အခန်း ၁၅၄၇
Vol. 104 Ch. 1547
အခန်း (၁၅၄၇) လေဟာနယ်ဘိုးဘေးနတ်ဘုရား။
ချင်ယွင်သည် အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနောက်မှ ခန်းမဆီသို့ လိုက်သွားခဲ့ပြီး ကျိုးလင်သည် သူမရှိရာအရပ်တွင် ကျန်နေခဲ့သည်။
လေဟာနယ် ဘိုးဘေးနတ်ဘုရားက ချင်ယွင်ကို တွေ့လိုခြင်းဖြစ်သည်။ ထုံးစံအတိုင်း, သူမသည် သူ့နောက်ကို လိုက်ဖို့ အကြောင်းမရှိပေ။ သူမသည် ချင်ယွင်ကို စိတ်အားထက် သန်စွာ စောင့်ဆိုင်းနေခဲ့သည်။ သူမသည် လေဟာနယ်ဘိုးဘေးနတ်ဘုရားက ချင်ယွင် အပေါ် ခက်ခဲအောင်မလုပ်ရန်အတွက် သူမစိတ်ထဲတွင် တိတ်တဆိတ် ဆုတောင်းနေ သည်။
အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မြင့်မားသော ခန်းမအဝင်ဝ တွင် ရပ်တန့်လိုက်သည်။ သူက ချင်ယွင်ဘက်သို့ လှည့်ပြီး ပြောသည် "ဆရာကြီး အထဲမှာ ရှိနေတယ်။ မင်းကိုယ်တိုင် ဝင်သွားလို့ရတယ်။"
ထိုစကားကိုကြားတော့ ချင်ယွင်သည် ခေါင်းညိတ်မပြခင်, ခဏလောက် မှင်သက်သွား သေးသည်။
အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းပြန်လှည့်မကြည့်ဘဲ ပြန်ထွက် သွားသည်။
ချင်ယွင်သည် အဖြူရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား ထွက်သွားသည်ကို ကြည့်နေသည်။ သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး ခန်းမကြီး၏တံခါးကို တွန်းဖွင့်လိုက်သည်။ ထို့နောက်, သူသည် ခန်းမထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။
ဧရာမခန်းမကြီးအတွင်းမှာ နေရာလွတ်က တုနှိုင်း၍မရအောင်ပင် ကြီးမားနေသေးသည်။ ခန်းမကြီးသည် မီတာတစ်ရာ မြင့်သည်။ ခန်းမတစ်ခုလုံးကို တိုင်ကိုးတိုင်ဖြင့် ထောက်ပို့ ထားသည်။ ခန်းမတစ်ခုလုံးသည် အလွန်ကျယ်ဝန်းသည်။ ခန်းမကြီးသည် ခမ်းနားထည်ဝါ လွန်းသည်။ နံရံများနှင့် ကျောက်တိုင်များကို လက်ရာမြောက်စွာ ထွင်းထုထားသည်။ တစ်ချိန်တည်းမှာပင် ထိုထွင်းထုထားသောအရာများတွင် အလွန်မင်း သိမ်မွေ့နက်ရှိုင်း သော စိတ်ဝိညာဉ်ဥပဒေများ ပါဝင်နေပုံရသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့အား တုန်လှုပ်ခြောက်ခြားမူ ခံစားချက်ကို ပေးစွမ်းနေသည်။ အကယ်၍, သူသာ အချိန်ကြာကြာ စူးစမ်းနိုင်ပါက၊ သူ၏ ကျင့်ကြံမှုတွင် ကြီးကြီးမားမား အထောက်အကူဖြစ်မည်မှာ သေချာပါသည်။
သို့သော် ယခုအချိန်တွင် သူသည် ကျောက်နံရံပေါ်ရှိ ပုံစံသင်္ကေတများကို မကြည့်ခဲ့ပေ။ ယင်းအစား သူ့အကြည့်တွေက ခန်းမအလယ်ခေါင်ရှေ့က ကုလားထိုင်ကြီးတစ်ခုပေါ် ရောက်သွားခဲ့သည်။
