အခန်း ၁၅၄၆
Vol. 104 Ch. 1546
အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၀၄)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၅၄၆) ကမ္ဘာအတု။ (Virtual World-ကို ကမ္ဘာအတုဟု အလွယ်တကူ ပြန်ဆိုလိုက် ပါသည်။
"ဖူး…."
ရွှေရောင်နတ်ဘုရားဓားသည် ပြိုကွဲသွားချိန်မှာ, အလွန်ဝေးကွာလှသော အရပ်တွင် အမျိုးသားတစ်ဦးသည် ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်၏ ဧရာမဘုံဗိမာန်ကြီး တစ်ခုအတွင်း၌ ရှိနေခဲ့သည်။
၎င်းသည် အနက်ရောင် စစ်ဝတ်တန်ဆာဝတ်စုံကို ၀တ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး၊ သူသည် ချက်ချင်းဆိုသလို ပါးစပ်ထဲမှသွေးများကို အန်ထုတ် လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေသည်။
ရွှေရောင်နတ်ဘုရားဓားသည် သူ့စိတ်နှင့် ချိတ်ဆက်ထားသည်။ အစောပိုင်းက အဖြူရောင် ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်ဖဝါးရိုက်ချက်က ရွှေရောင်နတ်ဘုရား ဓားကို ပြိုကွဲသွားစေရုံသာမက သူ့စိတ်ကိုပါ ဒဏ်ရာရစေခဲ့သည်။
သူ့စိတ်သည် တုန်လှုပ်ခြောက်ခြားသွားသည်။ သူသည် ကောင်းကင်နတ်ဘုရားနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့သော်ငြားလည်း ပြန်လည်ကောင်းမွန်ရန် အချိန်အတော်ကြာ ယူရပါဦးမည်။
"လခွမ်း..၊ လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော်က ဝူဒေါင်ဇီပဲ။ သူက ဘာလို့ အဲဒီမှာ ရှိနေတာလဲ။ သူက ချင်ယွင်ကို အခုလိုမျိုး ကာကွယ်ပေးနေတာလား" အနက်ရောင်ဝတ်ရုံ ဝတ် အမျိုးသားသည် သူ့ကိုယ်သူ အေးစက်စွာ ကျိန်ဆဲလိုက်ပြီး၊ မျက်ခုံးများက တွန့်သွားခဲ့ ကာ၊ သူ့မျက်ခုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ သယ်ဆောင်လာသည်။
ချင်ယွင်၏ ခန့်မှန်းချက်က မှန်ကန်ပါသည်။ သူသည် ကောင်းကင်နတ်ဘုရားရှစ်ပါးထဲမှ တစ်ပါးဖြစ်ပြီး၊ ကြယ်အလင်းမြို့တော်တွင် ချင်ယွင် သတ်ပစ်ခဲ့သော ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်၏ လက်ရွေးစင် တပည့်နှစ်ဦးအနက်မှ တစ်ဦးသည် သူ့သားဖြစ်သည်။
သူသည် သူ့သားအတွက် လက်စားချေရန်အတွက် ချင်ယွင်၏တည်နေရာကို ခြေရာခံ လိုက်နေခဲ့သည်။
ထို့နောက်, သူသည် ချင်ယွင်၏ တည်နေရာကို သိရှိပြီးနောက်၊ သူသည် သူ၏ ကြီးမြတ်သော နတ်ဘုရားစွမ်းရည်ကို အသုံးပြုကာ သူ့စိတ်ကို မိုင်ထောင်ပေါင်းများစွာ အကွာဝေးသို့ ပျံ့လွင့်စေခဲ့သည်။
ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြောင့် သူ့စိတ်သည် အဝေးမှာ ပုန်းအောင်းနေခဲ့ရပြီး၊ အနားသို့ မချဉ်းကပ်ဝံ့ပေ။ နောက်ပိုင်း ကပ်ဘေးဒုက္ခ ပြီးဆုံးသွားချိန်မှာ သူသည် သူ၏ ရွှေရောင်နတ်ဘုရားဓားကို ချက်ချင်း ထိန်းချုပ်ကာ ချင်ယွင်ကို သတ်ရန် ပြင်ဆင်ခဲ့သည်။
