အခန်း ၁၅၄၈
Vol. 104 Ch. 1548
အခန်း (၁၅၄၈) မိဘများနှင့်ပတ်သက်သည့်သတင်းများ။
သူ့အမြင်အရဆို၊ သူသည် လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော်တွင် ဒုတိယ အစွမ်း ထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ဆရာအဖြစ် သူ့ကို သတ်မှတ်နိုင်ဖို့က နတ်ဘုရားကမ္ဘာထဲက နတ်ဘုရားအားလုံး အိပ်မက်မက်နေကြသည့် အရာဖြစ်သည်။
ယခုမူ ချင်ယွင်က ငြင်းဆိုခဲ့ပြီး ပွင့်ပွင့်လင်းလင်းပင် ငြင်းဆန်ခဲ့သည်။
"ဘာလို့လဲ?" လေဟာနယ်ဘိုးဘေးနတ်ဘုရားက မတတ်သာဘဲ မေးလိုက်ပါသည်။ ချင်ယွင်က အဘယ်ကြောင့် သူ့ကို ငြင်းပယ်ခဲ့သည့်အကြောင်းကို သူ အမှန်တကယ် သိချင်နေသည်။
'"စီနီယာ၊ စီနီယာရဲ့ မျက်နှာသာပေးခြင်းခံရတာ ကျွန်တော့်အတွက် တကယ့်ကို ဂုဏ်ယူ စရာပါ။ စီနီယာမြင်တဲ့အတိုင်းပဲ။ ဒီဂျူနီယာရဲ့စိတ်ထဲမှာ လေဟာနယ်ကြေးမှုန် အနှစ်သာ ရ အမွေနှစ်ကို ရရှိထားပြီးသားပါ။ ဒီအနှစ်သာရတစ်ခုတည်းကတင် ဒီဂျူနီယာအတွက် အချိန်အကြာကြီး နားလည်ဆင်ခြင်ဖို့ လုံလောက်နေပါပြီ။ စီနီယာပေးမယ့် အရာတွေကို သင်ယူနိုင်ဖို့ ကျွန်တော့်မှာ စွမ်းအားအပို မရှိတော့မှာ ကြောက်ရပါတယ်။ ဒါကြောင့် ဒီဂျူနီယာလည်း ငြင်းဆန်ဖို့ပဲ တတ်နိုင်ပါတယ်။" ချင်ယွင်က ရှင်းပြသည်။
ဤကာလအတောအတွင်း၊ သူသည် နတ်ဘုရားစွမ်းရည်များနှင့် အမွေဆက်ခံမှုများစွာကို ဆုပ်ကိုင်ထားခဲ့သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ထိုးထွင်းသိမြင်မူ အမြန်နှုန်း ဖြင့်ပင် ၎င်းတို့ကို ချေဖျက်နိုင်စွမ်း မရှိသေးပေ။
ယခု သူလုပ်ရမည့်အရာမှာ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက သူ့အား သင်ကြားပေးသည့် အရာများအပြင် ရွမ်ဟန်ထံမှ သူနားလည်ထားသော ဓားပညာရပ်များ ကို သူ့ကိုယ်ပိုင်ဓားဆန္ဒအဖြစ် ဆုပ်ကိုင်နိုင်ရန် ဖြစ်သည်။
ဤအရာအားလုံးကို ပြီးမြောက်အောင်မြင်သည်နှင့် သူ့တိုက်ခိုက်ရေးစွမ်းရည်သည် အဆင့်တစ်ခုအထိ တိုးမြင့်လာလိမ့်မည်။ ထို့ကြောင့် သူသည် လေဟာနယ် ဘိုးဘေး နတ်ဘုရားကို ဆရာတင်သည်ဖြစ်စေ, မတင်သည်ဖြစ်စေ, ချင်ယွင်အတွက် သိပ်ပြိး အရေးမကြီးတော့ပေ။
"ကောင်းပြီ၊ ဒါပေမယ့် မင်းလိုလူတစ်ယောက်ကို လက်လွှတ်လိုက်ရတာက နှမျောစရာ ကောင်းလွန်းတယ်။ ဘယ်လိုလဲ၊ မင်းကို ငါ့ရဲ့ အမည်ခံတပည့်အဖြစ် မှတ်ယူလိုက်မယ်။ ဒါဆို, မင်းလည်း မင်းပိုင်ဆိုင်ထားတဲ့ အရာတွေကို ဆက်နားလည်အောင် ကြိုးစားပေါ့။ မင်းရဲ့ကျင့်ကြံမှုမှာ တစ်ခုခု နားမလည်တာရှိရင် ငါ့ကို မေးလို့ရတယ်။ မင်း မငြင်းဘူး မဟုတ်လား။" လေဟာနယ် ဘိုးဘေးနတ်ဘုရားက ပြုံးရင်း ပြောသည်။
