← Chapters

အခန်း ၁၅၅၂

Vol. 104 Ch. 1552

အခန်း ၁၅၅၂

Vol. 104 Ch. 1552

အခန်း (၁၅၅၂) လေ့ကျင့်ခြင်း။

တိုက်ပွဲနယ်မြေသို့ သွားရောက်ပြီးနောက် ချင်ယွင်နှင့် ရှောင်ယုတို့သည် ကျင့်ကြံခြင်း နယ်မြေသို့ ထပ်မံရောက်ရှိလာခဲ့သည်။

ဤကျင့်ကြံခြင်းနယ်မြေသည် တိုက်ပွဲနယ်မြေထက် ပိုမိုရိုးရှင်းပါသည်။ ဤဧရိယာသည် ဂြိုဟ်တစ်ချင်း ဖြန့်ခွဲထားသည်။

ကျင့်ကြံခြင်း ဧရိယာတစ်ခုလုံးတွင် ဂြိုဟ်ပေါင်း ၁၀,၀၀၀ ရှိသည်။ ခန်းမအဖွဲ့ဝင်များ ကျင့်ကြံရန်အတွက် ဤဂြိုလ်များပေါ်တွင် သီးခြားကျင့်ကြံခြင်း နေရာများ တည်ထောင် ထားသည်။

ဤစကြဝဠာအတုတွင်၊ လူတစ်ဦး၏ရုပ်ခန္ဓာသည် အစစ်အမှန် မဟုတ်သောကြောင့်၊ နတ်ဘုရားစွမ်းရည်များကိုသာ ကျင့်ကြံနိုင်ပါသည်။

ဤစကြာဝဠာအတု ကမ္ဘာအတွင်းမှာ၊ နတ်ဘုရားစွမ်းရည်များကို လေ့ကျင့်ခြင်းနှင့် ပတ်သက်၍မူ, နတ်ဘုရားစွမ်းရည်များကို လေ့ကျင့်သောအခါတွင် ထိုလေ့ကျင့်သူများ၏ ကိုယ်နေဟန်ရူထောင့်မျိုးစုံကို စကြာဝဠာအတုက မှတ်တမ်းတင်နိုင်ပြီး နောက်ပိုင်းတွင် ထိုလေ့ကျင့်သူများသည် မှတ်တမ်းတင်ထားသော ရုပ်ပုံများကို ကြည့်ရှုခြင်းဖြင့် သူတို့၏ ချို့ယွင်းချက်များကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။

ဥပမာအားဖြင့်၊ ဓားပညာရပ်နတ်ဘုရားစွမ်းရည်ကို လေ့ကျင့်သည်ဆိုပါစို့။ ဤစကြာဝဠာ အတုသည် ဓားပညာရပ်၏ လှုပ်ရှားမှုများကို အဆက်မပြတ် မှတ်တမ်းတင်ထားနိုင်သည်။ ၎င်းသည် နတ်ဘုရားတန်ခိုးစွမ်းအား၏ လည်ပတ်မှုနှင့် ၎င်းတို့အား မည်သို့မည်ပုံ ထိန်းချုပ်ခဲ့သည်ကိုပါ မှတ်တမ်းတင်ထားနိုင်သည်။ ဤနည်းအားဖြင့် လေ့ကျင့်သူများ သည် ၎င်းတို့၏ ချို့ယွင်းချက်များကို နောက်ပိုင်း ပြုပြင်ရန်အတွက် ဤပုံရိပ်များကို အသုံးပြုနိုင်သည်။

ထို့ကြောင့်၊ ဤကျင့်ကြံခြင်းဧရိယာတွင် နတ်ဘုရားစွမ်းရည်များကို လေ့ကျင့်ခြင်းသည် အားထုတ်မှုထက်ဝက်ဖြင့် ရလာဒ်နှစ်ဆကို ထုတ်ပေးနိုင်မည်ဖြစ်ပြီး၊ ၎င်းသည် နတ်ဘုရား စွမ်းရည်များကို နားလည်နိုင်စေရန် ကြီးမားသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသည်။

သို့သော်, ချင်ယွင်အနေဖြင့်, ဤကျင့်ကြံခြင်းဧရိယာသည် အသုံးမဝင်ကြောင်း မြင်နိုင် သည်။ ယခင်တိုက်ပွဲနယ်မြေနှင့် နှိုင်းယှဉ်ပါက ဤကျင့်ကြံနယ်မြေ၏ အကျိုးသက်ရောက် မှုသည် များစွာ အားနည်းပါသည်။