ထိုအချိန်တွင် ကုလားထိုင်ကြီးပေါ်၌ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်။ သူသည် ချင်ယွင် ရောက်ရှိလာသည်ကို မမြင်သည့်အလား သူ့မျက်လုံးတွေကို မှိတ်ပြီး အနားယူနေသည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာပေါ်ရှိ အမူအရာသည် အလွန် တည်ငြိမ်နေသော် လည်း, ယင်းက ချင်ယွင်အား ဒေါသမထွက်ဘဲ တန်ခိုးကြီးမားသည့် ခံစားချက်ကို ပေးစွမ်း နေသည်။ အထူးသဖြင့် ထိုအမျိုးသား၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ချင်ယွင်ကို ဒူးထောက်ချင်စိတ် ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်သည်။
"သူက လေဟာနယ်ဘိုးဘေးနတ်ဘုရားလား?" ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်လိုက် သည်။ ထိုင်ခုံမြင့်မြင့်ပေါ်မှ လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ရင်း သူ့ကိုယ်သူ ခန့်မှန်းလိုက်သည်။
ဤသည်မှာ စစ်မှန်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ဘိုးဘေးနတ်ဘုရားတစ်ပါးကို ပထမဆုံးအကြိမ် သူတွေ့ဖူးခြင်းဖြစ်ပြီး၊ ၎င်းသည် ဘိုးဘေးနတ်ဘုရားများကြားမှာပင် အလွန် အဆင့်တန်းမြင့်မားသော လေဟာနယ် ဘိုးဘေးနတ်ဘုရား ဖြစ်နေသည်။
လေဟာနယ် ဘိုးဘေးနတ်ဘုရားက မည်သည့်အဆင့်သို့ ရောက်ရှိနေသည်ကို ချင်ယွင် မသိသော်လည်း လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် လေဟာနယ်နှင့်အချိန် နတ်ဘုရား နန်းတော်တွင် ဒုတိယ အစွမ်းထက်ဆုံးဖြစ်ကြောင်း ချင်ယွင် သိထားသည်။ သူ၏ ကျင့်ကြံမှုသည် သေးငယ်သော လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရားတစ်ပါး မဖြစ်နိုင်ပေ။ အနည်းဆုံး, ကြီးမြတ်သော လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားဖြစ်နိုင်သည်။ သို့မဟုတ်, ပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါးပင် ဖြစ်နေနိုင်ပါသည်။
ဘန်း…။
ချင်ယွင်သည် လေဟာနယ် ဘိုးဘေးနတ်ဘုရား၏ ကျင့်ကြံမှုအဆင့်အကြောင်းကို တွေးတောနေစဉ်မှာ မြင့်မားသော ထိုင်ခုံပေါ်ရှိ လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကာ ချင်ယွင်ကို ကြည့်လိုက်သည်။
ကြယ်ရောင်စုံ ကောင်းကင်ကြီးကဲ့သို့ နက်ရှိုင်းသော မျက်လုံးတစ်စုံသည် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထိုးဖောက်သွားပုံရသည်။
“အထွက်အထိပ် ကြယ်နတ်ဘုရား၊ နှောင်းပိုင်း မေုကမ္ဘာနတ်ဆိုးနတ်ဘုရား၊ လေစွမ်းရည်၊ လျှပ်စီးစွမ်းရည်၊ သစ်သားစွမ်းရည်၊ လေဟာနယ်စွမ်းရည် နတ်ဘုရားတန်ခိုး၊ လေဟာနယ် ကြေးမှုန် အမွေအနှစ်ကို ဆက်ခံထားတယ်။ ဒါ့အပြင်, ခန္ဓာကိုယ်ထဲမှာလည်း ထူးဆန်းတဲ့ သစ်သားစွမ်းရည် သက်ရှိပုံစံနဲ့ စိတ်ဝိညာဉ်နဂါးရဲ့ စိတ်ဝိညာဉ်လည်း ရှိနေတယ်။ ဒီကျင့်ကြံမူအဆင့် အလယ်လတ်အဆင့် ကောင်းကင်နတ်ဘုရားတစ်ပါးကို လှုပ်ခါနိုင်ခဲ့ တာ အံ့ဩစရာ မဟုတ်တော့ပါဘူး" ထိုင်ခုံပေါ်မှာ ထိုင်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက စူးစူးရှရှ အသံဖြင့် ပြောလိုက်ပါသည်။
