← Chapters

အခန်း ၁၅၅၁

Vol. 104 Ch. 1551

အခန်း ၁၅၅၁

Vol. 104 Ch. 1551

အခန်း (၁၅၅၁) စိတ်ဆင်းရဲစွာ ရှုံးနိမ့်ခြင်း

စကြာဝဠာအတုအတွင်းမှာ၊ ကြယ်တစ်စင်း ကွင်းပြင်အရွယ်အစား ကြီးမားသော စတုရန်း နေရာတစ်ခု ရှိနေသည်။

ချင်ယွင်နှင့် ရှောင်ယုတို့၏ ရုပ်အသွင်များသည် လေထုထဲမှ ထွက်ပေါ်လာသည်။ သူရှေ့က တုနှိုင်းမရအောင် ကြီးမားလှသည် တိုက်ပွဲနယ်မြေပြင်ကို ကြည့်လိုက်ရင်း ချင်ယွင်သည် အံ့ဩသွားပါသည်။

ဤစင်မြင့်ကြီးကို မရေမတွက်နိုင်သော တိုက်ပွဲနယ်မြေငယ်များအဖြစ် ပိုင်းခြားထားသည်။ ဤတိုက်ပွဲနယ်မြေကို တိုက်ပွဲနယ်မြေငယ်များအဖြစ် ခွဲထုတ်ပြီး သီးခြားလွတ်လပ်သော တိုက်ပွဲနယ်မြေအဖြစ် အသုံးပြုနိုင်သည်။

ဤတိုက်ပွဲနယ်မြေငယ်များသည် သေးငယ်သော်လည်း၊ တိုက်ပွဲမြေပြင်တစ်ခုစီသည် သေမျိုးကမ္ဘာရှိ တိုက်ကြီးတစ်ခု၏ အရွယ်အစား ဖြစ်သည်။ အကယ်၍, ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး တိုက်ပွဲဝင်ခဲ့လျှင်ပင်၊ ထိုကဲ့သို့ တိုက်ပွဲဇုန်ကြီး သည် ၎င်းတို့အတွက် တိုက်ခိုက်ရန် လုံလောက်သည်ထက်ပင် ပိုပါသည်။

"ဒါက စကြဝဠာအတုရဲ့ တိုက်ပွဲဧရိယာပါ။ လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော်ရဲ့ အဖွဲ့ဝင်တိုင်းကို ဒီနေရာကနေ စိန်ခေါ်နိုင်ပါတယ်။ သေချာတာက၊ သခင်ကိုယ်တိုင်က လည်း ကိုယ့်ပြိုင်ဘက်ကို ရွေးချယ်နိုင်ပါတယ်။" ရှောင်ယုက ပြုံးပြီးပြောသည်။

"လိုက်ဖက်တဲ့ ပြိုင်ဘက်ကို ရွေးချယ်တာ၊ ဒါက ဘာကို ဆိုလိုတာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဒါက ရှင်းပြရလွယ်ပါတယ်။ သခင် ဒီစကြဝဠာအတုမှာ သခင်လိုချင်တဲ့ ပြိုင်ဘက်ကို ဖန်တီးနိုင်တယ်" အဲဒါက သခင်ကို လေ့ကျင့်ဖို့ ကူညီပေးနိုင်တယ်။ ဥပမာ၊ သခင်က သခင်နဲ့ ထပ်တူထပ်မျှကျတဲ့လူကို ဖန်တီးနိုင်ပြီး သခင်ရဲ့ကိုယ်ပွားနဲ့ တိုက်ခိုက်နိုင်တယ်။ ဥပမာ၊ သခင်က တိကျတဲ့ နတ်ဘုရားစွမ်းရည်တစ်ခုကို လေ့ကျင့်ဖို့ လိုအပ်တယ်ဆိုပါစို့။ သခင်ပြိုင်ဘက်ကိုလည်း အဲဒီနတ်ဘုရားစွမ်းရည်ကိုပဲ ကျွမ်းကျင်ပိုင်ဆိုင်ခွင့် ပြုနိုင်တယ်။ ဒီနောက် သခင်က သူ့ကို တိုက်ခိုက်နိုင်ပြီး တိုက်ပွဲအတွင်းမှာ အဲဒီနတ်ဘုရားစွမ်းရည်ကို တဖြည်းဖြည်း ကျွမ်းကျင်လာနိုင်သည်။ ဒါမှမဟုတ် လိုအပ်ချက်တွေကို သခင်ကိုယ်တိုင် တွေ့မြင်လာနိုင်တယ်” ရှောင်ယုက ထပ်ရှင်းပြသည်။

