← Chapters

အခန်း ၁၅၄၉

Vol. 104 Ch. 1549

အခန်း ၁၅၄၉

Vol. 104 Ch. 1549

အခန်း (၁၅၄၉) အပျင်းဖြေကြခြင်း။

ထိုနောက်, ချင်ယွင်သည် နောက်ထပ် လေဟာနယ်နှင့်အချိန်ဘိုးဘေးနတ်ဘုရားပစ္စည်း အကြောင်းကို မေးခွန်းအနည်းငယ် မေးခဲ့ပြီး လေဟာနယ်ဘိုးဘေးနတ်ဘုရားကလည်း တစ်ခုပြီးတစ်ခု ဖြေပေးခဲ့ပါသည်။

အချိန်ဘိုးဘေးနတ်ဘုရားသည် အချိန်ကာလကို ဖြတ်သန်းနေခဲ့သည်။ သူ ပြန်လာမည့် အချိန်နှင့်ပတ်သက်ပြီး လေဟာနယ်ဘိုးဘေးနတ်ဘုရားပင် ယုံကြည်မှု မရှိပါဘူး။

သို့သော်၊ လေဟာနယ်ဘိုးဘေးနတ်ဘုရားက အချိန်ဘိုးဘေးနတ်ဘုရား လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သို့ ပြန်ရောက်လာသည်နှင့် ချင်ယွင်ကို အကြောင်းကြာင်းပြီး၊ သူ့ကို အချိန်ဘိုးဘေးဘုရားသခင်နှင့် မိတ်ဆက်ပေးမည်ဟု ပြောကြားခဲ့သည်။

ချင်ယွင်သည် တခဏလောက်စဉ်းစားပြီး ထိုအတိုင်း လုပ်ဆောင်ရုံသာ တတ်နိုင်ပါသည်။ နောက်ထပ် စကားအနည်းငယ်ဖြင့် လေဟာနယ် ဘိုးဘေးနတ်ဘုရားကို ကျေးဇူးတင် ကြောင်းပြောဆိုပြီးနောက်၊ သူသည် လေဟာနယ် ဘိုးဘေးနတ်ဘုရား၏ ခန်းမထဲမှ ထွက်ခွာလာခဲ့သည်။

…

ချင်ယွင်သည် လေဟာနယ်ဘိုးဘေးနတ်ဘုရား၏ ခန်းမထဲမှ ထွက်လာခဲ့ပြီးနောက်, ခန်းမနှင့် မနီးမဝေး ရင်ပြင်ပေါ်တွင် ရပ်နေသော ကျိုးလင်နှင့် ဝူဒေါင်ဇီတို့ကို တွေ့လိုက်ရ သည်။

"ခင်ပွန်း၊ ဘယ်လိုနေလဲ။ ရှင့်မိဘတွေ ဘယ်မှာရှိနေလဲလို့ မေးပြီးပြီလား။" ချင်ယွင် ပြန်ထွက်လာသည်ကိုမြင်တော့ ကျိုးလင်က ကမန်းကတန်း မေးသည်။

သူမသည် ချင်ယွင်၏ ရည်ရွယ်ချက်ကို သိရှိထားသလို, ချင်ယွင်သည် လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်ကို လာရသည့်အကြောင်းအရင်းကိုလည်း သိရှိထားသော ကြောင့် ဤကိစ္စအတွက် သူမလည်း အလွန်စိုးရိမ်နေပါသည်။

"မသိရသေးဘူး၊ အရှင်ဘိုးဘေးနတ်ဘုရားမှာလည်း တခြားရွေးချယ်စရာ မရှိခဲ့ဘူး။ ငါတို့ နန်းတော်သခင် ပြန်လာတဲ့အထိ စောင့်ရုံပဲရှိတော့တယ်။ သူပြန်ရောက်လာမှပဲ ငါ့မိဘတွေ ရဲ့နေရာကို ရှာနိုင်မရှာနိုင် စောင့်ကြည့်ရမယ်” ချင်ယွင်က ခေါင်းခါပြီး စိတ်ပျက် လက်ပျက် အသံဖြင့် ပြောလိုက်သည်။

"ကောင်းပြီ၊ နန်းတော်သခင်ကတော့ အဖေနဲ့အမေရဲ့ နေရာကို သိကောင်းသိနိုင်မှာပါ။ ခင်ပွန်း၊ ခဏလောက် စောင့်ကြတာပေါ့။" ကျိုးလင်သည် ချင်ယွင် စိတ်မကောင်းဖြစ်နေ သည်ကို မြင်သောအခါ အလျင်မြန် နှစ်သိမ့်ပေးလိုက်သည်။

ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး၊ သူ့မျက်နှာပေါ်မှာ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ရှိနေသည်။ ကျိုးလင်၏ နှစ်သိမ့်ပေးမူက သူ့နှလုံးသား အောက်ခြေအထိ ရင်ထဲ ထိမိသွားသည်။

"စီနီယာ၊ ဆရာကြီးက ကျွန်တော်နေရမယ့်အိမ်ကို ကျွန်တော့်ကို ခေါ်သွားပေးဖို့ စီနီယာကို ပြောခိုင်းလိုက်ပါတယ်။ စီနီယာရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်" ချင်ယွင်က ဝူဒေါင်ဇီ ဘက်လှည့်ပြီး ပြောလိုက်သည်။

"မင်းကို ဆရာက အမည်ခံတပည့်အဖြစ် လက်ခံပြီးသားဆိုတော့ မင်းက ငါ့ဂျူနီယာညီပဲ လေ။ နောင်ခါ, မင်း ငါ့ကို စီနီယာအစ်ကိုလို့ ခေါ်လို့ရတယ်။ ဆရာကြီးက အခုပဲ ညွှန်ကြား ထားပြီးသား။ အခုပဲ မင်းနေရမယ့်နေရာကို ခေါ်သွားပေးမယ်။" ဝူဒေါင်ဇီက ပြောသည်။ ချင်ယွင် သူ့တို့အဖွဲ့ထဲ မ၀င်ခင်ကထက်စာရင် သူ့မျက်နှာပေါ်ရှိ အမူအရာက ပိုပျော့ပျောင်း နေသည်။ ယင်းက ချင်ယွင်သည် လေဟာနယ်ဘိုးဘေးနတ်ဘုရား၏ တပည့်တစ်ယောက် ဖြစ်လာခြင်းကြောင့်ဖြစ်သည်မှာ ထင်ရှားပါသည်။

"ဒါဆို ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို" ချင်ယွင်က လေးလေးစားစားဖြင့် ကျေးဇူးတင် စကား ပြောကြားလိုက်ပါသည်။

ဝူဒေါင်ဇီက ခေါင်းညိတ်လိုက်ပြီး, တခြားဘာစကားမှ မပြောတော့ဘဲ ချင်ယွင်နှင့်အတူ ကြယ်တွေကြားမှ နက်ရှိုင်းရာအရပ်ရှိ နန်းတော်တစ်ခုဆီသို့ ပျံသန်းလာခဲ့သည်။

ဤကြယ်ရောင်လွှမ်းနေသော ကောင်းကင်ယံမှာ ထိုကဲ့သို့ နန်းတော်မျိုး အနည်းဆုံး သောင်းနှင့်ချီ၍ ရှိနေခဲ့သည်။ ဤနန်းတော် ဘုံဗိမာန်များသည် အရွယ်အစား အမျိုးမျိုး ရှိသည်။ ဤနန်းတော် ဘုံဗိမာန်များတွင် အချို့မှာ လူရှိနေပြီး၊ အချို့မှာ မရှိပေ။

နန်းတော်တွေကြားက အကွာအဝေးသည် သိပ်ကြီးမားပုံမပေါ်ပေမယ့် လက်တွေ့မှာတော့ ကီလိုမီတာ သန်းရာနှင့်ချီပြီး ကွာဝေးပါသည်။ သူတို့သည်တောင် အချိန်အတိုင်းအတာ တစ်ခုအထိ ပျံသန်းရပေမည်။

"စကားမစပ်၊ စီနီယာအစ်ကို, စီနီယာအစ်ကိုက လေဟာနယ်နဲ့အချိန်နတ်ဘုရားရဲ့ ကမ္ဘာအတုအကြောင်း မပြောပြရသေးဘူးလေ။" ချင်ယွင်က ပျံသန်းရင်း မေးလိုက်သည်။