ချင်ယွင်သည် ထိုစကားကို ကြားသောအခါ ရုတ်တရက် ထိတ်လန့်သွားသည်။
ဘိုးဘေးနတ်ဘုရားများသည် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ဖြစ်ထိုက်ပါ သည်။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့အကြောင်း လျှို့ဝှက်ချက်များစွာကို ဖွင့်ဖော်နိုင် ရန် လုံလောက်ပါသည်။
ကံကောင်းထောက်မစွာ၊ လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် ချင်ယွင်၏ ကနဦး စကြာဝဠာ သို့မဟုတ် နတ်ဆိုးနတ်ဘုရားကမ္ပည်းပြား၏တည်ရှိမှုကို မခံစားနိုင်ခဲ့ပေ။
ပင်မခန်းမထဲသို့ မ၀င်မီ၊ ချင်ယွင်သည် သူ၏ကနဦးစကြာဝဠာကို လေဟာနယ် ဘိုးဘေး နတ်ဘုရားက ထိုးဖောက်မြင်တွေ့သွားမည်ကို စိုးရိမ်ခဲ့သည်။ ယခုတော့ သူသည် လုံးဝ အတွေးလွန်နေပုံရသည်။
ကနဦးစကြဝဠာအဆင့်တန်းသည် ဘိုးဘေးနတ်ဘုရားများထက် သာလွန်ပါသည်။ ချင်ယွင် သည် ဘိုးဘေးနတ်ဘုရားများရှေ့တွင် ကနဦးစကြဝဠာ၏ စွမ်းအားကို အသုံးမပြုသရွေ့ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူများသည်ပင် သူ့ကနဦးစကြဝဠာ၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။
သို့သော်၊ ချင်ယွင်ကို ပို၍အံ့သြသွားစေသည်မှာ လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် နတ်ဆိုးနတ်ဘုရားကမ္ပည်းပြား၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိခြင်းဖြစ်သည်။ သို့သော်, ဒုတိယအကြိမ် ပြန်တွေးကြည့်သောအခါ, နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားသည် ဘိုးဘေးနတ်ဘုရားအဆင့်ပစ္စည်းများ၏ အထက်တွင် ရှိနေသောကြောင့်၊ လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် ၎င်းကို ရှာဖွေတွေ့ရှိရန် လွယ်ကူမည် မဟုတ်ပေ။ ဤအတွေးဖြင့် ချင်ယွင်သည် လုံးလုံးနားလည်သွားခဲ့သည်။
"ဂျူနီယာ ချင်ယွင်က အရှင်ဘိုးဘေးနတ်ဘုရားကို နှုတ်ဆက်ပါတယ်။" ချင်ယွင် ရိုသေစွာ ဦးညွှတ်လိုက်သည်။
လေဟာနယ် ဘိုးဘေးနတ်ဘုရားက ခေါင်းညိတ်ပြပြီး ချင်ယွင်ကို အပြုံးမပျက် ကြည့်နေ သည်။ "တကယ်တော့, မင်းအနေနဲ့ ထုံးထမ်းစဉ်လာတွေ သိပ်ပြီး လုပ်ဆောင်နေဖို့ မလိုပါ ဘူး။ ငါက ကောင်လေးဝူ ငါပြောသလောက်လည်း အလေးနက်မထားတတ်ပါဘူး။ တကယ်လို့, ငါက တကယ် အလေးနက်ထားတတ်သူဆိုရင်လည်း မင်းအနေနဲ့ ဒီလောက် ထိန်းချုပ်ထားဖို့ မလိုပါဘူး။"
ချင်ယွင်သည် လေဟာနယ်ဘိုးဘေးနတ်ဘုရား၏ စကားကိုကြားသောအခါ သူ့မျက်နှာ တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ့နှလုံးသားထဲမှ ကြီးမားသော ကျောက်တုံးကြီးသည် အနည်းငယ် သေးကျုံ့သွားပုံရသည်။