"ဒါမျိုးလည်း မင်း လုပ်နိုင်သေးတာလား" ချင်ယွင်က အံ့အားသင့်စွာ မေးလိုက်သည်။

"မှန်တယ်။ သခင် စိတ်ကူးနိုင်သမျှ ဘိုးဘေးနတ်ဘုရားအဆင့် ပစ္စည်းက ဖန်တီးနိုင်မှာပါ။” ရှောင်ယုက ပြုံးပြီး ပြောလိုက်သည်။

“အစစ်မှန် အဓိပ္ပာယ်တွေရော ဘယ်လိုလဲ။ အစစ်မှန် အဓိပ္ပာယ်တွေရော ငါကိုယ်တိုင် ဖန်တီးနိုင်လား။ အဲဒီအခါ တိုက်ပွဲအတွင်းမှာ ငါက အစစ်မှန် အဓိပ္ပာယ်တွေကို တဖြည်းဖြည်း ဖမ်းဆုပ်နိုင်မှာမဟုတ်လား” ချင်ယွင်က ထိတ်လန့်တကြား မေးလိုက်သည်။

“အစစ်မှန် အဓိပ္ပာယ်တွေက အလုပ်မဖြစ်ဘူး။ အစစ်မှန် အဓိပ္ပာယ်တွေက စကြဝဠာတစ်ခု ရဲ့ သိမ်မွေ့နက်ရှိုင်းတဲ့ ဉပဒေသတရားတွေထဲမှာ ပါဝင်နေတယ်။ လေဟာနယ်နဲ့အချိန် ဘိုးဘေးနတ်ဘုရားပစ္စည်းကတောင် အဲဒါကို အတုလုပ်ယူလို့ မရဘူး။" ရှောင်ယုက ခေါင်းခါပြီး ပြောလိုက်သည်။

ချင်ယွင်က ခဏလောက် တွေးပြီး ခေါင်းညိတ်ပြလိုက်သည်။

အကယ်၍, လေဟာနယ်နှင့်အချိန် ဘိုးဘေးနတ်ဘုရားပစ္စည်းသည် အမှန်တကယ် အစစ်အမှန် အဓိပ္ပာယ်ကို ဖန်တီးနိုင်မည်ဆိုလျှင်, ၎င်းသည် ကောင်းကင်ဘုံကို အံတုနိုင် လွန်းပါသည်။ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင် ပညာရှင်တွေတောင်မှ အစစ်အမှန် အဓိပ္ပာယ် တစ်ခု, နှစ်ခုလောက်ကိုသာ ဖမ်းဆုပ်နိုင်ကြပါသည်။ လေဟာနယ်နှင့်အချိန် ဘိုးဘေးနတ်ဘုရားပစ္စည်းသည် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး ဖန်တီးထားသည့် ပစ္စည်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် လိုချင်သမျှ အစစ်အမှန် အဓိပ္ပာယ်တွေကို မည်သို့ ဖန်တီးနိုင်မည်နည်း။

သို့သော် အစစ်အမှန် အဓိပ္ပာယ်တွေကို ဖန်တီးနိုင်ခြင်းထက် မည်သည့်ပြိုင်ဘက်ကိုမဆို ဖန်တီးနိုင်ခြင်းကပင် ကောင်းကင်ဘုံကို အန်တုနေပြီးဖြစ်ပါသည်။

ထိုအခိုက်တန့်တွင်, တိုက်ပွဲကွင်းပြင်ပေါ် လူအနည်းငယ် တိုက်ခိုက်နေကြသည်။ အချို့က ကိုယ့်ကိုယ်ကို ပြန်တိုက်ခိုက်နေကြသည်။ အချို့ကတော့ အစွမ်းထက်သည့် နတ်ဘုရား သားရဲများဖြင့် တိုက်ခိုက်နေကြသည်။ လူတိုင်း တိုက်ပွဲအတွင်းမှာ စိတ်နစ်ထားကြသည်။