ချင်ယွင်၏မေးခွန်းကို ကြားသောအခါ, အဖြူရောင်ဝတ်ရုံဝတ်ထားသည့် ဝူဒေါင်ဇီက ပြောပြသည် "လေဟာနယ်နဲ့ အချိန်နတ်ဘုရားနန်းတော်ရဲ့ ဌာနချုပ်ဆိုတာ မရှိဘူး။ ဒါမဟုတ်, လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော်ရဲ့ ဌာနချုပ်ဆိုတာက လေဟာနယ်နဲ့ အချိန်ဘိုးဘေးနတ်ဘုရားပစ္စည်းနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာအတုတစ်ခုပဲ။ ဒီကမ္ဘာ အတုထဲမှာ လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော်ရဲ့ အဖွဲ့ဝင်တွေဟာ အချင်းချင်း ဆက်သွယ်နိုင်ကြတယ်။ နတ်ဘုရားနန်းတော်ရဲ့ မစ်ရှင်အမျိုးမျိုးကို လက်ခံနိုင်တယ်။ နတ်ဘုရားစွမ်းရည်အမျိုးမျိုးကိုလည်း လေ့လာနိုင်တယ်။ ပြီးတော့ သတင်းအချက်လက် တွေကိုလည်း ရရှိနိုင်တယ်”။

"လေဟာနယ်နဲ့ အချိန်ဘိုးဘေးနတ်ဘုရားပစ္စည်းကနေ ဖန်တီးထားတဲ့ စကြဝဠာအတု တစ်ခု ဟုတ်လား။" ချင်ယွင် ချက်ခြင်းဆိုသလို အတော်လေး နားလည်သွားသည်။

ဤသည်မှာ ဘိုးဘေးနတ်ဘုရားအဆင့် ပစ္စည်းတစ်ခု၏အမည်ကို ဒုတိယအကြိမ် ကြားလိုက်ရခြင်းပင်။ ယခုအခါတွင်၊ လေဟာနယ်နှင့် အချိန်ဘိုးဘေးနတ်ဘုရားပစ္စည်း သည် လေဟာနယ်နှင့် အချိန်ဘိုးဘေးနတ်ဘုရားနန်းတော်တစ်ခုလုံး၏ အဓိက အချက်ဖြစ် ကြောင်း အခြေခံအားဖြင့် သူ နားလည်သွားခဲ့သည်။

လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော်၏ အဖွဲ့ဝင်များသည် လေဟာနယ်နှင့် အချိန် ဘိုးဘေးနတ်ဘုရားပစ္စည်းနှင့် ချိတ်ဆက်ထားကြသည်။ လေဟာနယ်နှင့် အချိန်ဘိုးဘေး နတ်ဘုရားပစ္စည်း၏ တန်ခိုးတော်သည် စကြာဝဠာတစ်ခုလုံးကို ပျံ့နှံ့သွားစေနိုင်သော ကြောင့် လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော်မှ အဖွဲ့ဝင်များသည် ဤစကြာဝဠာ အတွင်းရှိ မည်သည့်နေရာမှမဆို လေဟာနယ်နှင့် အချိန်ဘိုးဘေးနတ်ဘုရား ပစ္စည်းမှ တဆင့် လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ ဌာနချုပ်ကို ချိတ်ဆက်နိုင်မည် ဖြစ်သည်။

"ဒါဆို ကျွန်တော် ဒီစကြာဝဠာအတုထဲကို ဘယ်လို ဝင်ရမှာလဲ။" ချင်ယွင်က ဆက်မေး သည်။

သူသည် လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီ ဖြစ်သော ကြောင့်၊ လေဟာနယ်နှင့်အချိန်ဘိုးဘေးနတ်ဘုရားပစ္စည်းမှ ဖန်တီးထားသော စကြာဝဠာ အတုသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီသည်။ လေဟာနယ်နှင့် အချိန်ဘိုးဘေး နတ်ဘုရားပစ္စည်းမှ ဖန်တီးထားသော စကြာဝဠာအတုသည် မည်ကဲ့သို့ ပုံသဏ္ဌာန်မျိုး ရှိနေသည် သူလည်း သိချင်နေမိသည်။

'"ဒီစကြာဝဠာအတုထဲကို ဝင်ဖို့က တကယ်ကို ရိုးရှင်းပါတယ်။ မင်းရဲ့ကိုယ်ပိုင်သွေးစက်ကို ဒီသတ္တုအပိုင်းစပေါ် ချလိုက်ပြီး၊ ဒီသတ္တုအပိုင်းစရဲ့ ပိုင်ရှင်အဖြစ် သိမှတ်ပြုပြီးတာနဲ့, ဒီကနေတစ်ဆင့် မင်း လေဟာနယ်နဲ့အချိန် ဘိုးဘေးနတ်ဘုရားပစ္စည်းနဲ့ ဆက်သွယ်လို့ ရပြီ။ အဲဒီအချိန်မှာ လေဟာနယ်နဲ့ အချိန်ဘိုးဘေးနတ်ဘုရားပစ္စည်းက မင်းကို ဘာလုပ်ရ မလဲဆိုတာ ပြောပြလိမ့်မယ်။" အဖြူရောင်ဝတ် ဝူဒေါင်ဇီက ပြောသည်။ သူပြောပြီးသည် နှင့် သူပြင်ဆင်ထားသည့် တြိဂံသတ္ထုအပိုင်းစတစ်ခုကို ချင်ယွင်ထံ ပေးလိုက်သည်။