လေဟာနယ် ဘိုးဘေးနတ်ဘုရား မည်သူ့ကို ရည်ညွှန်းလဲဆိုသည်ကို သူသိပါသည်။ ဤအရာကြောင့် လေဟာနယ် ဘိုးဘေးနတ်ဘုရား၏ ဆိုလိုသည့်အဓိပ္ပါယ်ကိုလည်း သူ နားလည်ခဲ့သည်။ ဘိုးဘေးနတ်ဘုရားသည် သူနှင့် ပိုမိုရင်းနှီးစေလိုကြောင်း ထင်ရှားသည်။
ဘိုးဘေးနတ်ဘုရားတစ်ပါးက သူနှင့် ပို၍ ရင်းနှီးချင်နေသည်။ ဤအရာက ချင်ယွင်အတွက် ကောင်းမွန်သည့်အရာတစ်ခုပင်။
လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် သူ့ကို မည်သည့်အတွက်ကြောင့် ရှာနေမှန်း သူ မသိသော်လည်း, လေဟာနယ်ဘိုးဘေးနတ်ဘုရားဆီမှတဆင့် အချိန်ဘိုးဘေး နတ်ဘုရား ၏ နေရာကို သူ သိနိုင်သည်။ ထို့ကြောင့်၊ လေဟာနယ်ဘိုးဘေးနတ်ဘုရားသည် ချင်ယွင် အတွက် ဒုက္ခများစွာကို လျှော့ချပေးရန် တမင်တကာ ချဉ်းကပ်လာသည့်အလား ထင်မှတ်ရပါသည်။
"အရိုသေပြုခြင်းက ငယ်ရွယ်သူတွေမှာ ရှိသင့်ရှိထိုက်တဲ့ ယဉ်ကျေးပျူငှာမှုတစ်ခု ဖြစ်ပါ တယ်။ လူကြီးတွေအပေါ် ရိုသေလေးစားမှုရှိရမယ်လို့ ကျွန်တော် အမြဲနှလုံးသွင်းထားပါ တယ်။ ဒါပေမယ့် လူကြီးတွေက အလွန်ပွင့်လင်းတယ်ဆိုရင်တော့ ကျွန်တော်လည်း အလွန်တရာမှ ရင်းနှီးမူကို ခံစားရတာပေါ့" ချင်ယွင်သည် အခြေအနေကို လျစ်လျူရှုပြီး တဖက်လူသဘောကျစေရန် အလိုက်ထိုက် ပြောလိုက်သည်။
"ဟား…၊ ဟား…၊ ကောင်းတယ်၊ ငါ မင်းအပေါ် အမြင်မမှားဘူးပဲ။ မင်းရဲ့ အရည်အချင်းက မဆိုးပါဘူး။ ဒါ့အပြင်, မင်းရဲ့ စိတ်နေစိတ်ထားကလည်း အရမ်းခိုင်မာတယ်။ ဒါက ရှားရှားပါးပါးပဲ။" လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် ဟက်ဟက်ပက်ပက် ရယ်မောပြီး ချင်ယွင်ကို စိတ်ရင်းမှန်ဖြင့် ချီးကျူးသည်။
မြှောက်ပင့်ပေးသည့် အကျိုးသက်ရောက်မှုက မဆိုးလှကြောင်းကို တွေ့လိုက်ရသဖြင့် ချင်ယွင်သည် သူ့မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။ “အရှင် ကျွန်တော့်ကို ဘာကြောင့် ရှာနေတာလဲဆိုတာ သိနိုင်မလား” ဟု သူက ဆက်ပြော သည်။
"တကယ်တော့, ဒါက ဘာမှ သိပ်အထူးအထွေ မရှိပါဘူး။ နဂိုကတည်းက, မင်းက လေဟာနယ်နဲ့ အချိန်နတ်ဘုရားနန်းတော်ရဲ့ စမ်းသပ်မူကို အောင်မြင်ပြီးပြီဆိုတော့, မင်းက လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော်အောက်မှာ လူသစ်တစ်ယောက်အဖြစ် စုဆောင်းထားသင့်သူပဲ။ လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော်ရဲ့ အကြီးအကဲတွေက မင်းကို တိုက်ရိုက် တွေ့ဆုံနိုင်ခဲ့ရင်ပေါ့။ ဒါ့အပြင်, မင်းစွဲဆောင်သွားတဲ့ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြီးက မင်းအပေါ် ငါ့ရဲ့စိတ်ဝင်စားမူကို စွဲဆောင်နိုင်ခဲ့တယ်။ ဆိုတော့, မင်းက ဘယ်လိုပါရမီရှင်မျိုးလဲဆိုတာ ငါ သိချင်မိတယ်ပေါ့။ အဲဒါကြောင့် ကောင်လေးဝူကို မင်းကို ခေါ်ခိုင်းလိုက်ရတာပါ။" လေဟာနယ် ဘိုးဘေးနတ်ဘုရားက ရှင်းပြသည်။