အဆုံးတွင် ချင်ယွင်နှင့် ရှောင်ယုတို့သည် အနားယူရာနယ်မြေဖြစ်သည့် ဤစကြာဝဠာ အတု၏ နောက်ဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။

ပထမတော့ ချင်ယွင်သည် အနားယူရာနယ်မြေကို သိပ်စိတ်မဝင်စားသော်လည်း နောက်ပိုင်းတွင်, ဤနေရာသည် သူထင်ထားသည်ထက် အများကြီး ပိုကောင်းနေသည်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။

လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်မှ အဖွဲ့ဝင်အများစုသည် ဤအနားယူရာ နယ်မြေ၌ စုဝေးကြသည်။ သူတို့သည် နတ်ဘုရားကမ္ဘာအကြောင်း စိတ်ဝင်စားစရာ ကောင်းသော အချက်အလက်များကို အချင်းချင်း အပြန်အလှန် ဖလှယ်ကြသည်။ တချို့က ကျင့်ကြံမှုအပိုင်းတွင် ပြဿနာတွေကို ဖလှယ်ကြပြီး၊ မြင်ကွင်းက သူထင်ထားသည်ထက် အများကြီး ပိုလိုက်ဖက်ညီပါသည်။

လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်၏ အဖွဲ့ဝင်များအတွက်, အနားယူရန်နယ်မြေ အတွင်းမှာ နေရာအမျိုးမျိုး ရှိကြသည်။ စကြာဝဠာဖြစ်စေ, ကြယ်ရောင်စုံကောင်းကင်ကြီး ဖြစ်စေ, ဒါမှမဟုတ် အဆောက်အဦတွေ ဖြစ်စေ, ၎င်းတို့အားလုံးသည် လက်တွေ့ကမ္ဘာနှင့် အတူတူပင်ဖြစ်သည်။

သေချာသည်မှာ, ချင်ယွင်သည် ၎င်းတို့ကို သိပ်ပြီးစိတ်မဝင်စားပါဘူး။ ဤအနားယူရာ နေရာသည် လိုက်လျောညီထွေဖြစ်လှသော်လည်း ၎င်းသည် သူ့အတွက် မသင့်လျော်ပေ။

ထို့ကြောင့် ချင်ယွင်သည် တိုက်ပွဲနယ်မြေတွင် တိုက်ရိုက်အခြေပြုရန် ဆုံးဖြတ်ခဲ့သည်။ သူသည် တိုက်ပွဲအတွင်းမှာ သူ၏ နတ်ဘုရားစွမ်းရည်များကို မြှင့်တင်လိုသည်။

ချင်ယွင်က ရှောင်ယုကို ပြောလိုက်သည် "ရှောင်ယု၊ ငါ့ကို ကိုယ်စားပြုပြီး ငါနဲ့ ထပ်တူ ကျတဲ့ ပုံစံတူတစ်ယောက်ကို ဖန်တီးပေးပါ"

အကယ်၍, သူ လေ့ကျင့်ချင်သည်ဆိုလျှင်, သူ့အားနည်းချက်ကို ရှာရလိမ့်မည်။ သူ့ကိုယ်သူ ပြန်လည်တိုက်ခိုက်ခြင်းသည် သူ့အားနည်းချက်များကို ရှာဖွေတွေ့ရှိရန် အမြန်ဆုံး နည်းလမ်း ဖြစ်သည်။

"ဟုတ်ကဲ့ပါ သခင်!" ရှောင်ယုက ပြတ်သားစွာ ဖြေလိုက်သည်။

ထို့နောက် ချင်ယွင်နှင့်ချွတ်စွတ်တူသော လူငယ်တစ်ဦးသည် တိုက်ပွဲကွင်းပြင်ပေါ်တွင် ချင်ယွင်နှင့် မျက်နှာချင်းဆိုင် ရပ်နေသည်။

ချင်ယွင်သည် ဤစကြဝဠာအတု၏ အံ့ဖွယ်ကောင်းမှုများကို လေးစားမူနှင့်အတူ သက်ပြင်းမချဘဲ မနေနိုင်တော့ပါ။ ဤစကြဝဠာအတုမှ ဖန်တီးထားသောသူ၏ ခွန်အားနှင့် စိတ်နေစိတ်ထား နှစ်ခုစလုံးသည် သူ၏ စစ်မှန်သော ခန္ဓာကိုယ်နှင့် အားလုံးနီးပါး တူညီပါသည်။