သို့သော်လည်း သူသည် ချင်ယွင်ကို တိုက်ရိုက် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ယင်းအစား၊ သူသည် ချင်ယွင်၏အမျိုးသမီးကို ဦးစွာသတ်ပစ်ချင်သည်။ ဒါမှသာ ချင်ယွင်သည် သူချစ်ရသူတစ်ဦး ဆုံးရှုံးလိုက်ရသည့် ဝေဒနာကို ခံစားနိုင်မည်ဖြစ်သည်။
သို့သော်၊ လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော်မှ ဝူဒေါင်ဇီက သူ့ကို တားဆီးလိမ့် မည်ဟု ဘယ်တုန်းကမှ သူ မတွေးခဲ့ပေ။ ဝူဒေါင်ဇီသည် ချင်ယွင်ကို အမှန်တကယ် ကယ်တင်ခဲ့သည်။
"လေဟာနယ်နဲ့ အချိန်နတ်ဘုရားနန်းတော်က ဒီကလေးရဲ့ အရည်အချင်းကြောင့် ဆွဲဆောင်ခံလိုက်ရတာများ ဖြစ်နိုင်မလား" အနက်ရောင် ၀တ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ညှိုးငယ်သော အမူအရာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူသည် ဤအကြောင်းတွေကို ပိုတွေးလေ၊ တစ်ခုခုမှားနေပြီဟု ပို၍ခံစားရလေပင်။
ကပ်ဘေးဒုက္ခကို ဖြတ်ကျော်စဉ်တုန်းက သူသည် ချင်ယွင်၏မြင်ကွင်းအားလုံးကို မြင်ဖူး သည်။ ချင်ယွင်၏ အရည်အချင်းသည် ကြောက်မက်ဖွယ်ကောင်းကြောင်း သူသိသည်၊ ထို့ကြောင့် လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သည် ချင်ယွင်ကို သဘောကျသည် မှာ ဖြစ်နိုင်ချေရှိကြောင်းကိုလည်း သူ သိသည်။ ချင်ယွင်သည် လေဟာနယ်နှင့် အချိန် နတ်ဘုရားနန်းတော်ထဲသို့ ၀င်လိုက်သည်နှင့်၊ ချင်ယွင်ကို နောက်တစ်ကြိမ် သတ်ဖြတ်ရန် သူ့အတွက် အလွန်မင်း ခက်ခဲသွားပေလိမ့်မည်။
"ဟမ့်, ချင်ယွင် မင်းက ငါ့သားကို သတ်ပစ်ခဲ့တယ်။ မင်း ဘယ်မှာပဲ ပုန်းနေပါစေ, ငါ မင်းကို ရှာဖွေမယ်။ ကိုယ်ချစ်ရတဲ့သူတွေ ဆုံးရှုံးရတာ ဘယ်လောက် နာကျင်ရလဲဆိုတာ ငါ မင်းကို ပြောပြမယ်။" အနက်ရောင် ၀တ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများ သည် ခက်ထန်သော အလင်းရောင်များဖြင့် လင်းလက်နေပြီး၊ သူ့မျက်နှာက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
သူ့လက်သီးတွေကို တဖျစ်ဖျစ်မြည်သည်အထိ ဆုပ်လိုက်ပြီး၊ သူ့ပတ်ဝန်းကျင်တွင် ရွှေရောင်နတ်ဘုရားတန်ခိုးများက ရစ်ဝဲနေကာ နှလုံးခုန်စေသည့် စွမ်းအင်အတက်အကျ လှိုင်းများကို ထုတ်လွှတ်နေသည်။
…
ချင်ယွင်သည် ဒီအကြောင်းကို ဘာမှမသိခဲ့ပါဘူး။ ဤအခိုက်အတန့်တွင် သူသည် အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။ သူတို့သည် လေဟာနယ်ဝဲဂယက်သို့ ဝင်ရောက်ပြီးနောက် ပြင်းထန်စွာ မူးဝေခြင်းကို ခံစားခဲ့ရသည်။