သူက ချင်ယွင်ကို သူ့စိတ်နှလုံးထဲက သဘောကျနေသည်။ ယခင်က ချင်ယွင် ကပ်ဘေး ဒုက္ခကို ဖြတ်ကျော်နေချိန်မှာ သူသည် သူ့ကို အာရုံစိုက်နေခဲ့သည်။
ချင်ယွင်၏ စွမ်းဆောင်မှုတွေက သူ့ကို တကယ်ကို အံ့အားသင့်စေခဲ့သည်။ ထို့ကြောင့်, ချင်ယွင်ကို အခုလိုမျိုး လက်လွှတ်ပေးလိုက်ရမှာ အနည်းငယ် မလိုလားဘူး ဖြစ်နေခဲ့သည်။
"ဒီဂျူနီယာလည်း ဆရာခေါ်ဖို့ မစောင့်နိုင်တော့ပါဘူး။ တပည့် ချင်ယွင်က ဆရာကြီးကို အရိုသေးပေးပါတယ်။" ချင်ယွင်က ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ဟား…, ဟား… ကောင်းလိုက်တာ!" လေဟာနယ်ဘိုးဘေးနတ်ဘုရားက ဟက်ဟက် ပက်ပက် ရယ်မောလိုက်သည်။ သူသည် အလွန်မင်း ပျော်ရွှင်နေခဲ့သည်။
ချင်ယွင်လည်း ပြုံးလိုက်သည်။
အမည်ခံတပည့်များသည် အလုပ်သင်များ ဖြစ်သော်လည်း၊ ချင်ယွင်အပေါ် ကန့်သတ်ချက် များမှာ ပိုမိုပေါ့ပါးပါသည်။ ဤနည်းအားဖြင့် ချင်ယွင်၏ လေဟာနယ်ဘိုးဘေး နတ်ဘုရား နှင့် ဆက်ဆံရေးသည် တင်းမာလွန်းမည် မဟုတ်တော့ပေ။ အကယ်၍, သူသည် လေဟာနယ် ဘိုးဘေးနတ်ဘုရားကို နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်လိုက်ပါက၊ လေဟာနယ် ဘိုးဘေးနတ်ဘုရားကို ဒေါသထွက်စေနိုင်သည်။
လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် ဘာမှ မပြောဘူးဆိုလျှင်ပင်, သူ့စိတ်ထဲမှာ ညည်းညူမှုတွေ ရှိနေနိုင်ပါသည်။ ချင်ယွင်အတွက် အချိန်ဘိုးဘေးနတ်ဘုရားနှင့် ပတ်သက်သည့် အချက်အလက်တွေကို လေဟာနယ်ဘိုး ဘေးနတ်ဘုရားထံမှ ရရှိနိုင်ရန် အလွန် ခက်ခဲသွားပေလိမ့်မည်။
'"ကောင်းပြီ၊ မင်းက အခု ငါ့ရဲ့ အမည်ခံတပည့် ဖြစ်လာပြီဆိုတော့, နောင်အနာဂတ်မှာ ငါ့ရဲ့ ကြယ်တာရာကမ္ဘာမှာ မင်း နေနိုင်မယ်။ မင်းအတွက် အထူးနန်းတော်တစ်ခု စီစဉ်ပေးဖို့ ကောင်လေးဝူကို ငါ ပြောထားမယ်။ ဒါက ငါသန့်စင်ထားတဲ့ လေဟာနယ်တံဆိပ်ပြားပဲ။ ဒီတံဆိပ်ပြားနဲ့ဆို မင်းက ဒီကြယ်တာရာကမ္ဘာထဲမှာ လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာနိုင်တယ်။" လေဟာနယ်ဘိုးဘေးနတ်ဘုရားက ပြောသည်။ သူပြောပြီးသည်နှင့် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး တံဆိပ်ပြားတစ်ခုသည် အလင်းတန်း တစ်ခု အဖြသို့ ပြောင်းလဲသွားကာ ချင်ယွင်၏လက်ထဲသို့ ဝင်ရောက်သွားသည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး!" ချင်ယွင်က ကျေးဇူးတင်စကား ကမန်းကတန်း ပြောလိုက်သည်။