ချင်ယွင်သည် အမည်မသိ ပစ္စည်းအချို့ဖြင့် ပြုလုပ်ထားသည့် တြိဂံသတ္ထုအပိုင်းစကို ယူကာ ဂရုတစိုက် ကြည့်ရူစစ်ဆေးလိုက်သည်။

တြိဂံပုံသတ္ထုအပိုင်းစသည် မီးခိုးရောင်ဖြစ်ပြီး ထူးခြားသော စွမ်းအင်အတက်အကျလှိုင်း များ ပါရှိနေသည်။ ဤသတ္တုအပိုင်းစသည် မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို သူ မသိသော်လည်း၊ သူ၏ပန်ဂုပုဆိန်ကို ၎င်း၏တန်ခိုးစွမ်းအား အလုံးအရင်းဖြင့် ခုတ်ပိုင်းလျှင် ပင်, ဤသတ္တုအပိုင်းစပေါ်တွင် ခြစ်ရာမျှ ကျန်ခဲ့မည်မဟုတ်ကြောင်း ချင်ယွင်သည် သေချာ ပေါက် ပြောနိုင်ပါသည်။

"ဒါက လေဟာနယ်နဲ့အချိန် ဘိုးဘေးနတ်ဘုရားပစ္စည်းကို ဆက်သွယ်ဖို့ ကြားခံပစ္စည်း လား။ ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်လဲ။" ချင်ယွင်သည် လေဟာနယ်နှင့် အချိန် ဘိုးဘေးနတ်ဘုရားပစ္စည်းကို ပို၍ပင် သိချင်လိုစိတ်ဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက် သည်။

သို့သော်၊ သူသည် သူနေထိုင်မည့် နန်းတော်ရှေ့သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် တြိဂံပုံ သတ္ထုအပိုင်းစ၏ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုရန် အလျင်စလို မဖြစ်ခဲ့ပေ။

ဤနန်းတော်သည် သေးငယ်သော်လည်း ၎င်း၏တည်နေရာသည် အလွန်အစွန်ဖျားကျ သည်။ နန်းတော်ရှေ့မှာလည်း စင်မြင့်ကျယ်ကြီး တစ်ခုရှိနေသည်။ ဤစင်မြင့်သည် ဤနေရာ၌ နေထိုင်သူများ နတ်ဘုရားစွမ်းရည်များ လေ့ကျင့်နိုင်ရန် သီးသန့်အသုံးပြုနိုင် သည်။ ဤနေရာသည် သူ့အတွက် နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်ပြသရန် လုံလောက်ပါသည်။

ယခင်ကတည်းက ဝူဒေါင်ဇီက ဤနေရာမှာ အဆောက်အဦတွေ ပြိုကျပျက်ဆီးသွားရင် တောင် တခဏချင်း ပြန်ကောင်းလာနိုင်သည်ဟု ပြောပြခဲ့ဖူးသည်။ ထို့အပြင် နန်းတော်၏ အဆောက်ဦးပုံစံကိုလည်း နေထိုင်သူ စိတ်တိုင်းကျ ပြောင်းလဲနိုင်သည်။

"ဒါက မင်းနေထိုင်ရမယ့် နေရာဖြစ်သလို အနာဂတ်မှာ မင်း ကျင့်ကြံရမယ့် နေရာပဲ။ ဒီနန်းတော်ကို ထိန်းချုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ မင်းကို စောစောက ငါ ပေးခဲ့တဲ့ တြိဂံပုံသတ္ထုအပိုင်းစပဲ။ တစ်နည်းအားဖြင့်, အဲဒါက လေဟာနယ်နဲ့အချိန် နတ်ဘုရားနန်းတော်ထဲမှာ မင်းရဲ့ကိုယ်ရေးအချက်လက်ကို သက်သေပြတဲ့ပစ္စည်းပဲ" ဝူဒေါင်ဇီက ပြောသည်။