ထိုစကားကို ကြားတော့ ချင်ယွင်၏မျက်နှာက နားလည်သဘောပေါက်သွားသည့် အမူအရာ ဖြစ်ပေါ်လာပါသည်။
လေဟာနယ် ဘိုးဘေးနတ်ဘုရား ပြောခဲ့သည့်စကားတွေက သူ့စိတ်ထဲမှာ မှန်းဆထား သည့်အတိုင်းပင်။ လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် သူ့ကို တွေ့ချင်ရသည့် အကြောင်းရင်းမှာ သူ့ကို သိချင်စိတ်သက်သက် ဖြစ်ပေါ်လာရုံပင်။
သူ၏ ယခင်ကပ်ဘေးဒုက္ခသည် နတ်ဘုရားကမ္ဘာရှိ ကျွမ်းကျင်သူများစွာ၏ အာရုံစိုက်မှုကို ခံရမည်ကို သူသိရှိထားပြီး၊ ယခုအချိန်အထိ သူ အသက်ရှင်နိုင်ရခြင်း၏ အကြောင်းရင်းမှာ လေဟာနယ် ဘိုးဘေးနတ်ဘုရား၏ ဤခရီစဉ်ကြောင့် ဖြစ်သည်. တစ်နည်းအားဖြင့် လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် ချင်ယွင်၏ ကယ်တင်ရှင် ဖြစ်သည်။
"စီနီယာ၊ စီနီယာက ကျွန်တော်ကို သိချင်ရုံသက်သက်နဲ့ လိုက်ရှာတာလား။ စီနီယာက ကျွန်တော့်ကို တွေ့ဖူးချင်ရုံပဲလား" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။
"ဟုတ်တယ်၊ ဒါက အမှန်ပါပဲ။ သေချာတာက, မင်း ငါ့တပည့်ဖြစ်ဖို့ ဆန္ဒရှိမရှိ ငါ မေးကြည့်ချင်သေးတယ်။ နောက်ဆုံး, မင်းက လေဟာနယ်စွမ်းအားကို ကျွမ်းကျင်တယ်။ ငါ့ကို မင်းရဲ့ဆရာအဖြစ် သတ်မှတ်ခြင်းက မင်းအတွက် အရမ်းကောင်းတဲ့ ရွေးချယ်မှုတစ်ခု ပဲလေ။" လေဟာနယ် ဘိုးဘေးနတ်ဘုရားက ပြောသည်။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ရယ်သော်လည်း သူ့အပြုံးသည် ခါးသီးသော အပြုံးနှင့် ရောထွေးနေသည်။
ရက်တိုလေးပဲ ရှိပါသေးသည်။ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင် ငါးဦးသည် သူ့အား ၎င်းတို့၏တပည့်အဖြစ် လက်ခံလိုကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။ ဤအရာက ချင်ယွင်ကို တကယ်ကို မြှောက်စားခြင်းဖြစ်သည်။
သို့သော် ချင်ယွင်သည် နောက်ထပ် ဆရာတစ်ဦး မလိုချင်တော့ပါ။ အဆုံးတွင် သူ့မှာ ဆရာတွေ လုံလောက်နေပါပြီ။
"တောင်းပန်ပါတယ် အရှင် ဘိုးဘေးနတ်ဘုရား၊ ကျွန်တော် အရှင်ဘိုးဘေးနတ်ဘုရားကို စိတ်ပျက်စေမိပြီ" ချင်ယွင်က မငြင်းခင် ခဏလောက် စဉ်းစားလိုက်ပါသည်။
လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် ချင်ယွင်၏ စကားကို ကြားသောအခါ သူလည်း အနည်းငယ် အံ့အားသင့်သွားသည်။ ရှင်းရှင်းပြောရလျှင် ချင်ယွင်သည် သူ့တောင်းဆိုမှုကို ငြင်းဆန်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။