မိနစ်ဝက်ခန့်ကြာပြီးနောက်, မူးဝေခြင်းက ပျောက်သွားပြီး တုနှိုင်းမရအောင် ကြီးမားလှ သည့် ရင်ပြင်ကြီးထဲမှာ သူတို့ ပေါ်လာသည်။
ဤသည်မှာ သေမျိုးကမ္ဘာရှိ တိုက်ကြီးတစ်ခုနှင့် ယှဉ်နိုင်လောက်အောင် ကြီးမားသော စတုရန်းပုံစံ ရင်ပြင်ကြီးတစ်ခုဖြစ်ပြီး သူ၏ဦးခေါင်းထက်တွင် အဆုံးမဲ့ ကြယ်ရောင်စုံသော ကောင်းကင်ကြီး ရှိနေသည်။
ရင်ပြင်ကြီး၏ရှေ့တွင် တုနှိုင်းမရလောက်အောင် မြင့်မားသော နတ်ဘုရားခန်းမကြီးတစ်ခု ရှိနေသည်။ ၎င်းသည် အကန့်အသတ်မဲ့ ဘုန်းတန်ခိုးအာနုဘော်ကို ထုတ်လွှတ်နေကာ လူအများ၏ ကြည်ညိုလေးစားလိုစိတ်ကို ဖြစ်ပေါ်စေသည်။
ချင်ယွင်က လှည့်ပတ်ကြည့်လိုက်သည်။ ထိုကဲ့သို့ ရင်ပြင်များနှင့် နန်းတော်ဗိမာန်များသည် အများအပြား တည်ရှိနေသေးသည်။ ၎င်းတို့အသီးသီးသည် အလွန်တရာ မြင့်မားပြီး ကြီးမားလှသည်။ သို့သော် သူ့ရှေ့ကနန်းတော်သည် နန်းတော်များစွာထဲတွင် အခမ်းနားဆုံး နှင့် ထည်ဝါဆုံးဖြစ်သည်။
အနီးနားရှိ နန်းတော်ဗိမာန်များသည် ဤနန်းတော်ကို ဝန်းရံထားကြပြီး၊ ၎င်းမြင်ကွင်းသည် ကြယ်အားလုံးထဲမှာ တောက်ပသော လမင်းကြီး၏ အနေထားမျိုး ဖြစ်ပေါ်နေသည်။
"ဒါက လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော်ရဲ့ ဌာနချုပ်များ ဖြစ်နိုင်မလား?" ချင်ယွင် က ပတ်ဝန်းကျင်ကို ကြည့်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။
သူ့ရှေ့က ကြယ်ရောင်လွှမ်းနေသော ကောင်းကင်ကြီးသည် ချင်ယွင် နေထိုင်သည့် စကြာဝဠာကြီးနှင့် လုံးဝကို ခြားနားပြီး၊ သူ့ကနဦးစကြာဝဠာနှင့်လည်း မတူပေ။ သူ့ရှေ့က ကြယ်ရောင်လွှမ်းနေသော ကောင်းကင်ကြီးသည် ပြီးပြည့်စုံသော စကြာဝဠာတစ်ခု၏ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားခြင်းမရှိသလို၊ ဥပဒေသများ၏ ဖွဲ့စည်းပုံအရပင် ချင်ယွင်၏ ကနဦးစကြာဝဠာထက် အများကြီး နိမ့်ကျလွန်းပါသည်။
သို့သော်, ဤကဲ့သို့ ပိုဖြစ်များလေ၊ ချင်ယွင် ပိုအံ့သြရလေဖြစ်သည်။ အဘယ်ကြောင့်ဆို သော် သူ့ရှေ့မှ မဖွဲ့ဖြိုးသေးသော ဤကြယ်ရောင်စုံ ကောင်းကင်ကမ္ဘာကြီးကို တဖက် ကမ်းခတ် ကျွမ်းကျင်ပညာရှင်တစ်ဦးက ဖန်တီးထားသည်မှာ ရှင်းလင်းသေချာနေသော ဖြစ်ပါသည်။
ကျိုးလင်၏ မျက်လုံးများသည် အံ့သြမူနှင့်အတူ တောက်ပနေသည်။
လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ ဌာနချုပ်သည် နတ်ဘုရားကမ္ဘာတွင် အမြဲတစေ ကြီးမားသော လျှို့ဝှက်ဆန်းကြယ်မူ တစ်ခုဖြစ်ခဲ့သည်။ လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်က လူများမှလွဲ၍ လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်၏ တည်နေရာကို အခြားမည်သူမျှ မသိနိုင်ပေ။ ထို့ကြောင့်၊ ဤနေရာသည် လေဟာနယ်နှင့် အချိန်နတ်ဘုရား နန်းတော်၏ဌာနချုပ် ဟုတ်မဟုတ် သူမ အလွန်သိချင်နေခဲ့သည်။