ချင်ယွင်သည် ကြည့်နေရင်း သူ၏နှလုံးသည် ပို၍ပို၍ပင် ယားယံလာကာ ရှောင်ယုကို မေးလိုက်သည် “ငါ ကြိုးစားကြည့်နိုင်တယ် မဟုတ်လား”။

"သေချာပေါက် ရတာပေါ့" ရှောင်ယုက ခေါင်းညိတ်ပြီး ပြောလိုက်ပါသည်.

ထိုစကားကို ကြားတော့ ချင်ယွင်သည် ချက်ချင်းပင် နောက်ဆက်တွဲ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တိုက်ပွဲကွင်းပြင်ထဲမှာ ပေါ်လာသည်။

တိုက်ပွဲကွင်းပြင်သို့ ဝင်ရောက်ပြီးနောက်၊ ဤတိုက်ပွဲကွင်းပြင်သည် ကြီးမားသော စင်မြင့်ကြီးနှင့် ကွဲထွက်သွားပြီး အဆုံးမရှိသော လေဟာနယ်ထဲတွင် လွင့်မျောသွားသည်။

ချင်ယွင်သည် ယခုအချိန်တွင် တကယ့်ရုပ်ခန္ဓာကိုယ် အစစ်မှန်မဟုတ်ပေ။ သူ၏လက်ရှိ ရုပ်ခန္ဓာကိုယ်သည် သူ့ရုပ်ခန္ဓာ အခြေအနေအပေါ်တွင် လုံး၀ အခြေခံထားပြီး ထပ်တူ ထပ်မျှကျသော ရုပ်ပိုင်းဆိုင်ရာ ရုပ်ခန္ဓာကို ဖန်တီးထားသည်။ ထို့ကြောင့် ချင်ယွင်သည် အဆင်မပြေမှု တစ်စုံတစ်ရာကိုမျှ မခံစားရပေ။

ခွန်အားအရ ဖြစ်စေ နတ်ဘုရားတန်ခိုး စွမ်းအားအရ ဖြစ်စေ၊ ဤရုပ်ခန္ဓာကိုယ်သည် ချင်ယွင်၏ မူရင်းခန္ဓာကိုယ်နှင့် တူညီသည်။ ထို့ကြောင့်၊ ဤစကြဝဠာအတုအတွင်းမှာ၊ ချင်ယွင်သည်လည်း အလယ်လတ် ကောင်းကင်နတ်ဘုရား နယ်ပယ်နှင့် နှိုင်းယှဉ်နိုင်သော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားသည်။

သူအသုံးမပြုနိုင်သော အရာမှာ နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားနှင့် ကနဦးစကြာဝဠာ၏ စွမ်းအားဖြစ်သည်။ အဆုံးတွင်၊ ဤခန္ဓာကိုယ်သည် သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာအစစ် မဟုတ်ပေ။

"သခင်၊ သခင် ဘယ်လို ပြိုင်ဘက်မျိုး လိုချင်လဲ" ရှောင်ယုသည် တိုက်ပွဲကွင်းပြင် အပြင်ဘက်တွင် ရပ်နေကာ ချင်ယွင်ကို မေးသည်။

ရှောင်ယုသည် ချင်ယွင်၏ သီးသန့် ပစ္စည်းဝိညာဉ်တစ်ခု ဖြစ်သောကြောင့် ချင်ယွင်နှင့် ဆက်သွယ်နိုင်ခဲ့သည်။

ချင်ယွင်သည် ခဏလောက်တွေးတောပြီး "ငါ့ကို အစွမ်းထက်တဲ့ အလယ်လတ်အဆင့် ကောင်းကင်နတ်ဘုရားနယ်ပယ်က ကျွမ်းကျင်သူတစ်ဦးကို ရှာပေးပါ" ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အယ်, သခင်၊ သခင်က ကျွန်မကို နောက်ထပ် မမေးမြန်းတော့ဘူးလား၊ ဒီလိုပုံစံနဲ့ဆို, သခင် စိတ်ဆင်းရဲစရာဖြစ်အောင် အရိုက်ခံရလိမ့်မယ်နော်။" ရှောင်ယုက ပြုံးပြီး သတိပေး သည်။

