစ်သည်။
အခုလေးတင် ကျိုးလင်သည် တိုက်ခိုက်ခံခဲ့ရသည်။ ချင်ယွင်သည် သူမကို ဤနေရာတွင် တစ်ယောက်တည်း စိတ်ချလက်ချ မည်သို့ ထားခဲ့နိုင်မည်နည်း။
အကယ်၍, ကျိုးလင်သာ တစ်ခုခုဖြစ်သွားခဲ့လျှင်, ချင်ယွင်သည် သူ့ကိုယ်သူ သေချာပေါက် ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားသည် ချင်ယွင်၏မေးခွန်းကိုကြားသောအခါ, သူက ကျိုးလင်နှင့် အခြားလူများကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်ပြ လိုက်သည်။
ချင်ယွင်သည် သူ့မျက်နှာပေါ်တွင် ပျော်ရွှင်သောအမူအရာဖြင့် အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို တုန့်ပြန်လိုက်ပါသည်။
တစ်ဖက်တွင်မူ, ကျိုးလင်၏ လှပသော မျက်နှာသည် တောက်ပသော အပြုံးကို ပေါ်လွင် စေသည်။ သူမ၏ နဂိုက အလွန်လှပသော မျက်နှာသည် ပို၍ပင် လှပ သက်ဝင်နေခဲ့သည်။
သေချာသည်မှာ, သူမသည် ချင်ယွင်နှင့် မခွဲခွာချင်ခဲ့ပါဘူး။ ယခုအခါ သူမသည် ချင်ယွင်ကို နောက်ဆုံးတွင် ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး၊ သဘာဝအတိုင်း သူနှင့်အတူ ရှိနေချင်သေး သည်။
"ငါ မလိုက်တော့ဘူး။ လွင့်မျောနှင်းမြို့တော်မှာ ငါကိုင်တွယ်ဖြေရှင်းရမယ့် အရာတွေ အများကြီး ရှိနေသေးတယ်။" ကျိုးယွမ်က ပြောသည်။
ချင်ယွင်က သူ့ကို ဆွဲဆောင်ကြည့်ချင်သော်လည်း, ကျိုးယွမ်၏ ပြတ်သားသည့် အကြည့်တွေကို မြင်လိုက်ရလျှင်, ဘာမှ ထပ်မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။
"ငါလည်း မသွားတော့ဘူး။ ဒီတစ်ခါတော့ တံခါးပိတ် ကျင့်ကြံဦးမယ်" ကျိုးဟုန်ရွှဲ့က ပြောသည်။
သူမသည် ဘိုးဘေးနတ်ဘုရားမချင်းယောင်၏ စိမ်းပြာနှင်းရေခဲ စစ်မှန်သော အဓိပ္ပါယ်ကို ရရှိခဲ့သည်။ အခုတော့ သူမသည် ၎င်းကို ဆင်ခြင်ရန် တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်နေပြီ။ ၎င်းကို ဖြစ်နိုင်သမျှ အမြန်ဆုံးနားလည်ဖို့က သူမအတွက် အရမ်းကို အရေးကြီးဆုံး ဖြစ်သည်။
"ကောင်းပြီလေ, ဒါဆိုလည်း ငါနဲ့လင်အာတို့ပဲ သွားတော့မယ်။ ပြီးရင် မင်းတို့ကိုရှာဖို့ လွင့်မျောနှင်းမြို့တော်ကို လာခဲ့မယ်။" ချင်ယွင်က ခေါင်းညိတ်ကာ သဘောတူသည်။
"ဟုတ်ပြီလေ။ ငါ့ခင်ပွန်းနဲ့ ငါပဲ လေဟာနယ်ဘိုးဘေးနတ်ဘုရားကို သွားတွေ့လိုက်မယ်။ ပြီးမှ မင်းတို့ကို ပြန်လာရှာမယ်။" ကျိုးလင်လည်း ခေါင်းညိတ်သည်။
ကျိုးယွမ်နှင့် ကျိုးဟုန်ရွှဲ့လည်း ခေါင်းညိတ်ပြပြီး သူတို့လေးယောက်သည် အချင်းချင်း လူစုခွဲလိုက်ကြသည်။
"လိပ်နက်လေး၊ မင်းက ဟုန်ရွှဲ့, အခြားလူတွေနဲ့အတူ ပူပေါင်းပြီး သူတို့ကို ဘေးကင်းကင်း နဲ့ ကာကွယ်ပေးပြီး လွင့်မျောနှင်းမြို့တော်ကို ပို့ဆောင်ပေးလိုက်ပါ” ချင်ယွင်က လိပ်နက် နတ်ဘုရားသားရဲကို ညွှန်ကြားလိုက်ပါသည်။