"ဒါက လေဟာနယ်နဲ့ အချိန်နတ်ဘုရားနန်းတော်ရဲ့ ဌာနချုပ် မဟုတ်ဘူး။ ဒါပေမယ့်, သခင်လေဟာနယ် ဘိုးဘေးနတ်ဘုရားက ဖန်တီးထားတဲ့ စကြာဝဠာကြီးတစ်ခုပဲ။ မင်းပြောနေတဲ့ လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော် ဌာနချုပ်ဆိုတာ တကယ် မရှိဘူး" အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ပြောလိုက်ရင်း သူ့အမူအရာက အေးစက်ပြီး တည်ငြိမ်နေဆဲဖြစ်သည်။
"တကယ်မရှိဘူး။ ဒါက ဘယ်လို ဖြစ်နိုင်မျာလဲ။" ချင်ယွင်သည် စိတ်ရှုပ်ထွေးပြီး၊ ပဟေဠိဆန်သော အမူအရာကို ထုတ်ဖော်လိုက်သည်။
လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော်သည် ကြီးကျယ်ခမ်းနားသော နတ်ဘုရား နန်းတော်ကြီး လေးခုအနက်မှ တစ်ခုဖြစ်သည်။ ၎င်းသည် အမြဲတမ်း လျှို့ဝှက် ဆန်းကြယ် ဆုံး တည်ရှိမူတစ်ခုဖြစ်သလို တန်ခိုးအကြီးဆုံး နတ်ဘုရားနန်းတော်လည်း ဖြစ်သည်။ အခုတော့ သူ့ရှေ့က အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော်မှာ ဌာနချုပ်မရှိဘူးဟု ပြောဆိုနေသည်။ ချင်ယွင်သည် ဤစကားကို မည်သို့ ယုံနိုင်မည်နည်း။
ဘေးမှာရပ်နေသည့် ကျိုးလင်လည်း သံသယရှိသည့် အမူအရာကို ဖော်ပြလာသည်။ ရှင်းရှင်းလင်းလင်း ပြောရရင် သူမသည် အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား ပြောသည့်စကားက မမှန်ဘူးဟု သူမခံစားရတာ ထင်ရှားပါသည်။
အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်၏ သံသယများကို သတိပြုမိပုံရသည်။ သူက သူ၏ရေခဲသဖွယ် အေးစက်စက်မျက်နှာကို ထိန်းသိမ်းထားပြီး "လေဟာနယ်နဲ့ အချိန်နတ်ဘုရားနန်းတော်ဌာနချုပ် မရှိဘူးလို့ ငါ ပြောခဲ့တယ်။ တကယ် တော့ အဲဒါက လက်တွေ့မှာ မရှိတာမဟုတ်ဘူး။ ဒါပေမယ့် အစစ်မှန်မရှိဘူးလို့ပြောတာ” ဟု ရှင်းပြခဲ့သည်။
"အယ်၊ ဒါက ဘာကိုဆိုလိုတာလဲ။" အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကြောင့် ချင်ယွင်သည် ပို၍ပင် စိတ်ရှုပ်သွားသည်။
“လက်တွေ့မှာ မရှိတာ မဟုတ်ဘူး။ ဒါပေမယ့် အစစ်မှန် မရှိဘူးလို့ပြောတာ” ထိုစကားက မည်သည့်အရာကို ဆိုလိုပါသနည်?။
ကျိုးလင်လည်း ဝေခွဲမရဖြစ်နေသည့် အမူအရာကို ဖော်ပြလာသည်။
အဖြူရောင်ဝတ်ရုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းကို ခါယမ်းကာ ကူကယ်ရာမဲ့ဖြစ်ဟန်ဖြင့် ဆက်ရှင်းပြသည် "လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော် ဌာနချုပ်ဆိုတာက ကမ္ဘာအတုတစ်ခုပဲ။ အဲဒါကိုပဲ လေဟာနယ်နဲ့အချိန်နတ်ဘုရား နန်းတော်လို့ ခေါ်တာ။ အဲဒီနေရာကို စိတ်ဝိညာဉ်နဲ့ပဲ ဝင်ရောက်နိုင်တယ်။ ရုပ်ခန္ဓာကိုယ်နဲ့ မဝင်ရောက်နိုင်ဘူး။ ဒါ့ကြောင့်၊ နတ်ဘုရားကမ္ဘာ အရပ်ရပ်မှာ ပြန့်ကြဲနေတဲ့ လေဟာနယ် နဲ့အချိန်နတ်ဘုရားနန်းတော် အဖွဲ့ဝင်တွေဟာ လေဟာနယ်နဲ့ အချိန်နတ်ဘုရားကို ဆက်သွယ်နိုင်ကြတာပေါ့”။