အကယ်၍, ၎င်းသည် ပြင်ပကမ္ဘာမှာဆိုလျှင်, ဘယ်သူက အစစ်မှန်သူဟု ပြောဆိုရန်မှာ မဖြစ်နိုင်သလောက်ပင်။

သူ့ကိုယ်ပွား၏ စိတ်နေစိတ်ထားသည် အနည်းငယ်ကွဲပြားသော်လည်း သူနှင့် စကြဝဠာ အတုက ဖန်တီးထားသည့်လူနှစ်ယောက်ကြားမှာ အနည်းငယ်မျှပင် ကွာခြားမှုမရှိခဲ့ပါဘူး။

"ကောင်းပြီ ငါ့ကိုယ်ငါ အနိုင်ယူနိုင်မလား ကြည့်ရအောင်" ချင်ယွင်သည် သူ့စိတ်ထဲတွင် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ့မျက်လုံးများက ချက်ချင်း အေးစက်သွားသည်။

ချင်ယွင်၏ အငွေ့အသက်များ ပြင်းထန်လာသည်နှင့်အမျှ တစ်ဖက်မှ ချင်ယွင်အတု၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပေါက်ကြားလာခဲ့သည်။

"ဘုန်း…"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်နှင့် ချင်ယွင်အတုတို့သည် ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းတစ်ခု တိုက်ရိုက် ပေါက်ကွဲထွက်သွားပြီး အချင်းချင်း ပြင်းထန် စွာ တိုက်မိသွားကြသည်။

လက်သီးနှစ်ခုသည် တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ထိမှန်သွားကြပြီး၊ ကျယ်လောင်သော တုန်ခါသံများ ထွက်ပေါ်လာသည်။ အားပြင်းသော စွမ်းအင်လှိုင်းများကြောင့် သူတို့ နှစ်ယောက်စလုံး နောက်သို့ ဆုတ်ခွာသွားကြသည်။

ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်၏မျက်လုံးများတွင် အံ့သြသွားသည့် အမူအရာများ ဖြစ်ပေါ်လာသည်။

အစောပိုင်း ထိုလက်သီးချက်အရ, တစ်ဖက်ကိုယ်ပွားသည် အမှန်တကယ်ပင် သူ့ခွန်အား ထက် လုံးဝ မနိမ့်ကျပါဘူး။ သူတို့နှစ်ယောက် ထုတ်လွှတ်လိုက်သည့် ခွန်အားက အတိအကျ အတူတူပင်။

"ဒီစကြဝဠာအတုက ဖန်တီးထားတဲ့ ငါကိုယ်တိုင်ကလည်း ပြီးပြည့်စုံတဲ့ ငါကိုယ်တိုင်လို့ ထင်ရတယ်။ တကယ်လို့, မင်း သူ့ကို အနိုင်ယူချင်ရင် မင်းကိုယ်မင်း အနိုင်ယူရမယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

အကယ်၍, သူ့ကိုယ်သူ အနိုင်ယူချင်သည်ဆိုလျှင်, တိုက်ပွဲအတွင်းမှာ တိုးတက်လာမှ ရပေလိမ့်မည်။ သူ့ကိုယ်သူ တိုးမြှင့်ခြင်းဖြင့်သာ, သူသည် သူ့ကိုယ်ပွားကို အနိုင်ယူနိုင်မည် ဖြစ်သည်။

တိုက်ပွဲအတွင်းမှာ တိုးတက်မှုရခြင်းသည် အလွန်မင်း ခက်ခဲသော်လည်း, မခက်ခဲပါက အဓိပ္ပါယ် မရှိတော့ပေ။

"နောက်တစ်ကြိမ်"

ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က ပျံထွက်သွားပြီး ခန္ဓာကိုယ်အတုကို တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်အတု၏ မျက်လုံးများမှ ပြင်းထန်သော တိုက်ပွဲဆန္ဒ တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ချင်ယွင်ကို တိုက်ခိုက်လိုက်သည်။

သူတို့နှစ်ယောက်၏ တိုက်ခိုက်ခြင်းပုံစံနှင့် နည်းစနစ် နှစ်ခုစလုံးသည် တူညီလုနီးပါး ဖြစ်သည်။ ထို့ကြောင့်, သူတို့တိုက်ခိုက်ကြချိန်မှာအခါမှာ တစ်ဦးနှင့်တစ်ဦး ရောင်ပြန်ဟပ် သည့် အခြေအနေမျိုးသို့ ရောက်ရှိသွားပါသည်။

"ဘုန်း…၊ ဘုန်း….၊ ဘုန်း…ဘုန်း…!"