နတ်ဘုရားကမ္ဘာမှာ သူသွားစရာ လုံခြုံသည့်နေရာ မရှိသေးပါဘူး။ ယခုအခါ၊ လေဟာနယ် ဘိုးဘေးနတ်ဘုရား ဖန်ဆင်းထားသော ဤကမ္ဘာကြီးသည် အလွန်တည်ငြိမ်ပြီး လုံခြုံ သည်။ နောင်တွင်၊ သူသည် သူ့မိန်းကလေးလေးဦးနှင့် ဖိုးအာတို့ကို လုံးဝ ခေါ်ဆောင်ထား နိုင်သည်။ ထို့ကြောင့်၊ ချင်ယွင်သည် လေဟာနယ်ဘိုးဘေးနတ်ဘုရားဂိုဏ်းထဲသို့ ဝင်ရောက်ခြင်းသည် မကောင်းသည့်အရာမဟုတ်ဟု ခံစားလိုက်ရသည်။
"ကောင်းပြီ၊ တခြားဘာမှ မရှိတော့ဘူးဆိုရင် မင်း ထွက်သွားလို့ရပြီ။ မင်းမှာ မေးစရာတွေ ရှိရင် ကောင်လေးဝူကို ရှာလို့ရတယ်။ ဒါမှမဟုတ် ငါ့ကိုရှာဖို့ နတ်ဘုရားခန်းမကို တိုက်ရိုက် လာနိုင်တယ်။" လေဟာနယ် ဘိုးဘေးနတ်ဘုရားက သူ့လက်ကို ဝှေ့ယမ်းပြီး ချင်ယွင်ကို အချက်ပြလိုက်သည်။
ချင်ယွင်က သူ့ပါးစပ်ကိုဖွင့်ပြီး ပြောလိုက်သည် "ဆရာ၊ ဒီတပည့်က ဆရာကို မေးစရာ တစ်ခု မေးလို့ရနိုင်မလား"။
"အိုး? ဘာများလဲ?" လေဟာနယ် ဘိုးဘေးနတ်ဘုရားက တအံ့တသြ မေးသည်။
ချင်ယွင်က ခဏလောက် စဉ်းစားပြီး ပြောသည် "ဆရာ၊ တကယ်တော့, ဒီတပည့်က မိဘတွေကိုရှာဖို့အတွက် နတ်ဘုရားကမ္ဘာကို လာခဲ့တာပါ။ ကျွန်တော့်မိဘတွေက အင်မော်တယ်နယ်ပယ်လောက်သာ အရည်အချင်းရှိတဲ့ လူတွေပါပဲ။ ဒါပေမယ့်, သူတို့က အကြောင်းပြချက်မရှိ ပျောက်သွားကြတယ်။ ဒီဂျူနီယာက သူတို့နေရပ်ကို လိုက်ရှာနေပေ မယ့် မတွေ့သေးဘူး။ ဒါကြောင့်, လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော်က ဒီဂျူနီယာရဲ့ မိဘတွေကို ရှာဖွေဖို့ ကူညီပေးစေချင်ပါတယ်”။
လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် ချင်ယွင်၏ စကားကို ကြားသောအခါ ချင်ယွင် ဆိုလိုသည့်အရာကို ချက်ချင်း နားလည်သွားသည်။
လေဟာနယ်နှင့် အချိန်နတ်ဘုရား နန်းတော်သည် နတ်ဘုရားကမ္ဘာတစ်ခုလုံးနှင့် စကြာဝဠာတစ်ခုလုံးရှိ သတင်းအချက်အလက်များကို ထိန်းချုပ်ထားသည့် အစွမ်းထက်ဆုံး အင်အားစုတစ်ခုဖြစ်သည်။ အခြေခံအားဖြင့်၊ ဤစကြဝဠာထဲတွင် တစ်စုံတစ်ရာ ဖြစ်ပျက် နေသမျှ ကာလပတ်လုံး လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သည် ၎င်းကို သိရှိနိုင် မည်ဖြစ်သည်။ လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော်သည် ကျင့်ကြံမှု အရင်းအမြစ် များရရှိရန် ဤသတင်းအချက်လက်များကို အမြဲအသုံးပြုခဲ့သည်။
ထို့ကြောင့်, ထိုတောင်းဆိုမှုသည် လေဟာနဘ် ဘိုးဘေးနတ်ဘုရားအတွက် အမှန်တကယ် ပင် အသေးဖွဲတစ်ခုဖြစ်ကြောင်း ချင်ယွင် သဘောပေါက်ထားသည်။