"လေဟာနယ်နဲ့အချိန် နတ်ဘုရားကမ္ဘာလား။ ကမ္ဘာအတုတစ်ခုလား?" ချင်ယွင်သည် အံ့သြသွားသည်။
ချင်ယွင်သည် နတ်ဘုရားစိတ်ဝိညာဉ်များဖြင့် ဖွဲ့စည်းထားသော ကမ္ဘာအကြောင်းကို ကြားသိခဲ့ဖူးသော်လည်း ဤလေဟာနယ်နှင့်အချိန် နတ်ဘုရားကမ္ဘာသည် နတ်ဘုရား စိတ်ဝိညာဉ်များနှင့် ဖွဲ့စည်းထားသော ထိုကမ္ဘာများကဲ့သို့ ရိုးရှင်းမည့်ပုံ မပေါ်ပေ။ တခြားအရာတွေ ထပ်ပြီး ပေါင်းထည့်ထားပုံရသည်။
ထိုအရာက အချိန်နှင့်လေဟာနယ်၏ ဉပဒေသများဖြစ်မည်ဟု ချင်ယွင် တွေးမိသေးသည်။ သို့သော်၊ ချင်ယွင်သည် ၎င်းကို လေဟာနယ်နှင်အချိန် နတ်ဘုရားကမ္ဘာထဲသို့ ဝင်ရောက်ပြီး မှသာ သိရှိနိုင်မည် ဖြစ်သည်။
"နောက်မှ ငါ မင်းကို လေဟာနယ်နှင်အချိန် နတ်ဘုရားကမ္ဘာနဲ့ မိတ်ဆက်ပေးမယ်။ အခု ဆရာကိုတွေ့ဖို့ ငါ့နောက်ကို လိုက်ခဲ့လိုက်ပါ။ ဆရာကြီးက မင်းဒီကို ရောက်နေပြီဆိုတာ သိထားပြီးသား။ အခုပဲ မင်းကို ခေါ်လာခဲ့ဖို့ ငါ့ဆီကို အသံပို့လွှတ်မှုတစ်ခု ပို့လိုက်တယ်။" အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။
"အယ်?" ချင်ယွင်သည် အနည်းငယ် မှင်သက်သွားပြီး သူ့မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။
လေဟာနယ် ဘိုးဘေးနတ်ဘုရားက သူ့ကိုတွေ့ချင်နေကြောင်း သူသိထားပြီးဖြစ်သော် လည်း၊ ဘိုးဘေးနတ်ဘုရားတစ်ပါး ဆင့်ခေါ်သံကို ကြားရသောအခါတွင်, သူသည် တုန်လှုပ် သွားရဆဲ ဖြစ်သည်။ နောက်ဆုံးတွင်၊ သူသည် ဘိုးဘေးနတ်ဘုရားတစ်ပါး၏ အစစ်မှန် ခန္ဓာကိုယ်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"မင်းမှတ်ထားပါ။ မင်းဝင်သွားပြီးရင် ဆရာကြီးက ရိုင်းစိုင်းတဲ့ ငယ်သားတွေကို အမုန်းဆုံးပဲ။ ဒါကြောင့် မင်း လေးစားရမယ်။ မဟုတ်လို့ မင်း ဆရာကြီးကို ဒေါသထွက် အောင် လုပ်မိရင် နောက်ဆက်တွဲ ဆိုးကျိုးတွေက အရမ်းကြေကွဲစရာ ဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်ရောက်မှ မင်းကို သတိမပေးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့။" အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက လေးနက်စွာ ပြောလိုက်သည်။
"စီနီယာရဲ့ ညွှန်ကြားမူအတွက် ကျေးဇူးတင်ပါတယ် စီနီယာ,။ ဒီဂျူနီယာက အဲဒါကို မှတ်သားထားပါ့မယ်။" ချင်ယွင်က လေးလေးနက်နက် ပြန်ဖြေသည်။
အဝတ်ဖြူဝတ် လူလတ်ပိုင်းအရွယ်က ခေါင်းညိတ်ပြပြီးနောက် ချင်ယွင်ကို ပင်မခန်းမဆီ သို့ ခေါ်သွားခဲ့သည်။