ချင်ယွင်သည် လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်အကြောင်းကို အခြေခံအနေဖြင့် နားလည်သွားပြီ။ ထို့ကြောင့် သူက ခေါင်းညိတ်ပြလိုက်သည်။

"စီနီယာ အစ်ကို၊ အနီးနားမှာရှိတဲ့ နန်းတော်ဗိမာန်တွေကရော လေဟာနယ်နဲ့အချိန် နတ်ဘုရားနန်းတော်ရဲ့ အဖွဲ့ဝင်တွေ နေထိုင်ကြတာလား။" ချင်ယွင်က ဆက်မေးသည်။

သူနေထိုင်သော နန်းတော်သည် အတော်လေး အလှမ်းဝေးလှသည်။ နန်းတော်တွေကြား အကွာအဝေးသည် ကီလိုမီတာ တစ်ဘီလီယံနီးပါး ရှိသည်။ သို့သော် ချင်ယွင်သည် ဤအရာကို အလွန်ကျေနပ်ခဲ့သည်။ အခြားလူတွေ သူ့ကို နှောင့်ယှက်ပေးသည်ကို သူ မကြိုက်ဘူး။ နောက်ပိုင်းကာလတွေမှာ, အကယ်၍, မထင်မှတ်ထားသည့် ဖြစ်ရပ်မျိုး မည်သည့်အရာမျှ ဖြစ်မလာခဲ့ဘူးဆိုလျှင်, သူသည် အေးအေးဆေးဆေး ကျင့်ကြံနိုင်တော့ မည်။

"မှန်တယ်။ ဒီနေရာမှာ နေထိုင်သူအများစုက လေဟာနယ်နဲ့ အချိန်နတ်ဘုရား နန်းတော်ရဲ့ အဖွဲ့ဝင်တွေပဲ။ တစ်ချို့က ဆရာကြီးရဲ့ တပည့်တွေဖြစ်ကြပြီး၊ တစ်ချို့ကတော့ တခြား ဘိုးဘေးနတ်ဘုရားတွေရဲ့ တပည့်တွေပဲ။ တကယ်လို့, မင်း, စိတ်ဝင်စားတယ်ဆိုရင် မင်း ဒီထက်ပိုပြီး လှည့်ပတ်ကြည့်နိုင်ပါတယ်။ ဒါ့အပြင်, မင်းက စကြာဝဠာအတုနဲ့လည်း ဆက်သွယ်နိုင်တယ်။" ဝူဒေါင်ဇီက ပြောသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး, သူ့စိတ်ထဲမှာ ဒီနေရာအကြောင်းကို ပိုနားလည်လာခဲ့ သည်။

နောက်ထပ် မေးခွန်းအနည်းငယ် မေးပြီးနောက် ဝူဒေါင်ဇီသည် ထွက်ခွာသွားသည်။

ဝူဒေါင်ဇီ ထွက်သွားပြီးနောက်၊ ချင်ယွင်သည် သူ့ဘေးမှ ကျိုးလင်ကို လှည့်ကြည့်လိုက် သည်။

ချင်ယွင်သည် တစ်ခုခုပြောချင်ဟန်ဖြင့် "ရှန်းယု, အချိန်အတိုင်းတာတစ်ခုအထိ ငါ ဒီမှာ အကြာကြီး နေရနိုင်တယ်။ တကယ်လို့, မင်း ငြီးငွေ့ရင်..."

သို့သော်, သူ့စကားမဆုံးခင် ကျိုးလင်က ကြားဖြတ်ပြောလိုက်သည် "ခင်ပွန်း၊ ရှင် ဒီမှာ ရှိနေသရွေ့ ငါ ဘယ်တော့မှ ငြီးငွေ့မှာ မဟုတ်ဘူး။ ဒါ့အပြင်၊ ပျင်းတာကို ဖြေဖျောက်ဖို့ ငါတို့ တစ်ခုခုလုပ်လို့ရတယ်လေ..." ။

ကျိုးလင်သည် ထိုစကားကို ပြောနေစဉ်, သူမမျက်နှာက နီရဲလာပြီး၊ သူမအသံက တိုးသထက် တိုးလာကာ ချင်ယွင်၏မျက်လုံးများကိုပင် တိုက်ရိုက် မကြည့်ရဲတော့ပေ။

ချင်ယွင်သည် တခဏလောက် မှင်သက်သွားပြီး ချက်ချင်း အသိပြန်ဝင်လာသည်။ ထို့နောက် သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကျိုးလင်ကို ခန်းမထဲသို့ ပွေ့ချီသွား လေသည်။

All Chapters