"မင်းမိဘတွေရဲ့ နာမည်နဲ့ အခြေခံအချက်အလက်ကို ပြောပြပါ။ လေဟာနယ်နဲ့ အချိန် ဘိုးဘေးနတ်ဘုရားအဆင့် ပစ္စည်းမှတဆင့် စုံစမ်းပေးဖို့ ငါ ကူညီပေးမယ်။" လေဟာနယ် ဘိုးဘေးနတ်ဘုရားက ပြောသည်။
ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်လုံးတွေက ချက်ချင်း တောက်ပလာခဲ့သည်။ သူသည် သူ့မိဘများ၏ အချက်အလက်များကို အလျင်အမြန် ပြောပြပြီးနောက် လေဟာနယ် ဘိုးဘေးနတ်ဘုရားအား မျှော်လင့်နေသည့် အမူအရာဖြင့် ကြည့်သည်။
လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သည် သူ့မိဘများ၏ နေရာကို သိကောင်းမှ သိနိုင်လိမ့်မည်ဟု ယခင်က သူခံစားခဲ့ဖူးသော်လည်း သူ့နှလုံးသားထဲတွင် စိတ်ကူးယဉ်မှု များ ရှိနေသေးသည်။
အကယ်၍ လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် လေဟာနယ်နှင့်အချိန်ဘိုးဘေး နတ်ဘုရားပစ္စည်းမှတဆင့် သူ့မိဘများ၏ တည်နေရာကို ရှာဖွေနိုင်ခဲ့ပါက၊ နောက်ပိုင်း သူသည် အချိန်ဘိုးဘေးနတ်ဘုရားကို ရှာဖွေရန်အတွက် ရုန်းကန်နေစရာ မလိုတော့ပေ။ ဤနည်းဖြင့် သူ့မိဘတွေကို စောစောတွေ့နိုင်ပြီး ဒုက္ခများစွာကို လျှော့ချနိုင်ပါလိမ့်မည်။
လေဟာနယ်ဘိုးဘေးနတ်ဘုရားသည် ချင်ယွင် ပေးခဲ့သောအချက်အလက်များကို ကြားပြီး နောက်၊ သူသည် သူ့မျက်လုံးများကို မှိတ်ထားပြီး ချင်ယွင်၏မိဘများနှင့် ပတ်သက်သည့် အချက်အလက်များကို စတင်စုံစမ်းတော့သည်။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ စိတ်အခြေအနေသည် အလွန်အမင်း စိုးရိမ်နေပြီး၊ သူသည် လေဟာနယ် ဘိုးဘေးနတ်ဘုရားကို မျက်တောင်မခတ်ဘဲ ကြည့်နေသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ လေဟာနယ် ဘိုးဘေးနတ်ဘုရား၏ မျက်ခုံးများ သည် တဖြည်းဖြည်းနှင့် တွန့်သွားခဲ့သည်။
လေဟာနယ် ဘိုးဘေးနတ်ဘုရား မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ ချင်ယွင်၏ စိုးရိမ်နေသည့် အမူအရာသည် ပို၍ပင် စိုးရိမ်လာသည်။ သူသည် သူ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူ့လက်ဖဝါးတွေမှာ ချွေးတွေစိုနေပြီ။
"အယ်၊ ထူးဆန်းတယ်။ မင်း အချက်အလက်မှားတွေများ ပေးခဲ့မိတာလား။" အချိန် အတော်ကြာပြီးနောက်၊ လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် ချင်ယွင်ကို သံသယ စိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"လုံးဝ မမှားပါဘူး။ စီနီယာ၊ ကျွန်တော့်မိဘတွေရဲ့ နေရာကို ရှာတွေ့ပြီလား" ချင်ယွင်က အမြန် တုန့်ပြန်လိုက်ပါသည်။