"မဟုတ်ဘူး၊ ငါ့အတွက် အလယ်လတ်အဆင့် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ဖန်တီးပေးစမ်းပါ။ မင်းရဲ့သခင်ဖြစ်တဲ့ငါက သိပ်အားနည်းတာတော့ မဟုတ်ပါဘူး။ နောက်ပြီး ငါတို့က ဒီစကြဝဠာအတုထဲမှာ သေသွားရင်တောင် ငါတို့ ပြန်မွေးဖွားနိုင်တယ် မဟုတ်လား" ရှောင်ယုက သူ့ကို လျှော့တွက်နေသည်ကို မြင်တော့ ချင်ယွင်က ချက်ချင်း ပြောလိုက်သည်။

သူ့ခွန်အားသည် အလယ်လတ်အဆင့် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူ အများစုနှင့် ညီမျှနေပြီဟု သူ မြင်သည်။ အစွမ်းထန်ဆုံး အလယ်လတ်အဆင့် ကောင်းကင် နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရလျှင်ပင် သူသည် သိပ်ပြီး မကွာခြားလောက်ပေ။

သို့သော် အမှန်တရားသည် သူမျှော်လင့်ထားသည့်အရာနှင့် ဝေးကွာလွန်းပါသည်။

ဘန်း…။

ရှောင်ယုသည် လေဟာနယ်ကို လက်ညှိုးထိုးပြပြီးသည်နှင့် ချင်ယွင်၏ရှေ့မှာ ကြံ့ခိုင်သော ရုပ်အသွင်တစ်ခု ပေါ်လာသည်။

ဤသည်မှာ အရပ်ရှည်ပြီး ကြံ့ခိုင်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့မျက်လုံးများက အေးစက်နေပြီး သူ့တစ်ကိုယ်လုံးမှာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်၏မျက်လုံးတွေက လေးနက်သည့် အမူအရာများ ဖြစ်ပေါ်လာသည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ကို ပြင်းထန်သည့် ဖိအားများ ပေးနေခဲ့သည်။ ဤဖိအားသည် တောင်ကြီးတစ်ခုကဲ့သို့ဖြစ်ပြီး ချင်ယွင်သည် အသက်ပင် မရှူနိုင်တော့ပေ။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ကြံ့ခိုင်မူလဲ။ အဲဒီနေရာမှာ ရပ်နေတာ တောင် ဒီလောက် ပြင်းထန်တဲ့ ဖိအားကို ပေးနေခဲ့တယ်။ ဒါက အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များ ဖြစ်နိုင်မလား" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

အဝေးမှာ ရှောင်ယုသည် စကားမပြောဘဲ ပြုံးလိုက်ပြီး ချင်ယွင်ကို ငေးကြည့်ရင်း ကျီစားလိုသည့်အပြုံးတစ်ခုကို သယ်ဆောင်ထားသည်။

ဘန်း….။

ချင်ယွင်သည် သူ့စိတ်ထဲတွင် ထိတ်လန့်နေစဉ်မှာ လူလတ်ပိုင်းအရွယ် အမျိုးသားသည် လှုပ်ရှားသွားသည်။ သူ့ရုပ်အသွင်သည် ချက်ချင်းပင် လျင်မြန်သော နောက်ဆက်တွဲ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး နေရာမှ ပျောက်ကွယ်သွားခဲ့သည်။ သူ့အရှိန်ဟုန်က အရမ်းကို မြန်ဆန်လွန်းသည်။ ထို့ကြောင့် ချင်ယွင်တောင်မှ မှုန်ဝါးဝါး ရုပ်အသွင်ကိုသာ မြင်နေရသည်။

"ဘယ်လောက်တောင် မြန်လိုက်လဲ!" ချင်ယွင်က အံ့သြသွားသည်။

သို့သော် သူ့အတွေးများ မဆုံးခင်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်၏ ရှေ့တွင် ပေါ်လာပြီး ဖြစ်သည်။

"အယ်!"