သူတို့နှစ်ဦးသည် သတ်ဖြတ်ခြင်းနည်းတစ်ထောင်ကို အသုံးပြုပြီး ဆက်တိုက်ဆိုသလို အပြင်းအထန် ထိပ်တိုက်တွေ့ဆုံနေကြကာ တစ်ယောက်နှင့်တစ်ယောက် တဖက်လူ၏ အရေးကြီးသော နေရာများကို အဆက်မပြတ် တိုက်ခိုက်နေကြသည်။ အဆုံးတွင်, သူတို့နှစ်ဦးသည် ရောယှက်သွားလို, ပြန်ကွဲထွက်သွားလိုက်ဖြင့် နှစ်ဦးစလုံး ဒဏ်ရာရနေ ကြပြီ။

သို့သော် ချင်ယွင်သည် ထိုနေရာတွင် မရပ်တန့်ခဲ့ပေ။ ယင်းအစား သူသည် ထပ်ခါထပ်ခါ တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ချင်ယွင်သည် တိုက်ခိုက်ရင်းဖြင့် တိုးတက်လာခဲ့ကာ၊ သတ်ဖြတ်ခြင်းနည်းတစ်ထောင် ပညာရပ်မှ လျှို့ဝှက်ချက်များကို ပိုမိုထိတွေ့လာပြီး ပို၍ ကျွမ်းကျင်လာခဲ့သည်။

အဝတ်ထည် ဘိုးဘေးနတ်ဘုရားသည် သတ်ဖြတ်ခြင်းနည်းတစ်ထောင်ပညာရပ်ထဲမှ သူ၏ ထိုးထွင်းသိမြင်မှုအားလုံးကို ချန်ယွင်ထံ လွှဲပြောင်းပေးခဲ့သော်လည်း၊ အကယ်၍, သူသည် ဤသတ်ဖြတ်ခြင်း နည်းတစ်ထောင်ကို သူ့ကိုယ်ပိုင်အရာအဖြစ် ပေါင်းစည်းလိုလျှင်၊ သူသည် ထောင်ပေါင်းများစွာသော သန့်စင်မှုများကို ခံယူရမည် ဖြစ်သည်။

ထို့အပြင်၊ ဤသတ်ဖြတ်ခြင်း နည်းတစ်ထောင်တွင် အစွမ်းထက်သော သိုင်းပညာ အနှစ်သာရ ပါဝင်နေပါသည်။ ဤသိုင်းပညာ အနှစ်သာရကို နားလည်ခြင်းဖြင့်သာ သူသည် ဤသတ်ဖြတ်ခြင်းနည်းတစ်ထောင်၏ စစ်မှန်သော အနှစ်သာရကို အမှန်တကယ် ဆုပ်ကိုင်နိုင်မည် ဖြစ်ပြီး၊ ၎င်း၏စစ်မှန်သော စွမ်းအားကို ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။

အကယ်၍, လူတစ်ယောက်သည် သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်လိုပါက သိုင်းကွက်များကို ရှေ့ဦးစွာ ကျွမ်းကျင်ရမည် ဖြစ်သည်။ ဒါမှသာ ထိုလူသည် သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို အချိန်မရွေး နားလည်နိုင်မည်ဖြစ်သည်။

ဘန်း….။

ချင်ယွင်၏လက်များသည် ပုံရိပ်တစ်ခုကဲ့သို့ လှုပ်ရှားနေသည်။ ပုံရိပ်တစ်ထောင်တိမ်တိုက် ဖြိုခွဲခြင်းလက်ဖဝါးသည် သူ့ခန္ဓာကိုယ်အတုကို အဆက်မပြတ် တိုက်ခိုက်နေသည်။ နှစ်ယောက်စလုံးက တူညီသည့် လှုပ်ရှားမှုတွေကို အသုံးပြုထားကြပြီး သူတို့၏ စွမ်းအား ကလည်း အတူတူနီးပါးပင်။