"ဟုတ်ကဲ့ သခင်!" လိပ်နက်က ကမန်းကတန်း ပြန်ဖြေသည်။
ချင်ယွင်သည် ဤအရာအားလုံး ပြီးဆုံးသွားသောအခါတွင် သူသည် လုံးဝ စိတ်သက်သာရာ ရသွားကာ၊ ကျိုးလင်ကို ဆွဲခေါ်ပြီး အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားနှင့်အတူ လေဟာနယ် ဝဲဂယက်ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်လေသည်။
ဘန်း…။
သို့သော် ထိုအခိုက်အတန့်တွင် လုံးဝ ချုပ်နှောင်ခံထားရသည့် ရွှေရောင်နတ်ဘုရားဓား သည် ရုတ်တရက် အနှောင်ဖွဲ့မှ လွတ်ထွက်သွားပြီး ချင်ယွင်၏ ခေါင်းကို ထိုးဖောက်လို သည့်အလား ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးသွားလေသည်။
ရှေ့သို့ လျှောက်လှမ်းနေသော အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားသည် ရုတ်တရက် ခေါင်းလှည့်ကာ ရွှေရောင်နတ်ဘုရားဓားကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှ ကြောက်စရာကောင်းပြီး ရက်စက်သောအလင်းတစ်ခုက ပေါက်ကွဲထွက်လာကာ အေးစက်စွာ ပြောလိုက်သည် "ဟင့်, မင်းက ခေါင်းမာတာလား။ ဒါမှမဟုတ်, သေခြင်းတရားကို တောင်းဆိုနေတာလား”။
ထိုသို့ပြောပြီးသည်နှင့်, သူသည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး၊ ကြောက်စရာကောင်းသည် စွမ်းအင်အတက်အကျလှိုင်းတစ်ခုကို ထုတ်လွှတ်ကာ၊ ရွှေရောင်နတ်ဘုရားဓားကို ချက်ချင်း တိုက်ခိုက်လိုက်သည်။ အဆုံးတွင်၊ နတ်ဘုရားဓား တစ်စင်းလုံး ပြိုင်ကွဲသွားကာ သတ္တုအပိုင်းအစများအဖြစ် ပြောင်းသွားပြီး အဝေးသို့ လွင့်ထွက်သွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရတော့, ချင်ယွင်သည် ယခုလေးတင် အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရွှေရောင်နတ်ဘုရားဓားကို ချုပ်နှောင်ထားပြီး ကျိုးလင်ကို ကယ်တင်ခဲ့ကြောင်း သူ့စိတ်ထဲတွင် ချက်ချင်း နားလည်သွားခဲ့သည်။
ယင်းကြောင့် ချင်ယွင်၏ နှလုံးသားသည် အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားအား ကျေးဇူးတင်လိုသည့်စိတ်က ချက်ချင်းပင် ပျံ့နှံ့လာခဲ့သည်။ သို့သော် သူ ကျေးဇူးတင်စကား မပြောနိုင်ခင်မှာ, အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ချင်ယွင်နှင့် ကျိုးလင်တို့ကို ရစ်ပတ်လာသည့် အင်အားတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူသည် လေဟာနယ် ဝဲဂယက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။
စာစဉ် (၁၀၃) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။