ချင်ယွင်သည် ချက်ချင်း ထိတ်လန့်သွားပြီး သူ့ကိုယ်သူ ခုခံကာကွယ်ရန် နဂါးတစ်ဝက် အသွင်ပြောင်းခြင်း အခြေအနေသို့ အလျင်အမြန် ဝင်ရောက်လိုက်ရသည်။

"ဘုန်း.."

နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ သူသည် လူလတ်ပိုင်းအရွယ် အမျိုးသားကို လက်သီးဖြင့် ထိုးပစ်လိုက်သည်။

ချင်ယွင်သည် ကောင်းကင်နှင့်မြေကြီး ပြိုကျသွားသည်ဟု ချက်ချင်း ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ရာ ပြင်းထန်သော စွမ်းအားတစ်ခုက သူ့ကို ချက်ချင်း ဝါးမျိုသွားခဲ့သည်။

ထို့နောက် တိုက်ပွဲကွင်းပြင်ပေါ်တွင် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လုံးဝ ပြိုကွဲသွား ပြီး အဆုံးမဲ့ မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လက်သီးတစ်ချက်၊ လက်သီးတစ်ချက်တည်း။

ချင်ယွင်သည် အနည်းငယ်မျှ ခံနိုင်ရည်မရှိခဲ့ပေ။ ဤလူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်သီးချက်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲသွားခဲ့သည်။

"အရမ်းသန်မာလွန်းတယ်"

လေဟာနယ်ကမ္ဘာ၏ ခန်းမဆောင်အတွင်းမှာ, ချင်ယွင်သည် သူ့မျက်လုံးများကိုဖွင့်ကာ ပြင်းပြင်းထန်ထန် အသက်ရှူရှိုက်လိုက်သည်။

စကြာဝဠာအတုထဲတွင် သတ်ဖြတ်ခံရသည်နှင့် သူတို့သည် စကြာဝဠာအတုထဲမှ အလိုအလျောက် ထွက်ခွာသွားရမည် ဖြစ်သည်။

သို့သော် ထွက်သွားပြီးနောက်၊ သူသည် စကြာဝဠာအတုထဲသို့ ထပ်မံ ဝင်ရောက်နိုင်ပါသေး သည်။

ချင်ယွင်သည် သူ့မျက်လုံးများကို တစ်ဖန်ပြန်မှိတ်လိုက်ပြီး သူ့စိတ်သည် တိုက်ပွဲနယ်မြေ တွင် ပြန်ပေါ်လာကာ စကြဝဠာအတုထဲသို့ တစ်ဖန် ဝင်ရောက်လာခဲ့သည်။

"သခင်၊ ဘယ်လိုလဲ၊ အလယ်လတ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးရဲ့ တန်ခိုးအစွမ်းက ဘယ်လိုလဲ" ရှောင်ယုက ရွှတ်နောက်နောက် မေးလိုက်သည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ခါးသီးသော အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

မူလက၊ သူသည် သူ့ခွန်အားက အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့်တွင် အားမနည်းတော့သည်ဟု ထင်ခဲ့သော်လည်း၊ သူသည် အစွမ်းထက်ဆုံး အလယ်လတ် အဆင့် ကောင်းကင်နတ်ဘုရားတစ်ပါး ပြန်လည်တိုက်ခိုက်ရန် ခွန်အား အနည်းငယ်မျှပင် ရှိလိမ့်မည်မဟုတ်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ကြည့်ရတာ, အနာဂတ်မှာ ဒီထက်ပိုပြီး တိုက်ပွဲနိုင်ဝင်ဖို့နဲ့ ငါ့ခွန်အားကို မြှင့်တင်နိုင်ဖို့ ဒီကို လာရလိမ့်မယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။ ဤကာလအတွင်း သူ၏ ခွန်အား များ လျင်မြန်စွာ တိုးမြင့်လာခြင်းကြောင့် သူ၏ စိတ်ဓာတ်ကို ဗလာအထိ ဖြစ်သွားစေခဲ့ သည်။ အခု, သူသည် နောက်ထပ် လေ့ကျင့်မှုတွေ လိုအပ်နေသေးသည်ဟု သူ တွေးမိသည်။

All Chapters