ရုတ်တရက် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အံ့မခန်းအခြေအနေသို့ ဝင်ရောက်သွားခဲ့ သည်။ သူ၏မူလအခြေခံ ပုံရိပ်တစ်ထောင် တိမ်တိုက်ဖြိုခွဲခြင်း လက်ဖဝါးသည် အမှန်တကယ်ပင် တဖြည်းဖြည်း အရှိန်ဟုန်မြှင့်လာခဲ့သည်။ နောက်ဆုံးတွင်၊ ၎င်းသည် သူနှင့်တိုက်ခိုက်နေသည့် သူ့ခန္ဓာကိုယ်အတုကို လုံးဝ ကျော်လွန်သွားခဲ့သည်။ သူ တိုက်ခိုက်လိုက်သော အရှိန်ဟုန်ကြောင့် သူ့ခန္ဓာကိုယ်အတုသည် ခံနိုင်ရည် မရှိသလောက် ဖြစ်သွားခဲ့သည်။

"ဘုန်း…"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ လက်ဖဝါးသည် သူ့ခန္ဓာကိုယ်အတုထဲ သို့ တိုက်ရိုက် ထိမှန်ကာ ၎င်းသည် လွင့်ပျံသွားလေသည်။

သူ့ခန္ဓာကိုယ်အတုသည် အမြင့်ပေ သောင်းနှင့်ချီ၍ နောက်သို့ လွင့်ပျံသွားကာ အဝေးသို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။

ချင်ယွင်သည်လည်း ထိုအံ့ဖွယ်ကောင်းသော အခြေအနေမှ ထွက်ခွာသွားခဲ့သည်။ သူသည် သူ့လက်တွေကို အံ့သြစွာ ကြည့်နေရင်း သူ့မျက်လုံးတွေက ဖုံးကွယ်၍မရသည့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

"ဖြစ်နိုင်တာက, အစောပိုင်းကအရာက သိုင်းတာအိုရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်များ ဖြစ်နေမ လား။ ငါ သိုင်းတာအိုရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ထပ်ပြီး ထိတွေ့ခဲ့တာလား" ချင်ယွင်သည် သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။

ထိုအခိုက်တန့်တွင် သူသည် သိုင်းတာအို အနှစ်သာရ၏သဲလွန်စကို နားလည်သယောင် ရှိသွားခဲ့သော်လည်း အဆုံးတွင် ၎င်းကို ဖမ်းဆုပ်နိုင်ရန် ကျရှုံးခဲ့သည်။

သို့သော် ချင်ယွင်သည် အစောပိုင်းက ထိုခံစားချက်လေးကို အခုချိန်ထိ အမှတ်ရနေခဲ့သည်။ ထိုခံစားချက်ကို သူ ထိတွေ့နိုင်သရွေ့ သူသည် သိုင်းပညာ အစစ်အမှန် အဓိပ္ပာယ်၏ ကနဦးအဆင့်ကို ထပ်မံ ထိတွေ့နိုင်မည်ဟု ယုံကြည်သည်။ သူသည် သိုင်းပညာ၏ အစစ်အမှန် အဓိပ္ပာယ်၏ ကနဦးအဆင့်ကိုပင် တစ်ဟုန်ထိုး ဖြတ်ကျော်သွားနိုင်လောက် သည်။

"နောက်တစ်ကြိမ်" ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့မျက်လုံးများက တောက်ပလာခဲ့သည်။ ထို့နောက် သူသည် သူ့ခန္ဓာကိုယ်အတုနှင့် အရူးအမူး တိုက်ခိုက် ပြန်သည်။

ချင်ယွင်သည် တိုက်ပွဲအတွင်း စိတ်နှစ်မြှုပ်နေချိန်မှာ နတ်ဘုရားကမ္ဘာ၏ ဝေးလံခေါင်သီ သော တောကန္တာရထဲတွင် ပုံရိပ်နှစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သူတို့နှစ်ယောက်စလုံးသည် လူငယ်များဖြစ်ပုံရပြီး၊ တစ်ယောက်က အဖြူရောင်ကို ဝတ်စားထာကာ၊ နောက်တစ်ယောက်ကတော့ ရွှေရောင်ကို ဝတ်စားထားပါသည်။

All Chapters