လေဟာနယ် ဘိုးဘေးနတ်ဘုရားက ခေါင်းယမ်းပြီး ပြောသည် "မဟုတ်ဘူး၊ လေဟာနယ်နဲ့ အချိန်ဘိုးဘေးနတ်ဘုရားပစ္စည်းတစ်ခုလုံးမှာ မင်းမိဘတွေရဲ့ အချက်အလက်တွေကို ရှာမတွေ့ခဲ့ဘူး။ မင်းမိဘတွေက လုံးဝ မရှိခဲ့ဖူးသလိုပဲ”။
"ဒါက ဘယ်လို ဖြစ်ရတာလဲ။ ကျွန်တော့်အဖေက ချင်မင်းဆက်ရဲ့ အင်မော်တယ်ဧကရာဇ် တစ်ပါးပါ။ အခု သူပျောက်ကွယ်သွားရင်တောင်မှ သူ့ရဲ့အချက်အလက်တွေကို အင်မော်တယ်ကမ္ဘာမှာ ကောင်းကောင်း သိကြပါသေးတယ်။ သူနဲ့ပတ်သက်ပြီး ဘယ်လို လုပ် သဲလွန်စမရှိရတာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
'"ထူးဆန်းတယ်၊ ထူးဆန်းတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းအတွင်းမှာ ဖြစ်ပျက်ခဲ့ ဖြစ်ပျက်မှန်သမျှ, လေဟာနယ်နဲ့အချိန်ဘိုးဘေးနတ်ဘုရားပစ္စည်းက အဲဒါတွေကို ရှာဖွေ တွေ့ရှိနိုင်တယ်။ ဒါပေမယ့် မင်းမိဘတွေရဲ့ အချက်အလက်တွေက လုံးဝ မရှိခဲ့ဘူး။ မင်းရဲ့ အချက်အလက်တောင်မှ လေဟာနယ်နှင့်အချိန်ဘိုးဘေးနတ်ဘုရားပစ္စည်းမှာ ရှိမနေဘူး။" လေဟာနယ် ဘိုးဘေးနတ်ဘုရားက ခေါင်းယမ်းပြီး ပြောလိုက်သည်။ ထင်ရှားသည်မှာ၊ သူသည် အဘယ့်ကြောင့် ယခုလိုဖြစ်ရသည်ကို အနည်းငယ် ဝေခွဲမရဖြစ်နေမိသည်။
ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်ခုံးတွေက တွန့်သွားခဲ့သည်။
လေဟာနယ်ဘိုးဘေးနတ်ဘုရား၏ စကားကိုကြားတော့ သူ့မိဘတွေ ပျောက်ဆုံးသွား သည့် ကိစ္စမှာ ကြီးမားသည့် လျှို့ဝှက်ချက်တစ်ခု ပါဝင်နေပုံရသည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။
"အဖေ အမေ၊ အဖေတို့ ဘယ်မှာလဲ။ အဖေတို့ နတ်ဘုရားကမ္ဘာကနေ ထွက်သွားတာများ ဖြစ်နိုင်မလား။ ဒါပေမယ့် ဒါက ဘယ်လို ဖြစ်နိုင်မှညလဲ။" ချင်ယွင်က သူ့ကိုယ်သူ အံ့ဩစွာ ရေရွတ်လိုက်သည်။
"မင်း စိတ်ဓာတ်ကျနေစရာ မလိုပါဘူး။ လေဟာနယ်နဲ့အချိန်ဘိုးဘေးနတ်ဘုရားပစ္စည်းကို ငါ့ရဲ့ ထိန်းချုပ်နိုင်စွမ်းက အပြည့်အဝ မဟုတ်ဘူး။ မက်ူ နန်းတော်သခင် ပြန်လာတာကို စောင့်နိုင်တယ်။ မင်းမိဘတွေရဲ့ နေရာကို သူ ရှာတွေ့နိုင်မှာပါ။ တကယ်လို့, သူ မတတ်နိုင်ရင်တောင် တစ်ခုခုတော့ သေချာပေါက် သိရပါလိမ့်မယ်။" လေဟာနယ် ဘိုးဘေးနတ်ဘုရားက ပြောသည်။
ထိုစကားကို ကြားတော့ ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ အခုအချိန်မှာတော့ သူလည်း အချိန်ဘိုးဘေးနတ်ဘုရား ပြန်လာမည့်အချိန်ကို စောင့်မျှော်နေရုံသာ တတ်နိုင်ပါသည်။